အခန်းပြတင်းကနေ တိုးဝင်လာသည့် နေ
ရောင်ခြည်နွေးနွေးကြောင့် သူနိုးလာရ
သည် ။ လက်နှစ်ဖက်ဆန့်တန်းကာ အ
ပျင်းဆန့်မည်လုပ်ပြီးမှ ဘယ်ဘက်လက်
မောင်းပေါ်မှ ခပ်လေးလေးအရာတစ်ခု
ကြောင့် အသာငုံ့ကြည့်မိတော့
chan yeol!!!
မနေ့ကအကြောင်းများ အတွေးထဲပြန်
ရောက်လာပြန်တော့ နှုတ်ခမ်းများတွန်း
ကွေးကာ ကျေကျေနပ်နပ်ကြီးပြုံးမိသည် ။
ရင်ခွင်ထဲက chan yeolကို အသာတိုး
ဖက်လိုက်ရင်း မျက်နှာလေးကို တစိမ့်စိမ့်
ကြည့်နေမိသည် ။ နဖူးပြေပြေလေး…
မျက်လုံးဝိုင်းဝိုင်းလေး… နှာခေါင်းချွန်ချွန်
လေး… ပါးဖောင်းဖောင်းလေး… ကြည့်
နေရင်း အသည်းယားလာသဖြင့် ထိုနှာ
ခေါင်းချွန်ချွန်လေးနှင့် ပါးဖောင်းဖောင်း
လေးကို အသာငုံနမ်းလိုက်မိသည် ။
နှုတ်ခမ်းရဲရဲလေးဆီအကြည့်ရောက်သွား
ပြန်တော့ နမ်းချင်မိပေမည့် နိုးသွားမည့်
စိုးတာကြောင့် လက်မကလေးဖြင့်သာ ဖွဖွလေးတို့ထိနေမိသည် ။
ကျွန်တော့်အနမ်းတွေကို ပြန်တုန့်ပြန်ခဲ့
သည့် ဒီနှုတ်ခမ်းတွဲတွဲလေးဟာ ဘာလို့
ဒီလောက်တောင်ချစ်ဖို့ကောင်းနေရသည်
လဲ???
စိတ်မထိန်းနိုင်တော့သည့်အဆုံး ထိုနှုတ်
ခမ်းလေးကို အသာငုံထွေးမိတော့…
'အင်း!!!!' ဆိုပြီး အိပ်ချင်မူးတူးအသံရှည်
လေးက ထိုနှုတ်ခမ်းဖျားလေးကြားမှ တိုး
ထွက်လာလေသည် ။
"နိုးပြီလား???"
"ဟင်!!! wu yi fan!!!"
ကျွန်တော့်အသံကြားတော့ မျက်လုံးဆတ်
ကနဲပွင့်လာပြီး အလန့်တကြားဖြစ်သွား
လေသည် ။
"မင်းဘယ်လိုလုပ်ဒီကိုရောက်??? အာ!!!"
အိပ်နေရာမှ ဆတ်ခနဲထထိုင်ကာ bed-
sideပေါ်က phကိုဆွဲယူကာ ကြည့်နေ
ပြန်သည် ။
"ခုနှစ်နာရီခွဲပြီ wu yi fan…ကျောင်း
သွားဖို့ပြင်တော့"
ပြောပြီး ကုတင်အောက်မှ ဖရိုဖရဲကျနေ
သည့် သူ့ဘောင်းဘီရှည်ကို လှမ်းကောက်
ကာ စောင်အောက်ကနေဝတ်နေပြန်
သည် ။ အိပ်ရာပေါ်က အဆင်းယိုင်သွား
သော သူ့ကို ကျွန်တော်လှမ်းထိန်းလိုက်
တော့ လက်ကိုအသာရုန်းကာ ရေချိုးခန်း
ထဲဝင်သွားလေသည် ။
chan yeolဘာဖြစ်နေသည်လဲ???
ဗီရိုထဲက bath robeတစ်ထည်ကို ဆွဲ
ထုတ်ကာ ရေချိုးနေသည့် chan yeolကို
ကုတင်ပေါ်မှာပဲ ထိုင်စောင့်နေလိုက်သည်
။
"ရေချိုးလို့ ရပြီ yi fan!!"
တစ်အောင့်ကြာတော့ သဘက်လေးတစ်
ထည်ခါးတွင်ပတ်ကာ ရေချိုးခန်းထဲက ထွက်လာသည့် chan yeolဟာ ကျွန်
တော့်တစ်ချက်တောင်မကြည့်ဘဲ အဝတ်
တွေဝတ်နေပြန်တာကြောင့် ကျွန်တော်
နောက်ကနေအသာလေးဖက်လိုက်သည်
"wu yi fanဖယ်!!!"
ဖယ်မပေးဘဲ အတင်းဖက်ထားတော့ chan yeolဟာ ကျွန်တော့်လက်တွေကို
ဖြုတ်ချကာ မျက်နှာချင်းဆိုင်ကိုလှည့်လာ
လေသည် ။
"ဘာဖြစ်နေတာလဲ wu yi fan ငြိမ်ငြိမ်
နေပေးလို့မရဘူးလား??"
"chan yeol ah!!!"
"ရေသွားချိုးတော့!!"
ပြောပြီးလှည့်ထွက်သွားပြန်တော့ ကျွန်
တော့်သူ့နောက်ကနေ အတင်းဖက်ထား
လိုက်သည် ။
"ဖယ်လို့ ပြောနေတာနားမလည်ဘူးလား??"
"chan yeol ah ဘာဖြစ်နေတာလဲဟင်?
ကျွန်တော်ဘာအပြစ်လုပ်မိလို့လဲဟင်!!"
"ဖယ်တော့!!"
"chan yeol!!"
"park chan yeol!!! မင်းဘာဖြစ်နေလဲ
လို့ ငါမေးနေတယ်လေ"
မေးနေသည်ကို ပြန်မဖြေဘဲ အတင်းရုန်း
နေပြန်သည်မို့ အော်လိုက်မိတော့ ရုန်း
နေသည်မှာ ရပ်သွားလေသည် ။
"ဟင့်!!!"
ရှိုက်သံတိုးတိုးလေးကြားလိုက်ရသည်မို့
သူ့ပုခုံးလေးနှစ်ဖက်ကို ကိုင်ကာ အကြည့်
ချင်းစုံစေလိုက်တော့ မျက်ရည်ရစ်ဝဲနေ
သည့် မျက်လုံးကလေးများဖြင့်မော့ကြည့်
လာရှာသည် ။
"chan yeol ah!!!"
"yi fan ahh!!! ငါဘယ်လိုလုပ်ရမလဲ
ဟင်!! ငါမှားသွားပြီ!! ငါ ဦးအပေါ်
အပြစ်လုပ်မိပြီ! ငါလေ…"
"ရှူး!! တိတ်တော့နော်"
ပြောရင်း တရှုံ့ရှုံငိုနေသော ကောင်လေး
ကို ရင်ခွင်ထဲအသာထည့်လိုက်ကာ ဆံ
ပင်လေးတွေကို အသာသပ်ပေးနေမိ
သည် ။
"မငိုနဲ့တော့!! စိတ်အေးအေးထားပြီး စဉ်း
စားကြမယ်နော်!! တိတ်တော့!!"
~~~~~
"သားငယ်!! ကျောင်းမသွားဘူးလား??"
"နေမကောင်းလို့ ပြန်လာတာ!!"
အိမ်ထဲဝင်ဝင်ချင်း မျက်နှာမကောင်းသော
yi fanအား ဧည့်ခန်းထဲတွင် သတင်း
ကြည့်နေသည့် chan yeolအမေ စီး၍
မေးလိုက်လေသည် ။
"သား ပြန်လာပြီ မေမေ"
အိမ်ထဲဝင်လာသော chan yeolက သူ့မေမေအားတွေ့တော့ ပြုံးရွှင်၍ နှုတ်
ဆက်လာသည် ။
"သား yi fanလေးဘာဖြစ်လာတာလဲ??
မျက်နှာလည်းမကောင်းဘူး!!"
မေမေ့စကားကြောင့် လှေကားဘက်ဆီ
လှမ်းကြည့်လိုက်တော့ လက်တန်းကို အားပြုကိုင်လျက် တထစ်ချင်းစီတရွေ့ရွေ့
တက်နေသော yi fanရဲ့ ကျောပြင်လေး!!
မေမေမသိအောင် သူသက်ပြင်းခိုးချလိုက်
မိသည် ။
တောင်းပန်ပါတယ် wu yi fan!!!
"မေမေ သားဗိုက်ဆာပြီ!!"
"အင်း အင်း!! omma ပြင်ထားလိုက်မယ်
နော်!! အကျီသွားလဲလိုက်ဦး!!"
"ဟုတ်!!"
မေမေ မီးဖိုချောင်ထဲဝင်သွားမှ chan yeol မျက်နှာပေါ်မှ ဟန်ဆောင်ပြုံးလေး
များ ပျောက်ကွယ်သွားရသည် ။
တကယ်တောင်းပန်ပါတယ်
~~~~~
"မင်း အရမ်းရက်စက်တာပဲ!!!"
အိပ်ရာပေါ်တွင် ခေါင်းငိုက်စိုက်ကျကာ
ထိုင်နေသော yi fan မျက်လုံးအိမ်ထဲမှ
မျက်ရည်များ အဆက်မပြတ်စီးကျနေ
သည် ။
hotelက ထွက်လာပြီးနောက် chan yeolက စကားပြောကြရအောင်ဟု ဆိုသ
ုဖြင့် အေးအေးဆေးဆေးရှိလှသော cafe
လေးတစ်ခု၏ ထောင့်ကျကျဝိုင်းလေးတစ်
ခုတွင် ထိုင်ဖြစ်ကြသည် ။
"americanoတစ်ခွက် နွားနို့တစ်ခွက်!!
chan yeolဘာမုန့်စားဦးမလဲ??"
"ဒါလေးပဲ လုပ်ပေးပါ"
waiterလေးကို မှာရင်းchan yeolအား
လှမ်းမေးလိုက်တော့ ခေါင်းအသာယမ်း
လေသည် ။
waiterလေးထွက်သွားသည်တိုင်အောင်
စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်နေ
သော chan yeolကြောင့် yi fanနေရ
ကျပ်လာသည် ။
chan yeolဘာတွေပြောမလို့လဲ??
ငါ့ကိုငြင်းမလို့လား?? ဒါမှမဟုတ် ထွက်
သွားမလို့လား??
အတွေးမျိုးစုံနှင့် chan yeolမျက်နှာလေး
ကို လှမ်းကြည့်မိတော့ မှန်အပြင်ဘက်က
လှုပ်ရှားသွားလာနေကြသော လူအချို့ကို စိတ်ဝင်စားစရာတစ်ခုလို ငေးကြည့်နေ
လေသည် ။
waiterလေး လာချပေးသွားသည့် နွားနို့
ခွက်လေးကို chan yeolရှေ့ တွန်းပို့လိုက်
ရင်း နေရကျပ်သော အခြေအနေမှ လွတ်
မြောက်လိုငှား စကားစမိသည် ။
"အားရှိအောင် နွားနို့လေးပဲသောက်
လိုက်နော် chan yeol"
စကားသံကြားမှ chan yeolအကြည့်
တွေ ကျွန်တော့်ဆီရောက်လာခဲ့သည် ။
"wu yi fan ငါတို့ညက ကိစ္စကို…"
"ahh!! နွားနို့ကအရမ်းပူနေတာပဲ!!!"
ကျွန်တော် chan yeolရှေ့က နွားနို့ခွက်
လေးကို လှမ်းဆွဲကာ ဇွန်းလေးနဲ့မွှေရင်း
တဖူးဖူးမှုတ်နေမိသည် ။
"wu yi fan ငါပြောချင်တာ…"
"chan yeolဘာမုန့်စားဦးမလဲ မုန့်သွား
မှာမလို့!"
"wu yi fan စကားလမ်းကြောင်းမလွှဲနဲ့"
ပြောချင်ရာပြောပြီး ရှောင်ထွက်ရန်ပြင်
နေသည့် yi fan chan yeol၏ ခပ်မာမာ
စကားသံကြောင့် ခုံတွင်အသာလေး ပြန်
ထိုင်လာသည် ။
"ညကကိစ္စကို မရှိသလိုပဲ သဘောထားရ
အောင်!!"
ခပ်အေးအေးထွက်လာသော စကား
ကြောင့် သူမော့ကြည့်မိသည် ။
"မင်းမူးနေလို့ ဒီလိုဖြစ်သွားတယ်ဆိုတာ
ငါနားလည်တယ်… ဒီတော့နှစ်ဦးနှစ်ဖက်
အဆင်ပြေသွားအောင် မေ့လိုက်ကြရ
အောင်"
နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်???
မေ့လိုက်ကြမယ်!!!
မင်းအဆင်ပြေပေမယ့် ငါမှအဆင်မပြေ
တာ…
မင်းမေ့နိုင်ပေမယ့် ငါမှမမေ့နိုင်တာ…
"ငါမူးနေလို့ဖြစ်တာမဟုတ်ဘူး chan yeol!! ငါ့စိတ်အလိုအတိုင်းငါလိုက်ခဲ့တာ
!! မရှိခဲ့တဲ့ ကိစ္စလို့သဘောထားရအောင်
ဒါခပ်ပေါပေါ အိပ်မက်မဟုတ်ဘူး chan
yeol!!"
"ငါပြောမယ် wu yi fan!! မင်းကငယ်
သေးတယ် ဒီအရွယ်ကစိတ်ကစားတတ်
တယ်ဆိုတာ ငါနားလည်တယ်… မင်း
လည်း အသစ်အဆန်းတွေလေ့လာချင်မှာ
ပေါ့… ငါဆိုလိုတာက ဒီကိစ္စနဲ့ ပတ်သတ်
ပြီးမင်းမှာ စိုးရိမ်နေစရာမလိုဘူး… လျှော်
လိုက်လို့ရတယ်"
လျော်လိုက်လို့ရတယ်!!
"ဟင့်အင်း!! ငါမင်းကိုချစ်တယ်!! အဲဒီ
တော့ ငါပိုင်ဆိုင်နိုင်ဖို့ကြိုးစားတယ်!! မ
မေ့နိုင်သလို လျှော်စရာအကြောင်းလည်း
မရှိဘူး!! ငါကမင်းနောက်ကို တကောက်
ကောက်လိုက်နေဦးမှာမို့လို့!"
"တော်တော့ wu yi fan!! မင်းရဲ့ အရည်
မရ အဖတ်မရစကားတွေနားထောင်ဖို့ငါ့
မှာအချိန်မရှိဘူး!! စားပြီးလိုက်ခဲ့ ငါကား
ပေါ်ကစောင့်နေမယ်!"
ပြောပြီးပြီးချင်း ထထွက်သွားသည့် chan
yeolအား ကျွန်တော့်ကို လှည့်တောင်မ
ကြည့်ခဲ့…
အရည်မရ အဖတ်မရ စကားတွေဟုတ်လား???
ငါ့အချစ်တွေက အဲ့လောက်တန်ဖိုးမမဲ့ဘူး
chan yeol
စားပြီးလိုက်ခဲ့တဲ့!! အခုချိန်မှာ ငါစားလို့
သောက်လို့ဝင်မယ်လို့မင်းထင်နေလား??
ရက်စက်တယ် chan yeolရယ်!! ငါ့အ
ချစ်ကို လက်မခံရင်တောင် အသိအမှတ်
တော့ပြုပေးသင့်ပါတယ်ကွာ…
ပါးပြင်ထက်မှ မျက်ရည်စက်ကလေးများ
က အေးနေပြီဖြစ်သော နွားနို့ခွက်ကလေး
ထဲ တတောက်တောက်စီးကျလို့…
စားပွဲခုံလေးပေါ်မှာတော့ ပိုင်ရှင်မဲ့နွားနို့
ခွက်ကလေးရယ် အေးစက်စက်ကော်ဖီ
ခွက်ကလေးရယ်ဟာ သူတို့ရှေ့က မျက်
ရည်မိုးတွေရွာသွန်းနေတဲ့ ကောင်လေးကို
တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့တယ် ။
~
~
~
02:30 P.M
(April 7, 2017- Fri)