" ~~The One~~ I Love "《✔Compl...

Por Baekyeolliehyun04

133K 9.9K 605

Kris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် cha... Más

1-ကျွန်တော်ချစ်တဲ့~~သူ~~
2-ကျွန်တော်ချစ်တဲ့~~သူ~~
3-ကျွန်တော်ချစ်တဲ့~~သူ~~
4-ကျွန်တော်ချစ်တဲ့~~သူ~~
5-ကျွန်တော်ချစ်တဲ့~~သူ~~
6-ကျွန်တော်ချစ်တဲ့~~သူ~~
7-ကျွန်တော်ချစ်တဲ့~~သူ~~
8-ကျွန်တော်ချစ်တဲ့~~သူ~~
9-ကျွန်တော်ချစ်တဲ့~~သူ~~
10-ကျွန်​​တော်​ချစ်​တဲ့~~သူ~~
11-ကျွန်တော်ချစ်တဲ့~~သူ~~
12-ကျွန်တော်ချစ်တဲ့~~သူ~~
14-ကျွန်တော်ချစ်တဲ့~~သူ~~
15-ကျွန်တော်ချစ်တဲ့~~သူ~~
16-ကျွန်တော်ချစ်တဲ့~~သူ~~
17-ကျွန်တော်ချစ်တဲ့~~သူ~~
18-ကျွန်တော်ချစ်တဲ့~~သူ~~
19-ကျွန်တော်ချစ်တဲ့~~သူ~~
20-ကျွန်တော်ချစ်တဲ့~~သူ~~
21-ကျွန်တော်ချစ်တဲ့~~သူ~~
22-ကျွန်တော်ချစ်တဲ့~~သူ~~
Update
23-ကျွန်တော်ချစ်တဲ့~~သူ~~
24-ကျွန်တော်ချစ်တဲ့~~သူ~~
25-ကျွန်တော်ချစ်တဲ့~~သူ~~
26-ကျွန်တော်ချစ်တဲ့~~သူ~~
27-ကျွန်တော်ချစ်တဲ့~~သူ~~
28-ကျွန်တော်ချစ်တဲ့~~သူ~~
29-ကျွန်တော်ချစ်တဲ့~~သူ~~
30-ကျွန်တော်ချစ်တဲ့~~သူ~~
31-ကျွန်တော်ချစ်တဲ့~~သူ~~
32-ကျွန်တော်ချစ်တဲ့~~သူ~~
Krisyeol
အချေOh Sehunအားချစ်မိခြင်း
So I Married An Anti-fan

13-ကျွန်တော်ချစ်တဲ့~~သူ~~

3.5K 331 13
Por Baekyeolliehyun04

'ဝေါ'ခနဲ လေသံအချို့နှင့်အတူ သဲသဲ
မဲမဲရွာသွန်းနေသော မိုးကြောင့် yi fanအိပ်နေရာမှ နိုးလာသည် ။

heaterဖွင့်ထားသော်လည်း အနည်း
ငယ်အေးသလိုရှိလာသော ရာသီဥတု
ကြောင့် သူremoteလှမ်းယူကာ အပူ
ချိန်မြှင့်လိုက်ရသည် ။

စောင်ကို လည်ပင်းထိ ခပ်တင်းတင်း
ဆွဲခြုံကာ ပြန်အိပ်မည်ပြင်ပြီးမှ ရုတ်တ
ရက်တစ်စုံတစ်ယောက်ကို သတိရလာ
ပြန်တာကြောင့် ငေါက်ကနဲထထိုင်မိ
သည် ။

chan yeol???

သူအဆင်မှပြေရဲ့လား?? ညကလည်း သူတစ်ချိန်လုံး နှာချေနေတာ… မိုးက လည်းသည်းနေတော့ ဖျားနေပြီလား မသိ??

စိုးရိမ်လာသော စိတ်အစုံကြောင့် ကု
တင်ပေါ်မှ အသာထကာ အခန်းပြင်
ထွက်မိသည် ။ မျက်နှာချင်းဆိုင်က
သူ့ အခန်းတံခါးလေးကတော့ တိတ်
ဆိတ်မှုအပေါင်း ကြီးစိုးလျက်…

ကျွန်တော်မေးခဲ့ဖူးသည် ။ ကျွန်တော်
တစ်ခုခုဖြစ်ခဲ့ရင် ဂရုစိုက်ပေးမှာလားလို့
??? တကယ်ကို မျှော်လင့်ချက်ကြီး
စွာနဲ့ မေးခဲ့မိတာပါ…

ဒါပေမယ့် သူအဖြေပေးခဲ့တယ်… ကျွန်
တော့် မျှော်လင့်ချက်တွေကို ရိုက်ချိုး
ပစ်နိုင်မယ့် စကားလုံးအချို့သူရွေးပြော
ခဲ့တယ်…

'ငါမချစ်တဲ့ လူတစ်
ယောက်အတွက် ဘာလို့ငါက ရင်အပူခံ
ပေးရမှာလဲ?? စိုးရိမ်မှာမဟုတ်သလို ဂရု
လည်းမစိုက်ပေးဘူး!!'

သူ့စကားတွေကို ကျွန်တော့်နားထဲမှာ
ကြားယောင်နေတုန်းပဲ… ကျွန်တော်ဟာ
သူ့စကားလုံးတိုင်း ဝင်သက်ထွက်သက်
တိုင်း အထိအတွေ့တိုင်းကို တက်မက်
မက်မောစွာ မှတ်ထားခဲ့သူပါလေ…

ကျွန်တော် သူ့ကိုချစ်ခဲ့တယ်… အမြဲတမ်း
လိုအပ်ခဲ့တယ်…

ဒါပေမယ့် သူကကျွန်တော့်ကို လုံးဝမ
ချစ်ခဲ့ဘူးတဲ့… မလိုအပ်ခဲ့ဘူးတဲ့…

သူမှ မလိုအပ်ခဲ့တာ ကျွန်တော်ဘာလို့
သူ့အနားနေပေးရမှာလဲနော်…

ဒါပေမယ့် ဒါပေမယ့်!!!

အခန်းဝက ပြန်လှည့်မည် လုပ်ပြီးမှ သူ
နှင့်ပတ်သတ်လျှင် ဥပေက္ခာမပြုနိုင်
သော ကျွန်တော် သက်ပြင်းအသာချ
ကာ အခန်းတံခါးလေးကိုအသာဖွင့်ပြီး အခန်းတွင်းကို ဝေ့ကြည့်လိုက်မိသည် ။

ကုတင်ပေါ်တွင် အိပ်ပျော်နေသော
chan yeolကြောင့် ကျွန်တော်သူ့အ
နားကို အသာလေးကပ်သွားမိသည် ။

စောင်ခြုံထားပါလျက်နှင့် မသိမသာတုန်
ယင်နေသော ကိုယ်လေးနှင့် နဖူးစပ်
တွင် ဝေ့သီနေသာ ချွေးစက်လေးတွေ
အရ သူဖျားနေပြီထင်ရဲ့…

နဖူးကို လက်ဖဝါးနှင့်အသာအုပ်ကာ
စမ်းကြည့်မိတော့ အပူငွေ့နည်းနည်းရှိ
နေလေသည် ။

ကောင်စုတ်လေး ကိုယ့်ကိုကိုယ် ဂရုမ
စိုက်ဘူး… ခုတော့ဖျားပြီမလားဟင်??

နဖူးစပ်က ချွေးစလေးတွေကို လက်က
လေးနှင့် အသာသုတ်ပေးလိုက်ရင်း ရေ
ချိုးခန်းတွင်းသို့ ဝင်မိသည် ။

ရေအေးအေးလေးကို ရေချိုးခွက်က
လေးထဲ ထည့်ကာ ပုဝါလေးကို ယူရင်း
ကုတင်အစွန်းလေးမှာ တင်ပါးလွှဲဝင်ထိုင်
လိုက်သည် ။

ပုဝါကို ရေထဲအသာနှစ်… စိုရွှဲနေသော
ပဝါကို လက်နဲ့လိမ်ညှစ်ရင်း ပြန်ဖြန့်
ပြီးနောက် ထက်ဝက်ခေါက်ပြီး နှစ်
ခေါက်ပြန်ခေါက်ကာ နဖူးပေါ်အုပ်တင်
ပေးတော့ တစ်ချက်တွန့်သွားသည့်
ကောင်လေး ။ ချမ်းလို့ထင်ရဲ့…

bed sideလေးပေါ်က remoteလေး
နှင့် heaterကို မြှင့်ပြီးမှ ရေပတ်ဝတ်
ဆက်အုပ်ပေးထားလိုက်သည် ။

အဖျားပိုးဝင်တုန်းလေး ဂရုစိုက်ထားမှ
သာ အဖျားအရှင်းပျောက်သွားနိုင်တာ
မို့ ရေပတ်ဝတ်လေးရေခြောက်သွား
လိုက် ရေပြန်စွတ်ကာ နဖူးပေါ်ပြန်အုပ်
ပေးလိုက်လုပ်နေမိသည် ။

မျက်နှာလေးကို အသာကြည့်မိတော့
အပြစ်ကင်းစင်စွာ အိပ်မောကျနေတာ
မို့ သူပြုံးမိသေးသည် ။

"ကောင်စုတ်လေး မင်းကတော့ အိပ်
ပျော်နေလိုက်တာ… အပူအပင်ကင်း
လိုက်တာနော်… ငါကတော့မင်းကို စိတ်
ပူနေလိုက်ရတာ…"

ခန္ဓာကိုယ်ဘေးသို့ ကပ်လျက်ချထား
သော လက်ကလေးကို အသာမယူ
လိုက်ရင်း လက်ဖမိုးလေးကို ပါးလေး
နှင့်ထိကပ်ထားမိသည် ။

"ဆိုးလိုက်တဲ့ကောင်လေး… မင်းက
တော့ငါ့ကို ဥပေက္ခာပြုရက်တတ်နော်…
ငါကတော့မင်းကို ချစ်လိုက်ရတာ…"

"ငါဘာလုပ်ရမလဲဟင်!! မင်းကို ဆက်
ပြီး ဥပေက္ခာပြုသင့်လား??"

ကိုင်ထားသော လက်ဖမိုးလေးကို နှုတ်
ခမ်းလေးဖြင့်အသာဖွဖွ နမ်းရှိုက်လိုက်
ရင်း…

"good nightကလေးလေး… အိပ်
မက်လှလှမက်ပါစေကွာ"

သူ့မျက်နှာလေးကို အသာကြည့်မိတော့
အတန်ငယ်တွန့်ကွေးသွားသော နှုတ်ခမ်း
လေးကြောင့် ဘယ်ဘက်ပါးက ပါးချိုင့်
ရေးရေးလေးပေါ်လာတာကြောင့် အ
သည်းယားလာကာ အသာအယာမွှေး
ကြူလိုက်ရင်း ဖြူစင်စွာအိပ်မောကျနေ
သော မျက်နှာနုနုလေးကို ငေးကြည့်
နေမိသည် ။

ဘုရားသခင်!! chan yeolအိပ်နေ
တာလေးကို ခဏလောက်လေးပဲ ငေး
ကြည့်ခွင့်ပြုပါ့နော်…

ကျွန်တော့်ကို အလိုမရှိတဲ့သူလေး အိပ်
ပျော်နေရာက နိုးမလာခင် ကျွန်တော်
ခဏလောက်လေးပဲ သူ့နားနေပါရစေ…

~~~~~

"အင်း!!!"

စိုထိုင်းထိုင်းမနက်ခင်း အငွေ့အသက်
ကြောင့် အိပ်ပျော်နေရာမှ chan yeolနိုးလာခဲ့သည် ။

အတန်ငယ်ထိုးကိုက်နေသော ခေါင်း
ကြောင့် ညာဘက်လက်ဖြင့် နားထင်ကို
ဖိထောက်မိတော့ တစ်စုံတစ်ခုကို လက်
ကို လာထိလေရဲ့…

ထိုအရာကို ယူကြည့်မိတော့ ခြောက်
ကာ အတောင့်လိုက်လေးဖြစ်နေသည့်
လက်ကိုင်ပဝါဖြူလေးတစ်ထည်…

ဘယ်ဘက်လက်က နွေးသလိုလေးရှိ
နေတာကြောင့် ဘေးကိုအသာငဲ့ကြည့်
မိတော့…

wu yi fan!!!

ကျွန်တော့်လက်ကို သူ့လက်ဖဝါးခပ်
ကြီးကြီးဖြင့် အုပ်မိုးဆုပ်ကိုင်ထားလျက်
ကုတင်ပေါ်ခေါင်းလေးစောင်းတင်ကာ ကျန်လက်တစ်ဖက်ကို ခေါင်းအုံးအိပ်နေ
ရှာသည့် ကောင်လေး…

သူ့လက်နွေးနွေးထဲမှ ကျွန်တော့်လက်ကို
အသာထုတ်ယူလိုက်တော့ နွေးထွေးမှု
က လစ်ဟာသွားသယောင်… လှဲနေရာမှ
အသာ ထကာ သူ့ကိုကြည့်လိုက်မိတော့

သူ ကြမ်းပြင်ပေါ်မှာ ထိုင်နေတာပါ
လား?? အခင်းလည်းမရှိဘဲ အေးစက်
စက်ကြမ်းပြင်ပေါ်မှာ တစ်ညလုံးထိုင်နေ
တာ အေးနေတော့မှာပဲ fan fan
ရယ်!!!

ကိုယ်ပေါ်က စောင်လေးကို ဖယ်လိုက်
ရင်း သူ့ကိုယ်လေးပေါ်ကို လွှမ်းခြုံပေး
လိုက်မိသည် ။

"angry yi fanလေး!!"

အိပ်နေတာတောင် တွန့်ချိုးထားသည့်
ခပ်ထူထူမျက်ခုံးလေးတွေကို လက်က
လေးဖြင့် အသာထိတွေ့မိရင်း သဘော
ကျစွာ ပြုံးမိသည် ။

"agioo မနက်တိုင်း ငါ့ပါးကို နမ်းနေ
ကြနှာခေါင်းလေးကလည်း ချွန်နေလိုက်
တာ"

နှာခေါင်းချွန်ချွန်လေးကို အသည်းယား စွာ လက်ကလေးဖြင့် ပွတ်ဆွဲလိုက် သည် ။

"ပါးလေးကလည်း ဖောင်းနေတာပဲ
ဝက်စုတ်ကလေး"

အစိမ်းရောင်သွေးကြောမျှင်ကလေးများ
ယှက်ပြေးနေသည့် ပါးမို့မို့လေးကို လက်
မလေးဖြင့် အသာပွတ်သပ်မိတော့ အိ
စက်နေသည့် အထိအတွေ့လေးဟာ စွဲ
မက်ချင်စရာ…

"နှုတ်ခမ်းလေးကလည်း ရဲနေတာပဲ…
ချစ်ဖို့ကောင်းလိုက်တာ"

နီရဲရဲ နှုတ်ခမ်းဖူးဖူးလေးကို မနေနိုင်စွာ
လက်ကလေးဖြင့် အသာထိတွေ့မိပြန်
တော့ ထွက်လာသည့် ညည်းသံသဲ့သဲ့

သူအိပ်ရာမှ နိုးလာပြီထင်သည် ။

လက်ကလေးကို အသာရုတ်ရင်း ပြန်
လှဲအိပ်မည် ပြင်တော့ ကျွန်တော့်လက်
ကို ဆုပ်ကိုင်လိုက်သည့် ခပ်နွေးနွေးအ
ထိအတွေ့…

"chan yeol!!"

ရွှေဝါရောင်ဆံနွယ်ပျော့ပျော့လေးများ
အောက် ရှိနေသည့် အညိုရောင်မျက်
ဝန်းလဲ့လဲ့လေး အသာပွင့်လာကာ ကျွန်
တော့်ကို ငေးကြည့်လာသည် ။

နှစ်ယောက်စလုံးအသက်မရှူစတမ်း
မျက်လုံးချင်းဆုံကာ အတော်ကြာအောင်
ငေးကြည့်နေရင်းမှ ပထမဆုံးအကြည့်
လွှဲသွားသည့် သူ…

"အခန်းထဲမှာ အိပ်ပျော်သွားတာတောင်း
ပန်ပါတယ်"

ကျွန်တော့်လက်ကို လွှတ်ချရင်း သူ့ကိုယ်ပေါ်မှ စောင်ကို ဖယ်ချကာ
ခေါက်နေလေသည် ။

"yi fan ah!!"

ကျွန်တော့်ကို လှည့်ကြည့်လာသည့် သူ့
မျက်ဝန်းလေး… သူ့မျက်ဝန်းဟာ ကျွန်တော့်ဆီက စကားတစ်ချို့ကို
မျှော်လင့်နေသလို အရပ်အယောင်လေး
တွေ ယှက်ပြေးနေရဲ့…

"ကျေးဇူးပဲ"

ကျွန်တော့်စကားကြောင့် ခပ်တန်းတန်း
ဖြစ်သွားသည့် သူ့နှုတ်ခမ်းလေးတွေ…

သူ ကျွန်တော့်ဆီက ဘာကိုမျှော်လင့်
နေသည်လဲ???

"ရပါတယ်…"

ကျွန်တော့်ဆီက အကြည့်လွှဲသွားသော
သူဟာ လက်ထဲက ခေါက်ထားပြီးသား
စောင်ကို ငေးကြည့်နေလေသည် ။

"ညီအကိုတွေပဲဟာ ကျေးဇူးတင်စရာ မလိုပါဘူး"

သူ့မျက်လုံးအကြည့်တို့ဟာ ကျွန်တော့်
ဆီ ပြန်ရောက်လာသည် ။

"ဟုတ်တယ်မလား hyung??"

ခပ်စူးစူးအကြည့်တို့နှင့်အတူ သူ့ဆီက
ထွက်လာသည့် စကားသံဟာ ကျွန်
တော့်ရင်ကို ပူလောင်စေလိုက်တာ…

'hyung' ဒီစကားလေးကို အရင်က
ကျွန်တော်သူ့ဆီက သိပ်ကြားချင်ခဲ့တာ

အရင်မဟုတ်တဲ့ အခုမှာတော့ ဘာမ
ဟုတ်တဲ့ ဒီစကားစုလေးဟာ
ကျွန်တော့်အတွက် နာကျင်မှုဖြစ်စေတာ

ငါတို့နှစ်ယောက်ကြားမှာ စည်းတွေခြား
လိုက်ပြီလားဟင်???

~
~
~
11:35 P.M

(april 20, 2017- Thur)

#yi fanနဲ့ park chanဟာ အမြဲ
တမ်းညီအကိုပါ XD

#dateလိုက်ပြီ ဇာတ်ကတော့ပျင်းစရာ
ကောင်းနေတယ်… ရှိစုမယ့်စုလေးတွေ
ညှစ်ရေးထားရလို့ပါ… ဖတ်ပေးကြတဲ့
readerလေးတွေ ကျေးဇူး…





Seguir leyendo

También te gustarán

1.3M 45.9K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
206K 23.2K 88
အူဝါး ... ခစ်​..ခစ်​.. ဟိတ်​​က​လေး​လေး... ငါမင်းနဲ့​တော့ ရူးချင်​​တော့တာပဲကွာ... Krisyeol Only Sweet ♡
241K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.9M 126K 82
ကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️