"LAကနေ seoulကိုမောင်းနှင်လာ
သည့် လေယာဉ်အမှတ်စဉ် AA 9204
လေဆိပ်သို့ ဆိုက်ရောက်လာပါပြီရှင်"
controlခန်းမှ ထွက်ပေါ်လာသော
airport announcer၏ အသံ
ကြောင့် airportတစ်ခုလုံးကြားရ အောင်တပ်ဆင်ထားသော speaker
ပေါင်းမြောက်များစွာမှ အသံများair
portတွင်း တညီတည်းထွက်ပေါ်လာ
၏ ။
စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ပြီး
နောက် LA terminal 2မှ ထွက်
လာသည့် ကောင်လေး၏ မျက်နှာဟာ
ပြုံးရွှင်လျက်ရှိနေသည် ။
အနက်နှင့် ခဲရောင်ရောစပ်ထားသော
ခပ်ကြီးကြီးဘေးအိတ်ကို ပုခုံးတစ်ဖက်
ပေါ်သေချာပြင်လွယ်လိုက်ရင်း အနက်
ရောင်rabinမျက်မှန်ကိုတစ်ချက်ပင့်
တင့်ကာ passportကိုကိုင်ရင်း
airportမှ ပြုံးရွှင်စွာထွက်လာလေ
သည် ။
airportအပြင်ရောက်ရောက်ချင်း
မျက်လုံးစုံမှိတ်ကာ လေဆတ်သောလေ
နုအေးကို ရှူရှိုက်လိုက်ရင်း ဘယ်ဘက်
လက်က အပြာရောင်ဒိုင်ခွက်လေးနှင့်
rolexနာရီလေးကို ငုံ့ကြည့်ကာ လက်
မလေးနှင့် အသာပွတ်သပ်ရင်း…
"yeol ah!! ငါမင်းဆီ လိုက်လာ
ပြီနော်… ငါ့ကိုတွေ့ရင် ဘယ်လိုတုန့်ပြန်
မှာလဲဟင်!!"
ပြုံးနေရာမှ သူ့နှုတ်ခမ်းလေးတစ်ချက်
တည်သွားကာ သက်ပြင်းရဲ့ရဲ့လေးချ
သည် ။
ဘုတ်**
"အ!!"
တစ်စုံတစ်ယောက်က အရှိန်ပြင်းစွာ
ဝင်တိုက်လိုက်တာမို့ ဟန်ချက်ပျက်ကာ
သူ့တစ်ကိုယ်လုံး ယိုင်နဲ့သွားရသည် ။
"yah!! လူလာနေတာမမြင်ဘူးလား?
?? နည်းနည်းပါးပါးရှောင်လေ"
သူကလည်း ဝင်တိုက်သေး ကိုယ့်ကို
ပိတ်ဟောက်နေတာကြောင့် သူ
စိတ်တိုသွားရသည် ။ ဝင်တိုက်သည့်
ကောင်လေးက အလျင်စလိုဖြင့် သူ့
နားက ပြေးရန်ပြင်နေတာကြောင့် သူ့
ထိုကောင်လေးလက်မောင်းကို လှမ်း
ဆွဲရင်း သူ့ရှေ့ပြန်ခေါ်လိုက်ရသည် ။
"ဟေ့ကောင်!!! ဂလန်ဂလားကောင်
အရင်ဝင်တိုက်တာမင်းလေ… ငါ့ကိုဘာ
လို့ လာအော်နေရတာလဲဟမ်!!!"
သူ့အသံတော်တော်ကျယ်သွားသည်ထင့်
… ထိုအရပ်ရှည်ရှည် ဆံပင်ရောင်စုံနှင့်
ကောင်လေးဟာ သူ့ကိုပါးစပ်အဟောင်း
သား ငေးကြည့်နေလေသည် ။
အနားပတ်ဝန်းကျင်က လူအချို့ကလည်း
ကွက်ကြည့်ကွက်ကြည့်လုပ်နေတာမို့
ွှသွားကလေးဖြဲပြလိုက်ရင်း သူ့ကိုပြန်
ကြည့်ကာ လေသံလျော့ပြောလိုက်ရ
သည် ။
"တောင်းပန်"
"ဘာ???"
"ငါ့ကို တောင်းပန်ပါ"
se hun သူ့ရှေ့က ကောင်လေးကို
ခေါင်းအစခြေအဆုံးကြည့်မိသည် ။ အောက်ခံsweaterအနက်… long coat အနက်… ဂျင်းဘောင်းဘီအနက် ဝတ်ထားသည့် ကောင်လေးဟာ လူ
ကြီးဆန်ဆန်ဝတ်ထားပေမယ့် သူ့ထက်
ငယ်မည့်ပုံပေါ်တာမို့…
"အံမယ်!! ကလေးကလာပြီးတော့
အကြီးကို ရိုရိုသေသေပြောကွ… က
လေးလေးရ"
"ဘာ???"
အော်လိုက်သည်မှာလည်း အသားကုန်
ပင်… အာပြဲလွန်းသောကောင်လေး
ကြောင့် se hunနားများပင် ပူထူသွား
ရသည် ။
"ဟေ့!! ငါက 25နှစ်ရှိပြီကွ… မင်း
ထက်တောင်အသက်ကြီးရင် ကြီးမှာ"
"မယုံဘူးကွာ"
"ahh!! ငါစိတ်တိုလာပြီနော်"
ထိုကောင်လေးက ဆောင့်အောင့်အောင့်
ပြောရင်း se hunကို မျက်မှောင်ကျုတ်
ကြည့်ကာ သူ့အိတ်ထဲကို ခေါင်းဝင်မ
တတ်ငုံ့ကာ တစ်ခုခုကို မွှေနှောက်ရှာ
နေလေသည် ။
"ဒီမှာတွေ့လား!! မှတ်ပုံတင် 1992ခု
နှစ်ကွတွေ့လား??"
ကျွန်တော့်မျက်လုံးရှေ့ သူ့မှတ်ပုံတင်ကို
ထုတ်ပြရင်း ဆူပုတ်နေလေသည် ။
ကျွန်တော်မြင်လိုက်ရသည့် မှတ်ပုံတင်ထဲက သူ့ပုံကလေးဟာ ချစ်ဖို့ကောင်း
လှချည်လား?? ဆံပင်အညိုအုပ်အုပ်က
လေးနှင့် ကောင်လေးဟာ မျက်လုံးမှေး
မှေးလေးတွေက သိပ်မပွင့်ချင်…
"aigoo!! ဟုတ်ပါပြီ လူကြီးလေး
ရဲ့"
se hunအသည်းယားလှစွာ ရှေ့က
ကောင်လေး၏ ဆံပင်လေးတွေကို အ
သာဖွလိုက်တော့ သူ့လက်ကို ပုတ်ချ
လေသည် ။
"မတောင်းပန်လည်းနေ… အကုသိုလ်
ဂလန်ကောင်"
မှတ်ပုံတင်ကို အိတ်ထဲပြန်ထည့်ကာ
ဆူပွပွနှင့် သူ့ရှေ့က ထွက်သွားသည့်
ကောင်လေးကို se hunပြုံးရင်း လိုက်
ကြည့်နေမိသည် ။
ထိုကောင်လေး မြင်လွှာထဲက ပျောက်
ကွယ်သွားတော့မှ သူဆက်သွားရန်ပြင်
ခိုက် သူ့ခြေထောက်နားကတစ်စုံတစ်ခု
ကိုတွေ့လိုက်ရတော့ ကောက်ကြည့်
လိုက်သည် ။
ထိုကောင်လေးရဲ့ လိပ်စာကဒ်လေး…
ခုနက အိတ်ထဲမွှေရင်း ပြုတ်ကျသွား
သည်ထင်ပါရဲ့…
"byun baek hyun!!"
သူပြုံးလိုက်မိသည် ။
"ငါနဲ့မင်း ထပ်ဆုံဦးမှာပါ"
se hun လိပ်စာကဒ်လေးကို ဘောင်း
ဘီအိတ်ထဲ ထည့်လိုက်ချိန်
"သခင်လေး se hun"
နောက်ကခေါ်သံကြားလိုက်ရတာမို့
လှည့်ကြည့်မိတော့ ဝတ်စုံနက်နှင့်လူ
နှစ်ယောက်…
"ahh!! Oh သခင်ကြီးကတော့ကွာ"
se hunမကျေမနပ်ရေရွတ်ရင်း ကြမ်း
ပြင်မှာ ထိုင်ချပစ်လိုက်သည် ။
~~~~~
'ပြောစရာရှိတယ် ။ လမ်းထိပ်က ပန်းခြံကို ခဏလာခဲ့'
so yongနဲ့ ပျင်းရိစရာ dateလုပ်ပြီး
နောက် ကျွန်တော်အိမ်ပြန်လာတော့
ခြောက်နာရီစွန်းစွန်း… pa paတောင်
companyက ပြန်ရောက်နေပြီ… chan
yeolပြန်မလာသေးတာမို့ စိတ်ပူနေစဉ်
မှာပဲ သူ့ဆီကဝင်လာသော message
…
ပြောစရာရှိတယ်???
ကျွန်တော်သိတယ် သူပြောလာမယ့်စကားကို?? ကျွန်တော်နဲ့ so yongအ
ကြောင်းမေးတော့မယ် ထင်ပါရဲ့…
သူများကျွန်တော့်ကို သဝန်တိုလေမလား
အကြောင်းပြချက်နဲ့ သူမနဲ့ တမင်မိတ်
ဆက်ပေးပေမယ့် အံ့သြဖို့ကောင်းလွန်း
စွာ သူက ထထွက်သွားခဲ့တယ်လေ…
နည်းနည်းတော့ ပေါက်ကွဲလိုက်သင့်
တယ်မဟုတ်ဘူးလား???
wu yi fanက ငါ့အပိုင်ဆိုပြီး ပြော
လိုက်သင့်တယ် မဟုတ်ဘူးလား?? ဒါ
ဆိုကျွန်တော်သူ့ဆီ ချက်ချင်းလာမှာ
လေ… ကျွန်တော်သူ့ကို ဂရုမစိုက်ရင်
ဥပေက္ခာပြုရင် မခံမရပ်နိုင်ဖြစ်ပြီး ကျွန်
တော့်ပြေးလာခဲ့မယ် ထင်ခဲ့တာ…
နောက်ဆုံး ကျွန်တော့်ကို တစ်ဖက်
သတ်ကြိုက်နေတဲ့ မေးထူးခေါ်ပြောအ
ဆင့်ပေါ့လေ အဲ့သူငယ်ချင်းမလေးနဲ့ တွဲ
ခဲ့တဲ့ အထိ…
park chan yeolဟာ တုံးလွန်းတာ
လားပဲ???
အခုလည်း ကျွန်တော့်ကို ဘာပြောမ
လို့ပါလိမ့်?? အပြတ်ပြောမလို့များလား??
ဒါဆို ကျွန်တော်ရူးသွားလိမ့်မယ်ထင်
တယ်…
ကျွန်တော်သွားရမလား?? မသွားရဘူး လား?? တွေဝေနေစဉ်မှာပဲ သူ့ဆီက
ထပ်ပို့လာသည့် message…
'မလာမချင်း ငါစောင့်နေမှာ'
ကျွန်တော်ထပ်စဉ်းစား မနေတော့ဘဲ
တွေ့ရာ coatတစ်ထည်ကောက်ဆွဲကာ
အောက်ထပ်ဆင်းလာမိသည် ။
"ဘာသွားမလို့လဲ သားငယ်"
အခန်းထဲက ထွက်လာသည့် chan yeol ommaနဲ့ တည့်တည့်တိုးလေ
တော့…
'လမ်းထိပ်'
သူခပ်ပြတ်ပြတ်ပြောကာ အိမ်ပြင်ထွက်
လာလိုက်သည် ။ သူကြာနေရင် chan
yeolအေးနေတော့ မည်လေ
"chan yeolလည်း ပြန်မလာသေး
ဘူး… သူတို့တွေ့ကြဖို့များလား??"
chan yeol ommaရဲ့ စိုးရိန်ခြင်းပြည့်
နှက်နေသော စကားသံတို့ကိုတော့ yi
fanမကြားလိုက်…
~~~~~
လမ်းထိပ် ပန်းခြံလေးရှေ့ရောက်တော့
chan yeolကား ခဲရောင်လေးကိုတွေ့
တော့ သူပြုံးလိုက်မိသည် ။
ပန်းခြံလေးထဲ ဝင်သွားတော့ ကလေး
စီးသည့် ဒန်းလေးတွေ ထိုင်နေသည့်
chan yeol… companyက ပြန်လာ
တာမို့ ဝတ်ထားသည်က black suitလေးနှင့်… ဆံပင်လေးတွေကို
ဂျယ်နဲ့ သေသပ်စွာလှန်တင်ထားတာမို့
မျက်နှာချောချောလေးက ရှင်းရှင်းလင်း
လင်းပေါ်နေသည် ။
ကျွန်တော့် chan yeolကို ကောင်မ
လေးတွေတော့ ကြွေတော့မှာပဲ…
မှိတ်တုတ်တုတ်ကြယ်လေးတွေကို မော့
ကြည့်ရင်း ခြေထောက်ကလေးကို တော့ တော့ပြီး ဒန်းကိုခပ်သာသာလွှဲ
ကာ ပြုံးနေသော chan yeolကို
ကြည့်ရင်း သူအချစ်တွေတိုးလာရပြန်
သည် ။
သူရပ်ကြည့်နေရင်းမှ chan yeolသူ့
ကို ကြည့်လာတာမို့ မျက်နှာကို တည်
လိုက်ကာ chan yeolဆီ လျှောက်
သွားရင်း ဘေးနားက တစ်ယောက်ထိုင်
ဒန်းလေးမှာ ထိုင်လိုက်သည် ။
"so yongကို တကယ်ချစ်တာလား?"
chan yeolဆီမှ ပထမဆုံးထွက်လာ
သော အမေးစကားကြောင့် သူ chan
yeolမျက်နှာကို လှမ်းကြည့်လိုက်သည်
။
chan yeolကတော့ မျက်နှာလွှဲကာ
ကောင်းကင်ပေါ်က ကြယ်လေးတွေကို
သာ ကြည့်ရင်း ပြုံးနေခဲ့သည် ။
"ဘယ်လိုဖြေစေချင်လဲ chan yeol?
"
ကျွန်တော့်စကားကြောင့် လှည့်ကြည့်
လာသည့် သူ့မျက်ဝန်းလေးတွေဟာ
သိချင်မှုတွေ ပြည့်နှက်နေခဲ့သည် ။
~
~
~
10:38 P.M
(april 25, 2017- Tue)
#မနေ့က မdateဖြစ်တာတောင်းပန်ပါ
တယ်… အမေ့အလုပ်တွေ ကူပေး
နေရလို့ပါ
#သဘက်ခါ ထပ်updateမယ်ပါ့မယ်…