Unseen---4

14.1K 1.6K 115
                                    

[Zawgyi]

ရှေ့အပိုင်းမှာ ကျွန်တော့်မေးခွန်းကို
စိတ်ရှည်လက်ရှည်ပြန်ဖြေပေးထားကြတဲ့
အတွက် ကျေးဇူးတင်ပါတယ်ဗျာ....။
ကြည့်ရတာ...ကျွန်တော်တစ်ယောက်တည်း
ရူးတာမဟုတ်ဘူးပဲ...XD

Modi babyဖြစ်တယ့် Unseenကလေ
Modiလိုပဲ အမာသားဆိုတော့...
ဖတ်ရတာ ပျင်းများလာမလား???
တကယ်လို့ပျင်းတယ်ဆိုရင်ပြောပါဗျာ....
ကျွန်တော်က အချိုဆို P.K...
အမာဆို Unseen...
ကြားက Focal...
အဲ့လို ခွဲထားတာကြောင့်ပါ...။
ဖတ်ရတာ ရိုးအီလာရင် ပြောပါ...။

ဒီအပိုင်းက POVတွေ ပိုင်းပိုင်းရေးတာမို့
ဖတ်ရတာမျက်စိနောက်သွားရင်
ကြိုတောင်းပန်ထားပါရစေ...။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

အတွေးထဲကို တဒင်္ဂလေးဝင်လာတာတောင်....
ငါ့နှုတ်ခမ်းကို ပြုံးစေတယ်...။
အိပ်မက်ထဲကို စက္ကန့်တဖြတ်စာရောက်လာတာတောင်...
ငါ့အိပ်စက်ခြင်းကို လှစေတယ်...။
မင်းရုပ်လွှာကို ခဏတာလေးတွေးမိတာတောင်..
ငါ့သွေးသားကို စီးစေတယ်....။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

" မင်းဒီလက်ခုံက အမာရွတ်က ဘယ်လိုလုပ်ရလာတာလဲ? "

ကျွန်တော့်စကားကြောင့် ကောင်လေးက
မင်သက်သလိုလေးကြည့်လာပြီး တုန့်နှေးခြင်းမရှိ
ပြန်ဖြေလာပါသည်။

" မီးလောင်တုန်းက... "

" ဘာ? "

မကြားသောကြောင့်ပြန်မေးလိုက်သည်မဟုတ်ပဲ
အံ့အားသင့်လို့ပြန်မေးလိုက်မိခြင်းပါ...။

" ဘယ်တုန်းကမီးလောင်တာလဲ? "

ကောင်လေးက ကျွန်တော်အံ့အားသင့်နေသည်ကို အခွင့်ကောင်းယူပြီး လက်ကိုပြန်ရုန်းထွက်သည်။
မရ...ကျွန်တော်သည်ထိုလောက်သတိလက်လွတ်နေ တတ်သောသူမှမဟုတ်ပဲ...။
သူ့လက်ကို ခပ်ကုတ်ကုတ်ဆွဲထားတော့
နာလို့ထင်ပါ၏...မျက်နှာလေးရှုံ့မဲ့လာသည်။
သို့ပေမယ့်...ကျွန်တော့်လက်ထဲက သူ့လက်
လေးကတော့ အားမလျော့စွာရုန်းကန်နေဆဲ...။

" ငါ လက်ထိပ်ထပ်မခတ်ချင်ဘူးနော် Yeol... "

ခြိမ်းခြောက်စကားဆိုလိုက်မှ တွန့်ကုတ်ထားသော
မျက်ခုံးတစ်စုံနှင့်အတူ နှုတ်ခမ်းကိုရွဲ့ပြရင်း ငြိမ်ကျသွား၏…။

Unseen(Completed)Where stories live. Discover now