" ~~The One~~ I Love "《✔Compl...
By Baekyeolliehyun04
133K 9.9K 605
Kris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် cha... More
1-ကျွန်တော်ချစ်တဲ့~~သူ~~
2-ကျွန်တော်ချစ်တဲ့~~သူ~~
3-ကျွန်တော်ချစ်တဲ့~~သူ~~
4-ကျွန်တော်ချစ်တဲ့~~သူ~~
5-ကျွန်တော်ချစ်တဲ့~~သူ~~
6-ကျွန်တော်ချစ်တဲ့~~သူ~~
7-ကျွန်တော်ချစ်တဲ့~~သူ~~
8-ကျွန်တော်ချစ်တဲ့~~သူ~~
9-ကျွန်တော်ချစ်တဲ့~~သူ~~
10-ကျွန်​​တော်​ချစ်​တဲ့~~သူ~~
11-ကျွန်တော်ချစ်တဲ့~~သူ~~
12-ကျွန်တော်ချစ်တဲ့~~သူ~~
13-ကျွန်တော်ချစ်တဲ့~~သူ~~
14-ကျွန်တော်ချစ်တဲ့~~သူ~~
15-ကျွန်တော်ချစ်တဲ့~~သူ~~
16-ကျွန်တော်ချစ်တဲ့~~သူ~~
17-ကျွန်တော်ချစ်တဲ့~~သူ~~
18-ကျွန်တော်ချစ်တဲ့~~သူ~~
19-ကျွန်တော်ချစ်တဲ့~~သူ~~
20-ကျွန်တော်ချစ်တဲ့~~သူ~~
21-ကျွန်တော်ချစ်တဲ့~~သူ~~
Update
23-ကျွန်တော်ချစ်တဲ့~~သူ~~
24-ကျွန်တော်ချစ်တဲ့~~သူ~~
25-ကျွန်တော်ချစ်တဲ့~~သူ~~
26-ကျွန်တော်ချစ်တဲ့~~သူ~~
27-ကျွန်တော်ချစ်တဲ့~~သူ~~
28-ကျွန်တော်ချစ်တဲ့~~သူ~~
29-ကျွန်တော်ချစ်တဲ့~~သူ~~
30-ကျွန်တော်ချစ်တဲ့~~သူ~~
31-ကျွန်တော်ချစ်တဲ့~~သူ~~
32-ကျွန်တော်ချစ်တဲ့~~သူ~~
Krisyeol
အချေOh Sehunအားချစ်မိခြင်း
So I Married An Anti-fan
22-ကျွန်တော်ချစ်တဲ့~~သူ~~
3K 264 16
By Baekyeolliehyun04
dok dok~~
"ဝင်ခဲ့ပါ"
အထဲက တုန့်ပြန်သံကြားတော့ တံခါး
လက်ကိုင်အသာလှည့်ကာ အခန်းထဲ
ဝင်လိုက်သည် ။ တံခါးကို အသာပြန်
ပိတ်လိုက်ရင်း ရှေ့တည့်တည့်စားပွဲပေါ်
က fileတွဲတွေကို ကြည့်နေသည့်
CEO Wuကို ခေါင်းငုံ့ကာ အရိုအသေ
ပြုလိုက်ရင်း...
"ကျွန်တော်ရောက်ပါပြီ"
"imm!! ခဏထိုင်ဦးနော် သား"
"ဟုတ်ကဲ့"
CEOရုံးခန်းရှိ ဧည့်ခန်းသဖွယ်design
ပြုထားသော ဆက်တီပေါ်တွင် chan
yeolထိုင်လိုက်တော့ ဦးက လုပ်လက်
စအလုပ်တွေကိုထားကာ တစ်ယောက်
ထိုင်ဆိုဖာတွင်ထိုင်လိုက်သည် ။
"ဒီနေ့ အစည်းအဝေးမှာ L.Aဘက်
companyတစ်ခုက directorလာ
မယ်ဆိုတာ သားသိတယ်မလား??"
"ဟုတ်ကဲ့ CEO"
"နှစ်ယောက်တည်းရှိတာပဲ ရင်းရင်းနှီး
နှီးပဲပြောပါသားရဲ့"
"ဟုတ်ကဲ့"
ရုံးခန်းအပြင်ဘက်က secretary
ကောင်မလေးအလိုက်တသိလာချပေး
သော Coffeeကို ဦးကတစ်ငုံသောက်လိုက်ရင်း...
"အဲ့ဒီdirectorကိုလည်း ဦးခေါ်ထား
တယ် သူခဏနေရောက်လိမ့်မယ်သား...
companyချင်း ထုတ်ကုန်တွေ ပူးပေါင်း
ပြီး ဈေးကွက်မှာချပြရမှာမို့ သားတို့နှစ်
ယောက်အတူတူတွဲလုပ်ကြပါ"
"ဟုတ်ကဲ့ ဦး"
chan yeolစိတ်ထင့်နေတာ ရှိသည် ။ မနေ့ညနေက yi fanနှင့် date
လုပ်ပြီးပြီးချင်း ဦးက စာဖတ်ခန်းထဲ
ခေါ်ကာ သီးသန့်စကားပြောခဲ့သည် ။
BY gpက directorလာမည်တဲ့
လေ... BY gpဆိုတာ baekတို့
company... သူသည်လည်း အလုပ်
ဝင်တာ သိပ်မကြာသေးသည်မို့ ထို
companyက directorဘယ်သူမှန်း
မသိထားသေး... baekလို့တော့ထင်မိ
ပေမယ့် baekကပြောဖူးသည် ။ 'သူ
companyအလုပ်တွေစိတ်မဝင်စားဘူး
တဲ့... သူက အဆိုတော်ဖြစ်ချင်တာ
တဲ့လေ'... သူမဟုတ်လောက်ပါဘူး
နော်......
ring~~~
"ရောက်လာပြီလား?? အထဲလာခိုင်း
လိုက်လေ"
စားပွဲပေါ်မှ phမြည်လာတော့ ဦးက
ကောက်ကိုင်လိုက်ပြီး အပြင်ဘက်က
secretaryအား ပြောနေလေသည် ။
အထဲလာခိုင်းလိုက်??? ဒါဆို ထို
directorဆိုသူရောက်နေပြီပေါ့...
dok dok~~
တံခါးခေါက်သံ နှစ်ချက်ကြားရတာ
ကြောင့် ဦးက ဝင်လာရန်အသံပြုစဉ်
chan yeolအကျီတို့ကို သေသေသပ်
သပ်ဖြစ်အောင် ပြင်နေမိသည် ။
ကြားနေရသည့် ခပ်တိုးတိုးခြေသံလေး
ရပ်သွားပြီး မျက်ဝန်းထောင့်စွန်းကနေ မတ်တပ်ရပ်လိုက်သော ဦးကို မြင်
လိုက်တာမို့ သူပါ မတ်တပ်ရပ်ပြီးထို
directorဆိုသူအား ကြည့်မိစဉ်...
"baek!!"
~~~~~
baek hyun americanoကို တစ်
ငုံသောက်လိုက်ရင်း သူ့ရှေ့မှာ ငြိမ်သက်
နေသည့် chan yeolကို လှမ်း
ကြည့်မိသည် ။ သူတို့အခုရောက်နေ
တာက companyရဲ့ မြေညီထပ်က
cafeteriaမှာ...
baek hyunကိုမိတ်ဆက်ပေးပြီး ပူးပေါင်းပြုလုပ်မည့် ကုန်ပစ္စည်းသစ် အကြောင်း ဆွေးနွေးသည့် အစည်းအဝေးလည်း ပြီးသွားတာမို့
baek hyun ရုံးခန်းပြန်ရန်ပြင်နေ
သည့် chan yeolနားအသာကပ်
ကာ စကားပြောရန်ခေါ်လာခဲ့ရခြင်း...
"ရှောင်နေတာလား yeol??"
ဦးစွာထွက်လာသော baek hyunစ
ကားကြောင့် ခေါင်းငုံ့နေရာကနေ chan
yeolခေါင်းမော့လာခဲ့သည် ။
တကယ်တော့ သူ baekကို ရှောင်နေ
မိသည် ။ အပြစ်မရှိ လမ်းခွဲချန်ထား
ရက်ပြီး phနံပတ်ပါပြောင်းပြီး အဆက်
အသွယ်ဖြတ်ထားခဲ့သည် ။ မနေ့က
လည်း yi fanနှင့် သူ၏ ဆက်ဆံရေး
baek hyunတွေ့သွားတာမို့ မျက်နှာ ချင်းပင် မဆိုင်ရဲဘဲ အားတုံ့အားနာ ဖြစ်နေရသည် ။ ကိုယ်က မှားခဲ့သူ
မဟုတ်လားလေ??
"အာ!! ရှောင်စရာမှမရှိတာပဲ... ငါတို့က သက်ဆိုင်သူတွေမှ မဟုတ်တော့တာ"
ခပ်ဟဟ ရယ်ရင်းပြောလာသည့် baek
hyunကြောင့် chan yeolပိုပြီး စိတ်
မကောင်းဖြစ်လာရသည် ။
ကိုယ်တကယ်မကောင်းဘူးနော် baek...
"phနံပတ်လည်းပြောင်းလိုက်တယ်နော်
... ငါ နှောင့်ယှက်မှာစိုးလို့လား??"
မဟုတ်ပါဘူး baekရယ်... ငါမင်းကိုမေ့
နိုင်အောင် အဆုံးစွန်ထိ ပြေးနေခဲ့တာ
ပါ...
"phကွဲသွားလို့"
"aww!! imm!!"
နှစ်ယောက်ကြားက လေထုက အေး
စက်လာသလို... တိတိဆိတ်ငြိမ်သက်မှု
ကို တစစတိုးဝင်လာသည် ။ 3နှစ်
ကြာမှ ပြန်တွေ့ရတဲ့ ချစ်သူဖြစ်ခဲ့ဖူးတဲ့
လူနှစ်ယောက်ကြားမှာ ပြောစရာက
သည်လောက်တောင်ရှားသလားလေ??
"လိုက်ရှာသေးတယ်"
"ဟင်!!"
"yeolထားခဲ့တော့ ငါ... ငါလိုက်ရှာ
ခဲ့သေးတယ်... ဘယ်ကိုထွက်သွားတာ
လဲဟင်??"
"အင်း!! japanမှာ scholarရလို့
သွားတာ"
"japan?? scholar?? yeolငြင်း
လိုက်တယ်ဆို"
"ကိုယ်လိမ်ပြောခဲ့တာ"
"ဟင်!!"
ပြူးကျယ်သွားသော မျက်လုံးကလေး
များနှင့်အတူ တအံ့တသြအာမေဋိတ်သံ
လေးပါထွက်လာတာကြောင့် chan
yeolသက်ပြင်းဖွဖွချလိုက်ရင်း...
"baekအဖေက ကိုယ်မင်းနဲ့လမ်းခွဲရင်
scholarရော တခြားအထောက်အပံ့
တွေပါပေးမယ်ဆိုလို့"
ကိုယ့်ကို မုန်းလိုက်ပါbaekရယ်...
တကယ်တော့ chan yeol မေမေနဲ့
yi fan pa paကလွန်ခဲ့တဲ့ နှစ်တွေ
တည်းက ငြိစွန်းနေကြတာမို့ ချစ်ရသူနဲ့
တူရှိနေချင်လို့ scholarကိုတောင်
ငြင်းလိုက်သည့် chan yeolအား
yi fan pa paက ထောက်ပံ့ပေးခဲ့
တာပါလေ... ဒါကို chan yeolလည်း
သိသည် ။ ဒါပေမယ့် baekရယ်...
ကိုယ် yi fanကို ချစ်မိနေပြီ... baek
ကိုမခံစားစေချင်ဘူး... ကိုယ့်ကို မုန်း
လိုက်ပါနော်...
"yeol ညာနေတာ!!"
မျက်ရည်ကြည်တို့ ဝေ့သီနေသော မျက်ဝန်းမျာြးှုဖင့် ငေးကြည့်လာသော baek hyunကိုကြည့်ကာ chan yeol ခပ်ဟဟရယ်လိုက်ရင်း...
"ကိုယ်ကဘာလို့ညာရမှာလဲ?? ဒီမှာ
baek!! ကိုယ်ကစဉ်းစားဥာဏ်ရှိတဲ့လူ
တစ်ယောက်... ကိုယိ့ဘဝရှေ့ရေး
အတွက် ဘာလုပ်ရမလဲဆိုတာ ကိုယ်
ကောင်းကောင်းသိတယ်... မိဘအသိုင်း
အဝိုင်းက လက်မခံတဲ့ အချစ်တစ်ခုအ
တွက် ကိုယ့်ဘဝကို လှောင်ပိတ်မနေ
နိုင်ဘူး"
chan yeolပြောနေသည့် စကားများ
ကို baek hyunဆွံ့အစွာနားထောင်
နေမိသည် ။
baekနဲ့က မိဘအသိုင်းအဝိုင်းက လက်
မခံတဲ့ အချစ်တစ်ခု ဟုတ်လား?? ဒါဆို
yeolကျတော့ရောwu yi fanကို
ဘာလို့??
"ကိုယ်သွားတော့မယ်!! ဒါကိုယ့်
visiting card! အလုပ်ကိစ္စရှိ
ရင် phဆက်လိုက်"
လိပ်စာကတ်လေးကို စားပွဲပေါ်ချပေး
ရင်း ထွက်သွားသော chan yeol
ကျောပြင်အား ငေးကြည့်ရင်း baek
hyun မျက်ဝန်းအိမ်ထဲ မျက်ရည်များ
ပြည့်လျှံလာကာ စီးကျလုနီးပါး... companyမှာမို့ သူမျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ရင်း မျက်ရည်တို့ကို
သိမ်းဆည်းကာ ထိုင်ရာမှ ယိုင်နဲ့စွာ
ထထွက်လာခဲ့သည် ။
yeolသိပ်ရက်စက်တယ်...
သူ ရင်ဘတ်ကြီးပေါက်ကွဲတော့မလို ဖြစ်နေပြီမို့ တစ်ချောင်ချောင်သွားပြီး
တိတ်တဆိတ်ငိုကြွေးဖို့ လိုနေပြီ...
~~~~~
Breaktimeအချိန်လေးကို se hun
တစ်ယောက် ကျောင်းကနေလစ်လာ
ကာ သူနှင့်တိုက်မိတုန်းက ကျန်ခဲ့
သည့် baekရဲ့ visiting card
လေးကို ကိုင်ရင်း baekအလုပ်လုပ်
ရာ နေရာဆီလိုက်လာခဲ့သည် ။
ဘာတဲ့?? 'WU Empire' company
ရဲ့ temporary directorဟုတ်စ
... ဟိုတစ်နေ့ကပဲ လေဆိပ်ရောက်
တယ် ခင်ဗျားကြီးက ကျွန်တော့်သူ
ငယ်ချင်းcompanyမှာ အလုပ်လုပ်ဖို့
လိပ်စာကတ်တောင် လုပ်ထားပြီးပြီပေါ့
လေ... ပေါက်စတို့ လက်သွက်ချက်အ
ဟင်း!!
ပြုံးစိစိလုပ်ရင်း companyထဲဝင်လာ
တော့ ကျောင်းဝတ်စုံကြီးတကားကားနဲ့
သူ့ကို လူတွေကဝိုင်းငေးနေကြရဲ့...
ကျောင်းချိန်ကြီးကို အပြင်ရောက်လာလို့
နေမှာပေါ့လေ... လူတွေများ ကိုယ့်ဟာ
ကိုယ်ကျောင်းလစ်လာတာ သူတို့နဲ့ဆိုင်
တာကြလို့...
se hunမျက်နှာကို မဲ့ရွဲ့ပစ်လိုက်ရင်း
receptionဆီအသွား မျက်စိရှေ့ဝင်
ရောက်လာသည့် ဖြူလွလွအရိပ်ကလေး
... ထိုအရိပ်ကလေးဟာ ခေါင်းငိုက်စိုက်
ကျလျက် ခြေလှမ်းနှေးနှေးလေးတွေက
တရွေ့ရွေ့သွားနေလေသည် ။
"ပေါက်စ!!"
"baek hyung!!"
se hunလှမ်းခေါ်လိုက်ပေမယ့် ပေါက်
စဟာ မကြားတာမို့ သူသွားလေရာ
နောက်သာ အသာလေးလိုက်မိသည် ။
ထိုကောင်လေးသွားသည့် နေရာက
companyအနောက်ဘက်ခြမ်းက
emergency exitဆိုသည့် တံခါး
လေး...
ပေါက်စ ဘာလုပ်မလို့ပါလိမ့်??
တံခါးဖွင့်ပြီး ဝင်သွားသော baek hyunကြောင့် se hunလည်း တံခါး
ကို အသာဖွင့်ရင်းခေါင်းပြူကြည့်လိုက်
တော့ လှေကား အပေါ်တစ်ဆင့်မှာ
ဒူးခေါင်းနှစ်ဖက်ပေါ် ခေါင်းငုံ့တင်ထား
ရင်း တစ်ကိုယ်လုံးတသိမ့်သိမ့်တုန်နေ
သည့် သူရယ်...
တစ်ချက်ချက် တဟင့်ဟင့်ရှိုက်သံလေး
တွေလည်း ထွက်လာသေးတာမို့ se
hunစိတ်ပူသွားကာ လွယ်အိတ်ကို
ကြမ်းပြင်ပေါ် အသာချလိုက်ရင်း baek
hyunဘေးသွားထိုင်ကာ ကောင်လေး
ရဲ့ကိုယ်လုံးသေးသေးကို သူ့ရင်ခွင်ထဲ
ဆွဲသွင်းလိုက်တော့ အတင်းရုန်းကန်
လေသည် ။
"ကျွန်တော်ပါ baek hyung!! oh
se hunပါ"
အသံကြားတော့မှ ရုန်းနေတာရပ်သွား
ရင်း မော့ကြည့်လာသောမျက်ဝန်းလေး
တွေဟာ ရဲရဲနီလို့... ဘာကြောင့်ရယ်
မသိ se hunရင်ထဲ နာကျင်သွားရ
သည် ။
"se hun na"
တိုးဖွဖွထွက်လာသည့် သူ့အသံလေးအ
ဆုံး se hun, baek hyunကို ခပ်
တင်းတင်းဆွဲဖက်လိုက်သည် ။
"ငိုလိုက်ပါ hyung!! ဝမ်းနည်းရင်း
ငိုချလိုက်နော်... ကျွန်တော့်ကို ယုံပြီး
ငိုလိုက်ပါနော်"
ကျောကုန်းလေးကို အသာပွတ်ပေးရင်း
ဆိုတော့ တအင့်အင့်ထွက်လာပြန်သည့်
သူ့အသံလေးတွေရယ်... လက်ကလေး
နှစ်ဖက်ဟာလည်း se hunခါးကို ခပ်
တင်းတင်းပြန်သိုင်းဖက်လာလေသည် ။
ဘာလို့ငိုနေတာလဲ hyungရယ်!!
ဘာအကြောင်းကြောင့် ဝမ်းနည်းနေမှန်း မသိပေမယ့် hyungဝမ်းနည်းနေချိန် တိုင်းမှာ ကျွန်တော် hyungရဲ့ အားကိုးရာဖြစ်ရပါစေနော်...
se hunရင်ခွင်ထဲက ကောင်လေး
ဆံသားအိအိလေးပေါ် မျက်နှာလေး
အပ်ကာ တောင်းဆုပြုလိုက်မိသည် ။
ထိုတောင်းဆု ပြည့်ပါရစေလေ…
~
~
~
12:42 A.M
(May 17, 2017- Wed)
#chanbaekနဲ့ sebaekကြီးပဲဖြစ်
သွားတယ် ဝက်မပါလိုက်ဖူး... ဒါနဲ့
EXOLလေးတွေ ဆက်voteပေးကြ
ပါဦးနော်...
#next update will be ???
Continue Reading
You'll Also Like
3.6K 493 5
L'etreinte-embrace or hug ZB1 Kim Gyuvin x Han Yujin
49.4K 7.2K 26
တစ်ခါတုန်းက ကောင်လေးတစ်ယောက်ရှိတယ်.. တစ်နေ့တော့ သူ့ဆီကို စာလေးတစ်စောင်ရောက်လာတယ်..
44.3K 5.4K 36
241K 23.4K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...