" ~~The One~~ I Love "《✔Compl...

By Baekyeolliehyun04

133K 9.9K 605

Kris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် cha... More

1-ကျွန်တော်ချစ်တဲ့~~သူ~~
2-ကျွန်တော်ချစ်တဲ့~~သူ~~
3-ကျွန်တော်ချစ်တဲ့~~သူ~~
4-ကျွန်တော်ချစ်တဲ့~~သူ~~
5-ကျွန်တော်ချစ်တဲ့~~သူ~~
6-ကျွန်တော်ချစ်တဲ့~~သူ~~
7-ကျွန်တော်ချစ်တဲ့~~သူ~~
8-ကျွန်တော်ချစ်တဲ့~~သူ~~
9-ကျွန်တော်ချစ်တဲ့~~သူ~~
10-ကျွန်​​တော်​ချစ်​တဲ့~~သူ~~
11-ကျွန်တော်ချစ်တဲ့~~သူ~~
13-ကျွန်တော်ချစ်တဲ့~~သူ~~
14-ကျွန်တော်ချစ်တဲ့~~သူ~~
15-ကျွန်တော်ချစ်တဲ့~~သူ~~
16-ကျွန်တော်ချစ်တဲ့~~သူ~~
17-ကျွန်တော်ချစ်တဲ့~~သူ~~
18-ကျွန်တော်ချစ်တဲ့~~သူ~~
19-ကျွန်တော်ချစ်တဲ့~~သူ~~
20-ကျွန်တော်ချစ်တဲ့~~သူ~~
21-ကျွန်တော်ချစ်တဲ့~~သူ~~
22-ကျွန်တော်ချစ်တဲ့~~သူ~~
Update
23-ကျွန်တော်ချစ်တဲ့~~သူ~~
24-ကျွန်တော်ချစ်တဲ့~~သူ~~
25-ကျွန်တော်ချစ်တဲ့~~သူ~~
26-ကျွန်တော်ချစ်တဲ့~~သူ~~
27-ကျွန်တော်ချစ်တဲ့~~သူ~~
28-ကျွန်တော်ချစ်တဲ့~~သူ~~
29-ကျွန်တော်ချစ်တဲ့~~သူ~~
30-ကျွန်တော်ချစ်တဲ့~~သူ~~
31-ကျွန်တော်ချစ်တဲ့~~သူ~~
32-ကျွန်တော်ချစ်တဲ့~~သူ~~
Krisyeol
အချေOh Sehunအားချစ်မိခြင်း
So I Married An Anti-fan

12-ကျွန်တော်ချစ်တဲ့~~သူ~~

3.5K 328 10
By Baekyeolliehyun04

ညနေ 3နာရီ…

ကျွန်တော် ရပ်စောင့်နေမိသည် ။

ထုံးစံအတိုင်း ကားလေးကို ကျောင်းဝန်း
အဝရှေ့ရပ် မှီထားရင်း ရပ်နေမိသည် ။

ဟော!! ကျောင်းသားတွေ ထွက်လာ
ကြပြီ…

တစ်ဖွဲဖွဲထွက်လာသော ကျောင်းသူ
ကျောင်းသားတွေကြား ကျွန်တော်ရဲ့
သူကို ရှာမိသည် ။

သုံးနာရီခွဲ…

ကျောင်းသားတွေလည်း အုပ်စုလိုက်
ကြီးကနေ တစ်ယောက်စ နှစ်ယောက်စ
သာ ကျန်တော့သည် ။ အခုထိ yi
fan ထွက်မလာသေးပါလား??? နေ
မကောင်းဖြစ်နေလို့များလားလေ???

စိုးရိမ်နေသော စိတ်ကလေးကြောင့်
လက်ထဲက phကို ဖွင့်ကာ 'ညီ' ဟူ
သော contactလေးကို callနှိပ်
လိုက်သည် ။

'တူ'ကနဲ မြည်သံလေးနှင့် phဝင်သွား
သံကြားမှ သူကျေနပ်စွာ ပြုံးမိသေး
သည် ။ ဒီကောင်လေး phတော့ ပိတ်မထားဘူးပဲ…

phခေါ်သံလေး ရပ်တန့်သွားပြီးနောက်
အဝင် callလေးလည်း ပြတ်တောက်
သွား၏ ။

သူ phမကိုင်ဘူး… ကျွန်တော့်ကို စိတ်
ဆိုးနေတာများလား?? ကျွန်တော်လည်း
ဘာမှ မလုပ်မိပါပဲနှင့်… သူစိတ်ဆိုးစ
ရာ အကြောင်းကမရှိ…

ahh!! ကျွန်တော် သူ့အခန်းထဲ ဝင်မိ
ခဲ့တာပဲ… မိဘတွေတောင် ဝင်ခွင့်မရ
သည့် သူ့အခန်းထဲ မနက်အစောပိုင်းက ကျွန်တော် လက်လွတ်စပယ်ဝင်ခဲ့မိသည် ။ ဒါကြောင့် သူစိတ်ဆိုးနေတာလားလေ
???

နှစ်ကြိမ်!!!

သုံးကြိမ်!!!

လေးကြိမ်!!!

……… ဆယ်ကြိမ်!!!

ကိုင်သူမဲ့ phလေးကို ကျွန်တော်ဆက်
တိုက်ခေါ်နေမိသည် ။ မကိုင်မှန်းသိနေ
သောလည်း phဖြေမလားဟု မျှော်လင့်
ချက်တစ်စွန်းတစ်စလေးဖြင့် တော်ရုံ
စိတ်မရှည်သည့် ကျွန်တော်က သူ့အသံ
လေးကို စောင့်မျှော်နေမိသည် ။

သူ ကျွန်တော့်ကိုတော်တော် စိတ်ဆိုး
နေတာပဲ…

ဘယ်ဘက်လက်တွင် ပတ်ထားသည့်
ဒိုင်ခွက်နက်ပြာလေးနှင့်  Rolex နာရီလေးကို ကြည့်မိတော့ တစ်စုံတစ်
ဦးက သူ့အတွေးထဲ မဖိတ်ခေါ်ဘဲ ဝင်
ရောက်လာသည် ။

သူ ကျွန်တော့်ကို တစ်နှစ်ပြည့်ချစ်သူ
သက်တမ်းတုန်းက ဝယ်ပေးခဲ့သည့် လက်ဆောင်လေး…

အရင်က စီးပွားရေးသိပ်အဆင်မပြေ
သည့် ကျွန်တော် တစ်ကျောင်းတည်းနေ
သူနှင့် ချစ်သူဖြစ်ခဲ့သည် ။ တစ်ရက်
ကျွန်တော် နာရီဆိုင်လေးတစ်ခုရှေ့ရပ်
ကာ အပြင်ဘက်ကနေ မှန်အတွင်းထဲ
ငေးနေသည့်ကို သူတွေ့ခဲ့သည် ။

သူမေးပါတယ်… 'yeol' လိုချင်လို့
လားတဲ့လေ…

'ပျင်းလို့ လျှောက်ကြည့်နေတာပါ' ဟု ကျွန်တော် လိမ်ခဲ့သည် ။ သူဆက်မ
မေးတော့ပေမယ့် ကျွန်တော်တို့ 1 yr
anniတွင် ထိုနာရီလေးက ကျွန်တော့်
မျက်စိရှေ့ရောက်လာခဲ့သည် ။

သူက ကျွန်တော့်အတွက်ဆို အရာရာ
အသင့်ပါလေ… ကျွန်တော်ကသာ သူ့ကို
အရင်လမ်းခွဲခဲ့တာ… ခုထိ အဆက်အ
သွယ်မလုပ်ခဲ့… သူ့ကို ရက်ရက်စက်စက်
ထားပစ်ခဲ့သည် ။

ကြာပါပြီလေ… ဒါတွေက… အခုဆို ခြောက်နှစ်တောင်ရှိရောပေါ့…

အခု ကျွန်တော် ပစ္စုန်ပ္ပန်ကိုပဲ ကြည့်
သင့်သည်လေ… အတိတ်ကို အတိတ်မှာ
ပဲထားတာ အကောင်းဆုံးမဟုတ်လား??

"မင်းလည်း အဆင်ပြေနေမှာပါနော်"

ကျွန်တော် နာရီလေးကို လက်မလေး
နှင့်အသာ ပွတ်သပ်ကာ ပြုံးလိုက်မိ
သည် ။

~~~~~

ညဆယ်နာရီ…

အခန်းပြတင်းပေါက်ကနေ ခြံဝကို ငေး
နေရာမှ yi fanကုတင်ပေါ် စိတ်ပျက် လက်ပျက် ထိုင်ချလိုက်သည် ။

သူ ဘာလို့ပြန်မလာသေးတာလဲ??

ကျောင်းကို နေ့တစ်ဝက်ပဲတက်ပြီး စိတ်
တိုတိုနဲ့ လျှောက်သွားနေမိတာ မှားပြီ
ထင်ပါတယ်လေ…

bed-sideပေါ်က phကို ယူကြည့်
လိုက်တော့ chan yeolဆီမှ အဝင်
callပေါင်းများစွာက စောင့်ကြိုနေလေ
သည် ။

chan yeol phခေါ်တာတွေ သူသိပါ
တယ် ။ စိတ်ဆိုးလွန်းလို့ တမင်phမ
ကိုင်ခဲ့တာ… ဘာတဲ့!! 'ဦးကလိုက်ပို့ ခိုင်းထားတယ်' ဟုတ်စ??? တော်
တော် တာဝန်သိတတ်နေတယ်ပေါ့လေ…

ငါ့ကို နေ့တိုင်း ကျောင်းပို့ကျောင်းကြို
လုပ်ပေးတာလေးတွေကို မင်းရဲ့ စိတ်
ရင်းလို့ ထင်ထားခဲ့တာ… ငါတကယ် မှားသွားတယ်… ငါကိုယ့်ကိုကိုယ် အ
ထင်ကြီးသွားမိတယ်နော်…

"Huuu!!!"

လည်ချောင်းထဲ တစ်ဆို့နေသော အပူ
တို့ပျောက်လို ပျောက်ငြား လေတို့ကို
မှုတ်ထုတ်လိုက်ပြီး ထိုင်ရာမှ ထရပ်
လိုက်သည် ။

နာရီကြည့်လိုက…် အခန်းထဲမူးလောက်
အောင် ခေါက်တုံ့ခေါက်ပြန် လမ်း လျှောက်လိုက်… ပြတင်းပေါက်နား ပြေး
သွားပြီး လမ်းမဘက်ကို လှမ်းမျှော်
ကြည့်လိုက် လုပ်နေသော ကျွန်တော့်
အား se hunမြင်လျှင် ထိုင်ရယ်နေ
လောက်သည် ။

park chan yeolနဲ့ တွေ့မှပဲ ကျွန်
တော့် cool guy imageတွေ ပျက်
နေပါပြီလေ…

မျက်စိရှေ့တည့်တည့် နံရံပေါ်က နာရီ
ဆီ ကြည့်မိတော့ ညဆယ်နာရီခွဲ တိတိ

မဖြစ်သေးပါဘူးလေ…

စာကြည့်စားပွဲပေါ် ပစ်စလက်ခတ်ပစ်
တင်ထားသည့် ဂျာကင်ကို လှမ်းယူ
လိုက်ကာ bed-sideပေါ်က ကား
သော့ ကောက်ဆွဲပြီး အခန်းပြင်ထွက်
ရန်ပြင်စဉ်မှာပဲ 'ဝူး'ကနဲ ကားစက်သံ
လေးနှင့် အဝါရောင်နှင်းခွဲမီးရောင်က
အခန်းတွင်း ဝင်ရောက်လာတာမို့ ပြ
တင်းပေါက်နားပြေးကြည့်မိတော့…

ခြံဝန်းထဲ ဝင်လာသည့် chan yeol
ကားလေး… ကားလေးက သူရပ်နေကြ
ကျွန်တော့်ကားအနက်လေးနောက် ခပ်လှမ်းလှမ်းတွင် ရပ်သွားပြီး ကားမီး
ရောင်လေးလည်း မှိတ်ကျသွားသည် ။

ကားပေါ်က ဆင်းလာသော shirt
အဖြူလေးတစ်ထည်နှင့် chan yeol…

ဒီကောင်လေးဟာလေ ကိုယ့်ကိုကိုယ်
ဂရုမစိုက်ဘူး… အပြင်သွားမယ့်ဟာ အ
နွေးအကျီလေးတော့ ဝတ်သွားသင့်တာ
ပေါ့…

sneeze~~

ဟော!! ပြောရင်းဆိုရင်းနှာချေနေပြီ…
'ဟပ်ချိုး' ဆိုတဲ့ အသံလေးကို အပေါ်
ထပ်က ကျွန်တော်တောင် ကြားနေရ
သည် ။

"ဒီဟာလေးကတော့ ဖျားတော့မှာပဲ"

chan yeolပုံရိပ်လေး အိမ်ထဲဝင်ကာ ပျောက်ကွယ်သွားတော့မှ လက်ထဲက
ကိုင်ထားသည့် ပစ္စည်းတွေကို ကုတင်
ပေါ်အသာချကာ အခန်းအပြင် ထွက်
လာမိသည် ။

~~~~~

"မေမေ သားအိမ်ပြန်ရောက်ပြီ!!"

sneeze!!!

နှာချေသံလေးနှင့် အိမ်ထဲဝင်လာသော
chan yeolကို သူ့မေမေက စိတ်ပူ
စွာပြေးကြိုလေသည် ။ သူ့မေမေက
chan yeolကို အတော်ချစ်ရှာတာပဲ

"chan yeol!! သားနောက်ကျလိုက်
တာ!"

လှေကားအောက်ဆင့်တွင် စကားပြော
နေကြသော အန်တီနှင့် chan yeol
ကို ကျွန်တော် လှေကားထိပ်အကွယ်
လေးကနေ ရပ်ကြည့်နေမိသည် ။

"ဟုတ်မေမေ!! သားသူငယ်ချင်းတစ်
ယောက်နဲ့ တွေ့နေတာနဲ့ နောက်ကျ
သွားတာ"

သူငယ်ချင်းတစ်ယောက်နဲ့ တွေ့နေ တာ??

ကျွန်တော်ကတော့ သူ့ကိုစိတ်ပူနေလိုက်
ရတာ… သူကဒါကြောင့်မို့ အိမ်ပြန်
နောက်ကျနေတာပေါ့လေ

"သား ဗိုက်ဆာနေပြီလား ညစာစားမ
လား မေမေပြင်ထားလိုက်မယ်"

"သား မစားတော့ဘူးမေမေ!!"

sneeze!!!

"သားဖျားနေတာလား???"

အန်တီက chan yeolနဖူးပေါ် လက်
တင်ကာ စိတ်ပူစွာမေးလေရဲ့…

"ရတယ် မေမေ!! မနက်ကသား ရေ
အေးနဲ့ချိုးမိလို့"

sneeze!!

"သားကတော့လေ ဆောင်းတွင်းရောက်
နေတာကို ကိုယ့်ဟာကိုယ် ဂရုမစိုက်
ဘူး… ဝတ်သွားတာလည်း အကျီပါး
လေးနဲ့… ခုကြည့် နှာစေးနေပြီမလား??"

"နှာစေးတာ မဟုတ်ပါဘူး… နှာချေတာ
ပါ"

"agioo ဒီကောင်လေးဟာလေ နဲနဲ
တော့ အထွန့်တက်လိုက်ရမှ"

အန်တီကသူ့နဖူးလေးကို လက်သီးဆုပ်
လေးနှင့် အသာထုတော့ လျှာတစ်လစ်
နှင့် chan yeol…

ကလေးစုတ်လေး ချစ်ဖို့ကောင်းအောင် လုပ်ပြနေပြန်ပါပြီ… ငါ့ကို ရူးသွားစေချင်
တာလားဟင်??

"သားအဖေက စိတ်ပူနေတာသားရဲ့…
နေ့တစ်ဝက်ပဲ companyက ပြန်သွား
လို့ဆိုပြီး ခုထိပြန်မရောက်သေးတော့
စိုးရိမ်နေတာ"

"မေမေကလည်း သားသူငယ်ချင်းနဲ့
ချိန်းထားလို့ပါဆို…"

"ကဲပါ!! သွား!! အပေါ်တက်တော့ ဆေးလည်းသောက်ထားဦး!!"

"ဟုတ်"

yi fanမျက်နှာလွှဲလိုက်မိသည် ။
chan yeolရယ် မင်းအတွက် ငါက
လွဲရင် အရာရာတိုင်းက အရေးကြီးနေ
တာပဲနော်…

ညဆယ်နာရီကျော်လောက်ထိ သူငယ်
ချင်းနဲ့ တွေ့တယ်တဲ့… ငါကတော့
ကျောင်းမှာ ငါ့ကို မတွေ့လို့ phလည်း
မကိုင်လို့ လိုက်ရှာနေတာလားဆိုပြီး စိုး
ရိမ်လိုက်ရတာ… ခုတော့မင်းက သူငယ်
ချင်းနဲ့ တွေ့နေတာတဲ့…

ငါမှားသွားတယ် ထင်တယ်နော်… မင်း
ကိုဂရုမစိုက်ရင် ပစ်ပယ်ထားရင် မင်း
ငါ့ဆီပြန်လာမယ်လို့ ထင်ခဲ့တာ… ငါ့
အတွေးတွေ မှားသွားတယ်နော်…

လှေကားပေါ်တက်လာသည့် chan
yeolခြေသံကြားတော့ သူအခန်းထဲ
ပြန်ဝင်ကာ တံခါးကို 'ဝုန်း'ကနဲ မြည်
အောင်ပိတ်ပစ်လိုက်သည် ။

ငါ့ဒေါသတွေကို တံခါးပေါ်ပဲ ပုံချပါရ
စေ…

မင်းဘယ်သူနဲ့ တွေ့တွေ့ ဘာပဲလုပ်လုပ်
စွက်ဖက်ပိုင်ခွင့် ငါ့မှာမှ မရှိတာ… အတူ
နေခဲ့ရုံနဲ့ မင်းကိုငါပိုင်ဆိုင်နိုင်ပြီထင်ခဲ့
တာ… ငါမှားပြီးရင်း မှားနေပြန်ပြီထင်
တယ်…

ကျွန်တော့် ပါးပြင်ပေါ်က ပူနွေးမှုတွေ ဟာ မျက်ရည်တွေလားလေ??

chan yeolရယ် ငါငိုနေမိပြန်ပြီ…

~
~
~
11:00 P.M

(april 18, 2017- Tue)

#Galaxypiggyyoda6100 dateပေးလိုက်ပြီနော် ကျွန်တော်mes boardမှာrpပြန်လို့မရလို့ပါ

#updateအရမ်းကြာသွားတာ တောင်း
ပန်ပါတယ်နော်… သင်္ကြန်မှာ လျှောက်
လည်ပြီး ခရီးက နေ့လည်ကမှ ပြန်
ရောက်လို့ ဒီနေ့မှ dateဖြစ်တာပါ…
နောက်နေ့တွေ တစ်ရက်ခြားစီ date
ပေးပါ့မယ်နော်

#Lin Latt Moe Oo << ကျွန်
တော့် fb accပါ accပျက်သွားလို့
အသစ်ပြန်ဖွင့်ထားရတာ addပေးကြ
ပါနော်… ppက အကျီပန်းရောင်လေးနဲ့
ကောင်မလေးပုံပါ…







Continue Reading

You'll Also Like

64.9K 8.9K 16
ကောင်သေးလေး မင်းတော်တော်ဆိုးတာပဲ CB ((Zawgyi+Unicode))
256K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
49.4K 7.2K 26
တစ်ခါတုန်းက ကောင်လေးတစ်ယောက်ရှိတယ်.. တစ်နေ့တော့ သူ့ဆီကို စာလေးတစ်စောင်ရောက်လာတယ်..
1.2M 91.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.