အချစ်စစ်.....
အပိုင်း၈......
ခပ်တိုးတိုးလှောင်ရယ်သံ...ကို့အတွက်သေချာလို့
နေခဲ့တာ
တိုးရှရှအပြစ်တင်သံ...ကို့အတွက်ရည်ရွယ်လို့နေခဲ့
တာပါလေ
မျဉ်းပြိုင်တစ်ခုထက်..ဖြတ်မျဉ်းတစ်ကြောင်းပိုလို့မဖြစ်
ချင်ခဲ့တာပါ ကိုကို
ထာဝရမနီးစပ်နိုင်ပေမဲ့..တစ်သက်တာမြင်နေခွင့်လေးတော့ရှိချင်တယ်
ဖြတ်မျဉ်းလေးလိုတစ်ကြိန်တစ်ခါတွေ့ဆုံပြီးမှထာဝရမဝေးချင်ဘူးလေ...
ေ၀၀ါးလို့နေတဲ့ မျက်ဝန်းတစ်စုံကို ဖွင့်လှစ်မိတော့ စူးရှရှတိုးဝင်လို့လာတဲ့အလင်းတန်းတစ်ခု
အိပ်မက..် အိပ်မက်တစ်ခုထက်မပိုခဲ့ဘူး.... သူချစ်ခဲ့တာ သူနဲ့ပျော်မြူးခဲ့တာတွေ.. အရာအားလုံးက..စိတ္တဇဆန်ဆန်ပျောက်ကွယ်လို့သွားပြီ ...
ခဏ..ဒီိအချိန်ခဏလေးကိုလဲကျွန်တော်တန်ဖိုးထားတယ် သူနဲ့ပက်သတ်သမျှ အသေးအဖွဲ့ လေးကအစ ကျွန်တော်တန်ဖိုးထားခဲ့ပေမယ့် သူကေ၇ာ.......
ကြယ်စင်လေးတွေ ထွန်းလင်းလို့ပေးနေတာ ဘယ်သူ့အတွက်များလဲ
အများအမြင်မှာ..... လမင်းကြီးကသိပ်ကိုအေးချမ်းလွန်းတယ် တကယ်တော့ အထီးကျန်အဆန်ဆုံးပြပုဒ်ဆိုတာ သူတို့မေ့လျော့ နေခဲ့လေတာ......
'လွမ်း.....'
ဖြူ ဖွေးဖွေးမျက်နှာကျပ်နဲ့အတူနားထဲတိုးဝင်လာ
သည့်အချိုသာဆုံးအသံလေး....
ကျွန်တော်ဟာတောင်းတသူထက်ပိုတဲ့တက်မက်သူ.
'လွမ်းသတိရပြီလား.....'
အပြုံးတစ်ပွင့်နဲ့မေးမြန်းလာတဲ့ ကိုကို့ စကားသံ
အဆုံး
သူခေါင်းညိမ့်ပြရင်အခြားတစ်ဖက်သို့မျက်နှာလွဲလိုက်သည်
နာကျင်ရသည်ထက်ပိုတယ် ကိုကို့ရဲ့အပြုံး ကိုကို့ရဲ့
အသံတို့က
ဖြစ်နိုင်ရင် ဖြစ်နိုင်ခဲ့ရင် ကျွန်တော်အရာအားလုံးကို
အရှုံးပေးလိုက်ချင်ပြီ...
"ဘာလို့လဲ လွမ်းခေါင်းမူးလို့လား ဘယ်နားနာနေလို့
လဲ....."
"ကျွန်တော် ဘာ.ဖြစ်.သွား.တာ.လဲ"
"ကျွန်တော်...."
ကျွန်တော့်ရဲ့အပြောကို တအံ့တသြပြန်လည်မေးမြန်း
လာသူ...
ကိုကိုကျွန်တော်လေ ကိုကို့မျက်လုံးထဲကလိုကလေး
ဆိုးလေးမဟုတ်ဘူး...
ကိုကို ထင်သလို မျက်ရည်လောက်ပဲကျတက်တဲ့ကောင်လေးတစ်ယောက်မဟုတ်ဘူးလေ...
အဲ့..အဲ့တာကြောင့်ကျွန်တော့်ကိုချစ်ပေးလို့မရဘူးလားလေ..
ဘာမှတော့သတ်ဆိုင်မှုမရှိပေမဲ့လို့ပေါ့....
ဟင်းးးးးး
ကျွန်တော်အတွေးများစွာထဲမှ ကိုကို ရဲ့သက်ပြင်းချ
သံကျယ်ကျယ်ကိုကြားမိလိုက်ရဲ့....
"အရင်လိုပဲ နေပေးပါလို့ ကိုကို မတောင်းဆိုတော့ပါ
ဘူးလွမ်းရယ် ကိုကို့ မှာလဲတားပိုင်ခွင့်မှမရှိပဲ..."
တားပိုင်ခွင့်မရှိဘူး ဟုတ်လား..ရှိအောင်လဲ ကိုကို
မလုပ်ချင်ဘူး မဟုတ်လား..
ကျွန်တော့်ဘက်က အတန်ကြာတိတ်ဆိတ်လို့နေ
ပြန်တော့ ကိုကို့ ဘက်ကပဲစတင်လို့ပြောလာပြန်တယ်...
"huk huk ကိုကို့ ကလေး လေးက ကိုကို့ ကို စိတ်
ဆိုးနေတာလား..."
ကိုကိုသုံးနှုန်းလိုက်တဲ့စကား..ကိုကို့ကလေး လေး
တဲ့ အနာပေးပြီးမှဆေးပေးတာလား ကိုကို..
ဒါမှမဟုတ် ကလေးတစ်ယောက်ထပ်ပိုပြီးမသတ်မှတ်ကြောင်း
ပြလိုက်တာလားလေ....
"စိတ်ဆိုးတယ် ကျွန်တော့်မှာစိတ်ဆိုးပိုင်ခွင့်ရှိလို့
လား..."
"ha ha တစ်ကယ်ကြီးစိတ်ဆိုးနေတာပဲကွ..ဟင်"
"ကျွန်တော့်ပုံကစိတ်ဆိုးနေတဲ့ပုံပေါ်လို့လား ကိုကို"
တည်ငြိမ်လို့နေတဲ့ကျွန်တော့်အသံကြောင့် မျက်နှာအနည်းငယ် ပျက်ရွင်းလို့သွားပေမဲ့..
ခတ္တခနသာ.....
"haha haha"
ရယ်စရာ စိုးစင်းမျှမပါဝင်တဲ့ ကျွန်တော့်အပြောကို
ကိုကို ရယ်နေခဲ့တာ လှောင်ရယ်ခြင်းတော့မဟုတ်ခဲ့.
ငိုချင်စိတ်ကိုဖုန်းကွယ်ရန်တစ်မင် ရယ်ပြနေသူတစ်
ယောက်လိုရယ်သံတို့က ခြောက်ကပ်ကပ်....
ထိုင်နေရာကနေထထွက်ရင်း ပြတင်းပေါက်နား
သွားရပ်ဖို့ပြင်လိုက်တဲ့ကိုကို့ မျက်ဝန်းတွေဟာ ညိုး
နွမ်းလို့နေတယ်...
ကျွန်တော်ထင်လို့ပဲလား....
တိုးဝင်လာတဲ့လေအချို့က ကျွန်တော်တို့ကြားကအေး
စက်မှုကိုပိုလို့ အသက်ဝင်နေစေတယ်....
အတန်ကြာသည့်တိုင် ကျွန်တော်တို့ကြားကအေး
စက် မှုက မြန်မာနိုင်ငံရဲ့ ဆောင်းရာသီထက်ပင်
အဆတရာ ပိုလို့သာမည်ထင်သည်....
"ဟင်းးးးးးး"
ကျွန်တော်နားကြားမမှားဘူးဆို ကိုကို ချနေခဲ့တဲ့သက်ပြင်းတို့က အကြိမ်ကြိမ်....
ဘာကြောင့်များလဲ ကိုကို ရယ်....
"ကိုကို လွမ်း..."
အခန်းလေးထဲ ပြန်လို့တိတ်ဆိတ်သွားပြန်သည်..
"ချစ်ခြင်းက နာကျင်ရပါတယ်ကလေးရယ်"
"ဒါပေမဲ့.."
"နေကောင်းတာလဲမဟုတ်ဘူး ကလေးအိပ်လိုက်အုန်းနော်...."
ခပ်သွက်သွက် လှည့်ကြည့်လို့လာတဲ့ ကိုကို့မျက်ဝန်း
တို့ကနီဆွေးလို့နေသည်...နီရဲရဲနှာသီးထိပ်က တစ်စုံ
တစ်ရာကို ညွန်ပြလို့နေသည်....
ငိုနေခဲ့တာလား ကိုကိုကလေ..မဟုတ်လောက်ပါဘူး
ကျွန်တော်အကြည့်မှားတာဖြစ်ပါလိမ့်မယ်.....
အခန်းထဲကထွက်ခွာလို့သွားတဲ့ ကျောပြင်ကြားဟာ
နားမလည်ချင်းများစွာဖြင့် မျက်ကွင်းကပျောက်ကွယ်
လို့သွားခဲ့သည်....
Tbc.......
ခါတိုင်းထက်ရှည်နေပါတယ်နော်.....
ဘယ်အချိန်sweet မလဲဆိုတဲ့အမေးကတော့ဒီ author နဲ့လားလားမှမသက်ဆိုင်ဘူးရယ်....