Slave ( Z+U)
By fireflyskylight
78.8K 7.1K 756
ကျွန်တော်ဟာ ဟိုးအစ ထဲက သူ့ ခြေဖဝါးတော်အောက် ခစားခဲ့တဲ့ အချစ်ရဲ့ ကျေးကျွန် More
အပိုင်း ၂
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆ )
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အစ ( သို့ ) အဆုံး သတ်
အပိုင်း ၁
14.6K 809 27
By fireflyskylight
SLAVE
~~~~~~အပိုင်း ၁ ~~~~~~~~~
~~~~~~~~~~~××××××××~~~~~~~
Flashback
~ ဘာစားမလဲ ကြိုက်တာမှာ
~ ပျော်စရာ ရှိနေတာလား
Kyung Soo မေးမိတော့
Baek Hyun က ပြုံးကာ
~ သူဒီနေ့ ကျောင်းလာတယ်
    Kim Jongin
     Kim Jongin
T B C
SLAVE
    ကျွန်တော် ဟာ သူ့ ခြေဖဝါးတော်အောက် ခစားနေတဲ့ အချစ်ရဲ့ ကျေးကျွန်တစ်ယောက်
~~~~~~အပိုင်း ၁ ~~~~~~~~~
~ Kim Kyung Soo မင်း ငါ့ကို ဘယ်နေ့ ကွာရှင်းစာချုပ်မှာ လတ်မှတ်ထိုးပေး မှာလဲ
Kim စံအိမ်တော်ရဲ့ ကျယ်ပြန့် လှတဲ့ ခြံကြီးထဲက လှပလွန်းတဲ့ စံအိမ်တော်ကြီး ထဲ အိမ်ရဲ့ သခင်လေး ဖြစ်တဲ့ Kim Ĵongin ဆိုသူက သု့ ပေါင်ပေါ် မှာ တက်ထိုင်ကာ အီစီ ကလီ လုပ်နေတဲ့ ကောင်မလေး ရဲ့ ပါးပြင် တွေကိုလိမ်  ဆွဲရင်း မေးလိုက် ခြင်းပင်
အိမ်ကြီးထဲ အကျဉ်းတန် လှသော ထိုမြင်ကွင်းကို  မြင်ရမှာ စိုးသည့် အလား မျက်လုံး အစုံ ကို အောက်ချကာ ဝိုင်ပုလင်း ကို ဗန်းလှလှ လေးထဲ ထည့်ကာ ကိုင် လာသော ကောင်လေးကား ထို အသံ ကိုလည်း ကြားရော လက်တွေရော ဒူးတွေရော တုန်လာကာ မျက်ရည်တွေက ရစ်သီ လာရသည်
သူ့ရှေ့မှာပင် သူ မဟုတ်သည့် တခြား သူ တစ်ယောက်နဲ့ ကျီစား နေသည့် ထိုလူသားကား သူ သိပ်ချစ်ရသော သူ သိပ်မြတ်နိုး ရသော သူရဲ့ ယောကျာင်္း ပင်
အိမ်ရှေ့ခန်းမှာ  ထိုင်ကာ အချစ် တိုက်ပွဲ လုပ်နေကြသည့် ထို နှစ်ယောက်ကြောင့် Kyung Soo က ဝိုင်ထည့်ရင်း မျက်ရည် တွေ ကျလာ ရသည် သူ့ရှေ့က ကောင်လေး ကတော့ သူ မျက်ရည် ကျနေတာ ကို မြင်တော့ အကျေနပ်ကြီး ကျေနပ်ကာ  ပြုံးနေလေသည်
~ ဒါလုပ်ပြီးရင် ငါတို့ နေ့လည်စာစားဖို့ ပြင်ထားတော့
Kyung Soo ကို ပေးလိုက်သော အမိန့် သံကြောင့် Kyung Soo ခေါင်းအသာ ငြိမ့်ကာ သူ လုပ်လက်စ အလုပ် ကို လက်စ သတ်လိုက်သည်
တကယ်တော့ Kyung Soo ဆိုသူက အိမ်ရဲ့ ကျေးကျွန်လည်း မဟုတ်သလို အခိုင်း အစေ လည်း မဟုတ် ဘာဆို ဘာမှ မချမ်းသာပေမယ့် အရင်က  စိ၀်ချမ်းသာ ခဲ့ရသည့်  သူက အေးဆေးသည့် မိဘ နှစ်ပါး မှ မွေးဖွား လာသူပင် ဘ၀ ကို ရိုးရှင်းစွာ ဖြတ်သန်း ရင်း ပညာ ကို ကြိုးစား ကာ သင်ယူ ခဲ့သောကြောင့် သူက တခြား နေရာ မှာ မာန်မာ န မထားနိုင်ပေမယ့် ပညာ အရာ မှာတော့ မာန ထားနိုင်ခဲ့သည် သူ့ ကြိုးစား မှု့ကြောင့် စာမေးပွဲတွေမှာ ထူးချွန်စွာ အောင်ခဲ့သည့် သူက တကယ့် ကို ကိုရီးယားရဲ့ ထိပ်တန်း တက္ကသိုလ် ဖြစ်တဲ့ ဆေးကျောင်းမှာ တက်ရင်း ဆရာ ၀န်ဖြစ်ဖို့ ကြိုးစား နေခဲ့တာပင်
ဒါပေမယ့် ထူးဆန်း လွန်း သည့် ကံကြမ္မာကြောင့် သူ ဆေးကျောင်း ဒုတိယနှစ် တက်နေတုန်း မှာပင် သူ့ဘဝကြီး ဇောက်ထိုး တွေ ဖြစ်ကာ Kim Jongin ဆိုသူ နဲ့ စတင် တွေ့ ဆုံ ခဲ့ရလေခြင်း
~~~~~~~~~~~××××××××~~~~~~~
Flashback
~ Kyung Soo ရာ လာစမ်း ပါကွာ စာအုပ်ကြီး ခန ပိတ်ထားပြီး Canteen လိုက်ခဲ့
သူ့ သူငယ်ချင်း Baek Hyun က စာလုပ်နေသည့် သူကို အတင်း ဆွဲခေါ်နေတာကြောင့် သူ ခေါင်းကို အသာ ယမ်းမိသည် Baek Hyun တို့လို သူက မချမ်း သာတာကြောင့် သူတို့လို ပေါ့ပေါ ပါးပါး မနေနိုင်ဘဲ နောက်နှစ်လည်း Scholar ရဖို့ အတွက် စာကြိုးစား နေရ တာကို Baek Hyun က အတင်း လာခေါ်ခြင်းပင်
~ Kyung Soo ရ မင်း မလိုက်ရင် ငါ တကယ် စိတ်ဆိုး မှာနော်
သူ့လို လူ တစ်ယာက်ကို အရေး လုပ်ကာ လာပေါင်းနေသည့် ရှားရှား ပါးပါး သူငယ်ချင်း လေးကြောင့် Kyung Soo စာအုပ်ကို ပိတ်ကာ သူဆွဲခေါ်ရာ Canteen ကို ရောက်လာ ခဲ့ရသည်
Baek Hyun အတင်းခေါ်မှ လိုက်တတ်သည့် သူက Canteen ဆိုသည့် နေရာ ကို ၅ခါ လောက်ဘဲ ရောက်ဖူး တာပင်
~ ဘာစားမလဲ ကြိုက်တာမှာ
သူ့လက်ထဲ Menu ကြီး ထိုးကာ ပေးသည့် Baek Hyun ကြည့်ရတာ တစ်ခုခု ကြောင့် သိပ်ပျော် နေပုံပင် Menu ကို ကြည့်ရင်း
~ ပျော်စရာ ရှိနေတာလား
Kyung Soo မေးမိတော့
Baek Hyun က ပြုံးကာ
~ သူဒီနေ့ ကျောင်းလာတယ်
Baek Hyun ဘာပြောသည်ကို သေချာ မသိသည့် သူ အပြုံး တစ်ချက် နဲ့ပင် ခေါင်းငြိမ့် လိုက်သည်
Kyung Soo တို့ နှစ်ယောက် စားစရာ တွေ စောင့် နေတုန်း မကြာမီ အချိန်မှာ သူ့ဘ၀ ကို မုန်တိုင်း ထန်စေတဲ့ သူ  သူ့ကို အချစ်တွေနဲ့ ရူးအောင် လုပ်သွားတဲ့သူ Kyung Soo ဘဝထဲကို စတင်ကာ ဝင်ရောက် လာခဲ့သည်
~ Kyung Soo ဟို တစ်ယောက် တွေ့လား သူက First Year က မင်းကြာဖူး မှာပါ သူက Kim Family ရဲ့ တစ်ဉီး တည်းသောသားလေ
Kim Family ဆိုတဲ့ စကား ကြောင့် အစက စိတ်မဝင် စားတဲ့ သူ အသာ လေး မော့ ကြည့် မိသည်  Baek Hyun ညွှန်ပြသည့် ကောင်လေး ကား အသား က ညိုတိုတို မျက်နှာက တစ်လော ကလုံး သူ့လုပ်စာ ထိုင်စား နေသည့် အလား ဆူပုတ်ပုတ် ပင် ဒါပေမယ့် သူ တစ်ချက် မျက်ဝန်းတွေ ဆီ အကြည့် ရောက်သွား ချိန်မှာတော့ သူ ရူးသွား သလားပင် မျက်လုံး တွေကလည်း ညှို့ချက် ပြင်းလွန်းကာ နှုတ်ခမ်း  အစုံက မြင်သူ တကာ ရူးစေ လောက်တဲ့ ပုံစံကို ပိုင်ဆိုင် ထားသူ ဆံပင်တွေကို အလယ် ခွဲကာ ရွှေရောင် ဆိုးထား သည့် သူက နှုတ်ခမ်း မှာ ပီကေ ကို ဖြောက်ဖြောက် ဝါးရင်း သူ့ ဘေးနားက မဒီပျိုလေး တစ်ယောက်ရဲ့ ခါးကို ဖက်ထားသည် ထိုကောင်မလေးရဲ့ ခါးပေါ် က သူ့လက်ကို မြင်တော့ သူဟာ မဆီမဆိုင် သဝန်တွေ တိုသည် အထိ သူဟာ သူ့ကို မြင်လိုက်ရုံ နဲ့ တင်ပင် ထိုကောင်လေး ရဲ့ ခြေဖဝါး အောက်မှာ ကျဆုံး သွား ရသည်
Kyung Soo က မသိမသာ  စိုက်ကြည့် နေ မိတော့ ဘေးက Baek Hyun က သူ့ နားနာ း ကပ်ကာ
~ သူ့ဘေးနားက ကောင်မလေး က ဒီနေ့ အတွက် သူ့ရဲ့ တတိ ယမြောက်
Baek Hyun စကားကြောင့် Kyung Soo မျက်လုံး တွေ ဝိုင်းစက် သွားရသည် သူ ကြည့် နေသည့် ကောင်လေးက သူနဲ့ မျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင် လိုက်တော့ သူ ပိုမိုကာ အံ့သြ သွားရသည ်
အစောနက သူနဲ့ ပါလာ တဲ့ ကောင်မလေး ကလည်း ရဲတင်း လွန်းစွာ လူပုံ အလည် မှာ ထိုကောင်လေး ရဲ့ နှုတ်ခမ်း တွေကို နမ်း နေတာ မြင်တော့ Kyung Soo သောက်လက်စ ကော်ဖီ ခွက်ကို ယောင်ယမ်းကာ အသံမြည်အောင် အထိ ချမိသည် အထိ သု့ စိတ်တွေ လွတ်သွားရသည် သူ့ လုပ်ရပ်ကြောင့်   တိတ်ဆိတ်နေတဲ့ Canteen ထဲ အကြည့် တွေက သူ့ ဆီ ရောက်လာ ကြသည်
အစောနက တိတ်ဆိတ် နေတာကနေ  သူချလိုက်တဲ့ ကော်ဖီ ခွက်ကြောင့် ရှေ့က အတွဲကို Feel ငုပ်စေသူ တရားခံက သူ ဖြစ်သွားရသည်
သူ့ လုပ်ရပ်ကြောင့် ကောင်မလေး က ကျစ်ခနဲ့ စုပ်တစ်ချက် သပ်ကာ သူ့ဆီကို လှမ်းလာရင်း စားပွဲပေါ်က ခပ်အေးအေး ရေခွက် နဲ့ သူ့ ခေါင်းပေါ် ကို ရေလောင်ချ လိုက်တဲ့  အချိန် သူဟာ တကယ် ကို ပထမဆုံး အကြိမ် သူနဲ့ ပတ်သတ်ပြီး အရှက်ကွဲ ခံခဲ့ ရသည်
~ နင့် ကြောင့် ငါ Feel ငုပ်သွားတယ် ကျစ်
ကောင်မလေး စကား ကြောင့် သူ ခေါင်းကို ငုံ့ထားမိသည် သူ့ မှာ ဖြေရှင်း စရာလည်း မရှိ သလို ဘာ ပြောရမလည်း ဆိုတာလည်း သူမသိ
~ Babe က Feel ငုပ်သွားတယ်လား
သူ ကြွေမိသွားသော ကောင်လေး က သူဘေးနား က ကောင်မလေး ကို ချစ်စနိုး နဲ့ ကြည့်ကာ ထိုစကား ကို ပြောလိုက်တော့ Kyung Soo ယောင်ယမ်းကာ မျက်နှာ လွှဲမိသည်
~ အင်း Oppa လည်း သူ Feel ငုပ်သွားအောင် လုပ်ပေးပါလား
ကောင်မလေး ရဲ့ စကား ကြောင့် သူဟာ တစ်ချက် ရယ်လိုက်သည် ပြီးတော့ ပြုံးရင်း
~ ကို က Best Kisser ဆိုတာ Babe သိတယ်ဟုတ် Babe အဲ့လို Feel ငုပ်သွားသလို သူပါ Feel ငုပ်အောင် ကို လုပ်လိုက်မယ် ဆိုရင်ရော
ထိုစကားတွေကြောင့်Kyung Soo အကြောင်သားရပ်နေမိသည် သူ ကြောင်ပြီးရပ်နေတော့ Baek Hyun က သူ့ လက်ကို ဆွဲကာ ထွက်ဖို့ ပြင်သည် ဒါပေမယ့် တစ်ချက်လေးမှာပင် ထို ကောင်လေး က ရုတ်တရက် သူ့ လက် ကို ဆွဲကာ သူ့ ခါး ကို ဖက်ရင်း သူ့ နှုတ်ခမ်း တွေကို သိမ်းပိုက်လိုက်ချိန်မှာတော့ သူဟာ တစ်လော ကလုံး ကို မေ့ကာ ကျဆုံး သွားရသည်
သူ ပေးတဲ့ အနမ်း တွေကို ကျေကျေ နပ်နပ်ကြီး ခံယူကာ လူကြားထဲ မရှက်ဘဲနမ်းနေနိုင်သည် အထိ သူဟာ အသိစိတ် မဲ့နေခဲ့သည် ထိုကောင်လေး က နမ်းတာ အားရတော့ သူ့ကို တွန်းလိုက်တဲ့  အချိန်မှာတော့ သူက တကယ် ကို အားမရနိုင် သေးပင် အတွန်း ခံလိုက်ရတာကြောင့် အရှိန်ပျက်သွားပေမယ့် သူဟာ ထိုကောင်လေး ရဲ့ နှုတ်ခမ်း တွေကို စိုက်ကြည့် မိနေတုန်း
~ အဟက် Feel ငုပ်သွားတယ် မလား
ကောင်လေး စကားကြောင့် သူဟာ အရုပ် လေး တစ်ရုပ် လို ခေါင်းငြိမ့် မိသည်
~ ထပ်ပြီး ကိုယ့် ဆီက အနမ်း ကို ခံချင်သေးတယ်လား
ဒီတစ်ခါလည်း သူဟာ ခေါင်းက်ု ထပ်ကာ ထပ်ကာ ခေါင်းငြိမ့်မိသည် သူ့ဘေးနားက Baek Hyun က အတင်း ဆွဲခေါ် တာကို သူက အာရုံ မရှိသည် အထိ ကောင်လေး ရှေ့မှာ ရပ်နေတုန်း
~ ကိုယ့် အနမ်း တွေကြား ကျဆုံး သွားပြီ ထင်တယ်
ကောင်လေးက ရယ်ရင်း ပြောတော့ Kyung Soo ရှက်စိတ်လေး စတင်ကာ ဝင်လာ သည်
~ Yaaaaa Do Kyung Soo မင်းရူးနေလား လာခဲ့
Baek Hyun က သူ့လက်ကို ဆွဲရင်း ဆွဲခေါ် တော့ သူ ပါလာသည်
~ ဟေ့ ကိုယ့်နာမည်က Kim Jong In
နောက်ကနေ လှမ်းအော် ပြောလိုက်တာ ကို Kyung Soo ကြားလိုက်တော့ Kyung Soo ပြုံးမိသည်
    Kim Jongin
     Kim Jongin
သေချာ ပါသည် သူ့ နှလုံးသား သည် အဲ့နေ့ က စပြီး ထိုကောင်လေးအား အပိုင်စား ပေးခဲ့ ပြီ ဆိုတာ
သူဟာလည်း အဲ့ နေ့က စပြီး ထိုကောင်လေး အတွက် ကစား စရာ လေး တစ်ခု ဖြစ်ခဲ့တယ် ဆိုတာ
T B C
တစ်မျိုးကြီး များ ဖြစ်နေလာ မသိ ရေးသာ ရေးရတာ
၁၀ ပိုင်းလောက်ဘဲ ရှိတာမို့ အားပေးကြဦးနော်
ဖတ်ပြီး ဖိဘတ်လေးတွေ ပေးကြဉီးနော် မျှော်နေမယ်ရယ်
Continue Reading
You'll Also Like
7.1K 1K 17
우리가 사랑했던 모든 것 (All that we loved)
67.8K 8.6K 33
Title ✿ Free RenYigu Original Author ✿ Your唯 Eng Translator : Rinisnotgold Status : 15 chapters (Completed) @Translated from English to Burmese S...
95.2K 8.7K 20
37.8K 443 3
ဒုတိယအတွဲ ( ပထမအတွဲအရင်ဖတ်ပေးပါနော် )