The First Dance [Completed]

By YaminMato

14.3K 1.2K 65

BTS fanfic (short) Main:: Min Yoongi x Haneul (OC) Supporting:: Jimin x Sojin (OC), JungKook x ShinAh (OC) Ta... More

Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (9)
Part (10) - Final

Part (8)

992 111 8
By YaminMato

[Unicode]

Yoongi Haneul အနားကိုု ပန်းကန်လေး ကိုုင်ပြီး ရောက်သွားတယ်...

Yoongi: "Haneul-shi..."

Haneul လှည့်ကြည့်တယ်... (ဟင်... သူဒီနေ့ ငါ့နာမည်ကိုု ခေါ်ပြန်ပြီ...) သူမအံ့သြသွားရပြန်တယ်လေ...

Yoongi: "ဗိုုက်ဆာနေရောပေါ့... ကျနော် စားစရာ ယူလာတယ်... စားလိုုက်ပါဦး..."

ပြောရင်း သူမရှေ့ကိုု ပန်းကန် ချပေးလိုုက်တယ်...

Haneul: " အော... gomawoyo... ဟုုတ်တယ်... ဗိုုက်အရမ်းဆာနေတာနဲ့ အတော်ပဲ... jinja gomawo..."

Yoongi တောင် ထွက်မသွားသေးဘူး သူမက ပန်းကန်ယူပြီး စကြိတ်နေပြီ... အစားအသောက်က အဓိက မဟုုတ်လား... ကိုုယ့် crush ရှေ့မှာ ရောက်နေတာ မရောက်နေတာက နောက်မှ... ဗိုုက်ပြည့်ဖိုု့ အရေးကြီးတယ်လေ...

Yoongi က သူမရှေ့က ထိုုင်ခုုံကိုု ဆွဲယူပြီး သူမနဲ့ မျက်နှာချင်းဆိုုင်မှာ ၀င်ထိုုင်လိုုက်တယ်... သူမက စားနေရင်းနဲ့ ကြောင်သွားပြီး မော့ကြည့်တယ်... (ဘာလိုု့ သူက အခန်းထဲ မဝင်ပဲ ငါ့ရှေ့မှာ လာထိုုင်နေရတာလဲ မသိဘူး...) သူမ တွေးမိတယ်...

Yoongi: "ကျနော် ဒီမှာ ခဏထိုုင်လိုု့ ရတယ် မလား?"

သူ့ဘာသူ ၀င်ထိုုင်တုုန်းက ထိုုင်လိုုက်ပြီးမှ အခုု သူမမျက်နှာ ကြောင်တောင်တောင်လေး မြင်တော့ မေးလိုုက်တယ်...

Haneul: "nae nae... ထိုုင်လိုု့ ရတာပေါ့..."

သူမ စားရင်းသောက်ရင်း တန်းလန်းနဲ့ ပလုုတ်ပလောင်း ပြန်ဖြေရရှာတယ်... (ရိုုမန်းတစ် မဆန်လိုုက်တာနော်...) သူမတွေးပြီး ရှက်တောင် ရှက်သွားတယ်...

Yoongi: "ဟောခန်းထဲမှာ နည်းနည်း ဆူညံပြီး မွန်းကြပ်နေလိုု့..."

သူမ ဘာမှ ပြန်မပြောနိုုင်ဘူး ခေါင်းပဲ ငြိမ့်ပြလိုုက်တယ်... (ဒါဆိုုလည်း တခြားနေရာ သွားနေလေ... ဘာလိုု့ ငါ့ရှေ့ လာနေရတာလဲ? ကောင်းကောင်း စားလို့ မရတော့ဘူး ဒီမှာ...) သူမတွေးမိတယ်...

သူမရှေ့မှာ ရှိနေပေမယ့် သူမစားနေတာကိုုတော့ Yoongi ထိုုင်မကြည့်နေဘူး... သူမ သက်တောင့် သက်သာ မရှိပဲ နေမှာစိုုးလိုု့... သူဒီမှာ လာထိုုင်နေတာ တစ်ယောက်တည်း ဖြစ်နေတဲ့ သူမကိုု အဖော်ပြုပေးချင်ရုုံ သက်သက်ပဲလေ... ဒါကြောင့် သူမ သူ့ကိုု မော့မော့ကြည့်တိုုင်း သူ့အကြည့်တွေက အဝေးကိုု ငေးနေတာပဲ တွေ့ရတာပေါ့...

သူမစားလိုု့တောင် မပြီးသေးဘူး ပွဲစီစဉ်သူက စင်ပေါ်တက်ရတော့မယ်ဆိုုပြီး လာခေါ်တာနဲ့ သူမ သူ့ကိုု နှုတ်ဆက်ခဲ့ပြီး ပါသွားတယ်... သူကလည်း သူမကိုု fighting လိုု့ ပြောလိုုက်တယ်... သူမ အားတွေ ရှိသွားပြီလေ... နောက်တော့ Yoongi တစ်ယောက် ခန်းမထဲ ပြန်ဝင်သွားတယ်လေ... သူတိုု့ ဖျော်ဖြေတာကိုု စင်အောက်ကနေ အားပေးဖိုု့...

~~~~~~~~~~

စင်ပေါ် ဖျော်ဖြေပွဲတွေ... lucky draw အစီအစဉ်တွေ... dinner တွေ ပြီးသွားတော့ အခုု dance အစီအစဉ်တွေ လာပြီလေ... သီချင်းအေးအေးလေးတွေ ဖွင့်ပေးထားချိန်ဆိုု dance floor ပေါ်မှာ တချို့ အတွဲတွေ သွားကနေကြပြီ... သီချင်း မြူမြူးလေးတွေ လာရင်တော့ အတွဲမရှိတဲ့ လူတွေတောင် တစ်ယောက်တည်း ကနေတော့တာပေါ့...

Sojin ကိုုတော့ ကောင်လေးတွေ တစ်ယောက်ပြီး တစ်ယောက် အတူတူတွဲကဖိုု့ လာလာ ကမ်းလှမ်းကြတယ်... ShinAh လည်း ခုုဏလေးတင်ပဲ Hoseok နဲ့ သီချင်းမြူးမြူး တစ်ပုုဒ်မှာ တွဲကပြီးသွားပြီ...

သီချင်းတွေ တစ်ပုုဒ်ပြီး တစ်ပုုဒ်သာ ပြီးသွားတယ် Haneul ကိုုတော့ တစ်ယောက်မှ လာမခေါ်ဘူး... ဒီတော့ သူမဘာသာ သူမပဲ စားပွဲမှာထိုုင်ပြီး ခေါင်းလေး တစ်လှုပ်လှုပ် ခြေလေး တနန့်နန့်နဲ့ သူမသူငယ်ချင်း ShinAh ကတာကြည့်လိုုက် သူများတွေ ကတာ ကြည့်လိုုက်လုုပ်နေတယ်...

Yoongi ကလည်း သူမနဲ့ တစ်စားပွဲထဲမှာပဲ ပျင်းရိပျင်းရွဲထိုုင်နေတယ်... က တယ်ဆိုုတာ သူ့အလုုပ် မဟုုတ်ဘူးလေ... အတတ်နိုုင်ဆုုံး ရှောင်လိုု့ ရရင် ရှောင်နေတဲ့ အရာတစ်ခုုထဲမှာ ပါတယ်... ဒီတော့ သူလည်း သူများတွေကိုုပဲ ထိုုင်ကြည့်နေတယ်...

တစ်ချက်တစ်ချက်တော့ စည်းချက်လေးအတိုုင်း ခေါင်းလေး ရမ်းရမ်းနေတတ်တဲ့ Haneul ကိုု လှမ်းလှမ်းငေးမိတယ်...

သီချင်းမြူးမြူးလေး တစ်ပုုဒ်ပြီးသွားတော့ တစ်ယောက်တည်း သွားကနေတဲ့ ShinAh အခုု Haneul အနား ပြန်ရောက်လာတယ်...

Haneul: "ဘယ်လိုုလဲ ကလို့ မောသွားပြီလား?"

ShinAh: "Arni... မမောပါဘူး... ဟီးး..."

အဲ့အချိန်မှာ နောက်ထပ်လာတဲ့ သီချင်းတစ်ပုုဒ်က classic သီချင်း အေးအေးလေး... (B.A.P ရဲ့ Le Noir)

Haneul: "ဟာ... ငါ ဒီသီချင်း အရမ်းကြိုက်တာ..."

ShinAh: "ဟုုတ်လား... ဒါဆိုု လာလေ... နင်နဲ့ ငါနဲ့ သွားကတာပေါ့..."

Haneul: "အမလေး... တော်ပါ... ဒီသီချင်း..."

Haneul စကားပြောနေတုုန်း တန်းလန်း စကား အဖြတ်ခံလိုုက်ရတယ်... Jeon Jungkook ပေါ့... ShinAh ကိုု ဒီသီချင်းမှာ သူနဲ့ တွဲကဖိုု့ လာခေါ်တာ... ShinAh က မျက်နှာငယ်လေးနဲ့ Haneul ဘက်လှည့်လာပြီး...

ShinAh: "Haneul yahhh..."

Haneul: "သွားပါ... လိုုက်သွားချည်... ဒီသီချင်းမျိုးက မိန်းခလေး နှစ်ယောက်တွဲက နေလိုု့ ကောင်းတဲ့ဟာ မဟုုတ်ဘူး... သွားသွား..."

ShinAh တစ်ယောက် Jungkook နဲ့ ကချင်နေမှန်းသိလိုု့ Haneul က သူမကို အတင်းတွန်းပိုု့လိုုက်တယ်... သူတိုု့ နှစ်ယောက်ထွက်သွားတာကိုု ပြုံးကြည့်ရင်း ကျန်ရစ်ခဲ့တယ်...

သူမတိုု့နှစ်ယောက် စကားပြောနေတာတွေကိုု အကုုန်ကြားနေရတဲ့ Yoongi က Haneul ကိုု ပျော်စေချင်တဲ့အတွက် ကရမှာ အသေပျင်းပေမယ့် သူမအတွက် ဒီ dance လေးကိုုတော့ ရအောင် ဖန်တီးပေးဖိုု့ ဆုုံးဖြတ်လိုုက်တယ်...

Yoongi: "Haneul ya..."

(OMG... Min Yoongi ဒါ ငါ့ကိုု ဒီတစ်ညထဲမှာတင် သုုံးကြိမ်မြောက် ခေါ်ခြင်းပဲ... ဘယ်လိုုတွေများ ကံကောင်းနေပါလိမ့်...) သူမစိတ်ထဲမှာ ၀မ်းသာ အားရ တွေးမိတယ်...

Haneul: "Nae?"

Yoongi: "အမ်... Haneul ကျနော်နဲ့ ဒီတစ်ပုဒ်လောက်... ဟို... တွဲက နိုင်မလား??"

(ဘယ်... ဘယ်လို?!!! Min Yoongi ဆိုတဲ့ ငါ့ crush က ငါနဲ့ တွဲကချင်တယ်?!!! what the hell!!! ofcoz yesssss!!") သူမ ရင်ထဲမှာ အော်ဟစ်နေပြီ...

ဒါပေမယ့် အပြင်မှာတော့ သူမက သူ့ကို ပြူးကြောင် ကြောင် ကြည့်နေတုန်း...

Yoongi: "Haneul-shi?"

Haneul: "aww nae... nae~ ကမယ် Yoongi နဲ့..."

(omg!! ဘာတွေ ပြောမိမှန်း မသိဘူး...) သူမ ရှက်နေပြီ... Yoongi က ပြုံးလိုက်ပြီး သူမ ကိုလက်ကမ်းပေးတယ်... သူမ မျက်နှာ ခရမ်းချဉ်သီး ဖြစ်နေပြီ...

ရင်ခုန်စွာနဲ့ dance floor ပေါ်ကို နှစ်ယောက်သားအတူတူ လျှောက်လှမ်း လာခဲ့ကြတယ်...

Haneul: "Haneul မက တတ်ဘူး..."

သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ရပ်မိတော့ Yoongi မျက်နှာကို မော့ကြည့်ရင်း သူမ ပြောလိုက်တယ်... Yoongi ကလည်း စပ်ဖြဲဖြဲ ရယ်ရင်း... သူမ နားနား ငုံ့ပြီး တိုးတိုးလေး...

Yoongi: "Nado..." (ငါရောပဲ)...

Min Yoongi တွဲကဖိုု့အတွက် မဝံ့မရဲနဲ့ Haneul ရဲ့ ခါးကိုု လှမ်းဖက်လိုုက်တယ်... သူမ စိတ်ထဲမှာတော့ ကုုလားဘုုရားပွဲ လှည့်နေလေပြီ... သူမကလည်း သူ့ပုုခုုံးကိုု မထိရဲထိရဲနဲ့ ဖွဖွလေး လှမ်းကိုုင်လိုုက်တယ်...

Dance floor ပေါ်မှာ နှစ်ယောက်လုုံး ရှက်ပြုံးလေးတွေ ကိုုယ်စီနဲ့... သူမရဲ့ အောက်ချထားတဲ့ လက်ကလေးကိုု Yoongi လှမ်းဆွဲယူလိုုက်ပြီး ကိုုင်ထားတယ်... သူမမျက်နှာကြီး ပူထူနေလိုု့ အောက်ငုုံ့ထားရတယ်...

သူကလည်း သူမကိုုမကြည့်ရဲလိုု့ အသက်ကိုု မနည်း ပုုံမှန်ရှူပြီး အဝေးကိုု ငေးနေရင်း သီချင်း စည်းချက်လေးနဲ့အတူ သူမနဲ့ တွဲလိုု့ ယိမ်းနေတယ်... သူဘယ်ကောင်မလေးနဲ့မှ ဒီလောက် နီးနီးကပ်ကပ် မနေဖူးဘူး... နေလည်း မနေချင်ခဲ့ဘူး... သူမနဲ့မှ တည်ငြိမ်နေခဲ့တဲ့ သူ့စိတ်တွေ လှုပ်ရှားခဲ့ရတာပေါ့...

သူတိုု့နှစ်ယောက် စကားတစ်ခွန်းမှ မပြောဖြစ်ဘူး... ဒီတိုုင်းလေးပဲ သီချင်းလေးအတိုုင်း ယိမ်းနေတယ်... သူတိုု့နှစ်ယောက်ကိုု ဘေးနားက Sojin နဲ့တွဲကနေတဲ့ Jimin က လှမ်းမြင်တော့ ပြူးကြည့်နေမိတယ်... သူ့ဘော်ဒါကြီး မစွံနိုုင်ဘူး ထင်ထားတာ အခုုတော့ dance floor ပေါ်တောင် ရောက်နေပြီလေ...

Haneul ရဲ့  အောက်ကိုု ငုုံ့ထားသော်လည်း အပျော်လွန်ပြီး ဖြီးနေတဲ့ မျက်နှာကိုု ဟိုုဘက်နားမှာ Jungkook နဲ့ တွဲကနေတဲ့ ShinAh က မြင်တော့ ပြုံးမိတယ်... သူမ သူငယ်ချင်း အတွက် ပျော်တာပေါ့... ကိုုယ့် crush နဲ့ ကိုုယ် အဆင့်တွေ တက်နေတာကိုုး...

~~~~~~~~~~

to be continued...

BTS Fanfic by

Yamin Ohmar

==============================

[Zawgyi]

Yoongi Haneul အနားကို ပန်းကန်လေး ကိုင်ပြီး ရောက်သွားတယ်...

Yoongi: "Haneul-shi..."

Haneul လှည့်ကြည့်တယ်... (ဟင်... သူဒီနေ့ ငါ့နာမည်ကို ခေါ်ပြန်ပြီ...) သူမအံ့သြသွားရပြန်တယ်လေ...

Yoongi: "ဗိုက်ဆာနေရောပေါ့... ကျနော် စားစရာ ယူလာတယ်... စားလိုက်ပါဦး..."

ပြောရင်း သူမရှေ့ကို ပန်းကန် ချပေးလိုက်တယ်...

Haneul: " အော... gomawoyo... ဟုတ်တယ်... ဗိုက်အရမ်းဆာနေတာနဲ့ အတော်ပဲ... jinja gomawo..."

Yoongi တောင် ထွက်မသွားသေးဘူး သူမက ပန်းကန်ယူပြီး စကြိတ်နေပြီ... အစားအသောက်က အဓိက မဟုတ်လား... ကိုယ့် crush ရှေ့မှာ ရောက်နေတာ မရောက်နေတာက နောက်မှ... ဗိုက်ပြည့်ဖို့ အရေးကြီးတယ်လေ...

Yoongi က သူမရှေ့က ထိုင်ခုံကို ဆွဲယူပြီး သူမနဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်တယ်... သူမက စားနေရင်းနဲ့ ကြောင်သွားပြီး မော့ကြည့်တယ်... (ဘာလို့ သူက အခန်းထဲ မ၀င်ပဲ ငါ့ရှေ့မှာ လာထိုင်နေရတာလဲ မသိဘူး...) သူမ တွေးမိတယ်...

Yoongi: "ကျနော် ဒီမှာ ခဏထိုင်လို့ ရတယ် မလား?"

သူ့ဘာသူ ၀င်ထိုင်တုန်းက ထိုင်လိုက်ပြီးမှ အခု သူမမျက်နှာ ကြောင်တောင်တောင်လေး မြင်တော့ မေးလိုက်တယ်...

Haneul: "nae nae... ထိုင်လို့ ရတာပေါ့..."

သူမ စားရင်းသောက်ရင်း တန်းလန်းနဲ့ ပလုတ်ပလောင်း ပြန်ဖြေရရှာတယ်... (ရိုမန်းတစ် မဆန်လိုက်တာနော်...) သူမတွေးပြီး ရှက်တောင် ရှက်သွားတယ်...

Yoongi: "ဟောခန်းထဲမှာ နည်းနည်း ဆူညံပြီး မွန်းကြပ်နေလို့..."

သူမ ဘာမှ ပြန်မပြောနိုင်ဘူး ခေါင်းပဲ ငြိမ့်ပြလိုက်တယ်... (ဒါဆိုလည်း တခြားနေရာ သွားနေလေ... ဘာလို့ ငါ့ရှေ့ လာနေရတာလဲ? ကောင်းကောင်း စားလို့ မရတော့ဘူး ဒီမှာ...) သူမတွေးမိတယ်...

သူမရှေ့မှာ ရှိနေပေမယ့် သူမစားနေတာကိုတော့ Yoongi ထိုင်မကြည့်နေဘူး... သူမ သက်တောင့် သက်သာ မရှိပဲ နေမှာစိုးလို့... သူဒီမှာ လာထိုင်နေတာ တစ်ယောက်တည်း ဖြစ်နေတဲ့ သူမကို အဖော်ပြုပေးချင်ရုံ သက်သက်ပဲလေ... ဒါကြောင့် သူမ သူ့ကို မော့မော့ကြည့်တိုင်း သူ့အကြည့်တွေက အဝေးကို ငေးနေတာပဲ တွေ့ရတာပေါ့...

သူမစားလို့တောင် မပြီးသေးဘူး ပွဲစီစဉ်သူက စင်ပေါ်တက်ရတော့မယ်ဆိုပြီး လာခေါ်တာနဲ့ သူမ သူ့ကို နှုတ်ဆက်ခဲ့ပြီး ပါသွားတယ်... သူကလည်း သူမကို fighting လို့ ပြောလိုက်တယ်... သူမ အားတွေ ရှိသွားပြီလေ... နောက်တော့ Yoongi တစ်ယောက် ခန်းမထဲ ပြန်ဝင်သွားတယ်လေ... သူတို့ ဖျော်ဖြေတာကို စင်အောက်ကနေ အားပေးဖို့...

~~~~~~~~~~

စင်ပေါ် ဖျော်ဖြေပွဲတွေ... lucky draw အစီအစဉ်တွေ... dinner တွေ ပြီးသွားတော့ အခု dance အစီအစဉ်တွေ လာပြီလေ... သီချင်းအေးအေးလေးတွေ ဖွင့်ပေးထားချိန်ဆို dance floor ပေါ်မှာ တချို့ အတွဲတွေ သွားကနေကြပြီ... သီချင်း မြူမြူးလေးတွေ လာရင်တော့ အတွဲမရှိတဲ့ လူတွေတောင် တစ်ယောက်တည်း ကနေတော့တာပေါ့...

Sojin ကိုတော့ ကောင်လေးတွေ တစ်ယောက်ပြီး တစ်ယောက် အတူတူတွဲကဖို့ လာလာ ကမ်းလှမ်းကြတယ်... ShinAh လည်း ခုဏလေးတင်ပဲ Hoseok နဲ့ သီချင်းမြူးမြူး တစ်ပုဒ်မှာ တွဲကပြီးသွားပြီ...

သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်သာ ပြီးသွားတယ် Haneul ကိုတော့ တစ်ယောက်မှ လာမခေါ်ဘူး... ဒီတော့ သူမဘာသာ သူမပဲ စားပွဲမှာထိုင်ပြီး ခေါင်းလေး တစ်လှုပ်လှုပ် ခြေလေး တနန့်နန့်နဲ့ သူမသူငယ်ချင်း ShinAh ကတာကြည့်လိုက် သူများတွေ ကတာ ကြည့်လိုက်လုပ်နေတယ်...

Yoongi ကလည်း သူမနဲ့ တစ်စားပွဲထဲမှာပဲ ပျင်းရိပျင်းရွဲထိုင်နေတယ်... က တယ်ဆိုတာ သူ့အလုပ် မဟုတ်ဘူးလေ... အတတ်နိုင်ဆုံး ရှောင်လို့ ရရင် ရှောင်နေတဲ့ အရာတစ်ခုထဲမှာ ပါတယ်... ဒီတော့ သူလည်း သူများတွေကိုပဲ ထိုင်ကြည့်နေတယ်...

တစ်ချက်တစ်ချက်တော့ စည်းချက်လေးအတိုင်း ခေါင်းလေး ရမ်းရမ်းနေတတ်တဲ့ Haneul ကို လှမ်းလှမ်းငေးမိတယ်...

သီချင်းမြူးမြူးလေး တစ်ပုဒ်ပြီးသွားတော့ တစ်ယောက်တည်း သွားကနေတဲ့ ShinAh အခု Haneul အနား ပြန်ရောက်လာတယ်...

Haneul: "ဘယ်လိုလဲ ကလို့ မောသွားပြီလား?"


အဲ့အချိန်မှာ နောက်ထပ်လာတဲ့ သီချင်းတစ်ပုဒ်က classic သီချင်း အေးအေးလေး... (B.A.P ရဲ့ Le Noir)


ShinAh: "ဟုတ်လား... ဒါဆို လာလေ... နင်နဲ့ ငါနဲ့ သွားကတာပေါ့..."


Haneul စကားပြောနေတုန်း တန်းလန်း စကား အဖြတ်ခံလိုက်ရတယ်... Jeon Jungkook ပေါ့... ShinAh ကို ဒီသီချင်းမှာ သူနဲ့ တွဲကဖို့ လာခေါ်တာ... ShinAh က မျက်နှာငယ်လေးနဲ့ Haneul ဘက်လှည့်လာပြီး...

ShinAh: "Haneul yahhh..."

Haneul: "သွားပါ... လိုက်သွားချည်... ဒီသီချင်းမျိုးက မိန်းခလေး နှစ်ယောက်တွဲက နေလို့ ကောင်းတဲ့ဟာ မဟုတ်ဘူး... သွားသွား..."

ShinAh တစ်ယောက် Jungkook နဲ့ ကချင်နေမှန်းသိလို့ Haneul က သူမကို အတင်းတွန်းပို့လိုက်တယ်... သူတို့ နှစ်ယောက်ထွက်သွားတာကို ပြုံးကြည့်ရင်း ကျန်ရစ်ခဲ့တယ်...

သူမတို့နှစ်ယောက် စကားပြောနေတာတွေကို အကုန်ကြားနေရတဲ့ Yoongi က Haneul ကို ပျော်စေချင်တဲ့အတွက် ကရမှာ အသေပျင်းပေမယ့် သူမအတွက် ဒီ dance လေးကိုတော့ ရအောင် ဖန်တီးပေးဖို့ ဆုံးဖြတ်လိုက်တယ်...

Yoongi: "Haneul ya..."

(OMG... Min Yoongi ဒါ ငါ့ကို ဒီတစ်ညထဲမှာတင် သုံးကြိမ်မြောက် ခေါ်ခြင်းပဲ... ဘယ်လိုတွေများ ကံကောင်းနေပါလိမ့်...) သူမစိတ်ထဲမှာ ၀မ်းသာ အားရ တွေးမိတယ်...

Haneul: "Nae?"




Yoongi: "Haneul-shi?"






Yoongi: "Nado..." (ငါရောပဲ)...

Min Yoongi တွဲကဖို့အတွက် မ၀ံ့မရဲနဲ့ Haneul ရဲ့ ခါးကို လှမ်းဖက်လိုက်တယ်... သူမ စိတ်ထဲမှာတော့ ကုလားဘုရားပွဲ လှည့်နေလေပြီ... သူမကလည်း သူ့ပုခုံးကို မထိရဲထိရဲနဲ့ ဖွဖွလေး လှမ်းကိုင်လိုက်တယ်...

Dance floor ပေါ်မှာ နှစ်ယောက်လုံး ရှက်ပြုံးလေးတွေ ကိုယ်စီနဲ့... သူမရဲ့ အောက်ချထားတဲ့ လက်ကလေးကို Yoongi လှမ်းဆွဲယူလိုက်ပြီး ကိုင်ထားတယ်... သူမမျက်နှာကြီး ပူထူနေလို့ အောက်ငုံ့ထားရတယ်...

သူကလည်း သူမကိုမကြည့်ရဲလို့ အသက်ကို မနည်း ပုံမှန်ရှူပြီး အဝေးကို ငေးနေရင်း သီချင်း စည်းချက်လေးနဲ့အတူ သူမနဲ့ တွဲလို့ ယိမ်းနေတယ်... သူဘယ်ကောင်မလေးနဲ့မှ ဒီလောက် နီးနီးကပ်ကပ် မနေဖူးဘူး... နေလည်း မနေချင်ခဲ့ဘူး... သူမနဲ့မှ တည်ငြိမ်နေခဲ့တဲ့ သူ့စိတ်တွေ လှုပ်ရှားခဲ့ရတာပေါ့...

သူတို့နှစ်ယောက် စကားတစ်ခွန်းမှ မပြောဖြစ်ဘူး... ဒီတိုင်းလေးပဲ သီချင်းလေးအတိုင်း ယိမ်းနေတယ်... သူတို့နှစ်ယောက်ကို ဘေးနားက Sojin နဲ့တွဲကနေတဲ့ Jimin က လှမ်းမြင်တော့ ပြူးကြည့်နေမိတယ်... သူ့ဘော်ဒါကြီး မစွံနိုင်ဘူး ထင်ထားတာ အခုတော့ dance floor ပေါ်တောင် ရောက်နေပြီလေ...

Haneul ရဲ့  အောက်ကို ငုံ့ထားသော်လည်း အပျော်လွန်ပြီး ဖြီးနေတဲ့ မျက်နှာကို ဟိုဘက်နားမှာ Jungkook နဲ့ တွဲကနေတဲ့ ShinAh က မြင်တော့ ပြုံးမိတယ်... သူမ သူငယ်ချင်း အတွက် ပျော်တာပေါ့... ကိုယ့် crush နဲ့ ကိုယ် အဆင့်တွေ တက်နေတာကိုး...

~~~~~~~~~~

to be continued...

BTS Fanfic by

Yamin Ohmar

Continue Reading

You'll Also Like

172K 17.8K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
648K 32.5K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
951 67 2
OT7 One shot collection Many types of plots • 3 • ဇာတ်အိမ်ပေါင်းစုံနဲ့ ပေါ့ပေါ့ပါးပါးလေးတွေရော လေးလေးပင်ပင်လေးတွေရော ပါမှာပါ ^^ I hope you like it 🌙
3.4K 374 4
𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 × Oc ʟᴏᴠᴇ ɪꜱ ɪɴ ᴍᴀᴢᴇ ʙᴜᴛ ʏᴏᴜ ɪꜱ ᴀᴍᴀᴢᴇ ʙᴀʙʏ. (Zawgyi &Unicode) Too slow update ( maybe when my book 1 or 2 are finish this b...