ဆူဟိုထိုင်နေတဲ့ဝှီးချဲလ်လေးကိုတွန်းရင်း
နှစ်ယောက်သားအတူတူလေညှင်းခံထွက်လာခဲ့
ကြသည်။ဆေးရုံဝင်းကြီးကအလွန်တရာကိုပင်ကျယ်
ဝန်းလှသောကြောင့်xingတို့နှစ်ယောက်ကဲ့သို့ပင်လေ
ညှင်းခံထွက်လာကြသောလူနာများကလည်းxing
တို့ရဲ့ဘေးပတ်ဝန်းကျင်၌ဟိုတစ်စု၊ဒီတစ်စုနဲ့စုစု
ရုံးရုံးရှိနေကြသည်။
ဆေးရုံဝင်းကြီးထဲမှာရှိနေတဲ့လမ်းသွယ်လေးများ
ကလည်းအလွန်ပင်လှပသည်။လမ်းလေးတွေက
ဖြောင့်ဖြူးသာယာလှသလိုတစ်ချို့လမ်းသွယ်လေး
များသည်ကျဉ်းမြောင်းသွားသည်။တစ်ချို့လမ်းသွယ်
လေးတွေကျပြန်တော့ကျယ်ပြန့်သွားကြပြန်သည်။
အချို့နေရာများတွင်ဝက်အူရစ်ကဲ့သို့ခွေခေါက်ကျ
နေကြသောနွယ်ပင်များနှင့်သစ်ကိုင်းများကလည်း
အရိပ်ရကသစ်ပင်ကြီးတွေကြားထဲမှသိသာစွာထိုး
ထွက်နေကြသည်။
တစ်နေရာအရောက်မှာတော့ xingတွန်းလာခဲ့တဲ့
ဝှီးချဲလ်လေးကရုတ်တရက်ရပ်တန့်သွားသည်။
ကျွန်တော်xingကိုမော့ကြည့်လိုက်တော့သူမက
ကျွန်တော့်ငုံ့မိုးကြည့်၍လတ်လတ်ဆက်ဆက်အပြုံး
တစ်ခုကိုပေးသွားသည်။
”ဆူဟို xingတို့ဒီမှာခဏနားရအောင်နော်
ဒီနေရာကလူလည်းနည်းနည်းရှင်းတော့ရှင်လည်း
အနားယူရတာစိတ်သက်သောင့်သက်သာဖြစ်တာ
ပေါ့...လာ...xingကိုတွဲ...ဟိုးကကန်ဘောင်လေး
ပေါ်သွားထိုင်ကြမယ်နော်”
ပြောဆိုနေရင်းxingရဲ့လက်တွေကကျွန်တော့်ခါး
နားဆီရောက်လာကာညင်သာလွန်းသောထိတွေ့
မှုတွေနဲ့ဝှီးချဲလ်ပေါ်မှာထိုင်နေတဲ့ကျွန်တော့်ကို
ထူမပေးရှာသည်။ထို့နောက်တွင်သူမကကျွန်တော့်
လက်ကိုတွဲ၍ကန်ဘောင်လေးရှိရာသို့ဖြေးညင်းစွာ
ခေါ်ဆောင်သွားခဲ့သည်။
အမှန်ပြောရလျှင်..ကျွန်တော်အလုပ်လုပ်နေတဲ့ဒီ
ဆေးရုံကြီးထဲမှာအခုရောက်ရှိနေတဲ့ဒီနေရာလေးကို
ကျွန်တော်အရမ်းနှစ်သက်တယ်။အရင်ကဆိုရင်ဒီ
နေရာလေးကို ကျွန်တော့်စိတ်ကူးထဲမှာ မရေတွက်
နိုင်အောင်ပင်xingနဲ့အတူတူခဏခဏလာဖူးတယ်။
ခုတော့စိတ်ကူးကနေတကယ့်လက်တွေ့ဖြစ်လာနေ
လို့ကိုယ့်ကိုကိုယ်အိမ်မက်များတောင်မက်နေတယ်
လို့ထင်မိတယ်။
ဒီနေရာလေးကဆေးရုံကြီးရဲ့အတွင်းဘက်ကျကျ
တစ်နေရာ၊ကျယ်ဝန်းတဲ့မြေပြန့်သဏ္ဍာန်ရှိပြီး၊မြက်
ခင်းစိမ်းစိမ်းလေးတွေနဲ့အရမ်းကိုလှပတဲ့နေရာလေး။
ထိုမြေပြန့်သဏ္ဍာန်မြက်ခင်းလေးရဲ့အလယ်မှာ
အလှတည်ဆောက်ထားတဲ့ရေကန်အငယ်စားလေး
တစ်ခုရှိတယ်။ထိုရေကန်ငယ်လေးမှရေစီးသံ သဲ့သဲ့လေးကြားရလျှင်ပင်မောပန်းမှုတွေပြေပျောက်သွားသလို၊လူလည်းလန်းဆန်းလို့သွားရသည်။
ကြည်လင်လှတဲ့ရေပြင်ကိုဗြုန်းခနဲမြင်လိုက်ရတော့
Xing တခဏမျှအသက်ရှူမှားသွားသည်။
”အိုး...ရေလေးတွေကြည်လင်နေတာပဲနော်..ရေ
ကလည်းအေးစိမ့်စိမ့်လေး”
Xingက ကန်ဘောင်ပေါ်ထိုင်ရင်း အောက်ခြေကြမ်း
ပြင်မှကျောက်ခဲသေးသေးလေးများကိုမြင်ရသည်ထိ
ကြည်လင်နေတဲ့ရေကိုလက်ဖျားလေးနဲ့တို့ထိကာ
သဘောတကျပြောဆိုနေသည်။
ထိုအချိန်တွင်နှင်းငွေ့တွေရောယှက်၍တိုက်ခတ်လာ
သောမြောက်ပြန်လေညှင်းနုနုကကျွန်တော်တို့နှစ်
ယောက်လုံး၏ခန္ဓာကိုယ်ပေါ်သို့ဝတ်ရုံပါးတစ်ထည်
လွှမ်းခြုံသလိုဖြေးညင်းစွာလွှမ်းခြုံသွားသည်။
တိုက်ခတ်လာသောလေထဲတွင်အအေးဓာတ်လေးကအနည်းငယ်ပါလာတာကြောင့်xingရော
ကျွန်တော်ရောခန္ဓာကိုယ်လေးတွေကရုတ်တရက်
တုန်တက်သွားကြသည်။
”ဆူဟို ချမ်းနေပြီလား..”
နွေးထွေးကြင်နာသောအသံတစ်ခုကိုနီးကပ်စွာ
ကြားလိုက်ရပြီးနောက်မှာ..ကျွန်တော့်ခန္ဓာကိုယ်
ပေါ်သို့မိန်းကလေးဝတ်အမွေးပွပွlong coat
အနွေးအကျီင်္ီတစ်ထည်ကပုခုံးထက်တွက်လွှမ်းခြုံ
လို့သွားခဲ့သည်။
ကျွန်တော့်ခန္ဓာကိုယ်ပေါ်သို့xingရဲ့အနွေးအကျီင်္ီ
လေးလွှမ်းခြုံပေးလိုက်သည်ကိုသိလိုက်ရချိန်မှာ
ကျွန်တော့်ရဲ့ဘယ်ဘက်ရင်အုံနားမှနှလုံးသားလေး
သည် နွေးခနဲ၊သိမ့်ခနဲဖြစ်ကာတလှပ်လှပ်နဲ့ရင်ခုန်
နှုန်းတွေမြန်လာသလိုလိုခံစားလိုက်ရသည်။
Xingရဲ့ဂရုဏာမျက်ဝန်းဟောင်းတွေကခုထက်
ထိကျွန်တော့်နှလုံးသားကိုဖမ်းယူစားသောက်နေ
တုန်းပါပဲ...
”မင်းလည်းငါ့ဘေးနားမှာလာထိုင်လေ..လာဒီ
ဘက်နည်းနည်းတိုးထိုင်”
ကျွန်တော်နဲ့နှစ်တောင်လောက်ခွာထိုင်နေတဲ့xing
ကိုဘေးချင်ကပ်ထိုင်ရန်ကြားထဲမှာလွတ်နေတဲ့နေရာ
လေးကိုပုပ်ပြရင်းပြောလိုက်တော့xingကကျွန်တော့်နားကိုကပ်၍တိုးထိုင်လိုက်သည်။
”ကျေးဇူးပါxingရယ်...ဘေးနားမှာရှိနေပေးလို့”
အဆုံးအဆမရှိ ပြောချလိုက်တဲ့ဆူဟိုရဲ့စကား
သံက ချိုလှသည်။ရုတ်တရက်မို့ကြားလိုက်ရ
သည့်ထိုစကားသံကြောင့်xingလည်းအမှတ်မထင်ဆူဟိုကိုငေး၍ကြည့်မိသွားသည်။
Xingငေးကြည့်လိုက်ချိန်တွင်ဆူဟိုမျက်ဝန်းများ
တွင်ကြည်နူးနှစ်သက်ခြင်းအရိပ်အယောင်များဖုံး
လွှမ်းကာ၊နှုတ်ခမ်းထောင့်စွန်းများကလည်းကော့
ညွှတ်၍ပြုံးနေသေးသည်။
”ရော့..မင်းပါခြုံထားလေ..ငါ့ကိုခြုံပေးထားတော့
မင်းချမ်းနေမှာပေါ့..ရော့..ခြုံလိုက်နော်၊တစ်ထည်
ထဲဆိုတော့တစ်ယောက်တဝက်မျှခြုံတာပေါ့”
လို့ပြောရင်းသူ့စကားတွေရဲ့အဆုံးသတ်မှာxing
ကိုယ်ပေါ်သို့အနွေးအကျီင်္ီလေးတစ်ဝက်တစ်ပျက်က
လွှမ်းခြုံလာပြီးသည့်နောက်မှာတော့..ရုတ်တရက်ပင်
ဆူဟိုရဲ့လက်တွေကxingရဲ့ပုခုံးကိုအလိုက်
သင့်လေးထွေးပွေ့ပြီးသားဖြစ်သွားသည်။
ချက်ချင်းကြီးကောက်ခါငင်ခါဆူဟိုရဲ့လုပ်ရက်
ကြောင့်xingလည်းအံ့သြမိသွား၍ဆူဟိုကိုပြန်
ကြည့်မိလိုက်စဉ်မှာတော့...စူးစူးရဲရဲကိုစိုက်ကြည့်
ကာကြွေပြနေသောဆူဟိုရဲ့ညှို့မျက်ဝန်းတွေကြောင့်
Xingမှာခြေဖျားလက်ဖျားများပင်အေးစက်လာ
ခဲ့သည်။ရုတ်တရက်ကြီးဗြုန်းခနဲတွေ့လိုက်ရတဲ့သူ့
မျက်ဝန်းတွေကြောင့်xingမှာကြောက်လန့်တကြား
မျက်လွှာချလိုက်ပေမယ့်ဆူဟိုကတော့အကြည့်တစ်
ချက်မှမလွှဲပဲxingကိုသေချာစွာစူးစိုက်ကြည့်မြဲ
ကြည့်နေခဲ့သည်။
”မင်းကိုအရမ်းချစ်တယ်”
ဆူဟိုကxingလက်ကိုဆွဲကိုင်ရင်းတည်ငြိမ်လေး
နက်သောအသံဖြင့်ပြောလာသည်။တစ်ကြိမ်တည်း
ကြားရခြင်းဖြစ်ပေမယ့်xingနားထဲမှာအကြိမ်ကြိမ်
ပြန်ကြားနေရသလိုပါပဲ။အကြာကြီးစောင့်မျှော်နေ
ခဲ့ရတဲ့သူဆီက ဒီစကားလေးကိုကြားလိုက်ရတော့
Xingရင်ထဲမှာ ပျော်ရွှင်မှုတွေက အတိုင်းမသိ
ပဲ့တင်ထပ်သွားရသည်။ကျွန်မအရမ်းပျော်တာပဲ
ဆူဟိုရယ်။
”လာ..ကိုယ့်ပုခုံးပေါ်မှာမှီအိပ်”
”ကိုယ်”
ဘုရားရေ!!တစ်သက်နဲ့တစ်ကိုယ်xingရှေ့မှာ
မပြောဘူး၊မသုံးဘူးတဲ့စကားလုံးတွေနဲ့ သူ့ကိုယ်
သူ ”ကိုယ်” တဲ့လေ။
Xingချက်ချင်းပင်ဆူဟို့နဖူးကိုပြေးစမ်း၍
”ဆူဟို ရှင်နေကောင်းပါတယ်နော်
ဖျားလည်းမဖျားဘူး၊ကိုယ်လည်းမပူပါဘူး”
”အင်းလေ..ကိုယ်မဖျားပါဘူး..ဘာလို့”
မျက်လုံးတောက်တောက်လေးများဖြင့်ချစ်စဖွယ်
အပြစ်ကင်းစင်စွာ သူ့ကိုလက်ညိုးကြီးတထိုးထိုး
ဖြင့်မေးလာတဲ့xingကိုကြည့်ပြီး..သူရဲ့ရီချင်စိတ်တို့
ကိုမနည်းထိန်းထားရတယ်။
”ခုနက..ခုနက ရှင့်ကိုယ်ရှင်..”ကိုယ်”လို့ပြော
လိုက်သလားလို့...တစ်ခါမှအဲ့လိုမျိုးxingရှေ့မှာ
မပြောဖူးပဲနဲ့...”
”အော်....ကိုယ့်ကောင်မလေးရှေ့မှာ ကိုယ် လို့
ပြောတာပဲ ဘာမှားလို့လည်း”
”အွမ်”
အမယ်လေး!!စကားတက်ချက်!!
မေးမိတဲ့xingကအပြစ်ပေါ့နော်...
”ကိုယ့်လက်ကိုတွဲ..ဒီဆေးရုံထဲမှာအရမ်းလှတဲ့နေရာ
လေးတစ်နေရာရှိသေးတယ်..မင်းကိုလိုက်ပြမယ်..
ရော့..အနွေးအကျီင်္ီလေးပြန်ဝတ်လိုက်အုံး”
ဟုဆိုကာဆူဟိုကxingလက်ကိုဆွဲရင်းရှေ့မှ
လျောက်လေသည်။ဒီနေ့မနက်မှ နှင်းက အငွေ့
အမှုန်လေးများအဖြစ် ကျဲပါးစွာကျရောက်နေခဲ့
သည်။ပိန်းပိတ်အောင် မြူနှင်းထုအဖြစ်ကျဆင်းလာ
ခြင်းတော့မဟုတ်။တိုက်လာတဲ့လေကအေးစိမ့်စိမ့်
နိုင်လှပေမယ့် ချစ်တဲ့သူရဲ့လက်ကို ဆုပ်ကိုင်ထားရ
လို့လားမသိ xing တစ်ကိုယ်လုံးတုန်နေအောင်
ချမ်းလာခြင်းမျိုးမရှိခဲ့ပေ။
ချစ်ခြင်းမှာမှန်ကန်တဲ့နိယာမသဘောတရားရှိတယ်
ဆိုတာကိုxingသိလိုက်ပြီ။ဆူဟိုဆီကနေပြန်
လာခဲ့တဲ့ချစ်ခြင်းနိယာမသဘောတရားဟာ အခုတော့xingနှလုံးသားကိုရိုက်ခတ်သွားပြီလို့ထင်ပါ
တယ်။ပင်လယ်ပြင်ကရိုက်ခတ်သမျှလှိုင်းတိုင်းကမ်းစပ်ဆီကိုပဲရောက်သွားရသလိုဆူဟိုဆီကရိုက်ခတ်လိုက်သမျှချစ်ခြင်းတိုင်းကလည်း xingဆီကိုပဲရောက်
ရောက်လာနေတယ်လေ။
ခဏကြာတော့ ဆူဟိုဆီမှပျော်ရွှင်မှုတွေဆွတ်ပျံ့
နေတဲ့စကားသံလေးကိုကြားလိုက်ရတယ်။
”xingရေ...မင်းမျက်စိတစ်ဆုံးကြည့်လိုက်စမ်း
ဘယ်လောက်လှတဲ့မြင်ကွင်းလေးလည်းလို့”
အိုး...ဟုတ်ပါရဲ့..လှလိုက်တာနော်!!!
ချယ်ရီပင်တွေကမျက်စိတစ်ဆုံးကိုဖူးပွင့်ဝေလို့။
မြေမှာကြွေနေကြတဲ့ချယ်ရီပွင့်ဖတ်လေးတွေက
လည်းxingတို့နှစ်ယောက်အတွက်လျှောက်လမ်း
လေးလုပ်ပေးထားကြသလိုမြေမှာဆင်းကြွေနေလိုက်
တာဖွေးဖွေးကိုလှုပ်လို့
"လှလိုက်တာ !!လှလိုက်တာ ဆူဟိုရယ်”
ဒီလိုကဗျာဆန်လှတဲ့နေရာလေးမှာxingတို့နှစ်
ယောက်အတူတူရှိနေကြတာတွေးကြည့်ရင်လေ
အရမ်းရင်ခုန်ဖို့ကောင်းတယ်။ဆူဟိုကိုတစ်ချက်
လှည့်ကြည့်လိုက်တော့ သူကလည်းxingကိုပြုံး
၍ကြည့်နေပြန်သည်။ရုတ်တရက်ကြီးxingမှာ
ဆူဟိုကိုစချင်စိတ်ဝင်လာတာကြောင့်မြေကြီးမှာ
ကြွေကျနေတဲ့ချယ်ရီပွင့်ဖတ်တွေကိုလက်ခုပ်ဖြင့်
ခပ်၍ ဆူဟို ကိုကျဲကာပက်လိုက်သည်။
မထင်ထားခဲ့သည်မို့ဆူဟိုမှာရုတ်တရက်မှင်သက်
သွားခဲ့ပြီးထိုနေရာ၌ပင်ခြေတစ်လှမ်းမျှမရွှေ့ပဲ
Xingကိုငေး၍ကြည့်နေလေသည်။
ပန်းပွင့်ဖတ်တွေနဲ့ဆူဟိုကိုအားရပါးရပေါက်အပြီး
xingမှာသူနဲ့မလှမ်းမကမ်းဝေးသောနေရာသို့ထွက်
ပြေးပြီးဆူဟိုကိုပြန်လှည့်ကြည့်ကာ”ဘလက် ဘလက်”
ဟုပြောင်ပြလိုက်သည်။
”xing.....မင်းအရင်စတာနော်။နောက်မှကိုယ့်ကို
အပြစ်မတင်နဲ့..”
ဟုလှမ်းအော်ပြောရင်းဆူဟိုကလည်းအားကျမခံ
လက်ခုပ်နှစ်ဖက်ဖြင့်ပန်းအကြွေတွေကိုအားရပါးရယူပြီးxingကိုလိုက်၍ပေါက်လေသည်။
Xingနဲ့အပြန်အလှန်တလှည့်ဆီပန်းတွေနဲ့ပေါက်
နေကြပေမယ့် ကျွန်တော့်အမြင်အာရုံထဲ၌xingရဲ့
ပုံရိပ်များသည်ယိုင်ထိုးရွဲ့စောင်းကာလှုပ်ရှားနေ
ကြသည်။ခေါင်းထဲမှာလည်းတရိပ်ရိပ်နဲ့မူးနောက်
လာသည်။xingရဲ့ပျော်ရွှင်မှုလေးတွေကိုမဖျက်စီး
ရက်လို့သာမပြောပဲဟန်ဆောင်နေပေမယ့်...
တဖြည်းဖြည်းနဲ့ခေါင်းထဲမှာပို၍ပို၍မူးနောက်လာသည်။
”အား...”
မခံနိုင်တော့သည့်အဆုံးခေါင်းကိုလက်နှင့်ဖိကာ
ကျွန်တော်ထိုင်ချလိုက်မိတော့xingမှာစိုးရိမ်တကြီး
အပြေးတစ်ပိုင်းနဲ့ကျွန်တော့်အနားသို့ရောက်လာ
လေသည်။စိုးရိမ်ပူပန်မှုကြောင့်xingရဲ့မျက်နှာလေး
မှာလည်းပျက်ယွင်းယွင်းဖြစ်နေရှာသည်။
”ဆူဟို..xingကိုတွဲ..xingကိုတွဲ..xingကိုတွဲ
ပြီးထနော်..လာ..လာ..ဟိုနားကသစ်ပင်ရိပ်လေး
မှာxingတို့ခဏသွားထိုင်ရအောင်”
Xingကိုတွဲကာထိန်းပြီးလျှောက်နေပေမယ့်
ကျွန်တော့မှာလှိုင်းမူးနေသောလှေငယ်လိုဖြစ်
နေသည်။ဘေးပတ်လည်မှာမြင်နေရသော အရာ
ဝတ္တုအားလုံးမှန်သမျှတို့ ကျွန်တော့်မျက်ဝန်း
ထဲ၌တရိပ်ရိပ်နဲ့ပြေးလွှားနေကြသည်။
နင်းလျောက်နေသောမြေကြီးကပင်လျင်လှိုင်းများ
ကဲ့သို့လျှင်မြန်စွာရွေ့လျားနေကြပြီးကျွန်တော့်
အာရုံကိုထွေပြားစွာမူးနောက်ရီဝေစေခဲ့သည်။
”ဆူဟို...ဆေးရုံကိုပြန်ကြရအောင်နော်
ရှင်မူးနေတာ..တော်ကြာဒီမှာရှင်တစ်ခုခုဖြစ်သွား
ရင်ဘယ်လိုလုပ်မလည်း..xingတို့ဆေးရုံပြန်ကြရ
အောင်နော်”
သစ်ပင်ခြေရင်း၌မျက်ဝန်းတွေမှတ်ကာနားနေ
သောကျွန်တော့်အားxingကစိုးရိမ်သောလေသံ
လေးများဖြင့်ပြောနေရှာသည်။သူ့အသံတွေက
တုန်ယင်လှိုက်မောနေလို့မျက်ဝန်းတွေဖွင့်ကာ
မကြည့်လည်း xing ငိုနေတယ်ဆိုတာကိုကျွန်
တော်သိလိုက်သည်။
”ကိုယ်ဘာမှမဖြစ်ပါဘူးxingရယ်..အဲ့ဒီမျက်ရည်
တွေကျမလာပါနဲ့..လာ..ကိုယ့်ရင်ခွင်ထဲကိုလာခဲ့”
လို့ကျွန်တော့်ရင်ဘတ်ကိုပုတ်ပြကာxingကိုချော့
ပြောရင်းရင်ခွင်ထဲသို့ဆွဲသွင်းကာသူမကိုထွေးပွေ့ထားလိုက်မိသည်။
ဆူဟိုရဲ့ရင်ခွင်ထဲဘယ်လိုxingရောက်သွားမိသည်
မသိ။သတိထားလိုက်မိချိန်မှာတော့ဆူဟိုရဲ့လက်
တွေကXingလွတ်ထွက်သွားမည်ကိုစိုးရိမ်နေသည့်
အလားတင်းကျပ်စွာနဲ့ပွေ့ဖက်ထားနေခဲ့သည်။
”ဆောရီးပါxingရယ်..မင်းစိတ်ပူသွားရပြီ”
လို့xingကိုငုံ့ကြည့်ကာဆူဟိုကစိတ်မကောင်းဟန်
ဖြင့်ပြောလာသည်။
”ကိုယ်လေ..မင်းကိုဒီလိုမျိုးပုံစံတွေတကယ်မပြချင်
ဘူး။ကိုယ့်အတွက်နဲ့မင်းကျခဲ့ရတဲ့မျက်ရည်တွေက
နည်းတာမှမဟုတ်ပဲ။ခုနကလိုမင်းရီနေပြုံးနေ
တာတွေကိုမြင်ရတာကိုယ်အရမ်းသဘောကျတယ်
Xingရဲ့။နောက်ဆိုဘာပဲဖြစ်နေနေကိုယ့်အရှေ့မှာ
အမြဲပြုံးနေပေးပါကွာ...နော်”
ကျွန်တော့်ရင်ခွင်ထဲ၌ကလေးငယ်တစ်ယောက်
လိုရှိနေသောxingကိုအမြတ်တနိုးငုံ့ကြည့်၍
စကားတွေပြောပြီးနောက်မှာxingရဲ့နဖူးလေးကို
တစ်ချက်ခပ်ဖွဖွကလေးနမ်းလိုက်သည်။
ဆူဟိုကတော့ဘာမှမသိပေမယ့် သူပေးလိုက်
သောအနမ်းတစ်ချက်တွင်xingမှာအပြုစားခံ
ရသူတစ်ယောက်လို အသိစိတ်ကင်းကာမှင်
သက်သွားမိသည်။
ထို့နောက်တော်တော်ကြာကြာကြီးသူစိမ်းဆန်ခဲ့တဲ့ဆူဟိုရဲ့နှုတ်ခမ်းများက သူ့ကိုမော့ကာကြည့်နေမိသောXingမျက်နှာဆီသို့တဖြည်းဖြည်းချင်းနိမ့်
ဆင်းလာလေသည်။
”ယူမယ်မလားဟင်...ကိုယ့်အနမ်းတွေကို”
ဒီအချိန်မှာငြင်းဆန်ရန်အင်အားကင်းမဲ့နေသော
Xingနှလုံးသားလေးသည် ဆူဟိုရဲ့ညို့ချက်တွေ
အောက်မှရုန်းမထွက်နိုင်တော့သောကြောင့်xing
မသိလိုက်ခင်အချိန်လေးမှာပဲခေါင်းညိတ်မိပြီးသား
ဖြစ်သွားခဲ့ရသည်။
ရှက်ရွံ့ခြင်းကြောင့်ပန်းသွေးရောင်ပြေးနေသော
Xingရဲ့မျက်နှာလေးသည်ကျွန်တော့်အတွက်
အသဲယားစရာကောင်းလွန်းလှသဖြင့်၊နူးညံ့အိစက်
လှသောသူမနှုတ်ခမ်းထက်၌ချိုမြိန်သောကျွန်တော့်၏
အနမ်းတွေကို ပို၍ပို၍..ပိုချွေခဲ့မိသည်။
Xingမျက်နှာဆီသို့နီးကပ်စွာငုံ့ဆင်းလာသော
ဆူဟိုရဲ့မျက်နှာကိုမြင်လိုက်ရသောအခါxingမှာ
အထင်များမှားသလားလို့ပင်ထင်မြင်မိသည်။
ဘာလို့ဆိုလျှင်....
ဆူဟိုရဲ့မျက်ဝန်းတွေသည် အညိုရောင်။
နှုတ်ခမ်းတွေသည် ခပ်ပါးပါး။
နက်မှောင်လှသောသူ့ဆံပင်တွေကနဖူးစပ်နှင့်
မျက်ဝန်းတွေကြားမှာဝဲလွင့်ကျနေကြပြီးဖြူဖွေးရှင်း
သန့်လှသောဆူဟို၏မျက်နှာသည် အချစ်၏စွဲအား
တွေကြောင့်နီသွေးရောင်သန်းနေခဲ့သည်။
..............................
မိမိအရှေ့မှာ..အချစ်အတွက်ဒူးထောက်အရှုံးပေး
ခဲ့တဲ့မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်
အတွက်အောင်နိုင်ခြင်းဆုလာဘ်တစ်ခုလားဆိုတာ
ကိုxingနားမလည်ပေမယ့်......
Xing...ကိုယ့်အနားမှာပဲအမြဲနေချင်ပါတယ်။
”ကမ္ဘာကုန်ကျယ်
မြေမှာအသက်နှင်း
ထာဝရမလှနိုင်ပေမယ့်
တွယ်တာမြတ်နိုး
ကိုးကွယ်သည့်အချစ်က
သေကာသွားသည်
ထာဝရလှသည်”
Xingတို့နှစ်ယောက်လုံးရဲ့ချစ်ခြင်းတွေ
ထာဝရလှပမှုတွေနဲ့ပဲအဆုံးသတ်ကြမယ်နော်။
.
.
.
.
နော်sweetချက်များလွန်သွားသလားမသိဘူးရယ်
ဖတ်လို့မကောင်းဖြစ်သွားခဲ့ရင်မီအာနဲ။
ရှည်ကြီးရေးပေးထားတယ်နော်ချစ်တို့