ကျေးငှက်လေးတွေ တကျီကျီအော်သံ
နှင့်အတူ နေရောင်ဖျော့ဖျော့နေ့သစ်တစ်
ခု တစ်ကျော့ပြန်လည်စတင်လာတာ
ကြောင့် chan yeolလည်း အိပ်နေရာ
မှ နှိုးလာသည် ။
မျက်လုံးပွင့်ပွင့်ချင်း မျက်စိရှေ့တွင်မြင်
လိုက်ရသည်က အရင်လို ကျွန်တော့်ကို
အုပ်မိုးကြည့်တတ်သော အကြည့်စူးစူး
လေးနှင့် အပြုံးမျက်နှာမဟုတ်ဘဲ ဗလာ
သက်သက် မျက်နှာကျက်သာ...
ထိုမျက်နှာလေးကို မတွေ့ရပြန်တော့
လည်း ကျွန်တော့်မနက်ခင်းဟာ တစ်ခု
ခုလိုအပ်နေသလို... ပြည့်စုံမှုရှိမနေခဲ့...
အိပ်ရာမှထကာ ရေချိုးခန်းထဲဝင်ပြီး စိတ်လန်းသွားအောင် ရေအေးအေးဖြင့်
သာခပ်ကြာကြာ ချိုးလိုက်မိသည် ။
ခါးတွင်သဘတ်လေးသာပတ်ပြီး ရေချိုး
ခန်းအပြင် ထွက်လာတော့ ရေချိုးခန်းဝ
မှာ သဘတ်သေးလေးကိုင်ပြီး ရပ်စောင့်
နေတတ်သည့် ဟိုအရင်က ကောင်
လေးကို သတိရမိသား...
ဗီရိုကိုဖွင့်လိုက်ပြန်တော့လည်း များလွန်း
လှတဲ့ အကျီတွေကြောင့် ကျွန်တော့်မှာ
ခေါင်းတွေတောင်မူးလာသလို... ဘာဝတ်
လို့ဝတ်ရမှန်းတောင်မသိတော့...
အမြဲတမ်းသူထုတ်ပေးထားသည့် အကျီ
တွေဝတ်တာများလာတော့ ကိုယ့်ဟာ
ကိုယ်တောင် ဘာမှမလုပ်တတ်တော့...
အဆင်ပြေလောက်မည်ထင်သည့် အဝတ်ကောက်စွတ်လိုက်ပြီး ကုတင်
ဘက်ကို မျက်နှာလှည့်မိတော့ စောင်အ
ထွေးလိုက်နှင့် ရှုပ်ပွတော်မူနေသည့် အိပ်ရာကြောင့် သက်ပြင်းရှည်ကြီးချ
လိုက်မိရဲ့...
အရင်ကဆို အိမ်ရှင်မလေးလို နောက်
ကတစ်ကောက်ကောက် လိုက်လုပ်ပေး
တတ်သည့် ကောင်လေးကြောင့် ကျွန်
တော်မှာ အိပ်ရာသိမ်းရမည်ကို ပျင်းနေ
လေပြီ ။ ကျွန်တော့်အခန်းထဲကို အိမ်
အကူကောင်မလေးတွေ ဝင်မှာမကြိုက်
ဟု ပေါ်တင်ပြောထားသည့် ထိုကောင်
လေးကြောင့် အိမ်အကူလေးတွေမှာ ကျွန်တော်အခန်းဆို ယောင်လို့တောင်
လှည့်မကြည့်...
Wu yi fanဟာ အိမ်ရှင်မလေးလိုလဲ...
အသေးစိတ်အကုန်လုပ်ပေးတာ... ပြော
တော့သာ အိမ်ရှင်မလေးတဲ့... ကျွန်
တော့်ရဲ့ ပထမဆုံးကို ယူသွားခဲ့တာသူ...
ကိုယ်အတွေးနှင့်ကိုယ် ရယ်လိုက်မိသေး
သည် ။
အင်း!! အခုတော့ သူက ကျွန်တော့်ကို
ဥပေက္ခာပြုနေပြီလေ... ဒါကလည်း ဒီ
park chan yeolဆိုတဲ့ ကျွန်တော့်
ကြောင့်ပဲ...
အရင်နှင့်ကွာခြားသည့် ယခုအခြေအနေ
ကိုလည်း သတိရပြန်ရော ပြုံးနေမိသည့်
ကျွန်တော့်နှုတ်ခမ်းလေးတောင် ပြန်
တည်သွားရသည် ။
ဒါမင်းရဲ့ ရွေးချယ်မှုပဲလေ park chan yeolရယ်...
အခန်းထဲက ထွက်ထွက်ချင်း မြင်ရ
သည်က မျက်နှာချင်းဆိုင်အခန်းက ပိတ်လျက်ရှိနေသည့် အဖြူရောင်တံခါး
လေး... တိတ်ဆိတ်နေပုံအရဆို သူအိပ်
နေတုန်းပဲထင်ရဲ့...
ကောင်စုတ်လေး မင်းကတော့အေးဆေး
အိပ်နေနိုင်တယ်နော်... ငါကသာ??
~~~~~
ဦးနှင့်မေမေ yi fanပြောသွားသည့်
စကားနှင့် ပတ်သတ်ပြီး မေးလိမ့်မည် ထင်ခဲ့မိပေမယ့် ခုမိုးလင်းသည်ထိ
တောင် ထိုကိစ္စအကြောင်း တစ်ခွန်းမှမ
ဟသေးသည်မို့ စိတ်တော်တော်အေး
သွားရသည် ။
Park chan yeolရယ် မဟုတ်တာ
ကို အတွေးလွန်ပြီး ပူနေပြန်ပါပြီ!!!
ရေခဲသေတ္တာထဲက ပျားရည်ပုလင်းကို
ယူကာ ဖန်ခွက်ကြည်ကြည်ထဲထည့်
လိုက်ပြီး ရေခဲရည်အတန်ငယ်ထည့်ကာ
သံသရာသီးကို ထက်ခြမ်းခြမ်းလိုက်ပြီး
ထိုဖနိခွက်ထဲသို့ အနည်းငယ်ညှစ်ထည့်
ပြီး ဇွန်းလေးဖြင့်မွှေလိုက်သည် ။
ထိုဖန်ခွက်လေးကို ကိုင်ကာ မီးဖိုချောင် ထဲကထွက်မည်ပြင်တော့ arjimaနှင့်
အတူ မနက်စာကူပြင်ပေးနေသည့် ommaကလှမ်းမေးလာသည် ။
"ပျားရည်က ဘာလုပ်ဖို့လဲသား??"
"aww!! အဲဒါက ညီညက အရက်တွေ
အများကြီးသောက်လာတယ်လေ!! အမူး
ပြေသောက်ရအောင် ယူသွားပေးမလို့"
"aww အင်း!!"
အမှန်တိုင်းတော့ ပြောလိုက်တာပဲ မေ
မေကတော့ တစ်မျိုးထင်သွားမလားမ
သိ... မထင်လောက်ပါဘူးလေ... ညက
ကိစ္စတောင် ခုထိမမေးသေးတဲ့ဟာ...
dok dok~~~
တံခါးခေါက်ကြည့်သည် ။
dok dok~~
နောက်ထပ်ခေါက်ကြည့်ပေမယ့် ပြန်ဖြေ
သံမကြားရသောကြောင့် အသံပြုမိသည်
။
"yi fan... hyung ပါ"
ဒါလည်းပြန်မဖြေ... လက်ကနာရီကြည့်မိ
တော့ 7နာရီနဲ့ တစ်ဆယ့်ငါးစွန်းစွန်း...
ဒီအချိန်ဆို နိုးလောက်ပါပြီ... အမူးမပြေ
သေးလို့ပဲ လှိမ့်ပိတ်အိပ်နေတာလား??
ခေါင်းတွေများ ထိုးကိုက်နေလေသလား
လေ???
စိုးရိမ်စိတ်လေးကြောင့် သူအိပ်နေသည်
အထင်နှင့် တံခါးလေးအသာဖွင့်ကာ ပြန်ပိတ်လိုက်ရင်း အိပ်ရာဆီဦးတည်မိ
တော့ သိမ်းပြီးသား အိပ်ရာလေး...
သူရေချိုးနေသည် ထင်ရဲ့... ကျွန်တော့်
မျက်နှာလည်း မြင်ချင်ပုံမရသည့်သူ့
ကြောင့် bed-sideပေါ် ပျားရည်ခွက်
လေး အသာတင်ကာ အခန်းထဲက ထွက်ရန်ပြင်မိပေမယ့်...
ကျွီ~~
"ဘာလုပ်နေတာလဲ park chan yeol??"
တံခါးပွင့်သံ ခပ်တိုးတိုးလေးနှင့်အတူ တဆက်တည်းကြားလိုက်ရသည့် သူ့အ
သံခပ်သြသြ...
ကျွန်တော်လှမ်းကြည့်မိတော့ bathrobeလေးဝတ်ထားသည့် သူဟာ
သဘတ်တစ်ထည်ကို လက်ကကိုင်
လျက် ကျွန်တော့်ကို စိုက်ကြည့်နေလေ
သည် ။ စူးရဲလွန်းသော သူ့မျက်ဝန်း တွေကြောင့် ကြမ်းပြင်ဆီအကြည့်ပို့ကာ
ခပ်တိုးတိုးဖြေမိသည် ။
"ah!! ပျားရည်လာပို့တာ..."
"မလိုဘူး ပြန်ယူသွား!!"
ခပ်မာမာသူ့အသံကြောင့် ကျွန်တော်သူ့
ကို ပြန်ကြည့်မိသည် ။ ကျွန်တော့်ကို
ကြည့်နေသည့် သူ့မျက်ဝန်းတွေ စူးရှ
နေတုန်း...
"ခေါင်းကိုက်နေမှာ စိုးလို့... အင်းပါ ဒါ
ဆိုလည်း..."
ပိုင်ရှင်က လက်မခံသောကြောင့် အား
ငယ်နေရှာသည့် ဖန်ခွက်လေးကိုယူကာ
အခန်းထဲက ထွက်ရန်ပြင်ခိုက်...
"နောက်ဆို့်အခန်းထဲ လက်လွတ်စ ပယ်မဝင်နဲ့... ငါမကြိုက်ဘူး!!"
လက်လွတ်စပယ်??? မကြိုက်ဘူး???
ဟုတ်ပါတယ်လေ... ကျွန်တော်တို့ ဆက်
ဆံရေးက အရင်လိုမှမဟုတ်တော့တာ...
"အင်းပါ!! ငါတောင်းပန်ပါတယ်...
နောက်မဝင်ပါဘူး"
ကျောခိုင်းလျက်သားနှင့်ပဲ ခွန်းတုံ့ပြန်
လိုက်သည့် ကျွန်တော့်အသံတွေ တိုးဖျော့နေမည်ထင်သည် ။
~~~~~
jarထဲက နှပ်ထားပြီးသားcoffeeကို ကြွေခွက်လေးထဲထည့် ကင်ထားပြီးသား
ပေါင်မုန့်လေးတွေကို ယိုသုတ်ရင်း yi
fan အလာကို သူမသိမသာ စောင့်နေ
မိသည် ။
သူ့တာဝန်အရ ကျောင်းပို့ရပေဦးမည်
လေ...
အရင်က ထိုကောင်လေးဟာ ကျွန် တော်တစ်ယောက်တည်းအတွက်သာ breakfastပြင်ဆင်ပြီး မီးဖိုချောင်အဝ
လေးတွင် ပြုံးလျက်ရပ်စောင့်နေခဲ့ဖူး သည် ။ ဒါတွေက အရင်ကပါလေ...
ခဏနေတော့ မီးဖိုချောင်ထဲ ဝင်လာ
သည့်သူဟာ သူ့နေရာဖြစ်သည့် ကျွန်
တော့်ဘေးတွင် ဝင်ထိုင်လာသည် ။
မိသားစုမနက်စာဝိုင်းတွင် စကားစမြည်
ပြောခြင်းက ကျွန်တော်တို့သုံးယောက်
သာ... အရင်က ကြားဝင်က လုလုပြော
တတ်သော ထိုကောင်လေးဟာ တိတ်
ဆိတ်နေခဲ့သည် ။
"yi fan!!"
"ဟုတ် pa pa"
ဦး၏ စကားသံထွက်လာတော့ စား
လက်စကိုရပ်ကာ သူမော့ကြည့်သည် ။
ကျွန်တော်သည်လည်း yi fanမျက်နှာ
ကို မသိမသာလှမ်းကြည့်ရင်း အကဲခတ်
ိနေမိသည် ။
"ညက ဘာလို့အရက်တွေအရမ်း သောက်လာတာလဲ?? မင်းအရင်က ဒီ
လိုမမူးဖူးဘူး"
"ကျွန်တော်စိတ်ညစ်နေလို့"
"ဟမ်!! စိတ်ညစ်တယ်!! မင်းကိုငါလို
လေသေးမရှိ အကုန်ပြည့်စုံအောင်ထား
ပေးထားတာပဲ... ဘာလိုအပ်တာရှိနေလို့
လဲ??"
"လိုလေသေးမရှိ?? အဟက်!!"
ဦးစကားကို သံယောင်လိုက်ရင်းပြော
လိုက်သည့် yi fanစကားကြောင့် ဦး
မျက်မှောင်ကျုတ်လာသည် ။ သူ့ပုံစံ
က အဖေကို ရွဲ့သလိုဖြစ်မနေဘူးလား
လေ...
"ကျွန်တော်ရမယ့် အရာကို pa pa
လုယူသွားတာ"
"ဟမ်!!"
အာမေဋိတ်သံ ထွက်လာသည်က ဦးဆီ
မှ!! မေမေကတော့ ဘာမှဝင်ပြောခြင်း
မရှိ... တစ်ခုခုကို တွေးတောနေပုံရသည်
။
"စားလို့ပြီးပြီ... ကျောင်းသွားတော့မယ်"
တစ်စုံတစ်ရာပြောင်းလဲမှုမရှိသော ရှု
တည်တည်မျက်နှာပေးနှင့် မနက်စာ
စားပွဲဝိုင်းမှ yi fan ထထွက်သွား
သည့်တိုင် ဦးမှာတစ်ခွန်းမှမဆိုနိုင်ခဲ့ ။
yi fanပြောသွားခဲ့သော သူနားမလည်
သော စကားကို စဉ်းစားနေဆဲ ဖြစ်ပုံ
ရသည် ။
"မေမေ သား ညီ့ကိုကျောင်းလိုက်ပို့
လိုက်ဦးမယ်နော်"
ကျွန်တော် စားပွဲဝိုင်းမှ ထွက်လာခဲ့ရင်း
yi fanနောက်ကို ပြေးလိုက်သွားမိ
သည် ။
လွယ်အိတ်ကို ပုခုံးတစ်ဖက်တွင်သာ
လွယ်လျက် ဘောင်းဘီအိတ်ထဲလက်
တစ်ဖက်နှိုက်ကာဖြင့် တရွေ့ရွေ့သွားနေ
သော yi fanရဲ့ ကျောပြင်ကျယ်...
ကျွန်တော် သူ့ဘေးနားထိပြေးသွားမိ
သည် ။
"yi fan!!"
ကျွန်တော့်ခေါ်သံကြောင့် လမ်းလျှောက်
နေရာမှ ရပ်လျက် သူ့ကျွန်တော့်ကို စောင်းငဲ့ကြည့်လာသည် ။
"ကားက ဟိုဘက်မှာလေ!!"
ဦးကိုယ်တိုင် ကျွန်တော့်အတွက်ဟု ရည်
ရွယ်ပေးထားသည့် သူကျောင်းသွားတိုင်း တူတူစီးနေကြ ခဲရောင်Santa Feလေး
အား လက်ညှိုးထိုးပြတော့...
"ခင်ဗျားနဲ့ သွားမယ်ဘယ်သူပြောလဲ??"
"ဟမ်!! ဦးကလိုက်ပို့ခိုင်းထားတယ်
လေ"
တင်းခနဲဖြစ်သွားသော သူ့မျက်နှာ... ထို့
နောက် ကျွန်တော့်ဆီမှ အကြည့်လွှဲကာ
လွယ်အိတ်ကို အနက်ရောင်ပြိုင်ကား
လေးထဲ ပစ်ထည့်လိုက်ရင်း သူပြောလာ
သည် ။
"နောက်တစ်ခါ ခင်ဗျားလိုက်ပို့စရာမလို
ဘူး... လာလည်းမကြိုနဲ့"
ပြိုင်ကားထဲဝင်ထိုင်ကာ အနက်ရောင်
policeတံဆိပ် နေကာမျက်မှန်ကို
တပ်ရင်း ကျွန်တော့်ကို စောင်းငဲ့ကြည့်
လာသည် ။
"တာဝန်အရဆိုရင် လုပ်မပေးလည်း
ဖြစ်တယ်"
ဝေါကနဲမောင်းထွက်သွားသော ကား
လေးကို ကျွန်တော်ကြောင်အစွာ ငေး
ကြည့်ရင်း ကျန်ခဲ့သည် ။
~
~
~
09:00 P.M
(April 12, 2017- Wed)
#တဖြေးဖြေးနဲ့ ဇာတ်ကချာပြီး လည်
လာပြီ... ဘာပဲဖြစ်ဖြစ်ဇာတ်သိမ်းထိရေး
မှာမို့လို့ readerလေးတွေ သည်းခံပြီး
ဖတ်ပေးကြနော် XD
💗HAPPY SEHUNNIE DAY 💗
Oh sebuကြီး ခင်ဗျားရဲ့ xiao lu
လေးနဲ့ မြန်မြန်dateနိုင်ပါစေကွာ