Written by: Kim Tae_Nun
_______________________________
ကျောင်းဖွင့်တဲ့ ရက်တွေက ငရဲကျသလို။
သကောင့်သား မျက်နှာကို မြင်ရသည်က
အရှင်လတ်လတ် မီးရှ်ို့ခံရသည့်အလား။
ခြေလှမ်းများက တက်ကြွနေသော်လည်း
စိတ်ထဲမှာ ခဲဆွဲထားရသည်လားမသိ။
ကျောင်းစဖွင့်ရက်မှာ အရာရာက အဆင်ပြေလောက်ပါသည်ဟု ထင်မိသည်။
ဒီအတွေးက သက်သက်စင်အောင် လွဲပါရောလား။
"Hello!!! Kim Tae Hyung"
ကျောင်းထဲဝင်ဝင်ချင်း နှုတ်ဆက်သံက
ထို ငှက်ဆိုးကောင်အသံ။
ကြည့်မရသည်မှာလည်း သူ့အပြင်မရှိ။
ထိုအကောင် ရုပ်က မျက်နှာမြင်ရိုက်ချင်ပါစေ
ဟူသော ဆုနှင့် မတောင်းဘဲပြည့်သည်။
ဒါကို မျက်စိမမြင်တဲ့ ကောင်မလေးတွေက
သဲသဲလှုပ် ကြွေကြခိုက်ကြ တယ်တဲ့။
အရပ်ကမိုးထိုး သွားကကြီးကြီး နှာခေါင်းပွပွ
ထိုသို့သော သရုပ်ပျက် မျက်ခွက်ကို
ဘယ်နားကြည့်ကြိုက်လဲ မသိ။
"အလို!!!လန့်တာ မသာကောင်ရယ် အဲ့အသံဆိုးကြီးနဲ့ အော်ရလား"
ပျစ်ပျစ်နှစ်နှစ် ပြောဆိုပြီး တကာလ
ယုန်ပေါက် ထံမှ အဆဲသံစဉ်များ ထွက်လာတော့သည်။
"သေလေ......မင်းသာ မနာလိုနေတာ
ငါ့အသံက ကြားတဲ့သူတိုင်း စွဲသွားတာ....အဟက်"
ငှက်ဆိုးချိုချဉ်စားပြီး ချွဲကျပ် နေတဲ့အသံကို
သာယာလှပါပြီတဲ့။ ရယ်ရင်တောင် မကုန်နိုင်။
"ဟား...ဟား..ဘာ ကြားတဲ့သူတိုင်း စွဲသွားမှာ
အဲ့မှာ သတ်သေလိုက် အကောင်ရ"
လျှာတန်းလန်းထုတ်ပြီး မျက်နှာပြောင်ပြနေသော သူ့မျက်နှာကြီးကို ပစ်ထိုးလိုက်ချင်သည်။
ကျောင်းစတက်တဲ့နေ့မို့ ပြသနာမဖြစ်ချင်၍
အေးဆေးသာ နေလိုက်သည်။
နောက်နေ့များဆိုရင်တော့.......😏။
မျက်နှာတစ်ချက်တောင် လှည့်မကြည့်ဘဲ
အတန်းဘက်သို့သာ လာခဲ့လိုက်သည်။
အနောက်မှာ ဖြစ်ချင်သလိုဖြစ်နေပါလေ့စေ။
အတန်းထဲဝင်မယ်လုပ်တော့ အပွကောင်က
ဘေးနားမှာ ယှဉ်ရပ်ပြီး ကျွန်တော့်ပုခုံးကို
ကြည့်ကာ မဲ့ရွဲ့လို့။ ဘီလူးသံပုရာသီးစုပ်တဲ့ရုပ်။
သူ့ ရုံးပတေသီးလက်နဲ့ ပုခုံးချင်းယှဉ်ပြီး....
"အရပ်ကလဲ ပုတာကွာ ဟက်..ဟက်"
ခနဲ့တဲ့တဲ့ ပြောပြီး အတန်းထဲ အရင်ဝင်သွားသည်။
သူ့ အနောက်က လိုက်ဝင်တော့ အတန်းထဲက
ကောင်မလေးများ ဝရုန်းသုံးကားဖြစ်ကာ
ကုလားတိုက် ကျားဝင်ကိုက်သလို။
"Wow!!!!Oppa....ကြွေပြီ....နတ်သားလေး ကျနေတာပဲ ချောလိုက်တာ"
ဒီလောက်အော်နေကြတော့ လူတောင်
ရှက်ကိုးရှက်ကန်းတွေ ဖြစ်လာသလိုလို။
အရှေ့က အရှည်ကောင်ကတော
စပ်ဖြီးဖြီးရုပ်ကြီးနဲ့ သာယာနေတယ်လေ။
ရိုက်သတ်ချင်စရာ ရုပ်ကြီးနဲ့လေ။
ကျွန်တော်အိပ်ဖို့ရာ ချောင်ကျကျနေရာ
နောက်ဆုံးခုံ။ ကျေနပ်စွာပြုံးလိုက်ရင်း ထိုနေရာဆီ။
"No no Kim Tae Hyung!!"
ဟိုကောင် ကျွန်တော်ဘက်လှည့်ကြည့်ပြီး
ထိုခုံ ဆီသို့ တဖြည်းဖြည်း ဦးတည်သွားသည်။
မဖြစ်ဘူး သူအဲ့မှာ ထိုင်လို့မဖြစ်ဘူး။
ကျွန်တော် အိပ်ဖို့ဂွင် ပျောက်သွားမှဖြင့်။
သူကို ကျော်၍ နောက်ဆုံးခုံဆီသို့ ပြေးလေသည်။ ပြေးနေသော ခြေလှမ်းတို့က အရာမရောက်။ မရောက်ဆို အကောင်က လွယ်အိတ်ကို လှမ်းဆွဲထားသည်ကိုး။
ကျွန်တော့်ထက်အရပ်လည်းမြင့် အားလည်းကြီးလွန်းတဲ့ သူ့လက်ထဲမှာ ကျွန်တော်တစ်ယောက် မလှုပ်နိုင်မရှားနိုင်
ယက်ကန်ယက်ကန်နဲ့။
"လွှတ်စမ်း Jeon Jung Kook ငါ့ကို လွှတ်လို့"
"အော် လွှတ်စေချင်တာလား ဆုတောင်း
ဆုတောင်း"
ကျွန်တော့်ကို စောင့်တွန်းလိုက်တာများ
ဘေးနားက စားပွဲပေါ် မှောက်ရပ်ကြီး။
မျက်နှာနဲ့ စားပွဲလည်း မိတ်ဆက်သွားသည်။
မကျေနပ်ဘူး အဲ့အရှည်ကောင်ကို။
သူကတော့ ခုံပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့။
ရုပ်ကိုက ပြီတီတီနဲ့။ ကံကဒီလောက်ပဲ ဆိုးတာမဟုတ် ထိုင်စရာခုံက သူ့ရှေ့က တစ်ခုံပဲ ကျန်သတဲ့။ ဘယ်လောက်တောင် မကောင်းတဲ့ကံလဲနော်။ မတတ်နိုင် ခနနေမှ တခြားကျောင်းသားကို အကူအညီတောင်း၍ နေရာလဲလိုက်မည်။ ကျွန်တော့်နေရာဆီ သွားပြန်တော့ ခနဲ့တဲ့တဲ့ ပြုံးပြီး သူ့အရှေ့က ခုံကို မျက်စပစ်ပြသည်။ မုန်းလိုက်တာ....။
သူ့ကို မျက်နှာလွှဲ၍ ခုံမှာဝင်ထိုင်ပြီး လွယ်အိတ်ပေါ် မှောက်အိပ်နေလိုက်သည်။
"အာ!!ကျွတ်"
ကျွတ်တစ်ချက်စုတ်ပြီး အိပ်နေရာက ခေါင်းထောင်လာသည်။ မထောင်မဖြစ်ထောင်ရသည့်အကြောင်းက
အနောက်က ငလူးကောင်က ခုံကို ခြေတဆောင့်ဆောင့် ကန်နေသည်လေ။
တစ်ခါ သည်းခံတယ်။ နှစ်ခါ မပြောသေးဘူး။
သုံးခါ နောက်ဆုံးအကြိမ် ဂရုမစိုက်ခြင်း။
နောက်တစ်ခါ မင်းတော့သေပြီ အရှည်ကောင်။
"Jeon Jung Kook !!!"
ကျွန်တော့်အသံ သိပ်ကျယ်သွားလို့ ထင်ရ
တစ်တန်းလုံးရဲ့ အကြည့်က ကျွန်တော့်ဆီမှာ။
ဒါလည်း ဂရုမစိုက်နိုင်ပါ။ အိပ်နေတာကို နှောက်ယှက်တာလောက် စိတ်ဆိုးတာမရှိ။
"ဟင်...ဘာဖြစ်လို့လဲ Tae Hyung "
ကရုဏာရှင်အသံနှင့် ပြောနေသော ထိုကောင်က အားလုံးကြားမှာ စေတနာရှင်
မေတ္တာရှင်ကြီးပေါ့။ သင်း အကြောင်းဘယ်သူမှ
မသိဘူး။ ပုတ်လိုက်တဲ့စိတ် ဘူးသီးပုတ်တောင်
အရှုံးပေးရတယ်။
"ငါ့ခုံကို ဘာလို့ လိုက်ကန်နေတာလဲ"
"Arr...ကန်မိသွားတာလား sorry နော် ငါ့ခြေထောက်က ရှည်တယ်လေ..ဟင့်..ဟင့်
မင်းလို ဂျပု မှမဟုတ်တာ"
တစ်ခွန်းမကျန် လက်ပေါက်ကတ် ပြောတတ်သည့် သူ့အား ခုံနှင့်ကောက်ရိုက်ချင်မိ။
မျက်ခွက်ကိုက ရွံစရာကြီး။ သူနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေသော
ကောင်လေးအား အကူအညီ တောင်းရန်
ဆုံးဖြတ်လိုက်သည်။
"Jimin ငါ့ကို တစ်ခုလောက် ကူညီပါလား
နေရာလဲပေးလေ"
သူက ပြုံးပြပြီး ခေါင်းငြိမ့်ကာ သွားမည်အလုပ်
ပြန်ထိုင်သွားသည်။ ဘာလို့များလဲ? ကြည့်လိုက်တော့ အနောက်ခုံက
ဘီလူးသားက "လုပ်ရဲရင်လုပ်" ဟူသော
သဘောဖြင့် ကြည့်နေသည်။
ကျွန်တော် ကောင်လေးကို ပြန်ကြည့်တော့
သူက ကျွန်တော့်ကို ကြည့်လိုက် သူ့ကို ကြည့်လိုက်နှင့် ချာလပတ်ရမ်း နေသည်။
နောက်ဆုံးတော့ သူ ကျွန်တော့်ကို ခေါင်းခါပြသည်။ ကျွန်တော်လည်း မတတ်နိုင်သည့်အဆုံး ကိုယ့်နေရာကို ပြန်ထိုင်လိုက်သည်။အနောက်က ကောင်ကတော့ မသာပြုံးကြီးနဲ့။
သူ ကျွန်တော့်ကို ကြာကြာ မနှောက်ယှက်လိုက်ရ။
ဆရာ အတန်းထဲ ဝင်လာပြီလေ။
မဟုတ်ရင် သူနှင့်ကျွန်တော်ကြောင့် တတိယကမ္ဘာစစ် ဖြစ်နိုင်ဖွယ်ရှိသည်။
စောင့်နေအုံးပေါ့ မင်းအလှည့်ကျ မကူနိုင်
မကယ်နိုင် ဖြစ်အောင် လုပ်ပြအုံးမှာ
Jeon Jung Kook ဟက်......ဟက်..။
To be continued~~~~~~~~~~~~~~~~~
War လေးကြောင့် နောက်ကျသွားတာပါ
နှစ်ယောက်ပေါင်းရေးတယ် ဆိုတော့
အရေးအသားလဲ ညှ်ိထားရပါတယ်
Love you all ❤❤❤❤❤
*KimTae_Nun*
[7.April.2017]