[Zawgyi]
မိုးစက္ေလးေတြ ေႂကြကာက်ေတာ့...
ကမၻာေျမျပင္ တုိးတိုးေမးတယ္...
"အသင္ က်တာ ေပ်ာ္ရဲ႕လား~~~"...
သက္တံ့ေရာင္စဥ္ သြယ္ကာျပေတာ့...
တစ္ဖက္ေတာင္တန္း တိုးတိုးေမးတယ္...
"အသင္ လွတာ ေပ်ာ္ရဲ႕လား~~~"...
သတိတရ မ်က္ရည္ခေတာ့...
ႏွလံုးသားက တိုးတိုးေမးတယ္...
"အသင္ ငိုတာ ေပ်ာ္ရဲ႕လား~~~"...
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
ခြဲစိတ္ခန္းထဲ၌ ဆရာဝန္ေတြ အသက္လုခ်ိန္
8နာရီေက်ာ္ေက်ာ္...
ေဆးရံုကုတင္ေပၚမွာ သတိေမ့ေနခ်ိန္2ရက္
ေက်ာ္ေက်ာ္ ၾကာၿပီး...
ေနာက္တစ္ေန႔ညေနေစာင္းေလာက္တြင္
Baekhyun သတိျပန္ရလာခဲ့သည္။
Tock.Tock.Tock
အခ်က္ေပးသလို တံခါးကို သံုးႀကိမ္ေျမာက္ေခါက္
ၿပီးခ်ိန္မွာေတာ့...Kris အခန္းတံခါးကို တြန္းဖြင့္
ဝင္လာခဲ့လုိက္၏။
အထဲေရာက္သြားေတာ့ ကုတင္ေပၚတြင္
ေဖ်ာ့ေတာ့စြာလွဲေနေသာ ေကာင္ေလးက
ေဆးရံုျပတင္းေပါက္အျပင္ဘက္ကို သတိလက္လြတ္
ေငးေနရာမွေန...
သူ႔ကို အသည္းအသန္လွည့္ၾကည့္လာသည္။
" သူ...သူေရာ ပါမလာျပန္ဘူးလား... "
Krisေနာက္ေက်ာဘက္ကို ေမွ်ာ္လင့္တႀကီး
ေမွ်ာ္ၾကည့္ရင္း ေမးလိုက္ေသာ
ေကာင္ေလး၏ေမးခြန္းကို ျပန္ေျဖေပးဖို႔အင္အား Krisမွာမရွိ...။
ကုတင္ေဘးက ဆိုဖာေပၚ စိတ္လက္ေမာစြာ
ပစ္ထိုင္လိုက္ၿပီးမွ...
ဟန္ေဆာင္မပ်က္ျပန္ေျဖလိုက္ရသည္။
" Baekရယ္...
ကားထဲမွာက်န္ခဲ့တဲ့ Baekေတာင္
ေတာ္ေတာ္အသက္လုလိုက္ရတာ...
လမ္းမေပၚပစ္က်န္ခဲ့တဲ့ Chanyeolဆို
ဘယ္ေလာက္ဒဏ္ရာေပါမလဲ...
ျပန္သက္သာဖို႔ေတာ့ အခ်ိန္ေပးရမယ္ေလ... "
" အဲ့ဒါေၾကာင့္ ကြၽန္ေတာ္သြားမယ္ေျပာေန
တယ္ေလ!
သူ မလာႏိုင္ေတာင္ ကြၽန္ေတာ္ သူ႔ကိုသြား
ေတြ႔မယ္လို႔ ေျပာေနတာမလား! "
စိတ္တိုစြာေအာ္ဟစ္လိုက္ေသာ Baekအသံက
ေဆးရံုခန္းေလးထဲ ပ်ံ႕လႊင့္သြားသည္။
မ်က္လံုးေတြနီရဲစြာစိုက္ၾကည့္ေနေသာ
ညီျဖစ္သူကို တစ္ခ်က္ၾကည့္လိုက္ရင္း
Kris သက္ျပင္းခ်လိုက္မိ၏…။
Chanyeol ဒဏ္ရာရာေနသည္လို႔ပဲလိမ္ညာ
ေျပာထားသည္ေတာင္ ဒီေလာက္ေပါက္ကြဲေနတာ…
ေပ်ာက္သြားတယ္ ရွာမေတြ႕ေသးဘူးဟုသာ
ေျပာၾကည့္ပါလား...
အခုခ်က္ခ်င္းေဆးရံုက ထေျပးမလားမသိ...။
" Park Baekhyun...
Hyung စိတ္မတိုခ်င္ဘူးေနာ္...
မင္းမ်က္လံုးထဲ သူ႔ကိုပဲျမင္ေနသလား...
မင္းကိုစိတ္ပူေနရတဲ့ Hyungတစ္ေယာက္လံုး
ကိုေတာင္ မျမင္ေတာ့ဘူးလား! "
သူႏွင့္ၿပိဳင္တူလိုက္ေပါက္ကြဲျပလိုက္ေတာ့မွ
Baekhyunတို႔ ၿငိမ္က်သြားၿပီး...
ကုတင္ေျခရင္းက သံတိုင္ကိုအေၾကာင္းမဲ့
စိုက္ၾကည့္ေန၏…။ စကၠန္႔လက္တံကေလး နာရီတစ္ဝက္စာ လည္ၿပီးခ်ိန္တြင္ သက္ျပင္းခ်သံတစ္ခု
ႏွင့္အတူ Baekhyun ဆိုလာသည္။
" ကြၽန္ေတာ္…hyungစကားနားေထာင္ပါ့မယ္။
သူ႔ကိုသာ ေသခ်ာေစာင့္ေရွာက္ေပးပါ...
တစ္ခုခုအေရးေပၚျဖစ္ခဲ့ရင္လည္း
ကြၽန္ေတာ့္ကို ခ်က္ခ်င္းေျပာျပေပးပါ... "
ေခါင္းမၿငိမ့္ေခါင္းမခါပဲ Krisျပန္ထြက္လာခဲ့
လိုက္သည္။ ယခုအခ်ိန္တြင္ Baek စိတ္ေက်နပ္ေစ
ရန္အတြက္ လိမ္ညာကတိေပးလိုက္ျခင္းသည္
ေနာင္တစ္ခ်ိန္အတြက္ ပိုနာက်င္စရာျဖစ္သြားႏိုင္သည္
ကိုလည္း Kris မလိုလား။
အျပင္ေရာက္မွ ဖုန္းထုတ္ကာ
တစ္စံုတစ္ေယာက္ဆီကို အလ်င္အျမန္ဆက္ရေတာ့၏...။
" ေအး...ဘယ္လိုလဲ...
စံုစမ္းလို႔ရလား... "
" .... "
" ဟူး...
Baek ေဆးရံုကမဆင္းခင္ရွာေတြ႕မွျဖစ္မယ္။
သူသာသိသြားရင္ ငါလည္းထိန္းရမွာမဟုတ္ဘူး "
" ... "
" အင္း... အဲ့ဒါဆို
မင္းတို႔ကိုပဲ ယံုၾကည္ထားမယ္... "
ဖုန္းကို အက်ႌအိတ္ထဲထိုးထည့္ကာ
လမ္းဆက္ေလွ်ာက္သြားေသာ Kris...
သူ႔ကိုေက်ာေပးထားလ်က္ျဖင့္ သေဘာက်သလို
အၿပဳံးၿပဳံးလိုက္ေသာ
မ်က္လံုးအစြန္းေထာင့္ဖ်ားေတြ သိသာစြာျဖစ္တည္ေန သည့္ ေကာင္ေလးတစ္ေယာက္ကိုေတာ့ သတိမျပဳမိလိုက္ေပ...။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
ကံက Krisကိုပဲ မ်က္ႏွာသာမေပးေလေရာ့
သလား...
မနက္ျဖန္ဆိုလွ်င္ကို Baekhyun ေဆးရံုဆင္း
ရေတာ့မည့္ရက္ေရာက္လာခဲ့ၿပီ...။
အခုထိ Chanyeolသတင္းကို အစအနေလးပင္ ရွာမေတြ႕ေသး...။
Baekhyunကိုယ္တိုင္လည္း သံသယဝင္ေနေလာက္ၿပီထင္ပါသည္။
ယခုလည္း ေမးခြန္းေတြကိုေရွာင္ဖယ္ခ်င္၍ သတင္းစာကို ဟန္ျပဖတ္ေနေသာ
သူ႔ကို ေစ့ေစ့စပ္စပ္ၾကည့္ေနရင္းမွေန…
" Hyung...ကြၽန္ေတာ္ အခုလမ္းေလွ်ာက္လို႔
ရေနၿပီေနာ္... "
" အမ္...အင္းေလ...ဘာျဖစ္တုန္းအဲ့ဒါ... "
သတင္းစာေနာက္တစ္မ်က္ႏွာကို အခ်ိ္န္ၾကာ
ၾကာဆြဲလွန္ေနလိုက္ရင္း ျပန္ေျဖလိုက္မိ၏။
" ကြၽန္ေတာ္လမ္းေလွ်ာက္လို႔ရေနတာ
Yeol အခန္းကို သြားၾကည့္ခ်င္တယ္...။
သူ႔မ်က္ႏွာေလးေတာ့ျမင္ခြင့္ေပးစမ္းပါhyung
ရာ... "
" Baekေလးရာ
အခုChanyeol အခန္းက ေတာ္႐ံုလူဝင္မရဘူး၊
သူ႔အတြက္ ေဆးေငြ႕ေတြက အၿမဲလႊတ္ထား
ရတာ...
Baek က လမ္းေလွ်ာက္လို႔ပဲရေသးတာေလ၊
ေဆးေငြ႕ေတြကို ခံႏိုင္လားမခံႏိုင္လား
အတပ္မေျပာႏိုင္ေသးဘူးမလား...။
ေဟာ…
အခုတေလာ ရိုးရာေရွးေဟာင္းပစၥည္းလဲလွယ္တဲ့ အဖြဲ႕ေတြ ေခတ္ထေနတယ္တဲ့...
တရုတ္ကအဖြဲ႕က ပိုနာမည္ႀကီးေနတယ္ဆိုပဲ... "
စကားလမ္းေၾကာင္းကို သတင္းစာထဲက
သတင္းတစ္ပုဒ္ဆီ သိသိသာသာကို ကူးေျပာင္းလိုက္
သည့္တိုင္… Baekhyun သည္ သူ႔ဦးတည္ရာကို
သာ မမွိတ္မသုန္ဆိုျပန္သည္။
" Hyungကလည္း…အဲ့ဒါဆို ဘယ္အခန္းလဲဆိုတာပဲေျပာေလ...
ကြၽန္ေတာ္သြားမၾကည့္ပါဘူး...ေနာ္...ဟင္... "
ေဆးရံုဝတ္စံုေလးႏွင့္ ခ်ိနဲ႔စြာေတာင္းဆိုေနေသာ
ညီျဖစ္သူကို သူ ဘယ္လိုအင္အားႏွင့္
Chanyeol ေသသလားရွင္သလား
သတင္းအစအနလံုးဝကိုမရေသးပါဟု
အမွန္အတိုင္းေျပာႏိုင္မည္လဲ...။
ေဘးၾကပ္နံၾကပ္ျဖစ္စြာ Krisေလွာင္အိုက္ေန
ခိုက္...တံခါးေခါက္သံေပၚလာ၏...။ ကယ္တင္ရွင္ေပၚလာသလိုမ်ိဳး
သက္ျပင္းကို Baek မၾကားေအာင္ခိုးခ်လိုက္မိသည္။
" ေအာ... "
ခြင့္ျပဳသံအဆံုးတြင္ ခ်က္ခ်င္းဆိုသလို အခန္းထဲကို
ဝင္လာသူက Chanyeolအေၾကာင္းစံုစမ္းခိုင္း
ထားသည့္တစ္ေယာက္...။
ထိုသူ႔ကို လူေတြအေၾကာင္းစံုစမ္းခိုင္းသည့္ေနရာတြင္ပဲ
ေစခိုင္းတတ္သည္ဆိုေတာ့…ထိုအခ်က္ကိုသိေနေသာ
Baekhyunက မ်က္ေမွာင္ၾကဳတ္ရင္းလွမ္းၾကည့္
လာသည္။
" Baek...ခဏ... "
သံသယပိုမႀကီးထြားလာခင္
Kris ထိုသူ႔ကို အခန္းအျပင္အထိ ေခၚလာခဲ့လိုက္၏။
အခန္းအျပင္ ေကာ္ရစ္တာေထာင့္ခ်ိဳးအထိ
ေရာက္ေအာင္သြားလိုက္ၿပီးေတာ့မွ သိခ်င္သည္ကို
အေလာတႀကီးေမးလိုက္မိသည္။
" အင္း...ဘယ္လိုတဲ့လဲ... "
" သတင္းကိုလံုးဝမၾကားရတာ Heaven...
မေတာ္တဆမႈကိုေတြ႕လို႔ ေဆးရံုကို အေၾကာင္းၾကားေပးတဲ့သူကိုေမးၾကည့္ေတာ့လည္း
သူေတာက္ေလွ်ာက္အေပၚကေန ၾကည့္ေနတာတဲ့...။
ဘယ္သူမွ ထသြားတာ...
ဘယ္သူကမွ လာေခၚသြားတာမေတြ႕ရဘူးတဲ့...။
အဲ့နားက ပတ္ဝန္းက်င္တစ္ဝိုက္ကိုလည္း စံုစမ္းၾကည့္ၿပီးၿပီ…
သတင္းအစအနကို မၾကားရတာ..."
" ေဆးရံုေတြကိုေရာ? "
" Nae...
ေဆးရံုေတြကိုေရာ စံုစမ္းၿပီးပါၿပီ...
မေတာ္တဆမႈနဲ႔ေရာက္လာတဲ့သူေတြထဲမွာ
Park Chanyeol နဲ႔တူတာ
တစ္ေယာက္မွမရွိပါဘူး... "
" ဘယ္လိုလုပ္ရမလဲ...
Baekhyunသာ Chanyeolေပ်ာက္ေနတဲ့
သတင္းကို သိသြားရင္... "
" Hyung ဘာေျပာတယ္...
Yeol...Chanyeol…သူေပ်ာက္ေနတာလား... "
ရုတ္တရက္ ေနာက္ေက်ာဘက္ဆီမွ ထြက္ေပၚလာ ေသာ Baekhyunအသံေလးေၾကာင့္
Kris အလန္႔တၾကား ေနာက္ကိုလွည့္ၾကည့္လိုက္မိ၏။
သံသယစိတ္ကို အတည္ျပဳလိုေသာ Baekhyun
သည္ သူတို႔ေနာက္မွ ခ်က္ခ်င္းလိုလိုလိုက္လာခဲ့ဟန္တူ
ပါသည္…။Drip Standကို ကိုင္ကာရပ္ေနေသာ
Baekhyun၏ မ်က္ဝန္းအစံုသည္ ၾကားေနရေသာ
စကားတို႔အေပၚ လက္မခံလိုစြာ ခါးခါးသီးသီးျငင္းဆန္
ေနသည့္အရိပ္အေယာင္တို႔ျဖင့္ ျပည့္ႏွက္ေန၏…။
" Baek...Baek... အဲ့ဒါက "
" ေျပာေလ...
Yeolေပ်ာက္ေနတာလားလို႔! "
" Baekေလးရ စိတ္ေလွ်ာ့ေလကြာ...
Hyungလည္း ရွာေနတာမို႔ မၾကာခင္ျပန္ေတြ႕မွာပါ... "
Kris စကားအဆံုးတြင္ Baekကိုယ္ေလး
နံရံဘက္ကို ေဖ်ာ့ေတာ့စြာ လဲျပိဳသြားသည္။
ေဆးရံုနံရံကို အားျပဳရပ္ေနေသာ ညီျဖစ္သူဆီ
စိုးရိမ္တႀကီးေျပးသြားကာ ဆြဲဖက္လိုက္ေပမယ့္
Baekhyunက...
Krisလက္ေတြကို ရုတ္ျခည္းဆိုသလို တြန္းဖယ္ပစ္
လာ၏…။
" Hyungညာတယ္...
ဘာလို႔အမွန္အတုိင္းမေျပာတာလဲ "
" စိုးရိမ္လို႔ေပါ့...။
သက္သာလာတာေတာင္ အခုလိုျဖစ္ပ်က္သြားတာ
မသက္သာခင္ သတင္းအမွန္သာသိၾကည့္ပါ
လား...Baekအရင္ တစ္ခုခုျဖစ္မွာေလ... "
" အခုေရာ!
အခုေရာ ကြၽန္ေတာ္ဘာမွမျဖစ္ပဲေနလို႔လား!!! "
မာန္ႏွင့္ ဟစ္ေအာ္လိုက္ေသာ Baekhyunအသံေလးတြင္ နာက်င္ျခင္းေတြ
ေရာစြက္လို႔...။
ေျပာရမည့္စကားလံုးေတြရွားပါးစြာ ငိုင္ေနမိေသာ
Krisရင္ဘတ္ကို Baekhyunတစ္ခ်က္တြန္း
လိုက္ရင္း ဝမ္းနည္းလႈိက္တုန္စြာဆို၏…။
" ေျပာေလ hyung...
အခု ကြၽန္ေတာ့္ပံုစံကေရာ hyungမ်က္လံုးထဲ
ဘာမွမျဖစ္တဲ့ပံုေပၚေနလား...။
သူနဲ႔ပတ္သက္ရင္ ကြၽန္ေတာ္က အၿမဲတမ္းတစ္မ်ိဳး
တည္းပဲ ခံစားေနၾက...
ကြၽန္ေတာ္သက္သာသာ မသက္သာသာ...
သူနဲ႔ပတ္သက္ရင္ ခံစားခ်က္ကတစ္မ်ိဳးတည္းပဲလို႔…
သိရဲ႕လား!!! အဲ့ဒါ Hyungသိရဲ႕လား!!! "
သည္းသည္းလႈိက္လႈိက္ေလးေအာ္ဟစ္ငိုေနေသာ
Baekhyunပံုစံေလးက...
Krisကို ထပ္တူနာက်င္ေနေစရသည္…။
ဒီကေလးဒီလိုျဖစ္မွာသိလို႔ ဖံုးကြယ္ခဲ့ေပမယ့္
ယခုေတာ့ Krisစိုးရိမ္သလို ျဖစ္လာခဲ့ရၿပီ...။
" Baek.. Hyungေျပာ... "
" အဲ့ဆို ဆိုလိုတာက...
Yeolကို အခုထိရွာမေတြ႕ေသးဘူးေပါ့... "
မ်က္ရည္က်ေနတာ ခဏရပ္သြားၿပီး သိခ်င္သည္ကို
ေမးလာသည့္ Baekhyunသည္ ယခုလက္ရွိျဖစ္
ေနေသာ အျဖစ္အပ်က္မ်ားကို အိပ္မက္ဆိုးတစ္ခု
သဖြယ္ သတ္မွတ္လိုက္ခ်င္ဟန္တူသည္။
" Baek... "
" ဟုတ္လားလို႔!!! "
" Hyung စံုစမ္းေနတယ္... "
" Arrrr!!!!! "
စိတ္ထြက္ေပါက္တစ္ခုကို အသည္းအသန္ရွာေနေသာ Baekhyunက စိတ္မထိန္းႏိုင္သူတစ္ေယာက္လို
ေအာ္လာၿပီး Drip Stand ကို လႊင့္ေပါက္ပစ္လိုက္
သည္။
လက္ဖ်ံမွာ ထိုးသြင္းထားေသာေဆးထိုးအပ္က
အသားကို ဆြဲျဖဲလိုက္သလိုျဖစ္သြား၍
ေသြးစတစ္ခ်ိဳ႕ထြက္က်လာသည္ကိုေတြ႕လိုက္ရ၏…။
ေဆးရုံ ၾကမ္းျပင္ေပၚ ထုိင္ခ်လိုက္ရင္း...
သူ႔ဆံပင္သူဆြဲေဆာင့္ငိုေနေသာ
Baekhyunပံုစံက မသိလွ်င္ တကယ့္စိတ္လြတ္
ေနသူ တစ္ေယာက္လို...။
မဟုတ္ဘူး...အခုအခ်ိန္ Baekhyun တကယ္
စိတ္လြတ္ေနမွာပါ...။
ဗလံုးဗေထြးေရရြတ္လာေသာ သူ႔စကားမ်ားသည္
အနိမ့္အျမင့္မရွိ ထိန္းခ်ဳပ္ရခက္ခဲေနေလသည္။
" သူေပ်ာက္ေနတာကို ကြၽန္ေတာ္မသိဘူး....
ကြၽန္ေတာ္မသိပဲနဲ႔ ကြၽန္ေတာ္ကေတာ့
ေဆးရံုကုတင္ေပၚမွာ က်က်နန ေဆးကုခံလို႔...
သူက...သူကေတာ့ ဘယ္ေနရာမွာ... "
" Baekhyun ...Baekေလး သတိထားေလ... "
စိုးရိမ္ႀကီးစြာ Kris ဆြဲဖက္လိုက္ေပမယ့္ အားႏွင့္ရုန္း
ေနေသာ Hellသည္ ရင္ခြင္ထဲသို႔ အလြယ္တကူလိုက္
ပါမလာ…။
ထို႔ေနာက္… စကၠန္႔ပိုင္းအတြင္း ၿငိမ္က်သြားသည့္
အတြက္ ငံု႔ၾကည့္လိုက္ခ်ိန္တြင္ စိတ္ပင္ပန္းမႈဒဏ္ကို
မခံစားႏိုင္စြာ ေမ့ေျမာေနခဲ့ၿပီျဖစ္သည္။
" ေဟးးး
ဆရာဝန္ေတြေခၚေခ်...ျမန္ျမန္!!!! "
ရင္ခြင္ထဲတြင္ သတိေမ့ေနေသာ Baekhyunကို
ငံု႔ၾကည့္ရင္း...
Kris နာက်င္စြာ သက္ျပင္းခ်လိုက္မိေတာ့၏။
ခ်စ္ျခင္းမွာေပ်ာ္ဝင္လိုက္တဲ့အခါ...
လူသားေတြျဖစ္တဲ့ ငါတို႔ဆိုတာက...
ခ်စ္ျခင္းအလိုက် ကျပရတယ့္ ဇာတ္ရုပ္ေတြ...။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
POV of Baekhyun
»»»»»»»»»»»»»»»»
ေကာင္ေလး မင္းဘယ္ေရာက္ေနသလဲ?
ေတာက္ေလွ်ာက္စံုစမ္းခဲ့သမွ်သတင္းေတြထဲမွာ မင္းအေၾကာင္းမပါတဲ့အခါ...
ငါ့ရင္ကိုဆုတ္ျဖဲခံလိုက္ရသလိုနာတယ္...။
မင္းဘာျဖစ္ေနသလဲမသိပဲ ငါအသက္ရွင္ေနရတာကို ေတြးမိလိုက္တဲ့အခါ...
အိပ္မက္ဆိုးေတြကို ႏိုးလ်က္နဲ႔ ငါ မက္တယ္...။
မင္းမရွိတဲ့ ေန႔ညေတြကို တစ္ကိုယ္တည္း
ျဖတ္သန္းေနရတယ့္အခါ...
ငါ့ကမၻာ လင္းလ်က္နဲ႔ေမွာင္တယ္...။
ေတာင္းဆိုပါတယ္ ေကာင္ေလးရာ...
ငါ့ကိုအိပ္မက္ထဲမွာျဖစ္ျဖစ္ လာေတြ႕ေပးစမ္းပါ။
မင္း ငါ့ကိုထားခဲ့တာ ေျခာက္လရွိၿပီေနာ္...။
.....................
ငါ မင္းအေၾကာင္းေတြးမိတုိင္း ငိုမိတယ့္အခါ
မင္းနဲ႔ငါ အတူသြားဖူးတဲ့ ရြာက အဘိုးႀကီးကေမးတယ္...။
ငိုရတာေပ်ာ္လို႔လားတဲ့...။
Hk...
ေလာကႀကီးမွာ အေၾကာင္းမဲ့ျဖစ္ေပၚေနတယ့္
အရာေတြ တစ္ခုမွမွမရွ္ိတာ...။
ေပ်ာ္လို႔ငိုငို...
ဝမ္းနည္းလို႔ ငိုိငုိ...
မင္းအေၾကာင္းစဥ္းစားမိတာနဲ႔ ငါငိုတယ္...။
မ်က္စိေတြကန္းသြားပါေစ...
ဒီတစ္ခုေလးေတာ့ ခြင့္ျပဳေပးပါ...။
တစ္ႏွစ္တိတိ ငါဆက္တိုက္ငိုေနခဲ့ၿပီးၿပီပဲ...။
.....................
စက္ဘီးလက္ကိုင္ေလးကို ကိုင္ရင္း
စက္ဘီးပိုင္ရွင္ေလးကို ငါတမ္းတေနတယ္။
အရင္လို စက္ဘီးေလးနင္းၿပီး
ဆံပင္ေတြ ေလထဲဝဲသြားတဲ့အထိ
ငါ့ေရွ႕မွာ စီးျပစမ္းပါ...။
အရင္လို မင္းျပံဳးျပလိုက္တယ့္တျခားသူေတြကို
ငါ သတ္ခ်င္စိတ္ေပၚလာေလာက္ေအာင္အထိ
ျဖဴျဖဴစင္စင္ေလး ၿပဳံးျပလုိက္စမ္းပါ...။
မင္းနားမလည္ႏိုင္တဲ့ အျပဳအမူေတြလုပ္လိုက္တုိင္း
တအံ့့တၾသေလး ငါ့ကိုေငးၾကည့္ျပလိုက္စမ္းပါ...။
မင္းရဲ႕အဲ့လိုအျပဳအမူေလးေတြ
ငါမျမင္ရတာ...
တစ္ႏွစ္နဲ႔ ငါးလရွိခဲ့ၿပီ ေကာင္ေလး...။
.....................
အတိတ္ကမင္းနဲ႔ငါ့ရဲ႕ ေပ်ာ္ရႊင္ခဲ့တဲ့ အခန္းေလးထဲကပံုရိပ္ေတြက
လက္ရွိ ငါ့ေပ်ာ္ရႊင္မႈေတြကို တျဖည္းျဖည္း
ဖဲ့ေႁခြနင္းခ်ေနတယ္...။
မင္းဓာတ္ပံုေတြအျပည့္ျဖစ္ေနတယ့္ အခန္းေလး
ထဲ ငါဝင္လိုက္တုိင္း...
အခု ဓာတ္ပံုရိုက္ခ်င္ေတာင္မရိုက္နိုင္ေတာ့တယ့္
အမွန္တရားတစ္ခ်က္ကို
ငါ အၿမဲေမ့ခ်င္ေယာင္ေဆာင္ျဖစ္ခဲ့တယ္...။
မင္းေၾကာင့္ ငါ့အၿပဳံးေတြ ဆိတ္သုဥ္းခဲ့တာ
တစ္ႏွစ္ နဲ႔ ဆယ္လရွိၿပီ Yeollie ah...။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
" ဘာလို႔ဒီလိုဆိုင္မွာေသာက္တာလဲ Baek... "
မ်က္ႏွာခ်င္းဆိုင္ထိုင္ခံုကေန ေမးလို္က္ေသာ
Hyungအေမးကို သူ မၾကားခ်င္ေယာင္ပဲ
ေဆာင္ေနလိုက္သည္။
တစ္ခါတစ္ရံ အေျဖျပန္ေပးလိုက္မွ ေပါ့ပ်က္သြားေသာ
အေၾကာင္းတရားေတြရွိ၏…။
ေလာင္းထည့္ေနေသာခြက္ထဲ ဆိုဂ်ဴေတြအျပည့္
ျဖစ္ကာ လွ်ံက်ေနသည့္တိုင္ေအာင္
သူ ေလာင္းထည့္ေနတာမရပ္ေသး...။
Kris Hyungက လက္ထဲမွ ပုလင္းကို
ဆြဲယူကာရပ္လို္က္ေတာ့မွ...
ခြက္အျဖဴေလးထဲက ဆိုဂ်ဴေတြ ေဘာင္ဘင္ခတ္ရပ္သြားေတာ့သည္။
" ဘာျဖစ္ေနတာတုန္း Baekရာ... "
" ဒီလိုဆိုင္ေလးက ေသာက္ရတာလြတ္လပ္
တယ္...
Hyungရဲ႕ clubေတြလို အသက္ရွဴၾကပ္ရတာ
ေတြမရွိဘူး... "
ေမးလိုက္သည့္ေမးခြန္းႏွင့္မဆိုင္စြာ...
မထီမဲ့ျမင္ျပံဳးရင္းျပန္ေျဖလာေသာ သူ႔ပံုစံေၾကာင့္
Kris စိတ္ရႈပ္ေထြးစြာျဖင့္ ပုလင္းကို ေကာက္ေမာ့
လိုက္မိ၏။
ဒီအေတာအတြင္း သူ႔ကိုၾကည့္ရင္း Kris Hyung၏
အမူအရာေတြက ဤသို႔သာျဖစ္ေနတတ္ခဲ့သည္။
စိတ္ရႈပ္ေထြးေနသည့္ hyung အေနအထားေၾကာင့္
သူ ေျခာက္ကပ္ကပ္ေအာ္ရယ္လိုက္ရင္း
ခြက္ထဲက အရည္ေတြကို တစ္ရွိန္ထိုးေမာ့
ေသာက္ပစ္လိုက္သည္။
" မင္းဘယ္အခ်ိန္က်မွ ဒီအခ်ိဳးေတြေျပာင္းမွာ
လဲ Baek... "
ေနာက္ဆံုးတြင္ေတာ့ ႏွစ္ႏွစ္နီးပါးထိန္းခ်ဳပ္ထားခဲ့ေသာ
ေမးခြန္းတစ္ခုကို hyung ေမးလာခ့ဲပါသည္။
ယခုအခ်ိန္သည္ ထိုေမးခြန္းေမးရန္ သင့္ေတာ္ေသာ
အခ်ိန္ျဖစ္ေနေလာက္ၿပီဟု hyung ယံုၾကည္ထား
ဟန္တူသည္။
ပါးစပ္က ဆိုဂ်ဴေတြကို လက္ခံုႏွင့္
ပြတ္သုတ္ရင္း ေမးလိုက္ေသာေမးခြန္းသည္
သူ႔အၾကည့္ေတြကို ဆုိင္နံရံေဟာင္းေလးအေပၚက
စာတန္းေလးေတြေလာက္ အာရံု မသိမ္းယူႏိုင္ခဲ့။
" Hyungသိလား...
အဲ့တုန္းကေလ သူေရးတာ လက္ေရးကလွလည္း
မလွဘူး...ကြၽန္ေတာ္ ရႈပ္ေနတာနဲ႔ေလ...hkhk "
နံရံေပၚက စာတန္းေလးကို လက္ေခ်ာင္းေလးေတြျဖင့္ တယုတယပြတ္ေနရင္း သူဆိုလာေတာ့မွ...
ဒီလိုဆိုင္ေလးကို သူလာေသာက္ရသည့္
အေၾကာင္းရင္းကို Kris သိရေတာ့သည္။
Hell တခုတ္တရ ထိေတြ႔ေနသည့္စာတန္းက
Forever love You ဆိုေသာ ရိုးရွင္းေသာ
စာတန္းေလးတစ္ခု…။
" မင္းရူးေနတာပဲ...ေပ်ာက္ဆံုးေနတယ့္
အခ်စ္တစ္ခုကို တမ္းတေနတာ...
မင္းဦးေႏွာက္ေတြ ဘယ္ေရာက္ကုန္လို႔လဲ! "
ထိုအခိုက္ ခပ္က်ယ္က်ယ္အသံတစ္ခုက ဆိုင္ေလးထဲ
ထြက္ေပၚလာသည္။
နည္းနည္းေလးမူးလာလွ်င္ အသံက်ယ္လာတတ္
ေသာ ထံုးစံရွိသည့္အတုိင္း...
ဗလေတာင့္ေတာင့္ လူတစ္ေယာက္ႏွင့္
ခပ္ကုတ္ကုတ္လူတစ္ေယာက္က ဆိုင္အလယ္ေနရာ
တြင္ ေနရာယူထားရင္း သူတို႔ေျပာလိုသည္မ်ားကိုသာ
အာေပါင္အာရင္းသန္သန္ေျပာေနၾက၏…။
ဆို္င္ထဲမွလူမ်ားက ရန္မ်ားမွာေၾကာက္၍ အၾကည့္မ်ား
ျဖင့္သာ မႏွစ္ၿမိဳ႕ေၾကာင္းျပေနၾကေပမယ့္…
Baekhyun၏ ရန္လိုအၾကည့္က
ခ်က္ခ်င္းဆိုသလို ေဝ့ခနဲေရာက္သြားသည္။
နားညည္းတာကို သူ မႀကိဳက္တာမဟုတ္...
ထိုသူေျပာလိုက္ေသာစကားကို သူ မႀကိဳက္တာ...။
ထိုသူကေတာ့ သူ႔ကိုၾကည့္ေနမွန္းမသိ...
လက္ႏွစ္ဖက္ကို ေပါင္ႏွစ္ဖက္ေပၚ ဟန္ပါပါတင္ထား ရင္း... အရာရာသိေနေသာဆရာႀကီးတစ္ေယာက္လို
အမူအရာဖမ္းေနသည္။
" မွတ္ထားေဟ့ေကာင္...
ကိုယ့္မ်က္စိေရွ႕ကေန ေပ်ာက္သြားတာနဲ႔
ေသၿပီသာမွတ္လိုက္ေတာ့...
ဘာကိုျငိတြယ္ေနမွာလဲ...
သူလဲ မင္းကိုပစ္ၿပီး တျခားမွာေပ်ာ္ခ်င္ေပ်ာ္ေနမွာေပါ့..."
စားပြဲေပၚတင္ထားသည့္ Baekhyun လက္တစ္
ဖက္ အလိုလိုက်စ္ဆုပ္သြားသည္။ ေဘးတစ္ေစာင္းျမင္
ေနရေသာ နားထင္တစ္ဖက္တြင္ ေသြးေၾကာတစ္ခု
သိသိသာသာေထာင္တက္ေနသည္ကို Kris ျမင္ေန
ရ၏…။
" Baek...
Baekကိုေျပာတာမဟုတ္ဘူးေလ...။
စိတ္ေလွ်ာ့စမ္းပါ...
Hyungစကားနားေထာင္စမ္း... "
ထိုအခိုက္...
တားဆီးေနသည့္ Krisအသံကို လႊမ္းကာ
ထြက္ေပၚလာသည္က...
" မင္းကို ေမ့ခ်င္ေတာင္ေမ့ေနမွာကြ... "
" Yah!!!
မင္းက ဘယ္ေလာက္သိလို႔ အဲ့လိ္ုေျပာေနရတာလဲ...
လူၾကည့္ေတာ့ျဖင့္ အျဖစ္ရွိမယ့္ပံုလဲမဟုတ္...
ခ်စ္ျခင္းေတာင္ခံစားဖူးလို႔လား...ဟမ္!!! "
အလကားေန ရန္စကားဆိုလိုက္ေသာ
Baekhyunကို တစ္ဖက္ကလည္း
အံ့အားတသင့္ လွမ္းၾကည့္လာပါသည္။
စြာက်ယ္က်ယ္အသံတစ္ခု၏ပိုင္ရွင္သည္
ျဖဴျဖဴေသးေသးေလးႏွင့္ျဖစ္ေနသည္ကိုျမင္လိုက္ရခိုက္
အံ့အားတသင့္ျဖစ္ေနသာ ဗလႀကီး၏မ်က္ဝန္းတစ္စံု
သည္ ရယ္ခ်င္စိတ္မ်ားခ်က္ခ်င္း ဖံုးလႊမ္းသြားကာ
မုန္းစရာေကာင္းေအာင္ တဟက္ဟက္ရယ္လာေလ
သည္။
" Omo...Babyေလး
အိပ္ခ်င္မူးတူးျဖစ္ေနတာလား...
လာလာ...ဒီကိုလာ...
တစ္ညေလာက္အတူတူေပ်ာ္ရေအာင္...
အခ်စ္က ဘယ္လိုဆိုတာေသခ်ာျပေပးမယ္... "
Kris မ်က္ခံုးႏွစ္ဖက္ တင္းခနဲတြန္႔ကုတ္သြားသည္။
အစ္ကိုတစ္ေယာက္လံုး၏ေရွ႕တြင္ ညီျဖစ္သူကို
ေစာ္ကားလိုက္သည္ေၾကာင့္ Kris ရင္ထဲမွ ေဒါသစိတ္က လႈိက္ခနဲ ထလာ၏…။
သို႔ေသာ္… သူ ေနာက္က်ခဲ့ၿပီ…။
ဟိုအေသးေလးက ထိုင္ခံုကိုဆြဲယူကာ ဟိုဘက္ဝိုင္းမွ
လူကို ခံုျဖင့္ရိုက္ၿပီးေနခဲ့ၿပီးျဖစ္သည္။
အခ်ိန္တစ္ခုအတြင္းတြင္ ဆိုင္ေလးထဲ၌
အုတ္ေအာ္ေသာင္းနင္းဆန္ေသာ
ရန္ပြဲတစ္ခုျဖစ္တည္သြားေလေတာ့သည္…။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
ဆုို္င္ထဲက ရန္ပြဲေလးကို ကားအထဲမွေန
ေငးၾကည့္ေနရင္း…ေခါင္းခါယမ္းလိုက္မိသည္။
" ေသးေသးေလးျဖစ္ၿပီး လက္ရဲဇတ္ရဲရွိလိုက္တာ "
ညည္းညည္းညဴညဴေျပာလိုက္ေသာ
တစ္စံုတစ္ေယာက္၏စကားေၾကာင့္...
ေဘးတစ္ဖက္ခံုတြင္ ေဆးလိပ္ကို
ရွဴရႈိက္သြင္းေနေသာ ေကာင္ေလးက...ထိုသူၾကည့္ေန
ေသာ ဆုိုင္ေလးထဲသို႔ လွမ္းၾကည့္လာ၏…။
" အာ...
Black Dragonက ေခါင္းေဆာင္ႏွစ္ေယာက္ပဲ "
" Black Dragon? "
" Immm... နာမည္ႀကီး
Gangster အဖြဲ႕တစ္ဖြဲ႔ေပါ့… "
" ကြၽန္ေတာ္တို႔လိုပဲေပါ့... "
တစ္ဖက္အေမးကို ေဆးလိပ္ေသာက္ေနေသာ
ေကာင္ေလးက ေခါင္းတဆတ္ဆတ္ၿငိမ့္ျပလာရင္း
ထပ္ျပည့္စံုေစသည္။
" Koreaမွာ နံပတ္2ေလ... "
" ဒါေပမယ့္…သူတို႔ဘာလို႔ေနာက္လိုက္ေတြေခၚမလာ
တာလဲ...။
ဟိုဆံပင္ျဖဴေလးေသေတာ့မွာပဲ... "
ရယ္စရာဟာသတစ္ခုကိုၾကားလိုက္ရသကဲ့သို႔
ေဆးလိပ္ေသာက္ေနေသာ ေကာင္ေလး ပုခံုးလႈပ္သည္
အထိ ရယ္လာသည္။
" Hkhk...baby ah...
အဲ့ဆံပင္ျဖဴေလးက ဟိုအရပ္ရွည္နဲ႔လူထက္ေတာင္ တိုက္ခိုက္တာေတာ္ေသးတယ္...
ရက္စက္တယ္ဆိုၿပီး နာမည္တစ္လံုးနဲ႔
ေနေနတယ့္သူ...။
ဆံပင္ျဖဴေလးနာမည္က Park Baekhyun...
ဒုေခါင္းေဆာင္...။
အရပ္ရွည္နဲ႔က Wu Kris တဲ့...
သူက ေခါင္းေဆာင္...
ႏွစ္ေယာက္သားက ညီအစ္ကိုအရင္းေတြ... "
" ညီအစ္ကိုအရင္းေတြလဲေျပာေသး...
မ်ိဳးရိုးက... "
ကားမွန္တစ္ဖက္ေလွ်ာခ်လာကာ ထြက္လာေသာ
လက္တစ္ဖက္သည္ လက္ၾကားထဲက ေဆးလိပ္ကို
လက္ညွိုဳးျဖင့္ အနည္းငယ္လႈပ္ခါလာသည္။
တစ္မႈန္ႏွစ္မႈန္စသာရွိေသာ ေဆးလိပ္ျပာတစ္ခ်ိဳ႕
ေက်ာက္လမ္းမေပၚ ပ့ဲေႂကြက်ကုန္၏…။
" ဒုေခါင္းေဆာင္က ေယာက်္ားယူထားတယ္ေလ... သူ႔ေယာက်္ားမ်ိဳးရိုးက Park... "
" Aww... "
ယခုမွ သေဘာေပါက္သလိုျဖစ္သြားေသာ ေကာင္ေလးကို ဆံပင္ဆြဲဖြလာသည့္ လက္တစ္ဖက္
သည္ ေဆးလိပ္ကိုင္ထားေသာ လက္တစ္ဖက္ႏွင့္
လားလားမွ်မဆိုင္စြာ…။
" ငါတို႔ Euေလးက အရမ္းသိခ်င္စိတ္မ်ားတာပဲ။
ကဲ...သြားစရာရွိတာဆက္သြားရေအာင္... "
တျဖည္းျဖည္းလွိမ့္ထြက္သြားေသာ
ကားထဲမွေန...
ေနာက္တစ္ေခါက္ဆိုင္ထဲကို
ထပ္ေငးၾကည့္လိုက္မိျပန္သည္။
ဆိုင္ထဲတြင္ေတာ့ ဆံပင္အျဖဴေလးႏွင့္ေကာင္ေလးက ရန္ျဖစ္လို႔ေကာင္းေနဆဲ...။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
" သူတို႔အဖြဲ႕နယ္ခ်ဲ႕ေနတာၾကာၿပီ Heaven "
လက္ထဲကိုေရာက္လာေသာ ဓာတ္ပံုေတြကို
ေသခ်ာၾကည့္လိုက္ေတာ့...
ၾကည့္လိုက္တာႏွင့္ အႏၲရာယ္ေလးမွန္းသိသာေနသည့္ ထူးျခားေသာ မ်က္လံုးတည္ေဆာက္ပံုႏွင့္ေကာင္ေလး
က...ေနာက္လိုက္ႏွစ္ေယာက္ကိုဦးေဆာင္လို႔ ခပ္ခ်ီခ်ီ
လမ္းေလွ်ာက္လာေနသည့္ပုံေတြ…။
" သူတို႔အဖြဲ႕က ဘာလုပ္တာ? "
" ေရွးေဟာင္းပစၥည္းလဲလွယ္ေရးကပါ...
အဖြဲ႕နာမည္က Rêve တဲ့... "
" အဓိပၸါယ္က အိပ္မက္ေပါ့...။
ဒါနဲ႔…ေရွးေဟာင္းပစၥည္းနဲ႔ ငါတို႔အဖြဲနဲ႔ ဘာဆိုင္လို႔လဲ "
" တခ်ိဳ႕ clubေတြ…ကာစီႏိုေတြက
သူတို႔အဖြဲ႕က ပစၥည္းေတြဝယ္ၿပီး အလွဆင္ၾကတာ...
စိတ္ဝင္စားစရာပိုေကာင္းၿပီး...
လူအလာလည္းမ်ားလာၾကတယ္တဲ့... "
" အဲ့ဒါဆို ငါတို႔လည္း ဝယ္ၾကတာေပါ့
ဆက္သြယ္လိုက္ေလ... "
" အဲ့...အဲ့လို... "
ဆက္ေျပာရခက္စြာ တုန္႔ဆိုင္းေနေသာ ေနာက္လိုက္၏
သြင္ျပင္ကို ခန္႔မွန္းရင္း Kris အေျခအေနတစ္ခုကို ရိပ္မိလိုက္သည္။
" ဘာလဲ…ငါတို႔အဖြဲ႕ကို တမင္ညစ္ပတ္တာလား... "
" Nae...
Black Dragonကလြဲရင္ က်န္တဲ့အဖြဲ႕ေတြနဲ႔ပဲ
အေရာင္းအဝယ္လုပ္မယ္လို႔ ေၾကညာထားတယ္တဲ့... "
" ဘာ!
တရုတ္ကေန ကိုရီးယားအထိလာၿပီး
ေစာ္ကားတယ္ေပါ့... "
" ကြၽန္ေတာ္ အဲ့ကိစၥကိုစီစဥ္ခ်င္တယ္ Hyung... "
တစ္ခ်ိန္လံုး ျငိမ္သက္စြာနားေထာင္ေနေသာ Baekhyunသည္ hyungျဖစ္သူထံမွ
ထိုကိစၥကို လႊဲေျပာင္းယူလိုသည္။
စားပြဲခံုေပၚရွိ ဓာတ္ပံုမ်ားထဲမွေကာင္ေလးထံ
အၾကည့္တစ္ခ်က္ပို႔လိုက္ရင္း...
" ငါ့ကို အဲ့အဖြဲ႔အခ်ိန္ဇယားစံုစမ္းေပးထားပါ။
သူတို႔က အေတြ႔မခံမွေတာ့
ငါတို႔က သြားေတြ႔ရတာေပါ့ Hk... "
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
" ေရွ႕ကကားပါ Hell...
ဒီေန႔ သူတို႔တစ္စီးတည္းပဲ ထြက္မယ္လို႔
သတင္းရထားတာ... "
ေရွ႕ခန္းကေနေျပာလာေသာ Bizကို
ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္ရင္း… ေရွ႕မွကားကို
တစ္ခ်က္လွမ္းအကဲခတ္လိုက္မိသည္။
" ေနာက္ကကားကို အေၾကာင္းၾကားလိုက္...
လိုက္လာတာ မသိသာေစနဲ႔လို႔...
အျမန္လမ္းေရာက္မွ ႏႈတ္ဆက္ၾကတာေပါ့... "
Rêve အမည္ရွိ တရုတ္ေရွးေဟာင္းပစၥည္း
လဲလွယ္ေရးအဖြဲ႕ကားေနာက္မွေန
ခပ္ေမွးေမွးလိုက္ခဲ့ရာ...လူရွင္းသည့္
အျမန္လမ္းမေပၚေရာက္သည့္အခိုက္...
" ရၿပီ... "
Baekhyun အမိန္႔ေၾကာင့္...
Black Dragonကားေလးက
ေရွ႕မွ ကားကို အျမန္ေက်ာ္တက္သြားကာ
Rêveကားေရွ႕ကေန ပိတ္ရပ္လိုက္ေလသည္။
ကားဘရိတ္အုပ္သံေတြ ဆူညံစြာ
ထြက္ေပၚလာၿပီးသည့္ေနာက္
Rêve ကားေလးက Black Dragonကား
ႏွစ္စီးၾကားထဲ ညွပ္သြားေတာ့၏...။
ကားေပၚကေန ခပ္မွန္မွန္ဆင္းလာရင္း...
Baekhyun တစ္ဖက္ကားမွန္တံခါးကို လက္ဆစ္
တို႔ျဖင့္ ေခါက္လိုက္သည္။
ေလွ်ာက်လာေသာ ကားမွန္အမည္းေနာက္တြင္
ေပၚလာသည္က...
ဓာတ္ပံုထဲမွ ေကာင္ေလး... ZiTao...။
Baekhyunကိုျမင္ေတာ့...ZiTaoက ခပ္မဲ့မဲ့ၿပဳံးလိုက္ရင္း...
" Ni hao...Baekhyun... "
စစျခင္းကို ကစားပြဲက ရန္အေငြ႕အသက္ေတြ
လႊမ္းၿခဳံလို႔...။
" စကားေျပာရေအာင္ ZiTao... "
သူ႔ဖိတ္ေခၚစကားကို Taoက ေရွ႕ေနာက္ေဝ့
ၾကည့္သလိုလုပ္လိုက္ရင္း ပုခံုးကို ဟန္ပါပါတစ္ခ်က္
တြန္႔သည္။
" မင္းတို႔က ႏွစ္ကားေတာင္ေလ...
ငါက ယံုၾကည္ေပးရမယ္ေပါ့... "
" ကြၽန္ေတာ္တို႔က Black Dragonကပါ... "
Baekhyunစကားေၾကာင့္ Tao
သေဘာက်သလို ဟက္ဟက္ပက္ပက္ရယ္လာသည္။
တရုတ္လူမ်ိဳးျဖစ္သည့္တိုင္ ကိုရီးယားဘာသာစကားကို
ကြ်မ္းဝင္ေအာင္ေျပာေနႏိုင္ေသာ Taoသည္
ကိုရီးယားႏိုင္ငံသို႔အထိပါ လာေရာက္စီးပြားခ်ဲ႕ထြင္ႏိုင္
ေနသည္မွာ မထူးဆန္းေတာ့… … …။
" ေကာင္းပါၿပီတဲ့...
အိုေကအိုေက... "
ကားတံခါးကိုဖြင့္ကာ အျပင္ထြက္မည္ျပင္လာေသာ
Taoကို Baekhyun ေနာက္ ေျခေလးလွမ္းေလာက္ဆုတ္ေပးျခင္းျဖင့္ ေနရာေပးလိုက္သည္။
ကားတံခါးပြင့္သြားသည့္အခိုက္...ဘာရယ္မဟုတ္...
ကားထဲကို လွမ္းၾကည့္လိုက္စဥ္မွာပင္
တစ္ဖက္ျခမ္းတြင္ထိုင္ေနေသာတစ္ေယာက္ကို အခန္႔သင့္ပင္ ျမင္လိုက္ရေလ၏…။
ထိုသူကလည္း Baekhyunကို
လွမ္းၾကည့္လာသည့္အခိုက္... … …
" Yeol...Yeollie... "
တမက္တေမာေခၚလိုက္ေသာ ေခၚသံေလးအဆံုးတြင္
နားရြက္ကားကား မ်က္လံုးဝိုင္းဝိုင္းႏွင့္ေကာင္ေလးက အံ့အားသင့္သလိုေလး ျပန္ေငးၾကည့္လာခဲ့ပါသည္...။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
မ်က္လံုးကိုမွိတ္ထားတဲ့အခိုက္မွာ
ငါ မင္းကိုျမင္တယ္...
မ်က္လံုးဖြင့္ၾကည့္ခိုက္မွာ
မင္းက ငါ့ေရွ႕ေရာက္ေနတယ္...
မင္းအျပံဳးေလးတစ္ပြင့္ေၾကာင့္...
ငါဟာ ၾကယ္ေတြကို တစ္လံုးခ်င္းစီ လိုက္ရွာရင္း...
ဟိုးနဂါးေငြ႕တန္းအဆံုးထိ… … …။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
#TBC
အိုေက...
Modi Babyေလး Part_I စလိုက္ပီဗ်ာ...။
ခါးတာမုန္းရင္ PK စားေလေနာ္...
အဆိပ္ေရာ ေျဖေဆးေရာ ေပးထားတာ
ဒီ 22 သေဘာေကာင္းပါတယ္... :P
အားလံုးကို ခ်စ္ခင္ျခင္းမ်ားစြာျဖင့္...
ခင္မင္ျခင္းမ်ားစြာျဖင့္...
ေလးစားျခင္းမ်ားစြာျဖင့္...
------------------------------------------------------
[Uni]
မိုးစက်လေးတွေ ကြွေကာကျတော့...
ကမ္ဘာမြေပြင် တိုးတိုးမေးတယ်...
"အသင် ကျတာ ပျော်ရဲ့လား~~~"...
သက်တံ့ရောင်စဉ် သွယ်ကာပြတော့...
တစ်ဖက်တောင်တန်း တိုးတိုးမေးတယ်...
"အသင် လှတာ ပျော်ရဲ့လား~~~"...
သတိတရ မျက်ရည်ခတော့...
နှလုံးသားက တိုးတိုးမေးတယ်...
"အသင် ငိုတာ ပျော်ရဲ့လား~~~"...
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
ခွဲစိတ်ခန်းထဲ၌ ဆရာဝန်တွေ အသက်လုချိန်
8နာရီကျော်ကျော်...
ဆေးရုံကုတင်ပေါ်မှာ သတိမေ့နေချိန်2ရက်
ကျော်ကျော် ကြာပြီး...
နောက်တစ်နေ့ညနေစောင်းလောက်တွင်
Baekhyun သတိပြန်ရလာခဲ့သည်။
Tock.Tock.Tock
အချက်ပေးသလို တံခါးကို သုံးကြိမ်မြောက်ခေါက်
ပြီးချိန်မှာတော့...Kris အခန်းတံခါးကို တွန်းဖွင့်
ဝင်လာခဲ့လိုက်၏။
အထဲရောက်သွားတော့ ကုတင်ပေါ်တွင်
ဖျော့တော့စွာလှဲနေသော ကောင်လေးက
ဆေးရုံပြတင်းပေါက်အပြင်ဘက်ကို သတိလက်လွတ်
ငေးနေရာမှနေ...
သူ့ကို အသည်းအသန်လှည့်ကြည့်လာသည်။
" သူ...သူရော ပါမလာပြန်ဘူးလား... "
Krisနောက်ကျောဘက်ကို မျှော်လင့်တကြီး
မျှော်ကြည့်ရင်း မေးလိုက်သော
ကောင်လေး၏မေးခွန်းကို ပြန်ဖြေပေးဖို့အင်အား Krisမှာမရှိ...။
ကုတင်ဘေးက ဆိုဖာပေါ် စိတ်လက်မောစွာ
ပစ်ထိုင်လိုက်ပြီးမှ...
ဟန်ဆောင်မပျက်ပြန်ဖြေလိုက်ရသည်။
" Baekရယ်...
ကားထဲမှာကျန်ခဲ့တဲ့ Baekတောင်
တော်တော်အသက်လုလိုက်ရတာ...
လမ်းမပေါ်ပစ်ကျန်ခဲ့တဲ့ Chanyeolဆို
ဘယ်လောက်ဒဏ်ရာပေါမလဲ...
ပြန်သက်သာဖို့တော့ အချိန်ပေးရမယ်လေ... "
" အဲ့ဒါကြောင့် ကျွန်တော်သွားမယ်ပြောနေ
တယ်လေ!
သူ မလာနိုင်တောင် ကျွန်တော် သူ့ကိုသွား
တွေ့မယ်လို့ ပြောနေတာမလား! "
စိတ်တိုစွာအော်ဟစ်လိုက်သော Baekအသံက
ဆေးရုံခန်းလေးထဲ ပျံ့လွှင့်သွားသည်။
မျက်လုံးတွေနီရဲစွာစိုက်ကြည့်နေသော
ညီဖြစ်သူကို တစ်ချက်ကြည့်လိုက်ရင်း
Kris သက်ပြင်းချလိုက်မိ၏…။
Chanyeol ဒဏ်ရာရာနေသည်လို့ပဲလိမ်ညာ
ပြောထားသည်တောင် ဒီလောက်ပေါက်ကွဲနေတာ…
ပျောက်သွားတယ် ရှာမတွေ့သေးဘူးဟုသာ
ပြောကြည့်ပါလား...
အခုချက်ချင်းဆေးရုံက ထပြေးမလားမသိ...။
" Park Baekhyun...
Hyung စိတ်မတိုချင်ဘူးနော်...
မင်းမျက်လုံးထဲ သူ့ကိုပဲမြင်နေသလား...
မင်းကိုစိတ်ပူနေရတဲ့ Hyungတစ်ယောက်လုံး
ကိုတောင် မမြင်တော့ဘူးလား! "
သူနှင့်ပြိုင်တူလိုက်ပေါက်ကွဲပြလိုက်တော့မှ
Baekhyunတို့ ငြိမ်ကျသွားပြီး...
ကုတင်ခြေရင်းက သံတိုင်ကိုအကြောင်းမဲ့
စိုက်ကြည့်နေ၏…။ စက္ကန့်လက်တံကလေး နာရီတစ်ဝက်စာ လည်ပြီးချိန်တွင် သက်ပြင်းချသံတစ်ခု
နှင့်အတူ Baekhyun ဆိုလာသည်။
" ကျွန်တော်…hyungစကားနားထောင်ပါ့မယ်။
သူ့ကိုသာ သေချာစောင့်ရှောက်ပေးပါ...
တစ်ခုခုအရေးပေါ်ဖြစ်ခဲ့ရင်လည်း
ကျွန်တော့်ကို ချက်ချင်းပြောပြပေးပါ... "
ခေါင်းမငြိမ့်ခေါင်းမခါပဲ Krisပြန်ထွက်လာခဲ့
လိုက်သည်။ ယခုအချိန်တွင် Baek စိတ်ကျေနပ်စေ
ရန်အတွက် လိမ်ညာကတိပေးလိုက်ခြင်းသည်
နောင်တစ်ချိန်အတွက် ပိုနာကျင်စရာဖြစ်သွားနိုင်သည်
ကိုလည်း Kris မလိုလား။
အပြင်ရောက်မှ ဖုန်းထုတ်ကာ
တစ်စုံတစ်ယောက်ဆီကို အလျင်အမြန်ဆက်ရတော့၏...။
" အေး...ဘယ်လိုလဲ...
စုံစမ်းလို့ရလား... "
" .... "
" ဟူး...
Baek ဆေးရုံကမဆင်းခင်ရှာတွေ့မှဖြစ်မယ်။
သူသာသိသွားရင် ငါလည်းထိန်းရမှာမဟုတ်ဘူး "
" ... "
" အင်း... အဲ့ဒါဆို
မင်းတို့ကိုပဲ ယုံကြည်ထားမယ်... "
ဖုန်းကို အကျႌအိတ်ထဲထိုးထည့်ကာ
လမ်းဆက်လျှောက်သွားသော Kris...
သူ့ကိုကျောပေးထားလျက်ဖြင့် သဘောကျသလို
အပြုံးပြုံးလိုက်သော
မျက်လုံးအစွန်းထောင့်ဖျားတွေ သိသာစွာဖြစ်တည်နေ သည့် ကောင်လေးတစ်ယောက်ကိုတော့ သတိမပြုမိလိုက်ပေ...။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
ကံက Krisကိုပဲ မျက်နှာသာမပေးလေရော့
သလား...
မနက်ဖြန်ဆိုလျှင်ကို Baekhyun ဆေးရုံဆင်း
ရတော့မည့်ရက်ရောက်လာခဲ့ပြီ...။
အခုထိ Chanyeolသတင်းကို အစအနလေးပင် ရှာမတွေ့သေး...။
Baekhyunကိုယ်တိုင်လည်း သံသယဝင်နေလောက်ပြီထင်ပါသည်။
ယခုလည်း မေးခွန်းတွေကိုရှောင်ဖယ်ချင်၍ သတင်းစာကို ဟန်ပြဖတ်နေသော
သူ့ကို စေ့စေ့စပ်စပ်ကြည့်နေရင်းမှနေ…
" Hyung...ကျွန်တော် အခုလမ်းလျှောက်လို့
ရနေပြီနော်... "
" အမ်...အင်းလေ...ဘာဖြစ်တုန်းအဲ့ဒါ... "
သတင်းစာနောက်တစ်မျက်နှာကို အချိန်ကြာ
ကြာဆွဲလှန်နေလိုက်ရင်း ပြန်ဖြေလိုက်မိ၏။
" ကျွန်တော်လမ်းလျှောက်လို့ရနေတာ
Yeol အခန်းကို သွားကြည့်ချင်တယ်...။
သူ့မျက်နှာလေးတော့မြင်ခွင့်ပေးစမ်းပါhyung
ရာ... "
" Baekလေးရာ
အခုChanyeol အခန်းက တော်ရုံလူဝင်မရဘူး၊
သူ့အတွက် ဆေးငွေ့တွေက အမြဲလွှတ်ထား
ရတာ...
Baek က လမ်းလျှောက်လို့ပဲရသေးတာလေ၊
ဆေးငွေ့တွေကို ခံနိုင်လားမခံနိုင်လား
အတပ်မပြောနိုင်သေးဘူးမလား...။
ဟော…
အခုတလော ရိုးရာရှေးဟောင်းပစ္စည်းလဲလှယ်တဲ့ အဖွဲ့တွေ ခေတ်ထနေတယ်တဲ့...
တရုတ်ကအဖွဲ့က ပိုနာမည်ကြီးနေတယ်ဆိုပဲ... "
စကားလမ်းကြောင်းကို သတင်းစာထဲက
သတင်းတစ်ပုဒ်ဆီ သိသိသာသာကို ကူးပြောင်းလိုက်
သည့်တိုင်… Baekhyun သည် သူ့ဦးတည်ရာကို
သာ မမှိတ်မသုန်ဆိုပြန်သည်။
" Hyungကလည်း…အဲ့ဒါဆို ဘယ်အခန်းလဲဆိုတာပဲပြောလေ...
ကျွန်တော်သွားမကြည့်ပါဘူး...နော်...ဟင်... "
ဆေးရုံဝတ်စုံလေးနှင့် ချိနဲ့စွာတောင်းဆိုနေသော
ညီဖြစ်သူကို သူ ဘယ်လိုအင်အားနှင့်
Chanyeol သေသလားရှင်သလား
သတင်းအစအနလုံးဝကိုမရသေးပါဟု
အမှန်အတိုင်းပြောနိုင်မည်လဲ...။
ဘေးကြပ်နံကြပ်ဖြစ်စွာ Krisလှောင်အိုက်နေ
ခိုက်...တံခါးခေါက်သံပေါ်လာ၏...။ ကယ်တင်ရှင်ပေါ်လာသလိုမျိုး
သက်ပြင်းကို Baek မကြားအောင်ခိုးချလိုက်မိသည်။
" အော... "
ခွင့်ပြုသံအဆုံးတွင် ချက်ချင်းဆိုသလို အခန်းထဲကို
ဝင်လာသူက Chanyeolအကြောင်းစုံစမ်းခိုင်း
ထားသည့်တစ်ယောက်...။
ထိုသူ့ကို လူတွေအကြောင်းစုံစမ်းခိုင်းသည့်နေရာတွင်ပဲ
စေခိုင်းတတ်သည်ဆိုတော့…ထိုအချက်ကိုသိနေသော
Baekhyunက မျက်မှောင်ကြုတ်ရင်းလှမ်းကြည့်
လာသည်။
" Baek...ခဏ... "
သံသယပိုမကြီးထွားလာခင်
Kris ထိုသူ့ကို အခန်းအပြင်အထိ ခေါ်လာခဲ့လိုက်၏။
အခန်းအပြင် ကော်ရစ်တာထောင့်ချိုးအထိ
ရောက်အောင်သွားလိုက်ပြီးတော့မှ သိချင်သည်ကို
အလောတကြီးမေးလိုက်မိသည်။
" အင်း...ဘယ်လိုတဲ့လဲ... "
" သတင်းကိုလုံးဝမကြားရတာ Heaven...
မတော်တဆမှုကိုတွေ့လို့ ဆေးရုံကို အကြောင်းကြားပေးတဲ့သူကိုမေးကြည့်တော့လည်း
သူတောက်လျှောက်အပေါ်ကနေ ကြည့်နေတာတဲ့...။
ဘယ်သူမှ ထသွားတာ...
ဘယ်သူကမှ လာခေါ်သွားတာမတွေ့ရဘူးတဲ့...။
အဲ့နားက ပတ်ဝန်းကျင်တစ်ဝိုက်ကိုလည်း စုံစမ်းကြည့်ပြီးပြီ…
သတင်းအစအနကို မကြားရတာ..."
" ဆေးရုံတွေကိုရော? "
" Nae...
ဆေးရုံတွေကိုရော စုံစမ်းပြီးပါပြီ...
မတော်တဆမှုနဲ့ရောက်လာတဲ့သူတွေထဲမှာ
Park Chanyeol နဲ့တူတာ
တစ်ယောက်မှမရှိပါဘူး... "
" ဘယ်လိုလုပ်ရမလဲ...
Baekhyunသာ Chanyeolပျောက်နေတဲ့
သတင်းကို သိသွားရင်... "
" Hyung ဘာပြောတယ်...
Yeol...Chanyeol…သူပျောက်နေတာလား... "
ရုတ်တရက် နောက်ကျောဘက်ဆီမှ ထွက်ပေါ်လာ သော Baekhyunအသံလေးကြောင့်
Kris အလန့်တကြား နောက်ကိုလှည့်ကြည့်လိုက်မိ၏။
သံသယစိတ်ကို အတည်ပြုလိုသော Baekhyun
သည် သူတို့နောက်မှ ချက်ချင်းလိုလိုလိုက်လာခဲ့ဟန်တူ
ပါသည်…။Drip Standကို ကိုင်ကာရပ်နေသော
Baekhyun၏ မျက်ဝန်းအစုံသည် ကြားနေရသော
စကားတို့အပေါ် လက်မခံလိုစွာ ခါးခါးသီးသီးငြင်းဆန်
နေသည့်အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေ၏…။
" Baek...Baek... အဲ့ဒါက "
" ပြောလေ...
Yeolပျောက်နေတာလားလို့! "
" Baekလေးရ စိတ်လျှော့လေကွာ...
Hyungလည်း ရှာနေတာမို့ မကြာခင်ပြန်တွေ့မှာပါ... "
Kris စကားအဆုံးတွင် Baekကိုယ်လေး
နံရံဘက်ကို ဖျော့တော့စွာ လဲပြိုသွားသည်။
ဆေးရုံနံရံကို အားပြုရပ်နေသော ညီဖြစ်သူဆီ
စိုးရိမ်တကြီးပြေးသွားကာ ဆွဲဖက်လိုက်ပေမယ့်
Baekhyunက...
Krisလက်တွေကို ရုတ်ခြည်းဆိုသလို တွန်းဖယ်ပစ်
လာ၏…။
" Hyungညာတယ်...
ဘာလို့အမှန်အတိုင်းမပြောတာလဲ "
" စိုးရိမ်လို့ပေါ့...။
သက်သာလာတာတောင် အခုလိုဖြစ်ပျက်သွားတာ
မသက်သာခင် သတင်းအမှန်သာသိကြည့်ပါ
လား...Baekအရင် တစ်ခုခုဖြစ်မှာလေ... "
" အခုရော!
အခုရော ကျွန်တော်ဘာမှမဖြစ်ပဲနေလို့လား!!! "
မာန်နှင့် ဟစ်အော်လိုက်သော Baekhyunအသံလေးတွင် နာကျင်ခြင်းတွေ
ရောစွက်လို့...။
ပြောရမည့်စကားလုံးတွေရှားပါးစွာ ငိုင်နေမိသော
Krisရင်ဘတ်ကို Baekhyunတစ်ချက်တွန်း
လိုက်ရင်း ဝမ်းနည်းလှိုက်တုန်စွာဆို၏…။
" ပြောလေ hyung...
အခု ကျွန်တော့်ပုံစံကရော hyungမျက်လုံးထဲ
ဘာမှမဖြစ်တဲ့ပုံပေါ်နေလား...။
သူနဲ့ပတ်သက်ရင် ကျွန်တော်က အမြဲတမ်းတစ်မျိုး
တည်းပဲ ခံစားနေကြ...
ကျွန်တော်သက်သာသာ မသက်သာသာ...
သူနဲ့ပတ်သက်ရင် ခံစားချက်ကတစ်မျိုးတည်းပဲလို့…
သိရဲ့လား!!! အဲ့ဒါ Hyungသိရဲ့လား!!! "
သည်းသည်းလှိုက်လှိုက်လေးအော်ဟစ်ငိုနေသော
Baekhyunပုံစံလေးက...
Krisကို ထပ်တူနာကျင်နေစေရသည်…။
ဒီကလေးဒီလိုဖြစ်မှာသိလို့ ဖုံးကွယ်ခဲ့ပေမယ့်
ယခုတော့ Krisစိုးရိမ်သလို ဖြစ်လာခဲ့ရပြီ...။
" Baek.. Hyungပြော... "
" အဲ့ဆို ဆိုလိုတာက...
Yeolကို အခုထိရှာမတွေ့သေးဘူးပေါ့... "
မျက်ရည်ကျနေတာ ခဏရပ်သွားပြီး သိချင်သည်ကို
မေးလာသည့် Baekhyunသည် ယခုလက်ရှိဖြစ်
နေသော အဖြစ်အပျက်များကို အိပ်မက်ဆိုးတစ်ခု
သဖွယ် သတ်မှတ်လိုက်ချင်ဟန်တူသည်။
" Baek... "
" ဟုတ်လားလို့!!! "
" Hyung စုံစမ်းနေတယ်... "
" Arrrr!!!!! "
စိတ်ထွက်ပေါက်တစ်ခုကို အသည်းအသန်ရှာနေသော Baekhyunက စိတ်မထိန်းနိုင်သူတစ်ယောက်လို
အော်လာပြီး Drip Stand ကို လွှင့်ပေါက်ပစ်လိုက်
သည်။
လက်ဖျံမှာ ထိုးသွင်းထားသောဆေးထိုးအပ်က
အသားကို ဆွဲဖြဲလိုက်သလိုဖြစ်သွား၍
သွေးစတစ်ချို့ထွက်ကျလာသည်ကိုတွေ့လိုက်ရ၏…။
ဆေးရုံ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ရင်း...
သူ့ဆံပင်သူဆွဲဆောင့်ငိုနေသော
Baekhyunပုံစံက မသိလျှင် တကယ့်စိတ်လွတ်
နေသူ တစ်ယောက်လို...။
မဟုတ်ဘူး...အခုအချိန် Baekhyun တကယ်
စိတ်လွတ်နေမှာပါ...။
ဗလုံးဗထွေးရေရွတ်လာသော သူ့စကားများသည်
အနိမ့်အမြင့်မရှိ ထိန်းချုပ်ရခက်ခဲနေလေသည်။
" သူပျောက်နေတာကို ကျွန်တော်မသိဘူး....
ကျွန်တော်မသိပဲနဲ့ ကျွန်တော်ကတော့
ဆေးရုံကုတင်ပေါ်မှာ ကျကျနန ဆေးကုခံလို့...
သူက...သူကတော့ ဘယ်နေရာမှာ... "
" Baekhyun ...Baekလေး သတိထားလေ... "
စိုးရိမ်ကြီးစွာ Kris ဆွဲဖက်လိုက်ပေမယ့် အားနှင့်ရုန်း
နေသော Hellသည် ရင်ခွင်ထဲသို့ အလွယ်တကူလိုက်
ပါမလာ…။
ထို့နောက်… စက္ကန့်ပိုင်းအတွင်း ငြိမ်ကျသွားသည့်
အတွက် ငုံ့ကြည့်လိုက်ချိန်တွင် စိတ်ပင်ပန်းမှုဒဏ်ကို
မခံစားနိုင်စွာ မေ့မြောနေခဲ့ပြီဖြစ်သည်။
" ဟေးးး
ဆရာဝန်တွေခေါ်ချေ...မြန်မြန်!!!! "
ရင်ခွင်ထဲတွင် သတိမေ့နေသော Baekhyunကို
ငုံ့ကြည့်ရင်း...
Kris နာကျင်စွာ သက်ပြင်းချလိုက်မိတော့၏။
ချစ်ခြင်းမှာပျော်ဝင်လိုက်တဲ့အခါ...
လူသားတွေဖြစ်တဲ့ ငါတို့ဆိုတာက...
ချစ်ခြင်းအလိုကျ ကပြရတယ့် ဇာတ်ရုပ်တွေ...။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
POV of Baekhyun
»»»»»»»»»»»»»»»»
ကောင်လေး မင်းဘယ်ရောက်နေသလဲ?
တောက်လျှောက်စုံစမ်းခဲ့သမျှသတင်းတွေထဲမှာ မင်းအကြောင်းမပါတဲ့အခါ...
ငါ့ရင်ကိုဆုတ်ဖြဲခံလိုက်ရသလိုနာတယ်...။
မင်းဘာဖြစ်နေသလဲမသိပဲ ငါအသက်ရှင်နေရတာကို တွေးမိလိုက်တဲ့အခါ...
အိပ်မက်ဆိုးတွေကို နိုးလျက်နဲ့ ငါ မက်တယ်...။
မင်းမရှိတဲ့ နေ့ညတွေကို တစ်ကိုယ်တည်း
ဖြတ်သန်းနေရတယ့်အခါ...
ငါ့ကမ္ဘာ လင်းလျက်နဲ့မှောင်တယ်...။
တောင်းဆိုပါတယ် ကောင်လေးရာ...
ငါ့ကိုအိပ်မက်ထဲမှာဖြစ်ဖြစ် လာတွေ့ပေးစမ်းပါ။
မင်း ငါ့ကိုထားခဲ့တာ ခြောက်လရှိပြီနော်...။
.....................
ငါ မင်းအကြောင်းတွေးမိတိုင်း ငိုမိတယ့်အခါ
မင်းနဲ့ငါ အတူသွားဖူးတဲ့ ရွာက အဘိုးကြီးကမေးတယ်...။
ငိုရတာပျော်လို့လားတဲ့...။
Hk...
လောကကြီးမှာ အကြောင်းမဲ့ဖြစ်ပေါ်နေတယ့်
အရာတွေ တစ်ခုမှမှမရှိတာ...။
ပျော်လို့ငိုငို...
ဝမ်းနည်းလို့ ငိုငို...
မင်းအကြောင်းစဉ်းစားမိတာနဲ့ ငါငိုတယ်...။
မျက်စိတွေကန်းသွားပါစေ...
ဒီတစ်ခုလေးတော့ ခွင့်ပြုပေးပါ...။
တစ်နှစ်တိတိ ငါဆက်တိုက်ငိုနေခဲ့ပြီးပြီပဲ...။
.....................
စက်ဘီးလက်ကိုင်လေးကို ကိုင်ရင်း
စက်ဘီးပိုင်ရှင်လေးကို ငါတမ်းတနေတယ်။
အရင်လို စက်ဘီးလေးနင်းပြီး
ဆံပင်တွေ လေထဲဝဲသွားတဲ့အထိ
ငါ့ရှေ့မှာ စီးပြစမ်းပါ...။
အရင်လို မင်းပြုံးပြလိုက်တယ့်တခြားသူတွေကို
ငါ သတ်ချင်စိတ်ပေါ်လာလောက်အောင်အထိ
ဖြူဖြူစင်စင်လေး ပြုံးပြလိုက်စမ်းပါ...။
မင်းနားမလည်နိုင်တဲ့ အပြုအမူတွေလုပ်လိုက်တိုင်း
တအံ့တသြလေး ငါ့ကိုငေးကြည့်ပြလိုက်စမ်းပါ...။
မင်းရဲ့အဲ့လိုအပြုအမူလေးတွေ
ငါမမြင်ရတာ...
တစ်နှစ်နဲ့ ငါးလရှိခဲ့ပြီ ကောင်လေး...။
.....................
အတိတ်ကမင်းနဲ့ငါ့ရဲ့ ပျော်ရွှင်ခဲ့တဲ့ အခန်းလေးထဲကပုံရိပ်တွေက
လက်ရှိ ငါ့ပျော်ရွှင်မှုတွေကို တဖြည်းဖြည်း
ဖဲ့ခြွေနင်းချနေတယ်...။
မင်းဓာတ်ပုံတွေအပြည့်ဖြစ်နေတယ့် အခန်းလေး
ထဲ ငါဝင်လိုက်တိုင်း...
အခု ဓာတ်ပုံရိုက်ချင်တောင်မရိုက်နိုင်တော့တယ့်
အမှန်တရားတစ်ချက်ကို
ငါ အမြဲမေ့ချင်ယောင်ဆောင်ဖြစ်ခဲ့တယ်...။
မင်းကြောင့် ငါ့အပြုံးတွေ ဆိတ်သုဉ်းခဲ့တာ
တစ်နှစ် နဲ့ ဆယ်လရှိပြီ Yeollie ah...။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
" ဘာလို့ဒီလိုဆိုင်မှာသောက်တာလဲ Baek... "
မျက်နှာချင်းဆိုင်ထိုင်ခုံကနေ မေးလိုက်သော
Hyungအမေးကို သူ မကြားချင်ယောင်ပဲ
ဆောင်နေလိုက်သည်။
တစ်ခါတစ်ရံ အဖြေပြန်ပေးလိုက်မှ ပေါ့ပျက်သွားသော
အကြောင်းတရားတွေရှိ၏…။
လောင်းထည့်နေသောခွက်ထဲ ဆိုဂျူတွေအပြည့်
ဖြစ်ကာ လျှံကျနေသည့်တိုင်အောင်
သူ လောင်းထည့်နေတာမရပ်သေး...။
Kris Hyungက လက်ထဲမှ ပုလင်းကို
ဆွဲယူကာရပ်လိုက်တော့မှ...
ခွက်အဖြူလေးထဲက ဆိုဂျူတွေ ဘောင်ဘင်ခတ်ရပ်သွားတော့သည်။
" ဘာဖြစ်နေတာတုန်း Baekရာ... "
" ဒီလိုဆိုင်လေးက သောက်ရတာလွတ်လပ်
တယ်...
Hyungရဲ့ clubတွေလို အသက်ရှူကြပ်ရတာ
တွေမရှိဘူး... "
မေးလိုက်သည့်မေးခွန်းနှင့်မဆိုင်စွာ...
မထီမဲ့မြင်ပြုံးရင်းပြန်ဖြေလာသော သူ့ပုံစံကြောင့်
Kris စိတ်ရှုပ်ထွေးစွာဖြင့် ပုလင်းကို ကောက်မော့
လိုက်မိ၏။
ဒီအတောအတွင်း သူ့ကိုကြည့်ရင်း Kris Hyung၏
အမူအရာတွေက ဤသို့သာဖြစ်နေတတ်ခဲ့သည်။
စိတ်ရှုပ်ထွေးနေသည့် hyung အနေအထားကြောင့်
သူ ခြောက်ကပ်ကပ်အော်ရယ်လိုက်ရင်း
ခွက်ထဲက အရည်တွေကို တစ်ရှိန်ထိုးမော့
သောက်ပစ်လိုက်သည်။
" မင်းဘယ်အချိန်ကျမှ ဒီအချိုးတွေပြောင်းမှာ
လဲ Baek... "
နောက်ဆုံးတွင်တော့ နှစ်နှစ်နီးပါးထိန်းချုပ်ထားခဲ့သော
မေးခွန်းတစ်ခုကို hyung မေးလာခဲ့ပါသည်။
ယခုအချိန်သည် ထိုမေးခွန်းမေးရန် သင့်တော်သော
အချိန်ဖြစ်နေလောက်ပြီဟု hyung ယုံကြည်ထား
ဟန်တူသည်။
ပါးစပ်က ဆိုဂျူတွေကို လက်ခုံနှင့်
ပွတ်သုတ်ရင်း မေးလိုက်သောမေးခွန်းသည်
သူ့အကြည့်တွေကို ဆိုင်နံရံဟောင်းလေးအပေါ်က
စာတန်းလေးတွေလောက် အာရုံ မသိမ်းယူနိုင်ခဲ့။
" Hyungသိလား...
အဲ့တုန်းကလေ သူရေးတာ လက်ရေးကလှလည်း
မလှဘူး...ကျွန်တော် ရှုပ်နေတာနဲ့လေ...hkhk "
နံရံပေါ်က စာတန်းလေးကို လက်ချောင်းလေးတွေဖြင့် တယုတယပွတ်နေရင်း သူဆိုလာတော့မှ...
ဒီလိုဆိုင်လေးကို သူလာသောက်ရသည့်
အကြောင်းရင်းကို Kris သိရတော့သည်။
Hell တခုတ်တရ ထိတွေ့နေသည့်စာတန်းက
Forever love You ဆိုသော ရိုးရှင်းသော
စာတန်းလေးတစ်ခု…။
" မင်းရူးနေတာပဲ...ပျောက်ဆုံးနေတယ့်
အချစ်တစ်ခုကို တမ်းတနေတာ...
မင်းဦးနှောက်တွေ ဘယ်ရောက်ကုန်လို့လဲ! "
ထိုအခိုက် ခပ်ကျယ်ကျယ်အသံတစ်ခုက ဆိုင်လေးထဲ
ထွက်ပေါ်လာသည်။
နည်းနည်းလေးမူးလာလျှင် အသံကျယ်လာတတ်
သော ထုံးစံရှိသည့်အတိုင်း...
ဗလတောင့်တောင့် လူတစ်ယောက်နှင့်
ခပ်ကုတ်ကုတ်လူတစ်ယောက်က ဆိုင်အလယ်နေရာ
တွင် နေရာယူထားရင်း သူတို့ပြောလိုသည်များကိုသာ
အာပေါင်အာရင်းသန်သန်ပြောနေကြ၏…။
ဆိုင်ထဲမှလူများက ရန်များမှာကြောက်၍ အကြည့်များ
ဖြင့်သာ မနှစ်မြို့ကြောင်းပြနေကြပေမယ့်…
Baekhyun၏ ရန်လိုအကြည့်က
ချက်ချင်းဆိုသလို ဝေ့ခနဲရောက်သွားသည်။
နားညည်းတာကို သူ မကြိုက်တာမဟုတ်...
ထိုသူပြောလိုက်သောစကားကို သူ မကြိုက်တာ...။
ထိုသူကတော့ သူ့ကိုကြည့်နေမှန်းမသိ...
လက်နှစ်ဖက်ကို ပေါင်နှစ်ဖက်ပေါ် ဟန်ပါပါတင်ထား ရင်း... အရာရာသိနေသောဆရာကြီးတစ်ယောက်လို
အမူအရာဖမ်းနေသည်။
" မှတ်ထားဟေ့ကောင်...
ကိုယ့်မျက်စိရှေ့ကနေ ပျောက်သွားတာနဲ့
သေပြီသာမှတ်လိုက်တော့...
ဘာကိုငြိတွယ်နေမှာလဲ...
သူလဲ မင်းကိုပစ်ပြီး တခြားမှာပျော်ချင်ပျော်နေမှာပေါ့..."
စားပွဲပေါ်တင်ထားသည့် Baekhyun လက်တစ်
ဖက် အလိုလိုကျစ်ဆုပ်သွားသည်။ ဘေးတစ်စောင်းမြင်
နေရသော နားထင်တစ်ဖက်တွင် သွေးကြောတစ်ခု
သိသိသာသာထောင်တက်နေသည်ကို Kris မြင်နေ
ရ၏…။
" Baek...
Baekကိုပြောတာမဟုတ်ဘူးလေ...။
စိတ်လျှော့စမ်းပါ...
Hyungစကားနားထောင်စမ်း... "
ထိုအခိုက်...
တားဆီးနေသည့် Krisအသံကို လွှမ်းကာ
ထွက်ပေါ်လာသည်က...
" မင်းကို မေ့ချင်တောင်မေ့နေမှာကွ... "
" Yah!!!
မင်းက ဘယ်လောက်သိလို့ အဲ့လိုပြောနေရတာလဲ...
လူကြည့်တော့ဖြင့် အဖြစ်ရှိမယ့်ပုံလဲမဟုတ်...
ချစ်ခြင်းတောင်ခံစားဖူးလို့လား...ဟမ်!!! "
အလကားနေ ရန်စကားဆိုလိုက်သော
Baekhyunကို တစ်ဖက်ကလည်း
အံ့အားတသင့် လှမ်းကြည့်လာပါသည်။
စွာကျယ်ကျယ်အသံတစ်ခု၏ပိုင်ရှင်သည်
ဖြူဖြူသေးသေးလေးနှင့်ဖြစ်နေသည်ကိုမြင်လိုက်ရခိုက်
အံ့အားတသင့်ဖြစ်နေသာ ဗလကြီး၏မျက်ဝန်းတစ်စုံ
သည် ရယ်ချင်စိတ်များချက်ချင်း ဖုံးလွှမ်းသွားကာ
မုန်းစရာကောင်းအောင် တဟက်ဟက်ရယ်လာလေ
သည်။
" Omo...Babyလေး
အိပ်ချင်မူးတူးဖြစ်နေတာလား...
လာလာ...ဒီကိုလာ...
တစ်ညလောက်အတူတူပျော်ရအောင်...
အချစ်က ဘယ်လိုဆိုတာသေချာပြပေးမယ်... "
Kris မျက်ခုံးနှစ်ဖက် တင်းခနဲတွန့်ကုတ်သွားသည်။
အစ်ကိုတစ်ယောက်လုံး၏ရှေ့တွင် ညီဖြစ်သူကို
စော်ကားလိုက်သည်ကြောင့် Kris ရင်ထဲမှ ဒေါသစိတ်က လှိုက်ခနဲ ထလာ၏…။
သို့သော်… သူ နောက်ကျခဲ့ပြီ…။
ဟိုအသေးလေးက ထိုင်ခုံကိုဆွဲယူကာ ဟိုဘက်ဝိုင်းမှ
လူကို ခုံဖြင့်ရိုက်ပြီးနေခဲ့ပြီးဖြစ်သည်။
အချိန်တစ်ခုအတွင်းတွင် ဆိုင်လေးထဲ၌
အုတ်အော်သောင်းနင်းဆန်သော
ရန်ပွဲတစ်ခုဖြစ်တည်သွားလေတော့သည်…။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
ဆိုင်ထဲက ရန်ပွဲလေးကို ကားအထဲမှနေ
ငေးကြည့်နေရင်း…ခေါင်းခါယမ်းလိုက်မိသည်။
" သေးသေးလေးဖြစ်ပြီး လက်ရဲဇတ်ရဲရှိလိုက်တာ "
ညည်းညည်းညူညူပြောလိုက်သော
တစ်စုံတစ်ယောက်၏စကားကြောင့်...
ဘေးတစ်ဖက်ခုံတွင် ဆေးလိပ်ကို
ရှူရှိုက်သွင်းနေသော ကောင်လေးက...ထိုသူကြည့်နေ
သော ဆိုင်လေးထဲသို့ လှမ်းကြည့်လာ၏…။
" အာ...
Black Dragonက ခေါင်းဆောင်နှစ်ယောက်ပဲ "
" Black Dragon? "
" Immm... နာမည်ကြီး
Gangster အဖွဲ့တစ်ဖွဲ့ပေါ့… "
" ကျွန်တော်တို့လိုပဲပေါ့... "
တစ်ဖက်အမေးကို ဆေးလိပ်သောက်နေသော
ကောင်လေးက ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာရင်း
ထပ်ပြည့်စုံစေသည်။
" Koreaမှာ နံပတ်2လေ... "
" ဒါပေမယ့်…သူတို့ဘာလို့နောက်လိုက်တွေခေါ်မလာ
တာလဲ...။
ဟိုဆံပင်ဖြူလေးသေတော့မှာပဲ... "
ရယ်စရာဟာသတစ်ခုကိုကြားလိုက်ရသကဲ့သို့
ဆေးလိပ်သောက်နေသော ကောင်လေး ပုခုံးလှုပ်သည်
အထိ ရယ်လာသည်။
" Hkhk...baby ah...
အဲ့ဆံပင်ဖြူလေးက ဟိုအရပ်ရှည်နဲ့လူထက်တောင် တိုက်ခိုက်တာတော်သေးတယ်...
ရက်စက်တယ်ဆိုပြီး နာမည်တစ်လုံးနဲ့
နေနေတယ့်သူ...။
ဆံပင်ဖြူလေးနာမည်က Park Baekhyun...
ဒုခေါင်းဆောင်...။
အရပ်ရှည်နဲ့က Wu Kris တဲ့...
သူက ခေါင်းဆောင်...
နှစ်ယောက်သားက ညီအစ်ကိုအရင်းတွေ... "
" ညီအစ်ကိုအရင်းတွေလဲပြောသေး...
မျိုးရိုးက... "
ကားမှန်တစ်ဖက်လျှောချလာကာ ထွက်လာသော
လက်တစ်ဖက်သည် လက်ကြားထဲက ဆေးလိပ်ကို
လက်ညှိုုးဖြင့် အနည်းငယ်လှုပ်ခါလာသည်။
တစ်မှုန်နှစ်မှုန်စသာရှိသော ဆေးလိပ်ပြာတစ်ချို့
ကျောက်လမ်းမပေါ် ပဲ့ကြွေကျကုန်၏…။
" ဒုခေါင်းဆောင်က ယောကျ်ားယူထားတယ်လေ... သူ့ယောကျ်ားမျိုးရိုးက Park... "
" Aww... "
ယခုမှ သဘောပေါက်သလိုဖြစ်သွားသော ကောင်လေးကို ဆံပင်ဆွဲဖွလာသည့် လက်တစ်ဖက်
သည် ဆေးလိပ်ကိုင်ထားသော လက်တစ်ဖက်နှင့်
လားလားမျှမဆိုင်စွာ…။
" ငါတို့ Euလေးက အရမ်းသိချင်စိတ်များတာပဲ။
ကဲ...သွားစရာရှိတာဆက်သွားရအောင်... "
တဖြည်းဖြည်းလှိမ့်ထွက်သွားသော
ကားထဲမှနေ...
နောက်တစ်ခေါက်ဆိုင်ထဲကို
ထပ်ငေးကြည့်လိုက်မိပြန်သည်။
ဆိုင်ထဲတွင်တော့ ဆံပင်အဖြူလေးနှင့်ကောင်လေးက ရန်ဖြစ်လို့ကောင်းနေဆဲ...။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
" သူတို့အဖွဲ့နယ်ချဲ့နေတာကြာပြီ Heaven "
လက်ထဲကိုရောက်လာသော ဓာတ်ပုံတွေကို
သေချာကြည့်လိုက်တော့...
ကြည့်လိုက်တာနှင့် အန္တရာယ်လေးမှန်းသိသာနေသည့် ထူးခြားသော မျက်လုံးတည်ဆောက်ပုံနှင့်ကောင်လေး
က...နောက်လိုက်နှစ်ယောက်ကိုဦးဆောင်လို့ ခပ်ချီချီ
လမ်းလျှောက်လာနေသည့်ပုံတွေ…။
" သူတို့အဖွဲ့က ဘာလုပ်တာ? "
" ရှေးဟောင်းပစ္စည်းလဲလှယ်ရေးကပါ...
အဖွဲ့နာမည်က Rêve တဲ့... "
" အဓိပ္ပါယ်က အိပ်မက်ပေါ့...။
ဒါနဲ့…ရှေးဟောင်းပစ္စည်းနဲ့ ငါတို့အဖွဲနဲ့ ဘာဆိုင်လို့လဲ "
" တချို့ clubတွေ…ကာစီနိုတွေက
သူတို့အဖွဲ့က ပစ္စည်းတွေဝယ်ပြီး အလှဆင်ကြတာ...
စိတ်ဝင်စားစရာပိုကောင်းပြီး...
လူအလာလည်းများလာကြတယ်တဲ့... "
" အဲ့ဒါဆို ငါတို့လည်း ဝယ်ကြတာပေါ့
ဆက်သွယ်လိုက်လေ... "
" အဲ့...အဲ့လို... "
ဆက်ပြောရခက်စွာ တုန့်ဆိုင်းနေသော နောက်လိုက်၏
သွင်ပြင်ကို ခန့်မှန်းရင်း Kris အခြေအနေတစ်ခုကို ရိပ်မိလိုက်သည်။
" ဘာလဲ…ငါတို့အဖွဲ့ကို တမင်ညစ်ပတ်တာလား... "
" Nae...
Black Dragonကလွဲရင် ကျန်တဲ့အဖွဲ့တွေနဲ့ပဲ
အရောင်းအဝယ်လုပ်မယ်လို့ ကြေညာထားတယ်တဲ့... "
" ဘာ!
တရုတ်ကနေ ကိုရီးယားအထိလာပြီး
စော်ကားတယ်ပေါ့... "
" ကျွန်တော် အဲ့ကိစ္စကိုစီစဉ်ချင်တယ် Hyung... "
တစ်ချိန်လုံး ငြိမ်သက်စွာနားထောင်နေသော Baekhyunသည် hyungဖြစ်သူထံမှ
ထိုကိစ္စကို လွှဲပြောင်းယူလိုသည်။
စားပွဲခုံပေါ်ရှိ ဓာတ်ပုံများထဲမှကောင်လေးထံ
အကြည့်တစ်ချက်ပို့လိုက်ရင်း...
" ငါ့ကို အဲ့အဖွဲ့အချိန်ဇယားစုံစမ်းပေးထားပါ။
သူတို့က အတွေ့မခံမှတော့
ငါတို့က သွားတွေ့ရတာပေါ့ Hk... "
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
" ရှေ့ကကားပါ Hell...
ဒီနေ့ သူတို့တစ်စီးတည်းပဲ ထွက်မယ်လို့
သတင်းရထားတာ... "
ရှေ့ခန်းကနေပြောလာသော Bizကို
ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ရင်း… ရှေ့မှကားကို
တစ်ချက်လှမ်းအကဲခတ်လိုက်မိသည်။
" နောက်ကကားကို အကြောင်းကြားလိုက်...
လိုက်လာတာ မသိသာစေနဲ့လို့...
အမြန်လမ်းရောက်မှ နှုတ်ဆက်ကြတာပေါ့... "
Rêve အမည်ရှိ တရုတ်ရှေးဟောင်းပစ္စည်း
လဲလှယ်ရေးအဖွဲ့ကားနောက်မှနေ
ခပ်မှေးမှေးလိုက်ခဲ့ရာ...လူရှင်းသည့်
အမြန်လမ်းမပေါ်ရောက်သည့်အခိုက်...
" ရပြီ... "
Baekhyun အမိန့်ကြောင့်...
Black Dragonကားလေးက
ရှေ့မှ ကားကို အမြန်ကျော်တက်သွားကာ
Rêveကားရှေ့ကနေ ပိတ်ရပ်လိုက်လေသည်။
ကားဘရိတ်အုပ်သံတွေ ဆူညံစွာ
ထွက်ပေါ်လာပြီးသည့်နောက်
Rêve ကားလေးက Black Dragonကား
နှစ်စီးကြားထဲ ညှပ်သွားတော့၏...။
ကားပေါ်ကနေ ခပ်မှန်မှန်ဆင်းလာရင်း...
Baekhyun တစ်ဖက်ကားမှန်တံခါးကို လက်ဆစ်
တို့ဖြင့် ခေါက်လိုက်သည်။
လျှောကျလာသော ကားမှန်အမည်းနောက်တွင်
ပေါ်လာသည်က...
ဓာတ်ပုံထဲမှ ကောင်လေး... ZiTao...။
Baekhyunကိုမြင်တော့...ZiTaoက ခပ်မဲ့မဲ့ပြုံးလိုက်ရင်း...
" Ni hao...Baekhyun... "
စစခြင်းကို ကစားပွဲက ရန်အငွေ့အသက်တွေ
လွှမ်းခြုံလို့...။
" စကားပြောရအောင် ZiTao... "
သူ့ဖိတ်ခေါ်စကားကို Taoက ရှေ့နောက်ဝေ့
ကြည့်သလိုလုပ်လိုက်ရင်း ပုခုံးကို ဟန်ပါပါတစ်ချက်
တွန့်သည်။
" မင်းတို့က နှစ်ကားတောင်လေ...
ငါက ယုံကြည်ပေးရမယ်ပေါ့... "
" ကျွန်တော်တို့က Black Dragonကပါ... "
Baekhyunစကားကြောင့် Tao
သဘောကျသလို ဟက်ဟက်ပက်ပက်ရယ်လာသည်။
တရုတ်လူမျိုးဖြစ်သည့်တိုင် ကိုရီးယားဘာသာစကားကို
ကျွမ်းဝင်အောင်ပြောနေနိုင်သော Taoသည်
ကိုရီးယားနိုင်ငံသို့အထိပါ လာရောက်စီးပွားချဲ့ထွင်နိုင်
နေသည်မှာ မထူးဆန်းတော့… … …။
" ကောင်းပါပြီတဲ့...
အိုကေအိုကေ... "
ကားတံခါးကိုဖွင့်ကာ အပြင်ထွက်မည်ပြင်လာသော
Taoကို Baekhyun နောက် ခြေလေးလှမ်းလောက်ဆုတ်ပေးခြင်းဖြင့် နေရာပေးလိုက်သည်။
ကားတံခါးပွင့်သွားသည့်အခိုက်...ဘာရယ်မဟုတ်...
ကားထဲကို လှမ်းကြည့်လိုက်စဉ်မှာပင်
တစ်ဖက်ခြမ်းတွင်ထိုင်နေသောတစ်ယောက်ကို အခန့်သင့်ပင် မြင်လိုက်ရလေ၏…။
ထိုသူကလည်း Baekhyunကို
လှမ်းကြည့်လာသည့်အခိုက်... … …
" Yeol...Yeollie... "
တမက်တမောခေါ်လိုက်သော ခေါ်သံလေးအဆုံးတွင်
နားရွက်ကားကား မျက်လုံးဝိုင်းဝိုင်းနှင့်ကောင်လေးက အံ့အားသင့်သလိုလေး ပြန်ငေးကြည့်လာခဲ့ပါသည်...။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
မျက်လုံးကိုမှိတ်ထားတဲ့အခိုက်မှာ
ငါ မင်းကိုမြင်တယ်...
မျက်လုံးဖွင့်ကြည့်ခိုက်မှာ
မင်းက ငါ့ရှေ့ရောက်နေတယ်...
မင်းအပြုံးလေးတစ်ပွင့်ကြောင့်...
ငါဟာ ကြယ်တွေကို တစ်လုံးချင်းစီ လိုက်ရှာရင်း...
ဟိုးနဂါးငွေ့တန်းအဆုံးထိ… … …။
-*-*-*-*-*-*-*-* Unseen -*-*-*-*-*-*-*-
#TBC
အိုကေ...
Modi Babyလေး Part_I စလိုက်ပီဗျာ...။
ခါးတာမုန်းရင် PK စားလေနော်...
အဆိပ်ရော ဖြေဆေးရော ပေးထားတာ
ဒီ 22 သဘောကောင်းပါတယ်... :P
အားလုံးကို ချစ်ခင်ခြင်းများစွာဖြင့်...
ခင်မင်ခြင်းများစွာဖြင့်...
လေးစားခြင်းများစွာဖြင့်...
------------------------------------------------------