ပန္းမဟုတ္ေသာ ပန္းတစ္ပြင့္အေၾက...

By L_8894

645K 59.7K 2.5K

Written By ~Jinn Jar More

အသိေပးလႊာ
အပိုင္း ( ၁ )
အပိုင္း ( ၂ )
အပိုင္း ( ၃ )
အပိုင္း ( ၄ )
အပိုင္း ( ၅ )
အပိုင္း ( ၆ )
အပိုင္း( ၇ )
အပိုင္း( ၈ )
အပိုင္း( ၉ )
အပိုင္း( ၁၀ )
အပိုင္း( ၁၁ )
အပိုင္း ( ၁၂ )
အပိုင္း( ၁၃ )
အပိုင္း( ၁၄ )
အပိုင္း( ၁၅ )
အပိုင္း ( ၁၆ )

ဇာတ္သိမ္းပိုင္း

57.5K 5.1K 828
By L_8894

ပန္းမဟုတ္ေသာ ပန္းတစ္ပြင့္ အေၾကာင္း (ဇာတ္သိမ္းပိုင္း)

ကုိကုိေလးေမေမကုိၾကည့္ကာ စိတ္ထဲနင့္ေနေအာင္ခံစားရသည္။ ညီညီငယ္ကိစၥေၾကာင့္ သူေက်ာင္းကုိ ၿပန္မသြားသည္က ႏွစ္ပတ္ပင္ရွိခဲ့ၿပီး၊ ေက်ာင္းလည္းတက္ခ်င္စိတ္မရွိေတာ့ေခ်။ ေမေမကေတာ့ အိမ္ေရာက္သည္ႏွင့္ အိပ္ယာထဲလဲပါေတာ့သည္။ အိပ္ယာထဲလဲေနရင္းက ႏွင္းဆီေပးလုိက္ေသာ ညီညီငယ္၏ ေန႔စဥ္မွတ္တမ္းေလးကုိ တစ္ရြက္ဖတ္ၿပီးတုိင္သာ ငုိေနပါေတာ့သည္။

ေမေမငုိေတာ့ ကုိကုိေလးပါ လုိက္ငုိသၿဖင့္ ေမေမသည္ ေနာက္ပုိင္းတြင္ေတာ့ သူ႕၏ေရွ႔တြင္ မငုိေတာ့ေခ်။ အိမ္၌ေရာက္ေနသည္ကုိ ေမေမ သည္ကုိကုိေလးကုိ ႏွစ္ပတ္ၿပည့္သည့္ေန႔တြင္ ေက်ာင္းသြားရန္ေၿပာပါေလေတာ့သည္။

"သားေက်ာင္းကုိ ၿပန္မသြားခ်င္ေတာ့ဘူး ညီေလးရဲ့အရိပ္ေတြရွိခဲ့တဲ့ ေက်ာင္းကုိ သားၿပန္မသြားရဲေတာ့ဘူးေမေမရယ္၊ ညီေလးက သားကုိမုန္းေနမွာ"

"သားၾကီးရယ္ သားငယ္ကေလ သူ႔အကုိ ကုိယ္ဘယ္ေတာ့မွမမုန္းပါဘူးကြယ္ အကိုတစ္ေယာက္ကုိ ငတ္လ်င္စြာနဲ႔ ခ်စ္ခဲ့တာပါ၊ သားၾကီးကုိ ခ်စ္တဲ့အေၾကာင္းေတြ ဒီစာအုပ္ထဲမွာ အၿပည့္ပါပဲကြယ္၊ သားၾကီးသာ ညီေလးကုိ တစ္ကယ္ခ်စ္ရင္ေလ ညီေလးၿဖစ္ေစခ်င္တဲ့ ပညာေရးကုိ ဆုံးခန္းတုိင္ေအာင္သင္ေစခ်င္တယ္"

"ေမေမ ညီေလးက သားကုိဘာၿဖစ္ေစခ်င္တာလဲဟင္"

"သူ႔ရဲ့အကုိနဲ႔ အတူေဆးေက်ာင္းမွာ ပညာအတူတူသင္ယူရရင္သိပ္ေကာင္းမွာပဲတဲ့ကြယ္"

ကုိကိုေလး နင့္ေနေအာင္ခံစားရပါသည္။ သူတုိ႔ကုိေဖေဖေမးခဲ့စဥ္က သူကအင္ဂ်င္နီယာ ၿဖစ္ခ်င္သည္ဟု ေၿဖခဲ့သလုိ ညီညီငယ္ကေတာ့ ဆရာ၀န္ၾကီးၿဖစ္ခ်င္သည္ဟု ေၿပာစကားမ်ားကုိၾကားေယာင္ေနမိပါေတာ့သည္။

"ေမေမ သားမနက္ၿဖန္ ေက်ာင္းၿပန္သြားေတာ့မယ္ေနာ္"

ေမေမသည္ ကုိကုိေလးကုိ ဖက္ကာ ၀မ္းသာ ၀မ္းနည္းမ်က္ရည္မ်ားက်ခဲ့ပါသည္။
ကုိကိုေလးေက်ာင္းၾကီးကုိ ၿပန္ေရာက္ေတာ့ ေက်ာင္းၾကီးသည္ ေအးစက္ေနသည္ဟုခံစားရသည္။ အားလုံးေသာ သူမ်ားက သက္မဲ့လွဳပ္ရွားေနၾကသည္ဟုခံစားရသည္။
ေက်ာင္းၾကီးကေတာ့ ၿငိမ္သက္စြာ စိတ္မေကာင္းစြာ ေနၿမဲတိုင္းရွိေနပါသည္။

ညီညီငယ္ကိစၥမ်ားၿပီးေၿမာက္သြားသည့္တုိင္ ေက်ာင္းသားေက်ာင္းသူ မ်ား၏ကုိယ္စီစိတ္ထဲတြင္ အၿပစ္မကင္းသလုိၿဖစ္ကာ စိတ္မေကာင္းၿခင္းမ်ားစြာၿဖင့္........
ညီညီငယ္တုိ႔စာသင္ခဲ့ေသာ ေက်ာင္းခန္းကေတာ့ ထုိင္ခုန္ေလး ၄ ခုလြတ္ေၿမာက္ေနသည္။ ထုိထုိင္ခုန္ မ်ားကုိမည္သူကမွ ဖယ္ရွားၿခင္းမၿပဳခဲ့ၾက၊ အားလုံးေသာ အခန္းထဲမွ ေက်ာင္းသားေက်ာင္းသူမ်ာကေတာ့ စာသင္ခ်ိန္တြင္လည္း မ်က္၀န္းထဲမွ မ်က္ရည္ၾကည္မ်ား ခုိတြဲေနခဲ့ၾကသည္။ သူတုိ႔၏ရင္ထဲမွာ နာက်င္ၿခင္း၊ ထိခုိက္ၿခင္း၊ ခြင့္မလႊတ္ႏုိင္ၿခင္းမ်ား ကိမ္းေအာင္းေနၾကပါသည္။

သူတုိ႔လုိ ႏူႏူနယ္နယ္ ႏွလုံးသားေလ ေတြရင္မွာ မထင္မွတ္ပဲ ဒါဏ္ရာဒါဏ္ခ်က္ေလးမ်ားက အရြယ္မ်ားႏွင့္မမွ်ေအာင္ ထိခုိက္ခဲ့ၾကပါသည္။ သူတုိ႔ရဲ့စိတ္ထဲမွာ လက္ရွိၿဖစ္ေပၚေနသည့္ အေၾကာင္းရာမ်ားကုိ လက္မခံႏုိင္ၾကေသးေခ်။ တခါတရံတြင္.....

"ႏွင္းဆီ နင္ဒီပုဒ္စာေလ........"

တြယ္တာ၏အမွတ္မထင္ေသာ
သတိလက္လြတ္ၿဖစ္တတ္ခဲ့ၾကသည္။

တစ္ခ်ဳိ႔ေတြကလဲ

"နႏၵ မင္းစာအုပ္ေလးတစ္ခ်က္ေလာက္......

"ေအာင္ေအာင္...မင္းေဘာလုံးသြားကန္မွာလား....

ေယာင္ယမ္းကာ ထြက္သြားၾကၿပီး အမွတ္မထင္လွည့္ၾကည့္လုိက္မွ ထုိင္ခုန္လြတ္မ်ားသာ ရွိၾကသည့္ သူတုိ႔ခုန္ေလးေတြကုိေတြ႔မွ ပ်က္ယြင္းသြားသည့္မ်က္နာမ်ားကုိေတာ့ တားမရေခ်။
အဆုိးဆုံးကေတာ့ ဆရာ၊ဆရာမမ်ား၏ စာသင္ခ်ိန္မ်ားတြင္ စာထဲစိတ္ေရာက္ကာ သင္ၾကားေနရင္က

"ကဲဒီပုဒ္စာေလး ေၿဖးၾကည့္ပါအုံးလာ သားညီညီ.......ဟင္.....အဲ..သား...အုိ...ေဆာ္ဒီးကြယ္"

ထုိအခါမ်ဳိးမ်ားတြင္ ေက်ာင္းသူမ်ားက ထုိင္ခုန္ေအာက္သုိ႔ ငု႔ံကာ မ်က္လႊာမ်ားခ်ကာ စိတ္မေကာင္းၿဖစ္ခဲ့သည္။ ဆရာ၊ ဆရာမ မ်ားလဲ ထုိအခ်ိန္မ်ဳိးတြင္ေတာ့ စာသင္ႏူိင္ၿခင္းမရွိေတာ့ မ်က္ရည္မ်ားသုတ္ကာ စာသင္ခ်ိန္ကုိေစာေစာ နားလုိက္ၾကေတာ့သည္။

သူတုိ႔စိတ္ထဲတြင္ေတာ့ အသိကလက္ေတြ႔ကုိ ခံစားေနရေပမယ့္ မသိစိတ္ကေတာ့ သူတုိ႔သူငယ္ခ်င္းေတြ ရွိေနသည္ဟု အသိမ်ားက ဖက္သြယ္ထားမိၾကေတာ့သည္။ သူတုိ႔၏ရင္ထဲတြင္ေတာ့ ေနာင္တမ်ားစြာၿဖင့္ ကိန္းေအာင္းေနၾကပါေတာ့သည္။

ၾကာလာေတာ့ ဆရာ၊ဆရာမ မ်ားေက်ာင္းသား ေက်ာင္းသူမ်ား၏ ပညာေရးကုိ စိုးရိမ္စ ၿပဳလာေတာ့သည္။ ေပ်ာက္ေသာသူၾကာရင္ေတြ႔ ေသေသာသူၾကာရင္ေမ့ဆုိေပမယ့္ ခုေတာ့ ေက်ာင္း၏ဒီဇင္ဘာ စားေမးပြဲပင္နီးလာၿပီး မည္သူကမွ် ညီညီငယ္ အေၾကာင္းရာကုိ မေမ့ႏူိင္ၾကေသးေခ်။

ဆရာမ်ဳိးမင္း တစ္ခုခုလုပ္မွ ၿဖစ္ေတာ့မည္။ ထုိေၾကာင့္ ေက်ာင္း၏ ေက်ာက္သင္ပုန္း၏ ေဘးဘက္တြင္ စကၠဴၿဖဴၾကီးႏွင့္ စာလုံးၾကီးၾကီးေရးကာ ေက်ာင္းခန္းတြင္ တင္လုိက္ပါေတာ့သည္။

( မည္သူသည္ ညီညီငယ္ကုိ ခ်စ္သည္နည္း၊ မည္သူသည္ ညီညီငယ္ကုိ ခင္တြယ္သည္နည္း၊ မည္သူသည္ ညီညီငယ္ကုိ စိတ္ခ်မ္းသာေစသည္နည္း၊ )

( ညီညီငယ္ကုိ ခ်စ္ေသာသူသည္ ညီညီငယ္လုိခ်င္ေသာ ေက်ာင္းသား၊ ေက်ာင္းသူေကာင္းကုိ လုိက္ႏုိင္ရမည္။ ညီညီငယ္ကုိ ခင္တြယ္ေသာ သူသည္ တပါးသူကုိ အားေပးႏွစ္သိမ့္တက္ရမည္။ ညီညီငယ္ကုိ စိတ္ခ်မ္းသာေစခ်င္ေသာသူသည္ ညီညီငယ္ေမွ်ာ္မွန္းထားေသာ ပညာေရးပန္းတုိင္ ကုိေအာင္ၿမင္စြာ ေလွ်ာက္လွမ္းႏုိင္မည္သူ ၿဖစ္ရမည္။ )

( မင္း ညီညီငယ္ အတြက္ဘာလုပ္ေပးမည္နည္း ၊ သင္ ညီညီငယ္အတြက္ ဘာလုပ္ေပးခဲ့ၿပီးနည္း၊ မိမိကုိယ္ကုိ ေမးပါ၊ အေၿဖထုတ္ပါ၊ ရွင္းလင္းပါ )

ထုိအရာက ထိေရာက္ခဲ့ပါသည္။ ေက်ာင္းသား ေက်ာင္းသူမ်ားသည္ ထုိစာကုိ ဖတ္ကုိ အံကုိၾကိတ္ကာ မိမိတုိ႔ခံစားရသမွ်ကုိ စာထဲတြင္ႏွစ္သည္။

နႏၵအတြက္ နာက်င္ရသမွ်ကုိ စာထဲတြင္ ႏွစ္သည္။ ႏွင္းဆီ အတြက္ ယူၾကဳံးမရ ၿဖစ္ၿခင္းမ်ားကုိ စာထဲတြင္ႏွစ္သည္။ ေအာင္ေအာင္အတြက္ သနားသမွ်ကုိ စာထဲတြင္ႏွစ္သည္။ ညီညီငယ္အတြက္ ေနာင္တမ်ားကုိ စာထဲတြင္ႏွစ္သည္။ ၾကဳိးစားၾကသည္။

ဆရာမ်ဳိးမင္းမွာေတာ့ မ်က္ရည္မ်ားၿဖင့္ ၾကည္ႏူးေနပါသည္။

"ညီညီငယ္ သားခ်စ္တပည့္ေရ သားေက်နပ္ေနမယ္လုိ႔ ဆရာရဲ့ အနက္ခ်ဳိင္းဆုံးကတည္းကကုိက ယုံၾကည္ေနပါတယ္ ခ်စ္တပည့္ရယ္ စိတ္ထားေကာင္းတဲ့ ခ်စ္တပည့္ေလ ၀ဠ္ေၾကြးေတြ ဒီမွာတင္ပဲ ကုန္ဆုံးပါေစလုိ႔ ဆရာမင္းအတြက္ဆုေတာင္းေပးလုိက္ပါတယ္"

------------------------------------

ေက်ာင္းၾကီး၏ႏွစ္ပတ္လည္ စာေမးပြဲကုိ ဒီဇင္ဘာလ ဒုတိယပတ္မွာ ေၿဖဆုိခဲ့ၾကၿပီး ႏွစ္သစ္တြင္ ဆုေပးပြဲ ခမ္းမေလးကုိ ၿပဳလုပ္ၾကပါသည္။

ထုိပြဲေလး သည္ ယခင္ႏွစ္ကကဲ့သုိ႔ ေက်ာင္းတြင္ ေက်ာင္းသားမိဘမ်ားႏွင့္ အတူေက်ာင္းသား၊ေက်ာင္းသူမ်ားကုိ ဆုေပးပြဲေလးကုိ ၿပဳလုပ္ပါသည္။ ဒီႏွစ္ကေတာ့ ေက်ာင္းသားမ်ား၏ အားလုံးရင္တြင္ထဲတြင္ မိမိတုိ႔၏အမွတ္စာရင္းမ်ားကုိ ၾကည့္ကာ ရင္ထဲမွ ညီညီငယ္ေရး မင္းအတြက္ၾကဳိးစားထားတယ္သိလားဟု ေၿပာၾကားေနၾကသည္မွာ သူတုိ႔ကုိယ္တုိင္ ညီညီငယ္အား ေၿပာၾကားေနၾကပါသည္။

ဒီႏွစ္ေတာ့ ကိုကိုေလးသည္ ညီညီငယ္၏ ေနရာသုိ႔၀င္ေရာက္ခဲ့သည္။ ေမေမ၏ေတ
ာင္းဆုိခ်က္ေၾကာင့္ ေက်ာင္းကဆရာ၊ဆရာမ မ်ားကခြင့္ၿပဳကာ ေမေမကုိ ေက်းဇူးတင္စကား ႏုတ္ခြန္းေၿပာၾကားရန္ စင္ၿမင့္ေပၚသုိ႔ ဖိတ္ေခၚလုိက္ပါသည္။

ေဒၚမမ သည္ေၿခလွမ္းမ်ားကုိ တစ္လွမ္းၿခင္းလွမ္းကာ ဆင္ၿမင့္ေပၚသုိ႔တက္လာပါသည္။ သူမ၏လက္ထဲမွာေတာ့ ေဟာင္းေနၿပီးၿဖစ္သည့္ ေန႔စဥ္မွတ္တမ္းစာအုပ္ အနီေရာင္ေလး ကုိင္ေဆာင္လုိ႔ထားပါသည္။

"အားလုံးပဲ မဂၤလာပါရွင္၊ ၾကြေရာက္လာၾကတဲ့ ဂုဏ္သူေရရွိ ဆရာ၊ ဆရာမ မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ေက်ာင္းသားမိဘမ်ားႏွင့္ ဧည့္သည္ေတာ္မ်ားရွင္၊ က်မနာမည္ကေတာ့ ေဒၚမမၿဖစ္ပါတယ္၊ က်မကုိ ခုလုိ စကားေၿပာခြင့္ေပးၾကတဲ့ ဆရာ၊ဆရာမ မ်ားကုိလြန္စြာမွ ေက်းဇူးတင္ေၾကာင္း ပထမေၿပာၾကားလုိပါတယ္၊ ဒီေန ႔ဒီေနရာမွာ က်မသားၾကီးအတြက္ ဂုဏ္ယူစြာ ေၿပာၾကားရမည့္ အခ်ိန္ၿဖစ္ေပမယ့္ေလ၊ က်မရင္ထဲမွာ ခုခ်ိန္ခါမွာ သားငယ္သာ ရွိေနမယ္ဆုိရင္ေလ သားငယ္အတြက္ ေၿပာၿဖစ္ေနမွာပါ"

သူမအသံမ်ားတိမ္၀င္သြားသည္။ အားတင္းကာ ရင္ထဲရွဳိက္သံကုိ နစ္ၿမဳပ္လုိက္ရသည္။ ေက်ာင္းသား ေက်ာင္းသူမ်ားသည္ ေခါင္းေလးေတြငုံ႔ကာ ၿငိမ္သက္သြားေတာ့သည္။ ေၿမၾကီးကုိပဲၾကည့္ေနၾကလာ၊ မ်က္၀န္းထဲက မ်က္ရည္မ်ားကုိ လူမၿမင္ေအာင္ပဲ ကြယ္ေနၾကလာ ဆုိတာေတာ့ သူတုိ႔သာသိပါလိမ့္မည္။

"ဒီေန႔ ဒီေနရာေလး မွာ က်မကေတာ့ မိခင္ေကာင္းပီသစြာ ရပ္တည္ေပးခဲ့သူတစ္ေယာက္မဟုတ္ပါဘူး၊ က်မေလ ဒီစာအုပ္ေလးကုိ ဖတ္လုိက္ရတဲ့ေန႔ကစၿပီး ေတာ့မွ က်မလြန္စြာ ဆုိးခဲ့သည့္ မိခင္မွန္းသိခဲ့ရပါသည္"
သူမသည္ စာအုပ္ေလးအား အမ်ားၿမင္သာေအာင္ ၿပလုိက္ပါသည္။

"က်မေလ မိခင္တစ္ေယာက္အေနနဲ႔ က်မသားေလးအေပၚမွာ အတၱမ်ားၿဖင့္ အေကာင္းဆုံးၿဖစ္ေအာင္ က်မရဲ့ၿဖစ္ေစခ်င္သည္မ်ားကုိ ေရွ႔တန္းတင္ခဲ့သူပါ၊ က်မသားေလး ကုိက်မဘာၿဖစ္ခ်င္လဲ လုိ႔တစ္ခါမွ မေမးမိခဲ့ဘူး၊ က်မေနာင္တရလုိ႔မဆုံးပါဘူး၊ က်မသားေလးနာမည္က ညီညီငယ္တဲ့၊ သူကက်မကုိ ေၿပာၿပခ်င္တဲ့ အေၾကာင္းရာေတြ ရွိခဲ့ပါတယ္၊ က်မဘယ္တုံးကမွ ေကာင္းေကာင္းနားမေထာင္ခဲ့ပါဘူး၊ က်မစိတ္ထဲမွာ ငါမိဘ ငါေၿပာတာကုိ နားေထာင္ရမယ္ ဆုိသည့္ အေတြးသာ ၾကီးဆုိးေနခဲ့သူပါ၊

က်မသားေတြကုိ က်မေလွ်ာက္ေစခ်င္တဲ့ လမ္းေပၚအတင္းတြန္းလုိ႔တြန္း ေမာင္းလုိ႔ေမာင္းႏွင့္ က်မလြန္စြာမွ မိုက္မဲခဲ့သည့္ မိခင္တစ္ေယာက္ ၿဖစ္ခဲ့သူပါ၊ က်မေလး အခါေႏွာင္းမွ က်မလြန္တာေတြၿမင္ခဲ့တယ္၊ က်မသားေလးကုိ အသက္ငယ္ငယ္ေလး နဲ႔ဆုံးရွဳံးလုိက္ရေတာ့မွ က်မေနာင္တအၾကီးအက်ယ္ရခဲ့တယ္၊

ခုဒီလုိခ်ိန္မွာ ဒီစကားေၿပာမိတာကုိ က်မကုိခြင့္လႊတ္ၾကေစခ်င္ပါတယ္၊ က်မလုိပဲ မိခင္ေကာင္းမပီသသူမ်ား ၊ အခါးေနွာင္းမွ ေနာင္တရမိမွာကုိ က်မလုိလားပါဘူး၊ ဒါေၾကာင့္ ဒီေန႔ဒီအခ်ိန္မွာ က်မဒီစကားကုိ ေၿပာရၿခင္းၿဖစ္ပါတယ္၊ အိမ္ၿပန္ရင္ေလ ရွင္တုိ႔လဲ ရွင္တုိ႔သားသမီးေတြ ဘာေၿပာခ်င္လည္းဆုိတာကုိ နားေထာင္ေပးလုိက္ပါ၊ ေၿပာခြင့္ေပးလုိက္ပါ၊ သူတုိ႔ေလးေတြကုိ မြန္းၾကပ္စြာ မထားေစခ်င္ဘူး"

သူမရင္တြင္ဆုိ႔တက္လာသၿဖင့္ ရွဳိက္သံကုိ အသာထိန္းရန္ ခဏတာနားလုိက္ပါသည္။ ေက်ာင္းသား ေက်ာင္းသူမ်ားကေတာ့ ရင္နင့္စြာနားဆင္ေနၾကသည္။

"တခါတရံမွာ လူေလာကၾကီးမွာ သာမန္မဟုတ္တဲ့ လူေတြကုိ က်မတုိ႔ဘာလုိ႔ပစ္ပယ္ထားၾကမွာလဲ၊ ၀ုိင္း၀န္းေၿဖးေၿဖာင့္ေစခ်င္ၾကပါတယ္၊ က်မတုိ႔က မိန္းခေလးေတြကို ပန္းတစ္ပြင့္ နဲ႔ တင္စားၾကတယ္ဆုိပါဆုိ႔ ပန္းတစ္ပြင့္မဟုတ္ခဲ့တဲ့ က်မသားေလးလုိမ်ဳိးကေလးေတြကုိေလး ဒီပန္းေလးတစ္ပြင့္အေၾကာင္းနဲ႔ သင္ခန္းစားမ်ားယူသြားေစခ်င္ပါတယ္။ က်မသားေလးဟာ အသက္ငယ္ငယ္ေလးနဲ႔ ေလာကကုိ အရွဳံးေပးခဲ့သူတစ္ေယာက္ပါ၊

ထုိေၾကာင့္ သူႏွင့္ဆက္ႏြယ္ခဲ့သည့့္ နႏၵဆုိသည့္ကေလး ေလး ပါ အဆစ္ပါကာ အသိမဲ့တဲ့ဘ၀ကုိ ေရာက္ေစခဲ့ၿပီး က်မတုိ႔သားေကာင္းရတနာေတြ နစ္မြန္းခဲ့ရပါတယ္၊ ဒီေတာ့ လူလူခ်င္းစာနာၾကပါ၊ ကူညီၾကပါလုိ႔ က်မတုိက္တြန္းခ်င္ပါတယ္၊ က်မတုိ႔ ေနာက္ထက္ အပစ္မဲ့တဲ့ကေလးေတြကုိမရွဳံးေစခ်င္ေတာ့ဘူး၊ ေနာက္ထက္ ညီညီငယ္ တစ္ေယာက္လည္း ထပ္မေပၚလာေစခ်င္ေတာ့ဘူး၊ ေနာက္ထက္ နႏၵတစ္ေယာက္လည္း ထက္မၿဖစ္ေစခ်င္ေတာ့ဘူး၊ ဒီေနရာမွာ က်မေလး အားလုံးေသာ မိဘေတြကို မိမိတုိ႔ရဲ့သား သမီးေတြကုိ နားလည္ႏုိင္ေအာင္ၾကဳိးစားပါလုိ႔ ေၿပာၾကားရင္ နိဂုန္းခ်ဳပ္လုိက္ပါတယ္၊ က်မထက္ေလာင္ မွာၾကားပါရေစ အိမ္ၿပန္ရင္ေလ သားသမီးေတြ ဘာေတြေၿပာခ်င္လဲ ဆုိတာကုိ နားေထာင္ေပးလုိက္ပါ"

ေၿဖာင္းေၿဖာင္း........ေၿဖာင္းေၿဖာင္း

လက္ခုပ္သံမ်ား မုိးယံသုိ႔လြင့္ေမ်ာတက္သြားပါေတာ့သည္။

ေနာက္ဆုံးရလဒ္ကေတာ့...

ေအာင္ခုိင္ ႏွင့္ ႏုိင္ႏုိင္

သူတုိ႔ႏွစ္ေယာက္သည္ ဆယ္တန္းစာေမးပဲြၿပီသည္ႏွင့္ ထုိနယ္ကေလးမွ ေၿပာင္းေရြ႔သြားခဲ့ၾကသည္။ ကိုကိုေလး ႏွင့္အတူ ေဆးေက်ာင္းၾကီးတြင္ပညာသင္ယူခဲ့ပါသည္။ ခုေတာ့ လူမွဳ႔ေရးမ်ားတြင္ တက္အားသ၍ ပါ၀င္လုပ္ကုိင္ေနၾကေသာ ေစတနာ့ ၀န္ထမ္းဆရာ၀န္ၾကီးမ်ား အၿဖင့္ရပ္တည္ေနၾကပါသည္။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

တြယ္တာ

သူမကေတာ့ သူနာၿပဳဆရာမၾကီးအၿဖင့္ ထုိနယ္ကေလးမွာပင္ ေနထုိင္ေနခဲ့ပါသည္။ သူမတုိ႔ရပ္ကြက္မွ လူတစ္ေယာက္ၿဖင့္ အိမ္ေထာင္က်ကာ မိခင္ေကာင္းသဖြယ္ ေနထုိင္ေနပါေတာ့သည္။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ေက်ာင္းေတာ္ၾကီးကေတာ့ လူေတာ္ေလး ေလးဦး ကုိဆုံးရုူံးလုိက္ရပါေတာ့သည္။

ေအာင္ေအာင္
သူသည္ ညီညီငယ္၏ေနာက္ဆုံးခရီးကုိ ပုိ႔ေဆာင္သည့္သူထဲတြင္မပါရွိခဲ့ပါ။ ထုိရက္က သူေဆးရုံးမွာပဲ အသဲကြဲေ၀ဒနာႏွင့္ ေနခဲ့ရပါသည္။ ေက်ာင္းမွ ႏူတ္ထြက္သြားကာ ေက်ာင္းေတာ္ၾကီးဆီသုိ႔ ၿပန္မလာခဲ့ေတာ့ ေခ်။ သူ႔၏ ႏွလုံးသားမ်ားသည္ ညီညီငယ္နဲ႔အတူပါသြားခဲ့သည္။ ေဆးရုံးတြင္ ရက္ေပါင္းမ်ားစြာ စိတ္ေထာင္းကုိယ္ေက်ၿဖင့္ကုသရင္းက ေက်ာင္းကုိေက်ာ္ခုိင္းသြားခဲ့ေတာ့သည္။ ေက်ာင္းေၿပာင္းကာ နယ္ပင္ေၿပာင္းသြားကာ အစအန ဘာသတင္းမွမၾကားေတာ့ေအာင္ ပုန္းေရွာင္သြားခဲ့ေတာ့သည္။ သူကုိသြားၾကည့္ၾကသည့
္ ေက်ာင္းသားမ်ားေၿပာၿပခ်က္အရ...

"ညီညီငယ္မရွိေတာ့တာကုိ လက္မခံခ်င္ေပမယ့္ လက္ခံလုိက္ရၿပီး ညီညီငယ္ငါ့ဆီကုိ တစ္ရက္မွ ေရာက္မလာခဲ့ဘူးေလ၊ ညီညီငယ္သာ ရွိေနမယ္ဆုိရင္ သူငါ့ဆီကုိလာမယ္ဆုိတာ ေသခ်ာေပါက္ေၿပာရဲတယ္ ညီညီငယ္က လူတစ္ဘက္သားကုိ ကူညီတတ္တာ ငါအသိဆုံးမုိ႔ပါ၊ ငါဒီၿမဳိ႔မွာဆက္ၿပီး ေနႏုိင္စြမ္းမရွိေတာ့ဘူး၊ ညီညီငယ္ရဲ့အရိပ္ေတြကုိ ငါေက်ာ္လႊာႏုိင္ေတာ့ဘူးေလ"
ထုိစကားလက္ေဆာင္သာထားခဲ့သည့္ ေအာင္ေအာင္ ခုေတာ့ဘယ္ဆီေရာက္ေနသည္မသိေတာ့ပါ။

♦♦♦♦♦♦♦♦♦♦♦♦

ႏွင္းဆီ...

သူမကေတာ့ ညီညီငယ္ကုိလုိက္ပုိ႔သည့္ရက္က ေနာက္ဆုံးေက်ာင္းတြင္ ၿမင္ေတြ႔ခဲ့ရၿပီး၊ ေက်ာင္းမွ ႏူတ္ထြက္ကာ တစ္ရပ္တစ္ပါးသုိ႔ ေၿပာင္းေရြ႔သြားေတာ့သည္။

တြယ္တာ၏ေၿပာၿပခ်က္အရ ႏွင္းဆီသည္ ညီညီငယ္ခုလုိေနာက္ဆုံးအခ်ိန္ၿဖစ္သြားသည္က သူမ၏ မေရာဂမကင္းဟု ထင္မွတ္ထားကာ သူမသည္ ဒီေက်ာင္းၾကီးတြင္မ်က္နာ မၿပ၀ံ့ေအာင္ၿဖစ္ခဲ့ရပါသည္။ ထုိေၾကာင့္ ညီညီငယ္ႏွင့္ပါက္သက္ခဲ့သမွ်ကုိ ရင္ဆုိင္ႏုိင္အားမရွိေတာ့သၿဖင့္ ေက်ာင္းၾကီးကုိႏူတ္ဆက္ကာ ထြက္သြားခဲ့ေတာ့သည္။
ယခုေတာ့ သူတုိ႔တက္ခဲ့သည့္ေက်ာင္းေတာ္ၾကီး၌ပင္ ေက်ာင္းဆရာမအၿဖစ္လုပ္ကုိင္ေနပါေတာ့သည္။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
နႏၵ

သူကေတာ့ ညီညီငယ္၏ေနာက္ဆုံးရက္တြင္ အေၿခအေနဆုိးကာ စိတၱဇေဆးရုံးသုိ႔ပုိ႔လုိက္ရေတာ့သည္။ သူ၏ႏူတ္ဖ်ားက အဆက္မပ်က္ ရြတ္သြားသည္ကေတာ့..

"ညီညီငယ္....ညီညီငယ္....ညီညီငယ္.....ညီညီငယ္......ညီညီငယ္"

နႏၵ၏အၿဖစ္ပ်က္ေၾကာင့္ ေက်ာင္းသား ေက်ာင္းသူ ႏွင့္ ဆရာ ဆရာမ မ်ား၏ရင္ထဲတြင္ေတာ့ သင္ခန္းစာမ်ားကုိယ္ စီ ကိမ္းေအာင္းေနခဲ့ၾကပါေတာ့သည္။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ယခုေတာ့ ကုိကုိေလး စြန္႔ခြာခဲ့ေသာ နယ္ေၿမကုိၿပန္ေရာက္လုိ႔ေနပါၿပီး၊ ညီေလးဆႏၵၿဖစ္ေစခ်င္ခဲ့ေသာ ဆရာ၀န္ၾကီးကုိပုိင္ဆုိင္ႏုိင္ၿပီး ညီေလး လုပ္ေပးမည္ဆုိေသာ္ မိဘမ်ားကုိ ၿပဳဆုရန္ၿပန္ေရာက္လာခဲ့ပါေတာ့သည္။

ေတာင္တန္းၾကီးက မုိးေတြအုပ္ေနပါသည္။ ထုိေတာင္တန္းၾကီးထဲရွိ ေတာစခန္းတစ္ခုေလးသည္ ပန္းပင္မ်ားၿဖင့္ ေ၀ေ၀ဆာဆာရွိေနသည္။ ေရေတြေလာင္းေနေသာ ဦးမ်ဳိးမင္းသည္ ေတာစခန္းေလး သုံးခုၾကားက ေက်ာက္ခုံေလးတစ္ခုတြင္ လူတစ္ေယာက္ထုိင္ေနသည္ကုိ ၾကည့္လုိက္သည္။ ထုိလူလတ္ပုိင္း အရြယ္ေကာင္ေလးကေတာ့ ေတာင္ၾကီးကုိေမာ့ၾကည့္ေနပါသည္။

"ၾကယ္ေလးေတြ အေရတြက္ေရရေအာင္ ညီညီငယ္ မင္းငါ့ကုိခ်စ္တယ္ဆုိရင္ေလ အဲ့ဒီၾကယ္ေတြကုိ ေခၚလာေပးေနာ္"

..............The End....................

ဒီဝတၳဳ ေလးကို တင္ခြင့္ေပးခဲ့တယ္. စာေရးသူ Jin jar ကိုလည္း အထူးပင္ ေက်းဇူးတင္ပါတယ္..။
အားေပးၾကတဲ့ စာဖတ္သူ အားလံုးကိုလည္း ေက်းဇူးတင္ ပါတယ္.....

Unicode

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း (ဇာတ်သိမ်းပိုင်း)

ကိုကိုလေးမေမေကိုကြည့်ကာ စိတ်ထဲနင့်နေအောင်ခံစားရသည်။ ညီညီငယ်ကိစ္စကြောင့် သူကျောင်းကို ပြန်မသွားသည်က နှစ်ပတ်ပင်ရှိခဲ့ပြီး၊ ကျောင်းလည်းတက်ချင်စိတ်မရှိတော့ချေ။ မေမေကတော့ အိမ်ရောက်သည်နှင့် အိပ်ယာထဲလဲပါတော့သည်။ အိပ်ယာထဲလဲနေရင်းက နှင်းဆီပေးလိုက်သော ညီညီငယ်၏ နေ့စဉ်မှတ်တမ်းလေးကို တစ်ရွက်ဖတ်ပြီးတိုင်သာ ငိုနေပါတော့သည်။

မေမေငိုတော့ ကိုကိုလေးပါ လိုက်ငိုသဖြင့် မေမေသည် နောက်ပိုင်းတွင်တော့ သူ့၏ရှေ့တွင် မငိုတော့ချေ။ အိမ်၌ရောက်နေသည်ကို မေမေ သည်ကိုကိုလေးကို နှစ်ပတ်ပြည့်သည့်နေ့တွင် ကျောင်းသွားရန်ပြောပါလေတော့သည်။

"သားကျောင်းကို ပြန်မသွားချင်တော့ဘူး ညီလေးရဲ့အရိပ်တွေရှိခဲ့တဲ့ ကျောင်းကို သားပြန်မသွားရဲတော့ဘူးမေမေရယ်၊ ညီလေးက သားကိုမုန်းနေမှာ"

"သားကြီးရယ် သားငယ်ကလေ သူ့အကို ကိုယ်ဘယ်တော့မှမမုန်းပါဘူးကွယ် အကိုတစ်ယောက်ကို ငတ်လျင်စွာနဲ့ ချစ်ခဲ့တာပါ၊ သားကြီးကို ချစ်တဲ့အကြောင်းတွေ ဒီစာအုပ်ထဲမှာ အပြည့်ပါပဲကွယ်၊ သားကြီးသာ ညီလေးကို တစ်ကယ်ချစ်ရင်လေ ညီလေးဖြစ်စေချင်တဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင်သင်စေချင်တယ်"

"မေမေ ညီလေးက သားကိုဘာဖြစ်စေချင်တာလဲဟင်"

"သူ့ရဲ့အကိုနဲ့ အတူဆေးကျောင်းမှာ ပညာအတူတူသင်ယူရရင်သိပ်ကောင်းမှာပဲတဲ့ကွယ်"

ကိုကိုလေး နင့်နေအောင်ခံစားရပါသည်။ သူတို့ကိုဖေဖေမေးခဲ့စဉ်က သူကအင်ဂျင်နီယာ ဖြစ်ချင်သည်ဟု ဖြေခဲ့သလို ညီညီငယ်ကတော့ ဆရာ၀န်ကြီးဖြစ်ချင်သည်ဟု ပြောစကားများကိုကြားယောင်နေမိပါတော့သည်။

"မေမေ သားမနက်ဖြန် ကျောင်းပြန်သွားတော့မယ်နော်"

မေမေသည် ကိုကိုလေးကို ဖက်ကာ ၀မ်းသာ ၀မ်းနည်းမျက်ရည်များကျခဲ့ပါသည်။
ကိုကိုလေးကျောင်းကြီးကို ပြန်ရောက်တော့ ကျောင်းကြီးသည် အေးစက်နေသည်ဟုခံစားရသည်။ အားလုံးသော သူများက သက်မဲ့လှုပ်ရှားနေကြသည်ဟုခံစားရသည်။
ကျောင်းကြီးကတော့ ငြိမ်သက်စွာ စိတ်မကောင်းစွာ နေမြဲတိုင်းရှိနေပါသည်။

ညီညီငယ်ကိစ္စများပြီးမြောက်သွားသည့်တိုင် ကျောင်းသားကျောင်းသူ များ၏ကိုယ်စီစိတ်ထဲတွင် အပြစ်မကင်းသလိုဖြစ်ကာ စိတ်မကောင်းခြင်းများစွာဖြင့်........
ညီညီငယ်တို့စာသင်ခဲ့သော ကျောင်းခန်းကတော့ ထိုင်ခုန်လေး ၄ ခုလွတ်မြောက်နေသည်။ ထိုထိုင်ခုန် များကိုမည်သူကမှ ဖယ်ရှားခြင်းမပြုခဲ့ကြ၊ အားလုံးသော အခန်းထဲမှ ကျောင်းသားကျောင်းသူမျာကတော့ စာသင်ချိန်တွင်လည်း မျက်၀န်းထဲမှ မျက်ရည်ကြည်များ ခိုတွဲနေခဲ့ကြသည်။ သူတို့၏ရင်ထဲမှာ နာကျင်ခြင်း၊ ထိခိုက်ခြင်း၊ ခွင့်မလွှတ်နိုင်ခြင်းများ ကိမ်းအောင်းနေကြပါသည်။

သူတို့လို နူနူနယ်နယ် နှလုံးသားလေ တွေရင်မှာ မထင်မှတ်ပဲ ဒါဏ်ရာဒါဏ်ချက်လေးများက အရွယ်များနှင့်မမျှအောင် ထိခိုက်ခဲ့ကြပါသည်။ သူတို့ရဲ့စိတ်ထဲမှာ လက်ရှိဖြစ်ပေါ်နေသည့် အကြောင်းရာများကို လက်မခံနိုင်ကြသေးချေ။ တခါတရံတွင်.....

"နှင်းဆီ နင်ဒီပုဒ်စာလေ........"

တွယ်တာ၏အမှတ်မထင်သော
သတိလက်လွတ်ဖြစ်တတ်ခဲ့ကြသည်။

တစ်ချို့တွေကလဲ

"နန္ဒ မင်းစာအုပ်လေးတစ်ချက်လောက်......

"အောင်အောင်...မင်းဘောလုံးသွားကန်မှာလား....

ယောင်ယမ်းကာ ထွက်သွားကြပြီး အမှတ်မထင်လှည့်ကြည့်လိုက်မှ ထိုင်ခုန်လွတ်များသာ ရှိကြသည့် သူတို့ခုန်လေးတွေကိုတွေ့မှ ပျက်ယွင်းသွားသည့်မျက်နာများကိုတော့ တားမရချေ။
အဆိုးဆုံးကတော့ ဆရာ၊ဆရာမများ၏ စာသင်ချိန်များတွင် စာထဲစိတ်ရောက်ကာ သင်ကြားနေရင်က

"ကဲဒီပုဒ်စာလေး ဖြေးကြည့်ပါအုံးလာ သားညီညီ.......ဟင်.....အဲ..သား...အို...ဆော်ဒီးကွယ်"

ထိုအခါမျိုးများတွင် ကျောင်းသူများက ထိုင်ခုန်အောက်သို့ ငု့ံကာ မျက်လွှာများချကာ စိတ်မကောင်းဖြစ်ခဲ့သည်။ ဆရာ၊ ဆရာမ များလဲ ထိုအချိန်မျိုးတွင်တော့ စာသင်နိူင်ခြင်းမရှိတော့ မျက်ရည်များသုတ်ကာ စာသင်ချိန်ကိုစောစော နားလိုက်ကြတော့သည်။

သူတို့စိတ်ထဲတွင်တော့ အသိကလက်တွေ့ကို ခံစားနေရပေမယ့် မသိစိတ်ကတော့ သူတို့သူငယ်ချင်းတွေ ရှိနေသည်ဟု အသိများက ဖက်သွယ်ထားမိကြတော့သည်။ သူတို့၏ရင်ထဲတွင်တော့ နောင်တများစွာဖြင့် ကိန်းအောင်းနေကြပါတော့သည်။

ကြာလာတော့ ဆရာ၊ဆရာမ များကျောင်းသား ကျောင်းသူများ၏ ပညာရေးကို စိုးရိမ်စ ပြုလာတော့သည်။ ပျောက်သောသူကြာရင်တွေ့ သေသောသူကြာရင်မေ့ဆိုပေမယ့် ခုတော့ ကျောင်း၏ဒီဇင်ဘာ စားမေးပွဲပင်နီးလာပြီး မည်သူကမျှ ညီညီငယ် အကြောင်းရာကို မမေ့နိူင်ကြသေးချေ။

ဆရာမျိုးမင်း တစ်ခုခုလုပ်မှ ဖြစ်တော့မည်။ ထိုကြောင့် ကျောင်း၏ ကျောက်သင်ပုန်း၏ ဘေးဘက်တွင် စက္ကူဖြူကြီးနှင့် စာလုံးကြီးကြီးရေးကာ ကျောင်းခန်းတွင် တင်လိုက်ပါတော့သည်။

( မည်သူသည် ညီညီငယ်ကို ချစ်သည်နည်း၊ မည်သူသည် ညီညီငယ်ကို ခင်တွယ်သည်နည်း၊ မည်သူသည် ညီညီငယ်ကို စိတ်ချမ်းသာစေသည်နည်း၊ )

( ညီညီငယ်ကို ချစ်သောသူသည် ညီညီငယ်လိုချင်သော ကျောင်းသား၊ ကျောင်းသူကောင်းကို လိုက်နိုင်ရမည်။ ညီညီငယ်ကို ခင်တွယ်သော သူသည် တပါးသူကို အားပေးနှစ်သိမ့်တက်ရမည်။ ညီညီငယ်ကို စိတ်ချမ်းသာစေချင်သောသူသည် ညီညီငယ်မျှော်မှန်းထားသော ပညာရေးပန်းတိုင် ကိုအောင်မြင်စွာ လျှောက်လှမ်းနိုင်မည်သူ ဖြစ်ရမည်။ )

( မင်း ညီညီငယ် အတွက်ဘာလုပ်ပေးမည်နည်း ၊ သင် ညီညီငယ်အတွက် ဘာလုပ်ပေးခဲ့ပြီးနည်း၊ မိမိကိုယ်ကို မေးပါ၊ အဖြေထုတ်ပါ၊ ရှင်းလင်းပါ )

ထိုအရာက ထိရောက်ခဲ့ပါသည်။ ကျောင်းသား ကျောင်းသူများသည် ထိုစာကို ဖတ်ကို အံကိုကြိတ်ကာ မိမိတို့ခံစားရသမျှကို စာထဲတွင်နှစ်သည်။

နန္ဒအတွက် နာကျင်ရသမျှကို စာထဲတွင် နှစ်သည်။ နှင်းဆီ အတွက် ယူကြုံးမရ ဖြစ်ခြင်းများကို စာထဲတွင်နှစ်သည်။ အောင်အောင်အတွက် သနားသမျှကို စာထဲတွင်နှစ်သည်။ ညီညီငယ်အတွက် နောင်တများကို စာထဲတွင်နှစ်သည်။ ကြိုးစားကြသည်။

ဆရာမျိုးမင်းမှာတော့ မျက်ရည်များဖြင့် ကြည်နူးနေပါသည်။

"ညီညီငယ် သားချစ်တပည့်ရေ သားကျေနပ်နေမယ်လို့ ဆရာရဲ့ အနက်ချိုင်းဆုံးကတည်းကကိုက ယုံကြည်နေပါတယ် ချစ်တပည့်ရယ် စိတ်ထားကောင်းတဲ့ ချစ်တပည့်လေ ၀ဠ်ကြွေးတွေ ဒီမှာတင်ပဲ ကုန်ဆုံးပါစေလို့ ဆရာမင်းအတွက်ဆုတောင်းပေးလိုက်ပါတယ်"

------------------------------------

ကျောင်းကြီး၏နှစ်ပတ်လည် စာမေးပွဲကို ဒီဇင်ဘာလ ဒုတိယပတ်မှာ ဖြေဆိုခဲ့ကြပြီး နှစ်သစ်တွင် ဆုပေးပွဲ ခမ်းမလေးကို ပြုလုပ်ကြပါသည်။

ထိုပွဲလေး သည် ယခင်နှစ်ကကဲ့သို့ ကျောင်းတွင် ကျောင်းသားမိဘများနှင့် အတူကျောင်းသား၊ကျောင်းသူများကို ဆုပေးပွဲလေးကို ပြုလုပ်ပါသည်။ ဒီနှစ်ကတော့ ကျောင်းသားများ၏ အားလုံးရင်တွင်ထဲတွင် မိမိတို့၏အမှတ်စာရင်းများကို ကြည့်ကာ ရင်ထဲမှ ညီညီငယ်ရေး မင်းအတွက်ကြိုးစားထားတယ်သိလားဟု ပြောကြားနေကြသည်မှာ သူတို့ကိုယ်တိုင် ညီညီငယ်အား ပြောကြားနေကြပါသည်။

ဒီနှစ်တော့ ကိုကိုလေးသည် ညီညီငယ်၏ နေရာသို့၀င်ရောက်ခဲ့သည်။ မေမေ၏တေ
ာင်းဆိုချက်ကြောင့် ကျောင်းကဆရာ၊ဆရာမ များကခွင့်ပြုကာ မေမေကို ကျေးဇူးတင်စကား နုတ်ခွန်းပြောကြားရန် စင်မြင့်ပေါ်သို့ ဖိတ်ခေါ်လိုက်ပါသည်။

ဒေါ်မမ သည်ခြေလှမ်းများကို တစ်လှမ်းခြင်းလှမ်းကာ ဆင်မြင့်ပေါ်သို့တက်လာပါသည်။ သူမ၏လက်ထဲမှာတော့ ဟောင်းနေပြီးဖြစ်သည့် နေ့စဉ်မှတ်တမ်းစာအုပ် အနီရောင်လေး ကိုင်ဆောင်လို့ထားပါသည်။

"အားလုံးပဲ မင်္ဂလာပါရှင်၊ ကြွရောက်လာကြတဲ့ ဂုဏ်သူရေရှိ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဧည့်သည်တော်များရှင်၊ ကျမနာမည်ကတော့ ဒေါ်မမဖြစ်ပါတယ်၊ ကျမကို ခုလို စကားပြောခွင့်ပေးကြတဲ့ ဆရာ၊ဆရာမ များကိုလွန်စွာမှ ကျေးဇူးတင်ကြောင်း ပထမပြောကြားလိုပါတယ်၊ ဒီနေ ့ဒီနေရာမှာ ကျမသားကြီးအတွက် ဂုဏ်ယူစွာ ပြောကြားရမည့် အချိန်ဖြစ်ပေမယ့်လေ၊ ကျမရင်ထဲမှာ ခုချိန်ခါမှာ သားငယ်သာ ရှိနေမယ်ဆိုရင်လေ သားငယ်အတွက် ပြောဖြစ်နေမှာပါ"

သူမအသံများတိမ်၀င်သွားသည်။ အားတင်းကာ ရင်ထဲရှိုက်သံကို နစ်မြုပ်လိုက်ရသည်။ ကျောင်းသား ကျောင်းသူများသည် ခေါင်းလေးတွေငုံ့ကာ ငြိမ်သက်သွားတော့သည်။ မြေကြီးကိုပဲကြည့်နေကြလာ၊ မျက်၀န်းထဲက မျက်ရည်များကို လူမမြင်အောင်ပဲ ကွယ်နေကြလာ ဆိုတာတော့ သူတို့သာသိပါလိမ့်မည်။

"ဒီနေ့ ဒီနေရာလေး မှာ ကျမကတော့ မိခင်ကောင်းပီသစွာ ရပ်တည်ပေးခဲ့သူတစ်ယောက်မဟုတ်ပါဘူး၊ ကျမလေ ဒီစာအုပ်လေးကို ဖတ်လိုက်ရတဲ့နေ့ကစပြီး တော့မှ ကျမလွန်စွာ ဆိုးခဲ့သည့် မိခင်မှန်းသိခဲ့ရပါသည်"
သူမသည် စာအုပ်လေးအား အများမြင်သာအောင် ပြလိုက်ပါသည်။

"ကျမလေ မိခင်တစ်ယောက်အနေနဲ့ ကျမသားလေးအပေါ်မှာ အတ္တများဖြင့် အကောင်းဆုံးဖြစ်အောင် ကျမရဲ့ဖြစ်စေချင်သည်များကို ရှေ့တန်းတင်ခဲ့သူပါ၊ ကျမသားလေး ကိုကျမဘာဖြစ်ချင်လဲ လို့တစ်ခါမှ မမေးမိခဲ့ဘူး၊ ကျမနောင်တရလို့မဆုံးပါဘူး၊ ကျမသားလေးနာမည်က ညီညီငယ်တဲ့၊ သူကကျမကို ပြောပြချင်တဲ့ အကြောင်းရာတွေ ရှိခဲ့ပါတယ်၊ ကျမဘယ်တုံးကမှ ကောင်းကောင်းနားမထောင်ခဲ့ပါဘူး၊ ကျမစိတ်ထဲမှာ ငါမိဘ ငါပြောတာကို နားထောင်ရမယ် ဆိုသည့် အတွေးသာ ကြီးဆိုးနေခဲ့သူပါ၊

ကျမသားတွေကို ကျမလျှောက်စေချင်တဲ့ လမ်းပေါ်အတင်းတွန်းလို့တွန်း မောင်းလို့မောင်းနှင့် ကျမလွန်စွာမှ မိုက်မဲခဲ့သည့် မိခင်တစ်ယောက် ဖြစ်ခဲ့သူပါ၊ ကျမလေး အခါနှောင်းမှ ကျမလွန်တာတွေမြင်ခဲ့တယ်၊ ကျမသားလေးကို အသက်ငယ်ငယ်လေး နဲ့ဆုံးရှုံးလိုက်ရတော့မှ ကျမနောင်တအကြီးအကျယ်ရခဲ့တယ်၊

ခုဒီလိုချိန်မှာ ဒီစကားပြောမိတာကို ကျမကိုခွင့်လွှတ်ကြစေချင်ပါတယ်၊ ကျမလိုပဲ မိခင်ကောင်းမပီသသူများ ၊ အခါးနှောင်းမှ နောင်တရမိမှာကို ကျမလိုလားပါဘူး၊ ဒါကြောင့် ဒီနေ့ဒီအချိန်မှာ ကျမဒီစကားကို ပြောရခြင်းဖြစ်ပါတယ်၊ အိမ်ပြန်ရင်လေ ရှင်တို့လဲ ရှင်တို့သားသမီးတွေ ဘာပြောချင်လည်းဆိုတာကို နားထောင်ပေးလိုက်ပါ၊ ပြောခွင့်ပေးလိုက်ပါ၊ သူတို့လေးတွေကို မွန်းကြပ်စွာ မထားစေချင်ဘူး"

သူမရင်တွင်ဆို့တက်လာသဖြင့် ရှိုက်သံကို အသာထိန်းရန် ခဏတာနားလိုက်ပါသည်။ ကျောင်းသား ကျောင်းသူများကတော့ ရင်နင့်စွာနားဆင်နေကြသည်။

"တခါတရံမှာ လူလောကကြီးမှာ သာမန်မဟုတ်တဲ့ လူတွေကို ကျမတို့ဘာလို့ပစ်ပယ်ထားကြမှာလဲ၊ ၀ိုင်း၀န်းဖြေးဖြောင့်စေချင်ကြပါတယ်၊ ကျမတို့က မိန်းခလေးတွေကို ပန်းတစ်ပွင့် နဲ့ တင်စားကြတယ်ဆိုပါဆို့ ပန်းတစ်ပွင့်မဟုတ်ခဲ့တဲ့ ကျမသားလေးလိုမျိုးကလေးတွေကိုလေး ဒီပန်းလေးတစ်ပွင့်အကြောင်းနဲ့ သင်ခန်းစားများယူသွားစေချင်ပါတယ်။ ကျမသားလေးဟာ အသက်ငယ်ငယ်လေးနဲ့ လောကကို အရှုံးပေးခဲ့သူတစ်ယောက်ပါ၊

ထိုကြောင့် သူနှင့်ဆက်နွယ်ခဲ့သည့့် နန္ဒဆိုသည့်ကလေး လေး ပါ အဆစ်ပါကာ အသိမဲ့တဲ့ဘ၀ကို ရောက်စေခဲ့ပြီး ကျမတို့သားကောင်းရတနာတွေ နစ်မွန်းခဲ့ရပါတယ်၊ ဒီတော့ လူလူချင်းစာနာကြပါ၊ ကူညီကြပါလို့ ကျမတိုက်တွန်းချင်ပါတယ်၊ ကျမတို့ နောက်ထက် အပစ်မဲ့တဲ့ကလေးတွေကိုမရှုံးစေချင်တော့ဘူး၊ နောက်ထက် ညီညီငယ် တစ်ယောက်လည်း ထပ်မပေါ်လာစေချင်တော့ဘူး၊ နောက်ထက် နန္ဒတစ်ယောက်လည်း ထက်မဖြစ်စေချင်တော့ဘူး၊ ဒီနေရာမှာ ကျမလေး အားလုံးသော မိဘတွေကို မိမိတို့ရဲ့သား သမီးတွေကို နားလည်နိုင်အောင်ကြိုးစားပါလို့ ပြောကြားရင် နိဂုန်းချုပ်လိုက်ပါတယ်၊ ကျမထက်လောင် မှာကြားပါရစေ အိမ်ပြန်ရင်လေ သားသမီးတွေ ဘာတွေပြောချင်လဲ ဆိုတာကို နားထောင်ပေးလိုက်ပါ"

ဖြောင်းဖြောင်း........ဖြောင်းဖြောင်း

လက်ခုပ်သံများ မိုးယံသို့လွင့်မျောတက်သွားပါတော့သည်။

နောက်ဆုံးရလဒ်ကတော့...

အောင်ခိုင် နှင့် နိုင်နိုင်

သူတို့နှစ်ယောက်သည် ဆယ်တန်းစာမေးပွဲပြီသည်နှင့် ထိုနယ်ကလေးမှ ပြောင်းရွေ့သွားခဲ့ကြသည်။ ကိုကိုလေး နှင့်အတူ ဆေးကျောင်းကြီးတွင်ပညာသင်ယူခဲ့ပါသည်။ ခုတော့ လူမှု့ရေးများတွင် တက်အားသ၍ ပါ၀င်လုပ်ကိုင်နေကြသော စေတနာ့ ၀န်ထမ်းဆရာ၀န်ကြီးများ အဖြင့်ရပ်တည်နေကြပါသည်။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

တွယ်တာ

သူမကတော့ သူနာပြုဆရာမကြီးအဖြင့် ထိုနယ်ကလေးမှာပင် နေထိုင်နေခဲ့ပါသည်။ သူမတို့ရပ်ကွက်မှ လူတစ်ယောက်ဖြင့် အိမ်ထောင်ကျကာ မိခင်ကောင်းသဖွယ် နေထိုင်နေပါတော့သည်။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ကျောင်းတော်ကြီးကတော့ လူတော်လေး လေးဦး ကိုဆုံးရုူံးလိုက်ရပါတော့သည်။

အောင်အောင်
သူသည် ညီညီငယ်၏နောက်ဆုံးခရီးကို ပို့ဆောင်သည့်သူထဲတွင်မပါရှိခဲ့ပါ။ ထိုရက်က သူဆေးရုံးမှာပဲ အသဲကွဲေ၀ဒနာနှင့် နေခဲ့ရပါသည်။ ကျောင်းမှ နူတ်ထွက်သွားကာ ကျောင်းတော်ကြီးဆီသို့ ပြန်မလာခဲ့တော့ ချေ။ သူ့၏ နှလုံးသားများသည် ညီညီငယ်နဲ့အတူပါသွားခဲ့သည်။ ဆေးရုံးတွင် ရက်ပေါင်းများစွာ စိတ်ထောင်းကိုယ်ကျေဖြင့်ကုသရင်းက ကျောင်းကိုကျော်ခိုင်းသွားခဲ့တော့သည်။ ကျောင်းပြောင်းကာ နယ်ပင်ပြောင်းသွားကာ အစအန ဘာသတင်းမှမကြားတော့အောင် ပုန်းရှောင်သွားခဲ့တော့သည်။ သူကိုသွားကြည့်ကြသည့
် ကျောင်းသားများပြောပြချက်အရ...

"ညီညီငယ်မရှိတော့တာကို လက်မခံချင်ပေမယ့် လက်ခံလိုက်ရပြီး ညီညီငယ်ငါ့ဆီကို တစ်ရက်မှ ရောက်မလာခဲ့ဘူးလေ၊ ညီညီငယ်သာ ရှိနေမယ်ဆိုရင် သူငါ့ဆီကိုလာမယ်ဆိုတာ သေချာပေါက်ပြောရဲတယ် ညီညီငယ်က လူတစ်ဘက်သားကို ကူညီတတ်တာ ငါအသိဆုံးမို့ပါ၊ ငါဒီမြို့မှာဆက်ပြီး နေနိုင်စွမ်းမရှိတော့ဘူး၊ ညီညီငယ်ရဲ့အရိပ်တွေကို ငါကျော်လွှာနိုင်တော့ဘူးလေ"
ထိုစကားလက်ဆောင်သာထားခဲ့သည့် အောင်အောင် ခုတော့ဘယ်ဆီရောက်နေသည်မသိတော့ပါ။

♦♦♦♦♦♦♦♦♦♦♦♦

နှင်းဆီ...

သူမကတော့ ညီညီငယ်ကိုလိုက်ပို့သည့်ရက်က နောက်ဆုံးကျောင်းတွင် မြင်တွေ့ခဲ့ရပြီး၊ ကျောင်းမှ နူတ်ထွက်ကာ တစ်ရပ်တစ်ပါးသို့ ပြောင်းရွေ့သွားတော့သည်။

တွယ်တာ၏ပြောပြချက်အရ နှင်းဆီသည် ညီညီငယ်ခုလိုနောက်ဆုံးအချိန်ဖြစ်သွားသည်က သူမ၏ မရောဂမကင်းဟု ထင်မှတ်ထားကာ သူမသည် ဒီကျောင်းကြီးတွင်မျက်နာ မပြဝံ့အောင်ဖြစ်ခဲ့ရပါသည်။ ထိုကြောင့် ညီညီငယ်နှင့်ပါက်သက်ခဲ့သမျှကို ရင်ဆိုင်နိုင်အားမရှိတော့သဖြင့် ကျောင်းကြီးကိုနူတ်ဆက်ကာ ထွက်သွားခဲ့တော့သည်။
ယခုတော့ သူတို့တက်ခဲ့သည့်ကျောင်းတော်ကြီး၌ပင် ကျောင်းဆရာမအဖြစ်လုပ်ကိုင်နေပါတော့သည်။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
နန္ဒ
္ဒ
သူကတော့ ညီညီငယ်၏နောက်ဆုံးရက်တွင် အခြေအနေဆိုးကာ စိတ္တဇဆေးရုံးသို့ပို့လိုက်ရတော့သည်။ သူ၏နူတ်ဖျားက အဆက်မပျက် ရွတ်သွားသည်ကတော့..

"ညီညီငယ်....ညီညီငယ်....ညီညီငယ်.....ညီညီငယ်......ညီညီငယ်"

နန္ဒ၏အဖြစ်ပျက်ကြောင့် ကျောင်းသား ကျောင်းသူ နှင့် ဆရာ ဆရာမ များ၏ရင်ထဲတွင်တော့ သင်ခန်းစာများကိုယ် စီ ကိမ်းအောင်းနေခဲ့ကြပါတော့သည်။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ယခုတော့ ကိုကိုလေး စွန့်ခွာခဲ့သော နယ်မြေကိုပြန်ရောက်လို့နေပါပြီး၊ ညီလေးဆန္ဒဖြစ်စေချင်ခဲ့သော ဆရာ၀န်ကြီးကိုပိုင်ဆိုင်နိုင်ပြီး ညီလေး လုပ်ပေးမည်ဆိုသော် မိဘများကို ပြုဆုရန်ပြန်ရောက်လာခဲ့ပါတော့သည်။

တောင်တန်းကြီးက မိုးတွေအုပ်နေပါသည်။ ထိုတောင်တန်းကြီးထဲရှိ တောစခန်းတစ်ခုလေးသည် ပန်းပင်များဖြင့် ေ၀ေ၀ဆာဆာရှိနေသည်။ ရေတွေလောင်းနေသော ဦးမျိုးမင်းသည် တောစခန်းလေး သုံးခုကြားက ကျောက်ခုံလေးတစ်ခုတွင် လူတစ်ယောက်ထိုင်နေသည်ကို ကြည့်လိုက်သည်။ ထိုလူလတ်ပိုင်း အရွယ်ကောင်လေးကတော့ တောင်ကြီးကိုမော့ကြည့်နေပါသည်။

"ကြယ်လေးတွေ အရေတွက်ရေရအောင် ညီညီငယ် မင်းငါ့ကိုချစ်တယ်ဆိုရင်လေ အဲ့ဒီကြယ်တွေကို ခေါ်လာပေးနော်"

..............The End....................

ဒီဝတၳု လေးကို တင်ခွင့်ပေးခဲ့တယ်. စာရေးသူ Jin jar ကိုလည်း အထူးပင် ကျေးဇူးတင်ပါတယ်..။
အားပေးကြတဲ့ စာဖတ်သူ အားလုံးကိုလည်း ကျေးဇူးတင် ပါတယ်.....

Continue Reading

You'll Also Like

828K 46.3K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
364K 40.3K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
398K 4K 20
Daddy type မို့ roလဲ ro ကြမ်းလဲကြမ်းပါမယ်နော် 🌚🔞 warning 18+မို့ 18အထက်‌တွေ ဖတ်ပေးနော်.. ...Author/Writer by ivy🐻‍❄️...
1.5M 87.4K 38
ဧက္ကရာဇ်မင်း... ဘ၀တစ်လျှောက်မင်းတစ်ပါးလုပ်လာသမျှ သူbabyရာဇသံနဲ့ကျမ ဒူးတွေလဲ့ထောက်လက်အုပ်တွေလဲ့ချီလိုရယ်.... baby..ကိုယ်ကဧက္ကရာဇ်မို့ မင်းလေးကိုယ်ရဲ့...