"ဖြေပေးပါ!! မင်းစိတ်ထဲကအတိုင်း"
တည်ငြိမ်စွာထွက်လာသည့် chan yeol စကားကြောင့် yi fanသက်
ပြင်းချလိုက်မိသည် ။
ငါတည်ငြိမ်ချင်ယောင် ကြိုးစားနေရတာ ကို မင်းမသိပါဘူး yi fanရယ်
"so yongကို……"
yi fanနှုတ်ဖျားမှ တစ်လုံးချင်းထွက်
လာသော စကားတို့ကို chan yeol
ရင်ခုန်နှုန်းမြန်စွာ စောင့်မျှော်နေမိသည် ။ လက်ဖျားတွေလည်း ထိတ်လန့်စွာ
အေးစက်လျက်…
"င်ါနဲ့ ဘယ်လိုဖြစ်စေချင်လဲ??"
"ဘာကိုဆိုလိုတာလဲ yi fan!!"
"င်ါနဲ့ so yongကို ဘယ်လို
သဘောရလဲလို့"
ငါမေးတာတော့ မဖြေပဲ ငါ့ကိုမေးခွန်း
ပြန်ထုတ်နေသေးတယ်နော်… ငါ့ဆီက
ဘယ်လိုအဖြေမျိုးကြားချင်တာလဲ yi
fanရယ်…
ကျွန်တော်သက်ပြင်းချလိုက်ရင်း…
"လိုက်ပါတယ် မင်းတို့နှစ်ယောက်"
"စိတ်ထဲက မပါတဲ့စကားမပြောနဲ့ chan yeol!!"
စိတ်ထဲက မပါတဲ့စကား?? ဟုတ်တယ်
ငါတကယ်မဖြေချင်ဘူး yi fan…
"မင်းအသံတွေ တုန်နေတာ ငါခံစားလို့
ရနေတယ် chan yeol!!"
မင်းဘယ်လိုဖြစ်စေချင်တာလဲ yi fan
??? စိတ်ထဲက မပါဘဲ ဂုဏ်ပြုလိုက်
လို့ စိတ်တိုနေတာလား??
"အေးဟုတ်တယ်!! မင်းတို့နှစ်ယောက်
အရမ်းလိုက်ဖက်တယ်!! နတ်ဖက်တဲ့ စုံ
တွဲပဲ"
ကျွန်တော့်အသံအနည်းငယ် ကျယ်
လောင်သွားတာမို့ yi fanဟာ စူးစိုက်
ကြည့်လာလေသည် ။
"မရွဲ့နဲ့ chan yeol!!"
wu yi fan မင်းဟာလေ!!
"ကဲဒါဆို ဘယ်လိုဖြစ်စေချင်တာလဲ
ပြော!! ငါကမင်းကိုမေးတယ်!! မင်းက
ငါ့ကို မေးခွန်းပြန်ထုတ်တယ်!! ငါပြန်
ဖြေပေးတယ် မင်းစိတ်တိုင်းမကျဘူး!!
ဒါဆိုပြော ဘယ်လိုဖြေစေချင်တာလဲ
ပြော!! ဘယ်လိုစကားမျိုးကြားချင်လဲ?"
chan yeolစိတ်တိုတိုနှင့် အော်ရင်း
မျက်ရည်များပါစီးကျလာရသည် ။
wu yi fanဟာလေ တကယ်ပဲ!! သူ
ကျွန်တော့်ကို သက်သက်ရစ်တာ… ကျွန်
တော်သူ့ကို သဘောကျနေမှန်း သူသိ
ရဲ့သားနဲ့ ကျွန်တော့်ကို စကားကပ်တာ
!!!
"ငါ so yongကို မချစ်ဘူး chan
yeol!!"
သူ so yongကို မချစ်ဘူး?? ဒါဆို
ဘာလို့ တွဲတာလဲ??
ကျွန်တော်သူ့မျက်နှာကို လှမ်းကြည့်
လိုက်မိသည် ။ yi fanကတော့ မြေ
ပြင်ကိုသာ ငုံ့ကြည့်နေဆဲ
"ငါ ဒီအတိုင်းတွဲလိုက်တာ"
သူကျွန်တော့်ကို မော့ကြည့်လာသည် ။
"wu yi fanမင်းကလေ သူများခံစား
ချက်ကို ပြက်ရယ်ပြုလွန်းတယ်… မိန်း
ကလေးတစ်ယောက်ကို တကယ်မချစ်
ပဲနဲ့ မတွဲသင့်ဘူး!! မင်းသိပ်စိတ်ပျက်
ဖို့ကောင်းတယ်!!"
ကျွန်တော်သိလိုက်သင့်တယ်… wu yi
fanဟာ မိန်းကလေးတစ်ယောက်ရဲ့
နှလုံးသားကိုတောင် ကစားနိုင်တာ!!
ကျွန်တော့်လို ယောကျာ်းလေးတစ်
ယောက်ကိုဆို???
ကျွန်တော်သူ့ရှေ့က လှည့်ထွက်လာ
လိုက်သည် ။ မကျချင်ဘူး မျက်ရည်
တွေ… ဘာလို့အမြဲ ကျွန်တော်ဟာ အ
ချစ်ရေးနှင့် ပတ်သတ်ရင် နာကျင်နေရ
သည်လဲ???
chan yeolခြေလှမ်းတွေ ရပ်တန့်
သွားရသည် ။ yi fanနောက်ကနေ
chan yeolကိုယ်လေးကို ထွေးပွေ့
ထားရင်း ခြေလှမ်းတွေကို တားဆီးထား
လိုက်သည် ။
"ငါမင်းကြောင့် သူ့ကိုတွဲလိုက်တာ??"
cါ့ကြောင့် တွဲတယ်??
"ဘာလဲ?? စိတ်ပျက်ဖို့ကောင်းတယ် ပြောလိုက်လို့ ငါ့ကို လွှဲချတာလား??"
chan yeolသူဖက်ထားရာမှ ရုန်း
ထွက်ကာ နောက်သို့လှည့်ရင်း ခနဲ့မိ
သည် ။
yi fanက သူ့ကို ပြန်ဆွဲဖက်လိုက်
ရင်း ပုခုံးပေါ်မေးတင်ကာ…
"မဟုတ်ပါဘူး chan yeolရယ်!! ငါ
မင်းကို ချစ်လို့လေ!!"
chan yeolအံ့သြမှုကြောင့် မျက်လုံး
များပင် ပြူးကျယ်သွားရသည် ။
တကယ်ရောဟုတ်ရဲ့လား yi fan
ရယ်!! မင်းငါ့ကို ဥပေက္ခာပြုတာတွေ
ကရောဟင်??
chan yeol, yi fanရင်ခွင်ထဲမှ
ရုန်းထွက်လိုက်ပေမယ့် သူကတင်း
ကြပ်စွာ တိုးဖက်လိုက်ရင်း…
"ငါလေ မင်းဂရုစိုက်လာအောင်လို့ မင်း
ကို ဥပေက္ခာပြုတယ်… မသိချင်ယောင်
ဆောင်တယ်!! သဝန်တိုအောင်လို့
ရည်းစားထားတယ်!! တမင်မိတ်ဆက် ပေးတယ်!! ဒါပေမယ့် မင်းက ငါ့ကို
ဆက်ပြီးပစ်ထားတုန်းပဲလေ!! ငါ့ကို
မချစ်ဘူးလို့ မင်းနှုတ်က ထွက်တဲ့အခါ
… မင်းကို မသိချင်ယောင်ဆောင်ထား
ရတဲ့ အခါ ငါဘယ်လောက်နာကျင်ရ
လဲမင်းသိလား??"
yi fanပြောရင်း အသံတွေတုန်ကာ
မျက်ရည်များပါ စီးကျလာရသည် ။
"ငါလေ မင်းကို ချစ်လွန်းလို့ မင်းဆီ
က အချစ်ကိုရမလားဆိုပြီး ဒီလိုလုပ်မိ
တာပါ… စိတ်မဆိုးပါနဲ့နော်…"
"yi fan ah!!"
"မင်းမကြိုက်ဘူးဆိုရင်လေ ငါပြင်ပါ့
မယ်နော်… မင်းသဘောကျနေပေးပါ့
မယ်… so yongနဲ့ လမ်းခွဲဆိုလည်း
လမ်းခွဲပါ့မယ်… ငါ့ကို စိတ်မပျကိပါနဲ့
နော်"
ပုခုံးထက်မှာ စိုစွတ်လာတာမို့ chan
yeol ဖက်ထားရာမှ ခွာကာ yi fan
မျက်နှာလေးကို အသာအုပ်ကိုင်ရင်း
မျက်လုံးချင်းဆုံစေလိုက်သည် ။
"မငိုနဲ့နော်… ငါစိတ်ဆိုးသွားလို့ ပြော
လိုက်မိတာပါ…"
yi fanမျက်ရည်လေးတွေကို လက်မ
လေးနှင့် အသာသုတ်ပေးလိုက်ရင်း
"ငါလေ မင်းချစ်သူရပြီဆိုလို့ ဘယ်
လောက်နာကျင်ရတယ်မှတ်လဲဟင်!!
မင်းက ဒါကိုမသိပဲမိတ်ဆက်ပေးတော့
ငါ့ကို မချစ်တော့ဘူးထင်ပြီး ဝမ်းနည်း
တာပေါ့"
"chan yeol yah!!"
"ဟင်!!"
chan yeolလက်လေးကို အသာအုပ်
ကိုင်ရင်း yi fanခေါ်လာသည် ။
"ငါ့ကို ချစ်လားဟင်??"
chan yeolပြုံးသာပြုံးရင်း yi fan
ှုနှုတ်ခမ်းလေးကို လှမ်းနမ်းလိုက်သည် ။
"ငါတို့ တိတ်တိတ်လေး ချစ်ရအောင်
နော်"
chan yeolစကားအဆုံး ပြုံးလာသော
yi fanမျက်နှာ…
"ချစ်တယ် wu yi fan!!"
chan yeolပြောရင်း ခေါင်းလေး
စောင်းကာ yi fanနှုတ်ခမ်းရဲရဲလေးဆီ
ဦးတည်သွားတော့ အလိုက်သင့်မှိတ်
သွားသည့် yi fanမျက်လုံးလေးတွေ
…
နှစ်ယောက်သား နှုတ်ခမ်းချင်းလိမ်ထွေး
နေကြရင်း yi fanဆီမှ ဗလုံးဗထွေး
စကားသံလေးထွက်လာသည် ။
"အရမ်းချစ်တယ် chan yeol"
ပြုံးလိုက်သော chan yeolနှုတ်ခမ်း
လေးများကို yi fanခံစားမိလာတာ
ကြောင့် chan yeolလက်ကလေး
တွေကို သူ့လည်ပင်းပေါ်တွယ်ချိတ်စေ
ကာ chan yeolခါးလေးကို ဖက်ရင်း
ခန္ဓာကိုယ်ချင်း နီးကပ်စေလိုက်သည် ။
"အ!! yi fan… အင့်!!"
အနမ်းများက နှုတ်ခမ်းမှတစ်ဆင့် လည်
တိုင်ဆီ ကူးပြောင်းသွားတာကြောင့်
chan yeolနှုတ်ဖျားမှ ညည်းသံသဲ့
သဲ့ထွက်ကျလာသည် ။
yi fanအနမ်းများကို လက်စသတ်
လိုက်ရင်း chan yeolနှုတ်ခမ်းမှု စို
လဲ့လဲ့အရာလေးများကို လက်မလေးနှင့်
အသာဖိသုတ်ပေးလိုက်သည် ။
"နှာဘူးလေး!!"
လည်ပင်းကိုအုပ်ကိုင်ရင်း chan yeolဆီက ငြူစူစူအသံလေးထွက်လာ
တာကြောင့် သူသဘောကျစွာ ရယ်မိ
သည် ။
~~~~~
baek hyunလက်က နာရီလေးကို
ကြည့်လိုက်တော့ ညခုနှစ်နာရီပင် ခွဲ
ခါနီးနေလေပြီ…
ခပ်မှောင်မှောင်ည၏ နှင်းခွဲမီးအဝါရောင်
လေးအောက်ရပ်နေရင်းက သူလမ်း၏
ဟိုဘက် သည်ဘက်ကို ဝေ့ကြည့်မိ
သည် ။
လူချမ်းသာရပ်ကွက်မို့ လူမပြောနှင့် ခွေးတစ်ကောင်ပင်မရှိ တိတ်ဆိတ်လို့
နေသည် ။ လမ်းတစ်ဖက်ခြမ်းတွင် ရပ်
ထားသော ဒီဇိုင်းစုံ brandစုံ ကားတို့
ကလွဲ၍ ညအမှောင်ထဲ သူတစ်ယောက်
သာ…
နဂိုတည်းက ကြောက်တတ်သူမို့ ယူစီး
လာသည့် ညီမ၏ ferriကားအဖြူ
လေးနား ကပ်ရပ်နေလိုက်သည် ။ မ
တော်လုပ်ကြံသူတွေ ဘာတွေလာရင်
ကားထဲ ဝင်ပြေးလို့ရတာပေါ့…
ကိုယ့်အတွေးနှင့်ကိုယ် ပြုံးလိုက်မိရင်း
ရှေ့တည့်တည့်က ခြံဝန်းကျယ်ကြီးကို
လှမ်းငေးမိသည် ။
Mansion no 61… CEO Wuရဲ့ အိမ်… yeol ommaက Mr. Wuနှင့်
လက်ထပ်လိုက်တာကြောင့် သူ
ထိုအိမ်ရှေ့ရောက်လာခြင်းသာ…
ခြံကို သံပန်းတံခါးနှင့်ကာထားတာမို့ သူ့
အတွက် အတော်အဆင်ပြေသည် ပြော
ရမည် ။ ခြံထဲကို လှမ်းကြည့်နိုင်သလို
Mr. Wu၏ အိမ်တော်ကြီးကိုလည်း
လှမ်းမြင်နိုင်သည်လေ…
ခြံထဲက အိမ်မကြီးဆီသွားသည့် လမ်း သွယ်သွယ်လေးတွေဘေး တစ်ဖက် တစ်ချက်စီစိုက်ထူထားသည့် ခပ်ဝါဝါမီးတိုင်လေးများ၏ အကူအညီ
ဖြင့် ခြံထဲကို မျက်လုံးကစားနေမိသည် ။
yeolကို တွေ့ကောင်းပါရဲ့လေ…
Vibrateမြည်လာသော phကြောင့်
phကိုင်လိုက်တော့ ညီမလေးဆီက အ
သံဆာဆာထွက်လာလေသည် ။
LAက ရောက်ရောက်ချင်း အပြင်ပြန်
ထွက်သွားလို့တဲ့လေ…
"အင်းပါ!! ခဏနေပြန်လာခဲ့မယ်"
"သူ့ကားကို စိတ်ပူနေတယ်!! ပျက်
စီးအောင်ကို တမင်လုပ်ခဲ့ဦးမှာ…"
စွာတာတာနှင့် ရန်တွေ့နေသော ညီမ
လေးအသံကြောင့် သူသဘောတကျ
ရယ်မိသည် ။
ခပ်တိုးတိုးခြေသံအချို့နှင့်အတူ ရင်းနှီး
နေသော ခပ်လွင်လွင်ရယ်သံလေးကို
ပါ ကြားလိုက်ရ၍ အသံလာရာဆီ
ကြည့်မိတော့ ကံကောင်းတာလား??
ကံဆိုးတာလား မပြောတတ်…
yeolရယ် ကောင်လေးတစ်ယောက်
ရယ်…
ထိုကောင်လေးက yeolပုခုံးပေါ်လက်
တင်ထားပြီး စကားပြောနေရာ yeol
က ဘာကိုသဘောကျသည်မသိ ခပ်
လွင်လွင်ရယ်မောနေလေသည် ။
"ငါမရှိလည်း yeolကတော့ အဆင်
ပြေနေတာပဲနော်!! ငါ့ကို မလိုအပ်တော့
ဘူးထင်တယ်!"
ခြံရှေ့လမ်းတစ်ဖက်ခြမ်းတွက် ရပ်နေ
သော သူ့ကိုတောင်မမြင်ပဲ အိမ်ထဲဝင်
သွားသော yeolနှင့် ထိုကောင်လေး
ကို ကြည့်ရင်း မျက်ရည်ဝဲတက်လာရ
သည် ။
ထပ်ကြည့်မနေနိုင်တော့တာမို့ လက်ထဲ
က phကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း
မျက်နှာလွှဲလိုက်မိသည် ။
"ငါ ပျော်သင့်လားဟင်??"
~
~
~
11:30 P.M
(april 27, 2017- Thur)
#သဘက်ခါ updateမယ်နော်