ထိုဆိတ်ငြိမ်မှုသည် ဘယ်လောက်ကြာအောင်သွား
နေမိသည်မသိ။သူ့နားထဲတွင်မကြားဖူးသောအသံ
တစ်မျိုးကိုကြားလိုက်ရသည်။ထိုအသံသည်သူမ၏
ရှိုက်သံပင်ဖြစ်၏။
တစ်ချက်တစ်ချက်မှကြားရသည့်သူမ၏ရှိုက်သံများသည်ကျွန်တော့၏နားထဲတွင်အကြိမ်ကြိမ်ပဲ့
တင်ထပ်သွားရသည်။
သူမရဲ့ရှိုက်သံတွေကကျွန်တော့်ကိုပို၍ယူကျုံးမရ
ဖြစ်စေရတယ်လေ။
”ငါ..မင်းကိုစွန့်ပစ်ခဲ့တဲ့ကောင်ပါ။
မင်းဘက်ကနေစပြီးလက်ကမ်းပေးခဲ့ရင်တောင်
ငါ့ဘက်ကနေရဲရဲဝံ့ဝံ့မတွဲနိုင်တဲ့အနေအထားဖြစ်
နေပြီ၊အမှန်ဆိုမင်းငါ့နားကနေရုန်းထွက်သွားရ
တော့မှာ...ငါ့လိုလူကိုဘာတွေများတွယ်တာစရာ
တွေရှိနေလို့ငါ့အနားကနေထွက်မသွားနိုင်ဖြစ်နေ
ရတာလည်းXingရယ်”
”နေသားတကျဖြစ်နေလို့လေ...ရုန်းထွက်လေနစ်ဝင်လေနဲ့နွံအိုင်နဲ့တူတဲ့ရှင့်ဘတ်ကxingအတွက်နေ
သားတကျဖြစ်နေလို့ပေါ့...”
ကျွန်တော်တို့နှစ်ယောက်ကြားမှာရှိတဲ့မတူညီတဲ့
အစွန်းအစနှစ်ဖက်ကိုတွေဝေခြင်းမရှိပဲပြောချလိုက်
တဲ့xingရဲ့စကားတစ်ခွန်းကကြိုးညှိပေးလိုက်သ
လိုဖြစ်သွားစေခဲ့တယ်။
”xingလေ..ရှင့်ကိုယောင်လို့တောင်မမုန်းခဲ့ပါဘူး၊
ရှင်ကနာကျင်မှုတွေပေးခဲ့ရင်တောင်ကျွန်မကအဲ့ဒီနာ
ကျင်မှုထဲကနေကြည်နူးမှုကိုလိုက်ရှာတက်တဲ့သူပါ
ရှင့်ကိုမမုန်းရက်လို့၊ကြေကွဲစရာတွေပေးရင်တောင်
အဲ့ဒီကြေကွဲမှုတွေထဲကကျွန်မကအလွမ်းကိုဖန်တီးယူတဲ့သူပါ။ရှင်နဲ့ပတ်သတ်သမျှနာကျင်မှုရယ်လို့
ကျွန်မဘယ်တော့မှမတွေးခဲ့ဖူးဘူး။အဲ့ဒါကြောင့် နေသားတကျဖြစ်နေတဲ့ရှင့်ရဲ့နွံအိုင်လေးထဲမှာxingကိုနေခွင့်ပေးပါနော်”
Xingကကျွန်တော့်မျက်လုံးများကိုတည့်မတ်စွာစူး
စိုက်ကြည့်နေရင်းပြောနေသည်။xingရဲ့မျက်လုံးများ
တွင်သူ့အပြောကိုနာခံစေလိုသောအရိပ်အယောင်များကိုမြင်တွေ့လိုက်ရသည်။ ဟင့်အင်း..အဲဒီမျက်
လုံးတွေနဲ့ ကျေးဇူးပြုပြီးမကြည့်ပါနဲ့xing။အဲ့ဒီမျက်
လုံးတွေနဲ့ ရင်ဆိုင်ရပြီဆိုရင်ငါ့ရဲ့တွန်းလှန်နိုင်တဲ့ခွန်
အားမှန်သမျှအရည်ပျော်ပျောက်ဆုံးသွားတက်လွန်း
လို့..ငါ့ကိုအဲ့မျက်လုံးတွေနဲ့မကြည့်ပါနဲ့။
ကျွန်တော်သည်အချိန်တော်တော်ကြာကြာ xing
ရဲ့အကြည့်မှာ တွေဝေငေးငိုင်ရင်း နှုတ်ဆွံအနေမိ
တယ်။
”လာ...ရေပတ်တိုက်ပြီးအကျီင်္ီလဲပေးမယ်နော်”
နောက်ဆုံးxingရဲ့တိုးတိတ်စွာချော့မြှူသံစကား
အဆုံးမှာကျွန်တော်ဟာသူ့လက်ထဲ၌ကလေးငယ်
တစ်ယောက်လိုဖြစ်သွားရရှာတယ်။
ခဏကြာတော့အငွေ့တထောင်းထောင်းထနေတဲ့
ပန်ကန်းလုံးလေးကိုကိုင်လျက်xingကျွန်တော့်အ
ရှေ့ကိုရောက်လာပြန်တယ်။ကျွန်တော့်မျက်စိရှေ့
ကနေနာရီဝက်လောက်ပျောက်သွားတဲ့သူမက
ကျွန်တော့်အတွက်မနက်စာကိုဆိုင်ကနေတကူးတ
ကသွားဝယ်လာပုံရသည်။
ခုတင်ပေါ်ကိုတစ်ယောက်စာစားပွဲခုံလေးတင်၍
အငွေ့တွေဝေနေသောပူပူနွေးနွေးဆန်ပြုတ်ပန်း
ကန်လေးကိုကျွန်တော့်အရှေ့လာချပေးတယ်။
”သောက်လိုက်နော်..ဆန်ပြုတ်ကိုဆူဟိုမကြိုက်ဘူး
ဆိုတာသိပေမယ့်ခုချိန်မှာဆူဟိုနဲ့တည့်တာဆန်ပြုတ်
ပဲရှိလို့xingဝယ်လာခဲ့တာ..နည်းနည်းဖြစ်ဖြစ်သောက်
လိုက်နော်”
ပါးစပ်ကပြောနေရင်းနဲ့အနည်းငယ်လွတ်နေတဲ့ခုတင်
ရဲ့ဘေးအစွန်းလေမှာxingကတစောင်းဝင်ထိုင်လိုက်
ပြီးစားပွဲပေါ်တွင်ချထားသောဆန်ပြုတ်ပန်းကန်လေး
ကိုအလိုလိုလက်ကလှမ်းယူလိုက်သည်။
”ဟ...xing..ခွံ့ ကျွေးမယ်နော်..”
စကားနဲ့တပြိုင်နက်ပင်ကျွန်တော့်ပါးစပ်နားသို့ဇွန်း
လေးကရစ်ဝဲလာသည်။
”ရပါတယ်..ဆန်ပြုတ်လောက်ကတော့ကိုယ့်ဟာ
ကိုယ်သောက်ပါ့မယ်”
ကျွန်တော့မျက်နှာကိုဇွန်းနဲ့ဆန့်ကျင်ရာဘက်သို့
ယိမ်းရင်းxingလက်ထဲကဇွန်းကိုလှမ်းယူလိုက်
ကာရှေ့မှာချထားတဲ့ဆန်ပြုတ်ပန်းကန်ထဲမှတစ်ဇွန်း
လောက်ခပ်၍သောက်လိုက်သည်။
လည်ချောင်းထဲသို့ပူပူနွေးနွေးစီးဝင်သွားသောဆန်
ပြုတ်ကိုမြိုချရင်းလွန်ခဲ့သောအတိတ်ဆီမှxingပြင်ဆင်ပေးခဲ့တဲ့ပထမဆုံးသောဆန်ပြုတ်လေးကိုသွားသတိရမိသည်။ကိုယ့်အတွေးနဲ့ကိုယ်မို့ကျွန်တော့ဘေးနားမှာထိုင်နေတဲ့xingကိုအားတုံ့အားနာစွာ
လှမ်းကြည့်လိုက်မိတဲ့အချိန်မှာဘာမှမသိတဲ့xingကတော့ကျွန်တော့်ကိုပြုံး၍သာငေးကြည့်လို့နေတယ်။
”သောက်လို့ကောင်းရဲ့လား၊ဒါလေးတော့ကုန်အောင်သောက်လိုက်နော်...”
နှုတ်ခမ်းစပ်မှာပေနေတဲ့ဆန်ပြုတ်အနည်းငယ်ကို
သူမကအသာယာသုတ်ပေးရင်းစကားချိုချိုလေး
တွေနဲ့ကျွန်တော့်ကိုကလေးငယ်တစ်ဦးသဖွယ်ချော့
မြှူကာပြုစုနေပြန်တယ်
Xingယူလာပေးတဲ့မနက်စာဆန်ပြုတ်ကိုစား
သောက်ပြီးခဏနားကာခုတင်ထက်၌ခေါင်းကို
နောက်မှီထားရင်းမျက်ဝန်းထဲမှာသူမကိုပုံဖော်
ကြည့်မိတယ်။ကျွန်တော့်ရဲ့မျက်ဝန်းပုံရိပ်တွေထဲ
မှာတောင်သူမကတော်တော်လေးကိုလှလို့နေတယ်
”ဘာတွေအဲ့လောက်စဉ်းစားနေတာလည်းဆူဟိုရ”
”မင်ဂျွန်း”
ကျွန်တော့်ခေါ်သံမှာမင်ဂျွန်းကခပ်ဖွဖွရီရင်း...
”ငါဝင်လာတာတောင်မသိတဲ့ကောင်..မင်းအတွေး
ထဲဘယ်ကောင်မလေးကဝင်ပြီးနေရာယူနေတုန်း
မဟုတ်မှလွဲရော....ငါသိနေတယ်နော်”
မင်ဂျွန်းကကျွန်တော့်ရင်ဘတ်ကိုနားကြပ်ဖြင့်
ထောက်ကာစမ်းသပ်ရင်း..လှောင်ပြုံးတစ်ခုပြုံးကာဆရာကြီးလေသံဖြင့်ခပ်ထေ့ထေ့ပြောချ
လိုက်သည်။ရင်ဘတ်၌ဟိုပြေးဒီပြေး၊ပြေးလွှားနေသောမင်းဂျွန်းရဲ့နားကြပ်ကိုလက်နှင့်အသာတွန်း
ဖယ်ရင်းဘဝင်မကျသောအကြည့်ဖြင့်မင်ဂျွန်းကို
တစ်ချက်ကြည့်ကာ့ခုတင်ပေါ်၌ထထိုင်လိုက်သည်။
”xingကို..မင်းသွားတွေ့လိုက်တာလား..”
ပြီးတော့..မင်းပြောခဲ့တယ်မလား..ငါ့ကိုနည်း
နည်းလေးတောင်မတိုင်ပင်ပဲ..ဘာလို့xingကို
သွားပြောရတာလည်း”
မင်ဂျွန်းကတော့ကျွန်တော့အမေးတွေကြားမှာတုန်
လှုပ်ခြင်းမရှိပဲသူလုပ်စရာရှိတာများကိုတည်တည်
ငြိမ်ငြိမ်နဲ့ဆက်တိုက်လုပ်ဆောင်သွားသည်။
အလုပ်တွေအားလုံးလုပ်ဆောင်လို့အပြီးမှာတော့
ကျွန်တော့်အနားမှာလာထိုင်၍
”ဘာလို့လည်းဆိုတာမင်းသိချင်လား..xingကိုဒီ
ထက်ဒီယူကျုံးမရမဖြစ်စေချင်တော့လို့..မင်းကိုလည်း
ဒီထက်ဒီကိုယ့်ကိုကိုယ်ပြန်မညာစေချင်တော့လို့
မင်းတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်နေရဲ့နဲ့...ကိုယ့်နှလုံးသားကိုကိုယ်ပြန်ပြီးညာနေကြ
တာတော်လောက်ပြီထင်လို့..ဘေးနားကနေကြည့်
နေရတဲ့ငါ့အဖို့တော်တော်ကြီးပင်ပန်းလွန်းလို့ကွာ
အဲ့ဒါကြောင့်သွားပြောလိုက်တာ...ရှင်းပြီလား”
ခနဲ့တည့်တည့်ရွဲ့တည့်တည့်နဲ့...မျက်နှာကြီးကိုမဲ့ရွဲ့
ကာပြောဆိုနေသောမင်းဂျွန်းရဲ့ရုပ်ကအလွန်ပင်
အူးယားလွန်းစရာကောင်းလှသည်။အမှန်ဆိုရင်
Xingဆီကိုသူသွားမပြောသင့်ဘူး။သွားပြောမယ်ဆို
လည်းအနည်းဆုံးသူ့သူငယ်ချင်းဖြစ်တဲ့ကျွန်တော့်ကို
နည်းနည်းလောက်ဖြစ်ဖြစ်တိုင်ပင်သင့်တာပေါ့။ခုတော့
သူ့စိတ်ကြိုက်သူ့သဘောနဲ့...
”သွားတော့ကွာ..မင်းတခြားလူနာတွေသွားကြည့်
တော့..ဖယ်..ငါပြန်အိပ်တော့မယ်”
ကျွန်တော့်ကိုခြေတစ်လှမ်းကျော်ပြီးအကွက်ကျော်
ရိုက်ခဲ့တဲ့မင်ဂျွန်းကိုစိတ်ဆိုးဒေါသထွက်သည့်ပုံစံလုပ်ပြကာခုတင်ပေါ်၌မသိချင်ယောင်ဆောင်၍အိပ်နေ
လိုက်သည်။
”တော်ပါကွာ..ဆူဟိုရာ..ငါ့ကိုမကြည်သလိုလာလုပ်
ပြနေတယ်..အမှန်ဆိုမင်းစိတ်ထဲငါ့ကိုကျေးဇူးတွေ
လှိမ့်တင်နေတာကိုငါမသိရင်ခက်မယ်..”
ကျေးဇူးရှင်ကြီးဒီဇိုင်းဖမ်းကာကပ်သီးကပ်ဖဲ့ညှပ်ပြော
နေတဲ့မင်ဂျွန်းကိုကြည့်မရတော့သဖြင့်ခြေထောက်ဖြင့်
တစ်ချက်လှမ်းကန်ကာ
”ဟေ့ရောင်မင်းခုထိမသွားသေးဘူးလား၊
ငါအိပ်တော့ပါ့မယ်ဆိုကွာ..”
”အေးအေး..မင်းကန်လည်းခံရမှာပဲဒါမယ့်ငါကတော့
မင်းကိုပြောစရာရှိတာပြောပြီးမှသွားမယ်လို့ဆုံးဖြတ်ထားလို့..ငါပြောရအုံးမယ်..ပြောတယ်ဆိုတာထက်
မင်းကိုငါ..သတိပေးတာပါကွာ..ဒီမှာဆူဟိုရ..”
ပြောလက်စစကားများကိုခဏလောက်ရပ်တန့်လိုက်
ပြီး..မင်ဂျွန်းက ကျွန်တော့်ကိုသေချာစိုက်ကြည့်နေ
သည်။ဒါဆိုရင်တော့ကျွန်တော်သိလိုက်ပြီသူတကယ်
ကိုလေးနက်တဲ့စကားတွေပြောလာတော့မည်ဆိုတာ
ကို။
”ဆူဟိုရာ..ဒီတစ်ခါသူ့ဘက်ကနေလက်ကမ်းပေးခဲ့
ရင်မင်းဘက်ကနေကြိုးစားပြီးဖမ်းယူလိုက်ပါတော့။
ဘာအကြောင်းကြောင့်နဲ့မှမင်းသူ့လိုက်ကိုလွှတ်ချ
လိုက်ဖို့စိတ်မကူးနဲ့...ဘယ်လိုပဲဖြစ်ဖြစ်မင်းဘက်ကမြဲနေအောင်ဖမ်းဆုပ်ထားလိုက်တော့..မင်းကငါ့သူငယ်
ချင်းမို့ပြောတာပါ..ဒီတစ်ခါတော့ငါမင်းကိုယုံကြည်
ပါရစေသူငယ်ချင်းရာ..အဲ့ဒါမင်းတို့နှစ်ယောက်လုံးအတွက်ငါပြောနေတာကွ။အဲ့ဒါလေးမင်းကိုပြော
ချင်လို့ပါကွာဘာမှတော့မဟုတ်ပါဘူး..ကဲကဲ..မင်း
အိပ်မှာမလား...အိပ်တော့”
မင်ဂျွန်းအမှာစကားတွေချွေလို့အပြီးပြန်မယ်အလုပ်
မှာxingကတဘက်ကလေးကိုပုခုံးပေါ်တင်လျက်
ရေကရားအိုးလေးကိုကိုင်ကာအခန်းထဲသို့ပြန်ရောက်လာခဲ့သည်
အခန်းထဲမှာမင်ဂျွန်းရှိနေသည်ကိုမြင်သောအခါ
အခန်းထဲသို့ရှေ့ဆက်လှမ်းမလာတော့ပဲ၊အခန်းဝ
တွင်ခြေစုံရပ်ကာ....
”နှစ်ယောက်စကားအေးအေးဆေးဆေးဆက်ပြော
ကြပါ..ကျွန်မအပြင်ပြန်ထွက်ပေးပါ့မယ်”
”အာ..ရပါတယ်ဗျ..မင်းသွားစရာမလိုပါဘူး
သွားမယ့်သွားကျွန်တော်ကပဲသွားရမှာ..ကျွန်တော့်
ဂျုတီချိန်နီးနေပြီလေ”
ဟုပြန်လှည့်ထွက်ဖို့ဟန်ပြင်နေတဲ့xingကို
မင်ဂျွန်းကလှမ်း၍ပြောအပြီး၊ကျွန်တော့်ဘက်သို့
လှည့်ကာလေသံတိုးတိုးဖြင့်..
”ဟေ့ရောင်...မင်းကိုငါသတိပေးထားတယ်နော်”
ဟုရိပ်ဖမ်းသံဖမ်းပြောကာထွက်သွားလေသည်။
Xingကတော့သူ့ပုခုံးပေါ်တင်လာတဲ့ရေစိုတဘက်လေးကိုချိတ်မှာလွှားနေရင်း.ရေကရားအိုးကိုသူဆေးကြောသန့်စင်ပြီးရေအသန့်ပြန်ဖြည့်ထားတယ်ဆို
တဲ့အကြောင်းကိုလှမ်း၍ပြောနေလေသည်။
သိပ်မကြာပါဘူးxingကျွန်တော့်အနားကိုထပ်
ရောက်လာပြီး
”ဒီအခန်းထဲမှာနေရတာမွမ်းကြပ်နေတယ်မလား၊
အပြင်ထွက်ပြီးလေညှင်းခံကြမလားဟင်”
”အင်း”
ကျွန်တော်နှုတ်မှပြတ်ပြတ်သားသားနဲ့ပင်..”အင်း”
ဆိုသောစကားကိုတွေဝေမနေပဲပြောချလိုက်သည်။
ကျွန်တော့်၏တွေဝေခြင်းမရှိမှုသည်နှလုံးသား
၏ခိုင်းစေမှုနောက်သို့ရဲရဲဝံ့ဝံ့လှမ်းလျောက်တော့မည်လို့လည်းခိုင်မာစွာဆုံးဖြတ်ချက်ချ
ခဲ့သည်။
ကျွန်တော့်မှာသူမနဲ့အတူတူမက်ချင်တဲ့စိမ်းလန်း
တဲ့စိတ်ကူးအိမ်မက်တွေရှိတယ်။
သူမနဲ့ပက်သတ်ပြီးဘယ်တော့မှမှိန်ဖျော့
သွားခြင်းမရှိတဲ့ကျွန်တော့်ရဲ့စိတ်ကူးစိမ်းစိမ်း
တွေကိုလည်းသူမမြင်အောင်ချပြချင်သေးတယ်။
ကျွန်တော်သူ့ကိုချစ်လျက်နဲ့ခွဲခွာခဲ့ရပေါင်းများပြီ။
အခုတော့...ကျွန်တော့်နှလုံးသားမှာသူမနာမည်ကို
တန်းစီပြီးရေးရမယ့်အချိန်ရောက်ပြီ
”Xing”
ွ”Xing”
”Xing....လို့လေ”..........
.
.
.
.
.
.
ဒီတစ်ခါupdateပေးတာသိပ်မကြာဘူးနော်
နောက်အပိုင်းသစ်ကိုလည်းခုလိုမျိုuးpdate
ပေးနိုင်အောင်ကြိုးစားပါ့မယ်...ဘယ်နေ့update
ပေးမယ်လို့တော့မပြောတော့ပါဘူး..အဲ့လိုပြော
ပြောခဲ့ရင်အနော်ကပျောက်ပျောက်သွားတက်လို့
စောင့်နေရတဲ့ရီဒါလေးတွေကိုအားနာမိတယ်
ရီးရဲကောမန့်လေးတွေရေးပေးခဲ့ရင်ရေးရတာအား
ဖြစ်မိမှာပဲ...ကြယ်ပွင့်လေးတွေလည်းနော့်တွက်အား
ရှိပါတယ်လေ...ဘာပဲပေးပေးကျေနပ်ပါတယ်