❤️ 9 ❤️

173 19 3
                                    

ကိုယ်ကြယ်လေးတွေကိုအရမ်းချစ်တာပဲလို့ပြောတုန်းက
သူရယ်တယ် ထိတွေ့ခွင့်လည်းမရှိဘဲ မြင်နေရုံနဲ့တင်
ချစ်တာလားတဲ့
တကယ်ဆို သူလည်းကြယ်ဆန်တာပဲလေ
သူ့အလင်းရောင်ကိုမြင်နေရပေမယ့် နီးစပ်ဖို့ရာ
မတတ်နိုင်တာမျိုး ...

####################

" ငါခုလည်း နင့်ကို မြင်ပါတယ် Sehun-na !
နင်ကငါ့အတွက် နှစ်ယောက်မရှိတဲ့ သူငယ်ချင်းကောင်းပါ ။
အစ်ကိုတစ်ယောက်လိုမျိုး အားကိုးရတဲ့ ၊ ယုံကြည်ရတဲ့
သူငယ်ချင်းကောင်းပါ ... အဲ့အတွက်လည်း တကယ်ကို
ကျေးဇူးတင်ပါတယ် "

" ကျေးဇူးတင်ခံရဖို့အတွက် လုပ်ပေးနေတာမဟုတ်ဘူး
Hyogin ! ငါ့နောက်ကို ယုံကြည်ပြီး လိုက်ခဲ့ဖို့ပြောနေတာ "

" အရင်ကလည်း ပြောဖူးပါတယ် .. ငါ့အတွက်နဲ့ တခြားသူ
တွေထိခိုက်မှာကို အရမ်းမုန်းတယ်ဆိုတာ ။
အခုကိစ္စကိုပဲကြည့်လေ ... မတော်ရင် အကုန်ပြန့်ကုန်တော့
မလို့ ! ကိုယ်တန်ဖိုးထားရတဲ့အရာတွေ .. အထူးသဖြင့်
EXO ကို ပျက်စီးဖို့မပြောနဲ့ ... စကားလုံးတွေနဲ့တောင်
အထိခိုက်မခံနိုင်ဘူး Sehun-ya ! အဲ့လောက်ထိ
တန်ဖိုးထားပြီး ချစ်တာပါ "

" အင်း ... သိတယ် "

" ............ "

" အဲ့ဒါဆို နားတော့ ... ငါသွားပြီ ...နောက်မှ
ထပ်ပြောကြတာပေါ့ "

" အင်း ... ကောင်းကောင်းသွား "

ပြဿနာတွေက ဒီလောက်ထိရှုပ်သွားမယ်လို့ ဘယ်တုန်းကမှ
မတွေးခဲ့ဖူးဘူး ။ ကိုယ်တန်ဖိုးထားရတဲ့ ကိုယ့်ရဲ့ကြယ်လေး
ကို တခါလောက်ပဲဖြစ်ဖြစ် ဆုပ်ကိုင်ခွင့်ရချင်ခဲ့မိတဲ့
ကိုယ့်အမှားလား ?
ဘယ်သူ့အတွက်မှ ထည့်မတွေးပေးဘဲ ရက်စက်တတ်တဲ့
ကံကြမ္မာကိုဘဲ အပြစ်ပြောရမလား ?
အဖြေမရနိုင်သော ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းဖို့ကြိုးစားရင်း
အိပ်မပျော်သော ညတစ်ညထပ်တိုးခဲ့လေသည်။

မနက်အိပ်ရာနိုးတော့ ခေါင်းနည်းနည်းကိုက်နေသည်မို့
ဆန်ပြုတ်စားကာ ဆေးအမြန်သောက်လိုက်ရသည်။
ညက တော်တော်နဲ့အိပ်မပျော်ဘဲ မနက်လင်းခါနီးမှ ခဏအိပ်
ပျော်သွားရာက ခုမှပြန်နိုးသည်။

⭐️ A star of mine ⭐️ ( Completed )Where stories live. Discover now