နွယ်​..sulay Fic

By ayemyathu291187

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... More

နွယ်​(ပထမပိုင်း)
နွယ်​(ဒုတိယပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၆)
နွယ်​ (တတိယပိုင်း)(၇)
နွယ်​ (တတိယပိုင်း)(၈)
နွယ်​(တတိယပိုင်း)(၉)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၇)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၃)
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၇)
My reader
နွယ်(တတိယပိုင်း)(၂၉)
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်(တတိယပိုင်း)(၂၈)

537 64 21
By ayemyathu291187

ဆူဟိုကိုစိတ်မကောင်းလို့သာ ဆေးရုံကနေပေး
ဆင်းလိုက်ရတာ..စိတ်ကတော့သိပ်မဖြောင့်လှ။
တစ်ခုခုဖြစ်ခဲ့ရင်ဆေးရုံကိုပြန်လာဖြစ်အောင်လာ
ဖို့မှာရတာလည်းအကြိမ်ပေါင်းကမနည်းလှပေ။

သူကတော့ ဘယ်ဟာကိုမှအရေးမထားအိမ်ပြန်
ဖို့ကိုပဲ စိတ်ဆောင်နေရှာသည်။ဆူဟိုဒီနေ့တော်
တော်လေးကိုကြည့်ကောင်းနေတယ်။မျက်ဝန်း
အရောင်လေးတွေကအရင်နေ့တွေကထက်လင်း
လက်နေသလိုအပြုံးတွေကလည်းအရင်ကထက်
ကိုပိုတောက်ပနေတယ်။

"ပြောမရလို့ပေးဆင်းလိုက်တာနော်...
တစ်ပတ်အပြင်ပိုမရဘူး၊တစ်ပတ်ပြည့်တာနဲ့
ဆေးရုံပြန်လာ..ဒါပဲ"

မင်ဂျွန်းရဲ့ဘုကျကျဘောက်ဆက်ဆက်
မျက်နှာပေးနဲ့စကားသံကြား စိတ်မချဟန်ဖြစ်
နေရှာတဲ့သူ့မျက်နှာရိပ်ကလူကိုတကယ်ပဲ
စိတ်အိုက်စေရတယ်။

ဘာပဲဖြစ်ဖြစ်လေကျွန်တော်ဒီနေ့ပျော်နေတာက
တော့အမှန်ပါ။ကားပါကင်ထိတကူးတကလိုက်ပို့
ပေးတဲ့မင်ဂျွန်းကိုကားထဲကနေမော်ကြွားစွာကြည့်
ရင်းကျွန်တော်ပြုံးပြလိုက်သည်။

မင်ဂျွန်းကတော့ကျွန်တော့်ကိုသိပ်ကြည့်ရပုံမပေါ်
တဲ့မျက်လုံးတွေနဲ့...

"မင်းနော်...နေမကောင်းဘူးဆိုပြီးxing အပေါ်
အခွင့်ရေးတွေသိပ်မယူနဲ့..မင်းအကြောင်းငါသိ
တယ်.."

"Yah..ဒီကောင်..ကိုယ့်သူငယ်ချင်းအတွက်
ဝမ်းသာပေးရမယ့်ဟာကို..မနာလိုတဲ့လေသံကြီး
နဲ့..မင်းတော်တော်ချစ်ဖို့ကောင်းတဲ့ကောင်ပဲ"

"အမယ်မနာလိုတယ်လို့ဖြစ်ရအုံးမယ်
ပြေးကြည့်ရင်xingကိုသနားလို့ကွ..ဟွန့်
မင်းကငါ့သူငယ်ချင်းနော် ....
ဘယ်လောက်တောင်များးxingအပေါ်အချွဲပို
နေမလည်းလို့..ဟင်းဟင်း..ငါ့မျက်စိထဲမင်းကို
မြင်ယောင်နေတယ်နော်."

လည်ချောင်းအတွင်းမှလာတဲ့အသံကိုအံကြိတ်
ကာနှုတ်ခမ်းလှုပ်ရုံမျှဖြင့်လူကိုကျိတ်မနိုင်ခဲမရဖြစ်
သောအမူအယာနဲ့ပြောလာတဲ့မင်ဂျွန်းကိုကျွန်တော်
ကြည့်ရင်းရီချင်လာမိသည်။

"Xingရေဒီကောင်ကြီးကိုပြောမရရင်လေ
ကျွန်တော့်ဆီကိုသာတစ်ခါထဲဆွဲခေါ်လာခဲ့
ကျွန်တော်ဆုံးမပေးမယ်သိလား"

စကားကိုအမူအယာတွေနဲ့အပြင်
အားရှိပါးရှိ၊ဟန်ကျပန်ကျလုပ်ယူကာပြောနေ
သောမင်ဂျွန်းကြောင့်ကျွန်တော့်နဲ့xingမှာကား
ထဲကနေ၍ထပ်ပြီးရယ်ပွဲဖွဲ့ရပြန်သည်။

တွေ့လား..ကျွန်တော့်သူငယ်ချင်းမင်ဂျွန်း
ဘယ်လောက်တောင်ချစ်ဖို့ကောင်းသလည်း..

"နုတ်ဆက်ပါတယ် ဒေါက်တာဂင်..xingတို့
ကိုသွားခွင့်ပြုပါအုံးနော်၊ဆူဟိုအတွက်လည်း
စိတ်မပူပါနဲ့xingသူ့ကိုဂရုစိုက်ပေးမှာပါ၊စိတ်
ချပါနော်"

ရင်းနှီးရွှင်ပြစွာဖြင့်ကားထဲကနေxingကဒေါက်တာ
ဂင်ကိုလှမ်း၍နုတ်ဆက်လိုက်သည်။
ထို့နောက်တွင်တော့ ကျွန်တော်စိတ်ကူးများဖြင့်
ရူးခဲ့ရသည့်တစ်ချိန်ကအိမ်လေးသို့စတင်ချီတက်
ရန်ကားစက်ကိုxingကစတင်၍နှိုးလိုက်လေ
တော့သည်။

Xing နှိုးလိုက်သည့်ကားစက်နှိုးသံက
နားထဲတွင်သာယာချိုမြိန်လှသည်။ မပြန်ရတာကြာပြီဖြစ်တဲ့အိမ်လေးကိုတကြော့
ပြန်လွမ်းလာမိတော့ရင်ထဲမှာတမျိုးလေးလိုခံစား
လာရတယ်။ဆေးရုံထဲမှာမွမ်းသိပ်ကျပ်ညပ်
လှတဲ့စိတ်တို့ကအခုခါမှာတော့လိပ်ပြာအတောင်ပံ
ခတ်သလိုတဖျပ်ဖျပ်နဲ့လှိုက်ခုန်နေတယ်လေ။

ပြည့်စုံလွန်းပါတယ်။

နှင်းဆီတွေဝေနေတဲ့အိမ်လေးရယ်
ကဗျာဆန်လှတဲ့ကျွန်တော့်ချစ်သူရယ်..

စိတ်ကူးလေးကကြည်နူးစရာမို့လှိုက်လှိုက်လဲလဲ
ကျွန်တော်ပြုံးချလိုက်မိတယ်။

Xing မောင်းလာခဲ့တဲ့ကားလေးကတော့ညီ
ညာပြန့်ပြူးလှတဲ့လမ်းကျယ်ကြီးထက်မှာမြှားလေး
တစ်စင်းလိုအရှိန်ကောင်းကောင်းနဲ့စပြေးနေပြီ။
ကားအရှိန်နှုန်းနဲ့အပြိုင်ကျွန်တော့်နှလုံးသားလည်း
တလှပ်လှပ်နဲ့ ရင်ထဲမှာလွန့်လူးနေပြီ......

နှာခေါင်းထဲကိုလှိုက်ကနဲတိုးဝင်လာသည့်နှင်းဆီ
ရနံ့ ကြောင့်အိမ်ခြံဝင်းလေးထဲကိုကားကွေ့
လိုက်ပြီဆိုတာဖြတ်ကနဲသိလိုက်သည်။
ဒါပေမယ့်မျက်ဝန်းတွေကပွင့်မလာ။
ဘယ်ရယ်ကြောင့်မှန်းမသိလေးလံနေပြန်တယ်။

"ဆူဟို...အိမ်ရောက်ပြီလေ..xing တို့ဆင်းကြ
ရအောင်"

ရင်ထဲအထိနွေးဆင်းလာတဲ့xing ရဲ့နူးညံ့တဲ့
အသံလေးက လေးလံငြိမ်သက်နေတဲ့
မျက်ဝန်းအိမ်ကိုလာရောက်နှိုးဆွပေမယ့်
ကျွန်တော်ကတော့ဆက်၍ကားထိုင်ခုံကို
မှီကာမှိန်းနေဆဲ။ကားထဲကနေxingထွက်
သွားတဲ့အသံ။ကားတခါးပြန်ပိတ်သံ။
ကားစက်သတ်တဲ့အသံ။ပစ္စည်းတွေချနေတဲ့
အသံအားလုံးကိုကျွန်တော်မျက်လုံးမှိတ်ရင်း
နားထောင်နေမိတယ်။ခဏနေတော့ထိုအသံ
တွေအားလုံးဟာငြိမ်သက်တိတ်ဆိတ်
သွားခဲ့တယ်။

"ဆူဟို..နေရခက်နေတာလားဟင်"

ဂရုဏာပြည့်ဝလွန်းတဲ့သူမရဲ့အသံ
ကြောင့် မှိတ်ထားတဲ့ကျွန်တော့်မျက်ဝန်းတွေ
ဟာနောက်ဆုံးမှာတော့အရှုံးပေးစွာနဲ့ပဲပွင့်လာ
ခဲ့ရတယ်။လူကနေရခက်တာမှန်ပေမယ့်ကျွန်တော်
xingကိုတစ်ခုခုတော့ပြန်ပြောသင့်တယ်လို့
ထင်တယ်။အမူအယာနဲ့ပဲဖြစ်ဖြစ်၊စကားလုံးနဲ့ပဲ
ဖြစ်ဖြစ်ပေါ့လေ..

ဒါပေမယ့်ကျွန်တော်မပြောဖြစ်ခဲ့ဘူး။ကားထဲကနေ
xing ကိုသာငေးပြီးစိုက်ကြည့်နေခဲ့မိတယ်။
ကျွန်တော့်အကြည့်တွေကိုxing ကပြန်လွှဲဖယ်
ခြင်းမပြုပဲနဲ့သေချာပြန်ပြီးစိုက်ကြည့်နေပြန်တယ်
လေ။

"အိမ်ထဲဝင်ရအောင်နော်ဆူဟို..အိပ်ရာထဲမှာ
ခဏလောက်နားလိုက်ပါလား..xingလိုက်ပို့ပေး
မယ်လေအခန်းထဲကို"

Xingကကားတံခါးကိုဆွဲဖွင့်ပြီးသူ့ကိုအားပြုဆင်း
ရန်ကျွန်တော့်ကိုလက်ကမ်းပေးလာတယ်။
ရင်ဘတ်တစ်ခုလုံးဗြောင်းဆန်စေလောက်တဲ့သူ့
အပြုအမူတွေကြားမှာ ကျွန်တော်ရင်မခုန်ပါပဲဘာ
လို့များရင်တွေနာမိပါလိမ့်...

တစ်ချိန်ကကျွန်တော့်ရဲ့သူစိမ်းဆန်ဆန်ဆက်ဆံမိ
တဲ့အပြုအမူတွေအပေါ်xingကစိတ်ကွက်ခြင်းရှိခဲ့
သည့်ပုံမပြတာကြောင့်လည်းသူနဲ့မျက်လုံးချင်းဆုံ
မိတိုင်းစိတ်ထဲကအလိုလိုကြေကွဲနေရပြန်တယ်

"ရတယ်xing.. ကို..စာကြည့်ခန်းထဲမှာပဲနေမယ်
စာကြည့်ခန်းထဲကိုပဲလိုက်ပို့ပေးနော်"

စကားဆုံးတော့ကျွန်တော့်ကိုတွဲထားတဲ့xing
ရဲ့ကိုယ်လေးကတန့်ကနဲဖြစ်သွားပြီးဝိုင်းစက်
စက်မျက်လုံးလေးတွေနဲ့ကျွန်တော့်ကိုမော့ကြည့်
တယ်။

"ဘာလို့စာကြည့်ခန်းထဲမှာနေမှာလည်း
အပေါ်ထပ်ကအခန်းမှာပဲနေရမယ်။ဒါမှဆူဟို
သက်သောင့်သက်သာအနားယူလို့ရမှာပေါ့"

ကျွန်တော့်ကိုတွဲရင်းကလေးတစ်ယောက်ကို
ဆူသလိုလေသံမျိုးဖြင့်သူမကမာန်ပါပါဖြင့်ပြော
ချလိုက်သည်။နေမကောင်းတဲ့ကျွန်တော့်ကို
ကလေးငယ်တစ်ယောက်လိုမြင်နေတဲ့အတွက်
ကျွန်တော်မှာဆက်ပြီးအတွန့်မတက်ရဲတော့
တာကြောင့်သူမ၏ဦးဆောင်ခေါ်ယူမှုနောက်
ကိုသာအသာတကြည်နဲ့လိုက်ပါခဲ့ရတယ်

အခန်းထဲရောက်တော့လည်း....

"ခဏလေးအိပ်လိုက်နော်..နိုးလာရင်တစ်ခုခုစား
ပြီးဆေးသောက်ရမယ်..ဆူဟိုစားဖို့xingနောက်
ဖေးမှာတစ်ခုခုသွားပြီးစီစဉ်လိုက်မယ်..အခုတော့
နားလိုက်တော့နော်"

ကြည့်စမ်းပါအုံး..ပြောနေပုံလေးက..သူ့မရဲ့
စကားလုံးတစ်လုံးစီတိုင်းဟာရွှင်ပြလို့သစ်လွင်
လတ်ဆက်နေလိုက်တာများ..Xing ကိုကြည့်ရ
တာ ကျွန်တော့်ကိုပြုစုပေးနေရလို့နွမ်းနယ်နေ
သည့်ပုံနည်းနည်းလေးမျှမပေါက်ပေ။

တစ်နေ့တာလုံးညမိုးချုပ်တဲ့အထိသူမက
ကျွန်တော့်ရဲ့ဘေးနားကနေမခွာ။ပန်းတစ်ပွင့်ကို
နုနုရွရွညင်ညင်သာသာစိုက်ပျိုးပေါင်းတင်သလိုမျိုး
ကျွန်တော့်နားမှာဂရုတစိုက်လာပြီးပြုစုပေးနေတယ်
တစ်ခါတစ်ခါကျွန်တော့်အနားမှာထိုင်လိုက်တဲ့အခါ
သူမဆီမှလွင့်ပြယ်လာတဲ့ရေမွေးရနံ့လေးက
လူကိုမိန်းမောသွားစေတက်သေးတယ်။အဲ့ဒီလို
ဖြစ်သွားတဲ့အချိန်မျိုးဆိုသူမဘာရေမွှေးသုံးတယ်
ဘာရနံ့ကြိုက်တယ်ဆိုတာအခုအချိန်ထိမသိသေး
တဲ့ကျွန်တော်ဟာအမှားကြီးကြီးတစ်ခုကို
ကျုးလွန်မိတဲ့လူတစ်ယောက်လို့ခံစားလာရတယ်။

သူမအပေါ်ကျွန်တော့်ရဲ့လစ်လျူရှုမှုတွေဟာ
တော်တော်များခဲ့တာပဲနော်။

"ပင်ပန်းနေပြီလား..

"................"

ခုတင်ဘေးနားမှာထိုင်ရင်းဆေးတိုက်ဖို့ပြင်ဆင်နေ
တဲ့သူမကိုကြည့်ပြီးကျွန်တော်ရင်နာနာနဲ့မေးမိလိုက်
တယ်။ကျွန်တော့်ကိုစိုက်ပြီးကြည့်လာတဲ့သူမရဲ့
အကြည့်တွေဟာကျွန်တော်ရဲ့မေးခွန်းကိုဖောက်ခွင်း
ပစ်လိုက်သလိုပဲ။

"ဘယ်သူက..ပင်ပန်းတယ်လို့ပြောနေလို့လည်း
ဆူဟိုရယ်..xingနည်းနည်းလေးမှမပင်ပန်းပါဘူး"

Xingကကျွန်တော့်မျက်နှာကိုကြည့်ရင်းပြော
ပြီးကာမှခေါင်းလေးဆတ်ကနဲငုံ့သွားသည်။xing
အသံတွေကနည်းနည်းတော့မတည်မငြိမ်နဲ့အက်
ကွဲရှနေတဲ့အသံမို့ ငုံ့ထားတဲ့သူမခေါင်းလေး
ကိုစောင်းငှဲ့ကြည့်လိုက်တော့မျက်ရည်လေးတွေ
ကတလက်လက်နဲ့သူမမျက်ဝန်းအိမ်မှာအရောင်
လေးတွေတောက်နေလေပြီ။ထိုအဖြစ်အပျက်
ကြောင့်ကျွန်တော်တို့နှစ်ယောက်ကြားထဲအသံမဲ့
တိတ်ဆိတ်မှုလေးတစ်ခုသည်တဒင်္ဂမျှဖြစ်ပေါ်သွားခဲ့
သည်။ကျွန်တော်သူမကိုကြည့်နေတဲ့အချိန်လေးမှာပဲ
စောစောကကြွေကျချင်နေသောမျက်ရည်လေး
တစ်စက်သည်ဖောက်ခနဲပင်ကျွန်တော့်အရှေ့၌
ကြွေဆင်းသွားခဲ့လေသည်။

"မျက်ရည်တွေမကျပါနဲ့ကွာ..
မင်းမျက်ရည်တစ်စက်ကငါ့အတွက်
သက်ရောက်မှုတစ်ခုလိုဖြစ်နေတက်လို့
ကျေးဇူးပြုပြီးမငိုပါနဲ့လားxingရယ်"

သူမရဲ့မျက်ရည်ကိုကျွန်တော့်ခပ်ဖွဖွသုတ်ပေးရင်း
xingကိုကျွန်တော့်ရင်ခွင်ထဲမှာပွေ့ထားလိုက်
တယ်။xingကတော့ခံစားချက်တွေပြင်းထန်နေ
သည့်ပုံပင်..ကျွန်တော့်ရင်ခွင်ထဲကနေအတင်း
ကိုရုန်းကန်ကာတွန်းထွက်နေလေသည်။

"တစ်ခါလောက်လေးငါ့ရင်ခွင်ထဲမှာ
မင်းကိုကျကျနနလေးဖတ်ထားချင်မိတာ
ငြမ်ငြိမ်နေပါကွာ..မင်းကအဲ့လိုရုန်းနေ
တော့ မောတယ်..xingရဲ့ "

တစ်ချိန်လုံးxingရဲ့ထိတွေ့မှုတွေနောက်မှာ
ထိန်းမရအောင်ခုန်နေသောနှလုံးသားကထိန်း
ချုပ်မှုတစ်ခုကိုချိုးဖျက်လိုက်တဲ့အခါမထင်မှတ်
သောစကားတွေကကျွန်တော့်ရဲ့နုတ်ဖျားထက်မှ
အလိုအလျောက်ထွက်ကျလာခဲ့ရတယ်။

ချက်ချင်းပင်ငြိမ်သက်သွားတဲ့xingခန္ဓာကိုယ်
လေးကိုခုနကထက်ပို၍ပို၍တင်းကျပ်စွာဖက်တွယ်
ရင်း"မင်းကိုဘယ်တော့မှလက်မလွတ်တော့ဘူး"
လို့စိတ်ထဲမှအကြိမ်ကြိမ်သူမကိုဂတိတွေပေးနေမိ
ခဲ့တယ်။

ရင်ခွင်ရဲ့အနက်ရှိုင်းဆုံးနေရာထဲသို့ခန္ဓာကိုယ်ပင်
မက သူမရဲ့အသည်းတစ်ခြမ်းလေးပါပြုတ်ကျနစ်
ဝင်သွားခဲ့ပြီထင်တယ်..
ကျွန်တော့်ခါးကိုမလွတ်တမ်းဖမ်းဆုပ်ထား
ရင်းနဲ့ရင်ခွင်ထဲမှာအချိန်အကြာကြီးxingက
ငြိမ်သက်နေခဲ့တယ်။

"Xing..xing"
"...............'

"ပြောစရာစကားမရှိရင်နာမည်မခေါ်ပါနဲ့လား
ဆူဟိုရဲ့ရင်ခွင်လေးကအရမ်းကိုနွေးထွေးလို့
Xingခန္ဓာကိုယ်ထဲခံစားချက်တွေစီးဝင်နေတယ်
စကားမပြောပဲတိတ်တိတ်နေနော်"

Xingကတောက်ပလှတဲ့မျက်ဝန်းတစ်စုံရဲ့ညို့
အားကိုအသုံးပြုကာကျွန်တော့်ကိုမော့ကြည့်
ရင်းပြောလိုက်သည်။

ဘုရားရေ...
သူမစကားပြောလိုက်တိုင်း လည်တိုင်ဖွေးဖွေး
လေးဆီကအစိမ်းရောင်သွေးကြောမျှင်လေး
တွေကလှုက်ခတ်သွားတာလား...

ကျွန်တော့်ကိုမော့ကြည့်ပြီးပြောနေတဲ့xingရဲ့အမူ
အယာတွေကလူကိုသေလောက်တယ်လေ။

အားး...တဒုတ်ဒုတ်နဲ့...

ငါ့လက်ဝဲရင်အုံမှာ..နူးညံ့စွာခုန်နေတဲ့အရာက
နှလုံးသားများလား...?

ဒါ..မင်းကြောင့်ဖြစ်တာလား..
အချစ်ကြောင့်များလား..?
ငါ..သေချာမဝေခွဲတက်တော့ဘူး..သေချာတာ
ကတော့မင်းကြောင့်ရင်ခုန်သံတွေအရမ်းကိုမြန်
ဆန်နေခဲ့ပြီ.....

မြင်လွှာထက်မှာတမင်တကာဘေးဖယ်ထားတဲ့
တစ်ချို့သောxingရဲ့အစိတ်အပိုင်းလေးတွေက
ကျွန်တော့်ရင်ကိုရှိန်းမြပူနွေးစေတယ်လေ။

သူ့လည်တိုင်ကအကြောစိမ်းစိမ်းလေးတွေ..
ညို့အားကောင်းလွန်းတဲ့သူ့မျက်ဝန်းတွေ..
မိန်းခလေးဆန်လွန်းလှတဲ့သူ့ခန္ဓာကိုယ်က
ကောက်ကြောင်းလှလှလေးတွေ...

အား...ငါ့နှလုံးသားကတော့သွားပါပြီ။

"ဒီည..ငါ"

"ဘာလို့ဆက်မပြောတော့တာလည်း
ပြောလေဆူဟို..ဘာပြောမလို့လည်း"

ဆက်မပြောတော့ပဲရပ်တန့်သွားတဲ့ကျွန်တော့်
အပြုမူကြောင့်xingကမော့၍မေးသည်။
ကျွန်တော့်မှာxingရဲ့အကြည့်တွေကိုခပ်သွက်
သွက်လွဲဖယ်ရင်းအနီးအနားမှာရှိသော
ရေခွက်ကိုခပ်တည်တည်နှင့်ကောက်ယူကာ
သောက်ချလိုက်သည်။သောက်ချင်လို့သောက်
လိုက်တာတော့မဟုတ်..ရင်ထဲမှာပူသလိုလိုရှိန်း
သလိုလိုနဲ့မကြာခင်မှာမီးထတောက်တော့မယ့်
ဝဲဘက်ရင်အုံကနှလုံးသားကိုမီးငြှိမ်းသတ်လိုက်
သည့်သဘော။

"အော်...ဘာမှမဟုတ်ပါဘူး.ဒီည...ကို က
ဒီအခန်းထဲမှာနေတော့..မင်းကဘယ်မှာသွား
နေမှာလည်းလို့...အာ့ပြောမလို့ပါ"

"အော်..xingနေဖို့အခန်းကိုစိတ်မပူပါနဲ့
အောက်ထပ်မှာဆူဟိုစာကြည့်ခန်းရှိ
တယ်လေ..အာ့မှာနေလို့ရတာပဲဟာကို"

"......................"

"ခုမှသတိရတယ်.xingအတွက်.ဘီဒိုထဲကနေ
ခေါင်းအုံးတွေစောင်တွေခုထိမထုတ်ရသေးဘူး
ခဏလွှတ်အုံးဆူဟို...xingအဲ့တာတွေသွားထုတ်
လိုက်အုံးမယ်"

သူ့ကိုဖက်တွယ်ထားတဲ့ကျွန်တော့်ရဲ့လက်တွေ
ကိုဖြည်ထုတ်ပြီးအနားကနေထွက်သွားဖို့ဟန်ပြင်
နေတဲ့သူမကိုကျွန်တော်လှမ်းကာဖမ်းဆွဲလိုက်
မိတယ်။ကျွန်တော့်ရဲ့လက်ကသူမရဲ့လက်
ကောက်ဝတ်ကိုအားသုံးပြီးဆွဲချလိုက်တာမို့
သူမကအရှိန်မထိန်းနိုင်ပဲကျွန်တော့်ရင်ခွင်ထဲကို
ဒုတိယအကြိမ်ထပ်မံပြီးပြုတ်ကျလာလေသည်။

"စာကြည့်ခန်းကိုမသွားပဲနဲ့..ဒီည..ဒီမှာပဲ
ကိုနဲ့အတူတူနေပေးလို့မရဘူးလား...
ကို့အနားကနေတဖွားမှမခွာပဲ..ဒီညမှာ..အတူတူ
ရှိနေပေးပါလား...ကိုတောင်းဆိုပါတယ်
မင်းနဲ့ခုလိုလေး..အတူတူနေချင်မိတယ်"

Xingကိုကျွန်တော့်ရဲ့ရင်ခွင်ထဲသို့နစ်မြှပ်သထက်
နစ်မြှပ်သွားအောင်ပိုပိုပြီးတင်းကျပ်စွာဖက်ထားလိုက်
မိတယ်။xingကတော့ကျွန်တော့်တောင်းဆိုမှုကို
လက်ခံတာလား၊ငြင်းပယ်တာလားလို့စဉ်းစား
လို့မရအောင်ပင်ရင်ခွင်ထဲမှာငြိမ်သက်နေပြန်တယ်
လေ.....

ငါအသက်ရှင်နေသရွေ့ စစ်မှန်တဲ့အချိန်ကာလ
တစ်ခုမှာ.... မင်းအပေါ်ကိုငါဘယ်လောက်ချစ်တယ်ဆိုတာ
သက်သေပြသွားမှာပါ...
အဲဒီအတွက်ငါ့အချစ်တွေကအမြဲတမ်းရှင်သန်
နေတယ်ဆိုတာကို မင်းနှလုံးသားကအသိမှတ်
ပြုပေးပါ...
.
.
........။.........။.........။.........။

ကံတရားဟာ..ကျွန်တော့်နဲ့xingကိုမတူဘူး
မတန်ဘူးဆိုပြီးခွဲများခွဲနေတာလား

တစ်ခါတစ်လေမှာ..ကံတရားဟာ
လူတစ်ယောက်အပေါ်ကိုရိုင်းစိုင်းတက်လွန်း
တယ်။
.
.
(ဆည်းဆာချိန်တွေဝိုးတဝါးနဲ့
အရောင်ပြောင်းလာတဲ့အချိန်
ငါ..မင်းဆီပြန်လာနိုင်ဖို့အတွက်
ကံကြမ္မာခြေရင်းမှာ
မျက်ရည်တွေကျခဲ့တယ်
အကာရံတွေကင်းတဲ့လေဟာပြင်ထဲမှာ
လွင့်နေတဲ့မင်းလက်ကလေးကို
အမိအရဖမ်းဆုပ်နိုင်ဖို့အတွက်
ကံတရား နဲ့ ငါ တိုက်ပွဲဝင်နေတယ်
နောက်ဆုံးပြောချင်တာကတော့
မင်းကို...ငါအရမ်းချစ်တယ်ဆိုတာပါပဲ)

.......................................

အသက်ရှင်ကျန်ခဲ့တဲ့သူကပိုသနားစရာ
ကောင်းတယ်ပေါ့....
ဒါဆို..ကျွန်တော်ကသေဆုံးသွားလို့လား..
ဘာကိုကြည့်ပြီးပြောတာလည်း..

ဟင့်အင်း..ကျွန်တော်မသေပါဘူး
ကျွန်တော့်ကောင်မလေးကိုခဏလေးဖြစ်ဖြစ်
တွေ့ရဖို့အတွက်ကျွန်တော်ပြန်လာခဲ့အုံးမှာ။

.
.
.
.
နောက်updateလေးစောင့်ပါအုံးလို့..
Updateကြာသွားတာတောင်းပန်ပါတယ်။
ဖတ်လို့မကောင်းခဲ့ရင်လည်းဒီအာသာကိုလာ
သာပြေးရိုက်လှည့်ပါ။မျက်ရည်တွေခြွေယူနေ
တာမဟုတ်ပါဘူး။စိတ်ခံစားချက်တွေပြင်းထန်နေ
လို့ဒီလိုအရေးသားမျိုးတွေရေးမိတာပါ..
ဒီဖစ်ကအနော်ရဲ့စိတ်ကူးယဉ်ထားတဲ့ဖစ်ပါ
.အလွမ်းသက်သက်ဖစ်ပါ
ဒရမ်မာအလွမ်းချိုးချိုးထားလို့လွမ်းရဆွေးရတာ
မကြိုက်တဲ့သူတွေအတွက်ကတော့ဖတ်ချင်စရာ
မကောင်းတဲ့ဖစ်တစ်ပုဒ်လို့ပြောလို့ရတယ်။
ကြိုက်တဲ့သူတွေကတော့ဖတ်ပေါ့ဗျာ..ဟီး
ရီဒါအားလုံး..ချစ်ပါတယ်
Real comတွေမပေးချင်နေပါ
ကြယ်ပွင့်လေးတွေတော့ပေးသွားကြမယ်
မလားဟင်....စိတ်မဆိုးတက်လို့ပေးသွားကြပါဗျာ
နော်

Continue Reading

You'll Also Like

48.2K 592 28
HEY GUYS THIS IS MY FIRST TIME WRITING A STORY AND DON'T EXPECT TO MUCH THIS A FAN FICTION LANGS.
169K 3.4K 31
Even a cannibal with an ugly appearance can marry a beautiful wife. All series of sadistic and Erotic fairytales is inside this book. warning! if y...
410K 55.1K 142
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
268K 1K 30
Just some AO3 shots not mine credit to owner ❤️