⭐️ A star of mine ⭐️ ( Comple...

بواسطة EUN-HA-

3.6K 357 55

ကိုယ်ကြယ်လေးတွေကိုအရမ်းချစ်တာပဲလို့ပြောတုန်းက သူရယ်တယ် ။ ထိတွေ့ခွင့်လည်းမရှိဘဲ မြင်နေရုံနဲ့တင် ချစ်တာလားတဲ့... المزيد

❤1❤
❤2❤
❤4❤
❤5❤
❤6❤
❤️7❤️
❤️8❤️
❤️ 9 ❤️
❤️10❤️
❤️11❤️
❤️12❤️
New fic
❤️ 13 ❤️
❤️ 14 ❤️
❤️ 15 ❤️
❤️ 16 ❤️
❤️ 17 ❤️ (Final)
⭐️ ကျေးဇူးတင်လွှာ ⭐️
A/N

❤3❤

213 20 0
بواسطة EUN-HA-

တကယ်တော့ကိုယ်ဟာ မစခင်တည်းက
ရှုံးနိမ့်ပြီးသားပါ...
အချစ်ကြီးတဲ့လူကရှုံးတာ အဆန်းတော့
မဟုတ်ဘူးရယ်...

×××××××××××××××

Sehun : Hyogin-ya ...
ခုနကပြေးထွက်သွားတာဘယ်သူလဲ?
သူငယ်ချင်းလား?

Hyogin : Umm...အင်း ဟုတ်တယ်
သိတာမကြာသေးဘူး ☺

Sehun : ဩော်... အိမ်ပြန်ရအောင်လေ နောက်ကျနေပြီကို

Hyogin : အင်း..သွားမယ်လေ
ဒါနဲ့...နောက်ဆိုခုလိုထွက်မလာနဲ့လေ
လူတွေတွေ့သွားရင် ဘယ်လိုလုပ်မလဲ

Sehun : ရပါတယ် mask ပါတာပဲ

Hyogin : မရပါဘူး
သူရပေမယ့် ဒီကမရဘူး! ကိုယ့်ကြောင့်
သူများထိခိုက်မှာကို အရမ်းမုန်းတယ်
ပြီးတော့ Sehun ကသာမန်လူလည်း
မဟုတ်...

Sehun : ရော်...မကြိုက်ရင်နောက်မလာတော့ဘူး
ဟုတ်ပြီလား?

Hyogin : ဒီလိုမှပေါ့ 😊
လိမ္မာလွန်းလို့ ဒီ noona က bubble tea ဝယ်တိုက်မယ် 😊

Sehun : တော်တော် noona ဖြစ်ချင်တယ် ဟတ်လား!
ပြီးတော့ bubble tea ကြိုက်တာဘယ်လိုသိ? ဩော်...
Exo-L မလား...မေ့နေတာ...
အင်း...ဒီလိုဆိုတော့ fan service လေးဘာလေးပေးရင်ကောင်းမလားပဲ!
ဘယ်လိုလဲ? ဒီ Oppa နဲ့ eye contact လေးလုပ်မလား? 😜😎

Hyogin : yah! လာ..လာမစနဲ့တော့
သွား...သွားမယ်...နောက်ကျနေပြီ

သူ့မျက်နှာတွေရဲတက်လာတာများ
ခရမ်းချဉ်သီးက အမေခေါ်ရလောက်တယ်
ဟဟ...တတ်လည်းတတ်နိုင်တဲ့
ကောင်မလေး!

Sehun : yah! တူတူသွားရအောင်

ရှက်ရမ်းရမ်းကာ ရှေ့ကထွက်သွားသော
သူ့ကိုအော်ခေါ်လိုက်ရင်း နောက်ကပုခုံး
ကိုဖက်လိုက်ပြီး ဘေးကနေလိုက်စနေမိ
သည်...ဘာလို့မှန်းမသိ ရှက်လို့ဖြစ်သွားတဲ့ သူ့မျက်နှာလေးကို
ခဏခဏမြင်ချင်နေမိတယ်...
သူ့ရဲ့ အူကြောင်ကြောင်အမူအရာတွေ
ကိုရော...ဝဲတဲတဲနဲ့ပြောတဲ့စကားသံလေး
တွေကိုရော...တခါခါသူတို့ဘာသာစကား
နဲ့တယောက်တည်းစကားတွေပြောနေ
တတ်တာတွေကိုရော...
သဘောကျတယ်...

သူတို့နှစ်ယောက်ရဲ့နောက်ကျောကို
Mask တပ်ထားတဲ့ကောင်လေး
တစ်ယောက်ကတော့ အထီးကျန်စွာ
ငေးကြည့်နေလေရဲ့...

*****

Suho : ဩော်..ပြန်လာကြပြီလား?

Hyogin : Nae...

Sehun : Hyung နက်ဖြန်မနက်
Schedule ရှိလား?

Suho : ဘယ်တုန်းကမရှိဖူးလို့လဲဟ!
သွား...အိပ်တော့
ပြီးတော့ နောင်ဆို ခုလိုအပြင်ထွက်

Sehun : သိပါတယ်ဗျာ...ဘလိုဖြစ်လို့
တစ်လေသံတည်းထွက်နေကြတာလဲ!😂

Hyogin ကိုကြည့်ရင်းပြောလိုက်သည်

Suho : Hyogin shi တောင်
နားလည်တယ်...မင်းသာပေါ့ပျက်ပျက်
လုပ်နာ! သွား...ငါရိုက်လိုက်ရ! 😈

Sehun : Hyung မရိုက်ရက်ဘူးဆွာ
သိပြီးသား 😛😛😛
Hyogin-ya Good night နော်
ကောင်းကောင်းအိပ်! 👋

Hyogin : အင်း ...good night!

ကျမ အခန်းထဲဝင်ဖို့ပြင်လိုက်တော့
သူ့အသံကိုကြားလိုက်သည်...

Baekhyun : Hyung ...မအိပ်သေးဘူးလား?

Suho : အေး...ခုပဲအိပ်တော့မလို့
ဘယ်ကပြန်လာတာလဲ

Baekhyun : လေညှင်းသွားခံတာ
ကျနော်ဝင်တော့မယ်

Suho : အေးအေး

သူကရောဘာလို့တယောက်တည်းအပြင်
ထွက်ရတာလဲ...
စိတ်ညစ်စရာများရှိလို့လား?
ဟာ...မဆိုင်တာကိုတွေးမိပြန်ပြီ
ကျမရဲ့ကိစ္စမှမဟုတ်ဘဲလေ
ဒီမှာနေတဲ့ခဏအတွင်း သူစိတ်အနှောင့်
အယှက်မဖြစ်အောင်နေဖို့ကမှ ကျမကိစ္စ
ပဲလေ~

မနက်ရောက်တော့ ဧည့်ခန်းထဲမှာ
အကုန်စုဝေးနေတာတွေ့ရသည်။
ကြော်ငြာရိုက်ဖို့အတွက်တိုင်ပင်နေသည်
ဟု နားစွန်နားဖျားကြားရသည်
နောက်ကျနေပြီဖြစ်သောကျမလည်း
မနက်စာပင်မစားဘဲ ထွက်လာခဲ့သည်။

ကျောင်းရောက်တော့ အတန်းချိန် ၂ ချိန်သာတက်ရမည်တဲ့..ဒါဆိုစောပြီးမှာပဲ!
Hana ကလည်း ဘယ်ရောက်နေလဲမသိ...ဖုန်းလည်း
မကိုင်!

အတန်းပြီးတော့ သွားစရာလည်းမရှိသဖြင့် အိမ်ကိုသာတန်းပြန်ခဲ့သည်..အချိန်ပိုင်း
အလုပ်စုံစမ်းထားတာကတော့ နက်ဖြန်
အကြောင်းကြားမယ်ပြောတာပါပဲ...
မြန်မြန်ပိုက်ဆံစုပြီး ဒီကထွက်သွားရမှာကို

အတွေးများနေတုန်း အိမ်ရောက်မှန်းမသိ
ရောက်လာသည်... password ရိုက်
ထည့်တော့ မှားနေသည်တဲ့
ဘုရားရေ...တစ်ယောက်ယောက်ပြောင်း
ထားတာများလား
သူတို့က ကျမကိုနေခွင့်ပြုတည်းက လျှို့ဝှက်နံပါတ်ကိုပြောပြထားသည်
သော့ကတော့ပေးမထား! ခါတိုင်းကျမအိမ်ပြန်ချိန်တိုင်း အိမ်ကဟင်းချက်အဒေါ်ကြီးရှိနေသည်မလား? ခုတော့သူမခွင့်ယူထားသည်တဲ့
ဩော်..ဟုတ်သား! နက်ဖြန်သူတို့စားဖို့
ချက်ပေးရင်ကောင်းမယ်!
အဒေါ်ကြီးလည်းမရှိဘူးဆိုတော့
ဈေးသွားဝယ်လိုက်ပါဦးမယ်လေ...

Supermarket ထဲရောက်တော့
လူတွေအုံနေသည်မို့ကြည့်လိုက်တော့
EXO တဲ့...ကြော်ငြာရိုက်မယ်ဆိုတာ
ဒီမှာထင်တယ်
တွေးရင်းလူအုပ်ကြားထဲတိုးကြည့်မိတော့
Suho Oppa ကထိုင်ရင်းသူရိုက်ပြီးတဲ့အခန်းကို
ပြန်ကြည့်နေပုံရသည်
ဘေးမှာက Baekhyun Oppa...
ပြီးတော့မိန်းကလေးတစ်ယောက်
Korea ဆိုလျှင် EXO ကလွဲ၍ ကျန်တာအကုန်စိတ်မဝင်စားသလို သိလည်းမသိချင်ခဲ့သောကျမအတွက်
သူမနာမည်ကို သိရန်ဝေးစွ...
ချောမောလှပတဲ့ မင်းသမီးတွေထဲက
တစ်ယောက်နေမှာပေါ့လေ
နှစ်ယောက်သား ပြုံးရင်းစကား
ပြောနေကြသည်...
ခဏနားတဲ့အချိန်မှာတောင် ပြုံးရယ်နေပုံ
ထောက်ရင် တော်တော်ရင်းနှီးပုံပဲ
အာ~ ဘာလို့အသုံးမကျတဲ့ မျက်ရည်တွေက...~

ထိုနေရာမှအမြန်ဆုံးလှည့်ထွက်လာလိုက်သည်.. သူ့ကိုဓာတ်ပုံထဲမှာမိန်းကလေး
တစ်ယောက်နှင့်တွဲရိုက်ထားတာတွေ့
လျှင်ပင် မျက်ရည်ပေါက်ပေါက်ကျတတ်
သောကျမက အပြင်မှာလက်တွေ့မြင်ဖို့
အဆင်သင့်မဖြစ်သေးဘူးထင်ပါရဲ့
သူ့ဘေးမှာ ဘယ်မိန်းကလေးမှကို
မရှိစေချင်တာ...
သူ့အပြုံးတွေကိုကျမတစ်ယောက်တည်းပဲ
မြင်ချင်မိတာ...
သူ့ကိုချစ်လွန်းလို့ဖြစ်လာတဲ့ အသုံးမကျ
တဲ့အတ္တတွေရယ်ပါ...
အို...တော်စမ်းပါ! ကျမမှာ အဲ့လိုတွေးပိုင်
ခွင့်ရောရှိရဲ့လား...အဟက်
ကျမအတွက်သူကမရှိမဖြစ်ဆိုပေမယ့်
သူ့အတွက်တော့ ကျမက ဘာဆိုဘာမှ
မဟုတ်ဘူးမလား...
ကိုယ့်နေရာကိုယ်သိစမ်းပါ Hyogin ရယ်~

လိုအပ်သည်များကိုဝယ်ပြီး အိမ်ပြန်လာ
တော့သူတို့မရောက်သေး...
မတတ်နိုင်ဘူးလေ ဒီမှာပဲထိုင်စောင့်တာ
ပေါ့ Sehun ကိုလှမ်းဖုန်းဆက်မေးရင်
ရပေမယ့် အနှောင့်အယှက်မပေးချင်တာ
ကတစ်ကြောင်း၊ သူမအားလို့ တခြားသူ
များဖုန်းလာကိုင်ရင် ခက်ရချည်ရဲ့ဆိုပြီး
တံခါးရှေ့မှာဘဲ ထိုင်စောင့်ရန်ဆုံးဖြတ်
လိုက်သည်။
Korea ၏အအေးဒဏ်ကပေါ့သေးသေး
တော့မဟုတ်၊ ချမ်းလွန်းသဖြင့် တံခါးရှေ့တွင် ဒူးကိုပိုက်ကာကွေးနေရသည်။
နောက်တော့မှေးကနဲဖြစ်သွားတော့သည်
ပြန်နိုးလာတော့ ကျမကိုပြူးကြည့်နေသော သူတို့!

Sehun : Hyogin-ya အထဲမဝင်ဘဲဘာလုပ်နေတာလဲ?
ဒုက္ခပါပဲ! ဒီလောက်အေးနေတာကို!

ပြောရင်းသူ့အနွေးထည်ကို လာခြုံပေးလေသည်။

Hyogin : ဟို...password ကမှားနေတယ်တဲ့ ပြောင်းထားတာလား
မသိဘူး

Suho : yahh ဘယ်သူပြောင်းတာလဲ?

Baekhyun : ကျနော်ပြောင်းထားတာ
ပြောဖို့မေ့နေတယ်...miya

Sehun : Hyung!!! ပြောင်းထား
ရင်လည်းသေချာပြောရမှာပေါ့..
ဒီလောက်အေးနေတာကိုသူထိုင်စောင့်နေရတယ်...ခုတော့

Hyogin : Sehun-na...ရပါတယ်
ဟို...ကျမဘာမှမဖြစ်ပါဘူး Baekhyun Oppa.

Baekhyun : မေးမိလို့လား?
ပြီးတော့ ကျေးဇူးပြုပြီး ကွကိုယ်အေးဆေး
နေပေးပါလား? လူတိုင်းကိုလိုက်စိတ်ပူနေရအောင်မလုပ်ဘဲနဲ့...

ဒုန်း~ (တံခါးပိတ်သံ)

သူကခုဘာပြောသွားတာလဲ...ဩော်
သူ့မျက်စိရှေ့မှာမမြင်ချင်တာလား
ငါက သူ့အပြစ်လို့ထင်မှာစိုးလို့ပြောမိတာ
ကို...
အာ~ ဟုတ်သား...ငါကဘာမှမဟုတ်ဘူး
လေ...ဘာမှမဟုတ်တဲ့အတွက် သူတို့ကို
အာရုံစိုက်မိအောင်လုပ်လို့မဖြစ်ဘူးမလား
သူတို့ကို ငါ့ကြောင့်ထပ်ပင်ပန်းအောင်
လုပ်လို့မဖြစ်ဘူးမလား..
ဟုတ်တယ်...ထွက်သွားရမယ်....

အရူးလိုသာပြေးထွက်ခဲ့တာ တကယ်တော့ သွားစရာနေရာမှမရှိဘဲ...
ဟက်ဟက်...လောကကြီးကအရမ်းတရား
တာပဲ... တကယ်ဆိုငါလည်းတခါလောက်
တော့ သူ့ကိုပိုင်ဆိုင်ချင်တာပေါ့...
တခါလောက်ပဲ သူ့အနားမှာရှိချင်တာပေါ့
တခါလောက်ပဲ သူ့အတွက်ဖြစ်ပေးချင်တာပေါ့...
တခါလောက်ပဲ...တခါလောက်ပဲ......

တခါတရံလောက်တော့လောကကြီးသည်
ကျမဆန္ဒတွေကို နားလည်ပေးဖို့
ကောင်းပါသည်

Sehun : ဒီမှာဘာလုပ်နေတာလဲ!
လာ~ အိမ်ပြန်မယ်

Hyogin : အာ...ဘာလုပ်ဖို့လိုက်လာ
တာလဲ? ဒီနားမှာဝယ်စရာရှိလို့ခဏလာတာ
ပြီး...ပြီးရင်ပြန်လာမှာပေါ့

Sehun : ဟုတ်လား? ဒါဆိုဘာဝယ်လာလဲ ..ပြ

Hyogin : အမ်..အဲ့ဒါ....အဲ့ဒါကလေ

Sehun :လိမ်ပြောမနေပါနဲ့...လိမ်တတ်
တာလည်းမဟုတ်ဘဲနဲ့...ကျမလိမ်ပြော
နေတာပါ ဆိုပြီး ဟောဒီနဖူးကြီးမှာကပ်
ထားတာမြင်နေရတယ် !
ရော့...မျက်ရည်တွေသုတ်လိုက်ဦး

Hyogin : အမ်...မငိုပါဘူး

Sehun : တွေ့လား! ပြောနေရင်းက
အာ့ဆိုဒါတွေကဘာတွေလဲ! ဟွန်း
ညစ်ပေတူးလေး!

Sehun ကပြောရင်း မျက်နှာကိုလာသုတ်ပေးနေသည်...
အဲ့လောက်လည်းဂရုမစိုက်ပါနဲ့လား
တချိန်ကျရင် ဘာပဲဖြစ်ဖြစ်ထွက်သွားရ
မယ့်လူအပေါ်ကို!

Hyogin : အာ..ရပါတယ်
ကွကိုယ်သုတ်မှာပေါ့

Sehun : Baekhyunee hyung ပြောတာကို စိတ်ထဲမထားပါနဲ့
စိတ်လည်းမဆိုးနဲ့နော်
ဒီနေ့သူစိတ်နည်းနည်းရှုပ်နေလို့!
သူကသဘောကောင်းပါတယ်

Hyogin : Arniya~ ဘာမဖြစ်ပါဘူး
သူဘယ်လောက်သဘောကောင်းလဲ
ဘယ်လောက်ဖြူစင်လဲ...ဘယ်လောက်
အပြစ်ကင်းလဲဆိုတာ Hyogin ကောင်းကောင်းသိတာပေါ့

Sehun : အမ်?

Hyogin : နှစ်တွေအကြာကြီးအဝေးက
ဘဲငေးကြည့်ခဲ့ရပေမယ့် သူ့မျက်နှာတစ်ချက်ပျက်တာကအစ
သတိထားမိလောက်အောင်ကို သူ့ကိုသိပါ
တယ်... သူပျော်ရင်လိုက်ပျော်ခဲ့ပြီး
သူဝမ်းနည်းရင်လိုက်ဝမ်းနည်းတယ်...
သူငိုရင်လိုက်ငိုပြီး ကြည့်နေရုံအပြင် ဘာမှမတတ်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း
သေလောက်အောင်မုန်းမိတယ်....😢
အာ~ ဘာတွေပြောမိနေတာလဲမသိဘူး
Sehun-na စိတ်ရှုပ်သွားရင်
တောင်းပန်ပါတယ်...

Sehun : ဒါနဲ့မေးစရာရှိတယ် Hyogin-ya...
Baekhyunee hyung ကိုတကယ်
ကြိုက်တာလား?
Idol တျောက်အနေနဲ့မဟုတ်ဘဲ
fan တျောက်ထက်ပိုပြီး တကယ်....
တကယ်ချစ်တာလားလို့???

TBC
By Baekever44
🌞 Following the light..

Thanks for reading...

واصل القراءة

ستعجبك أيضاً

3.6K 695 9
එක් වැසිබර දවසක BTSලාගේ ජීවිතේ සදහටම වෙනස් උනා.. අවුරුදු 5කට පස්සේ ජීසෝ ජන්ග්කුක් මුණ ගැහෙනවා අහම්බෙන්.. ඒත් ඒක අහම්බයක් නෙමෙයි ඒක දෛවය.. මේ දෙන්නට...
270K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
2.8K 196 7
Medical Return Burmese Translation Webtoon Doctor Kim JinHyun lost everything in his life. But his life is helped by the maid of heaven who was saved...
2.5M 249K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...