"အဲ့ကောင်လေးဟာလေ…အရမ်းဆိုးတာ
…သားကို ကြိုခိုင်းတာလည်းမသွားဘူး
…တကယ်ပါပဲ သားတစ်ယောက်တည်း
လာရတာ ပင်ပန်းနေမှာပဲ…"
"ရပါတယ် ဦးရဲ့ ကိစ္စမရှိပါဘူး…ကျွန်
တော်က ခရီးသွားနေကြဆိုတော့ မပင်
ပန်းတော့ဘူးဗျ…"
ကျွန်တော် ခပ်ပြုံးပြုံးလေးပြောလိုက်
တော့မှ ဦးပြုံးသွားလေသည်…အားနာနေ
တဲ့ အပြုံးလေး…
"သား chan yeol!!"
"ဟုတ်ကဲ့…"
"ညီလေးလာရင် ကိုယ်ကအကြီးဆိုတော့
အလိုလိုက်ပေးနော်…ကလေးကို ကောင်း
ကောင်းဆက်ဆံ"
"ဟာ!! မေမေကလည်း သားကလူဆိုး
ကြီးကျနေတာပဲ!!"
ကျွန်တော့်စကားကြောင့် ဦးနဲ့ မေမေက
ရယ်လေရဲ့…မေမေ့မျက်နှာလေး တောက်ပနေလိုက်တာ…
ကျေးဇူးတင်ပါတယ်ဦး…ဖေဖေမရှိတော့
တဲ့ နောက်ပိုင်း မေမေအရမ်းပင်ပန်းနေခဲ့
တာ…ဦးမေမေ့ကို ဒီလိုလေး အမြဲပြုံးနေ
နိုင်အောင် လုပ်ပေးပါနော်…
စိတ်ထဲက တောင်းဆိုမိတဲ့စကားလေး…
မေမေပျော်ရင် ကျွန်တော်ပျော်ပါတယ်
လေ
"ဒီကလေးဟာလေ မှောင်တောင်မှောင်
တော့မယ်…ပြန်မလာနိုင်သေးဘူး…ပြန်
လာရင်တော့ ဆူဦးမှပဲ…"
"မဆူပါနဲ့ ကိုရယ်…ကျောင်းပိတ်ရက်
လေး သားငယ်က ပျင်းလို့နေမှာပေါ့…
သူလည်း လူငယ်ပဲ ပျော်!!!"
"Wu Yi Fan…အိမ်ပြန်လာပါပြီ!!"
ဦးကို ဖြောင်းဖြနေသည့် မေမေ့စကားမှာ
အိမ်တံခါးဝကနေ စူးကနဲထွက်လာတဲ့ အ
သံသြသြလေးကြောင့် ရပ်တန့်သွားလေ
သည်
"aigoo!! လျှောက်သွားရတာ ခြေ
ထောက်တွေတောင်နာတယ်!! အာ!! ဒီ
ကြားထဲ ဒီဖိနပ်ကလည်းချွတ်မရဘူး…
yahh!! ဖိနပ်စုတ် ကျွတ်လေ!! ငါပစ်
ပေါက်လိုက်ရ!!"
လူမမြင်ရသေး ဖိနပ်ကို ရန်ထောင်နေ
သော ကောင်လေးအသံကြောင့် ဦးက
ကျွန်တော့်ကို ပြုံးပြလေသည်…မနိုင်ဘူး
ဆိုတဲ့ အပြုံးလေး
ကျွန်တော်လည်း အဟင်းဟုသာ ရယ်ပြ
ရင်း ထိုကောင်လေးနှင့်ရှေ့ဆက်ရမည့်
အကြောင်းကို တွေးရင်း ရင်လေးမိပါရဲ့
ခြေပြင်းပြင်းဆောင့်ရင်း ထိုကောင်လေး
အိမ်ထဲဝင်လာလေသည်…ဂျင်းဘောင်း
ဘီအပြဲနှင့် အပေါ်အောက်အနက်ဝတ်
ထားသည့်ကောင်လေးက ခါးတွင်လည်း
ရှပ်အနီကွက်ကိုစည်းထားသလို သားရေ ဂျာကင်အနက်ကိုလည်း ဝတ်ထားသေး သည်
လက်တွင်ဲလည်း ပတ်ထားသည့် အမျိုးစုံ
သော ကွင်းတို့ကလည်း တချွင်ချွင်မြည်
လျက်…ရွှေဝါရောင်ဆံပင်ခပ်ဝဲဝဲအောက်
က မျက်ခုံးတန်းတန်းတို့ကလည်း angry
birdလို တွန့်ချိုးလျက်…ဖိနပ်ချွတ်မရသ
ဖြင့် အလိုမကျသည့်ပုံပေါ်သည်
"Yi Fanဒီကိုလာဦး!!"
ဦးရဲ့ အမိန့်စကားကြောင့် လှေကားပေါ်
တက်နေသည့်ကောင်လေး စူပွပွနှင့်ပြန်
ဆင်းလာလေသည်
"ဟာ!! pa paကလည်းဗျာ…ပြောပြော
…အိပ်တော့မလို့ဟာကို…ပင်ပန်းနေပြီဗျ
…"
"သား ဒါကသားညီ wu yi fanလေ…
သားငယ် ဒါdaddyပြောပြောနေတဲ့ မင်း
အကိုလေ နှုတ်ဆက်လိုက်ဦး…"
"pa paကတော့လေ…သူနဲ့ နောက်
လည်းတွေ့ရမှာပဲကို…မနက်မှ မိတ်ဆက်
လည်းရ!!"
စကားပြောနေရင်း ကျွန်တော့်ဘက်လှည့်
ကြည့်လိုက်သည့် ကောင်လေးဟာ မျက်
လုံးကလေးဝိုင်းပြီး ကြောင်အအလေးဖြစ်
နေတာမို့…
"Hyungက Chan yeolပါ ညီ…တွေ့ရ
တာ ဝမ်းသာပါတယ်"
နှုတ်ဆက်ဖို့ကမ်းလိုက်တဲ့ ကျွန်တော့်
လက်ကို ဥပေက္ခာပြုပြီး သူဘာလုပ်လိုက်
တယ်ထင်လဲ
"chan yeolမင်းက ချစ်ဖို့ကောင်းတယ်"
ဆိုပြီးသူ့ထက် အသက်လေးနှစ်လောက်ကြီးတဲ့ ကျွန်တော့်ကို ရွယ်တူလိုမျိုးပြော သွားတာ
ဒါတင်မကသေးဘူး ပိုပြီးဒေါသထွက်မိ
တာက ကျွန်တော်ခေါင်းက ဆံပင်တွေကို
ခပ်ဖွဖွ ဖွသွားတာကြောင့်
Wu Yi Fanမင်းတကယ်ဆိုးတယ်!!
~~~~~
"ကျေးဇူး ညီ…"
"ရတယ် chan yeol…ကိစ္စမရှိဘူး"
အိမ်ဖော်ကောင်မလေးနှစ်ယောက် ကျွန်
တော့်အဝတ်အိတ်တွေ အခန်းထဲလာပို့ပြီး
သည်အထိ Wu yi fanဟူသော ညီအ
သစ်စက်စက်ကလေးဟာ အခန်းထဲရပ်
နေသေးတာမို့
"ညီ…hyung ရေချိုးချင်လို့…"
"အင်း…chan yeol…ရေချိုးပြီးဆင်းလာ
ခဲ့…ထမင်းစားစောင့်နေမယ်"
"ဟိုလေ ညီ!!"
ကျွန်တော် လှမ်းခေါ်လိုက်တာကြောင့် အ
ခန်းပြင်ထွက်မည့်ဆဲဆဲ သူလှည့် ကြည့် လာသည်
"hyungက မင်းထက်အသက်ကြီးတယ်
လေ…chan yeolလို့ နာမည်မခေါ်ပါနဲ့
လား"
ကျွန်တော်ပြောချင်တာကို သူသဘော
ပေါက်သည်ထင့်…သက်ပြင်းချပြီး ကျွန်
တော့်ဆီ ပြန်လျှောက်လာသည်…ကျွန်
တော့်ကို မျက်လုံးချင်းဆုံကြည့်ရင်း
"chan yeol!! ငါ မင်းကို အကိုတစ်
ယောက်လို့ မသတ်မှတ်နိုင်ဘူး!!"
"ဘာ?? Wu yi fanမင်း!!"
လွန်နေပြီ wu yi fan!! မင်းငါ့ကို အကို
တစ်ယောက်လို့ မသတ်မှတ်နိုင်ရင်
တောင် ကိုယ့်ထက်အကြီးကိုတော့ ယဉ်
ကျေးသင့်တယ်
"ရေကို အကြာကြီးစိမ်မချိုးနဲ့ chan yeol
…အအေးပတ်မယ်"
ထိုတစ်ခွန်းတည်းသာ…ကျွန်တော်ဒေါသ
ထွက်နေသည်ကို ဂရုပင်မစိုက်ဘဲ ထိုစ
ကားတစ်ခွန်းပဲပြောပြီး သူထွက်သွားခဲ့
သည်
Wu Yi Fan!! မင်းဟာလေ ဆိုးရုံတင်မ
ကဘူး…ရိုင်းပါရိုင်းတယ်
~~~~~
ထမင်းစားခန်းတွင် စောင့်နေသော ဦးနှင့်
မေမေ့ကို ကျွန်တော်ပြုံးပြလိုက်ရင်း လွတ်
သည့်နေရာတွင် ထိုင်လိုက်သည်
ထိုနေရာက ညီနှင့် မျက်နှာချင်းဆိုင်…
"သား အရမ်းကြာသွားတယ်ဦး…အားနာ
လိုက်တာ…စားနှင့်လိုက်တာမဟုတ်ဘူး"
"စားနှင့်မလို့ပဲသားရဲ့…သားငယ်လေး
လေ သားလာမှစားမယ်ဆိုပြီး စောင့်နေ
ခိုင်းလို့…"
"အာ!! ဟုတ်လားဦး!! ညီ တောင်းပန်
တယ်နော်…hyungကြာသွားတယ်"
ကျွန်တော့်ကို တစ်ချက်သာ မော့ကြည့်ပြီး
ထမင်းစားနေသည့်ညီ…
"အင်!! ငါးကြော်…"
"ဘာလို့လဲသား ငါးမစားလို့လား??"
မေ့လျော့ကာ ရေရွတ်လိုက်မိတာကို ဦးကလှမ်းမေးနေတော့ ကျွန်တော့်မှာဖြေ
ရအခက်…ဒီအရွယ်ကြီးတောင်ရောက်နေပြီ…ငါးမနွှင်တတ်ဘူးလို့ ဖြေရမှာက
လည်း ရှက်မိသား…
"မဟုတ်ဘူးကိုရဲ့…သားကငါးကြော် သိပ်ကြိုက်တာ…သူမနွှင်တတ်လို့…ငယ်ငယ်တည်းက မ, နွှင်ပေးရတာ…ကြီး
မှ သူ့ဟာသူစားတတ်အောင်ဆိုပြီး မနွှင်
ပေးတော့တာ!!"
"သြော်!!"
ဖြေရှင်းချက်ပေးနေသည့် မေမေ့စကားသံ
အဆုံး ကျွန်တော့်မှာ အရှက်ပြေရယ်ပြ
လိုက်မိသည်
"arjima…သားကို ငါးနွှင်ပေးပါဦး"
"မနွှင်နဲ့!!"
ငါးကြော်ပန်းကန်ကို လှမ်းပေးရင်းဆို
သည့်ဦးစကားကို ဖြတ်ပြောလိုက်သည့်
ညီကြောင့် ထမင်းချက်အန်တီကြီးမှာ ပန်း
ကန်ကိုလှမ်းပဲယူရမလို…မယူပဲနေရမလို
အင်တင်တင်ဖြစ်နေလေသည်
"သားငယ်!!"
ငါးပန်းကန်ကို ဆွဲယူလိုက်သည့်ညီ
ကြောင့် ဦးမှာဟန့်လိုက်သလို မေမေဟာ
လည်း မျက်နှာပျက်နေလေသည်
ညီက ပန်းကန်ကို သူ့ရှေ့ချလိုက်ရင်း ထိုင်
ရာကထသွားလေသည်
ရေကျသံကြားပြီး တအောင့်အကြာ လက်
ကို တစ်ရှူးဖြင့်သုတ်ရင်းပြန်လာသည့်ညီ
ခုံတွင် ပြန်ထိုင်လိုက်ရင်း
"ငါနွှင်ပေးမယ် chan yeol!! မင်းလိုအပ်
တာမှန်သမျှ ငါအကုန်လုပ်ပေးမယ်!!'
ထူးဆန်းသော စကားကိုဆိုလာသော
ညီကြောင့် သုံးယောက်သား ညီ့မျက်နှာ
ကို ပြိုင်တူလှမ်းကြည့်မိသည်
yi fanကတော့ ဘာကိုမှဂရုမစိုက် သည့်အလား သူ့ရှေ့က ငါးကိုသာ အာရုံစိုက်နေလေရဲ့
~
~
~