" ~~The One~~ I Love "《✔Compl...

By Baekyeolliehyun04

133K 9.9K 605

Kris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် cha... More

1-ကျွန်တော်ချစ်တဲ့~~သူ~~
2-ကျွန်တော်ချစ်တဲ့~~သူ~~
3-ကျွန်တော်ချစ်တဲ့~~သူ~~
4-ကျွန်တော်ချစ်တဲ့~~သူ~~
5-ကျွန်တော်ချစ်တဲ့~~သူ~~
6-ကျွန်တော်ချစ်တဲ့~~သူ~~
7-ကျွန်တော်ချစ်တဲ့~~သူ~~
8-ကျွန်တော်ချစ်တဲ့~~သူ~~
9-ကျွန်တော်ချစ်တဲ့~~သူ~~
10-ကျွန်​​တော်​ချစ်​တဲ့~~သူ~~
11-ကျွန်တော်ချစ်တဲ့~~သူ~~
12-ကျွန်တော်ချစ်တဲ့~~သူ~~
13-ကျွန်တော်ချစ်တဲ့~~သူ~~
15-ကျွန်တော်ချစ်တဲ့~~သူ~~
16-ကျွန်တော်ချစ်တဲ့~~သူ~~
17-ကျွန်တော်ချစ်တဲ့~~သူ~~
18-ကျွန်တော်ချစ်တဲ့~~သူ~~
19-ကျွန်တော်ချစ်တဲ့~~သူ~~
20-ကျွန်တော်ချစ်တဲ့~~သူ~~
21-ကျွန်တော်ချစ်တဲ့~~သူ~~
22-ကျွန်တော်ချစ်တဲ့~~သူ~~
Update
23-ကျွန်တော်ချစ်တဲ့~~သူ~~
24-ကျွန်တော်ချစ်တဲ့~~သူ~~
25-ကျွန်တော်ချစ်တဲ့~~သူ~~
26-ကျွန်တော်ချစ်တဲ့~~သူ~~
27-ကျွန်တော်ချစ်တဲ့~~သူ~~
28-ကျွန်တော်ချစ်တဲ့~~သူ~~
29-ကျွန်တော်ချစ်တဲ့~~သူ~~
30-ကျွန်တော်ချစ်တဲ့~~သူ~~
31-ကျွန်တော်ချစ်တဲ့~~သူ~~
32-ကျွန်တော်ချစ်တဲ့~~သူ~~
Krisyeol
အချေOh Sehunအားချစ်မိခြင်း
So I Married An Anti-fan

14-ကျွန်တော်ချစ်တဲ့~~သူ~~

3.4K 341 14
By Baekyeolliehyun04

နေ့ရက်တိုင်းဟာ ထူးမခြားနားစွာပဲ တရွေ့ရွေ့ကုန်ဆုံးလာခဲ့တယ် ။

ဟိုတစ်နေ့ ကျွန်တော်ဖျားပြီးကတည်းက
yi fanဟာ ကျွန်တော့်ကို အစ်ကို
တစ်ယောက်လိုပဲဆက်ဆံခဲ့တယ် ။

အစ်ကိုတစ်ယောက်ဆိုပေမယ့် မေးထူး
ခေါ်ပြောသဘောပါပဲလေ ။ အကြောင်း
မရှိ အကြောင်းရှာ ကျွန်တော်စကားစ
မှသာ 'အင်း' 'အွန်း' ပြန်ဖြေတတ်
တာမျိုး… ကျွန်တော်တို့ နှစ်ယောက်ရဲ့
အခြေအနေက အရက်ကထက်တောင်
ပိုဆိုးလာသလိုပါပဲ… ဆက်ဆံရေး ကျဲ
လာခဲ့တယ် ။

ပြီးတော့ ကျွန်တော့်ကိုလည်း ဥပေက္ခာ
ပြုသေးတယ် ။ ကျွန်တော်ကျောင်းပို့
ကျောင်းကြိုလုပ်တာတောင် သူလက်မ
ခံတော့… ဦးကိုပြောပြီး သူကားနှင့်သူ
သာ ကျောင်းသွားလေတယ် ။

ကျွန်တော်ကလည်း အခုလောလော
ဆယ်တော့ ဦးCompanyမှာ manager
ချုပ်တက်လုပ်နေသည်လေ ။ ရာထူးက
တော့ ဦးက ကျွန်တော်က အလုပ်ကို
စေ့စေ့စပ်စပ်လုပ်လို့ ပေးထားခဲ့တာဆို
ပဲ… ဦးယုံကြည်မှုရှိအောင်တော့ ကြိုး
စားပြီး လုပ်ရတာပေါ့လေ ။

အဲဒီတော့ ကျွန်တော်လည်းအရင်လို
ပေတေပြီး yi fanကို အကြိုအပို့မ
လုပ်နိုင်တော့လို့ ကျွန်တော်တို့ နှစ် ယောက်က ပိုလို့တောင်ဝေးကွာလာပါ
သေးတယ် ။

ကျွန်တော်အိပ်ရာနိုးလာတဲ့ အချိန်ဆို
yi fan ကျောင်းသွားနှင့်ပြီ ဖြစ်နေ
တာမျိုး… ကျွန်တော်အိမ်ပြန်ရောက်ချိန်
ဆို yi fanက သူ့အခန်းထဲမှာ အနား
ယူနေတာမျိုး…

တစ်နေ့ တစ်နေ့မှာ ကျွန်တော်တို့ နှစ်
ယောက်ရဲ့ တွေ့ဆုံချိန်ဟာ အရမ်းနည်း
လို့လာခဲ့တယ် ။ မိသားစု ညစာ စား
ချိန်လေးမှာပဲ ကျွန်တော်တို့ မျက်နှာချင်း
ဆိုင်ဖြစ်တာ… ဒါတောင်သူ့ဘက်က
စကားမစပါဘူး… ကျွန်တော်ကသာ ဟို
ပြောဒီပြောနဲ့ သူ့ဆီက attention
ယူနေရတာ…

ဒါပေမယ့် အဆင်ပြေပါတယ်လေ… ဘာ
ပဲဖြစ်ဖြစ် ကျွန်တော်သူ့မျက်နှာလေးကို
တွေ့နေနိုင်သေးတာပဲ မဟုတ်လား??

ကျွန်တော်တို့နှစ်ယောက် ဝေးကွာသွား
ပေမယ့်ပေါ့လေ ။

~~~~~

ကျွန်တော်ရဲ့ နေ့ရက်လေးတွေက ချော
မွေ့နေပါသေးတယ် ကောင်မလေး
တစ်ယောက်ကို သူ့ချစ်သူလို့ မိတ်
ဆက်ပေးတာ မတိုင်ခင်ပေါ့…

စနေနေ့နေ့လည် 12နာရီကျော်လောက်
မှာ chan yeolတစ်ယောက် companyနားက Eldorado cake
& cafeဆိုင်လေးမှာ cappuccino
လေးတစ်ခွက်သောက်ရင်း မှန်အပြင်
က လူတွေကို ကြည့်ကာ ခပ်အေးအေး
ထိုင်နေမိတယ် ။

cappuccinoတစ်ငုံသောက်လိုက်တိုင်း
နှုတ်ခမ်းတစ်ဝိုက်မှာ လာလာပေတတ်
သည့် creamလေးတွေကိုလည်း ကျွန်
တော်သဘောကျသည် ။ ဘယ်လောက်
တောင်ချစ်စရာကောင်းလိုက်လဲ?? အ
မြုပ်ဖြူဖြူလေးတွေ နှုတ်ခမ်းမှာလာငြိ
နေတာ… စုံတွဲလေးတွေ အကြိုက်ပေါ့
လေ… cappuccino kissတို့ ဘာ
တို့ပေါ့… ကျွန်တော်လည်း wu yi fanနဲ့ အဲ့လိုလေးလုပ်လို့ရနေတာပဲ…

ကိုယ့်အတွေးနှင့်ကိုယ် သဘောတကျ
ပြုံးနေပြီးမှ မျက်နှာတည်သွားရပြန်သည်
။ ကျွန်တော်တို့ ဆက်ဆံရေးကဝေး
ကွာနေတာပဲကို…

'Huu!!' ကနဲ သက်ပြင်းချလိုက်ရင်း
waiterကောင်မလေး၏ 'ကြိုဆိုပါ
တယ်ရှင်' ဆိုတဲ့အသံကြားတော့ ဘာ
ရယ်မဟုတ် ဆိုင်အဝင်ဝကိုငေးကြည့်
မိသည် ။

ကျွန်တော့် နှလုံးသားတွေ စုတ်ပြတ်
သွားသလိုပဲ… တကယ်တော့ ကျွန်တော် မြင်လိုက်ရတဲ့အရာက ဆိုင်ထဲကို ဝင်လာတဲ့စုံတွဲလေးတစ်တွဲပါ…

ပန်းရောင်ဂါဝန်တိုလေးဝတ်ထားသည့် ကော်ဖီရောင်ဆံသား ဖြောင့်စင်းစင်း
လေးနှင့်ကောင်မလေးဟာ သူမ၏ ချစ်
သူကောင်လေးရဲ့ လက်မောင်းကို မှီခို
လျက် စကားတွေတတွတ်တွတ်ပြော
လာလေသည် ။ ကောင်လေးကလည်း
ကောင်မလေး၏ မျက်နှာကိုငေးကြည့်
ကာ ပြုံးရယ်လို့…

သူများတွေ အမြင်မှာတော့ သိပ်ချစ်
စရာကောင်းပြီး သိပ်လိုက်ဖက်တဲ့ စုံ
တွဲလေးပေါ့လေ…

ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဲ့
လိုမမြင်မိဘူး… ထိုချစ်စရာကောင်းတဲ့
ကောင်မလေးရဲ့ ချစ်သူဟာ ကျွန်တော့်
ရဲ့ yi fanမဟုတ်ခဲ့ရင် ကျွန်တော်
လည်း ထိုအတွဲလေးကို အားကျမိမှာပါ
လေ…

counterမှာ မုန့်မှာပြီးနောက် ထိုစုံတွဲ
ဟာ ကျွန်တော်ထိုင်နေသည့် နေရာဆီ
လျှောက်လာလေသည် ။ သူတို့ကို
လှမ်းငေးနေသည့် ကျွန်တော့်ကို မြင်
သွားသည်ထင့် yi fanမျက်နှာဟာ
အနည်းငယ် ပျက်သွားသယောင်…

သူတို့အတွဲကြားမှာ ကျွန်တော်ကအ
နှောင့်အယှက်ဖြစ်နေတာများလားလေ??

ကျွန်တော်မမြင်ချင်ယောင်ဆောင်ကာ
စားပွဲပေါ်က ipadလေးကို အသာယူ
လိုက်ရင်း ထိုင်ရာကထရန်ဟန်ပြင်လိုက်
သည် ။

"hyung!!"

ကျွန်တော့်ကို လှမ်းခေါ်နေသည့်သူ့အ
သံ ကြားပေမယ့်လည်း မသိချင်ယောင်
ဆောင်ထားမိသည် ။

"chan yeol hyung!!"

ခေါ်သံနှင့်အတူ ပုခုံးကိုပါ ဆွဲလှည့်ခြင်း
ခံလိုက်ရတာကြောင့် သက်ပြင်းအသာချ
ကာ နောက်လှည့်ကြည့်လိုက်တော့
ကျွန်တော့်ကို ပြုံးရွှင်စွာ ရယ်ပြနေသည့်
သူ…

မမြင်ချင်ယောင် မတွေ့ချင်ယောင်
ဆောင်လည်း ရရဲ့သားနဲ့ yi fanရယ်
… ငါနာကျင်နေတဲ့ပုံကို မြင်ချင်လို့လား
ဟင်??

"aww yi fan"

ပျက်ယွင်းနေသော မျက်နှာကို ဟန်
ဆောင်ပြုံးလေးနှင့် ပြန်ထိန်းလိုက်ရင်း
သူ့ကို နှုတ်ဆက်တော့…

"hyung!! ခဏလောက်ထိုင်ပါဦးလား
??"

ကျွန်တော်သိတယ်… သူကျွန်တော့်ကို
သူ့ချစ်သူနဲ့ မိတ်ဆက်ပေးမလို့ဆိုတာ…

"အာ!! hyung companyမှာ အလုပ်
လေးရှိလို့ ခုသွားတော့မလို့"

ကျွန်တော့်စကားကြောင့် yi fanက
ဘယ်လက်က နာရီကိုအသာကြည့်ကာ
ပြုံး၏ ။

"ခုမှ breaktimeအချိန်ပဲရှိသေးတာ
ကို hyungရယ်… ခဏပါပဲ ထိုင်ပါ"

ကျွန်တော့်ကို ပုခုံးမှကိုင်ပြီး နီးစပ်ရာ
ခုံပေါ်အတင်းထိုင်ခိုင်းနေတာကြောင့်
အင်တင်တင်နှင့် ထိုင်လိုက်ရသည် ။

"ဒါကျွန်တော့်ကောင်မလေးလေ…
lee so yongတဲ့"

ကျွန်တော့်မျက်နှာချင်းဆိုင်မှာ နှစ်
ယောက်သားအတူထိုင်ကြရင်း ကောင်
မလေးနှင့် မိတ်ဆက်ပေးနေသည့်သူ…

သူဟာ ကျွန်တော့်ကို နာကျင်စေချင်ပုံ
ပဲ…

"တွေ့ရတာဝမ်းသာပါတယ် hyung
က wu chan yeolပါ"

ကျွန်တော် အသာပြုံးကာ နှုတ်ဆက်
လိုက်တော့ကောင်မလေးက ခေါင်းငြိမ့်
ကာပြုံးပြလေသည် ။ ကျွန်တော်သူ့ကို
တစ်ချက်ကြည့်မိတော့ တင်းခနဲ ဖြစ်
သွားသည့် သူ့နှုတ်ခမ်းအစုံ…

ဘာဖြစ်ရပြန်ပြီလဲ yi fanရယ်!! မင်း
ဖြစ်စေချင်တာ ဒီလိုမဟုတ်ဘူးလား??

waiterလေးလာချပေးသော grape
cakeလေးနှင့် cappuccinoလေး
တစ်ခွက် ပြီးတော့ နွားနို့လေးတစ်
ခွက်…

နွားနို့ခွက်လေးက yi fanအတွက်ထင့်
… ကျွန်တော်သိပါတယ် သူcoffee
မသောက်တတ်ဘူးဆိုတာ…

သူက cappuccinoခွက်လေးကို
ကောင်မလေးဆီတွန်းပေးတော့ ကောင်
မလေးက သူ့ကိုပြုံးပြရင်း ကော်ဖီ
ခွက်လေးကို ယူသောက်လေသည် ။

သူမ နှုတ်ခမ်းဖျားမှ ကော်ဖီခွက်လေး
ပြန်ခွာသွားပြီးနောက် နှုတ်ခမ်းတစ်ဝှိုက်
ကျန်ခဲ့သည့် creamအစအနလေး
များ…

ကျွန်တော် ထင်သလိုတော့ မဖြစ်
လောက်ပါဘူးနော်…

yi fanက ကောင်မလေးနှုတ်ခမ်းက
creamလေးတွေမြင်တော့ အပျက်ပျက်
အယွင်းယွင်းဖြစ်နေသည့် ကျွန်တော့်
မျက်နှာကို တစ်ချက်ကြည့်ကာ ရယ်
သည် ။ ထို့နောက်ကောင်မလေးဆီ
တိုးကပ်သွားသော သူ့မျက်နှာ…

ကျွန်တောိ လက်ထဲကိုင်ထားသည့်
ipadလေးကို တင်းကြပ်စွာဆုပ်ကိုင်
ထားသည်မို့ လက်ထဲမှ ချွေးစေးများပါ
ထွက်နေလေပြီ…

မနမ်းရဘူးနော် wu yi fan… သူမ
ကိုမနမ်းရဘူး…

တဖြည်းဖြည်း ထပ်မံတိုးကပ်သွားသည့်
သူ့မျက်နှာကြောင့် ကျွန်တော်ဟန်မ
ဆောင်နိုင်စွာပင် ထိုင်ရာမှဝုန်းကနဲထ
ရပ်လိုက်မိသည် ။

ခပ်ကျယ်ကျယ်အသံကြောင့်ထင့် ကောင်မလေးရော သူပါကျွန်တော့်ကို
ကြည့်လာကြသည် ။

"အလုပ်ကိစ္စလေးရှိလို့ သွားနှင့်တော့
မယ်"

"ဟုတ်ကဲ့ ကောင်းကောင်းသွားပါ"

ကောင်မလေး၏ နှုတ်ဆက်စကားကို
လည်း ကျွန်တော်မတုန့်ပြန်မိ… ဆိုင်
အပြင်သို့သာ ခပ်မြန်မြန်ရောက်အောင်
လျှောက်နေမိသည် ။

လွင့်စင်ကျသွားသည့် မျက်ရည်စက်
တွေဟာ မြေပြင်ပေါ်ကို တစက်စက်
ကြွေဆင်းလာလေသည် ။ တော်ပါ
သေးရဲ့… ကျွန်တော့်မျက်ရည်တွေကို
သူမမြင်လိုက်ဘူးထင်တယ်…

သူ့အပေါ်ထားတဲ့ ခံစားချက်အပိုင်းအစ
လေးတွေကို ကျွန်တော်စွန့်ပစ်ချိန်
ရောက်ပြီထင်တယ်… ကျွန်တော်ပြတ်
သားနိုင်ဖို့ သူနဲ့ စကားပြောသင့်ပြီ…

~
~
~
10:45 P.M

(april 22, 2017- sat)

#dateတော့dateလိုက်ပါပြီ… ဒါပေ
မယ့် readerလေးတွေအရမ်းနည်း
သွားတယ်ရယ်… ကျွန်တော့်ficက စိတ်ညစ်စရာကောင်းနေပြီလားဟင်…

#ဒါနဲ့သဘက်ခါ ထပ်updateမယ်နော်
XD

Continue Reading

You'll Also Like

1.9M 126K 82
ကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️
258K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်