❤️ 17 ❤️ (Final)

178 17 5
                                    

Playlist -
EXO " Universe "

ကိုယ်ဟာ ...
တခါတလေ သူ့ကိုပိုင်ဆိုင်ချင်မိပြီး ...
တခါတလေတော့ ကိုယ့်ထက်အဆပေါင်းများစွာသာတဲ့လူနဲ့ သူ့ရဲ့အနာဂတ်ကို
ကိုယ်ကိုယ်တိုင် ပုံဖော်ပေးလေ့ရှိပါတယ် ...။

တစ်ခုကတော့ ရူးသွပ်စွာမြတ်နိုးရခြင်းဖြစ်ပြီး
နောက်တစ်ခုကတော့ ဝမ်းနည်း
သိမ်ငယ်ရခြင်းဖြစ်ပါတယ် ...။

တစ်ခုကတော့ မှားယွင်းစွာအတ္တကြီးမိခြင်း
ဖြစ်ပြီး နောက်တစ်ခုကတော့ နာကျင်စွာ
လက်လွှတ်ပေးမိခြင်းဖြစ်ပါတယ် ... ။

တစ်ခုကတော့ ဘယ်တော့မှနိုးမထချင်တဲ့
အိပ်မက်တွေဖြစ်ပြီး ...
နောက်တစ်ခုကတော့ လက်မခံချင်လို့
မသိချင်ယောင်ဆောင်ထားမိတဲ့ အမှန်တရား
တွေဖြစ်ပါတယ် ... ။

အဲ့လိုပါပဲ ... ကိုယ်ဟာ ရူးသွပ်နာကျင်စွာနဲ့
သူ့ကိုချစ်ပါတယ် ... ။

🌻

########################

ဆေးရုံက Vvip အခန်းထဲမှာလဲလျောင်းနေတဲ့ သူ့ပုံစံဟာ
တော်တော်ကို စိတ်ထိခိုက်စေသည်။
နေကောင်းသွားပြီလို့ ပြောပေမယ့်ဖြူဖျော့နေတဲ့သူ့မျက်နှာ
က အရင်လိုကြည်လင်နေပြီး ကလေးတစ်ယောက်လို
အမြဲဖြစ်နေတတ်တာနဲ့ကွာခြားနေသည် ။

" Sehun nah ... နေကောင်းအောင်နေပါဆိုတာကို "

" Hyogin... တကယ် Hyogin လား ??? "

" အင်းလေ ... ငါပါ "

" တော်သေးတာပေါ့ .... ကိုယ်...ကိုယ်ကြောက်နေခဲ့တာ ....
မင်းကိုလာခေါ်မှာကိုပေးမသွားကြဘူး Gin ya ~
တောင်းပန်ပါတယ် "

" မဟုတ်ဘူးလေ Hun ya ... ဘာလို့တောင်းပန်ရမှာလဲ ?
ငါကိုယ်တိုင်ရွေးချယ်ခဲ့တာလေ .. အဲ့ဒါကြောင့် ကိုယ့်ကိုယ်
ကို အပြစ်မတင်ပါနဲ့ဆိုတာ ... ငါပြောခဲ့တယ်လေ.. "

" ကိုယ် ... ကိုယ်မင်းမရှိရင် အဆင်မပြေဘူး ..တကယ် ..~
အရင်လိုပင်ပန်းလာတဲ့အခါ စနောက်,ဟာသတွေပြောပြီး
အမောပြေစေတဲ့မင်းမရှိတာ အဆင်မပြေဘူး ...
အဲ့လိုမလုပ်ဘဲ ပြန်လာပေးပါ ... ကိုယ်အားလုံးကို
စွန့်လွှတ်နိုင်တာမို့လို့ တူတူထွက်သွားကြမလား?
အဝေးကြီးကို ...
ဟင် ? "

⭐️ A star of mine ⭐️ ( Completed )Where stories live. Discover now