The First Dance [Completed]

By YaminMato

14.2K 1.2K 65

BTS fanfic (short) Main:: Min Yoongi x Haneul (OC) Supporting:: Jimin x Sojin (OC), JungKook x ShinAh (OC) Ta... More

Part (1)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10) - Final

Part (2)

1.4K 139 9
By YaminMato

[Unicode]

ဒီနေ့ သူတို့ရုံးထဲမှာပဲ အပြင်စာ မှာ စားကြတယ်... Pantry area က စားပွဲအသီးသီးမှာ Haneul အပါအဝင် အကုန် နေရာယူပြီး သွားကြပြီ... Yoongi တစ်ယောက်ပဲ နောက်ကျမှ ရောက်လာတယ်...

သူလာတော့ စားပွဲက ပြည့်နေပြီ... တစ်ခုံပဲ လွတ်တယ်... အဲ့ဒါက Sojin ဘေး... Haneul အဲ့ဒါတွေ့တယ်... သူမ သူ့ကို Sojin ဘေးမထိုင်စေချင်ဘူး... ကိုယ် crush နေတဲ့ ကောင်လေးကို ဘယ်သူက ကောင်မလေး ချောချောဘေး ထိုင်စေချင်မှာလဲ...

Yoongi က Sojin နား ရောက်သွားပြီ... ဒါပေမယ့် တခြားနေရာတွေများ ကျန်သေးလားလို့ လျှောက်ကြည့်ရင်းနဲ့ Haneul သူ့ကို လှမ်းကြည့်နေတာကို တွေ့သွားတယ်...

Haneul လည်း Yoongi သူမ သူ့ကို ကြည့်နေတာ မြင်သွားတာကြောင့် ရှက်ရှက်နဲ့ ခေါင်းချက်ချင်း ငုံ့လိုက်ပြီးရှေ့မှာရှိတဲ့ အစားအသောက်ကိုပဲ ကုန်းစားနေလိုက်တော့တယ်...

ခဏနေတော့ Haneul တစ်ယောက် Yoongi ဘက်ဆီပြန်လှမ်းကြည့်တာ Sojin ဘေးမှာသူ့ကို မတွေ့ပဲ Yoongi ရဲ့ ဘော်ဒါ Jimin ကို သွားတွေ့တယ်... Yoongi ကကျတော့ ခုဏက Jimin ထိုင်ခဲ့တဲ့ နေရာမှာထိုင်ပြီး စားနေတယ်... သူမကိုကျောပေးထားတယ်...

ဘယ်လိုကနေ ဘယ်လို အဲ့နေရာ ရောက်သွားလဲဆိုတာတော့ သူမ ဘယ်တော့မှ သိမှာ မဟုတ်ဘူး...

အမှန်က Yoongi တစ်ယောက် Haneul သူ့ကို ကြည့်နေတာ မြင်တော့ ထိုင်စရာ နေရာ မရှိတောင်Haneul အထင်လွဲမှာ စိုးလို့ Sojin ဘေးမှာ မထိုင်ချင်ဘူး... ဒါနဲ့ Jimin နဲ့နေရာလဲ လိုက်တာ... Jimin ကတော့ ကြောင်သွားပေမယ့် Sojin ဘေးမှာထိုင်ရတော့ ပျော်နေတယ်လေ...

အဲ့မှာတင် Yoongi သူ့ကိုယ်သူ နားလည်သွားတာ သူကြိုက်နေတာ Sojin မဟုတ်ပဲ Haneul ဖြစ်နေတယ်ဆိုတာကိုပဲ...

~~~~~~~~~~

Yoongi က Haneul ကို ကြိုက်သာ ကြိုက်တယ် သူမကို သူသဘောသိပ်ကျ လှတာ မဟုတ်ဘူး... သူမဟာ ဘယ်တော့မှ ပြင်ပြင်ဆင်ဆင် နေတယ်ဆိုတာ မရှိဘူး...

ကြည့်လိုက်ရင် တီရှပ်နဲ့ ဂျင်းစ်နဲ့ပဲ... တခါတလေအနွေးထည် ပွပွကြီး ထပ်ဝတ်ထားမယ်... ရုံးမှာ နေပုံ ထိုင်ပုံကို ကြည့်လိုက်မယ် ဆိုရင်လည်း ကောင်းကောင်း ထိုင်တာ ရှားတယ်... အမြဲ ပျင်းရိပျင်းရွဲ... ထိုင်ခုံထဲကို ပုဝင်လို့ရယ်... လျောလျောကြီး ထိုင်တာကိုး...

ပြီးတော့ သူမဟာ ကိုယ့်ဘာကိုယ် မိန်းကလေးဆိုတာ သိရဲ့လားတောင် မသိဘူး... သူမ သူငယ်ချင်း ShinAh ဆီမှာစကား သွားပြောနေပြီဆိုရင် ခြေနှစ်ချောင်း တွဲလောင်းချပြီး စားပွဲပေါ်တက်ထိုင်နေတာ ချည်းပဲတွေ့ရတယ်...

(ရပ်ပြီးပြောလေ... ရပ်မပြောချင်လည်း ထိုင်ခုံတွေ ပေါမှပေါ... ယူထိုင်ပါလား... ကဲ...) သူစိတ်ထဲမှာ အမြဲ ပြောမိတယ်... သူမရဲ့ အပြုအမူတိုင်းဟာ Yoongi သူ့ကိုယ်သူ မှန်ထဲ ပြန်ကြည့်နေရသလား မှတ်ရတယ်...

~~~~~~~~~~

မိုးဖွဲဖွဲလေး ရွာနေတဲ့ တစ်နေ့ အလုပ်ကိုလာတဲ့ လမ်းမှာ Yoongi လမ်းတစ်ဖက်ကနေ hoodie ကြီးဆောင်းပြီး headphone ကြီးတပ်လို့ ငိုက်စိုက် ငိုက်စိုက် လမ်းလျှောက်လာတဲ့ Haneul ကို လှမ်းတွေ့တယ်...

(ဒီတစ်ယောက်ကတော့ မိုးရွာနေတာကို ထီးလည်းမဆောင်းဘူး... ဘယ်လိုဟာလေးလဲ မသိဘူး...) ဆို Yoongi တွေးမိတယ်...

နောက်တော့မှ သူပြန်ကြည့်မိတာ သူလည်း ဘာထူးလဲ ထီးထုတ်ရမှာ ပျင်းလို့ hoodie ကြီးဝတ်ထားတာပဲကို... (ဒါပေမယ့် သူက မိန်ကလေးလေ...) သူ့ အတွေးထဲမှာသူ အဒွန့်တက်လိုက်သေးတယ်...

~~~~~~~~~~

နောက်တစ်နေ့ အလုပ်က အပြန် မိုးရွာတော့လည်း Haneul ကိုတွေ့ပြန်ပြီ... ဒီတစ်ခေါက်က အပျင်းထူတဲ့Yoongi တောင် ထီးထုတ်ဆောင်းရတဲ့ အခြေအနေ... ဒါကို Haneul က မိုးရေထဲ အနွေးထည်ခြုံပြီး ခပ်သွက်သွက်လျှောက်နေတယ်...

(aishhh... ဒီကောင်မလေးတော့ အအေးမိပြီး သေကုန်တော့မှာပဲ... ဒီလောက်မိုးရွာနေတာတောင် ထီးမဆောင်းသေးဘူး...) Yoongi စိတ်တိုတိုနဲ့ သူ့ဘာသူ ရေရွတ်လိုက်မိတယ်...

(မဖြစ်သေးပါဘူးလေ...) ဆိုပြီး သူမကို ထီးလိုက်ဆောင်းပေးဖို့ သူမနောက်ကို အမှီလေးလိုက်လာခဲ့တယ်... အဲ့ဒါကို ဘယ်ကနေ ဘယ်လိုပေါ်လာမှန်း မသိတဲ့ Jung Hoseok က သူ့ရှေ့ကနေဦးပြီး Haneul ကိုထီးသွားဆောင်းပေးလိုက်တယ်...

Yoongi တစ်ယောက် စိတ်ထဲမှာ ဟာခနဲ အားမလိုအားမရ ဖြစ်သွားတယ်... သူတော်တော်လေး နီးနေပြီကိုး... ဒါနဲ့ပဲ သူတို့ နှစ်ယောက်နောက်ကနေ ဆက်လိုက်လာတော့ သူတို့ စကားပြောနေတာတွေ ကြားရတယ်... Haneul က ဒီတစ်ခေါက်က ထီးမေ့ခဲ့တာတဲ့...

နောက်မှ Yoongi စိတ်အေးရတာက Hoseok ကHaneul ကို စိတ်ဝင်စားနေတာ မဟုတ်ဘူးဆိုတာပဲ... ယောကျာ်းလေး အချင်းချင်းဆိုတော့ သိနေတယ်လေ... Hoseok တစ်လမ်းလုံး စကားရှာပြီး မေးနေတာ ပြောနေတာတွေက ShinAh အကြောင်းတွေချည်းပဲကိုး...

Haneul လည်းသိတယ်... Hoseok က သူမကို လာထီးဆောင်းပေးတော့ စိတ်တောင်ညစ် သွားတယ်... သူမနောက်မှာ Yoongi ပါလာမှန်း သူမ သိတယ်လေ...

သူမကို မိုးရေထဲမှာ Yoongi က အမြင်မတော်လို့ ထီးလာဆောင်း ပေးလိမ့်မယ်လို့ ရိုမန်းတစ် ဆန်ဆန် မျှော်လင့်ထားခဲ့တာပေါ့... အခုလို အောင်သွယ်ခိုင်းမယ့်လူက ဖားတဲ့ အနေနဲ့ ထီးလာဆောင်းပေးတာမျိုးတော့ မလိုချင်ပါဘူး... အခုဆို Yoongi တစ်မျိုး ထင်သွားမှာတောင် သူမ စိတ်ပူနေရတယ်...

~~~~~~~~~~

to be continued...

BTS Fanfic by

Yamin Ohmar

=========================

[Zawgyi]

ဒီေန႔ သူတို႔ရံုးထဲမွာပဲ အျပင္စာ မွာ စားၾကတယ္... Pantry area က စားပြဲအသီးသီးမွာ Haneul အပါအဝင္ အကုန္ ေနရာယူၿပီး သြားၾကၿပီ... Yoongi တစ္ေယာက္ပဲ ေနာက္က်မွ ေရာက္လာတယ္...

သူလာေတာ့ စားပြဲက ျပည့္ေနၿပီ... တစ္ခံုပဲ လြတ္တယ္... အဲ့ဒါက Sojin ေဘး... Haneul အဲ့ဒါေတြ႕တယ္... သူမ သူ႔ကို Sojin ေဘးမထိုင္ေစခ်င္ဘူး... ကိုယ္ crush ေနတဲ့ ေကာင္ေလးကို ဘယ္သူက ေကာင္မေလး ေခ်ာေခ်ာေဘး ထိုင္ေစခ်င္မွာလဲ...

Yoongi က Sojin နား ေရာက္သြားၿပီ... ဒါေပမယ့္ တျခားေနရာေတြမ်ား က်န္ေသးလားလို႔ ေလွ်ာက္ၾကည့္ရင္းနဲ႔ Haneul သူ႔ကို လွမ္းၾကည့္ေနတာကို ေတြ႕သြားတယ္...

Haneul လည္း Yoongi သူမ သူ႔ကို ၾကည့္ေနတာ ျမင္သြားတာေၾကာင့္ ရွက္ရွက္နဲ႔ ေခါင္းခ်က္ခ်င္း ငံု႔လိုက္ၿပီးေရွ႕မွာရွိတဲ့ အစားအေသာက္ကိုပဲ ကုန္းစားေနလိုက္ေတာ့တယ္...

ခဏေနေတာ့ Haneul တစ္ေယာက္ Yoongi ဘက္ဆီျပန္လွမ္းၾကည့္တာ Sojin ေဘးမွာသူ႔ကို မေတြ႕ပဲ Yoongi ရဲ႕ ေဘာ္ဒါ Jimin ကို သြားေတြ႕တယ္... Yoongi ကက်ေတာ့ ခုဏက Jimin ထိုင္ခဲ့တဲ့ ေနရာမွာထိုင္ၿပီး စားေနတယ္... သူမကိုေက်ာေပးထားတယ္...

ဘယ္လိုကေန ဘယ္လို အဲ့ေနရာ ေရာက္သြားလဲဆိုတာေတာ့ သူမ ဘယ္ေတာ့မွ သိမွာ မဟုတ္ဘူး...

အမွန္က Yoongi တစ္ေယာက္ Haneul သူ႔ကို ၾကည့္ေနတာ ျမင္ေတာ့ ထိုင္စရာ ေနရာ မရွိေတာင္Haneul အထင္လြဲမွာ စိုးလို႔ Sojin ေဘးမွာ မထိုင္ခ်င္ဘူး... ဒါနဲ႔ Jimin နဲ႔ေနရာလဲ လိုက္တာ... Jimin ကေတာ့ ေၾကာင္သြားေပမယ့္ Sojin ေဘးမွာထိုင္ရေတာ့ ေပ်ာ္ေနတယ္ေလ...

အဲ့မွာတင္ Yoongi သူ႔ကိုယ္သူ နားလည္သြားတာ သူႀကိဳက္ေနတာ Sojin မဟုတ္ပဲ Haneul ျဖစ္ေနတယ္ဆိုတာကိုပဲ...

~~~~~~~~~~

Yoongi က Haneul ကို ျကိဳက္သာ ႀကိဳက္တယ္ သူမကို သူသေဘာသိပ္က် လွတာ မဟုတ္ဘူး... သူမဟာ ဘယ္ေတာ့မွ ျပင္ျပင္ဆင္ဆင္ ေနတယ္ဆိုတာ မရွိဘူး...

ၾကည့္လိုက္ရင္ တီရွပ္နဲ႔ ဂ်င္းစ္နဲ႔ပဲ... တခါတေလအေႏြးထည္ ပြပြႀကီး ထပ္ဝတ္ထားမယ္... ရံုးမွာ ေနပံု ထိုင္ပံုကို ၾကည့္လိုက္မယ္ ဆိုရင္လည္း ေကာင္းေကာင္း ထိုင္တာ ရွားတယ္... အၿမဲ ပ်င္းရိပ်င္းရြဲ... ထိုင္ခံုထဲကို ပုဝင္လို႔ရယ္... ေလ်ာေလ်ာႀကီး ထိုင္တာကိုး...

ၿပီးေတာ့ သူမဟာ ကိုယ့္ဘာကိုယ္ မိန္းကေလးဆိုတာ သိရဲ႕လားေတာင္ မသိဘူး... သူမ သူငယ္ခ်င္း ShinAh ဆီမွာစကား သြားေျပာေနၿပီဆိုရင္ ေျခႏွစ္ေခ်ာင္း တြဲေလာင္းခ်ၿပီး စားပြဲေပၚတက္ထိုင္ေနတာ ခ်ည္းပဲေတြ႕ရတယ္...

(ရပ္ၿပီးေျပာေလ... ရပ္မေျပာခ်င္လည္း ထိုင္ခံုေတြ ေပါမွေပါ... ယူထိုင္ပါလား... ကဲ...) သူစိတ္ထဲမွာ အၿမဲ ေျပာမိတယ္... သူမရဲ႕ အျပဳအမူတိုင္းဟာ Yoongi သူ႔ကိုယ္သူ မွန္ထဲ ျပန္ၾကည့္ေနရသလား မွတ္ရတယ္...

~~~~~~~~~~

မိုးဖြဲဖြဲေလး ရြာေနတဲ့ တစ္ေန႔ အလုပ္ကိုလာတဲ့ လမ္းမွာ Yoongi လမ္းတစ္ဖက္ကေန hoodie ႀကီးေဆာင္းၿပီး headphone ႀကီးတပ္လို႔ ငိုက္စိုက္ ငိုက္စိုက္ လမ္းေလွ်ာက္လာတဲ့ Haneul ကို လွမ္းေတြ႕တယ္...

(ဒီတစ္ေယာက္ကေတာ့ မိုးရြာေနတာကို ထီးလည္းမေဆာင္းဘူး... ဘယ္လိုဟာေလးလဲ မသိဘူး...) ဆို Yoongi ေတြးမိတယ္...

ေနာက္ေတာ့မွ သူျပန္ၾကည့္မိတာ သူလည္း ဘာထူးလဲ ထီးထုတ္ရမွာ ပ်င္းလို႔ hoodie ႀကီးဝတ္ထားတာပဲကို... (ဒါေပမယ့္ သူက မိန္ကေလးေလ...) သူ႔ အေတြးထဲမွာသူ အဒြန္႔တက္လိုက္ေသးတယ္...

~~~~~~~~~~

ေနာက္တစ္ေန႔ အလုပ္က အျပန္ မိုးရြာေတာ့လည္း Haneul ကိုေတြ႕ျပန္ၿပီ... ဒီတစ္ေခါက္က အပ်င္းထူတဲ့Yoongi ေတာင္ ထီးထုတ္ေဆာင္းရတဲ့ အေျခအေန... ဒါကို Haneul က မိုးေရထဲ အေႏြးထည္ျခံဳၿပီး ခပ္သြက္သြက္ေလွ်ာက္ေနတယ္...

(aishhh... ဒီေကာင္မေလးေတာ့ အေအးမိၿပီး ေသကုန္ေတာ့မွာပဲ... ဒီေလာက္မိုးရြာေနတာေတာင္ ထီးမေဆာင္းေသးဘူး...) Yoongi စိတ္တိုတိုနဲ႔ သူ႔ဘာသူ ေရရြတ္လိုက္မိတယ္...

(မျဖစ္ေသးပါဘူးေလ...) ဆိုၿပီး သူမကို ထီးလိုက္ေဆာင္းေပးဖို႔ သူမေနာက္ကို အမွီေလးလိုက္လာခဲ့တယ္... အဲ့ဒါကို ဘယ္ကေန ဘယ္လိုေပၚလာမွန္း မသိတဲ့ Jung Hoseok က သူ႔ေရွ႕ကေနဦးၿပီး Haneul ကိုထီးသြားေဆာင္းေပးလိုက္တယ္...

Yoongi တစ္ေယာက္ စိတ္ထဲမွာ ဟာခနဲ အားမလိုအားမရ ျဖစ္သြားတယ္... သူေတာ္ေတာ္ေလး နီးေနၿပီကိုး... ဒါနဲ႔ပဲ သူတို႔ ႏွစ္ေယာက္ေနာက္ကေန ဆက္လိုက္လာေတာ့ သူတို႔ စကားေျပာေနတာေတြ ၾကားရတယ္... Haneul က ဒီတစ္ေခါက္က ထီးေမ့ခဲ့တာတဲ့...

ေနာက္မွ Yoongi စိတ္ေအးရတာက Hoseok ကHaneul ကို စိတ္ဝင္စားေနတာ မဟုတ္ဘူးဆိုတာပဲ... ေယာက်ာ္းေလး အခ်င္းခ်င္းဆိုေတာ့ သိေနတယ္ေလ... Hoseok တစ္လမ္းလံုး စကားရွာၿပီး ေမးေနတာ ေျပာေနတာေတြက ShinAh အေၾကာင္းေတြခ်ည္းပဲကိုး...

Haneul လည္းသိတယ္... Hoseok က သူမကို လာထီးေဆာင္းေပးေတာ့ စိတ္ေတာင္ညစ္ သြားတယ္... သူမေနာက္မွာ Yoongi ပါလာမွန္း သူမ သိတယ္ေလ...

သူမကို မိုးေရထဲမွာ Yoongi က အျမင္မေတာ္လို႔ ထီးလာေဆာင္း ေပးလိမ့္မယ္လို႔ ႐ိုမန္းတစ္ ဆန္ဆန္ ေမွ်ာ္လင့္ထားခဲ့တာေပါ့... အခုလို ေအာင္သြယ္ခိုင္းမယ့္လူက ဖားတဲ့ အေနနဲ႔ ထီးလာေဆာင္းေပးတာမ်ိဳးေတာ့ မလိုခ်င္ပါဘူး... အခုဆို Yoongi တစ္မ်ိဳး ထင္သြားမွာေတာင္ သူမ စိတ္ပူေနရတယ္...

~~~~~~~~~~

to be continued...

BTS Fanfic by

Yamin Ohmar

Continue Reading

You'll Also Like

214K 6.1K 73
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
8.5K 1.1K 15
ဘဝမှာအိမ်ကလေးတစ်လုံး ပိုင်ဆိုင်ထားရင် လက်မလွှတ်ပါနဲ့။ Houseသည် အိမ်တစ်လုံး သက်သက်သာဖြစ်ပြီး Homeသည် နွေးထွေးကြင်နာမှုအပြည့်နဲ့ ထာဝရလက်ကမ်းကြိုဆိုနေမဲ...
87.9K 9.5K 29
If I could change the fact that I love you... Jk x Nabi Taehyung x Jiae Cremie's third completed fiction. August 24, 2020 - January 4, 2021 #cremie
714K 26.3K 101
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...