Unseen(Completed)

By Exo12wolves88

195K 16.8K 1K

---Love between us may be unseen--- Nobody can prepare their Love More

---Unseen---1
---Unseen---2
---Unseen---3
Unseen---4
---Unseen---5
---Unseen---6
---Unseen---8(HB Kris)
---Unseen---9
---Unseen---10
---Unseen---11 (Final)
FicBook Details

---Unseen---7

13.4K 1.4K 75
By Exo12wolves88

[Zawgyi]

----------------------------
°POV of Yeol (or) Eu°
----------------------------

ကြၽန္ေတာ္ဖြင့္ေျပာလိုက္မိေသာစကားအဆံုးတြင္
ရင္ခြင္ထဲမွေကာင္ေလးက နာက်င္စြာ
သက္ျပင္းခ်လာသည္။ ရႈိက္သံအနည္းငယ္စြက္ေနေသာ သက္ျပင္းခ်သံ၏
အေနာက္တြင္…

" ဒီစကားေလးၾကားဖို႔အေရး ငါဘယ္ေလာက္
ေပးဆပ္ခဲ့ရသလဲ Yeol ah...
ငါ့မ်က္ရည္...ငါ့နာက်င္မႈ...ငါ့မုန္းတီးမႈေတြ
အားလံုးေပးဆပ္ခဲ့ရတာ...၊
အခုေတာ့ ငါေမွ်ာ္လင့္သလိုျဖစ္လာပါၿပီေလ... "

ေျပာရင္း ေပ်ာ့ေခြက်သြားေသာေကာင္ေလး
နာမည္ကို ကြၽန္ေတာ္ရူးသြပ္စြာေအာ္ေခၚရင္း
ထိုေန႔က သူ႔အေပၚထားသည့္ကြၽန္ေတာ့္
ခ်စ္ျခင္းကို ကြၽန္ေတာ္ကိုယ္တိုင္မ်က္ဝါးထင္ထင္
ျမင္ေတြ႕ခဲ့ရသည္။

-*-*-*-*-*-*-*-*   Unseen   -*-*-*-*-*-*-*-

မင္း ေခါက္ထားတဲ့
ၾကယ္ေလးတစ္ပြင့္ကို မနာလိုမရႈစိမ့္ေနရတဲ့
ငါဟာ...
ဟိုးေကာင္းကင္ေပၚက ၾကယ္တစ္ပြင့္...။

-*-*-*-*-*-*-*-*   Unseen   -*-*-*-*-*-*-*-

" ဘယ္လိုလုပ္စိတ္ေျပာင္းၿပီး ျပန္ေရာက္လာ
တာလဲ? "

ကြၽန္ေတာ့္ရင္ခြင္ထက္တြင္ ခပ္သာသာမွီေလ်ာ့
ထိုင္ေနရင္း ကြၽန္ေတာ့္ကိုေမာ့ၾကည့္ကာ
ေမးခြန္းထုတ္လာေသာ အခ်စ္ရဆံုးသူကို
နဖူးေလးတစ္ခ်က္ငံု႔နမ္းလိုက္သည္။ မွိတ္က်သြားသည့္
မ်က္ဝန္းေလးတစ္စံုသည္ ကြ်န္ေတာ့္အနမ္း သူ႔နဖူး
ထက္မွအကြာတြင္ ျပန္ပြင့္လာခဲ့၏။

" သိခ်င္လား...
သိခ်င္ရင္ ဒါေလးတစ္ဇြန္းေသာက္ေနာ္... "

လက္ထဲက ဆန္ျပဳတ္ပန္းကန္ေလးကို
ေျမွာက္ျပရင္း ကြၽန္ေတာ္ဆိုေတာ့...
Baekhyunက ႏႈတ္ခမ္းကိုမဲ့ျပကာ ဆတ္ခနဲဆိုသလို ဟိုဘက္ကိုလွည့္သြားေလ၏။
ကြ်န္ေတာ့္အေပးအယူအတြက္ မေက်နပ္သြားေသာ
ဟန္ပန္မ်ိဳး…။

ဒီတစ္ေယာက္ကို ဆန္ျပဳတ္တိုက္ရသည္က အေတာ္
ခက္ခဲသည္ပဲ...၊ဘယ္လိုမွ မေသာက္ဘူးလုပ္ေနသည့္
အတြက္ ကြၽန္ေတာ္ကိုယ္တိုင္ေခ်ာ့ေမာ့တိုက္ေနရသည္
မွာ တစ္နာရီၾကာေနၿပီျဖစ္သည္။ ပန္းကန္တစ္ဝက္
မေလ်ာ့ေသး...။ တစ္နာရီႏွင့္ ပန္းကန္တစ္ဝက္…
အင္း…ၾကာခ်ိန္ႏွင့္ပမာဏက သိပ္ေတာ့မမွ်တေသး။

" Park Baekhyun...
ဆန္ျပဳတ္ေတြလည္း ေအးကုန္ၿပီေနာ္... "

ခပ္မာန္မာန္ဆူလိုက္ေတာ့ ဆတ္ခနဲျပန္လွည့္လာ
သည္။
သူေတာ့မသိ... ကြ်န္ေတာ့္မွာေတာ့ အဆမတန္ခုန္ေနေသာ ကြၽန္ေတာ့္ရင္ခုန္သံကုိ ၾကားမွာစိုးသည့္စိတ္ျဖင့္ လူက ေခြၽးကိုပ်ံေနရၿပီ...။

" ငါ ဒီေလာက္ေသာက္ျပီးရင္ မင္းေက်နပ္ေတာ့
ေပါ့...
အရင္ကဆို ငါေသာက္တာေတာင္မဟုတ္ဘူး "

ဆန္ျပဳတ္ပန္းကန္ကို လက္ညွိဳးႏွင့္တြန္းထုတ္ေန
ရင္း သူညည္းလာေတာ့...
ကြၽန္ေတာ့္မွာ ဆက္တိုက္ရေတာ့မည္လိုလို...
လက္ေလ်ာ့လိုက္ရေတာ့မည္လိုလို...။

ကြၽန္ေတာ့္ဆီက သက္ျပင္းတိုးလ်လ်ခ်သံထြက္ေပၚလာ
သည့္ေနာက္တြင္ Baekhyunလည္း ထပ္တူ သက္ျပင္းလိုက္ခ်လာသည္။

" ကဲ...
ေသာက္မယ္... အသက္တိုေအာင္ သက္ျပင္းခ်
မေနနဲ႔... "

ေျပာရင္း ဆန္ျပဳတ္ပန္းကန္ကို တစ္ခါတည္းေမာ့
ေသာက္လိုက္ေသာ Baekhyunသည္ အျပဳအမူ
ေလးတစ္ခုတည္းႏွင့္ပင္ ကြ်န္ေတာ့္ခ်စ္ျခင္းမ်ားကို
သိမ္းႀကံဳးယူေဆာင္သြားေလသည္။
ႏႈတ္ခမ္းေထာင့္စြန္းက ဆန္ျပဳတ္ရည္ေလးေတြ
ကို လက္ျဖင့္ အသာတို႔သုတ္ေပးလိုက္ရင္း...

" လိမၼာလိုက္တာေနာ္ ငါတို႔ Baekhyunက... "

ကြၽန္ေတာ့္စကားအဆံုးတြင္ သူ မ်က္ေစာင္းလ်လ်
ထိုးလာ၏။

" အခုမွ ငါတို႔တဲ့...၊
အရင္ကက် ငါ့ကိုဆို ေျပာလိုက္တာ...၊အခုမွ... "

" ေအာ္...အဲ့တုန္းကေတာ့
ကိုယ့္ကိုကိုယ္လည္း ဘယ္သိဦးမွာလဲ...၊
ေစာနကမွ ေသခ်ာသိလာတာ...၊
မင္းမ်က္ရည္က်တာျမင္ရင္ ငါ့ရင္ဘတ္ေတြ
နာတယ္...၊မင္း ငိုေနတာေတြ႕ရင္ ငါပါ မ်က္ရည္
ခတယ္...၊အဲ့ဒါေၾကာင့္ ငါ မင္းဆီျပန္ေရာက္
ေအာင္ လာခဲ့တာ...၊ ၿပီးေတာ့... "

စကားကို ခဏရပ္ေတာ့...
ကြၽန္ေတာ့္လက္ဖဝါးထဲကို သူ႔လက္ေလးေတြ
ထိုးထည့္ေနေသာ Baekhyunက...
အင္း ဟု ခပ္ေျပေျပစကားေထာက္လာေပးသည္။

" ၿပီးေတာ့ ငါ ေတာင္းပန္ပါတယ္... "

တိုးလ်ေသာ ေတာင္းပန္စကားတစ္ခြန္းသည္ သက္ျပင္း
ခ်သံတစ္ခုႏွင့္အတူ ကြ်န္ေတာ့္ႏႈတ္ခမ္းထက္စီမွ
ခုန္ဆင္းက်လာသည္။

" ဘာလို႔... "

" ဘာလို႔လဲဆိုေတာ့
ငါက မင္းေယာက်္ားဟုတ္မဟုတ္ မေသခ်ာမိလို႔ပါ...၊
ျဖစ္ခ်င္မွလဲျဖစ္မွာေလ... "

ကြ်န္ေတာ့္ရင္ခြင္ထဲကို တိုးဖြဖြပိုတိုးဝင္လာသည္။
နီးကပ္ေနေသာအေနအထားႏွစ္ခုက ပို၍နီးကပ္စြာ
ျဖစ္တည္သြား၏…။

" မင္းက ငါ့လူပါပဲ...Yeol ah... "

သူ႔အေသအခ်ာဆိုစကား၌
ကြၽန္ေတာ့္သံသယမ်ား ဝပ္ဆင္းက်ကုန္သည္…။

-*-*-*-*-*-*-*-*-   Unseen   -*-*-*-*-*-*-*-*

ဝရံတာလက္ရန္းကို တင္းတင္းက်ပ္က်ပ္ဆုပ္
ကိုင္ရင္း ကြၽန္ေတာ္သက္ျပင္းခ်လိုက္မိ၏။
ဦးေႏွာက္၏ဆံုးျဖတ္ခ်က္ကို ႏွလံုးသား၏အလိုက အႏိုင္ရသြားသည့္တခဏအတြင္းမွာပင္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ မပိုင္ဆိုင္ေတာ့...။

နားထဲတြင္ တရုတ္ျပည္ကိုေရာက္သြားၿပီျဖစ္ေသာO၏ ဖုန္းဆက္တုန္းက ေျပာခဲ့ေသာစကားကို
ျပန္ၾကားေယာင္လာသည္...။

---ဘာအေၾကာင္းျပခ်က္ေၾကာင့္ေနခဲ့သလဲမသိ
ေပမယ့္...အႏၲရာယ္ကင္းေအာင္ေနပါ Eu...။
Black Dragon က Rêve ရဲ႕ ရန္သူမဟုတ္ေပ
မယ့္...မိတ္ေဆြေတာ့လဲမဟုတ္တာ သတိရေစ
ခ်င္တယ္---

Oေျပာတာမွန္ေနသည္ေၾကာင့္လည္း ကြၽန္ေတာ္ဘာမွ
ဆင္ေျခမေပးႏိုင္ေတာ့...၊
အေသအခ်ာျပန္စဥ္းစားၾကည့္ေတာ့...
ကားေပၚမွေန ေျပးဆင္းခဲ့တုန္းကေတာင္
ဘယ္လိုသတၱိႏွင့္ ေနခြင့္ေတာင္းခဲ့သည္ဆိုတာ
ယခုအခ်ိန္အထိ ကြ်န္ေတာ့္ကိုယ္ကြ်န္ေတာ္စဥ္းစားမရ
ျဖစ္ေနဆဲျဖစ္သည္။

အေၾကာင္းျပခ်က္?
ကြၽန္ေတာ္ ဒီမွာေနဖို႔အေၾကာင္းျပခ်က္ဆိုတာ
ဘာရယ္ဆိုသည္ေဝခြဲမရ။
ဒီအတိုင္း...
ကြၽန္ေတာ့္ႏွလံုးသား၏အလိုကို တခဏဦးစား
ေပးလိုက္မိရံုတင္ျဖစ္၏။
ထိုအခ်ိန္တြင္ ကြ်န္ေတာ္…ဒီစံအိမ္ေတာ္တြင္မေနခဲ့ရပါ
လွ်င္ ေသႏိုင္ေတာ့သည့္အေနအထားကိုေရာက္ေနၿပီ
ျဖစ္သည့္အတြက္ မိုက္ရူးရဲဆန္စြာ ခြင့္ေတာင္းေနခဲ့မိ
လိုက္ျခင္းပင္။

တခါတခါေတာ့လည္း...လူသားေတြဆိုသည္
ႏွလံုးသား၏ ႀကိဳးဆြဲရာ ကေနရေသာရုပ္ေသးရုပ္ေတြ
ျဖစ္ေနတတ္သည္။
ဖတ္ခဲ့ဖူးေသာ ကဗ်ာေယာင္ေယာင္...
စာဆိုေယာင္ေယာင္ စာသားေလးတစ္ေၾကာင္းကို
ျပန္အမွတ္ရမိခိုက္ ကြၽန္ေတာ့္ႏႈတ္ခမ္း
မခိုင္းေစပဲ ၿပဳံးမိ၏။

" ဘာလုပ္ေနတာလဲ...? "

ခါးထက္မွာ လာရစ္ပတ္ေသာလက္တစ္စံုရယ္...
ေက်ာျပင္မွာ လာမွီေသာမ်က္ႏွာေလးရယ္ေၾကာင့္... ေနာက္လွည့္မၾကည့္ပါပဲကို
သူ႔ကိုယ္သင္းနံ႔ေလးက ႏွာေခါင္းထက္စီကို
ေရာက္လာသည္။

" ကိုယ့္ကိုကိုယ္ အံ့ဩေနမိလို႔ပါ... "

" ငါ့ကို ဘယ္အခ်ိန္ကတည္းက ခ်စ္မိသြားသလဲ
ဆိုတာ မသိလို႔လား...? "

သူ႔လက္ကို အသာဆြဲျဖဳတ္ကာ...
မ်က္ႏွာခ်င္းဆိုင္လိုက္ရင္း ကြ်န္ေတာ့္အံ့ၾသျခင္းကို
ထုတ္ေဖာ္သည္။

" အဲ့...အဲ့ဒါကို ဘယ္လိုလုပ္သိတာလဲ! "

သူ ႏွစ္လိုဖြယ္ျပံဳးလာ၏…။

" မင္းကို ငါသိတာ မၾကာေသးတာက်လို႔ Yeollieရာ...၊
မင္းအသက္ရွဴသံၾကားရင္ကို
မင္းကိုယ္ထဲက ေသြးေၾကာေတြဘယ္လို စီးဆင္းေနတယ္ဆိုတာကို သိႏိုင္ေလာက္တယ့္အထိ
မင္းအေၾကာင္းကို ငါအေသအခ်ာသိတယ္... "

အလြန္အကြ်ံစကားေၾကာင့္...
ကြၽန္ေတာ္ ရယ္လိုက္မိေတာ့....
သူက ေခါင္းေလးေစာင္းငဲ့လို္က္ရင္း...

" ၾကည့္ရတာ ငါေျပာတာမယံုဘူးနဲ႔တူတယ္...၊
ၿပီးေတာ့ မင္းေတြးေနတယ့္ေမးခြန္း...၊
မင္းကိုယ္တုိင္သာမသိတာ မင္းႏွလံုးသားကေတာ့ သိေနတယ္...၊
ငါ့ကို စစေတြ႕ျခင္းတုန္းက မင္းႏွလံုးသားက
ဘာေျပာသလဲ? "

ကြၽန္ေတာ့္မွတ္ဥာဏ္ေတြကို အလ်င္အျမန္ျပန္
အလုပ္ေပးလိုက္ခိုက္ ျပန္အမွတ္ရလာသည့္
သူ႔ကို စေတြ႔ေသာ ရက္...။
Oႏွင့္ အတူတူလိုက္လာစဥ္ ကားစီးသူတို႔ထံုးစံအတိုင္း
လမ္းေဘးဝန္းက်င္ကို ေလွွွ်ာက္ၾကည့္ေနမိခိုက္မွာပင္
အရက္ဆိုင္ေလးထဲမွသူ႔ကိုေတြ႔သြားေသာေၾကာင့္
ရင္ထဲ နင့္ခနဲျဖစ္သြားသည့္အတြက္ ကားကိုရပ္ခိုင္းကာ ေငးေနမိခဲ့သည့္အျဖစ္တစ္ခုက ျပန္ေပၚလာခဲ့သည္။
ဆံပင္ျဖဴေလးႏွင့္ျဖစ္သည့္အတြက္ လူၾကားထဲထင္းေန
သည္ကို သတိထားမိရာမွေန ရန္ျဖစ္တာျမင္ေတာ့
လည္း လူေကာင္ေသးသည့္သူ႔အတြက္
ၾကားဝင္စိတ္ပူခဲ့မိေသး၏...။

ဒါဆို....
ကြၽန္ေတာ္ကိုယ္တိုင္မသိခင္မွာပင္
ကြၽန္ေတာ့္ႏွလံုးသားက သူ႔အတြက္ေနရာေပး
ေနမိၿပီးၿပီတဲ့လား?

ခပ္ေတြေတြျဖစ္သြားေသာကြၽန္ေတာ့္မ်က္ႏွာရိပ္ကို
ကြ်မ္းကြ်မ္းက်င္က်င္အကဲဖတ္ႏိုင္စြာ
သူ…ႏႈတ္ခမ္းေလးေကာ့တက္ရံုၿပံဳးလာသည္။
သူ႔ပံုစံက...သူ အမွန္တကယ္ကို ကြၽန္ေတာ့္အေၾကာင္း
ေတြ အေၾကာင္းစံုသိေနသလိုမ်ိဳး...။
ေဖ်ာ္ေျဖရမွာအသင့္ျဖစ္ေနေသာ
စင္ေပၚက ေမွာ္ဆရာတစ္ေယာက္လို
ကိုယ့္ကိုကိုယ္ယံုၾကည္ဟန္အျပည့္ျဖင့္...။

" ဘာပဲျဖစ္ျဖစ္ကြာ...
ခ်စ္တာပဲသိတယ္... "

ေနာက္ဆံုးတြင္ေတာ့ အရႈံးလဲမေပးလို...၊
ထပ္လဲ မျငင္းႏိုင္ေတာ့သည့္ ကြၽန္ေတာ္ကပင္
ေဆာင့္ေအာင့္ ျပန္ေျပာလိုက္မိ၏။
သူ…တဟားဟားေအာ္ရယ္လာသည္...။
အားရပါးရရယ္ၿပီးမွ သူ႔ဗိုက္မွအနာက အခ်က္
ျပသည္ထင္...၊
အ ခနဲတစ္ခ်က္ညည္းတြားကာ ခါးကိုကုန္းသြား၏။

" နာစမ္း နာစမ္း...
အဲ့ေလာက္ ေလွာင္ခ်င္ေနတာ... "

ငံု႔က်ေနေသာ သူ႔ေခါင္းကို မနာေအာင္
ခပ္ဖြဖြေခါက္ရင္း ကြၽန္ေတာ္မာန္ေတာ့...
ဆတ္ခနဲျပန္ေမာ့လာသည့္ သူ႔မ်က္ဝန္းတြင္ ေနရာယူ
ေနေသာ မ်က္ရည္ၾကည္တခ်ိဳ႕...။
ကြၽန္ေတာ္ ထိ္တ္ခနဲစိုးရိမ္သြားကာ...

" ဘာျဖစ္လို႔လဲ…
တအားနာသြားတာလား! ဆရာဝန္!!… "

ေသြးရူးေသြးတမ္းေျပးမလိုျပင္ေနေသာ
ကြၽန္ေတာ့္လက္ကို လွမ္းဆြဲလိုက္ရင္း
သူ ေခါင္းခါျပသည္...။ ထို႔ေနာက္…
ေလသံညင္းညင္းေလးျဖင့္
ကြၽန္ေတာ္ တစ္သက္မေမ့ႏိုင္ေသာစကားကို
သူ ဆိုလာ၏။

" ငါ ေပ်ာ္လို႔ပါ...
အခုမွ ငါ့သခင္ ျပန္ေရာက္လာတာမို႔
ငါ ေပ်ာ္လို႔ပါ Chanyeol ah… "

-*-*-*-*-*-*-*-*-   Unseen   -*-*-*-*-*-*-*-*

စစ္မွန္တယ့္ ခ်စ္ျခင္းတစ္ခုမွာ...
သူ႔သခင္က ကိုယ္ပါလို႔ သူေျပာလိုက္ခ်ိန္...
သူဆိုတာကလည္း ကိုယ့္သခင္ျဖစ္ေနခဲ့ရတယ္...။

-*-*-*-*-*-*-*-*-   Unseen   -*-*-*-*-*-*-*-*

" ဖုန္းလာေနတာ မကိုင္ဘူးလား? "

ေန႔လည္ လက္ဖက္ရည္ၾကမ္းထိုင္ေသာက္ေနစဥ္…
ေရွ႕စားပြဲခံုေပၚမွာ တင္ထားေသာ
ကြၽန္ေတာ့္ဖုန္းေလးဆီက တုန္ခါေနသံေၾကာင့္
Black Dragon၏ေခါင္းေဆာင္ Wu Krisက
ေမးဆတ္ေမးလာခဲ့သည္။

" မ.မကိုင္ေတာ့ဘူး... "

ဘာေၾကာင့္ရယ္မသိ တုန္လႈပ္ေနေသာ
ကြၽန္ေတာ့္အေျဖေၾကာင့္...
Kris က ဖုန္းscreen ကို လွမ္းၾကည့္လိုက္ရင္း...

" O ဆိုပဲ...၊ Zi Taoထင္တယ္... "

ယခုခ်ိန္မွာ တစ္ပါးသူ၏လူမႈေရးကို ဝင္စြက္ဖက္သည္
လား ဟူေသာစိတ္မ်ိဳး Kris အေပၚ… ကြၽန္ေတာ္မျဖစ္မိပါ....။
ဘာလုပ္ရမလဲဆိုေသာ အၾကည့္ျဖင့္သာ အကူအညီ
ေတာင္းသလို Krisကို လွမ္းၾကည့္လိုက္မိ၏...။

" ကိုင္လိုက္ေလ....
ေတာ္ၾကာ သူ စိတ္ပူေနဦးမယ္... "

လက္ဖက္ရည္ၾကမ္းပန္းကန္လံုးေလးကို
ႏႈတ္ခမ္းေရွ႕မွာ ခပ္ေဝ့ေဝ့ ဝဲဝိုက္ေနရင္းေျပာ
လာေသာ Krisအေျပာကို ကြ်န္ေတာ္ လက္ခံရခက္စြာ
ျဖင့္ Baekhyunကို လွမ္းၾကည့္လိုက္မိျပန္၏။
ကြၽန္ေတာ့္စိတ္ကို တကယ္ပဲရိပ္မိေနေသာ
Baekhyunက...

" အဆင္မေျပရင္ မေျဖပါနဲ႔... ရပါတယ္... "

" Baekေလး...
ဟိုတစ္ေယာက္စိတ္ပူေနမယ္ေလ... "

ၾကားျဖတ္ဝင္ေျပာလိုက္ေသာ Krisစကားက
O မ်က္ႏွာကို ျပန္ျမင္ေစသည္။
အားနာစိတ္ေလးႏွင့္အတူ ဖုန္းကိုလက္ကလွမ္း
လိုက္မိေပမယ့္...
အႏၲရာယ္ျဖစ္မည့္အရာတစ္ခုကို ထိေတြ႕ရ
ေတာ့မလိုမ်ိဳး လက္က ေစခိုင္းရခက္ေန၏။

" Hyungက အခု ဘာလို႔ကိုင္ခိုင္းတာလဲ?
Rêve ေခါင္းေဆာင္ေလး စိတ္ပူေနရမွာစိုးတာလား? "

စေနာက္သလို ေျပာလိုက္ေသာ Baekhyun
စကားက တကယ္ပဲ...Kris အရႈိက္ကိုထိေစ
သည္ထင္....။
လက္ထဲက ပန္းကန္လံုးေလးကို စားပြဲေပၚ
ကမန္းကတန္းတင္လိုက္ေသာ Krisဟန္ပန္သည္
သိသာသြားေသာအေျခအေနကို ကမန္းကတန္း
ျပန္သိမ္းဆည္းလိုက္ေတာ့မည့္ပံုစံျဖင့္ အဆမတန္
သိသာေနေစခဲ့သည္။

" ငါက ဘာလို႔သူ႔ကိုစိတ္ပူရမွာလဲ...
Chanyeolက်န္ေနခဲ့တာ ငါတို႔ဆီမွာေလ...၊
ေတာ္ၾကာ ငါတို႔တခုခုလုပ္လိုက္တယ္ထင္ေန
မွာစိုးတာ... "

"ေအာ္ေအာ္"ဟုဆိုကာ ေခါင္းေလးတၿငိမ့္ၿငိမ့္…
ေလွာင္ရိပ္စြန္းေနေသာBaekhyunကို
Kris... ႏွာေခါင္းမွ ေလထုတ္သံျပင္းျပင္းျပဳျပ
ကာ...ထထြက္သြားေလ၏။
သူ႔hyung ေက်ာျပင္ကို လိုက္ၾကည့္ရင္း...
သေဘာတက်ျဖင့္ Baekhyun ရယ္ျမဴးျမဴးေျပာသည္။

" ငါတို႔ Hyungႀကီး သူစိမ္းအတြက္စိတ္ပူတာ
ဒါ ပထမဆံုးပဲ... "

ကြၽန္ေတာ္ဆိုတာက Chanyeolဟုတ္မဟုတ္
မေသခ်ာေပမယ့္...
Kris ေခၚသြားလိုက္ေသာ Chanyeolဆိုသည့္
အေခၚက ခံစားခ်က္မစိမ္းကားေနျခင္းကိုေတာ့
ကြ်န္ေတာ္သတိျပဳလိုက္မိသည္။

ကြၽန္ေတာ့္အေတြး...ကြၽန္ေတာ့္အထင္ႏွင့္
ၿငိမ္ေနခိုက္တြင္ Baekhyun…ကြၽန္ေတာ့္လက္ကို လွမ္းအုပ္ကိုင္လာ၏။

" စိတ္မပူပါနဲ႔ Yeol...
အားလံုးအဆင္ေျပသြားမွာပါ... "

Oကို အားနာမိေပမယ့္...
ကြၽန္ေတာ္ တကယ္အဆင္ေျပမိခ်င္ပါသည္။

-*-*-*-*-*-*-*-*-   Unseen   -*-*-*-*-*-*-*-*

" Eu!! Eu!!! ဘယ္မွာလဲ!! "

ေအာက္ထပ္က လႊင့္တက္လာေသာေအာ္သံ
တစ္ခုေၾကာင့္... ကြ်န္ေတာ္ကိုယ္တိုင္
ဆတ္ခနဲမတ္တပ္ထရပ္လိုက္မိသလို…
ကြၽန္ေတာ့္လည္ပင္းေပၚတြင္ ေဖာင္တိန္တစ္ေခ်ာင္းျဖင့္
ပံုထိုင္ဆြဲေနေသာ Baekhyunလည္း လႈပ္ရွားမႈေတြ ၿငိမ္က်သြားသည္။

" Oျပန္လာၿပီပဲ... "

ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္အသိေပးသလို
ေရရြတ္လိုက္ရင္း...
အခန္းထဲက ထြက္လိုက္ခိုက္....
အေပၚထပ္ကို အေလာတႀကီးေျပးတက္လာ
ေသာ O ႏွင့္ အခန္းေပါက္ဝတြင္ဆံုသည္။
Oက ကြၽန္ေတာ္ထြက္လာေသာ
Baekhyunအခန္းကို တစ္ခ်က္လွမ္းၾကည့္
လိုက္ေသာ္ျငား ဘာမွေတာ့ေျပာမလာ...။
သက္ျပင္းခ်လိုက္ကာ ကြၽန္ေတာ့္လက္ကို
ဆြဲေခၚရင္း...

" ငါတို႔အခုခ်က္ခ်င္းျပန္မွျဖစ္မယ္ Eu... "

" Yae? "

အေျခအေနကို ဘာရယ္မသိစြာပဲ...
O ဆြဲေခၚရာေနာက္ကို ကြၽန္ေတာ္ေယာင္နနႏွင့္
ပါသြားသည္။
ေလွကားက ဆင္းမည္လုပ္ခိုက္တြင္
ေနာက္ေက်ာဘက္ဆီမွ ထြက္ေပၚလာေသာ
အသံတစ္သံ...။

" ငါ့ေကာင္ေလးကို ဘယ္ေခၚသြားမလို႔လဲ
Zi Tao ssi... "

ႏွစ္ေယာက္သားၿပိဳင္တူ လွည့္ၾကည့္လိုက္ခိုက္တြင္
ေဘာပင္ေလးကို ကြၽမ္းက်င္စြာလွည့္ကစားရင္း
တစ္လွမ္းခ်င္းစီ ခပ္ေအးေအးေလွ်ာက္လာေသာ Baekhyunကို ေတြ႕လိုက္ရ၏…။

ဘာအေၾကာင္းေၾကာင့္ အေရးႀကီးေနသည္မသိ
ေသာ Oရယ္...၊ မည္ကဲ့သို႔ေသာအေၾကာင္းႏွင့္မွ
ကြ်န္ေတာ့္ကို မထြက္ခိုင္းမည့္
ေသြးေအးေအးျဖစ္ေနေသာ Baekhyunရယ္...
မတူညီေသာအမူအရာႏွစ္မ်ိဳးႏွင့္
ထိုလူႏွစ္ေယာက္ၾကားတြင္
ေရွ႕ဆက္ႀကံဳေတြ႕ရေတာ့မည့္အျဖစ္အပ်က္က
ကြၽန္ေတာ့္အတြက္ စိတ္သက္သာေစမည္တဲ့လား…။

-*-*-*-*-*-*-*-*-   Unseen   -*-*-*-*-*-*-*-*

#TBC

ျမန္တာေလေနာ္...။

အားလံုးကို ခ်စ္ခင္ျခင္းမ်ားစြာျဖင့္...
ခင္မင္ျခင္းမ်ားစြာျဖင့္...
ေလးစားျခင္းမ်ားစြာျဖင့္...

------------------------------------------------------

[Uni]

----------------------------
°POV of Yeol (or) Eu°
----------------------------

ကျွန်တော်ဖွင့်ပြောလိုက်မိသောစကားအဆုံးတွင်
ရင်ခွင်ထဲမှကောင်လေးက နာကျင်စွာ
သက်ပြင်းချလာသည်။ ရှိုက်သံအနည်းငယ်စွက်နေသော သက်ပြင်းချသံ၏
အနောက်တွင်…

" ဒီစကားလေးကြားဖို့အရေး ငါဘယ်လောက်
ပေးဆပ်ခဲ့ရသလဲ Yeol ah...
ငါ့မျက်ရည်...ငါ့နာကျင်မှု...ငါ့မုန်းတီးမှုတွေ
အားလုံးပေးဆပ်ခဲ့ရတာ...၊
အခုတော့ ငါမျှော်လင့်သလိုဖြစ်လာပါပြီလေ... "

ပြောရင်း ပျော့ခွေကျသွားသောကောင်လေး
နာမည်ကို ကျွန်တော်ရူးသွပ်စွာအော်ခေါ်ရင်း
ထိုနေ့က သူ့အပေါ်ထားသည့်ကျွန်တော့်
ချစ်ခြင်းကို ကျွန်တော်ကိုယ်တိုင်မျက်ဝါးထင်ထင်
မြင်တွေ့ခဲ့ရသည်။

-*-*-*-*-*-*-*-*   Unseen   -*-*-*-*-*-*-*-

မင်း ခေါက်ထားတဲ့
ကြယ်လေးတစ်ပွင့်ကို မနာလိုမရှုစိမ့်နေရတဲ့
ငါဟာ...
ဟိုးကောင်းကင်ပေါ်က ကြယ်တစ်ပွင့်...။

-*-*-*-*-*-*-*-*   Unseen   -*-*-*-*-*-*-*-

" ဘယ်လိုလုပ်စိတ်ပြောင်းပြီး ပြန်ရောက်လာ
တာလဲ? "

ကျွန်တော့်ရင်ခွင်ထက်တွင် ခပ်သာသာမှီလျော့
ထိုင်နေရင်း ကျွန်တော့်ကိုမော့ကြည့်ကာ
မေးခွန်းထုတ်လာသော အချစ်ရဆုံးသူကို
နဖူးလေးတစ်ချက်ငုံ့နမ်းလိုက်သည်။ မှိတ်ကျသွားသည့်
မျက်ဝန်းလေးတစ်စုံသည် ကျွန်တော့်အနမ်း သူ့နဖူး
ထက်မှအကွာတွင် ပြန်ပွင့်လာခဲ့၏။

" သိချင်လား...
သိချင်ရင် ဒါလေးတစ်ဇွန်းသောက်နော်... "

လက်ထဲက ဆန်ပြုတ်ပန်းကန်လေးကို
မြှောက်ပြရင်း ကျွန်တော်ဆိုတော့...
Baekhyunက နှုတ်ခမ်းကိုမဲ့ပြကာ ဆတ်ခနဲဆိုသလို ဟိုဘက်ကိုလှည့်သွားလေ၏။
ကျွန်တော့်အပေးအယူအတွက် မကျေနပ်သွားသော
ဟန်ပန်မျိုး…။

ဒီတစ်ယောက်ကို ဆန်ပြုတ်တိုက်ရသည်က အတော်
ခက်ခဲသည်ပဲ...၊ဘယ်လိုမှ မသောက်ဘူးလုပ်နေသည့်
အတွက် ကျွန်တော်ကိုယ်တိုင်ချော့မော့တိုက်နေရသည်
မှာ တစ်နာရီကြာနေပြီဖြစ်သည်။ ပန်းကန်တစ်ဝက်
မလျော့သေး...။ တစ်နာရီနှင့် ပန်းကန်တစ်ဝက်…
အင်း…ကြာချိန်နှင့်ပမာဏက သိပ်တော့မမျှတသေး။

" Park Baekhyun...
ဆန်ပြုတ်တွေလည်း အေးကုန်ပြီနော်... "

ခပ်မာန်မာန်ဆူလိုက်တော့ ဆတ်ခနဲပြန်လှည့်လာ
သည်။
သူတော့မသိ... ကျွန်တော့်မှာတော့ အဆမတန်ခုန်နေသော ကျွန်တော့်ရင်ခုန်သံကို ကြားမှာစိုးသည့်စိတ်ဖြင့် လူက ချွေးကိုပျံနေရပြီ...။

" ငါ ဒီလောက်သောက်ပြီးရင် မင်းကျေနပ်တော့
ပေါ့...
အရင်ကဆို ငါသောက်တာတောင်မဟုတ်ဘူး "

ဆန်ပြုတ်ပန်းကန်ကို လက်ညှိုးနှင့်တွန်းထုတ်နေ
ရင်း သူညည်းလာတော့...
ကျွန်တော့်မှာ ဆက်တိုက်ရတော့မည်လိုလို...
လက်လျော့လိုက်ရတော့မည်လိုလို...။

ကျွန်တော့်ဆီက သက်ပြင်းတိုးလျလျချသံထွက်ပေါ်လာ
သည့်နောက်တွင် Baekhyunလည်း ထပ်တူ သက်ပြင်းလိုက်ချလာသည်။

" ကဲ...
သောက်မယ်... အသက်တိုအောင် သက်ပြင်းချ
မနေနဲ့... "

ပြောရင်း ဆန်ပြုတ်ပန်းကန်ကို တစ်ခါတည်းမော့
သောက်လိုက်သော Baekhyunသည် အပြုအမူ
လေးတစ်ခုတည်းနှင့်ပင် ကျွန်တော့်ချစ်ခြင်းများကို
သိမ်းကြုံးယူဆောင်သွားလေသည်။
နှုတ်ခမ်းထောင့်စွန်းက ဆန်ပြုတ်ရည်လေးတွေ
ကို လက်ဖြင့် အသာတို့သုတ်ပေးလိုက်ရင်း...

" လိမ္မာလိုက်တာနော် ငါတို့ Baekhyunက... "

ကျွန်တော့်စကားအဆုံးတွင် သူ မျက်စောင်းလျလျ
ထိုးလာ၏။

" အခုမှ ငါတို့တဲ့...၊
အရင်ကကျ ငါ့ကိုဆို ပြောလိုက်တာ...၊အခုမှ... "

" အော်...အဲ့တုန်းကတော့
ကိုယ့်ကိုကိုယ်လည်း ဘယ်သိဦးမှာလဲ...၊
စောနကမှ သေချာသိလာတာ...၊
မင်းမျက်ရည်ကျတာမြင်ရင် ငါ့ရင်ဘတ်တွေ
နာတယ်...၊မင်း ငိုနေတာတွေ့ရင် ငါပါ မျက်ရည်
ခတယ်...၊အဲ့ဒါကြောင့် ငါ မင်းဆီပြန်ရောက်
အောင် လာခဲ့တာ...၊ ပြီးတော့... "

စကားကို ခဏရပ်တော့...
ကျွန်တော့်လက်ဖဝါးထဲကို သူ့လက်လေးတွေ
ထိုးထည့်နေသော Baekhyunက...
အင်း ဟု ခပ်ပြေပြေစကားထောက်လာပေးသည်။

" ပြီးတော့ ငါ တောင်းပန်ပါတယ်... "

တိုးလျသော တောင်းပန်စကားတစ်ခွန်းသည် သက်ပြင်း
ချသံတစ်ခုနှင့်အတူ ကျွန်တော့်နှုတ်ခမ်းထက်စီမှ
ခုန်ဆင်းကျလာသည်။

" ဘာလို့... "

" ဘာလို့လဲဆိုတော့
ငါက မင်းယောကျ်ားဟုတ်မဟုတ် မသေချာမိလို့ပါ...၊
ဖြစ်ချင်မှလဲဖြစ်မှာလေ... "

ကျွန်တော့်ရင်ခွင်ထဲကို တိုးဖွဖွပိုတိုးဝင်လာသည်။
နီးကပ်နေသောအနေအထားနှစ်ခုက ပို၍နီးကပ်စွာ
ဖြစ်တည်သွား၏…။

" မင်းက ငါ့လူပါပဲ...Yeol ah... "

သူ့အသေအချာဆိုစကား၌
ကျွန်တော့်သံသယများ ဝပ်ဆင်းကျကုန်သည်…။

-*-*-*-*-*-*-*-*-   Unseen   -*-*-*-*-*-*-*-*

ဝရံတာလက်ရန်းကို တင်းတင်းကျပ်ကျပ်ဆုပ်
ကိုင်ရင်း ကျွန်တော်သက်ပြင်းချလိုက်မိ၏။
ဦးနှောက်၏ဆုံးဖြတ်ချက်ကို နှလုံးသား၏အလိုက အနိုင်ရသွားသည့်တခဏအတွင်းမှာပင် ကျွန်တော့်ကိုယ်ကျွန်တော် မပိုင်ဆိုင်တော့...။

နားထဲတွင် တရုတ်ပြည်ကိုရောက်သွားပြီဖြစ်သောO၏ ဖုန်းဆက်တုန်းက ပြောခဲ့သောစကားကို
ပြန်ကြားယောင်လာသည်...။

---ဘာအကြောင်းပြချက်ကြောင့်နေခဲ့သလဲမသိ
ပေမယ့်...အန္တရာယ်ကင်းအောင်နေပါ Eu...။
Black Dragon က Rêve ရဲ့ ရန်သူမဟုတ်ပေ
မယ့်...မိတ်ဆွေတော့လဲမဟုတ်တာ သတိရစေ
ချင်တယ်---

Oပြောတာမှန်နေသည်ကြောင့်လည်း ကျွန်တော်ဘာမှ
ဆင်ခြေမပေးနိုင်တော့...၊
အသေအချာပြန်စဉ်းစားကြည့်တော့...
ကားပေါ်မှနေ ပြေးဆင်းခဲ့တုန်းကတောင်
ဘယ်လိုသတ္တိနှင့် နေခွင့်တောင်းခဲ့သည်ဆိုတာ
ယခုအချိန်အထိ ကျွန်တော့်ကိုယ်ကျွန်တော်စဉ်းစားမရ
ဖြစ်နေဆဲဖြစ်သည်။

အကြောင်းပြချက်?
ကျွန်တော် ဒီမှာနေဖို့အကြောင်းပြချက်ဆိုတာ
ဘာရယ်ဆိုသည်ဝေခွဲမရ။
ဒီအတိုင်း...
ကျွန်တော့်နှလုံးသား၏အလိုကို တခဏဦးစား
ပေးလိုက်မိရုံတင်ဖြစ်၏။
ထိုအချိန်တွင် ကျွန်တော်…ဒီစံအိမ်တော်တွင်မနေခဲ့ရပါ
လျှင် သေနိုင်တော့သည့်အနေအထားကိုရောက်နေပြီ
ဖြစ်သည့်အတွက် မိုက်ရူးရဲဆန်စွာ ခွင့်တောင်းနေခဲ့မိ
လိုက်ခြင်းပင်။

တခါတခါတော့လည်း...လူသားတွေဆိုသည်
နှလုံးသား၏ ကြိုးဆွဲရာ ကနေရသောရုပ်သေးရုပ်တွေ
ဖြစ်နေတတ်သည်။
ဖတ်ခဲ့ဖူးသော ကဗျာယောင်ယောင်...
စာဆိုယောင်ယောင် စာသားလေးတစ်ကြောင်းကို
ပြန်အမှတ်ရမိခိုက် ကျွန်တော့်နှုတ်ခမ်း
မခိုင်းစေပဲ ပြုံးမိ၏။

" ဘာလုပ်နေတာလဲ...? "

ခါးထက်မှာ လာရစ်ပတ်သောလက်တစ်စုံရယ်...
ကျောပြင်မှာ လာမှီသောမျက်နှာလေးရယ်ကြောင့်... နောက်လှည့်မကြည့်ပါပဲကို
သူ့ကိုယ်သင်းနံ့လေးက နှာခေါင်းထက်စီကို
ရောက်လာသည်။

" ကိုယ့်ကိုကိုယ် အံ့ဩနေမိလို့ပါ... "

" ငါ့ကို ဘယ်အချိန်ကတည်းက ချစ်မိသွားသလဲ
ဆိုတာ မသိလို့လား...? "

သူ့လက်ကို အသာဆွဲဖြုတ်ကာ...
မျက်နှာချင်းဆိုင်လိုက်ရင်း ကျွန်တော့်အံ့သြခြင်းကို
ထုတ်ဖော်သည်။

" အဲ့...အဲ့ဒါကို ဘယ်လိုလုပ်သိတာလဲ! "

သူ နှစ်လိုဖွယ်ပြုံးလာ၏…။

" မင်းကို ငါသိတာ မကြာသေးတာကျလို့ Yeollieရာ...၊
မင်းအသက်ရှူသံကြားရင်ကို
မင်းကိုယ်ထဲက သွေးကြောတွေဘယ်လို စီးဆင်းနေတယ်ဆိုတာကို သိနိုင်လောက်တယ့်အထိ
မင်းအကြောင်းကို ငါအသေအချာသိတယ်... "

အလွန်အကျွံစကားကြောင့်...
ကျွန်တော် ရယ်လိုက်မိတော့....
သူက ခေါင်းလေးစောင်းငဲ့လိုက်ရင်း...

" ကြည့်ရတာ ငါပြောတာမယုံဘူးနဲ့တူတယ်...၊
ပြီးတော့ မင်းတွေးနေတယ့်မေးခွန်း...၊
မင်းကိုယ်တိုင်သာမသိတာ မင်းနှလုံးသားကတော့ သိနေတယ်...၊
ငါ့ကို စစတွေ့ခြင်းတုန်းက မင်းနှလုံးသားက
ဘာပြောသလဲ? "

ကျွန်တော့်မှတ်ဉာဏ်တွေကို အလျင်အမြန်ပြန်
အလုပ်ပေးလိုက်ခိုက် ပြန်အမှတ်ရလာသည့်
သူ့ကို စတွေ့သော ရက်...။
Oနှင့် အတူတူလိုက်လာစဉ် ကားစီးသူတို့ထုံးစံအတိုင်း
လမ်းဘေးဝန်းကျင်ကို လှေှျှာက်ကြည့်နေမိခိုက်မှာပင်
အရက်ဆိုင်လေးထဲမှသူ့ကိုတွေ့သွားသောကြောင့်
ရင်ထဲ နင့်ခနဲဖြစ်သွားသည့်အတွက် ကားကိုရပ်ခိုင်းကာ ငေးနေမိခဲ့သည့်အဖြစ်တစ်ခုက ပြန်ပေါ်လာခဲ့သည်။
ဆံပင်ဖြူလေးနှင့်ဖြစ်သည့်အတွက် လူကြားထဲထင်းနေ
သည်ကို သတိထားမိရာမှနေ ရန်ဖြစ်တာမြင်တော့
လည်း လူကောင်သေးသည့်သူ့အတွက်
ကြားဝင်စိတ်ပူခဲ့မိသေး၏...။

ဒါဆို....
ကျွန်တော်ကိုယ်တိုင်မသိခင်မှာပင်
ကျွန်တော့်နှလုံးသားက သူ့အတွက်နေရာပေး
နေမိပြီးပြီတဲ့လား?

ခပ်တွေတွေဖြစ်သွားသောကျွန်တော့်မျက်နှာရိပ်ကို
ကျွမ်းကျွမ်းကျင်ကျင်အကဲဖတ်နိုင်စွာ
သူ…နှုတ်ခမ်းလေးကော့တက်ရုံပြုံးလာသည်။
သူ့ပုံစံက...သူ အမှန်တကယ်ကို ကျွန်တော့်အကြောင်း
တွေ အကြောင်းစုံသိနေသလိုမျိုး...။
ဖျော်ဖြေရမှာအသင့်ဖြစ်နေသော
စင်ပေါ်က မှော်ဆရာတစ်ယောက်လို
ကိုယ့်ကိုကိုယ်ယုံကြည်ဟန်အပြည့်ဖြင့်...။

" ဘာပဲဖြစ်ဖြစ်ကွာ...
ချစ်တာပဲသိတယ်... "

နောက်ဆုံးတွင်တော့ အရှုံးလဲမပေးလို...၊
ထပ်လဲ မငြင်းနိုင်တော့သည့် ကျွန်တော်ကပင်
ဆောင့်အောင့် ပြန်ပြောလိုက်မိ၏။
သူ…တဟားဟားအော်ရယ်လာသည်...။
အားရပါးရရယ်ပြီးမှ သူ့ဗိုက်မှအနာက အချက်
ပြသည်ထင်...၊
အ ခနဲတစ်ချက်ညည်းတွားကာ ခါးကိုကုန်းသွား၏။

" နာစမ်း နာစမ်း...
အဲ့လောက် လှောင်ချင်နေတာ... "

ငုံ့ကျနေသော သူ့ခေါင်းကို မနာအောင်
ခပ်ဖွဖွခေါက်ရင်း ကျွန်တော်မာန်တော့...
ဆတ်ခနဲပြန်မော့လာသည့် သူ့မျက်ဝန်းတွင် နေရာယူ
နေသော မျက်ရည်ကြည်တချို့...။
ကျွန်တော် ထိတ်ခနဲစိုးရိမ်သွားကာ...

" ဘာဖြစ်လို့လဲ…
တအားနာသွားတာလား! ဆရာဝန်!!… "

သွေးရူးသွေးတမ်းပြေးမလိုပြင်နေသော
ကျွန်တော့်လက်ကို လှမ်းဆွဲလိုက်ရင်း
သူ ခေါင်းခါပြသည်...။ ထို့နောက်…
လေသံညင်းညင်းလေးဖြင့်
ကျွန်တော် တစ်သက်မမေ့နိုင်သောစကားကို
သူ ဆိုလာ၏။

" ငါ ပျော်လို့ပါ...
အခုမှ ငါ့သခင် ပြန်ရောက်လာတာမို့
ငါ ပျော်လို့ပါ Chanyeol ah… "

-*-*-*-*-*-*-*-*-   Unseen   -*-*-*-*-*-*-*-*

စစ်မှန်တယ့် ချစ်ခြင်းတစ်ခုမှာ...
သူ့သခင်က ကိုယ်ပါလို့ သူပြောလိုက်ချိန်...
သူဆိုတာကလည်း ကိုယ့်သခင်ဖြစ်နေခဲ့ရတယ်...။

-*-*-*-*-*-*-*-*-   Unseen   -*-*-*-*-*-*-*-*

" ဖုန်းလာနေတာ မကိုင်ဘူးလား? "

နေ့လည် လက်ဖက်ရည်ကြမ်းထိုင်သောက်နေစဉ်…
ရှေ့စားပွဲခုံပေါ်မှာ တင်ထားသော
ကျွန်တော့်ဖုန်းလေးဆီက တုန်ခါနေသံကြောင့်
Black Dragon၏ခေါင်းဆောင် Wu Krisက
မေးဆတ်မေးလာခဲ့သည်။

" မ.မကိုင်တော့ဘူး... "

ဘာကြောင့်ရယ်မသိ တုန်လှုပ်နေသော
ကျွန်တော့်အဖြေကြောင့်...
Kris က ဖုန်းscreen ကို လှမ်းကြည့်လိုက်ရင်း...

" O ဆိုပဲ...၊ Zi Taoထင်တယ်... "

ယခုချိန်မှာ တစ်ပါးသူ၏လူမှုရေးကို ဝင်စွက်ဖက်သည်
လား ဟူသောစိတ်မျိုး Kris အပေါ်… ကျွန်တော်မဖြစ်မိပါ....။
ဘာလုပ်ရမလဲဆိုသော အကြည့်ဖြင့်သာ အကူအညီ
တောင်းသလို Krisကို လှမ်းကြည့်လိုက်မိ၏...။

" ကိုင်လိုက်လေ....
တော်ကြာ သူ စိတ်ပူနေဦးမယ်... "

လက်ဖက်ရည်ကြမ်းပန်းကန်လုံးလေးကို
နှုတ်ခမ်းရှေ့မှာ ခပ်ဝေ့ဝေ့ ဝဲဝိုက်နေရင်းပြော
လာသော Krisအပြောကို ကျွန်တော် လက်ခံရခက်စွာ
ဖြင့် Baekhyunကို လှမ်းကြည့်လိုက်မိပြန်၏။
ကျွန်တော့်စိတ်ကို တကယ်ပဲရိပ်မိနေသော
Baekhyunက...

" အဆင်မပြေရင် မဖြေပါနဲ့... ရပါတယ်... "

" Baekလေး...
ဟိုတစ်ယောက်စိတ်ပူနေမယ်လေ... "

ကြားဖြတ်ဝင်ပြောလိုက်သော Krisစကားက
O မျက်နှာကို ပြန်မြင်စေသည်။
အားနာစိတ်လေးနှင့်အတူ ဖုန်းကိုလက်ကလှမ်း
လိုက်မိပေမယ့်...
အန္တရာယ်ဖြစ်မည့်အရာတစ်ခုကို ထိတွေ့ရ
တော့မလိုမျိုး လက်က စေခိုင်းရခက်နေ၏။

" Hyungက အခု ဘာလို့ကိုင်ခိုင်းတာလဲ?
Rêve ခေါင်းဆောင်လေး စိတ်ပူနေရမှာစိုးတာလား? "

စနောက်သလို ပြောလိုက်သော Baekhyun
စကားက တကယ်ပဲ...Kris အရှိုက်ကိုထိစေ
သည်ထင်....။
လက်ထဲက ပန်းကန်လုံးလေးကို စားပွဲပေါ်
ကမန်းကတန်းတင်လိုက်သော Krisဟန်ပန်သည်
သိသာသွားသောအခြေအနေကို ကမန်းကတန်း
ပြန်သိမ်းဆည်းလိုက်တော့မည့်ပုံစံဖြင့် အဆမတန်
သိသာနေစေခဲ့သည်။

" ငါက ဘာလို့သူ့ကိုစိတ်ပူရမှာလဲ...
Chanyeolကျန်နေခဲ့တာ ငါတို့ဆီမှာလေ...၊
တော်ကြာ ငါတို့တခုခုလုပ်လိုက်တယ်ထင်နေ
မှာစိုးတာ... "

"အော်အော်"ဟုဆိုကာ ခေါင်းလေးတငြိမ့်ငြိမ့်…
လှောင်ရိပ်စွန်းနေသောBaekhyunကို
Kris... နှာခေါင်းမှ လေထုတ်သံပြင်းပြင်းပြုပြ
ကာ...ထထွက်သွားလေ၏။
သူ့hyung ကျောပြင်ကို လိုက်ကြည့်ရင်း...
သဘောတကျဖြင့် Baekhyun ရယ်မြူးမြူးပြောသည်။

" ငါတို့ Hyungကြီး သူစိမ်းအတွက်စိတ်ပူတာ
ဒါ ပထမဆုံးပဲ... "

ကျွန်တော်ဆိုတာက Chanyeolဟုတ်မဟုတ်
မသေချာပေမယ့်...
Kris ခေါ်သွားလိုက်သော Chanyeolဆိုသည့်
အခေါ်က ခံစားချက်မစိမ်းကားနေခြင်းကိုတော့
ကျွန်တော်သတိပြုလိုက်မိသည်။

ကျွန်တော့်အတွေး...ကျွန်တော့်အထင်နှင့်
ငြိမ်နေခိုက်တွင် Baekhyun…ကျွန်တော့်လက်ကို လှမ်းအုပ်ကိုင်လာ၏။

" စိတ်မပူပါနဲ့ Yeol...
အားလုံးအဆင်ပြေသွားမှာပါ... "

Oကို အားနာမိပေမယ့်...
ကျွန်တော် တကယ်အဆင်ပြေမိချင်ပါသည်။

-*-*-*-*-*-*-*-*-   Unseen   -*-*-*-*-*-*-*-*

" Eu!! Eu!!! ဘယ်မှာလဲ!! "

အောက်ထပ်က လွှင့်တက်လာသောအော်သံ
တစ်ခုကြောင့်... ကျွန်တော်ကိုယ်တိုင်
ဆတ်ခနဲမတ်တပ်ထရပ်လိုက်မိသလို…
ကျွန်တော့်လည်ပင်းပေါ်တွင် ဖောင်တိန်တစ်ချောင်းဖြင့်
ပုံထိုင်ဆွဲနေသော Baekhyunလည်း လှုပ်ရှားမှုတွေ ငြိမ်ကျသွားသည်။

" Oပြန်လာပြီပဲ... "

ကျွန်တော့်ကိုယ်ကျွန်တော်အသိပေးသလို
ရေရွတ်လိုက်ရင်း...
အခန်းထဲက ထွက်လိုက်ခိုက်....
အပေါ်ထပ်ကို အလောတကြီးပြေးတက်လာ
သော O နှင့် အခန်းပေါက်ဝတွင်ဆုံသည်။
Oက ကျွန်တော်ထွက်လာသော
Baekhyunအခန်းကို တစ်ချက်လှမ်းကြည့်
လိုက်သော်ငြား ဘာမှတော့ပြောမလာ...။
သက်ပြင်းချလိုက်ကာ ကျွန်တော့်လက်ကို
ဆွဲခေါ်ရင်း...

" ငါတို့အခုချက်ချင်းပြန်မှဖြစ်မယ် Eu... "

" Yae? "

အခြေအနေကို ဘာရယ်မသိစွာပဲ...
O ဆွဲခေါ်ရာနောက်ကို ကျွန်တော်ယောင်နနနှင့်
ပါသွားသည်။
လှေကားက ဆင်းမည်လုပ်ခိုက်တွင်
နောက်ကျောဘက်ဆီမှ ထွက်ပေါ်လာသော
အသံတစ်သံ...။

" ငါ့ကောင်လေးကို ဘယ်ခေါ်သွားမလို့လဲ
Zi Tao ssi... "

နှစ်ယောက်သားပြိုင်တူ လှည့်ကြည့်လိုက်ခိုက်တွင်
ဘောပင်လေးကို ကျွမ်းကျင်စွာလှည့်ကစားရင်း
တစ်လှမ်းချင်းစီ ခပ်အေးအေးလျှောက်လာသော Baekhyunကို တွေ့လိုက်ရ၏…။

ဘာအကြောင်းကြောင့် အရေးကြီးနေသည်မသိ
သော Oရယ်...၊ မည်ကဲ့သို့သောအကြောင်းနှင့်မှ
ကျွန်တော့်ကို မထွက်ခိုင်းမည့်
သွေးအေးအေးဖြစ်နေသော Baekhyunရယ်...
မတူညီသောအမူအရာနှစ်မျိုးနှင့်
ထိုလူနှစ်ယောက်ကြားတွင်
ရှေ့ဆက်ကြုံတွေ့ရတော့မည့်အဖြစ်အပျက်က
ကျွန်တော့်အတွက် စိတ်သက်သာစေမည်တဲ့လား…။

-*-*-*-*-*-*-*-*-   Unseen   -*-*-*-*-*-*-*-*

#TBC

မြန်တာလေနော်...။

အားလုံးကို ချစ်ခင်ခြင်းများစွာဖြင့်...
ခင်မင်ခြင်းများစွာဖြင့်...
လေးစားခြင်းများစွာဖြင့်...

------------------------------------------------------

Continue Reading

You'll Also Like

421K 84.2K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
98.8K 6.1K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
47.9K 8.6K 44
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
50.8K 6.5K 51
ڕۆژێک دادێت کەسێک خۆشی دەوێیتـ و تۆش هەموو ئەوانە لەبیر ئەکەی کەوا خۆشیان نەویستیت ژانەر : خۆشەویستی ،چارەنوس کارەکتەری سەرەکی : کیم کاڤیا جیۆن جۆن...