Teach ME More!!

By KaD-fujushi

46.6K 3.3K 342

Kyung Soo သူ့​ရှေ့က သတ္တဝါ ..(Arnyi လူ​ဆိုရင်​ပိုမှန်​ လိမ့်​မယ်​).... သူ ပါးစပ်​ အ​ဟောင်းသားဖြင့်​ ကြည့်​နေမ... More

Mr: Werido
He's ..B..beautiful..
:\My life as caretaker! !
What's. a kiss means???
Let Me Kiss You...
Another wreido😨😨short part
love is in the way💝💘
Love is mysterious 😥
Kisses😗😙 of Love🙈🙈
Bound to You👺💗🐧 18++++🙈

Kai's wiffy??😨😨

2.9K 261 13
By KaD-fujushi

recall:ဘာရယ်မဟုတ်..kaiကို အဲ့လောက်တောင်ပျော်အောင်လုပ်နိုင်တဲ့ ထိုလူကို မကျေနပ်သလိုလို မနှစ်မြို့သလိုလို...နေပါအုံး..ကျနော်..ကျနော်အခု သဝန်တိုနေတာလား?

ထိုလူကကော ဘယ်သူလဲ? Kai နဲ့ရော ဘလိုပတ်သတ်နေတာလဲ?

....................................................

Kai ဖက်ထားတာလွှတ်လိုက်တော့... ထိုလူသူဝတ်လာသော မျက်နှာဖုံးကို ချွတ်လိုက်သည်။

အော်... ယောကျာ်းလေးပဲ သူလည်းကျနော်တို့နဲ့အသက်မတိမ်းမယိမ်းလောက်ပဲနေမာ.

ဘာပြောပြော ထိုသူက ယောကျာ်းလေးဆိုတာသိရတော့ kyungsoo ရင်ထဲတစ်ခုခုပေါ့သွားသလိုခံစားလိုက်ရသည်။

*wow..Lutan tribe ကလူတွေချောတယ်ဆိုတာ ယုံတန်းစကားမှမဟုတ်ဘဲ...*

Kyungsoo နောက်တစ်ခေါက်တွေးမိပြန်သည်..

ထိုလူဟာ Lutan tribe ကဆိုပေမဲ့ kai လိုအသားမညို...ဖြူလတ်လတ်အသားအရည်ရှိပြီး သာမန်ထက်ရှည်တဲ့အရပ်ကြောင့် ထိုလူက မော်ဒယ်တစ်ယောက်လို စမတ်ကျကျနဲ့ကြည့်ကောင်းတယ်

မေးရိုးပေါ်ပေါ် မျက်လုံးဝိုင်းဝိုင်းနဲ့ ပန်းဆီရောင်မထူမပါးနှုတ်ခမ်းလုံးလုံး.. နှာတံစင်းစင်းနဲ့မို့ မျက်နှာကတော့ baby face type မျိုး.. အထင်ရှားဆုံးကတော့ ဆံပင်ရှည်ရှည်ကြားထဲက ထွက်နေတဲ့နားရွက်ကားကားကြီးရယ်..ခပ်ရေးရေး ပါးချိုင့်တစ်ဖက်နဲ့

ဖြူဖြူဖွေးဖွေးသွားတွေ အတန်းစီလိုက်ပေါ်အောင် ပြုံးနေတဲ့

ထိုလူပုံစံက စိတ်ထားကောင်းသူတစ်ယောက်မှန်း မပေါင်းကြည့်ပဲသိနိုင်တယ်..

ဘာရယ် မဟုတ်သူ့အကြည့်က ဟိုလူဘေးက မျက်လုံးလေးတွေမှေးပြီး ဆွဲဆောင်မှုရှိရှိပါးချိုင့်တုလေးတွေပေါ်အောင် နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတဲ့ kai ဆီရောက်သွားတော့..

ခုနကခံစားခဲ့ရတဲ့ ရင်ထဲပေါ့သွားတဲ့ခံစားချက်ကနေ ရင်ထဲတစ်ခုခုလစ်ဟာသွားသလို ခံစားချက်ကိုပြောင်းသွားတယ်။

*သူပြုံးနေတာ...arnyi ရယ်နေတာ..ကျနော့်ရင်တွေကိုအောက်ကလောင်း

ဗြောင်းပြန်ဖြစ်အောင်ပြုစားနိုင်တဲ့ သူ့

ရယ်သံလွင်လွင်လေးပေါ့ ..kai ကခနခနပြုံးတတ်ပေမဲ့အခုလို စိတ်လွှတ်လက်လွှတ် ရယ်နေတာက ရှားတယ်...သူ့တကယ်ပျော်နေတာပဲ*

Kyungsoo ပြုံးမိသည်။အတွေးစတို့က kai ရဲ့ကျယ်ကျယ်လောင်လောင် ရယ်သံအောက် မရှုမလှပြတ်သွားသည်။

*အမလေး..ဟယ်..ရိုမန်တစ် ဆန်တာတောင်မဆုံးလိုက်ပါဘူး... ဘယ်လိုတောင်လား.. အဲ့လောက်တောင် အာခေါင်ခြစ်ပြီးရီရလား..ဖီးလ်ငုတ်တယ် တကယ်..*

"Kyungsoo လာ အင်ထရိုဂျု မယ်''

လို့ Kai မပီကလာပီကလာနှင့် မျက်လုံးပြူးပြူးလေးနဲ့သူတို့ကိုရပ်ကြည့်နေတဲ့ kyungsoo ကိုခေါ်လိုက်သည်။ထိုတော့မှ အခြားတစ်ယောက်ပါတာ သတိထားမိပုံရတဲ့ ထိုလူ kyungsoo ကို သွားဖြဲပြုံးပြရင်း နှုတ်ဆက်တဲ့သဘောနဲ့ ကိုယ်ကိုယို့ ခေါင်းငုံ့အရိုအသေပေးသည်။

"ဒါ....chanye- - -'' kai စကားမဆုံးခင် ထိုလူဝင်ပြောသည်။

" မင်္ဂလာပါ...chanyeol လို့ခေါ်ပါတယ်.ကျနော်က kai ရဲ့ သူငယ်ချင်းပာ..ငယ်ပေါင်းကြီးဖော်တွေပေါ့ ဟေးဟေး..you က kyungsoo မလား..ကျနော် kyungsoo အကြောင်းတွေ အများကြီးကြားဖူးပါတယ်...Mr.Wu ဆီကရော...kai ပို့ပေးတဲ့ စာတွေထဲမာရော..kyungsoo ကအပြင်မှာပိုခန့်သား kai ရေးတဲ့စာတွေထဲမှာ hyung က သေးသေးလေးတဲ့..haha..အဲ့လောက်လဲ မသေးပုံမပေါ်ပါဘူး..''

အခုမှတွေ့တဲ့လူကို ပေါ့ပေါ့ပါးပါးနဲ့ ရင်းနှီးပြီးသားလူတစ်ယောက်လိုပြောလိုက်တဲ့ chanyeol ကြောင့်...Kyungsoo ဘာမှပင်ပြန်မပြောနိုင် ပါးစပ်ကလေးဟစိဟစိနဲ့ စကားလုံးတွေပျောက်နေရှာတာ..သေချာပါတယ် ဒီ chanyeol ဆိုတဲ့တစ်ယောက်ဟာ social butterfly ပဲဖြစ်ရမယ်။စကားလည်းတော်တော်များမဲ့ပုံ ကြည့်ပါလား စလိုက်ဖို့ပဲလိုတယ် ပြောသွားတာ ရေပက်တောင်မဝင်လောက်ဘူး...

ဒါနဲ့ kyungsoo ဟစိဟစိဖြစ်နေတာ chanyeol ကြောင့်လို့မထင်လိုက်ပါနဲ့ အဓိကအကြောင်းအရင်းကတော့

*kai က ငါ့အကြောင်းတွေရေးပေးတယ်... သူ..သူ..hyung လို့ခေါ်လိုက်တယ်....OဝO.. သေးသေးလေး လို့ရေးတယ်...အမ်...နေပါအုံး..သေးသေးလေး...ဘာသေးတာလဲ..ဘာကိုသေးတယ်လို့ပြောတာလဲ*

Kyungsoo သူ့အတွေးနဲ့သူ ရှက်သွားပြီး မျက်နှာအရဲသားလေးနဲ့

" ဗျာ...ဘာကိုသေးပုံမပေါ်တာလဲ...ဘာသေးတာလဲ..''

Kyungsoo မေးခွန်းကြောင့် Chanyeol နဲ့ kai နားမလည်စွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး kyungsoo ကို R u stupid ဆိုတဲ့ ပုံစံနဲ့ကြည့်ရင်း ပြိုင်တူပြန်ဖြေသည်။

" Body size '' တဲ့..

*အိမ်း...body size ကယ်လို့...နို့မို့ဆို အဲ့တာပဲဖြစ်ရမယ်..ကျနော်ဘာထင်လဲဆိုတာ သိတယ်မလား..အာ့ဆိုမပြောတော့ဘူးနော်..ကွကိုတွေးကြ*

...........................................................

Kyungsoo တစ်ယောက် ထုံးစံအတိုင်း ချက်ပြုတ်ကြော်လှော် ပြီးနောက် chanyeol နဲ့ kai စားဖို့ ညနေစာထမင်းဝိုင်းပြင်ဆင်လိုက်သည်။

Chanyeol ကဘာကြိုက်တတ်မှန်းမသိတော့ kai ကြိုက်တဲ့ ကြက်ကြော်ကိုပဲ main dish လုပ်လိုက်တယ်..

"Kai ထမင်းစားလို့ရပြီ..''

"Nae''

အစားအသောက်ဆို ဘယ်တော့မှ ဟင့်အင်းမလုပ်တဲ့ kai အသံလေ..ဘာပြောပြော ဒါလေးတစ်ခုတော့ ကျေးဇူးတင်မိတယ် kai ကအစားအသောက်ဆို ဂျီမများတတ်တောလ...kyungsoo သက်သာတာပေါ့.

ထမင်းစားဝိုင်းကို ရောက်သည်နဲ့တပြိုင်နက် kai တို့ ထိပ်ဆုံးနေရာက ထီးထီးကြီးဝင်ထိုင်သည်။

Kyungsoo နဲ့ chanyeol ကတော့ မျက်နှာချင်းဆိုင်ထိုင်ရတာပေါ့ အဲ့လိုပဲ အကြီးဆုံးဆိုတော့ ဦးစားပေးရတယ်..

ဖင်နဲ့ခုံထိတာနဲ့ ကြက်ကြော်ကိုခေါင်းမဖော်တမ်း ပါးဖြဲနှဖြဲစားနေတဲ့ kai ကို  Chanyeol မျက်လုံးပြူးကြီးနဲ့ကြည့်ရင်း...

"ဖြည်းဖြည်းစားပါကွာ... ဘသူမှလုမစားဘူး နင်ကုန်အုန်းမယ်''

"NO, ကြက်ကြော်ကို ချစ်တယ်... အရသာချိတယ်''

Kai ရဲ့ korea လိုပြောတာကြည့်ပြီး chanyeol ဟက်ဟက် ပက်ပက်ကိုရယ်သည်။

"ချစ်..ဟား.ဟား...ချစ်တယ်တဲ့.. ကြက်ကြော်က မင်းမိန်းမမို့လို့လား...ဟီး ဟီး..''

Chanyeol စကားကြောင့် kai မျက်မှောင်ချုံ့လိုက်ပြီး

" မိန်းမ မဟုတ်ပါဘူး...ကြက်သား လေ..''

"ဟား..ဟား..korea မာ တစ်လ ကျော်ကျော်လောက်နေပြီးတာတောင်..korea စကား သဒ္ဒါမှန်အောင် မပြောတတ်ဘူး..ကရော် ကရော်''

သူကိုပြောတာမဟုတ်ပေမဲ့ kyungsoo စိတ်ထဲသိပ်ဘဝင်မကျ ကြည့်ပါလား..*သူ kai ကိုလှောင်နေတာ..ဘာဖစ်လဲ..အသံဝဲတေးတေးလေးကမှ ချစ်ဖို့ကောင်းတာ...အဲ..ဒါနဲ့..သူလည်း lutan tribe ကလာတာပဲ..ဘလိုလုပ် korea လိုပြောတတ်နေတာပါလိမ့်..ပီးတော့ သူက အပူပိုင်းဒေသက လူနဲ့လည်းမတူဘူး..ကပြားများလား*

မဆိုစလောက် စပ်စုတတ်တဲ့ ဇလေးကရှိတော့ kyungsoo.. chanyeol အကြောင်းသိချင်စိတ်နဲ့ စကားစလိုက်သည်..

" ဟို... chanyeol က ကိုးရီးယားလို တော်တော်ပြောတတ်တေနော်..မသိရင် korea လူမျိုးကျနေတာပဲ ဟား..ဟား''

ရယ်ကျဲကျဲလုပ်ပြီး မေးလိုက်တဲ့ kyungsoo စကားကို chanyeol က ရှက်သွားသလိုမျက်နှာပေးလေးနဲ့ ဂုတ်ကလေးပွတ်ရင်း ရယ်သည်။

"Hehe...ဟုတ်လား..အဲ့ဒါဆို..ကျနော့်ကြိုးစားမှုအရာထင်တာပေါ့..ကျနော် kai.. korea ကိုသွားကတည်းက mrးWu အကူအညီရော ... ကျနော့်ချစ်သူအကူအညီကြောင့်ရော... တော်တော်ကြိုးစားပြီးသင်လိုက်ရတာ..ဒီကိုမြန်မြန်လာချင်လို့''

"Aww..အဲ့ဒါဆို chanyeol က kai လို uni တက်ဖို့လာတာလား''

Chanyeol က မဟုတ်ဘူးဆိုတဲ့သဘောနဲ့ မျက်လုံးလေးမှိတ် နှုတ်ခမ်းစေ့ပီး ခေါင်းအသာအယာခါပြသည်..ပီးတော့မှ

" ကျနော်..ဒီကိုလာရတဲ့.. ရည်ရွယ်ချက် နှစ်ခုရှိတယ်..ပထမတစ်ခုက beakiee နဲ့တွေ့ချင်လို့..ဟဲ ဟဲ''

"Beakiee?''

"Inn..ကျနော့် ချစ်သူလေ..သူက Mr.Wu တို့အဖွဲ့နဲ့ လိုက်လာတဲ့ ကောင်လေး''

ကြက်ကြော်စားနေတဲ့ kai ရော..ရေသောက်မလို့လုပ်နေတဲ့ kyungsoo ရော.. နင်သူကနင်.. သီးသူကသီးနှင့်..အလန်းတကား မျက်လုံးအပြူးသားလေးတွေနဲ့ ..အမလေး..တိုက်ထားရင်တောင်မှားချင်မှားမယ်... ပြိုင်တူပဲ ထွက်လာတာ..

"ကောင်လေး???''

ဟိုနှစ်ယောက်ကသာ အထူးအဆန်းလုပ်နေပေမဲ့ chanyeol ကတော့ ကိုယ့် ဖီးလ်နဲ့ကိုယ် လုံးဝ dreaming ဖစ်နေတဲ့ရုပ်ကြီးနဲ့...မျက်လုံးကလည်း ချစ်ရည်ရွှန်းလဲ့..အရောင်တလက်လက် တောက်လို့...

"အင်း...တအား ချစ်ဖို့ကောင်းတောင်...မျက်လုံးမှေးမှေးလေးကလေ..

ပြုံးလိုက်ရင်...လင်းပိုင်မျက်လုံးလေးတွေလို..ကွေးကွေးလေး...စိတ်ဆိုးပီဆိုရင်လေ...သူ့နှုတ်ခမ်းပါးပါးလေးကို စူလိုက် ကိုက်လိုက် နဲ့ လုပ်နေတာ....အီး...အသည်းယားစရာလေး...ပါးစပ်ထဲ ထည့်ငုံထားချင်တယ်''

Chanyeol ပါးစပ်ထဲတခုခု ထည့်ငုံလိုက်သလိုလုပ်ပြီး လက်ကလည်းအငြိမ်ကိုမနေတာ ရင်ဘတ်ကိုကုတ်လိုက် ပါးစပ်ထဲလက်သီးကြီးထိုးထည့်လိုက်နဲ့... ပြုံးနေတာလဲ ဖြဲလို့.. သွားတွေအအေးတောင် ပတ်ကုန်တော့မယ်..ဂယ်ပဲ့

Kyungsoo စကားလမ်းကြောင်းလွှဲချင်တာနဲ့  ခုနက ရေသောက်နေတဲ့ ဖန်ခွက်ကို နှုတ်ခမ်းမှာတည့်ရင်း

" အာ့ဆို..ဒုတိယ.တစ်ခုကရော''

"Arr...kai အတွက် မိန်းမပေးစားမလို့လေ''

"ဖူး.....'' '' အဟွတ်..အဟွတ်''

ဒီတခါတော့ အကြီးအကျယ်ကို suprise ဖြစ်သွားတဲ့ kyungsoo ပါးစပ်ထဲကရေတွေက ဖူးခနဲ့ထွက်သွားပီး..chanyeol မျက်နှာကို ဖြန်းခနဲ့...

စကားတစ်ခွန်းမှ ဝင်မပြောဘဲကြက်ပေါင်ဆွဲဖဲ့နေတဲ့ kai မေးရိုးကြီးပြုတ်ကျသွားကာ... ကြက်ပေါင်တုံးကြီး ကြမ်းပြင်ပေါ် ဖုတ်ခနဲ့...

စကားတပြောပြောနဲ့ ထမင်းဝိုင်းက ၃ မိနစ်လောက် တိတ်ဆိတ်သွားသည်က အပ်ကျသံတောင်ကြားရလောက်တယ်...

1 sec  2 sec 3 sec...

ဒုတိယံပိ အံ့သြမှု မယုံနိုင်မှု တွေရောစွက်ပြီး ပြိုင်တူထွက်ကျလာပြန်တဲ့ အသံနှစ်သံ

" မိန်းမ?''
..
.
.
.
.
.
.
................................................

Part-7 end...
နောက်တပိုင်း ဆက်လက်အားပေးကြပါအူးလို့..
ဒီအပိုင်းလေးကို ဘလိုသဘောရလဲဟင်...စုတ်ချာသွားသလား..သဘောတွေ့ရဲ့လား..ကိုယ်လေစိုးရိမ်တယ်..reader လေးတွေ ငြိုငြင်သွားမာ...







Continue Reading

You'll Also Like

754K 42K 57
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
676K 56.9K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
333K 38.2K 26
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
875K 79.6K 38
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful ...