နွယ်​ (တတိယပိုင်း)(၁၉)

497 55 2
                                    

Xing အတွက်​​တော့သူသည်​ အဆိပ်​ပြင်းလွန်း
သည်​။

အဆိပ်​ပြင်းလွန်းတဲ့ လိပ်​ပြာရိုင်းတစ်​​ကောင်​မို့
ထိုလိပ်​ပြာ​လေးကို လက်​နှင့်​အသာအယာ​​လေး​တို့ထိဖို့ကိုပင်​ xing မဝင့်​ရဲ​တော့​ပေ။

ထိုအဆိပ်​များကပဲ xing တစ်​ကို​လုံးကိုဝါးမြိုခဲ့ပြီး
နှလုံးသားကိုပါအရည်​​ပျော်​ကျ​​စေခဲ့တာမဟုတ်​​လား။
.
.
.
.
.
.
အဲဒီ​နေ့က..ငါမလာခဲ့ပါဘူး။ဟုတ်​တယ်​ မလာခဲ့ဘူး
လို့ပဲ မင်းအသိစိတ်​ထဲမှာမှတ်​မိ​ပေးပါ။

မင်းရဲ့နူးညံ့​ပျော့​ပြောင်းပြီး အညို​ဖျော့​ဖျော့ဆံနွယ်
တွေက ငါ့ကိုမမှတ်​မိခဲ့ဘူးမဟုတ်​လား။မင်းရဲ့​အနီးဆုံးမှာငါရပ်​​နေပြီးစကား​တွေများကြီး​ပြောခဲ့
တာ​တောင်​မကြားနိုင်​ခဲ့ဘူး​လေ။ငါ့စကား​တွေကိုမင်း
မကြားခဲ့​ပေမယ့်​​လေညှင်း​လေးကကြားသွားခဲ့လို့
ငါ့​ရဲ့ဘေးနားမှာဝမ်းနည်းလို့ငိုချင်းချသွားတယ်​။

အဲဒီချိန်​ငါအရမ်းပင်​ပန်း​ခဲ့တာ..မင်းအပြုံး​တွေမြင်​ရမယ့်​အစား မျက်​ရည်​​တွေပဲ​မြင်​ခဲ့ရလို့ ငါ့နှလုံးသား
တဆစ်​ဆစ်​နဲ့ကိုက်​ခဲလာတာ။ဘယ်​လိုအဆိပ်​မျိုး
လည်း......။

ဒါ​ပေမယ့်​လည်း ငါ​တွေ့လိုက်​ပါတယ်
မင်းမျက်​ဝန်းထဲမှာ ...ငါ့ကို​သေ​လောက်​​အောင်​မုန်း
တဲ့ အမုန်းပွင့်​​တွေတခမ်းတနားပွင့်​သွားခဲ့တာကို။မင်းမျက်​ဝန်း​တွေကအမုန်း​တရား​တွေအတွက်​စိမ်းစို​တောက်​ပကာအရည်​တလဲ့လဲ့ထခဲ့တဲ့​နေ့​လေ။

မုန်းသွားပြီ​ပေါ့..
စိတ်​နာခဲ့ပြီ​ပေါ့..
စိတ်​ကုန်​သွားပြီ​ပေါ့..

ဒါ​တွေအားလုံးက ဒုတိယအကြိမ်​ ငါ့ရင်​ကိုခွဲမယ့်
အမုန်းတရား​တွေရဲ့ဓားသွား​ပေါ့။

_________________________

အချိန်​​တော်​​တော်​ကြာကြာကြီးကိုကျွန်​​တော်​အိပ်
ပျော်​သွားခဲ့ပုံရတယ်​၊ဘယ်​​လောက်​ထိကြာသွား
လည်းဆိုတာကို​တော့ကျွန်​​တော်​အတိကျမသိဘူး

နွယ်​..sulay FicDove le storie prendono vita. Scoprilo ora