Unseen(Completed)

By Exo12wolves88

195K 16.8K 1K

---Love between us may be unseen--- Nobody can prepare their Love More

---Unseen---1
---Unseen---2
---Unseen---3
Unseen---4
---Unseen---5
---Unseen---7
---Unseen---8(HB Kris)
---Unseen---9
---Unseen---10
---Unseen---11 (Final)
FicBook Details

---Unseen---6

13K 1.4K 56
By Exo12wolves88

[Zawgyi]

" တကယ္လို႔ မင္းသာ ငါ့ေယာက်္ားမွန္တယ္ဆို
ရင္ မင္းဘယ္လိုဆံုးျဖတ္မလဲ Yeol... "

ကြၽန္ေတာ့္ေမးခြန္းအဆံုးတြင္ စကၠန္႔ပိုင္းေလးေလာက္ သူ ေတြေဝသြားၿပီး...ခပ္အက္အက္ျပန္ရယ္လာသည္။
ကြၽန္ေတာ့္ေမးခြန္းတိုင္းက သူ႔အတြက္ ရယ္စရာ
မ်ားျဖစ္ေနေလေရာ့သလား...။
ကြၽန္ေတာ့္အေတြး...ကြၽန္ေတာ့္အျမင္ေတြက သူ႔ကိုရယ္ေစႏိုင္ေလာက္သည္အထိ ဟာသ
ေျမာက္ေနေစခဲ့သည္ပဲ။

" ခဏေလာက္ျဖစ္ျဖစ္ အိပ္ရေအာင္Baekhyun
ရာ...၊ငါ အရမ္းအိပ္ခ်င္ေနတယ္... "

ေျပာေနရင္း မ်က္စိမွိတ္ကာ သူ မိန္းေမာလိုက္
ေတာ့...ကြၽန္ေတာ္ဘာတတ္ႏိုင္မည္လဲ...။
သူ႔ရင္ဘတ္ေပၚပဲ ေခါင္းမွီလိုက္ရင္း
ကြၽန္ေတာ္လဲ အိပ္စက္ဖို႔ျပင္လိုက္ရသည္...။
ထူးဆန္းစြာပါပဲ....
ကြၽန္ေတာ့္ေက်ာျပင္ကို သူ႔လက္ဖဝါးေလးႏွင့္
အသာခပ္ဖြဖြပုတ္ေပးလာ၏။

သူ႔ေခ်ာ့သိပ္ျခင္းမွာ...
ကြၽန္ေတာ္ဆုိတာ
အရမ္းလွပေသာ ညအိပ္ရာဝင္ပံုျပင္ေတြနားေထာင္
ရသည္ထက္
ပိုမိုေပ်ာ္ရႊင္စြာ အိပ္ေမာက်လို႔...။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

POV of Yeol (or) Eu
»»»»»»»»»»»»»»»»»

မနက္ျဖန္၏ နိဒါန္းတြင္ Baekhyun၏ ကိုယ္နံ႔
ကို အနံ႔ခံရင္း လိုက္ရွာလာၾကေသာ
စံအိမ္ေတာ္က ေခြးေတြ၏အကူအညီျဖင့္
ကြၽန္ေတာ္တို႔ႏွစ္ေယာက္အျပင္ကိုေရာက္လာခဲ့ၾကသည္။
ဂိုေဒါင္ထဲက ထြက္ထြက္လာျခင္းမွာပင္…
အံ့အားတသင့္စီးႀကိဳလိုက္ၾကေသာ
Wu Kris ႏွင့္ Black Dragon အဖြဲ႕က ေနာက္လိုက္ေတြ...။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ တစ္ညလံုးအတူရွိေနျခင္းကို
သူတို႔အံ့အားသင့္ေနသည္ထက္...
ကြၽန္ေတာ္တို႔ႏွစ္ေယာက္အေျခအေနဘယ္လိုရွိ
သြားမလဲဆိုတာသိခ်င္လို႔ ေမွ်ာ္လင့္ေနသည့္
မ်က္ဝန္းမ်ားက ပိုမ်ားေနသည္....။

ဒါေတာင္ Park Baekhyunဆိုေသာ လူသားေလးက သူ႔အသားကို တျခားသူထိတာ
မႀကိဳက္ဘူးဆိုၿပီး...Krisကိုပဲ ခ်ီခိုင္းေနလို႔...
ၾကားထဲက မေနသာေသာ ကြၽန္ေတာ္က ဝင္ေက်ာ
ပိုးမွပဲ...အၿပဳံးေလးတစ္ခ်က္ႏွင့္ ကြၽန္ေတာ့္ေက်ာ
ေပၚလိုက္လာ၏။

ေသခ်ာပါသည္…
ကြၽန္ေတာ့္ဂုတ္မွာ လာရိုက္ခတ္ေနေသာ
သူ႔ဝင္သက္ထြက္သက္ေငြ႕ေငြ႕ေလးကို
ေသဆံုးသည့္တိုင္ ကြ်န္ေတာ္ အမွတ္ရေနမည္ဆိုတာ...။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

" Euက ဘယ္လိုလုပ္အဲ့ထဲေရာက္သြားရတာလဲ? ေျပာေတာ့ လမ္းေလွ်ာက္ဆို... "

လက္ပတ္နာရီကို လက္မွာေသခ်ာပတ္ေနရင္း
ေမးလာေသာ Oစကားက ကြၽန္ေတာ့္ကို
တခဏေတာ့ အသက္ရွဴရပ္သြားေစ၏။
ဘယ္လိုေျဖရမည္လဲ?
ကြၽန္ေတာ္ လိမ္ညာစကားေျပာေတာ့ေရာ
သူက ယံုမည္တဲ့လား?
ဒါဆို Baekhyunကို တမင္တကာထြက္ေစာင့္
ေနတာပါဟု အမွန္အတိုင္းေျဖရမည္လား....။

အမွန္စကားလည္းျဖစ္ေအာင္… လိမ္ညာျခင္းလည္း
မပါေအာင္ မည္သို႔ေျဖေပးရမည္မွန္း ကြ်န္ေတာ္
မသိ။

အေျဖစကားမရပဲ ျငိမ္ေနေသာ ကြ်န္ေတာ့္ကို
Oက ခပ္မဲ့မဲ့ျပံဳးကာလွမ္းၾကည့္လာသည္...။
ထိုကဲ့သို႔ Oၿပံဳးေနလွ်င္ ကြၽန္ေတာ္ေနရခက္၏…။

" ငါ ဒီေန႔တရုတ္ကိုခဏျပန္ရမယ္...
လိုက္ခဲ့မယ္မလား... "

စကားလမ္းေၾကာင္းတမင္လႊဲေပးကာ ေမးလာသည့္
အတြက္ ေက်းဇူးတင္စြာ သက္ျပင္းခ်မိေသာ္ျငား
ျပန္ေျဖရမည့္အေျဖက ဘာေၾကာင့္ေႏွာင့္ေႏွး
ေနမိသည္လဲ...။
အရင္ကဆို Oသြားရာေနာက္ကို ေရွ႕ေနာက္မၾကည့္ တေကာက္ေကာက္လိုက္ေနတတ္ခဲ့ေသာ ကြၽန္ေတာ္က...
ယခုက်ေတာ့ တုန္႔ေႏွးေနခဲ့ရျခင္းသည္ ကြ်န္ေတာ္
ကိုယ္တိုင္လည္း ေဝခြဲမရေသာပုစၧာတစ္ပုဒ္ျဖစ္ေနခဲ့
သည္။

" ကြၽန္ေတာ္... "

ကုတင္ေျခရင္းၾကမ္းျပင္ထက္က ကတၱီပါခင္းကို
ေျခေထာက္ႏွင့္ ပြတ္ေနရင္း...
ကြၽန္ေတာ္ေတြေဝေနမိျခင္းကို O အရိပ္အကဲဖတ္လာ
ႏိုုင္စြာျဖင့္…

" ဘာလဲ…မလိုက္ခ်င္ေတာ့ဘူးလား...
ငါ့ေနာက္လိုက္ရတာထက္ ပိုစိတ္ဝင္စားစရာ
ေကာင္းတာေတြ႕လာလို႔လား... "

"မဟုတ္ပါဘူး O...
အဲ့လိုမဟုတ္ပါဘူး... "

အလ်င္စလိုမတ္တပ္ထရပ္ကာ ကြၽန္ေတာ္ျငင္း
မိေတာ့...
ကြၽန္ေတာ့္အေၾကာင္းကို ေနာေၾကေနေသာ
သူတစ္ေယာက္လို Oေခါင္းၿငိမ့္ျပလာသည္...။
ေနာက္...တီးလံုးသံစဥ္ေလးတစ္ပုဒ္ခုန္ဆင္း
လာသလို ၿငိမ့္ၿငိမ့္ေလးရယ္၏...။

" ထားပါ Bae ah…
အဲ့ဒါဆိုလဲ ေနခဲ့ေလေနာ္...
တစ္ညအိပ္ၿပီးခ်က္ခ်င္းျပန္လာခဲ့မယ္... "

ကြၽန္ေတာ့္ပုခံုးတစ္ဖက္ကို ခပ္ဖြဖြအုပ္ကိုင္ရင္း
Oဆိုေတာ့...လိပ္ျပာမလံုေသာစိတ္ခံစားခ်က္တစ္ခု
သည္ ရုန္းခနဲႂကြတက္လာခဲ့သည္။ ထို႔ေၾကာင့္…
Oလက္ ကြ်န္ေတာ့္ပုခံုးေပၚမွျပန္မက်ခင္ ဆံုးျဖတ္ခ်က္
တစ္ခုကို အျမန္ခ်လိုက္မိ၏။

" Arnyi...
မေနခဲ့ပါဘူး...လိုက္ခဲ့မယ္...
ကြၽန္ေတာ္လည္း ကြၽန္ေတာ့္အိမ္ကိုလြမ္းတယ္... "

ကြၽန္ေတာ့္ကို အရင္ကတည္းက
သည္းခံအလိုလိုက္ေပးခဲဲ့ေသာသူ…၊
အထက္ေခါင္းေဆာင္ကို ဆန္႔က်င္ၿပီးေတာ့ကို
ကြၽန္ေတာ့္ကို ေစာင့္ေရွာက္ေပးခဲ့ေသာသူ…၊
ခ်စ္ျခင္းတရားသာမေဖာ္ျပခဲ့တာ ေမတၱာေတာ့ခဏခဏေဖာ္ျပခဲ့ေသာသူကို...
ကြၽန္ေတာ္ တတ္ႏုိင္သေလာက္ေတာ့
သစၥာရွိျပခ်င္ပါေသးသည္။

" ရရဲ႕လား Eu ah...
ေနခဲ့လည္း ငါ ဘာမွမျဖစ္ဘူး....၊
အမွန္တိုင္းေျပာရရင္ ဒီမွာေနခဲ့တာ စိတ္မခ်စရာ
အေၾကာင္းမရွိပါဘူး... "

" ကြၽန္ေတာ့္အိမ္ကို လြမ္းလို႔ပါဆို... "

O ကုတ္အက်ႌေအာက္နားစကို ဆြဲကိုင္ကာ
ကြၽန္ေတာ္ေျပာမိေတာ့...တစ္ႀကိမ္တစ္ခါမွသာ
ထြက္ေပၚတတ္ေသာ ကြ်န္ေတာ့္ကေလးဆန္ဆန္အျပဳ
အမူအတြက္ O ခပ္လြင္လြင္ေလးရယ္လာ၏။

" ေကာင္းပါၿပီ...ေကာင္းပါၿပီကြာ... "

O ၾကည္ၾကည္ႏူးႏူးေျပာေနတာျမင္ေတာ့
ကြၽန္ေတာ္လည္းေပ်ာ္ပါသည္။
ဒါေပမယ့္ ထူးဆန္းေနသည္တစ္ခုက…
အိမ္ဟု ကြၽန္ေတာ္ေျပာလိုက္မိသည့္အခိုက္
စိတ္ထဲေႏြးေထြးသြားရသည္က
အနက္ေရာင္နဂါးတံဆိပ္ႏွင့္ ဒီစံအိမ္ေတာ္ႀကီးကိုျဖစ္ေန
ခဲ့သည္။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

" ငါတို႔ ခဏျပန္မယ္...
စာခ်ဳပ္ကိစၥေတြကိုပါ တပါတည္း လက္မွတ္
ေတာင္းခဲ့မယ္... "

ဆင္ဝင္ေအာက္တြင္ ရပ္ေနရင္း...Oက Krisကို
ႏႈတ္ဆက္စကားမျမည္တဲ့ ႏႈတ္ဆက္စကားေျပာေန၏။
ကြၽန္ေတာ္ကေတာ့ ၾကားေနလူမို႔...တစ္ခြန္းမွ်ဝင္မေျပာ
ပဲ လက္ထဲက ဖုန္းကိုသာ အေၾကာင္းမဲ့ လက္သည္းနဲ႔ျခစ္ေနမိသည္။

" ေကာင္းပါၿပီ...
ခရီးလမ္းေျဖာင့္ျဖဴးပါေစ... "

Krisဆုေတာင္းစကားေၾကာင့္...
O ၿပဳံးပါသည္။ ကြၽန္ေတာ္ေသခ်ာသိေနသည္က
ယခုၿပဳံးျပလိုက္ေသာ O၏အၿပဳံးက ဟန္ေဆာင္
ျခင္းမပါသည့္ အၿပဳံးစစ္တစ္ခုဆိုတာ...။
ထိုအခိုက္...

" ခြမ္း!!! "

အေပၚထပ္မွေန ပ်ံ႕လႊင့္လာေသာ ပစၥည္း
တစ္ခု၏ က်ကြဲသံ...။
Krisထံမွ သက္ျပင္းခ်သံတစ္ခုႏွင့္အတူ ကေသာကေျမာႏႈတ္ဆက္ျခင္းတစ္ခုက ဆက္တိုက္
ဆိုသလိုထြက္ေပၚလာ၏။

" ကဲ...အဲ့ဒါဆို သြားၾကပါဦးေနာ္...၊
ကြၽန္ေတာ္ ဟိုကေလးကိုသြားထိန္းလိုက္ဦးမယ္... "

Krisေျပာေနဆဲမွာပင္ ထပ္ၾကားလိုက္ရေသာ
ပစၥည္းလႊင့္ပစ္သံတစ္ခု။
ဒါေၾကာင့္မို႔ ေစာနက Mr.Junဆိုေသာလူႀကီး
အေပၚထပ္ကို အေလာတႀကီးေျပးတက္သြားသည္ကိုး။
Baekhyunဆိုေသာ ဒုေခါင္းေဆာင္ေလးကို
ထိန္းဖို႔အတြက္ ထိုမွ်ေလာက္ ကရိကထႏိုင္ေနၾက
သည္လား။

" Ok... "

ေခါင္းတစ္ခ်က္ၿငိမ့္ျပျခင္းႏွင့္အတူ
ကားေပၚကို Oတက္သြားသည္ေၾကာင့္...
ကြၽန္ေတာ္ပါ စိတ္ေလးေလးႏွင့္ေနာက္ကလိုက္
တက္ရသည္။
ကားတံခါးပိတ္လိုက္သည္ေတာင္ ၾကားလိုက္ရေသာ
Baekhyun၏ သည္းသည္းထန္ထန္
ေအာ္လိုက္သည့္အသံ...။

" အဲ့Baekhyun ေတာ္ေတာ္ေျပာရခက္တာပဲ "

ညည္းညည္းညဴညဴထြက္သြားေသာ
ကြၽန္ေတာ့္စကားေၾကာင့္...Oက အေပၚထပ္
ေလသာေဆာင္ေပၚကို ကားထဲမွတဆင့္ ေမာ့ၾကည့္သည္။

" Euကို ႏႈတ္ဆက္တာလား...
မသြားေစခ်င္တာလား... "

အေဆာတလ်င္ျဖင့္ ကြ်န္ေတာ္…Oဘက္ကိုတိုးကာ
ေမာ့ၾကည့္လိုက္သည္။
သူ႔အခန္းေလသာေဆာင္မွ ကြၽန္ေတာ္တို႔ကားကို ငံု႔ၾကည့္ရင္း ေခါင္းတယမ္းယမ္းခါေနေသာ
Baekhyun...။
ထိုတစ္ေယာက္က...ကြၽန္ေတာ့္ကို ပံုရိပ္ႏွင့္တင္
မ်က္ရည္ဝဲေစသည့္သူပဲ...။

" သြားရေအာင္... "

O အမိန္႔သံတစ္ခ်က္ေအာက္တြင္ ကားေလးက
ျငင္သာစြာလွိမ့္ထြက္လာသည္။
သူ မျမင္ရမွန္းသိေပမယ့္...
ကြၽန္ေတာ္ေနာက္လွည့္ၿပီး လွမ္းၾကည့္မိေတာ့…
ေလသာေဆာင္လက္ရန္းကိုေက်ာ္ကာ ဆင္းရန္လုပ္ေနသည္ေၾကာင့္...
ေနာက္ကေန ေနာက္လိုက္ေတြ ဝိုင္းဆြဲေနရေသာ
ဆံပင္ဆင္စြယ္ေရာင္ႏွင့္ေကာင္ေလးပံုရိပ္ကို
အခိုက္သင့္စြာ လွမ္းျမင္လိုက္ရသည္။

အသက္ရွဴရသည္မွာ ခက္ခဲလိုက္တာေနာ္...။
သူ ဒဏ္ရာႀကီးႏွင့္မလား...ထိုကဲ့သို႔ စိတ္ထင္တိုင္း လႈပ္ရွားေနသည္လား....။
တင္းၾကပ္သြားေသာ စိတ္ႏွင့္အတူ...
လည္ပင္းမွ necktieကို ေျဖေလ်ာ့ခ်လိုက္သည္။

ၿခံထဲကေန ထြက္စျပဳေနၿပီျဖစ္ေသာကားေလး
ေပၚကေန...ဆံုးျဖတ္ခ်က္ေျပာင္းသြားေသာသူတစ္
ေယာက္လို ကြၽန္ေတာ္ မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။
ထို႔ေနာက္…

" O...ကားခဏရပ္ေပးပါ... "

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

POV of Baekhyun
»»»»»»»»»»»»»»»»

သြားၿပီ...သူတို႔ကားအမည္းေလး ၿခံထဲကေန
ထြက္သြားၿပီ...။
ရုန္းတုန္းကရုန္းၿပီး ယခုမွ ဗိုက္မွအနာက
ေသြးေတြျပန္စိမ့္ထြက္လာသည့္အတြက္
ကြၽန္ေတာ့္ကိုယ္ ေပ်ာ့ေခြက်သြားရ၏။
ကြၽန္ေတာ္...သူ႔ကို ေပးမသြားေစလိုဘူး...။

စိတ္ကသာေဆာင္တာ...
ခႏၶာကိုယ္ကေတာ့ ကြၽန္ေတာ့္အလိုအတိုင္း
မလိုက္ေပးသည့္အတြက္ ေနာက္လိုက္ေတြကပင္
ေပြ႔ရင္း ကုတင္ေပၚတင္ေပးရသည့္အေနအထားကို
ေရာက္သြားရသည္။
စိုးရိမ္တႀကီးႏွင့္ ကြၽန္ေတာ့္အနားလာရပ္ေသာ
Kris Hyungကို ေမာ့ၾကည့္လိုက္ရင္း...
ကြ်န္ေတာ္ နင့္သည္းစြာေတာင္းဆိုမိသည္။

" ျပန္ေခၚေပးပါHyung...jelba... "

ဘယ္ဘက္မ်က္ဝန္းေထာင့္မွ က်ဆင္းသြားေသာ
မ်က္ရည္ကို ဥေပကၡာျပဳရင္း...ေတာင္းဆိုလာေသာ
ကြၽန္ေတာ့္ေတာင္းဆိုျခင္းကို hyungက သက္ျပင္း
ဖြဖြျဖင့္ ျပန္ုတုန္႔ျပန္လာခဲ့သည္။

" Baekေလးရ သူက ခဏပဲသြားတာေလ...
ျပန္လာမွာ... "

" Arnyi hyung...
အရင္တုန္းကလည္း ဒီစံအိမ္ေတာ္ထဲေရာက္လာရင္
ကြၽန္ေတာ္ ထြက္ခြင့္ေပးခဲ့လို႔လား...၊
အခုမွ သူက ကြၽန္ေတာ့္အမိန္႔ကို နားမေထာင္
ေတာ့တာလား... "

ေခါင္းရင္းက နံရံကို ေခါင္းမွီထားရင္း
ေပ်ာ့ေခြစြာေျပာေနေသာ ကြၽန္ေတာ့္ပံုစံေၾကာင့္
Hyung စိတ္မေကာင္းျဖစ္လာဟန္တူပါ၏။
သက္ျပင္းဖြဖြခ်လာကာ...
ကြၽန္ေတာ့္လက္ကို ဆုပ္ကိုင္ထားရင္း...နာက်င္စရာ
ေကာင္းေသာ ဆက္စပ္မႈတစ္ခုကို ျပန္အသိေပးသည္။

" အဲ့ဒါအရင္က Chanyeolေလ...
အခုက Rêve ေခါင္းေဆာင္ရဲ႕ အခ်စ္ေတာ္
Euေလ... "

" ဘယ္က အခ်စ္ေတာ္ရမွာလဲ!!! "

ေမြ႕ရာကို ထုကာ သည္းမခံႏိုင္စြာ ကြၽန္ေတာ္ဆုိမိ၏။
Kris Hyungက မေျပာေတာ့ဘူးဆိုေသာ
အဓိပၸါယ္ျဖင့္ သက္ျပင္းဖြဖြခ်ရင္း အၾကည့္လႊဲသည္...။
ရပါတယ္...စိတ္ပ်က္ပါ...ကြၽန္ေတာ့္ကိုစိတ္ပ်က္
ေတာင္ ကြၽန္ေတာ္မမႈဘူး...၊
အေရးႀကီးသည္က ကြၽန္ေတာ္မၾကားလိုတာေတြ မၾကားရဖို႔ပဲ...။

" မင္းတို႔ေတြက ဘာလို႔ငါ့အခန္းထဲေရာက္ေန
တာလဲ...သြားၾကစမ္း!!! "

ခပ္လွမ္းလွမ္းတြင္ ေခါင္းငံု႔ရပ္ေနေသာ ေနာက္
လိုက္ေတြကို ယခုမွသတိထားမိသြားသည့္အတြက္
ေဒါသတႀကီး ကြၽန္ေတာ္ဟစ္ေအာ္လိုက္သည္။
ေတာင့္တသူက အနားမွာမရွိပဲ အလကားမလိုအပ္သူ
ေတြကို မ်က္စိထဲျမင္ေနရျခင္းအေပၚ ကြ်န္ေတာ္
ခါးသီးမိ၏။
မထြက္သြားေသးပဲ ေပရပ္ေနေသာထိုသူေတြကို
ေမာင္းထုတ္ရန္ ကုတင္ေပၚမွ ဆင္းရန္ျပင္လိုက္ခိုက္…

" Baekhyun...
ဗိုက္က အနာနဲ႔ေလ...အဲ့လိုေအာ္ေနရသလား "

ရုတ္တရက္ၾကားလိုက္ရေသာအသံေၾကာင့္
ကြၽန္ေတာ္ မင္သက္သြားရသည္။
သူ?သူလား?

Kris Hyungကို ေက်ာ္ကာ ေမွွ်ာ္လင့္တႀကီး ကြၽန္ေတာ္လွမ္းၾကည့္လိုက္မိသည္။
ကြ်န္ေတာ့္ဆုေတာင္းျပည့္ေစရန္လည္း အသည္း
အသန္ဆုေတာင္းေနမိ၏။
ကြ်န္ေတာ့္ကိုလွမ္းၾကည့္ေနပါေသာ necktieေျပေလ်ာ့ေလ်ာ့ျဖင့္ Yeolကိုျမင္လိုက္ရ ခိုက္ တဒဂၤေလးျဖစ္ေစ ကြ်န္ေတာ္ ႏွလံုးခုန္ေတြရပ္ သြားသည္ထင္ရသည္။

သူသည္ အလ်င္အျမန္ေျပးလာဟန္ျဖင့္
နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနေသာ ပုခံုးႏွစ္ဖက္ႏွင့္အတူ
အသက္ရွဴသံေတြ မမွန္ျဖစ္ေန၏။

" Yeol... "

မယံုႏိုင္စြာ ေခၚလိုက္ေတာ့...ကြ်န္ေတာ္ မထင္မွတ္
ထားသည့္ ကိစၥတစ္ခုကို သူ ျပဳမူလာသည္။
တေရြ႕ေရြ႕တိုးကပ္လာေသာ ေျခလွမ္းမ်ားႏွင့္အတူ
ကြၽန္ေတာ့္ဆီေလွ်ာက္လာကာ
ကုတင္ေပၚမွ ကြၽန္ေတာ့္ကိုဆြဲဖက္လာျခင္းျဖစ္၏။

" ဘာလို႔...ဘာလို႔ မိုက္ရူးရဲဆန္ေနတာလဲ...
ခဏေလးသြားတာကို အဲ့ေလာက္ျဖစ္ေနတာလား...၊
ငါ့ကို ရူးေစခ်င္ေနတာလား! "

ကြၽန္ေတာ့္ကိုဖက္ထားရင္း ေအာ္လာေသာ သူ႔အသံ
သည္ ေမာဟိုက္ေနျခင္းအျပင္ လႈိက္တုန္ေနျခင္းတစ္ခု
ပါ အပိုထပ္ေဆာင္းပါေနသည္။

" အဲ့ခဏေလး...အဲ့ခဏေလးကို ငါေၾကာက္တာ
Yeol ah...၊
အရင္ကလည္း ကားေနာက္ခန္းကိုေရာက္သြားတဲ့
ခဏေလးကပဲ မင္းနဲ႔ငါ့ကို အခုလို ေဝးေစခဲ့တာေလ...
ငါ...ငါ...ကံၾကမၼာကိုမယံုဘူး... "

သူ...ကြၽန္ေတာ့္ကိုယ္ကို ခဏခြာလိုက္ကာ...
ကြၽန္ေတာ့္ကို ေသခ်ာစိုက္ၾကည့္လာ၏။
ထိုစဥ္ သူ႔မ်က္ဝန္းထဲျမင္လိုက္ရသည္က...
တစ္ခ်ိန္က Yeol...ကြၽန္ေတာ့္ကို ၾကည့္ခဲ့သည့္
အၾကည့္ေတြ...။
ကြ်န္ေတာ့္ကိုခ်စ္ဖို႔အတြက္သာ သူ အသက္ရွင္ေနတာပါ
ဟု တခုတ္တရ သူေျပာလာသည့္အခါတိုင္း…
ကြ်န္ေတာ္ လက္ခံရေလ့ရွိေသာ ႏူးညံ့သိမ္ေမြ႔ေနသည့္
ခ်စ္ျခင္းတရားျပည့္အၾကည့္ေတြ… … …။

" ငါက မင္းေယာက်္ားမျဖစ္ခဲ့ရင္...မင္း ဘယ္လိုလုပ္
မလဲ Baekhyun…
ငါက မင္းေမွ်ာ္လင့္ထားတယ့္သူ မဟုတ္ရင္...
မင္း ဘယ္လိုေရွ႕ဆက္သြားမွာလဲ…။
ငါ့ဘက္ကေတာ့…
မင္းထင္ထားတဲ့သူ မင္းေမွ်ာ္လင့္ထားတဲ့သူ
မဟုတ္ခဲ့ရင္ေတာင္...
အခု ငါ...ငါ မင္းကို ခ်စ္ေနမိၿပီ... "

သူ႔ဝန္ခံစကားသည္
သူ...ကြၽန္ေတာ့္ကို လ်စ္လ်ဴရႈထားေသာ
1ႏွစ္ေက်ာ္စာ ကာလအတြက္...
အလိုလို ေက်နပ္ေစခဲ့ပါသည္…။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

ဘယ္ဘက္မ်က္ဝန္းေထာင့္က က်တယ့္မ်က္ရည္က...
နာက်င္ျခင္းကို ကိုယ္စားျပဳတာဆိုရင္...
မင္းအေၾကာင္းေတြးတိုင္းက်တဲ့ မ်က္ရည္ေတြ…၊
ငါ့ဘယ္ဘက္မ်က္ဝန္းမွာ
မ်က္ရည္ဆိုတာ ရွိေနပါ့ဦးမလား…။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

#TBC

ပစ္ထားတာ မဟုတ္ပါဘူးေနာ္...
ကြၽန္ေတာ္ ဟိုလုပ္ဒီလုပ္ေတြနဲ႔ ဘာေတြလုပ္ေန
မိမွန္းကို မသိတာေၾကာင့္ပါ...။
မေန႔က ပီေက...
ဒီေန႔ unseen...
တတ္နိုင္သေလာက္ ကြၽန္ေတာ္typeေနတာမို႔
သေဘာထားႀကီးစြာ ခြင့္လႊတ္ေပးၾကပါလို႔…။

အားလံုးကို ခ်စ္ခင္ျခင္းမ်ားစြာျဖင့္....
ခင္မင္ျခင္းမ်ားစြာျဖင့္....
ေလးစားျခင္းမ်ားစြာျဖင့္.....

------------------------------------------------------

[Uni]

" တကယ်လို့ မင်းသာ ငါ့ယောကျ်ားမှန်တယ်ဆို
ရင် မင်းဘယ်လိုဆုံးဖြတ်မလဲ Yeol... "

ကျွန်တော့်မေးခွန်းအဆုံးတွင် စက္ကန့်ပိုင်းလေးလောက် သူ တွေဝေသွားပြီး...ခပ်အက်အက်ပြန်ရယ်လာသည်။
ကျွန်တော့်မေးခွန်းတိုင်းက သူ့အတွက် ရယ်စရာ
များဖြစ်နေလေရော့သလား...။
ကျွန်တော့်အတွေး...ကျွန်တော့်အမြင်တွေက သူ့ကိုရယ်စေနိုင်လောက်သည်အထိ ဟာသ
မြောက်နေစေခဲ့သည်ပဲ။

" ခဏလောက်ဖြစ်ဖြစ် အိပ်ရအောင်Baekhyun
ရာ...၊ငါ အရမ်းအိပ်ချင်နေတယ်... "

ပြောနေရင်း မျက်စိမှိတ်ကာ သူ မိန်းမောလိုက်
တော့...ကျွန်တော်ဘာတတ်နိုင်မည်လဲ...။
သူ့ရင်ဘတ်ပေါ်ပဲ ခေါင်းမှီလိုက်ရင်း
ကျွန်တော်လဲ အိပ်စက်ဖို့ပြင်လိုက်ရသည်...။
ထူးဆန်းစွာပါပဲ....
ကျွန်တော့်ကျောပြင်ကို သူ့လက်ဖဝါးလေးနှင့်
အသာခပ်ဖွဖွပုတ်ပေးလာ၏။

သူ့ချော့သိပ်ခြင်းမှာ...
ကျွန်တော်ဆိုတာ
အရမ်းလှပသော ညအိပ်ရာဝင်ပုံပြင်တွေနားထောင်
ရသည်ထက်
ပိုမိုပျော်ရွှင်စွာ အိပ်မောကျလို့...။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

POV of Yeol (or) Eu
»»»»»»»»»»»»»»»»»

မနက်ဖြန်၏ နိဒါန်းတွင် Baekhyun၏ ကိုယ်နံ့
ကို အနံ့ခံရင်း လိုက်ရှာလာကြသော
စံအိမ်တော်က ခွေးတွေ၏အကူအညီဖြင့်
ကျွန်တော်တို့နှစ်ယောက်အပြင်ကိုရောက်လာခဲ့ကြသည်။
ဂိုဒေါင်ထဲက ထွက်ထွက်လာခြင်းမှာပင်…
အံ့အားတသင့်စီးကြိုလိုက်ကြသော
Wu Kris နှင့် Black Dragon အဖွဲ့က နောက်လိုက်တွေ...။
ကျွန်တော်တို့နှစ်ယောက် တစ်ညလုံးအတူရှိနေခြင်းကို
သူတို့အံ့အားသင့်နေသည်ထက်...
ကျွန်တော်တို့နှစ်ယောက်အခြေအနေဘယ်လိုရှိ
သွားမလဲဆိုတာသိချင်လို့ မျှော်လင့်နေသည့်
မျက်ဝန်းများက ပိုများနေသည်....။

ဒါတောင် Park Baekhyunဆိုသော လူသားလေးက သူ့အသားကို တခြားသူထိတာ
မကြိုက်ဘူးဆိုပြီး...Krisကိုပဲ ချီခိုင်းနေလို့...
ကြားထဲက မနေသာသော ကျွန်တော်က ဝင်ကျော
ပိုးမှပဲ...အပြုံးလေးတစ်ချက်နှင့် ကျွန်တော့်ကျော
ပေါ်လိုက်လာ၏။

သေချာပါသည်…
ကျွန်တော့်ဂုတ်မှာ လာရိုက်ခတ်နေသော
သူ့ဝင်သက်ထွက်သက်ငွေ့ငွေ့လေးကို
သေဆုံးသည့်တိုင် ကျွန်တော် အမှတ်ရနေမည်ဆိုတာ...။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

" Euက ဘယ်လိုလုပ်အဲ့ထဲရောက်သွားရတာလဲ? ပြောတော့ လမ်းလျှောက်ဆို... "

လက်ပတ်နာရီကို လက်မှာသေချာပတ်နေရင်း
မေးလာသော Oစကားက ကျွန်တော့်ကို
တခဏတော့ အသက်ရှူရပ်သွားစေ၏။
ဘယ်လိုဖြေရမည်လဲ?
ကျွန်တော် လိမ်ညာစကားပြောတော့ရော
သူက ယုံမည်တဲ့လား?
ဒါဆို Baekhyunကို တမင်တကာထွက်စောင့်
နေတာပါဟု အမှန်အတိုင်းဖြေရမည်လား....။

အမှန်စကားလည်းဖြစ်အောင်… လိမ်ညာခြင်းလည်း
မပါအောင် မည်သို့ဖြေပေးရမည်မှန်း ကျွန်တော်
မသိ။

အဖြေစကားမရပဲ ငြိမ်နေသော ကျွန်တော့်ကို
Oက ခပ်မဲ့မဲ့ပြုံးကာလှမ်းကြည့်လာသည်...။
ထိုကဲ့သို့ Oပြုံးနေလျှင် ကျွန်တော်နေရခက်၏…။

" ငါ ဒီနေ့တရုတ်ကိုခဏပြန်ရမယ်...
လိုက်ခဲ့မယ်မလား... "

စကားလမ်းကြောင်းတမင်လွှဲပေးကာ မေးလာသည့်
အတွက် ကျေးဇူးတင်စွာ သက်ပြင်းချမိသော်ငြား
ပြန်ဖြေရမည့်အဖြေက ဘာကြောင့်နှောင့်နှေး
နေမိသည်လဲ...။
အရင်ကဆို Oသွားရာနောက်ကို ရှေ့နောက်မကြည့် တကောက်ကောက်လိုက်နေတတ်ခဲ့သော ကျွန်တော်က...
ယခုကျတော့ တုန့်နှေးနေခဲ့ရခြင်းသည် ကျွန်တော်
ကိုယ်တိုင်လည်း ဝေခွဲမရသောပုစ္ဆာတစ်ပုဒ်ဖြစ်နေခဲ့
သည်။

" ကျွန်တော်... "

ကုတင်ခြေရင်းကြမ်းပြင်ထက်က ကတ္တီပါခင်းကို
ခြေထောက်နှင့် ပွတ်နေရင်း...
ကျွန်တော်တွေဝေနေမိခြင်းကို O အရိပ်အကဲဖတ်လာ
နိုုင်စွာဖြင့်…

" ဘာလဲ…မလိုက်ချင်တော့ဘူးလား...
ငါ့နောက်လိုက်ရတာထက် ပိုစိတ်ဝင်စားစရာ
ကောင်းတာတွေ့လာလို့လား... "

"မဟုတ်ပါဘူး O...
အဲ့လိုမဟုတ်ပါဘူး... "

အလျင်စလိုမတ်တပ်ထရပ်ကာ ကျွန်တော်ငြင်း
မိတော့...
ကျွန်တော့်အကြောင်းကို နောကြေနေသော
သူတစ်ယောက်လို Oခေါင်းငြိမ့်ပြလာသည်...။
နောက်...တီးလုံးသံစဉ်လေးတစ်ပုဒ်ခုန်ဆင်း
လာသလို ငြိမ့်ငြိမ့်လေးရယ်၏...။

" ထားပါ Bae ah…
အဲ့ဒါဆိုလဲ နေခဲ့လေနော်...
တစ်ညအိပ်ပြီးချက်ချင်းပြန်လာခဲ့မယ်... "

ကျွန်တော့်ပုခုံးတစ်ဖက်ကို ခပ်ဖွဖွအုပ်ကိုင်ရင်း
Oဆိုတော့...လိပ်ပြာမလုံသောစိတ်ခံစားချက်တစ်ခု
သည် ရုန်းခနဲကြွတက်လာခဲ့သည်။ ထို့ကြောင့်…
Oလက် ကျွန်တော့်ပုခုံးပေါ်မှပြန်မကျခင် ဆုံးဖြတ်ချက်
တစ်ခုကို အမြန်ချလိုက်မိ၏။

" Arnyi...
မနေခဲ့ပါဘူး...လိုက်ခဲ့မယ်...
ကျွန်တော်လည်း ကျွန်တော့်အိမ်ကိုလွမ်းတယ်... "

ကျွန်တော့်ကို အရင်ကတည်းက
သည်းခံအလိုလိုက်ပေးခဲ့သောသူ…၊
အထက်ခေါင်းဆောင်ကို ဆန့်ကျင်ပြီးတော့ကို
ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့သောသူ…၊
ချစ်ခြင်းတရားသာမဖော်ပြခဲ့တာ မေတ္တာတော့ခဏခဏဖော်ပြခဲ့သောသူကို...
ကျွန်တော် တတ်နိုင်သလောက်တော့
သစ္စာရှိပြချင်ပါသေးသည်။

" ရရဲ့လား Eu ah...
နေခဲ့လည်း ငါ ဘာမှမဖြစ်ဘူး....၊
အမှန်တိုင်းပြောရရင် ဒီမှာနေခဲ့တာ စိတ်မချစရာ
အကြောင်းမရှိပါဘူး... "

" ကျွန်တော့်အိမ်ကို လွမ်းလို့ပါဆို... "

O ကုတ်အကျႌအောက်နားစကို ဆွဲကိုင်ကာ
ကျွန်တော်ပြောမိတော့...တစ်ကြိမ်တစ်ခါမှသာ
ထွက်ပေါ်တတ်သော ကျွန်တော့်ကလေးဆန်ဆန်အပြု
အမူအတွက် O ခပ်လွင်လွင်လေးရယ်လာ၏။

" ကောင်းပါပြီ...ကောင်းပါပြီကွာ... "

O ကြည်ကြည်နူးနူးပြောနေတာမြင်တော့
ကျွန်တော်လည်းပျော်ပါသည်။
ဒါပေမယ့် ထူးဆန်းနေသည်တစ်ခုက…
အိမ်ဟု ကျွန်တော်ပြောလိုက်မိသည့်အခိုက်
စိတ်ထဲနွေးထွေးသွားရသည်က
အနက်ရောင်နဂါးတံဆိပ်နှင့် ဒီစံအိမ်တော်ကြီးကိုဖြစ်နေ
ခဲ့သည်။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

" ငါတို့ ခဏပြန်မယ်...
စာချုပ်ကိစ္စတွေကိုပါ တပါတည်း လက်မှတ်
တောင်းခဲ့မယ်... "

ဆင်ဝင်အောက်တွင် ရပ်နေရင်း...Oက Krisကို
နှုတ်ဆက်စကားမမြည်တဲ့ နှုတ်ဆက်စကားပြောနေ၏။
ကျွန်တော်ကတော့ ကြားနေလူမို့...တစ်ခွန်းမျှဝင်မပြော
ပဲ လက်ထဲက ဖုန်းကိုသာ အကြောင်းမဲ့ လက်သည်းနဲ့ခြစ်နေမိသည်။

" ကောင်းပါပြီ...
ခရီးလမ်းဖြောင့်ဖြူးပါစေ... "

Krisဆုတောင်းစကားကြောင့်...
O ပြုံးပါသည်။ ကျွန်တော်သေချာသိနေသည်က
ယခုပြုံးပြလိုက်သော O၏အပြုံးက ဟန်ဆောင်
ခြင်းမပါသည့် အပြုံးစစ်တစ်ခုဆိုတာ...။
ထိုအခိုက်...

" ခွမ်း!!! "

အပေါ်ထပ်မှနေ ပျံ့လွှင့်လာသော ပစ္စည်း
တစ်ခု၏ ကျကွဲသံ...။
Krisထံမှ သက်ပြင်းချသံတစ်ခုနှင့်အတူ ကသောကမြောနှုတ်ဆက်ခြင်းတစ်ခုက ဆက်တိုက်
ဆိုသလိုထွက်ပေါ်လာ၏။

" ကဲ...အဲ့ဒါဆို သွားကြပါဦးနော်...၊
ကျွန်တော် ဟိုကလေးကိုသွားထိန်းလိုက်ဦးမယ်... "

Krisပြောနေဆဲမှာပင် ထပ်ကြားလိုက်ရသော
ပစ္စည်းလွှင့်ပစ်သံတစ်ခု။
ဒါကြောင့်မို့ စောနက Mr.Junဆိုသောလူကြီး
အပေါ်ထပ်ကို အလောတကြီးပြေးတက်သွားသည်ကိုး။
Baekhyunဆိုသော ဒုခေါင်းဆောင်လေးကို
ထိန်းဖို့အတွက် ထိုမျှလောက် ကရိကထနိုင်နေကြ
သည်လား။

" Ok... "

ခေါင်းတစ်ချက်ငြိမ့်ပြခြင်းနှင့်အတူ
ကားပေါ်ကို Oတက်သွားသည်ကြောင့်...
ကျွန်တော်ပါ စိတ်လေးလေးနှင့်နောက်ကလိုက်
တက်ရသည်။
ကားတံခါးပိတ်လိုက်သည်တောင် ကြားလိုက်ရသော
Baekhyun၏ သည်းသည်းထန်ထန်
အော်လိုက်သည့်အသံ...။

" အဲ့Baekhyun တော်တော်ပြောရခက်တာပဲ "

ညည်းညည်းညူညူထွက်သွားသော
ကျွန်တော့်စကားကြောင့်...Oက အပေါ်ထပ်
လေသာဆောင်ပေါ်ကို ကားထဲမှတဆင့် မော့ကြည့်သည်။

" Euကို နှုတ်ဆက်တာလား...
မသွားစေချင်တာလား... "

အဆောတလျင်ဖြင့် ကျွန်တော်…Oဘက်ကိုတိုးကာ
မော့ကြည့်လိုက်သည်။
သူ့အခန်းလေသာဆောင်မှ ကျွန်တော်တို့ကားကို ငုံ့ကြည့်ရင်း ခေါင်းတယမ်းယမ်းခါနေသော
Baekhyun...။
ထိုတစ်ယောက်က...ကျွန်တော့်ကို ပုံရိပ်နှင့်တင်
မျက်ရည်ဝဲစေသည့်သူပဲ...။

" သွားရအောင်... "

O အမိန့်သံတစ်ချက်အောက်တွင် ကားလေးက
ငြင်သာစွာလှိမ့်ထွက်လာသည်။
သူ မမြင်ရမှန်းသိပေမယ့်...
ကျွန်တော်နောက်လှည့်ပြီး လှမ်းကြည့်မိတော့…
လေသာဆောင်လက်ရန်းကိုကျော်ကာ ဆင်းရန်လုပ်နေသည်ကြောင့်...
နောက်ကနေ နောက်လိုက်တွေ ဝိုင်းဆွဲနေရသော
ဆံပင်ဆင်စွယ်ရောင်နှင့်ကောင်လေးပုံရိပ်ကို
အခိုက်သင့်စွာ လှမ်းမြင်လိုက်ရသည်။

အသက်ရှူရသည်မှာ ခက်ခဲလိုက်တာနော်...။
သူ ဒဏ်ရာကြီးနှင့်မလား...ထိုကဲ့သို့ စိတ်ထင်တိုင်း လှုပ်ရှားနေသည်လား....။
တင်းကြပ်သွားသော စိတ်နှင့်အတူ...
လည်ပင်းမှ necktieကို ဖြေလျော့ချလိုက်သည်။

ခြံထဲကနေ ထွက်စပြုနေပြီဖြစ်သောကားလေး
ပေါ်ကနေ...ဆုံးဖြတ်ချက်ပြောင်းသွားသောသူတစ်
ယောက်လို ကျွန်တော် မျက်မှောင်ကြုတ်လိုက်မိ၏။
ထို့နောက်…

" O...ကားခဏရပ်ပေးပါ... "

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

POV of Baekhyun
»»»»»»»»»»»»»»»»

သွားပြီ...သူတို့ကားအမည်းလေး ခြံထဲကနေ
ထွက်သွားပြီ...။
ရုန်းတုန်းကရုန်းပြီး ယခုမှ ဗိုက်မှအနာက
သွေးတွေပြန်စိမ့်ထွက်လာသည့်အတွက်
ကျွန်တော့်ကိုယ် ပျော့ခွေကျသွားရ၏။
ကျွန်တော်...သူ့ကို ပေးမသွားစေလိုဘူး...။

စိတ်ကသာဆောင်တာ...
ခန္ဓာကိုယ်ကတော့ ကျွန်တော့်အလိုအတိုင်း
မလိုက်ပေးသည့်အတွက် နောက်လိုက်တွေကပင်
ပွေ့ရင်း ကုတင်ပေါ်တင်ပေးရသည့်အနေအထားကို
ရောက်သွားရသည်။
စိုးရိမ်တကြီးနှင့် ကျွန်တော့်အနားလာရပ်သော
Kris Hyungကို မော့ကြည့်လိုက်ရင်း...
ကျွန်တော် နင့်သည်းစွာတောင်းဆိုမိသည်။

" ပြန်ခေါ်ပေးပါHyung...jelba... "

ဘယ်ဘက်မျက်ဝန်းထောင့်မှ ကျဆင်းသွားသော
မျက်ရည်ကို ဥပေက္ခာပြုရင်း...တောင်းဆိုလာသော
ကျွန်တော့်တောင်းဆိုခြင်းကို hyungက သက်ပြင်း
ဖွဖွဖြင့် ပြန်ုတုန့်ပြန်လာခဲ့သည်။

" Baekလေးရ သူက ခဏပဲသွားတာလေ...
ပြန်လာမှာ... "

" Arnyi hyung...
အရင်တုန်းကလည်း ဒီစံအိမ်တော်ထဲရောက်လာရင်
ကျွန်တော် ထွက်ခွင့်ပေးခဲ့လို့လား...၊
အခုမှ သူက ကျွန်တော့်အမိန့်ကို နားမထောင်
တော့တာလား... "

ခေါင်းရင်းက နံရံကို ခေါင်းမှီထားရင်း
ပျော့ခွေစွာပြောနေသော ကျွန်တော့်ပုံစံကြောင့်
Hyung စိတ်မကောင်းဖြစ်လာဟန်တူပါ၏။
သက်ပြင်းဖွဖွချလာကာ...
ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားရင်း...နာကျင်စရာ
ကောင်းသော ဆက်စပ်မှုတစ်ခုကို ပြန်အသိပေးသည်။

" အဲ့ဒါအရင်က Chanyeolလေ...
အခုက Rêve ခေါင်းဆောင်ရဲ့ အချစ်တော်
Euလေ... "

" ဘယ်က အချစ်တော်ရမှာလဲ!!! "

မွေ့ရာကို ထုကာ သည်းမခံနိုင်စွာ ကျွန်တော်ဆိုမိ၏။
Kris Hyungက မပြောတော့ဘူးဆိုသော
အဓိပ္ပါယ်ဖြင့် သက်ပြင်းဖွဖွချရင်း အကြည့်လွှဲသည်...။
ရပါတယ်...စိတ်ပျက်ပါ...ကျွန်တော့်ကိုစိတ်ပျက်
တောင် ကျွန်တော်မမှုဘူး...၊
အရေးကြီးသည်က ကျွန်တော်မကြားလိုတာတွေ မကြားရဖို့ပဲ...။

" မင်းတို့တွေက ဘာလို့ငါ့အခန်းထဲရောက်နေ
တာလဲ...သွားကြစမ်း!!! "

ခပ်လှမ်းလှမ်းတွင် ခေါင်းငုံ့ရပ်နေသော နောက်
လိုက်တွေကို ယခုမှသတိထားမိသွားသည့်အတွက်
ဒေါသတကြီး ကျွန်တော်ဟစ်အော်လိုက်သည်။
တောင့်တသူက အနားမှာမရှိပဲ အလကားမလိုအပ်သူ
တွေကို မျက်စိထဲမြင်နေရခြင်းအပေါ် ကျွန်တော်
ခါးသီးမိ၏။
မထွက်သွားသေးပဲ ပေရပ်နေသောထိုသူတွေကို
မောင်းထုတ်ရန် ကုတင်ပေါ်မှ ဆင်းရန်ပြင်လိုက်ခိုက်…

" Baekhyun...
ဗိုက်က အနာနဲ့လေ...အဲ့လိုအော်နေရသလား "

ရုတ်တရက်ကြားလိုက်ရသောအသံကြောင့်
ကျွန်တော် မင်သက်သွားရသည်။
သူ?သူလား?

Kris Hyungကို ကျော်ကာ မှျှော်လင့်တကြီး ကျွန်တော်လှမ်းကြည့်လိုက်မိသည်။
ကျွန်တော့်ဆုတောင်းပြည့်စေရန်လည်း အသည်း
အသန်ဆုတောင်းနေမိ၏။
ကျွန်တော့်ကိုလှမ်းကြည့်နေပါသော necktieပြေလျော့လျော့ဖြင့် Yeolကိုမြင်လိုက်ရ ခိုက် တဒင်္ဂလေးဖြစ်စေ ကျွန်တော် နှလုံးခုန်တွေရပ် သွားသည်ထင်ရသည်။

သူသည် အလျင်အမြန်ပြေးလာဟန်ဖြင့်
နိမ့်ချည်မြင့်ချည်ဖြစ်နေသော ပုခုံးနှစ်ဖက်နှင့်အတူ
အသက်ရှူသံတွေ မမှန်ဖြစ်နေ၏။

" Yeol... "

မယုံနိုင်စွာ ခေါ်လိုက်တော့...ကျွန်တော် မထင်မှတ်
ထားသည့် ကိစ္စတစ်ခုကို သူ ပြုမူလာသည်။
တရွေ့ရွေ့တိုးကပ်လာသော ခြေလှမ်းများနှင့်အတူ
ကျွန်တော့်ဆီလျှောက်လာကာ
ကုတင်ပေါ်မှ ကျွန်တော့်ကိုဆွဲဖက်လာခြင်းဖြစ်၏။

" ဘာလို့...ဘာလို့ မိုက်ရူးရဲဆန်နေတာလဲ...
ခဏလေးသွားတာကို အဲ့လောက်ဖြစ်နေတာလား...၊
ငါ့ကို ရူးစေချင်နေတာလား! "

ကျွန်တော့်ကိုဖက်ထားရင်း အော်လာသော သူ့အသံ
သည် မောဟိုက်နေခြင်းအပြင် လှိုက်တုန်နေခြင်းတစ်ခု
ပါ အပိုထပ်ဆောင်းပါနေသည်။

" အဲ့ခဏလေး...အဲ့ခဏလေးကို ငါကြောက်တာ
Yeol ah...၊
အရင်ကလည်း ကားနောက်ခန်းကိုရောက်သွားတဲ့
ခဏလေးကပဲ မင်းနဲ့ငါ့ကို အခုလို ဝေးစေခဲ့တာလေ...
ငါ...ငါ...ကံကြမ္မာကိုမယုံဘူး... "

သူ...ကျွန်တော့်ကိုယ်ကို ခဏခွာလိုက်ကာ...
ကျွန်တော့်ကို သေချာစိုက်ကြည့်လာ၏။
ထိုစဉ် သူ့မျက်ဝန်းထဲမြင်လိုက်ရသည်က...
တစ်ချိန်က Yeol...ကျွန်တော့်ကို ကြည့်ခဲ့သည့်
အကြည့်တွေ...။
ကျွန်တော့်ကိုချစ်ဖို့အတွက်သာ သူ အသက်ရှင်နေတာပါ
ဟု တခုတ်တရ သူပြောလာသည့်အခါတိုင်း…
ကျွန်တော် လက်ခံရလေ့ရှိသော နူးညံ့သိမ်မွေ့နေသည့်
ချစ်ခြင်းတရားပြည့်အကြည့်တွေ… … …။

" ငါက မင်းယောကျ်ားမဖြစ်ခဲ့ရင်...မင်း ဘယ်လိုလုပ်
မလဲ Baekhyun…
ငါက မင်းမျှော်လင့်ထားတယ့်သူ မဟုတ်ရင်...
မင်း ဘယ်လိုရှေ့ဆက်သွားမှာလဲ…။
ငါ့ဘက်ကတော့…
မင်းထင်ထားတဲ့သူ မင်းမျှော်လင့်ထားတဲ့သူ
မဟုတ်ခဲ့ရင်တောင်...
အခု ငါ...ငါ မင်းကို ချစ်နေမိပြီ... "

သူ့ဝန်ခံစကားသည်
သူ...ကျွန်တော့်ကို လျစ်လျူရှုထားသော
1နှစ်ကျော်စာ ကာလအတွက်...
အလိုလို ကျေနပ်စေခဲ့ပါသည်…။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

ဘယ်ဘက်မျက်ဝန်းထောင့်က ကျတယ့်မျက်ရည်က...
နာကျင်ခြင်းကို ကိုယ်စားပြုတာဆိုရင်...
မင်းအကြောင်းတွေးတိုင်းကျတဲ့ မျက်ရည်တွေ…၊
ငါ့ဘယ်ဘက်မျက်ဝန်းမှာ
မျက်ရည်ဆိုတာ ရှိနေပါ့ဦးမလား…။

-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-

#TBC

ပစ်ထားတာ မဟုတ်ပါဘူးနော်...
ကျွန်တော် ဟိုလုပ်ဒီလုပ်တွေနဲ့ ဘာတွေလုပ်နေ
မိမှန်းကို မသိတာကြောင့်ပါ...။
မနေ့က ပီကေ...
ဒီနေ့ unseen...
တတ်နိုင်သလောက် ကျွန်တော်typeနေတာမို့
သဘောထားကြီးစွာ ခွင့်လွှတ်ပေးကြပါလို့…။

အားလုံးကို ချစ်ခင်ခြင်းများစွာဖြင့်....
ခင်မင်ခြင်းများစွာဖြင့်....
လေးစားခြင်းများစွာဖြင့်.....

------------------------------------------------------

Continue Reading

You'll Also Like

563K 109K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
926K 71.1K 46
သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ်ဖို့သာ ပြင်ထားတော့ ဝမ်ရီလျှို့ ~~ရှောင်...
150K 20.8K 15
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
179K 3.3K 6
ကြယ်စုံတဲ့ညတွေဟာ သိပ်ကိုလှပတာ Stephi နင်ပြောသလို ငါ့လောက်တော့ မဟုတ်ပေမယ့်ပေါ့ ⚡