နွယ်​(တတိယပိုင်း)(၂၁)

589 73 17
                                    

အ​မှောင်​ထဲမှာ အ​လှောင်​ခံထားရတဲ့ xing ရဲ့စိတ်​တို့က
ရုန်းကန်​ကာဖွင့်​ထွက်​ချင်​​နေပြီ။မွမ်းကျပ်​လွန်းလို့ ယူကျုံး
မရဖြစ်​လွန်းလို့။

သူနဲ့ကွာရှင်းဖို့အတွက်​ စီစဉ်​ထားတဲ့စာရွက်​စာတန်း​တွေက
လည်းXing အ​ရှေ့က စားပွဲခုံ​ပေါ်မှာဟိုတစ်​စ ဒီတစ်​စ ပြန့်​ကျဲကာရှုပ်​ပွ​နေတယ်​။
ဒီစာရွက်​ပုံကြီးကို မလှုပ်​မယှက်​နဲ့​ကျောက်​ရုပ်​ပမာငုတ်​တုတ်​ထိုင်​ကြည့်​​နေတာလည်း​တော်​​တော်​ကြာ​နေပြီ...

သူနဲ့ဒီ​လောက်​ထိ၊ ဒီအ​ခြေ​နေအထိဖြစ်​သွားရလိမ့်​မယ်​လို့
အိမ်​မက်​များပင်​မမက်​ဖူးခဲ့...ရက်​စက်​လိုက်​တာ
ကျွန်​မသူ့ကိုသိပ်​ချစ်​တာ။သိရက်​နဲ့များကံကြမ္မာက
ရက်​စက်​စွာမျက်​နှာလွှဲရက်​​တယ်​။

ခုဆိုရင်​တရားရုံးကဆင့်​​ခေါ်စာကိုသူမြင်​ပြီး​လောက်​​ရော
ပေါ့၊ဒါနဲ့များ နှုတ်​ပိတ်​ကာ၊တိတ်​ဆိတ်​​နေရက်​တယ်
ဆူဟိုရယ်​။အမှန်​ဆိုရင်​ ဆင့်​​ခေါ်စာ​ကိုမြင်​ပြီးကတည်းက၊
ရှင်​xingဆီကိုအလန့်​တကြားဖုန်းဆက်​တဲ့အ​နေ​ထားမျိုးဖြစ်​ရမှာ......ခု​တော့....ခု​တော့...!

_____________________________________

"Xing နဲ့ မင်းကိစ္စဘယ်​လိုလုပ်​ကြမှာလည်း
ဒီတစ်​ခါတကယ်​လမ်းခွဲကြမှာလား
မင်းတကယ်​ပဲလက်​မှတ်​ထိုး​ပေးလိုက်​မလို့လား...?.."

ဆူဟို​ရှေ့မှာဒီစကားလုံး​တွေကို​ပြောဖို့မရည်​ရွယ်​ခဲ့​ပေမဲ့
ပြောထွက်​မိ​တဲ့အခါမှာတော့ ကျွန်​​တော်အမှားကြီးကြီး
တစ်​ခုကိုကျုးလွန်​လိုက်​မှန်းသိလိုက်​ရတယ်​။
ကျွန်​​တော့်​ကိုခပ်​စူးစူးတစ်​ချက်​စိုက်​ကြည့်​လာခဲ့သည့်
ဆူဟိုရဲ့မျက်​ဝန်း​တွေဟာအလွန်​ပင်​​လေးနက်​လွန်း​နေခဲ့
တာ...စကားလုံး​တွေကိုထုတ်​​ပြောဖို့အတွက်​နှုတ်​ခမ်း​တ
ပြင်​ပြင်​ရှိ​နေတဲ့သူ့အမူအယာ​တွေဟာ..ခုချိန်​ထိ​ကြေကွဲ
ရိပ်​​တွေစွန်းထင်​​နေဆဲပဲ။

မင်​ဂျွန်းရဲ့အ​မေးကိုပြန်​​ဖြေဖို့အတွက်
စက္ကန့်​ပိုင်းအတွင်း ကျွန်​​တော့်​နှုတ်​ဖျားက​ထွက်ကျလာ​မဲ့စကားလုံး​တွေကိုကျွန်​​တော့်​နှလုံးသားကခံနိုင်​ရည်​ရှိဖို့လိုအပ်​တယ်​။ဒါ​ကြောင့်​မင်​ဂျွန်း​ရှေ့မှာအားတင်းရင်း...

နွယ်​..sulay FicWhere stories live. Discover now