နွယ်​..sulay Fic

By ayemyathu291187

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... More

နွယ်​(ပထမပိုင်း)
နွယ်​(ဒုတိယပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၆)
နွယ်​ (တတိယပိုင်း)(၇)
နွယ်​ (တတိယပိုင်း)(၈)
နွယ်​(တတိယပိုင်း)(၉)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၇)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၃)
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၈)
My reader
နွယ်(တတိယပိုင်း)(၂၉)
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်(တတိယပိုင်း)(၂၇)

571 47 8
By ayemyathu291187

တစ်​ဖက်​ကမ်းမှာ
ဆည်းဆာမပြိုခင်
ရစ်​ဖွဲ့တည်​ခဲ့တဲ့
သံ​ယောဇဉ်​​တွေက
ရင်​ရှိုက်​သံနဲ့အတူ
အနက်​ရှိုင်းဆုံးရင်​ထဲ
သ​န္ဓေတည်​ခဲ့တယ်
သူ...သူ...
ကျွန်​​တော်​သိပ်​ချစ်​ရတဲ့...သူ။

.................။...................။

ဆူဟိုကို​ဆေးရုံထဲကသူ​နေတဲ့အခန်း​လေးထဲသို့
ပြန်​လိုက်​ပို့ရင်း၊ခုတင်​ထက်​၌ပြန်​ပြီးခဏလှဲခိုင်း
ကာအနားယူ​စေလိုက်​တယ်​။
ဆရာဝန်​​တွေက​တော့ သိပ်​ပြီးလှုပ်​လှုပ်​ရှားရှားမ
လုပ်​ခိုင်းပါနဲ့လို့ xing ကိုမှာသွားတယ်​။
ဟုတ်​ပါတယ်​​လေဒီ​နေ့မနက်​မှာXing နဲ့အတူတူ
လမ်း​လျှောက်​ထွက်​လိုက်​တာ သူ​တော်​​တော်​​လေး
ပင်​ပန်းသွားရှာတယ်​။

နဂိုကတည်းကမှ​သွေး​ရောင်​မရှိပဲဖြူ​ဖျော့​နေတဲ့
ဆူဟိုရဲ့မျက်​နှာ​လေးက ပိုပြီး​ဖွေးဆွတ်​ဆွတ်​ပုံ
စံ​ပေါက်​သွားတယ်​။ပြီး​တော့သူနည်းနည်းလည်း
မော​နေ​သေးတယ်​။

"Xing သွား​တော့မယ်​​နော်​ ဆူဟို"

ဆူဟိုကိုစိတ်​မချ၍မှာစရာရှိတာများကိုပါးစပ်​က
မှာရင်းအိတ်​​လေးကို​ကောက်​လွယ်​ကာxing ​ပြော
လိုက်​သည်​။

"ခဏ​လေး​နေပါအုံး xing ရယ်​၊ဒီမှာ ကိုးနာရီ
တောင်​မခွဲ​သေးဘူး"

"မဟုတ်​ဘူး​လေဆူဟိုရယ်​၊၊ခု​နေပြန်​မှအိမ်
ရောက်​တဲ့အခါအ​တော်​ပဲဖြစ်​မှာ၊အိမ်​​ရောက်​ရင်
Xingက​ဆူဟို့အတွက်​​နေ့လည်​စာ​လေးတစ်​ခုခု
ပြင်​ဆင်​၊ပြီး​တော့လိုအပ်​တဲ့အဝတ်​အသုံးအ​ဆောင်
လေး​တွေဆူဟို့အတွက်​ထည့်​ရအုံးမှာ၊ပြီး​တော့
လည်း​ရေချိုးရအုံးမယ်​​လေ၊ဒါ​ကြောင့်​ခု​နေသွားမှ
အ​တော်​ဖြစ်​မှာ၊​စော​စောသွားမှဒီကို​နေ့လည်​စာ
စားချိန်​အမှီxingပြန်​လာနိုင်​မှာ​ပေါ့၊xing ​နောက်
ကျ​နေရင်​ဆူဟိုဗိုက်​ဆာ​နေမှာ​ပေါ့"

ဆူဟိုကတစ်​ချက်​​ တွေ​ဝေစဉ်းစားဟန်​ဖြင့်​xingကို
ခေါင်းပြန်​ညိမ့်​ပြသည်။

"အင်း..အာ့ဆိုလည်းပြီး​ရော ၊ မြန်​မြန်​သွားပြီး
မြန်​မြန်​ပြန်​လာ​နော်​၊ ကို​က စောင့်​​နေမှာ"

ခုတင်​​ပေါ်မှာငုပ်​တုတ်​က​လေးထိုင်​​နေရင်းရင်​ဖို
စရာ​ကောင်းတဲ့အကြည့်​​တွေနဲ့ရွှန်းရွှန်း​ဝေကာ
Xing ကိုကြည့်​ရင်း က​လေးတစ်​​ယောက်​တစ်
ယောက်​လိုအမူအယာ​တွေနဲ့ချွဲပြ​နေတဲ့သူ့ကို
xing ဘာများ​ပြောနိုင်​အုံးမှာလည်း
xing လက်​ကိုအတင်းဆုပ်​ကာထားတဲ့ ဆူဟို့
ရဲ့မျက်​နှာကို ကြည့်​ပြီးသက်​ပြင်းတစ်​ချက်​နှင့်​အတူ
ပြုံးတစ်​ပွင့်​ကို​ရော၍ xing ပြုံးလိုက်မိတယ်​။

"အင်းပါ ဆူဟိုရယ်​....ဒီအတိုင်းကြီး​တော့xing
အလာကိုထိုင်​​စောင့်​မ​နေပါနဲ့၊တစ်​​ရေး​လောက်
တော့အိပ်​လိုက်​​နော်​..ဆူဟိုတစ်​​ရေးနိုးလို့
မျက်​လုံးပွင့်​လာတဲ့အချိန်​ ဆူဟို​ဘေးမှာxing
ရှိ​နေမှာပါ...ဒါ​ကြောင့်​xingသွားတာနဲ့ ဆူဟို
တစ်​​ရေး​လောက်​အိပ်​လိုက်​​နော်​"

က​လေးတစ်​​ယောက်​ကိုချော့မြူသိပ်​သလိုဆူဟို
ကိုမနည်းချော့ကာအိပ်ခိုင်းလိုက်ရသည်။
ခု​တော့သူအိပ်​​မောကျသွားပြီ။

"ဆူဟိုရယ်​"

ကျွန်​မသူ့နာမည်​​လေးကိုနှုတ်​ဖျားထက်​၌လွမ်းလွမ်း
ဆွတ်​ဆွတ်​​​လေးခေါ်လိုက်​ရင်း သူ့လက်​​လေးကိုတင်း
ကျပ်​စွာဆုပ်​ကိုင်​ထားမိတယ်​။ဒီ​နေ့တစ်​မနက်​လုံး
နှစ်​​ယောက်​အတူတူလမ်း​လျှောက်​တယ်​။ချယ်​ရီလမ်း
မှာပန်း​တွေနဲ့​အတူတူဆော့ကစားခဲ့တယ်​။ဒါ​တောင်​မဝ​သေးဘူးလားလို့ xing မ​မေးရက်​ပါဘူး​လေ။xing
လည်းသူ့လိုပဲခံစား​နေရလို့​ပေါ့။ခဏ​လေးပဲဖြစ်​ဖြစ်
Xingသူ့နားမှာနေချင်သေးတယ်။

                ~~~~~~~~~~~~~~~

မရောက်တာကြာပြီဖြစ်သော ရှင်း တို့နှစ်ယောက်
၏မင်္ဂလာဦးအခန်းလေးသည် ဟောင်းနွမ်းကြာ
ညောင်းခဲ့ပြီဖြစ်သော အရင်အတိတ်ကအချိန်
တွေထက်ပို၍ပင်ချောက်ကပ်တိတ်ဆိတ်နေသည်။
နာကြည်းခါးသီးမှုတွေနဲ့အမြင်မတူမှုတွေကိုမလွတ်
တမ်း ဖမ်းဆုပ်တွယ်ခဲ့ကြသည့် လူသားနှစ်ဦး၏
မင်္ဂလာဦးညသည်ထိုနေ့ကတည်းကရင်းပါးလျအက်
ကွဲလွယ်သောဆက်ကြောင်းများရှိသည့်ကြေးမုံပြင်
တစ်ချပ်ဖြစ်ခဲ့ရသည်။

Xing ဒီအခန်းထဲမှပစ္စည်းများကိုမတွေ့တာကြာ
ပြီဖြစ်သောလူတစ်ယောက်နှင့်တွေ့ဆုံရသည့်နှယ်
အသစ်အဆန်းများဖြစ်နေသောကြောင့်တစ်ခန်းလုံး
ကိုလှည့်ပတ်၍ကြည့်နေမိသည်။တစ်ချိန်ကxingအိပ်
စက်ခဲ့သည့် ပန်းနုရောင်ခုတင်လေးပေါ်ဖွဖွလေးထိုင်
ချရင်း ခေါင်းရင်မှခေါင်းအုံးတစ်လုံးကိုယူကာရင်ခွင်
ထဲသို့ဆွဲပိုက်လိုက်သည်။

"ဟင်..ဘာလေးပါလိမ့်"

ရင်ခွင်၌ပိုက်ထားသောခေါင်းအုံးထဲမှခပ်မာမာ
အရာလေးတစ်ခုကို ရှင်း လက်နှင့်ထိစမ်းသွား
သည်။ထိုအရာသည်ဘာဆိုတာကို ရှင်း
သိချင်မိသွားတာကြောင့်ခေါင်အုံးစွပ်ကိုဆွဲ၍
ချွတ်လိုက်သောအခါ အထဲမှလက်နှစ်လုံးစာအထူ
လောက်ရှိသည့်အညိုရောင်စာအုပ်လေးတစ်အုပ်
ထွက်ကျလာသည်။စာအုပ်လေး၏စာရွက်အနားစ
လေးများသည်အနည်းငယ်ဝါကျင့်ကျင့်အရောင်များ
စွန်းထင်နေပြီဖြစ်သောကြောင့်ဒီစာအုပ်လေးသည်
လအနည်းငယ်ကြာနေပြီဖြစ်သောစာအုပ်လေး
တစ်အုပ်တော့ဖြစ်လိမ့်မည်။xingရဲ့သိချင်စိတ်တွေ
ကဘယ်လိုမှဟန့်တားထိန်းသိမ်းနိုင်ခြင်းမရှိတော့
သည့်အတွက် စာအုပ်လေး၏စာမျက်နှာ တစ်ရွက်
ကိုစ၍လှန်လိုက်မိသည်။

            ချစ်ရသူသို့...ဒိုင်ယာရီ။

စစဦးဆုံတွေ့လိုက်ရသည့်စာကြောင်းလေးက ရှင်း
ရဲ့သွေးလည်ပတ်မှုတွေကိုမြန်ဆန်ပူနွေးသွားစေခဲ့
ပြီးစာအုပ်​၏ဒုတိယစာမျက်နှာကိုဆက်၍ကြည့်ချင်
သည့်စိတ်များသည်တဝုန်းဝုန်းဖြင့်xingကိုထပ်၍နှိုး
ဆွနေပြန်သောကြောင့်နောက်စာမျက်နှာသို့ဆက်၍
လှန်လိုက်သည်။

                      ( စာမျက်နှာ..၁)   
               ~~~~~~~~~~~~~~~

ဘာအတွက်ကြောင့်များ မင်းအပေါ်ကို
သံယောဇဉ်တွေဖက်တွယ်ခဲ့ပါလိမ့်။
ငါ့အနားမှာမင်းရှိတုန်းက မင်းရင်ခွင်ဟာ
ငါ့အတွက်ဘယ်လောက်ခမ်းနားတယ်
ဆိုတာကိုငါမြင်အောင်မကြည့်တက်ခဲ့ဘူး။
ငါ့အနားကနေ..မင်းပျောက်သွားတဲ့အခါ
မြင်အောင်ကြည့်ပေးပါလို့..မျက်ရည်တွေနဲ့
ပြောခဲ့တဲ့မင်းအသံတွေဟာငါ့ရင်ဘတ်နဲ့
အနီးဆုံးဖြစ်ခဲ့ပေမယ့်..ငါမြင်အောင်ကြည့်
တက်ခဲ့တော့..မင်းက ငါနဲ့..အဝေးကြီးမှာ
နာကြည်းခြင်းတွေနဲ့တင်းတင်းစေ့ပိတ်ထားတဲ့
ငါ့ရင်ဘတ်တစ်နေရာမှာ..သံယောဇဉ်ပြတင်း
ပေါက်လေးတစ်ပေါက်လှစ်ဟနေခဲ့တာကို
ငါမသိခဲ့ဘူး။ငါလေအခုထိ ဒီပြတင်းတံခါး
လေးကိုမပိတ်ဖြစ်တော့ဘူး..........

                       (စာမျက်နှာ..၂) 
              ~~~~~~~~~~~~~~~   

Xing ရေ..

မင်းအတွက်နှင်းဆီပင်တွေကိုတစ်ခြံလုံးဝေ
အောင်ငါစိုက်ထားတယ်။

မင်းချစ်ခဲ့တဲ့နှင်းဆီပွင့်လေးတွေထဲမှာ
ငါ့နှလုံးသားကိုပါအတူတူ တူးဆွပြီးစိုက်
ပျိုးထားတယ်....

ဒီနှင်းဆီပွင့်လေးတွေဟာ ကောင်းကင်မှာ
ညတိုင်းသာနေမယ့် လ ဆိုတဲ့ မင်း ကို
စောင့်မျှော်နေတာလေ...

မင်းနဲ့အတူတူပြုံးနေတဲ့လမင်းကိုကြည့်ဖို့ပေါ့

မင်းပြောသလိုပဲ...ငါဟာ..ချစ်တက်ခဲ့ပါပြီ။

                        ( စာမျက်နှာ..၃)
                 ~~~~~~~~~~~~~~

မင်းမရှိတဲ့နေ့ရက်တိုင်းက
ငါ့အတွက်တော့..
လွတ်ကျသွားတဲ့မနက်ဖြန်တွေပဲ

                        (စာမျက်နှာ..၄)
                  ~~~~~~~~~~~~~

မင်းချစ်တဲ့နှင်းဆီတွေဝေဖို့
ငါ့နှလုံးသာကတဖြည်းဖြည်းနဲ့ရိလာတာ
မလွမ်းချင်တော့ဘူး..xing ရေ
အတိတ်ရော
ပစ္စုပ္ပန် ရော
ငါလည်းတော်တော်ပင်ပန်းနေပြီ

စာမျက်နှာ...၅။
စာမျက်နှာ...၆။
...............။
...............။
...............။

စတင်၍ xing မျက်ဝန်း၌မျက်ရည်တွေစွန်းထင်း
လာခဲ့ပြီ။တဆက်​ဆက်​တုန်​​နေ​သောလက်​ထဲမှ
ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားတဲ့စာအုပ်​လေး
ကိုငေးကြည့်​ရင်းခေါင်းကိုအတွင်တွင်ခါရမ်းကာ
xingငိုမိနေသည်။အေးစက်တုန်ခါနေတဲ့
လက်တွေကခရုတစ်ကောင်တွားသွား
သလိုအရှိန်မျိုးနှင့်ကြမ်းပြင်​ပေါ်မှစာအုပ်​​လေး
ဆီသို့ဖြည်းညှင်းစွာရွေ့လျားနေကြသည်။

ဟင့်အင်း....တော်ပါပြီ နောက်ထပ်စာမျက်နှာတွေ
ကိုထပ်ကြည့်ဖို့ကိုxingအင်အားမဲ့သွားပြီ။မကြည့်
ဖြစ်တောတဲ့စာမျက်နှာတွေရဲ့နောက်မှာ xing
အတွက်ငိုစရာတွေအများကြီးထပ်ရှိနေအုံးမှာ။

"ဆူဟိုရယ်..xing တောင်းပန်ပါတယ်"
Xing...တောင်းပန်ပါတယ်"

ရင်ထဲမှာစူးစူးနစ်နစ်ကိုစူးဝင်နေတဲ့
ဝမ်းနည်းမှုတွေကြောင့်ထင်ပါရဲ့
တိမ်တဝက်မြှပ်တစ်ဝက်ဖြစ်နေတဲ့အသံတွေ
ကလည်ချောင်းထဲကနေထင်ထင်ရှားရှား
ထွက်ပေါ်မလာကြတော့ဘူး

"Xing ဘာတစ်ခုမှမသိခဲ့ဘူး"

ဆွဲငင်စွာရှိုက်ငိုလိုက်တဲ့ ငိုချင်းတွေက ရင်တစ်ခုလုံး
ကြေကွဲစွာပြိုကျတော့မတက်။
ဆူဟိုအိပ်ပျော်နေတဲ့အချိန်လေးမှာအိမ်ကိုခဏပြန်
လာပြီးသူ့အတွက်နေ့လည်စာလာပြင်ပေးမိတာ။
xingလာမိတာမှားပြီလား။xingအတွက်ငိုစရာတွေ
စောင့်ကြိုနေခဲ့မှန်းသိရင် လာမိမယ်မထင်ဘူး။
အခုတော့...ဒီအခန်းလေးထဲမှာxingမျက်ရည်​တွေမိုးပြိုသလိုပြိုကျခဲ့ရပြီ။

..........။.........။...........။

ဆူဟိုရဲ့နေ့လည်စာချိန်မှီအောင်xing မနည်း
ဆေးရုံကိုပြေးလာရတယ်။လူကတော့ရင်ထဲမှာ
တော်တော်ကြီးကိုနွမ်းရိလို့နေတာ။ဆူဟိုရဲ့အခန်း
ရှေ့ရောက်တော့လှမ်းဝင်မယ်လို့ပြုလိုက်သည့်
ခြေလှမ်းတွေကအထဲကပြောနေတဲ့စကားသံတွေ
ကြောင့်သူ့အလိုလိုရပ်တန့်သွားရတယ်။

မောဟိုက်သံတွေရောစွတ်ကာ တဝေါ့ဝေါ့ နဲ့အန်
နေတဲ့သူ့ရဲ့အသံတွေနှလုံးသားကိုထလွှာချင်းဆီ
ဖဲ့ယူနေသည့်အလား။အခန်းတံခါးကိုဖွင့်မယ်လို့
ဟန်ရေးပြင်ခဲ့တဲ့လက်တွေသည်ဘယ်ကနေဘယ်
လိုရုပ်သိမ်းသွားမိတယ်မသိxing ခန္ဓာကိုယ်က
တော့အခန်းတံခါးနံရံဖြူဖျော့ဖျော့၏မျက်နှာပြင်
၌မှီရပ်ရင်း ထိတ်လန့်စွာငိုကြွေးနေမိတယ်။

"မင်းမနက်ကလည်းxing တိုက်ခဲ့တဲ့ဆန်ပြုတ်
တွေအန်တယ်..ခုလည်းထပ်အန်ပြန်ပြီ
အစာရှိလည်းအန်မရှိလည်းအန်နဲ့.."

"ဒါကကျောက်ကပ်မကောင်းလို့ဖြစ်တဲ့လက္ခဏာ
တွေပဲလေမင်းလည်းသိရဲ့သားနဲ့..
ငါ့တစ်ကိုယ်လုံးလည်းတစ်မျှင်ချင်းပဲ့ကြနေသလိုပဲ
xingအရှေ့မှာဒီထက်ပိုပြီးဟန်
မဆောင်နိုင်တော့ဘူးမင်ဂျွန်း.."

ဆူဟိုကခုတင်နောက်ကိုမှီချရင်း..အသက်ကိုခပ်
မျှင်းမျှင်းရှူလျက်အရာအားလုံးဆုံးရှူံးလိုက်ရသော
လေသံလေးဖြင့်ခပ်ရဲ့ရဲ့လေးပြောလေသည်။

"ကိုယ့်ကိုကိုယ်အားငယ်စေမဲ့စကားတွေမပြော
ပါနဲ့လားကွာငါမင်းကျောက်ကပ်ကိုရအောင်အ
စားထိုးမှာပါ..ငါ့ကိုယုံကြည်စမ်းပါကွာ.."

"မင်းကိုငါယုံကြည်တယ်မင်ဂျွန်း..ငါမယုံရဲတာ
ငါကံကြမ္မာကို..အခုဆိုကျောက်ကပ်အစားထိုး
ဖို့စောင့်နေရတာဘယ်လောက်ကြာပြီလည်း
ငါနဲ့ကိုက်ညီတဲ့ကျောက်ကပ်ခုထိရှာမတွေ့သေး
ဘူး..ကိုက်ညီပြန်တော့လည်းကျောက်ကပ်က
မသန့်ရတာနဲ့..ပိုးတွေ့ရတာနဲ့..ငါဘယ်လောက်
ထိတောင့်ခံပြီးစောင့်ရအုံးမှာလည်း.."

ပင်ပန်းနွမ်းနယ်စွာပြောလာတဲ့ဆူဟိုရဲ့စကားတွေ
အနောက်မှာကျွန်တော့်ရဲ့အတွေးတန်းကြီးသည်
မရပ်မနားရှည်ထွက်လာလေသည်။ဟုတ်လည်း
ဟုတ်ပါတယ်လေ..ဆူဟိုဘယ်လောက်ထိတောင့်
ခံနိုင်မှာလည်းကျွန်တော်တောင်တစ်ခါတစ်လေသူ့
ကိုကြည့်ပြီးအားမရတော့တာ

"ဟာာာာားးး"

အရှည်ကြီးလျှောက်စဉ်းစားလိုက်မှကျွန်တော်
တောင်မောသလိုလိုဖြစ်လာသည်။လေပူတစ်ချက်
ကိုခပ်ပြင်းပြင်မှုတ်ထုတ်ရင်း၊သက်ပြင်းတစ်ချက်
ကိုမှိန်ဖြော့ချည့်နဲ့စွာချလိုက်မိသည်။

"မင်ဂျွန်း..ငါအိမ်ပြန်ချင်တယ်.."

"ဟမ်"

"........."

"အိမ်မပြန်ရတာကြာပြီ..ငါ့ကိုဆေးရုံတစ်ပတ်
ပေးဆင်းပါလား..xingလည်းအိမ်ကိုပြန်ရောက်
လာပြီလေ...အဲ့ဒီအိမ်လေးမှာခဏလေးဖြစ်ဖြစ်
သူနဲ့နေချင်လို့.."

စကားတွေဆုံးတော့ဆူဟိုကမျှော်လင့်တကြီးနဲ့
ကျွန်တော့်ကိုငေးကာကြည့်နေသည်။ကလေးတစ်
ယောက်ကသူ့အလိုကိုလိုက်ရောပေးရန်လူကြီး
တစ်ယောက်ကိုမျှော်လင့်တကြီးကြည့်သည့်အ
ကြည့်မျိုး။ဆူဟိုရဲ့မျက်ဝန်းညိုညိုတွေဟာ
ကျွန်တော့်ကိုစိုက်ကြည့်နေရင်း.."မရနိုင်ပါဘူး
လေ"..ဟူသောအတွေးကသူ့မျက်ဝန်း၌ဖြတ်
ပြေးသွားသောအခါကျွန်တော့ရင်ထဲတွင်
တစ်စုံတစ်ရာဖြင့်ဆောင့်တွန်းခြင်းခံလိုက်ရသလို
နင့်သွားရသည်။

”ကမ္ဘာကုန်ကျယ်
မြေမှာအသက်နှင်း
ထာဝရမလှနိုင်ပေမယ့်
တွယ်တာမြတ်နိုး
ကိုးကွယ်သည့်အချစ်က
သေကာသွားသည်
ထာဝရလှသည်”

.
.
.
.
စိတ်ရှုပ်စရာလေးတွေရှိနေလို့နော်ဒီမှာပဲခဏရပ်ပါ
ရစေနော်...ဘယ်လိုမှဆက်ရေးလို့မရတော့လို့ပါ
ဖတ်လို့မကောင်းဖြစ်သွားခဲ့ရင်လည်းတောင်းပန်ပါ
တယ်။အရမ်းကြီးလည်းကြာသွားတယ်မီအာနဲ

Continue Reading

You'll Also Like

38.4K 2.5K 61
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...
657K 15.7K 100
Evelyn Claire Bennett never thought this would happen to her. Not in a million years. How could something that was meant to be temporary have a las...
409K 5.5K 28
Emmett loves to be a rebel. He skips school to hang out, drink, and smoke with his two friends when suddenly he and his best friend are cornered and...