se hun သူ့ရင်ခွင်ထဲမှာ အိပ်ပျော်
နေရှာတဲ့ ကောင်လေးကို ငေးကြည့်
နေမိတယ် ။ ငိုထားတာမို့ မျက်လုံး
လေးတွေဖောင်းကာ နှာခေါင်းထိပ်
လေးပါ နီရဲနေတာမို့ တစ်မျိုးလေးချစ်
စရာကောင်းနေသဖြင့် se hunပြုံး
လိုက်မိသည် ။
ငိုထားတာတောင် ချစ်ဖို့ကောင်းနေပါ
လား hyungရယ်…
မှိတ်ထားသည့် မျက်လုံးဖောင်းဖောင်း
လေးတွေအောက်က ခြောက်သွေ့နေ
သည့် မျက်ရည်စီးကြောင်းလေးကို သူ
လက်မလေးနှင့် အသာဖိသုတ်ပေးလိုက်
တော့ 'ဟင့်'ခနဲ တစ်ချက်ရှိုက်ကာ
ရင်ခွင်ထဲ တိုးဝင်လာပြန်တာမို့ ခပ်တင်း
တင်းဖက်ရင်း သက်ပြင်းအသာချမိ
သည် ။
ဒီလောက်ချစ်စရာကောင်းတဲ့ hyung
ကို ဘယ်သူကများဝမ်းနည်းအောင်
လုပ်ပါလိမ့်နော်… ဒီလူတော်တော်ဆိုးတဲ့
လူပဲ…
မည်သူမှန်းမသိပေမယ့် ထိုလူကို se
hunစိတ်တိုမိသည် ။ ဘာလို့ hyung
ကို ဝမ်းနည်းအောင်လုပ်ရသည်လဲ??
ဘာကြောင့်မှန်းမသိ hyungကို ငို
အောင်လုပ်သည့် လူကို se hunမုန်း
သည် ။
အိပ်ပျော်နေရှာသည့် hyungမျက်နှာ
လေးကို se hunကြည့်နေရင်းက နှုတ်
ခမ်းရဲရဲလေးဆီအကြည့်ရောက်တော့
အသည်းယားလာသည် ။ ထိုနှုတ်ခမ်း
လေးအရသာကို မြည်းစမ်းချင်စိတ်က
ထိန်းမရနိုင်တာမို့ မျက်လုံးလေးမှေးစင်း
ကာ မရဲတရဲဖြင့် အသာတိုးကပ်သွား
မိသည် ။
ထိုနှုတ်ခမ်းလေးနှင့်နီးလာတိုင်း hyung
နှာခေါင်းလုံးလုံးလေးမှ ရှူထုတ်လိုက်
သည့် လေငွေ့နွေးနွေးတို့က ပါးပြင်ကို
လာရောက်မွှေးကြူတာကြောင့် ဘယ်
ဘက်ရင်အုံက အကောင်ငယ်က နိုး
ကြွလာလေသည် ။
နူးညံ့သော နှုတ်ခမ်းပါးလေးနှင့် ထိတွေ့
လိုက်တော့ နှလုံးသားက ပိုပြီးခပ်မြန်
မြန်လှုပ်ရှားလာလေရဲ့… အသိစိတ်ကင်း
မဲ့စွာ ထိုနှုတ်ခမ်းလေးအား တစ်ချက်
စုပ်ယူလိုက်ပြီးမှ မျက်နှာပူစွာ တစ်ဖက်
လှည့်မိသည် ။
နှလုံးသားတည်ရှိရာကို လက်ဖြင့်အသာ
စမ်းလိုက်တော့ ခုန်လှုပ်နေသည်မှာ လူ
တောင်မောပန်းလာရသည်အထိ…
တုန်ခါလာသော ဘောင်းဘီအိတ်ထဲမှ
phကို အသာနှိုက်ယူလိုက်ရင်း hyung
ကို တစ်ချက်ကြည့်ကာ answer key
ကို draftလုပ်လိုက်သည် ။
"အင်း!! yi fan"
"………"
"haraလား?? ငါသေပြီပြောလိုက်ကွာ"
ခပ်တိုးတိုးပြောရင်း ရင်ခွင်ထဲက hyungကိုလည်း ငုံ့ကြည့်ရသေးသည် ။
ပင်ပန်းပြီးအိပ်ပျော်နေတာ သူ့အသံ
ကြားပြီး နိုးသွားပါဦးမယ်လေ…
"………"
"ဒါပဲ"
"………"
အာ!! ဒီWu yi fanစကားကိုများ
တယ်ကွာ… hyungနိုးသွားပါမယ်ဆိုမှ…
"chan yeol hyungအဆင်ပြေလား
သိချင်လည်း ကိုယ့်ဟာကိုယ်phဆက်
မေးပါလား?? ဒါပဲကွာ"
"………"
Wu yi fanစကားစ မပြတ်သေးပေ
မယ့် ဖြစ်ချင်ရာဖြစ်phချပစ်လိုက်သည် ။ ဒီကောင်ဟာလေ အလိုက်ကမ်းဆိုး
မသိ…
phကို ပိတ်ကာ ဘောင်းဘီအိတ်ထဲပြန်
ထည့်နေတုန်း hyungက လှုပ်ရွလာ
လေရဲ့… မျက်လုံးလေးကို လက်သီး
ဆုပ်လေးဖြင့် အသာပွတ်ကာ se hun
ကို ပြုံးပြပြီး…
"miyan!! hyungအိပ်ပျော် သွားတယ်"
~~~~~
"ar!! chan yeol hyungဘယ်
သွားတာလဲမသိဘူး!!!"
se hunရဲ့ ရေရွတ်သံအဆုံး company cafeteriaကနေ bubble-teaဝယ်နေတဲ့ baek hyunရဲ့အကြည့်တို့က companyအဝင်တံခါးဆီရွေ့လျားသွားလေသည် ။
အလုပ်ဆင်းချိန်လည်း မရောက်သေးပါ
ပဲနှင့် suitကြီးတကားကားနှင့် လက်
ကနာရီအားငုံ့ကြည့်ကာ ခပ်သွက်သွက်
လျှောက်သွားသည့် yeolပုံစံက အလျင်လိုနေပုံဖြစ်တာမို့ သူ့စိတ်ထဲ
ကသိကအောက်ဖြစ်မိသည် ။
"yeol ဘယ်သွားတာပါလိမ့်??"
ခပ်တိုးတိုးရွတ်လိုက်မိသည့်စကား
ကြောင့် se hunက baek hyunဆီ
ကြည့်ကာ
"yeol??"
"ah!! chan yeolပြောပါတယ်!!"
se hunက နာရီကိုတစ်ချက်ကြည့်
လိုက်ပြီး…
"imm!! 3နာရီထိုးခါနီးဆိုတော့ yi
fanကို ကျောင်းသွားကြိုတာဖြစ်မယ်"
"ကျောင်းသွားကြိုတယ်??"
"ဟုတ်တယ် hyung!! chan yeol
hyung ဟိုအကောင်ကို အကြိုအပို့
လုပ်ပေးနေတာကြာပြီ… ဟင့်!! အား
ကျပါတယ်ဆိုမှ…"
နှုတ်ခမ်းဆူပြီး ပြောနေသည့် se hun
အသံလည်းမကြားတော့ သူ့စိတ်ကတစ်
ယောက်တည်းသော သူဆီမှာသာ…
ငါ့တုန်းကကျတော့ tutionအပြန်
နောက်ကျလို့ လာကြိုခိုင်းတာကို part-time jobရှိတယ်ဆိုပြီး ငြင်း
ခဲ့တယ်နော်… wu yi fanကျတော့…
yeolသူ့ကိုတော်တော်ချစ်တာပဲလား
ဟင်??
"hyung!!"
"baek hyun hyung"
ပါးကို အဆွဲလိုက်ရသည့် အထိအတွေ့
ရမှသာ baek hyunစိတ်တို့ဟာ လက်
ရှိနေရာဆီ ပြန်ရောက်လာခဲ့သည် ။
"အာ!! အင်း!!"
"ခေါ်နေတာကြာလှပြီကို… ဘာတွေ
တွေးနေလို့ မကြားရတာလဲ?"
"အာ!! ဒီလိုပဲ"
"ကျွန်တော် hyungရုံးခန်းလိုက်မယ်
နော်… hyungအလုပ်ဆင်းရင်ပြန်ပို့
ပေး…"
"အမ်!!"
"နော်!! နော်!!"
လက်မောင်းကို ဆွဲကိုင်ကာ နှုတ်ခမ်း
ဆူပြီး ကလေးတစ်ယောက်သဖွယ်ပြော
နေသော ကောင်လေးကြောင့် baek
hyunသဘောကျစွာရယ်မိသည်။
"အင်း!! အင်း!! ငြိမ်ငြိမ်တော့နေနော်"
"ဟုတ်!!"
လက်ထဲက bubble-teaဗူးကို ဆွဲ
ယူပြီး ပြေးထွက်သွားသော se hun
က
"လာလေ"
လက်ယပ်ပြီးခေါ်နေတာကြောင့် baek
hyunသဘောကျစွာ ပြုံးမိပြန်သည် ။
ကလေးကျနေတာပဲ oh se hunရယ်!
~~~~~
"yi fan ahh! နားပြီးရင် စာလုပ်ဦး
နော်… စာမေးပွဲကနီးနေပြီ"
"ဟုတ်ပါပြီဗျာ…"
ကားမောင်းသူနေရာက စကားပြောနေ
သူ chan yeolနှင့် chan yeol
ဘက်အခြမ်းက ကားပြတင်းပေါက်
ဘောင်ပေါ်လက်တင်ကာ ကားထဲငုံ့
ကြည့်နေသူ yi fan…
"ဒါဆို hyungသွားတော့မယ်!!"
"ဂရုစိုက်မောင်းနော် chan yeol"
"အင်းပါ!! လာခဲ့ပါဦးဒီနားကို"
chan yeolက လက်အသာယပ်ရင်း
ခေါ်တော့ ခပ်ပြုံးပြုံးမျက်နှာထားနှင့်
yi fanခေါင်းလေးဟာ chan yeol
ရှိရာ ကားအတွင်းငုံ့ဝင်လာလေသည် ။
"သား!! chan yeol!!"
yi fanပါးဖောင်းဖောင်းလေးကို နမ်း
မည်အပြု မေမေ့ခေါ်သံထွက်လာတာ
ကြောင့် chan yeolကိုယ်လေးတုန်
တက်သွားလေသည် ။ ကိုယ်က မ
ဟုတ်တာ လုပ်ထားသူမလား??
yi fanကတော့ မသိသလိုသာနေရင်း
ချောင်းဟန့်ကာ chan yeolအမေကို
လှမ်းပြုံးပြသည် ။
"ခဏလောက် စကားပြောရအောင်
သား!!"
မေမေ့စကားသံကြောင့် chan yeol
ကြောင်အသွားသော်လည်း ခပ်ပြုံးပြုံး
ပင်နေလိုက်ကာ…
"ဟုတ်မေမေ!! သားဆင်းလာခဲ့……"
"ကားပေါ်မှာပဲပြောရအောင်"
စကားမဆုံးခင်ဖြတ်ပြောလိုက်သည့်
chan yeolမေမေဟာ ကားရှေ့ခန်း
တစ်ဖက်ခြမ်းတွင် ဝင်ထိုင်လေသည် ။
"သား!! fan fanလေး အိမ်ထဲဝင်
တော့လေ… ပင်ပန်းလာတယ်မလား??
သွားနားလိုက်ဦး"
ကားနား အင်တင်တင်နှင့်ရပ်နေသော
yi fanအား chan yeolမေမေက
ထွက်သွားစေချင်ပုံဖြင့် ပြောနေတာ
ကြောင့် yi fanမှာ သက်ပြင်းအသာ
ချရင်း chan yeolအား တစ်ချက်
ကြည့်ကာ စိုးရိမ်စွာဖြင့် ခြံထဲတစ်လှမ်း
ချင်းဝင်သွားသည် ။
~~~~~
"သား လုပ်ရပ်တွေမှားနေပြီ chan
yeol!! ရပ်လိုက်ပါတော့"
အဆုံးအစမရှိ ပြောလာသော မေမေ့
စကားကြောင့် chan yeol တစ်ကိုယ်
လုံး တောင့်တင်းသွားရသည် ။
မေမေသိသွားပြီလား??
"မေမေ ဘာကိုဆိုလိုချင်တာလဲ??"
"မေမေပြောချင်တာ သားသိပါတယ်"
ခပ်အေးအေးထွက်လာသည့် မေမေ့စ
ကားသံ… chan yeolဆွံ့အသွားရ
သည် ။ ဘာပြောရမှန်း… ဘယ်လိုအ
ကြောင်းပြချက်မျိုးပေးရမှန်းတောင် သူ
မသိတော့…
"မေမေ သားတို့နောက်ကို လူလွှတ်ပြီး
စုံစမ်းခိုင်းခဲ့တာ… သားတို့နှစ်ယောက်
အကြောင်းကို မေမေသိပြီးပြီ…"
အပြစ်ရှိသူမို့ chan yeolခေါင်းငုံ့ထား
မိသည် ။
"သား!!"
မေမေ့ခေါ်သံကြောင့် chan yeol
မော့ကြည့်လိုက်တော့ မေမေ့မျက်ဝန်း
တို့ဟာ အရင်အတိုင်း နွေးထွေး နူးညံ့နေဆဲ…
"သားတောင်းပန်ပါတယ်"
သူမက chan yeolလက်ကလေး
နှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်နှင့် အသာ
ဆုပ်ကိုင်လိုက်ပြီး…
"မေမေ သားကို အပြစ်မတင်ပါဘူး…
ဒါပေမယ့် သားရယ်!! သူက Wu yi
fanဖြစ်နေတယ်လေ…"
"မေမေ ပြောချင်တာနားလည်တယ်
မဟုတ်လား??"
"ဟုတ်ကဲ့"
"သားက လူတော်တစ်ယောက်ပါ…
ဘယ်လိုလုပ်သင့်လဲ ဆိုတာကောင်း
ကောင်းစဉ်းစားတတ်ပါတယ် ဟုတ်ပြီ
လား??"
"ဟုတ်ကဲ့"
"ကဲသား!! မေမေအိမ်ထဲဝင်တော့မယ် ကားကိုဂရုစိုက်မောင်းသွားဦးနော်…"
မေမေက ပြုံးပြကာ ကားပေါ်မှဆင်း
သွားသော်လည်း chan yeolပြုမိ
သည်က မချိပြုံးလေးတစ်ခုသာ…
Wu yi fanဖြစ်နေလို့??
ဟုတ်ပါတယ် မေမေပြောချင်တာ သား
နားလည်ပါတယ်… မေမေ့ခင်ပွန်းရဲ့သား
… ကျွန်တော်ရဲ့ ညီလေးဖြစ်နေလို့…
ကျွန်တော်တို့က မဖြစ်နိုင်ဘူးဆိုတာ
သားသိပါတယ်…
ဒါပေမယ့် မေမေရယ် သားသူ့ကို အ
ရမ်းချစ်တယ်လေ…
စီးကျလာသော မျက်ရည်စက်တို့နဲ့ အတူ chan yeolနှလုံးသားဟာ
လည်း တစ်စထက်တစ်စ တင်းကြပ်
လာခဲ့သည် ။ မျက်ရည်တို့ကို လက်ခုံ
ဖြင့် ပွတ်သုတ်လိုက်ရင်း ခပ်ဟဟ
ရယ်မိရဲ့…
ငါတို့ ထပ်ဝေးရပြန်ပြီ yi fanရယ်!!
~
~
~
10:42 P.M
(June 7, 2017- Wed)
#updateတော်တော်ကြီးကို ကြာသွား
တာမို့ တောင်းပန်ပါတယ် ဖတ်မယ့်သူ
တောင်ရှိပါဦးမလားမသိ :(
#next updateကိုတော့ အဲ့လောက်
မကြာစေရပါဘူး :(