"အဟမ်း..."
ချောင်းတစ်ချက်ဟန်ဆောင်ဟန့်ရင်း...
Chen ခေါင်းကို ဆတ်ခနဲဝဲတော့...
ဆံပင်ကောက်လေးတွေက တစ်ချက်ဖွာခနဲ...။
အဲ့တော့ အပေါက်ဝနားမှာရပ်နေတယ့်
Xiuminက မပြောမဆိုပြေးလာကာ...
လက်ထဲက ဘီးလေးနဲ့...Chen ဆံပင်ကို ပြား
နေအောင် ဖိဖီးပေးလိုက်သည်...။
မရ...ဆံပင်က အဖွာဆိုတော့....
ဖွာမြဲ ဖွာဆဲ...။
ထပ်ဖြီး....ထပ်ဖွာ...။
ကြာတော့ Xiumin စိတ်တိုလာသည်ထင်...
အနားမှာရှိတဲ့ စာအုပ်တစ်အုပ်ကို မှောက်လျက်
အနေအထားလေးနဲ့...ခေါင်းပေါ် ဖွင့်တင်ပေး
သွားသည်...။
အင်း~~~သူ့နည်း သူ့ဟန်နဲ့ကျတော့လည်း
မဆိုးပါလား...။
မဆိုးပေမယ့်လို့...Chen ခမျာမှာတော့...
စာအုပ်လေးမကျအောင် ခေါင်းကို အသေအချာ
မလှုပ်ရဲ...။
လုံးဝကို ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုထမ်းထားရသူ
တစ်ယောက်လို...ဖိအားကြီးကရှိနေသည်...။
"အိုကေ...hyungပြောမှာကတော့...
Hyung ငယ်ငယ်တုန်းကကြားဖူးခဲ့တဲ့ ပုံပြင်
လေးတစ်ပုဒ်အကြောင်းပါ...။
ဒီလို~~~
တစ်ခါက နိုင်ငံတစ်နိုင်ငံက ကုန်သည်တွေဟာ
မြည်းတွေမြင်းတွေနဲ့ ကုန်သွယ်ဖို့ထွက်လာခဲ့
ကြတယ်...။
ဒေသအရပ်ရပ်ကို ထွက်ခဲ့ကြတဲ့အခါမှာ...
သူတို့တွေက ကန္တရကြီးတစ်ခုကိုလည်း ဖြတ်ရ
သေးတာပေါ့...။
အဲသလိုဖြတ်နေခိုက်မှာပဲ....ခရီးတာက ကြန့်
ကြာလို့...သူတို့မှာပါတယ့်ရေတွေက
ကုန်သွားတော့တယ်...။
နေအပူကြောင့်ရော....
မြေအပူကြောင့်ရော...
နောက်လိုက်အလုပ်သမားတွေဟာ ရေပြတ်တဲ့
ဒဏ်ကို အလူးအလဲခံစားနေရတယ်...။
ခေါင်းဆောင်ကုန်သည်မှူးကြီးက သူ့အလုပ်
သမားတွေ မောပန်းနေတာကိုမြင်တော့
စိတ်မကောင်းဖြစ်...ကြံရာလဲမရဖြစ်နေတယ်။
ဒါပေမယ့်....အဲ့ခေါင်းဆောင်ကြီးက စဉ်းစား
ဆင်ခြင်ဥာဏ်ရှိတယ့်သူဆိုတော့...
ပတ်ဝန်းကျင်က ပြောင်းလဲမှုတစ်ခုကို
သတိထားမိသွားတယ်...။
အဲ့ပြောင်းလဲမှုကိုလည်း သတိထားမိသွားရော
သူက သူ့အလုပ်သမားတွေကို ဒီလိုလှမ်းအော်
ပြောတယ်...
Yah Yah!!! D.O. yah! ငါ့အနားမကပ်နဲ့လေ...
စာအုပ်ပြုတ်ကျပြီး အကုန်ဗရုတ်သုတ်ခတွေ ဖြစ်ကုန်မယ်ပြူးလေးရ
Yah! Chanyeol!!!!
ငါ့ပခုံးပေါ်က ဗောက်ဖတ်ကောင်ကြီး မြန်မြန်
ဖယ်ပေးစမ်း!!!
ဟေးးး!!! Oh Sehun.... Oh Sehun...
ငါ့ဘောင်းဘီအိတ်ထဲ ဘာမုန့်မှထည့်မထားဘူး
ဟို ငမွှေလိုင်နာဂျပုပြောတိုင်းမယုံနဲ့!!!"
ရုတ်ခြည်းပြောင်းလဲသွားတယ့် အနေအထားမှာ
အခန်းထဲကသူတွေအားလုံးလိုလို...
အနှီဆယ့်နှစ်ယောက်မှလွဲ၍....
ကြောင်တောင်တောင်ဖြစ်ကုန်ကြရသည်...။
ကျောင်းအုပ်ကြီးဆို အစက ကုန်သည်ခေါင်းဆောင်ကပဲ အဲ့လိုအော်လိုက်
တာလို့ ယုန်ထင်ကြောင်ထင် ထင်လိုက်မိ
သေးသည်....။
သို့ပေမယ့် အားရပါးရဟောပြောနေသော
Chen ဘေးကနေ...ကဘောက်ကရောက်
လျှောက်လုပ်ပစ်နေသော ချစ်လှစွာသော
တပည့်လေးတွေရဲ့ လုပ်ရပ်လေးတွေကိုမြင်
လိုက်ရတော့မှ...
ပုံပြင်စာသားမဟုတ်....အမွှေစာသားဖြစ်နေ
ကြောင်းသိလိုက်ရတော့သည်...။
Chen ဗောက်ဖတ်ဟုအသည်းအသန်အော်
နေသော ဂျယ်လီပျော့ကြီးကို Chanyeolက
တဟီးဟီးရယ်ရင်း ပြန်ဖယ်ပေးကာ...
ပါးစပ်ထဲကောက်ထည့်ဝါးသည်....။
မချိုမချဉ်မျက်နှာနဲ့ Sehunဆို...
ဘောင်းဘီအိတ်4အိတ်ထဲရှိလို့သာ တော်ရော့
မည်...ဗုံးရှာတယ့် စစ်သားတွေလို အသည်း
အသန်ရှာပြီးမှ...
Chenကို 90°Bow လုပ်ပြနေသည်...။
ပြူးလေးကတော့ Chen နဲ့တိုက်မိသွားတဲ့
သူ့ပခုံးလေးကို ပွတ်ကာ...
ပြူးကြောင်ကြောင်လေးဆိုလာသည်က...
"လန့်သွားတာပဲ Chenရာ...
ငါက ကုန်သည်ခေါင်းဆောင်ကြီးက
ငါ့ကိုသိနေပါလားလို့ အံ့ဩနေတာ..." တဲ့...။
Chenလည်း သူ့ကိုမွှေလိုက်သူတွေကို
လှည့်ပတ်မျက်စောင်းထိုးကာ သူ့ပုံပြင်လေးကို
ဆက်သည်....။ခေါင်းပေါ်က စာအုပ်လေးကို
တော့ လက်ကလေးနှစ်ဖက်ယှက်တင်ကာ
ထိန်းထားရင်းနဲ့ပေါ့...။
"ကုန်သည်ခေါင်းဆောင်ကြီးတွေ့သွားတဲ့
ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုတာက...
ရေရှားတဲ့ သဲကန္တရထဲမှာ မြက်ပင်လေးတွေ
ပေါက်နေတာကိုတွေ့လိုက်ရတာပါပဲ...။
ဒါဆို အဲ့နေရာမှာ အစိုဓာတ်ရှိလို့မြက်ပေါက်နေ
တာပဲဆိုပီး သူ့အလုပ်သမားတွေကို အဲ့နေရာကို
တူးခိုင်းတော့တယ်...။
သူ့အလုပ်သမားတွေကလည်း အားကြိုးမာန်
တက်တူးကြတော့တာပေါ့...အဲ့မှာ..."
ပြောနေရင်း ခဏရပ်ကာ Chenက အခန်း
ထောင့်ကိုလျှောက်သွားသည်...။
ပြီး...ထောင့်က စားပွဲခုံပေါ်မှာတင်ထားတဲ့
ရေဘူးလေးကို ဟန်ပါပါ မော့သောက်သည်။
သည်တော့... သူ့ဟာသူလုပ်ချင်တာလုပ်နေ
သော ပန်ဒါမကို Galaxyအကြောင်း အားကြိုး
မာန်တက်ရှင်းပြနေသော Krisကြီးက...
"Yah!...ဘာကိစ္စ ရေတွေသောက်နေတာလဲ
အရင်တုန်းကဖြင့် တစ်ညလုံးနီးနီး မမောနိုင် မပန်းနိုင် လေပေါနေတတ်တယ့်သူက...
ဒါလေးကျတော့ မောတယ်လား???"
ခေါင်းခါရုံသာခါပြရင်း...သူ့ခေါင်းပေါ်က စာအုပ်
လေးကို သေချာဂရုစိုက်ပြန်ကိုင်ကာ...
မူလနေရာပြန်လာရပ်သည်...။
နေရာပြန်ရောက်မှ...
"ရေအကြောင်းပြောနေရင်း ရေကိုချစ်ခင်စိတ်
ပေါ်လာလို့...ရေသွားသောက်တာပါဗျာ..."
"မင်းလိုပြောကြေးသာဆို လိုင်နာအကြောင်း
ပြောရင်း လိုင်နာကိုချစ်ခင်စိတ်ပေါ်လာလို့
လိုင်နာထဆိုးကြေးဆိုရင်...
Baekhyun မျက်လုံးမေးစေ့အထိ မည်းနေပီ"
ဘာမဆိုင်ညာမဆိုင် မိမိကိုခလုတ်လာတိုက်
ပြန်ပါသော Krisကို အသေးလေး မျက်စောင်း
လှမ်းထိုးသည်။
သည်လိုတော့ အပြောမခံနိုင်ပါလေ...
ဘယ်ရမလဲ ငဘတ်တဲ့...တဘတ်တည်းရှိတယ်
နှစ်ဘတ်ရှိရင် ဂင်ဂျီဘတ်လုပ်ပီး လိုင်နာနဲ့
လဲဆိုးပစ်လိုက်မယ်...။
အတွေးဆိုးကြီးနဲ့ အီစီစီပြုံးလိုက်ကာ...
"Kris hyung ပြောသလိုဆို...
ဟို Channieကြီးက သွားတိုက်ဆေးအကြောင်း
ပြောတိုင်း သွားတိုက်ဆေးကိုချစ်ခင်ပီး
သွားကြီးလှိမ့်တိုက်နေရင်...
ရေစီးကမ်းပြိုဖြစ်ပြီး...
သူ့သွားတွေ ဟောက်ပက်ကြီးဖြစ်နေတော့မှာ
ပေါ့...
အက်ပီတန်ကြေညာထဲက အဘိုးကြီးလို
နဂိုကမှ ဘိုးတော်ရုပ်ပါဆို..."
Krisပြောသောစကားကို တဟီးဟီးသဘောကျ
ကာ အနားမှာရပ်နေသော Kaiလက်မောင်းကို
ရိုက်ကာရိုက်ကာရယ်နေသော Chanyeol
တိခနဲငြိမ်ကျသွားသည်...။
သူ့ကိုယ်သူ လက်ညှိုးထိုးကာ
Kaiကိုတည့်တည့်ကြည့်လိုက်ရင်း...
"သူ ငါ့ကိုပြောနေတာလား"
ကြောင်တက်တက်ပြန်မေးတော့ Kaiက
ရယ်ကျဲကျဲနဲ့ခေါင်းညိတ်ပြသည်...။
Chanyeolလည်း သူ့ကိုပြောတာသေချာသွား
တော့...Baekhyunလေး ပခုံးကို လှမ်းရိုက်
လိုက်ကာ...
"ငါ့လာပြောနေ...
D.O. လည်း အားနာဦး..."
O_0
Chanyeol အပြောကြောင့် D.O. သက်ပြင်းချ
သည်။
ဘဝက ကိုယ့်ဟာကိုယ်အေးဆေးနေလို့လဲ
မရသည့်ဘဝ...။
သက်ပြင်းလေးမှ လမ်းခုလတ်တွင်ရှိသေး...
Chanyeolပြောနေသည်က...
"အဲ့သလိုဆို...
ဟင်းချက်စရာတွေအကြောင်းပြောတိုင်း
ဟင်းချက်တာကိုမြတ်နိုးရင်...
D.O.ဆို ဟိုဆော့ချဉ်ဖူးထဲက logoစားဖိုမှူးရုပ်
ကြီးပေါက်နေမှာပေါ့...။
ပုပုဖိုင့်ဖိုင့်ကြီး..."
ပြောရင်း D.O.ကို လှမ်းကြည့်လိုက်ကာ...
ခေါင်းစခြေဆုံးစေ့စေ့စပ်စပ်ကြည့်နေသော
Chanyeolပုံစံကြောင့်...
နင့်နင့်နဲနဲ မြတ်မြတ်နိုးနိုးဆဲလိုက်ချင်သော်လဲ
ကလေးတွေရှေ့ရောက်နေတာမို့ ငြိမ်နေလိုက်ရ
သည်...။
ရင်ထဲက မကျေနပ်မှုလေးကို လွှတ်ပေးလိုက်ဖို့
ရာ လိုက်ရှာပါတော့...
ဟော...တွေ့လေပြီ...။
မကြေသည့် ကော်လံကို သေချာပြန်ဆွဲဖြန့်လိုက်
ရင်း...D.O. ပြော၏...။
"မင်းတို့ပြောပုံအရဆို... ကလေးအကြောင်း
ပြောတိုင်း ကလေးမြတ်နိုးရကြေးဆို...
Luhan Hyung ကလေးဆေးရုံကနေ ဆင်း
မလာနဲ့တော့ပဲ..."
D.O. စကားကိုကြားတော့...ရှေ့ဆုံးတန်းက
ကလေးတစ်ယောက်ဆီက ခဲဖျက်လေးကို
အမြတ်တနိုးယူကြည့်နေသော
ယောက်ျားပီသလှစွာသော Luhanက
မျက်စောင်းလှမ်းထိုးသည်။
ဘာမှတော့ပြန်မပြော...။
သည်လိုပြန်မပြောတော့ သူ့ge ငြိမ်နေတာကို
မမြင်လိုဟန်ရှိသော Sehunက...
တမင်ကြားရအောင်လုပ်ထားသော
လေသံတိုးတိုးဖြင့်...
"ဟုတ်တယ်...ကျွန်တော်ကြားဖူးတာရှိတယ်...။
တစ်ခါက Lugeလေ...သူ့ညီတစ်ဝမ်းကွဲကို
မူကြိုကနေ ကြိုလာတာ...
အဲ့မူကြိုရှေ့မှာ ကလေးချိုချဉ်လေးတွေဝေနေ
တဲ့ ဦးလေးကြီးက ချိုချဉ်ကို ကလေးလေးကို
မဝေပဲ Lugeကို ဝေတာတဲ့...Hahaaaa..."
ပြောနေရင်း နင့်နင့်နဲနဲထရယ်လိုက်သော
Sehunပုံစံကြောင့် သည်းခံနိုင်မှုကုန်သွားသည်
ထင်...။
ကလေးလေးနှင့် ခဲဖျက်အကြောင်းကို
ထဲထဲဝင်ဝင်ဆွေးနွေးနေသော Xiao Luhan
လှစ်ခနဲ ထပြေးလာကာ...
မမှီမကမ်းနဲ့ Sehun ဆံပင်မွှေးကို ခြေဖျား
ထောက်ပြန်ဆွဲပြန်သည်...။
ဟိုကလဲ အဲ့တာကို တဟားဟားနဲ့ရယ်ကာ
သဘောတော်ကျနေလေသည်...။
သည်မြင်ကွင်း...သည်မြင်ကွင်းကို
ကျောင်းအုပ်ကြီး ဘယ်လိုစိတ်နဲ့ သည်းခံ
ကြည့်နေမိသလဲတောင် ကိုယ့်ကိုတိုင်မစဉ်းစား
နိုင်တော့...။
ပြောနေတာက ရေအကြောင်းကနေ
ဘယ်ကဘယ်လို သတ်ကွင်းထဲရောက်သွား
သည်မသိ...။
တားချင်စိတ်လဲမရှိတော့တာမို့...
သည်အတိုင်းလေးငြိမ်ကြည့်နေတော့..
ဟိုငတလေးတွေက သူ့အလိုလို ငြိမ်ကျသွားကြ
သည်...။ဆယ့်နှစ်ယောက်စလုံး
ကျောင်းအုပ်ကြီးကို တစ်ချက်လှမ်းရှိုးလိုက်ကြ
ကာ...
နေမြဲပုံစံနဲ့ ငြိမ်ငြိမ်သက်သက်ပြန်ဖြစ်သွားကြ
လေသည်...။
ကျောင်းအုပ်ကြီးလည်း စိတ်မသက်မသာဟန်နဲ့
ခေါင်းညိတ်ပြလိုက်တော့မှ...
Chenက သူ့ပုံပြင်သူဆက်သည်...။
"အဲ...ဘယ်ရောက်သွားတာပါလိမ့်..
အော် သိပီ...
မြေကိုတူးကြတော့...တော်တော်နက်နက်
ရောက်တော့ ကျောက်ဖျာကြီးတစ်ချပ်ကို တွေ့
လိုက်ကြတယ်..."
"နေဦး Chen...ကျောက်ဖျာဆိုတာဘာလဲ?"
"Ommonyi တို့ အိပ်သလို ဖျာကို ကျောက်
တွေနဲ့လုပ်ထားတာလား???"
"ဟေးး ကျောက်ဖျာဆိုတာ တော်ရုံနဲ့ခွဲမရတဲ့
သဘာဝကျောက်အချပ်ကြီးကိုခေါ်တာ
ရပီနော်..."
ပါးစပ်ကိုပြင်ကာ အားကြိုးမာန်တက်ရှင်းရန်
ပြင်နေသော Chenကို နောက်တန်းကနေ
ကျောင်းအုပ်ကြီးအမြန်တား ရှင်းပြလိုက်ရသည်။
မဟုတ်ရင် ကဘောက်ကရောက်တွေ
ထင်ရာတွေလျှောက်ပြော...လျှောက်ရှင်းကြ
တော့မယ်ဆိုတာ ဗေဒင်ဆရာမ ခေါ်မေးစရာ
တောင်မလိုဘူး...။
ကျောင်းအုပ်ကြီးအဖြေကို Chenက ခေါင်းညိတ်
ပြကာ လက်မ ထောင်ပြသည်။
အမယ်...တော်တယ်ပေါ့...။
အင်းပါ...ထားပါလေ...
ပြောချင်တာသာပြောပါ...အဓိကက ပုံပြင်
ဟောပွဲကြီးမြန်မြန်ပြီးသွားဖို့ပါပဲ...။
ကျောင်းအုပ်ကြီးလဲ ကျေးဇူးတင်တဲ့အထာနဲ့
ခါးကို ညွတ်ပြလိုက်တော့မှ...
စုတ်ဖွားပါးစပ်ကနေ ပုံပြင်ဆက်သည်...။
"အဲ့ကျောက်ဖျာကြီးကို အားကြိုးမာန်တက်ခွဲ
လိုက်ရော...နောက်ဆုံး ရေတွေပန်းထွက်လာ
တယ်တဲ့ကွယ်...။
အဲ့တာကြောင့် နောက်ဆုံးမှာတော့ ကုန်သည်တွေအားလုံး
ကန္တရထဲမှာ ဒုက္ခကြုံရမယ့်အရေးကနေ
လွတ်မြောက်ခဲ့ကြတော့တယ်တဲ့...။
ပုံပြင်လေးကဒါပါပဲ..."
ပြောရင်း သူ့သူ လက်ခုပ်တီးတဲ့ Chenကို
ကျန်သူတွေအားလုံးက အရူးဆိုတဲ့အထာနဲ့
ဝိုင်းကြည့်ကြသည်...။
မမှုပါ...ဒါမျိုးတွေက သူတို့အဖွဲ့ထဲမှာ
ဦးသူကြည့်ကြေးမလား...။
Chenက လက်ခုပ်တီးတာ အားရမှ...
"ကဲ...တကယ်တော့ပုံပြင်လေးရဲ့ဆိုလိုရင်းက.."
အင်း~~~
ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတတ်ပီး
အရာရာကို စဉ်းစားဆင်ခြင်ဥာဏ်နဲ့ ဆုံးဖြတ်
တတ်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့
တည်ရှိမှုအနေအထားကို ဖော်ပြတာ...။
ဒါက ကျောင်းအုပ်ကြီး အတွေးထဲက
ဆိုလိုရင်း...။
သို့ပေမယ့်...
Chen၏ ဆိုလိုရင်းက...
"ကုန်သည်ခေါင်းဆောင်ကြီးရဲ့ မိုက်မဲမှုကို
ပြတာ..."
O_0
"တစ်ကယ်ဆို...ဖုန်းတွေဒီလောက်ပေါနေတာပဲ
ရေသန့်ကားတစ်ကားလောက်ဖုန်းဆက်ခေါ်
လိုက်ရောပေါ့...
ဖုန်းမပေါ်တဲ့ခေတ်မှာ မွေးတဲ့ ခေါင်းဆောင်
တစ်ဦးရဲ့ မိုက်မဲမှုကို ညွှန်းဆိုတာ ပုံပြင်လေးက"
ယုံယုံကြည်ကြည်ကို ကောက်ချက်ချလိုက်
သော Chenဆုံးဖြတ်ချက်ကို သူ့လူတွေကလဲ
ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံကြသည်။
Taoဆို သူ့အိတ်ထဲက ဖုန်းလေးကိုထုတ်ပီး
ယုယုယယလေးပွတ်ကာ...
"ဖုန်းလိုတယ် ဖုန်းလိုတယ်"ဟု ခပ်တိုးတိုး
ရေရွတ်နေသည်...။
မြို့အုပ်မှူးက ကျောင်းအုပ်ကြီးကို
အူကြောင်ကြောင်လှမ်းကြည့်တော့...
ကျောင်းအုပ်ကြီး မမြင်ချင်ယောင်ဆောင်ပစ်
လိုက်သည်။
ပစ်ထားလိုက်မယ်...အဲ့ဒီမြို့မှူး သူ့အပြစ်နဲ့သူ
ခံစေပဲ...။
သည်လောက်တားထားတာကို ဂျင်ကလည်တွေ
ကိုမှ ဟောပြောနေစေချင်တာ ခံစမ်းဟဲ့...။
ကျောင်းအုပ်ကြီး၏ မမြင်ချင်ယောင်ဆောင်ကာ
တမင်လှည့်ထားသော ခေါင်းကို
ရှေ့ချက်ချင်းပြန်လှည့်လာစေအောင်
စွမ်းဆောင်လိုက်သည့်
ဟောပြောသူ နောက်တစ်ယောက်က...
"Annyeong...wuri babyတို့...
Babyတို့ဆီ ဒီနေ့ hyungတို့ရောက်လာတာက
ပုံပြင်လေးတွေဟောပြောပေးဖို့...
ပုံပြင်လေးတွေဆိုပေမယ့် ဘဝအကြံပေးချက်
တွေ အများကြီးပါဝင်နေတာမို့...
ကလေးတို့က သေချာလိုက်မှတ်ထားနော်။
အဲသလိုဘဝအကြံပေးချက်တွေကိုပေးဖို့
Hyungတို့က အခုဒီနေရာကိုရောက်လာရတာ။
Hyungတို့ဒီနေရာကို ရောက်လာပီဆိုတော့ကာ
ရည်ရွယ်ချက်က ပုံပြင်လေးတွေပြောဖို့...
ပုံပြင်လေးတွေမှာ ပါနေတာက...."
"Yah!!!Kim Suho..."
ဟုတ်တယ်...Suho...။
နောက်ဆုံး သည်းမခံနိုင်တော့တယ့်ပုံနဲ့
ထအော်လိုက်သော Krisကြောင့်သာ...
Suho နိဒါန်းပျိုးနေတာ ရပ်သွားတော့သည်။
နှုတ်ဆက်စကားတောင် ထမင်းတစ်အိုးကျက်
စာ ကြာနေရင်...
ပုံပြင်သာဆိုရင်တော့...
အင်း~~~အခုကတည်းက
toiletသွားစရာရှိတာသွားထားရမလားပဲ...။
နေရာလေးကို ဟိုရွှေ့ဒီရွှေ့ထိုင်ရင်း ...
ကျောင်းအုပ် စိတ်ဓာတ် အဝီစိထိထိုးကျသွားရ
သည်...။
ရှေ့ဆုံးက Suhoကတော့
အာပေါင်အာရင်းသန်ဟန်နဲ့ ပုံပြင်ကို
စလေတော့သည်...။
::::::::::::::::::::::::: JGL :::::::::::::::::::::::::
သည်Ficလေး အရမ်းကြာသွားတယ်ကော...
စောင့်နေကြရသူတွေ အားနာပါတယ်လို့...။
နည်းနည်းလေးပဲဖြစ်ဖြစ် ပြုံးလိုက်မိရင်ပဲ
ကျွန်တော့်ကို ခွင့်လွှတ်ပေးလိုက်ကြပါ...။
Fbဘက်ရောက်နေတာမို့...
Wpကို အရောက်နည်းနေတယ်...။
Wpဘက်လေး ပြန်လှည့်လာခဲ့လိုက်ပါ့မယ်...။
အားလုံးကို ချစ်ခင်ခြင်းများစွာဖြင့်...
လေးစားခြင်းများစွာဖြင့်...
ခင်မင်ခြင်းများစွာဖြင့်...
အာ...ပြောဖို့မေ့နေတာ...
ကျွန်တော့်အတွက် အသက်ဆက်ဆေးက
ဘာလဲဆိုတာ ခဗျားလေးတို့ကို မပြောလဲသိမှာပါနော်... :D