" ~~The One~~ I Love "《✔Compl...
By Baekyeolliehyun04
133K 9.9K 605
Kris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် cha... More
1-ကျွန်တော်ချစ်တဲ့~~သူ~~
2-ကျွန်တော်ချစ်တဲ့~~သူ~~
3-ကျွန်တော်ချစ်တဲ့~~သူ~~
4-ကျွန်တော်ချစ်တဲ့~~သူ~~
5-ကျွန်တော်ချစ်တဲ့~~သူ~~
6-ကျွန်တော်ချစ်တဲ့~~သူ~~
7-ကျွန်တော်ချစ်တဲ့~~သူ~~
8-ကျွန်တော်ချစ်တဲ့~~သူ~~
9-ကျွန်တော်ချစ်တဲ့~~သူ~~
11-ကျွန်တော်ချစ်တဲ့~~သူ~~
12-ကျွန်တော်ချစ်တဲ့~~သူ~~
13-ကျွန်တော်ချစ်တဲ့~~သူ~~
14-ကျွန်တော်ချစ်တဲ့~~သူ~~
15-ကျွန်တော်ချစ်တဲ့~~သူ~~
16-ကျွန်တော်ချစ်တဲ့~~သူ~~
17-ကျွန်တော်ချစ်တဲ့~~သူ~~
18-ကျွန်တော်ချစ်တဲ့~~သူ~~
19-ကျွန်တော်ချစ်တဲ့~~သူ~~
20-ကျွန်တော်ချစ်တဲ့~~သူ~~
21-ကျွန်တော်ချစ်တဲ့~~သူ~~
22-ကျွန်တော်ချစ်တဲ့~~သူ~~
Update
23-ကျွန်တော်ချစ်တဲ့~~သူ~~
24-ကျွန်တော်ချစ်တဲ့~~သူ~~
25-ကျွန်တော်ချစ်တဲ့~~သူ~~
26-ကျွန်တော်ချစ်တဲ့~~သူ~~
27-ကျွန်တော်ချစ်တဲ့~~သူ~~
28-ကျွန်တော်ချစ်တဲ့~~သူ~~
29-ကျွန်တော်ချစ်တဲ့~~သူ~~
30-ကျွန်တော်ချစ်တဲ့~~သူ~~
31-ကျွန်တော်ချစ်တဲ့~~သူ~~
32-ကျွန်တော်ချစ်တဲ့~~သူ~~
Krisyeol
အချေOh Sehunအားချစ်မိခြင်း
So I Married An Anti-fan
10-ကျွန်​​တော်​ချစ်​တဲ့~~သူ~~
3.6K 326 14
By Baekyeolliehyun04
သူထားခဲ့သည်အတိုင်းလေး ရပ်နေရာမှ
ကျွန်တော်ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်
ထိုင်ချပြီး တအင့်အင့် ရှိုက်ငိုနေမိသည် ။
ဘာတွေ ဝမ်းနည်းနေတာလဲ park chan yeolရယ်?? ပြဿနာတွေ ရှင်း
သွားပြီလေ… မင်းပျော်နေရမှာလေကွာ…
ဒါပေမယ့် ဘာကြောင့်မှန်းမသိ ရင်ဘတ်
ထဲက တဆစ်ဆစ်နဲ့ နာကျင်နေတယ် ။
နှလုံးသားတည်ရှိရာ ဘယ်ဘက်ရင်အုံ
ကို နာကျင်မှုများပြေလိုပြေငှား လက်သီး ဆုပ်ကလေးဖြင့် ထုရိုက်ကာ အသံတိတ်
ငိုကြွေးနေမိသည် ။
ကျွန်တော်ဘာလို့ ဒီလောက်နာကျင်နေ
ရသည်လဲ???
dok dok~~
"သား chan yeol!! သား!!"
အခန်းအပြင်ဘက်မှ မေမေ့အသံကြောင့်
မျက်ရည်တို့ကို ပင့်သက်ရှိုက်ကာ ထိန်း
လိုက်မိသည် ။
"ဟုတ်မေမေ!!"
"fan fanလေး စိတ်ဆိုးပြီးအပြင်ထွက်
သွားတယ်!! သားတို့ရန်ဖြစ်ထားတာ
လား?? အဆင်ပြေရဲ့လားသား"
ပူပန်သောအမေးစကားလေးနှင့် အတူ
'ကလစ်' ဟူသော တံခါးပွင့်သံလေး ထွက်
ပေါ်လာတာကြောင့် သူထိုင်နေရာမှ အ
မြန်ထကာ တံခါးလက်ကိုင်ဘုကို ဖိထား
လိုက်သည် ။
ကျွန်တော် yi fanအခန်းထဲက ခုထိမ
ထွက်ရသေးသည့် အပြင် ကြမ်းပြင်ပေါ်
မှောက်ကျနေတဲ့ ဆန်ပြုတ်အစအနတွေ
ပြန့်ကြဲနေသည့် ဖန်ကွဲစတွေ…
ဒါ့အပြင် ရုပ်ပျက်ဆင်းပျက်ငိုယိုထား
သည့် ကျွန်တော့်မျက်နှာကို မြင်ရင်ဖြင့်
မေမေ ကျွန်တော်နှင့် yi fan ပတ်သတ်မှု
ကို သံသယဝင်သွားနိုင်သည် ။
"ဟုတ်မေမေ!! သားအဆင်ပြေတယ်!!
မေမေသား အခန်းပြင်ထွက်လာခဲ့မယ်
နော်!! ညီ့ အခန်းထဲမှာ စာအုပ်ရှာနေလို့"
ယုံမလား?? မယုံဘူးလားတော့ မသိပေ
မယ့် ပါးစပ်ထဲပေါ်ရာ စကားဖြင့် လိမ်
လိုက်မိသည် ။
"aww imm imm" ဆိုသည့် သိပ်မယုံ
ချင်ရှာသော အဖြေစကားတစ်ခုနှင့် အခန်းဝမှ တဖြေးဖြေးဝေးသွားသော ခြေ
သံလေးကို ကြားမှ သက်ပြင်းအသာချ
လိုက်မိသည် ။
ကြမ်းပြင်ပေါ် ပြန့်ကြဲနေသည့် ဆန်ပြုတ်
တွေ ဖန်ကွဲစတွေကို ခပ်မြန်မြန်ရှင်းနေ
ရင်း မြင်လိုက်ရသည့်က လက်ဖမိုးမှ ဒဏ်
ရာ…
"wu yi fan အစုတ်ပလုတ်လေး… ပြော
တော့ချစ်တယ်ဆိုပြီး ငါ့ကိုနာကျင်မှုတွေပဲ
ပေးနေတယ်"
ကိုယ့်စကားကို သဘောတကျရယ်လိုက်
ပြီး တံခါးကို lockချရင်း အခန်းအပြင်
ထွက်လိုက်သည် ။
yi fanက သူ့အခန်းကို တခြားသူတွေဝင်
တာမကြိုက်… အမြဲပိတ်ထားနေကြမို့
lockချလိုက်ခြင်းသာ…
အခန်းထဲမှာ ဘာစိတ်ဝင်စားစရာမှ မရှိဘဲ
သူဘာလို့ တံခါးအမြဲ ပိတ်ထားပါလိမ့်???
park chan yeolရယ်!! ပြောတော့ဖြင့်
wu yi fan အကြောင်းဆို စိတ်မဝင်စား
ဘူး!! ဘာပဲဖြစ်နေနေ ဂရုမစိုက်ဘူးဆို
ပြီး…
~~~~~
ထိုနေ့က တစ်ကိုယ်လုံးကိုက်ခဲနေတဲ့ ဒဏ်ကြောင့်ရော ငိုထားတဲ့အရှိန်နဲ့ပါ
ကျွန်တော်တစ်နေကုန် အိပ်ပျော်သွားခဲ့
တယ် ။ အိပ်ရာကနိုးလာတော့ ညနေ
စောင်းနေပြီ ။
အောက်ထပ်ဆင်းလိုက်တော့ မီးဖိုထဲမှာ
ထမင်းပွဲပြင်နေတဲ့ မေမေ… arjimaနဲ့
အိမ်အကူကောင်မလေးနှစ်ယောက်…
"aww!! သားနိုးလာပြီလား?? ညစာစား
ဖို့ မေမေလာနှိုးတော့မလို့ပဲ"
ဦးကလည်း companyက ပြန်ရောက်
လာပြီဖြစ်တာကြောင့် မိသားစုသုံး
ယောက် ညစာတူတူစားဖြစ်ကြသည် ။
10:00 o'clock…
တိုင်ကပ်နာရီကြီးဆီမှ အချက်ပေးသံ
ဆယ်ချက်ထွက်လာသည့် တိုင်အောင်
yi fan ပြန်မရောက်သေးတာကြောင့်
ကျွန်တော့်မှာ ဖင်တကြွကြွနှင့် ထိုင်မရထ
မရ ဖြစ်နေရသည် ။
နာရီကို လှမ်းကြည့်လိုက် အိမ်ရှေ့ခြံတံခါး
ဝကိုကြည့်လိုက် လုပ်နေသောကြောင့်
ကြာလာတော့ dramaကြည့်နေသည့် မေမေမျက်စိနောက်လာသည် ထင်ရဲ့…
"သားငြိမ်ငြိမ်နေစမ်း!! ဘာဖြစ်နေတာလဲ
??"
"ဘာမှမဟုတ်ပါဘူး"
ကျွန်တော် ပြန်ငြိမ်နေလိုက်ရင်း ဦးသင်ပြ
ပေးနေသော companyအလုပ်တွင်သာ
အာရုံစိုက်ထားလိုက်သည် ။ မျက်လုံးက
တော့ တစ်ချက်တစ်ချက် ခြံဝဆီ ရောက်
သွားဆဲ…
tong!!
tong!!
tong!!!
တိုက်ကပ်နာရီကြီးဆီမှ အချက်ပေးသံ
ဆယ့်တစ်ကြိမ်ထွက်လာစဉ်မှာတော့ စာ
ရွက်စာတမ်းတွေနှင့် အလုပ်ရှုပ်နေသည့်
ဦးလည်း yi fanကို စိတ်ပူစ ပြုလာလေ
ပြီ ။
ကျွန်တော်လည်း Phဆက်ကြည့်သည် ။
လက်ထဲက phပူလာသည့်တိုင် တစ်ဖက်
က ပြန်ဖြေမည့်သူမှာကင်းမဲ့ဆဲ…
"ဘယ်ကကလေးတွေလဲကွာ?? ဒီအချိန်
လူအိပ်ချိန်ဆိုတာ နားမလည်ဘူးလား??"
လမ်းမထက်ဆီမှ ဟေးကနဲ wah!!ကနဲ
အသံစူးစူးတွေကြောင့် ဦးက စိတ်ရှုပ်စွာ
မြည်တွန်တောက်တီးလေသည် ။
အမိုးဖွင့်ကားအမဲရောင်လေးဟာ ခြံရှေ့
မှာ အရှိန်ပြင်းပြင်း engineသတ်သံ ကျယ်လောင်စွာဖြင့် ရပ်တန့်သွားပြီး
နောက် ကားထဲမှာ ယိုင်တိုင်တိုင်မတ်တပ်
ရပ်နေသည့်ကောင်လေးကို သူ့ဘေးမှာ
သူ့ကို ထိန်းကိုင်ထားသည့်ကောင်လေး
ဟာ အတင်းဆွဲခေါ်နေလေရဲ့…
သူတို့နှစ်ယောက်ဦးတည်ရာက ကျွန်
တော်တို့ခြံထဲကို…
ခြံထဲမှာထွန်းထားသည် နှင်းခွဲမီးတိုင်များ
အောက်မှာ မြင်နေရသည့် ကောင်လေး၏
ပုံရိပ်ဟာ ကျွန်တော်နှင့် အတော်ကို ရင်း
နှီးနေသလို…
"wu yi fan??"
အိမ်တံခါးဝမှာ ရပ်နေသည့် ကျွန်တော့်
နားရောက်လာတော့မှ ထိုကောင်လေး
နှစ်ယောက်၏ ပုံရိပ်က ပိုထင်ရှားလာလေ
သည် ။
အတော်ကိုပင် အမူးလွန်ကာ ခြေလှမ်း
တောင်အနိုင်နိုင် လှမ်းနေရသည့်ကောင်
လေးဟာ ကျွန်တော်ရဲ့ wu yi fanတဲ့
လား??
အိမ်ကထွက်သွားတုန်းက designနှင့်
မတူဘဲ ကျွန်တော်သူ့ကို စတွေ့ခဲ့သည့်
ကပိုကယို ပုံစံလေးဖြင့်… လက်မှာလည်း
accessoriesပေါင်းစုံ ဘောင်းဘီအမဲနှင့်
အကျီအမဲကလည်း အပြဲတွေနှင့် တော်
တော်ကိုဗရုတ်သုတ်ခပုံစံရယ်ပါ…
သူ့ကိုကူတွဲပေးထားသည့် ကောင်းလေး
ကတော့ သိပ်မူးသည့်ပုံမပေါ်… ကျွန်
တော်သူ့ကိုလည်း ကျောင်းရှေ့မှာတစ်ခါ
မြင်ဖူးပါရဲ့… yi fanရဲ့ သူငယ်ချင်း se
hunဆိုလား???
"hyung ကျွန်တော်သူ့ကို အပ်တယ်
နော်… သေချာလေးထိန်းပေးပါဦး!!"
သူ့ပုခုံးပေါ်တင်ထားသည့် yi fanလက်
ကို ကျွန်တော့်ပုခုံးပေါ်လွှဲပေးရင်း ပြော
လာတော့ ကျွန်တော်ခေါင်းငြိမ့်ကာ ပြုံးပြ
မိသည် ။
"ဟေ့ကောင် oh se!! လာလေကွာ!! ငါ
တို့လည်း ပြန်ရဦးမယ်ကွ!!"
ခြံရှေ့ က ကားခေါင်းခန်းမှာထိုင်နေသည့်
ကောင်လေးက လှမ်းအော်လေသည် ။
ဒီလောက်အဝေးကြီးတောင် သူ့အသံကို
အကျယ်ကြီးကြားရတာမို့ ဒီကောင်လေး
ဟာ အသံပါဝါတော်တော်ကောင်းမည်
ထင်၏ ။
"အေး လာပြီဟ!!"
se hunက သူ့သူငယ်ချင်းတွေကို လှမ်း
အော်ပြီးနောက်
"yi fanတစ်ချိန်လုံး hyungနာမည်ပဲ
ခေါ်နေတာ!! သောက်နေရင်းလည်း မူး
မူးနဲ့ အော်ငိုသေးတယ်!! ဘာဖြစ်တယ်
တော့မသိပေမယ့် သူ့ကိုဂရုစိုက်ပေးပါ
နော်!!!"
"ကောင်းပါပြီ!!"
ထို့နောက် se hunက ကျွန်တော့်ကို ပြုံး
ပြကာ ကားဆီပြန်ပြေးသွားလေသည် ။
~~~~~
ကျွန်တော် ပုခုံးပေါ်က yi fanလက်ကို
ခပ်တင်းတင်း ဆုပ်ကိုင်ရင်း အိမ်ထဲဝင်
မည်ပြုတော့ ကျွန်တော့်လက်ကို သူဖြုတ်
ချလာသည် ။
သူ့လက်ကို အသာပြန်ကိုင်ပြီး တွဲရန်ဟန်
ပြင်တော့ အတင်းဆောင့်ရုန်းသည် ။
"ငါ့ဟာငါ သွားနိုင်တယ်!!"
"wu yi fan အိမ်ပြန်ရောက်ပါပြီ ခင်ဗျ"
ကြမ်းပြင်ပေါ်ငုတ်တုတ်ထိုင်ချကာ ဖိနပ် ကို အတင်းဆွဲချွတ်နေရင်းက ဧည့်ခန်းမှာ ရှိနေသည့် ဦးနှင့် မေမေ့ဆီ အသံကျယ်
ကြီးနှင့် လှမ်းအော်လေသည် ။
"wu yi fan!! မင်းဒီအရည်တွေ သောက်
လာပြန်ပြီလား??"
ဦးရဲ့ ဒေါသတကြီးအော်သံအဆုံး သူ့ကို
ဆွဲထူနေသည့် ကျွန်တော့်လက်ကို ပုတ်
ထုတ်ကာ အတင်းကုန်းရုန်းထပြန်သည် ။
"သောက်လာတယ် pa pa!! ကျွန်တော်
စိတ်ညစ်လွန်းလို့ ဒီအရည်တွေကို နည်း
နည်းလေးသောက်လာခဲ့တယ်!!"
ဦးရှေ့ ယိုင်တိုင်တိုင်ရပ်ရင်း လက်မနှင့်
လက်ညှိုးကိုကွေးကာ မျက်လုံးတွေပါ မှေးစင်းလျက်ပြောနေသည့် yi fanဟာ
တော်တော်မူးနေပုံပေါက်တာမို့ ကျွန်
တော်အသာ ဝင်ထိန်းမိသည် ။
"ဦး ကျွန်တော်သူ့ကို အပေါ်ခေါ်သွား
လိုက်မယ်နော်!!"
"ဖယ်စမ်း park chan yeol!! ငါ့အသား
ကို လာမထိနဲ့"
ကျွန်တော့်ကို ဆောင့်တွန်းရင်းအော်လိုက်
ပြန်တာမို့ ဦးကတော်တော်စိတ်တိုသွား
ပုံရသည် ။
"wu yi fan!! မင်းရိုင်းလှချည်လား??
အကိုကို ဘယ်လိုဆက်ဆံနေတာလဲ??
ဒီလိုရိုင်းစိုင်းနေဖို့ မင်းကိုငါသင်ပေးခဲ့မိ
လား??"
ဦးက စိတ်တိုတိုနှင့် yi fanကို ရိုက်မည်
ပြင်နေတာကြောင့် မေမေက ဦးကိုထိန်း
ရလေသည် ။
"စိတ်မဆိုးပါနဲ့ ကိုရယ်!! ကလေးလည်း
စိတ်ညစ်စရာရှိလို့နေမှာပါ!! မနက်ကျမှ
နားဝင်အောင်ပြောပြလေနော်!!"
"တောက်!! wu yi fanမင်းကွာ!!"
"chan yeolသား fan fanကို အပေါ်
ခေါ်သွားလိုက်တော့!!"
"ဟုတ်မေမေ!!"
မေမေ့စကားကြောင့် ကျွန်တော်လည်း yi fanကို တွဲကာ အပေါ်တက်ဖို့ပြင်မိသည်။
"မထိနဲ့လို့ပြောနေတယ်လေ!!"
ကျွန်တော့်ကို တွန်းထုတ်ပြန်သည် ။ ကျွန်
တော်လည်း ဘာအမှားမှမလုပ်ပါပဲနှင့်…
wu yi fanဘာဖြစ်နေပြန်သည်လဲ??
"ပြောတော့ ဂရုမစိုက်ဘူးဆို!! ငါဘာဖြစ်
ဖြစ် မစိုးရိမ်ဘူးဆို ဘာလို့လာတွဲနေပြန်
တာလဲ?? ငါ့ကို ကစားနေတာလားဟမ်!!
ဖြေလေ park chan yeol!!"
ကျွန်တော့်ပုခုံးကို ဆွဲလှုပ်ရမ်းကာ ဒေါသ
တကြီးသူအော်တော့ သူ့ကို အထိမခံရ သည့်အကြောင်းအရင်းကို သဘော
ပေါက်လာသည် ။
ဦးနှင့်မေမေ့ကို ကြည့်မိတော့ ကျွန်တော်
တို့နှစ်ယောက်ကို အံအားသင့်စွာကြည့်
နေကြသည် ။
ငါဘယ်လိုဖြေရှင်းရပါ့မလဲ yi fanရယ်?
"မဖြေနိုင်ဘူးမလား?? hk ငါသိနေပါ
တယ် ဒီလိုပဲပါးစပ်ပိတ်နေမယ်ဆိုတာ"
"ငါ့ကိုလာမထိနဲ့!!"
လာကူတွဲသည့် အိမ်အကူကောင်မလေး
ကိုလည်း အော်လွှတ်ကာ လှေကားပေါ်
ယိုင်တိယိုင်ထိုးနှင့်တက်သွားလေသည် ။
တံခါးဆောင့်ပိတ်သံ ဒုန်းကနဲကြားရပြီး
နောက် ဦးနှင့်မေမေ့ကို ကျွန်တော်လှမ်း
ကြည့်မိတော့ ကျွန်တော့်ကို ကြောင်အ
စွာကြည့်နေကြတုန်း!!
ကျွန်တော်စိတ်ညစ်ညူးစွာ သက်ပြင်းကို
သာ တွင်တွင်ချလိုက်မိရဲ့…
~
~
~
11:30 P.M
                       (april 10, 2017- Mon)
#updateနောက်ကျသွားတာ တောင်း
ပန်ပါတယ်… ဇာတ်လမ်းကတော့ အရစ်
ရှည်နေတုန်းပဲရယ်… ခုထိဘာမှမဘာရ
သေးဘူးရယ်
#RyunSuuKrisYeol dateပေးလိုက်
ပြီနော်… message boardမှာ rpပြန်
လို့မရလို့ပါ
Continue Reading
You'll Also Like
44.3K 5.4K 36
1.5M 63K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
241K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...