နွယ်​..sulay Fic

By ayemyathu291187

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... More

နွယ်​(ပထမပိုင်း)
နွယ်​(ဒုတိယပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၆)
နွယ်​ (တတိယပိုင်း)(၇)
နွယ်​ (တတိယပိုင်း)(၈)
နွယ်​(တတိယပိုင်း)(၉)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၇)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၃)
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၇)
နွယ်(တတိယပိုင်း)(၂၈)
My reader
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်(တတိယပိုင်း)(၂၉)

520 35 18
By ayemyathu291187

တစ်ပတ်ဆိုတဲ့အချိန်ဇယားတစ်ခုကဒီလောက်ထိ
ကိုမြန်ဆန်ခဲ့တာလား။နှစ်ပေါင်းများစွာအလုပ်နဲ့
စာနဲ့ကြားထဲမှာကိုယ့်အနားယူချိန်ကိုနည်းနည်း
လေးတောင်ဖဲ့ပေးလို့မရခဲ့တဲ့ကျွန်တော်က အခု
တစ်ပတ်ဆိုတဲ့အချိန်ဇယားအောက်မှာဘဝက
တော်တော်ကြီးကိုလွတ်လပ်မှုဆန်ခဲ့တယ်။

အလုပ်ကိစ္စတွေကြောင့်အချိန်ပေးပြီးမဖတ်နိုင်ခဲ့
သောဘာသာပြန်စာအုပ်တွေ၊ဂန္တဝင် ဝတ္တုရှည်
စာအုပ်တွေကို တစ်ပတ်ဆိုတဲ့ကန့်သန့်ချက်အ
ချိန်တစ်ခုအောက်မှာxingရဲ့စီစဉ်ပေးမှုကြောင့်
အတိုးချပြီးဖတ်ဖြစ်ခဲ့တယ်။

ညနေဘက်ဆိုရင်..နှင်းဆီတွေလှိုင်လှိုင်ပွင့်နေတဲ့
ခြံလေးထဲမှာxingနဲ့အတူတူထိုင်ခုန်လေးချရင်း
နှစ်ယောက်သားစကားတွေပြောဖြစ်ကြတယ်။
တစ်ချို့သောရက်တွေမှာကြတော့နှစ်ယောက်
သားပြောဖြစ်ကြတဲ့စကားတွေကမျက်ရည်တွေ
သောင်ထွန်းနေတဲ့စကားတွေဖြစ်ခဲ့သလို၊တစ်ချို့
ရက်တွေကြပြန်တော့ပျော်ရွင်ဖွယ်စကားတွေနဲ့
အတူအနာဂတ်ကိုမျှော်ရင်းတွေးပျော်ခဲ့ကြတယ်။
အဲဒီနည်းနဲ့ပဲကျွန်တော်တို့နှစ်ယောက်ဟာ
ပျော်ရွှင်ဖွယ်၊ဝမ်းနည်းဖွယ်အချိန်လေးတွေကို
အတူတူမျှဝေခဲ့ကြတယ်။

ဒါပေမယ့် ကျွန်တော့်ရောဂါကတော့တစ်နေ့မှ
သက်သာလာခဲ့တဲ့ နေ့ရယ်လို့မရှိခဲ့ဘူး
ရုတ်ချည်းဆိုသလို ကြမ်းကြမ်းတမ်းတမ်းဝင်
ရောက်လာတဲ့နာကျင်မှုတွေကတစ်ချက်တစ်
ချက်မှာလူကိုလိမ့်နေအောင်ခံစားရစေတယ်။
အဲ့ဒီလိုအချိန်မျိုးဆိုရင်Xingခဗျာတော်တော်
သနားဖို့ကောင်းတယ်။ဒါ​ပေမယ့်​သူမက​တော့
တက်​နိုင်​သ​လောက်​ကျွန်​​တော့်​အ​ရှေ့မှာပြုံး
တယ်​။မျက်​ရည်​​တွေကျမလာ​အောင်​ထိန်းရှာ
တယ်​။ကျွန်​​တော့်​ကွယ်​ရာ​ရောက်​​တော့မှ
တိတ်​တဆိတ်​မျက်​ရည်​​တွေနဲ့သူမက
အ​ဖော်​ပြုရှာတယ်​​...တိတ်​တဆိတ်​မျက်​ရည်
ဆိုတာ..လူမမြင်​​အောင်​ငိုမိလို့ နာကျင်​ရမှန်းမသိ
ပေမဲ့ငို​ကြွေးရသူကာယကံရှင်​ကိုယ်​တိုင်​မှာ​တော့
နာကျင်​မှုမီး​တောက်​ထဲအကြိမ်​ကြိမ်​​လောင်
ကျွမ်းခံ​နေရတယ်ဆိုတာ..ကျွန်​​တော်​​ကောင်း
ကောင်းသိ​နေတယ်​လေ။

တစ်​ခါတစ်​ခါ..ကျွန်​​တော့်​အတွက်​နဲ့စိတ်​​ရော
ကိုယ်​​ရောပင်​ပန်း​နေတဲ့သူမကိုမြင်​ရင်​...
ကျွန်​​တော့်​မှာအားနာစွာနဲ့ပဲ..
တောင်းပန်​စကား​တွေခဏခဏ​ပြောမိတယ်။အဲ့ဒီအခါကျရင်​သူမကကျွန်​​တော့်​ကိုကြည့်​ပြီး
ဘာပြန်​​ပြောလည်းသိလား။

"သူ့အ​နေနဲ့ ဒီအိမ်​​လေးထဲမှာ ကျွန်​​တော့်​ရဲ့
ရှင်​သန်​​နေထိုင်​မှုကို..​ငေးကြည့်​​နေခွင့်​ရတာ
ကိုပဲ...ကျေးဇူးတင်​​နေမိတာပါတဲ့...
ဒါ​ကြောင့်​သူ့ကိုအားနာစရာမလိုသလို..ခဏ
ခဏ​တောင်းပန်​စကား​တွေမ​ပြောပါနဲ့"တဲ့​လေ..

သူမ ချစ်​တက်​တာဟာ...လူတစ်​​ယောက်​ရဲ့နှလုံး
သားကိုအရည်​​ပျော်​ကျ​စေ​လောက်​တယ်​..
လူတစ်​​ယောက်​အ​ပေါ်မှာထားတဲ့သူမရဲ့
ချစ်​ခြင်းဟာအန်​မတန်​မှသိမ်​​မွေ့နူးညံ့လှတယ်​။
သူမကိုယ်​တိုင်​က​တော့...
မျက်​နှာသာ​ပေးခြင်းမခံရတဲ့ ချစ်​ခြင်းရဲ့
ခါးသက်​မှု​တွေကို နှစ်​နှစ်​ကာကာ​သောက်​သုံးပြီး
ချစ်​ရတဲ့သူအတွက်​.. ချိုမြိန်​မှု​တွေကို
နာကျင်​ခြင်း​တွေကြားက​နေအစွမ်းကုန်​​ပေးစပ်
နေတယ်​။

ဒါဟာ..ကျွန်​​တော်​ချစ်​ရတဲ့​ကောင်​မ​လေးxingတဲ့

ဒီလိုမျိုးနူးညံ့တက်​တဲ့​ကောင်​မ​လေးနဲ့အတူတူ​နေ
ခွင့်​ရတဲ့တစ်​ပတ်​ဆိုတဲ့အချိန်​​အတွင်းမှာ
ကျွန်​​တော်​ဟာသူမနဲ့ပက်​သက်​ပြီးအမှတ်​ရစရာ
အဖြစ်​ပျက်​​တစ်​ချို့ကိုရရှိခဲ့တယ်​။

(အဲ့ဒီ​နေ့က​လသာတယ်​..
ကျွန်​​တော်​ရယ်​xingရယ်​"အချစ်​ရဲ့ဆည်းဆာ"​လို့ခေါ်တဲ့ပန်းခြံ​လေးထဲကို​ရောက်​ရှိ​ခဲ့တဲ့​နေ့)

............။.............။.............။

မောင်းလာတဲ့ကား​လေးကို ပန်းခြံနှင့်​မနီးမ​ဝေး​သော
နေရာ​တစ်​ခုတွင်​ရပ်​ထားခဲ့ပြီးနှင်းမှုန်​​လေး​တွေကျ
နေ​​သောညခင်းမပီတဲ့အချိန်​မှာချစ်​သူရဲ့လက်​ကိုကိုင်
ပြီးပန်းခြံထဲမှာလမ်း​လျှောက်​ရတာ ကျွန်​​တော့်
အတွက်​စိတ်​ကြည်​နူးစရာအလွန်​​ကောင်းလှတယ်​​မောလာရင်​ချစ်​ရတဲ့သူက ​ဘေးနားက​နေ
ကျွန်​​တော့်​ခါး​လေးကိုသိုင်းဖက်​ပြီးစကားသံချို​ချို
လေး​တွေနဲ့စိတ်​ပူ​ပေးတယ်​။
ပြောရရင်​..ဒီ​နေ့ညဟာ..ကျွန်​​တော့်​အတွက်
စာဖွဲ့စရာည​လေးတစ်​ည​ပေါ့...

ဒီပန်းခြံ​လေးထဲမှာ "အချစ်​ရဲ့ဆည်းဆာ"လို့​ခေါ်တဲ့ဥယျာဉ်​​လေးတစ်​ခုရှိတယ်​။ဥယျာဉ်​​လေး
ရဲ့အတွင်းထဲမှာရေကန်​အငယ်​​​စားလေး​တွေ
ပန်းဥယျာဉ်​အငယ်​​စားလေး​တွေအများအပြားရှိတာ
ကြောင့်​ထိုဥယျာဉ်​​လေးဟာလူငယ်​အတွဲများကြား
တွင်​အလွန်​မှနာမည်​ကြီးလှတယ်။

ဥယျာဉ်​ထဲမှာဖွဲ့စည်းထား​သောရေကန်​ငယ်​​လေး​တွေ
ဟာ​အများစု​တွေ့မြင်​​နေကြဖြစ်​​တဲ့အုတ်​​ရေကန်
မျိုးမဟုတ်​ပဲ​မြေကြီးကိုတူး​ဖော်​ထားပြီးလိုအပ်
သောမွမ်းမံမှု​တွေပြုလုပ်​ကာအလှဆင်​ထား​သော
သဘာဝ​ရေကန်​ငယ်​​လေးများဖြစ်​ကြသည်​။
ကန်​တစ်​ခုနှင့်​တစ်​ခုဆီကိုညီညာ​သောအကွာ
အ​ဝေးများဖြင့်​တည်​ရှိ​စေပြီးကန်​ငယ်​​လေး​တွေရဲ့
အတွင်းထဲတွင်​လှပ​သော​ရေသတ္တဝါအရုပ်
လေးများဖြင့်​အလှဆင်​ထား​တယ်​။

ကန်​​ဘေးတွင်​အတွဲများထိုင်​ရန်​ခုံတန်း​လေးများ
ချ​ပေးထားပြီး..ကန်​ပတ်​လမ်းတစ်​​လျောက်​ကို​တော့
ရောင်​စုံကျုးလစ်​ပန်းများဖြင့်​အနားကွပ်​ကာစိုက်​ပျိုးထားကြပြန်​တယ်​။

ကန်​​ဘောင်​​ဘေးကခုံတန်းများတွင်​​တော့ချစ်​သူ
စုံတွဲအသီးသီးက​နေရာယူထားပြီးနှင့်​ကြပြီ။
ဒါ​ပေမယ့်​လည်းကံ​ကောင်းချင်​​တော့လွတ်​​နေ
သောခုံတန်းတစ်​ခုရှိ၍ ကျွန်​​တော်​နှင့်​xingအတွက်
ထိုင်​စရာ​နေရာ​လေးတစ်​​နေရာ​တော့ရခဲ့သည်​။
ကံဆိုးချင်​​တော့တစ်​ဦးနဲ့တစ်​ဦးပူးကပ်​ကာအကြင်
နာ​ပေး​နေကြ​သောအတွဲခုံတန်းများကြားတွင်
ကျွန်​​တော်​တို့ထိုင်​​နေ​သောထိုင်​ခုံ​လေးသည်
ကြားညှပ်​ကာရောက်​ရှိ​နေခဲ့ခြင်းဖြစ်​သည်​။

အကြင်​နာ​ပေး​နေကြ​သောအတွဲများ​ကြောင့်​xing
ကကျွန်​​တော့်​ကိုရှိုးတိုးရှန့်​တန့်​အကြည့်​မျိုးဖြင့်
လှမ်းကြည့်​ပြီး...ကျွန်​​တော်​ပြန်​ကြည့်​လိုက်
သည့်​အခါမှာ​တော့ ချက်​ချင်းပင်​မျက်​နှာလွှဲသွားခဲ့
သည်​။သေချာတာက​တော့..သူမရှက်​​နေသည့်
ပုံပင်​။

"ကို တို့လည်းသူတို့လို အကြင်​နာ​ပေးကြမလား"

ကျွန်​​တော်​သူ့ကိုစ​နောက်​ချင်​​စိတ်​​တွေဖြစ်​​ပေါ်လာ
သော​ကြောင့်​ရယ်​သံ​လေးစွတ်​ကာအရွှန်း​ဖောက်
ပြောချလိုက်​မိတယ်​။

"အို...ဆူဟို​နော်​...ဘာဖြစ်​လို့အဲဒါ​တွေလာ​ပြော
နေတာလည်း.. လူမြင်​ကွင်းကြီးမှာရှက်​စရာကြီး"

Xingရဲ့မျက်​နှာ​လေး​ကချက်​ချင်းပင်​နီရဲတက်​လာ
ကာကျွန်​​တော့်​ကိုရှက်​ရွံ့စွာဖြင့်​ပြန်​ကြည့်​ပြီးခေါင်း
လေးငုံ့သွားသည်​။အဲ့ဒါ​လေး​တွေ​ကြောင့်​ပဲ..
ကျွန်​​တော်​သူ့ကိုချစ်​​လို့မဝတာ။သူကအဲ့လိုရှက်
လေ​လေကျွန်​​တော့်​ရင်​ထဲမှာသံစုံတီးဝိုင်း​တွေမြည်
လေ​လေပဲ​လေ။

"ဒါဆို...လူမမြင်​တဲ့​နေရာကိုသွားကြမလား"

သူမရှက်​သွားပုံ​က ကျွန်တော်အတွက်​နောက်
ထပ်​တစ်​ကြိမ်​ထပ်​စဖို့ကွက်​တိဖြစ်​သွားတာ​ကြောင့်
ကျွန်​​တော်​သူမနားကပ်​ကာ ရယ်​ကျဲကျဲဖြင့်​​မေး
လိုက်​သည်​၊

"Yah!!..ကင်​ဆူဟို...ရှင်​ဘာဖြစ်​​နေတာလည်း
နေမ​ကောင်းလို့​လေ​ကောင်း​လေသန့်​ရှူချင်​တယ်
ဆိုလို့ပန်းခြံကိုလိုက်​ပို့တာ​နော်​...​လေမရှူပဲနဲ့ကျွန်​မ
ကိုဘာ​တွေလာ​ပြော​နေတာလည်း"

"ကိုကဘာ​ပြောလို့လည်း..အကြင်​နာ​ပေးမယ်​လို့ပဲ
ပြောတာကို..."

"ထပ်​​ပြောပြန်​ပြီ...ဒီ​လောက်​ရှက်​စရာ​ကောင်း
တာကို...ဘာလို့ခဏခဏ​ပြော​နေတာလည်း"

ကြည့်​..ကြည့်​..သူမပိုပိုပြီးရှက်​​နေတာကိုက..
မျက်​ဝန်း​တွေကဂဏှာမငြိမ်​​တော့ဘူး..စကား​တွေ
ကလည်းလမ်း​ကြောင်းမတည့်​​၊အထစ်​ထစ်​အ​ငေါ့
ငေါ့နဲ့..ရှက်​ရွံ့ခြင်း​ကြောင့်​ပန်းနု​ရောင်​​ပြေး​နေတဲ့သူမရဲ့မျက်​နှာက​တော့တကယ်​ကိုညို့ချက်
ပြင်းလှတယ်​။

"စိတ်​မဆိုးပါနဲ့ကွာ..ကိုကမင်းကိုချစ်​လို့စတာပါ
ကိုယ့်​မိန်းမပဲ..အပြင်​​ရောက်​မှနမ်းလို့ရတာမဟုတ်
ဘူး..အိမ်​ထဲမှာလည်းအဝနမ်းလို့ရတယ်​..ဟုတ်
တယ်​မလား..အာာာာာ....​မေ့လို့..အပြင်​မှာလည်း
ကိုမင်းကိုနမ်းခဲ့ဘူးတာပဲ..မှတ်​မိလား...ဆေးရုံက
ချယ်​ရီလမ်းမှာ​လေ.. အဲ့တုန်းက ကိုမင်းကိုအကြာ
ကြီးနမ်းခဲ့တာ..."

"YAR.......!!!အခုထိမ​တော်​နိုင်​​သေးဘူးလား
ရှက်​ပါတယ်​ဆို​နေ..​တော်​ပြီ..အိမ်​ပြန်​​တော့မယ်
မ​ပြောပါနဲ့​တော့လို့​ပြော​နေတာကိုစကားနားမ
ထောင်​ဘူး"

ဒီတစ်​ခါသူမရဲ့​အော်​သံသည်​..အလွန်​တရာမှစူးရှ
ပြင်းထန်​လှသည်​။သူ့ရဲ့ရုတ်​တရက်​ထ​အော်​တဲ့အသံ
ကြောင့်​​ဘေးနားမှချစ်​သူစုံတွဲတစ်​ချို့သည်​ကျွန်​​တော်
နှင့်​xingကိုထူးဆန်း​သောမျက်​လုံးများဖြင့်​ဝိုင်း၍
ကြည့်​​ရှူ​နေကြ​တော့သည်​။ဟားးး..ရှက်​စရာ​ကောင်း
လိုက်​တာ.......

"အာာ.. "Ok..ok...စိတ်​မဆိုးနဲ့​တော့..ကို မစ​တော့ဘူး...မစ​တော့ဘူး..​နော်​xing"

ကျွန်​​တော့်​ကိုစိတ်​ဆိုးဟန်​​ဆောင်​ပြီး​ဘေးက​နေ
လှစ်​ခနဲထထွက်​သွားတဲ့xingကိုလှမ်းဖမ်းလိုက်
ပေမယ့်​ဘယ်​လိုမှလှမ်း၍မမှီ​တော့​။သူမထွက်
သွား​သောအရှိန်​သည်​လွန်​စွာမှမြန်​လှသည်​၊၊

ကျွန်တော်လိုက်မှန်းသိလေxing
ကလည်းခပ်​သွပ်​သွပ်​​လျောက်​​လေ၊​ပြေး​လေ
ဖြစ်​​နေသည်​။လိုက်​တဲ့သူကလိုက်​​ ပြေးတဲ့သူက
ပြေးနှင့်​..​​နောက်​ဆုံးမှာ​တော့ကျွန်​​တော့်​တို့နှစ်
ယောက်​သည်​..ပန်းခြံအတွင်းဘက်ခြမ်းရှိ
ပန်းဥယျာဉ်ထဲသို့ရောက်မှန်းမသိရောက်သွား
ခဲ့ရသည်။

တ​စ်​​နေရာအ​ရောက်​မှာ​တော့...
xingသည်အရှိန်ဖြင့်ပြေးနေရာမှမြေပြင်​​ပေါ်သို့မို့
၍​ထွက်​​နေ​သော​ကျောက်​ခဲတစ်​ခုအားခလုတ်
တိုက်​မိ​လေသည်​။အားရပါးရ​ပြေးနေ​သော
သူ့​မခြေလှမ်းများကအရှိန်​ဖြင့်​​ကျောက်​ခဲအားဝင်
တိုက်​မိ​သောအခါဟန်​ချက်​ပျက်​၍လဲကျသွား
တော့သည်​။ဒါကိုရိပ်​ခနဲလျင်​မြန်​စွာ​တွေ့လိုက်​တဲ့
ကျွန်​​တော်​ကxingကိုဆီးကြိုပြီး​ပွေ့ကာလှမ်းဖမ်း
လိုက်​ပေမယ့်Xing​ရောကျွန်​​တော်​​ရောအရှိန်​မ
ထိန်းနိုင်​ပဲနှစ်​​ယောက်​သား​မြေပြင်​​ပေါ်သို့နှစ်​ပတ်
သုံးပတ်​​လောက်​လိမ့်​၍ကျသွားခဲ့​ကြသည်​။

Xing.....!!!
ကျွန်​​တော်​xingကိုသတိထားမိချိန်​မှာ
Xingမျက်​နှာကကျွန်​​တော့်​အ​ပေါ်ကိုအုပ်​မိုးလျက်
ရှိ​နေ​လေသည်​။xingခန္ဓာကိုယ်​ဟာကျွန်​​တော့်
အ​ပေါ်တွင်​ထပ်​လျက်​ရှိပြီး၊ xingရဲ့လက်​များက
တော့စိုးရိမ်​ပူပန်​မှု​ကြီးစွာ၊ဒါ​ပေမယ့်​မြဲမြံစွာဖက်
ထား​သော​ကြောင့်​xingရဲ့လက်​တစ်​စုံသည်
ကျွန်​​တော့်​​ကျောပြင်​​အောက်​သို့​ရောက်​​ရှိနေ​ခဲ့
သည်​။

ကျွန်​​တော်​သည်​လ​ရောင်​ကိုမြင်​ရ​သောလည်း
လကိုမမြင်​ရပါ။လရောင်ကိုကွယ်ကာကျွန်တော့်
ကိုငုံ့မိုးကြည့်နေသောသူမကြောင့်ကျွန်တော့်၏
နှလုံးသွေးများသည်ကိုယ်အပူချိန်ထက်ပင်မြင့်မား
လာသည်ဟုထင်မိသည်။ကျွန်တော့်နှလုံးသား
သည်သာ ပန်းတစ်ပွင့်ဆိုလျှင်ထိုအကြည့်တစိချက်
မှာပင်xingခြေရင်းသို့ကြွေကျသွားလောက်သည်။

ညဘက်​မို့လူသူအ​ရောက်​နည်း
သောပန်းဥယျာဉ်​​လေးထဲတွင်​ကျွန်​​တော်​တို့
နှစ်​​ယောက်​သည်​ရုတ်​တရက်​တိတ်​ဆိတ်​သွား
ကြသည်​။ဒီဥယျာဉ်​ထဲမှာကျွန်​​တော်​နဲ့xing
နှစ်​​ယောက်​ပဲရှိ​နေသည်​ဆို​သောဖြစ်​တည်​မှု
သည်​​တော်​​တော့်​ကိုရင်​ခုန်​စိတ်​လှုပ်​ရှားစရာ
ကောင်း​နေသည်​။
အချိန်​ခဏ​လေးအတွင်းမှာလှုပ်​ရှားမှုတစ်​စုံ
တစ်​ရာ​တောင်​မရှိ​တော့ပဲxing​ရောကျွန်​​တော်
ရောတစ်​​ယောက်​မျက်​နှာကိုတစ်​​ယောက်​စိုက်
ကြည့်​ကာမှင်​သက်​​နေမိကြသည်​။ပတ်ဝန်းကျင်
တစ်ခုလုံးကတော့ နှင်းစက်ကျသံလေးမှအပ
မည်သည့်အသံမျှမကြားရအောင်ကိုတိတ်ဆိတ်
လွန်းခဲ့သည်။ဒီအချိန်မှာကျယ်လောင်သောအသံ
ဆိုလို့ကြားနေရတာတစ်ခုပဲရှိသည်။xingရဲ့
အသက်ရှုသံများပင်ဖြစ်သည်။

"ဒီတစ်ခါ..ဆူဟိုက..ပန်းလေးတစ်ပွင့်
Xingကပန်းလေးရဲ့လိပ်ပြာ...အခုဆိုရင်
လိပ်ပြာလေးကပန်းလေးရှိတဲ့နေရာကိုပျံသန်း
လာတော့မှာ"

နွေးထွေးမှုနဲ့အရောင်ခြယ်ထားတဲ့သူမစကား
လုံးတွေကြောင့်ရုတ်တရက်ကြီးအံသြရသလို
ကိုယ့်ကိုကိုယ်နားကြားပင်မှားသွားတာလားလို့
ထင်မိတယ်။ရှည်ပြီးသွယ်လျတဲ့သူမရဲ့လက်
ချောင်းတွေဟာကျွန်တော့်မျက်ဝန်းအစုံကိုစတင်
ပြီးအမှောင်ဖုံးလွှမ်းလိုက်ချိန်မှာ..ယစ်မူးစရာ
ကောင်းတဲ့သူမရဲ့အနမ်းတွေကိုကျွန်တော်လက်ခံ
လိုက်ရသည်။သူမရဲ့အနမ်းကိုသောက်သုံးနေချိန်
မှာကျွန်တော့်နှလုံးသားဟာဝိုင်တစ်ခွက်
ကိုသောက်သုံးနေရသလိုပဲ..ချိုမြပြီးရှိန်းတိန်းတိန်း
ဖြစ်နေတဲ့ခံစားချက်မျိုးနဲ့ရင်ခုန်နေရတာလေ။
အမှန်တိုင်းဝန်ခံရရင်သူမဆီကနေဒီ
လိုအနမ်းမျိုးကိုတစ်ခါတရံတောင့်တခဲ့ဖူးပေမယ့်
ဒီလိုမျိုးမြန်မြန်ကြီးရလိမ့်မယ်လို့ကျွန်တော်လုံးဝ
မထင်ထားခဲ့ဘူး။

Xingရဲ့နူးညံ့မှုထဲကျွန်တော့ရင်ခုန်သံနဲ့နှလုံးသား
လေးစီးမြောလို့ကောင်းနေတုန်းမှာပဲxingရဲ့
တပ်မက်စွာလှုပ်ရှားနေသောအပြုအမူများသည်
ဗြုန်းခနဲရပ်တန့်သွားသည်။ပြီးတော့ရှက်ရွံ့နေသော
အကြည့်များနှင့်သူ့နှုတ်ခမ်းအားလက်ဖြင့်ကာပြီး..

"ဆူဟို..တောင်း..တောင်းပန်ပါတယ်
Xing..xing..ခဏ..ခဏ..အသိစိတ်လွှတ်
သွားတာဖြစ်မယ်...မ..မ..မဟုတ်ဘူး..
ရူး..ရူးသွားတာနေမှာ...xingတောင်းပန်ပါတယ်"

ရှက်ရှက်နဲ့ရောက်တက်ရာရာစကားတွေပြောပြီး
ချက်ချင်းဆိုသလိုxingကကျွန်တော့်ဘေးနားက
ထွက်သွားဖို့ကိုဟန်ပြင်လေတော့သည်။

"ဘယ်သွားမလို့လည်း...အဲ့လိုသွားလို့ရကြေးလား"

"အွန့်"

ထထွက်သွားတဲ့xingရဲ့လက်ကို အိပ်နေတဲ့
ကျွန်တော့်ခန္ဓာကိုယ်ပေါ်သို့အချိန်မှီလေး
လှမ်းကာဆွဲချလိုက်တော့xingမှာကျွန်တော့်
အပ်ါသို့ထပ်မံပြုတ်ကျလာပြီး...နှစ်ယောက်
သားမျက်နှာချင်းအပ်မိကြပြန်သည်။

"မင်းက ကို့ကိုနမ်းပြီး သွားတော့မယ်ပေါ့
အဲ့လိုရလား...မင်းကနမ်းပြီးပေမယ့် ကိုက
မင်းကိုမနမ်းရသေးဘူးလေ..."

"ဟင်.."

"ဟုတ်တယ်လေ..နှစ်ယောက်လုံးညီတူမျှတူပေါ့
အခု..ကို့ အလှည့်"

Xingဟာကျွန်တော့်ရဲ့ပြုမူလှုပ်ရှားမှုအောက်မှာ
ငြင်းဆန်၊ရုန်းထွက်ခြင်းမပြုပဲ ကျွန်တော့်ရင်ခွင်
ထက်မှာငြိမ်သက်လျက်ရှိနေသည်။

ပြုတ်ကျလာတဲ့အရှိန်ကြောင့် မျက်နှာ
အရှေ့မှာဝဲကျလာတဲ့ဆံနွယ်လေးတွေကို
ညင်သာစွာပင့်တင်ပေးလိုက်တော့နှုတ်ဆိတ်
ကာနေတဲ့xingကကျွန်တော့်ကိုသေချာ
ကြည့်နေခဲ့ပြီး ချိုအေးလှတဲ့သူ့မမျက်နှာ
လေးကိုကျွန်တော့်မျက်နှာပေါ်ယိမ်းငိုက်လာ
အောင်ဆွဲယူလိုက်ချိန်မှာတော့xingက
မျက်လုံးလေးတွေမှိတ်ထားရင်းပြုံးလို့လေ..

"ဒီတစ်ခါ...ကိုက လိပ်ပြာ..မင်းကပန်း"

နောက်ဆုံး..ကျွန်တော်သည်xingရဲ့နှုတ်
ခမ်းထက်၌ပူနွေးစွတ်စိုသောအနမ်းတစ်ချို့ကို
မှတ်တမ်းတင်ခဲ့လေသည်။
ပြီးနောက်..Xing၏နဖူး၊ပါးပြင်၊လည်တိုင်..
ဘယ်အရာပြီးမှဘယ်အရာဖြစ်တာလည်းဆိုတာ
ကိုကျွန်တော်သေချာစွာမပြောနိုင်တော့။
အိုး..xingရဲ့လက်တွေကကျွန်တော့်ကိုသေချာ
စွာပြန်ဖက်ထားမိနေပါလား။

"Xing..ကိုလေ..ဒီညမှာလမင်းပြုံးတာကိုမြင်
လိုက်ရပြီ"

အပြုံးတွေတဝေဝေနှင့်ရွှင်ရွှင်ပျပျပြောချလိုက်
သည့်ကျွန်တော့်စကားကိုxingကနားထောင်ရင်း
ပါးချိုင့်လေးတွေပေါ်တဲ့အထိကျွန်တော့်ကို
နှစ်နှစ်ကာကာပြုံးပြသည်။ပြီးတော့ခေါင်းလေး
ဆတ်ကနဲညိမ့်ပြသည်။

အဲ့ဒီညမှာ...ဆွဲငင်အားကြီးလှတဲ့သူမ
ရဲ့အချစ်ကြောင့်..ကျွန်တော်ဟာလမင်းပြုံး
တာကိုမြင်ခဲ့ရတယ်။တစ်ခါတစ်ခါလမင်းရဲ့
တီးတိုးရယ်မောသံကိုတောင်ကြားခဲ့ရတယ်။

လေကလေးခပ်နွဲ့နွဲ့သာတိုက်နေတဲ့..ည..

နက်ပြာရောင်ကောင်းကင်ကနေကြယ်စုံည
ကောင်းကင်အဖြစ်သို့ ရောက်ရှိခဲ့တဲ့..ည..

အဲ့ဒီနေ့ညမှာ..ကျွန်တော်ဟာချစ်တက်တဲ့သူ
တစ်ယောက်ဖြစ်ကြောင်းလမင်းကအသိမှတ်ပြု
သွားခဲ့တယ်။

...........။............။............။

.....အဲ့နေ့ညက.. ဥယျာဉ်ထဲမှာ
.....ကိုယ့်ရဲ့..လတ်ဆတ်နေတဲ့အနမ်းပျိုတွေနဲ့
.....မင်းကိုဧည့်ဝတ်ပြုခဲ့တယ်။

.....မင်းက..ငါ့နှလုံးသားကိုနှုတ်ခမ်းနဲ့ထိပြီး
.....ကိုယ်က..မင်းမျက်နှာပေါ်က
.....ဆံနွယ်ခြုံလွှာကိုပင့်တင်ပေးခဲ့တယ်

.....တိုးတိုးလေးကြွေသွားတဲ့သက်ပြင်းကအစ
.....ငါ့နှလုံးသားကိုရိုက်ခတ်သွားတယ်
.....ရင်ခုန်သံတွေဟာတစ်ချက်ပြီးတစ်ချက်
.....အချစ်ရဲ့...
.....လေဖိအားနည်းရပ်ဝန်းထဲမျောမျောသွားတယ်

.....ပန်းတစ်ပွင့်ရဲ့ပါးပြင်ဟာ
.....လိပ်ပြာတစ်ကောင်ကြောင့်
.....အနမ်းပန်းတွေတဒိုင်းဒိုင်းပွင့်ခဲ့တယ်
.....ငွေလရဲ့အလင်းရောင်ဖြန့်ကြက်နေချိန်
.....အဲ့ဒီနေ့...ညတုန်းကပေါ့........

~~~~~~~~~~~~~~~~~
        ( လိပ်ပြာတေးချင်း )    

.
.
.
.
.
ဖတ်မကောင်းလည်းသည်းခံဖတ်ပေးကြပါ
အနော်ရေးမရတဲ့ကြားထဲကနေကြိုးစားပြီးရေး
ထားလို့ပါ။အရေးသားရောခံစားချက်တွေရော
သုံးစားမရအောင်စုတ်ပြတ်နေပါတယ်။
ဖတ်မကောင်းဖြစ်သွားခဲ့ရင်အနူးညွတ်တောင်းပန်
ပါရစေ...ကိုယ်ကိုတိုင်လည်းစိတ်ဓာတ်ကျနေလို့
ဝမ်းနည်းခံစားရမယ့်အပိုင်းတွေထည့်မရေးထား
ပါဘူး။sweetတဲ့ဟာလေးတွေပဲရေးထားပါတယ်
ဖတ်ပေးတဲ့ရီဒါလေးတွေကိုကျေးဇူးတင်ပါတယ်

.
.
.
12.9.2016
Kim Suho Love
          

Continue Reading

You'll Also Like

59.3K 2.7K 97
for everyone to know this story is just fiction and no truth
634K 103K 72
(يا إيها الناس أتقو الله بالنساء اوصيكم بالنساء خيراً) لم يستوصوا بنا خيراً يا رسول الله لقد كسرو القوارير والافئدة
265K 1K 30
Just some AO3 shots not mine credit to owner ❤️