နွယ်​..sulay Fic

By ayemyathu291187

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... More

နွယ်​(ပထမပိုင်း)
နွယ်​(ဒုတိယပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၆)
နွယ်​ (တတိယပိုင်း)(၇)
နွယ်​ (တတိယပိုင်း)(၈)
နွယ်​(တတိယပိုင်း)(၉)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၇)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၇)
နွယ်(တတိယပိုင်း)(၂၈)
My reader
နွယ်(တတိယပိုင်း)(၂၉)
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်​(တတိယပိုင်း)(၂၃)

581 68 12
By ayemyathu291187

ဆေးရုံအတွင်း ဆူဟိုရှိရာအခန်းငယ်​ဆီသို့ ဒ​ရော​သော
ပါး​ပြေးလာခဲ့ရာမှ ​နောက်​ဆုံး​တော့ သူရှိ​နေတဲ့အခန်းငယ်
လေးရဲ့​ရှေ့မှာxing ​ခြေလှမ်းများဟာအဆုံးသတ်​သွား
ခဲ့​လေတယ်​။

ခုချိန်​မှာ xing ရဲ့အသိဉာဏ်​တစ်​ခုလုံးကိုဖိစီးနှိပ်​စက်
နေတာ ​ကြောက်​ရွံ့ခြင်း​ပါပဲ။

သူနဲ့ထာဝရ​ဝေးကွာသွားရမှာကို​ကြောက်​သည်​။
သူထာဝရထားသွားခဲ့မှာကို​ကြောက်​သည်​။

ဒေါက်​တာဂင်​ရဲ့​ပြောစကား​တွေကိုကြားကြားခြင်းကိုယ့်
နားကိုမယုံနိုင်​​လောက်​​အောင်​ပင်​နားကြားလွဲတာဖြစ်​ပါ
စေလို့....​ဆေးရုံလာရာလမ်းတ​လျှောက်​မှာအကြိမ်​ကြိမ်
ဆု​တောင်းလာခဲ့​ပေမယ့်​...လက်​​တွေ့မှာxingမယုံကြည်
လို့မရ​တော့​ပေ။

ခုတင်​​ပေါ်မှာငြိမ်​သက်​စွာအိပ်​စက်​​နေသည့်​သူ....

စက်​ကရိယာတစ်​ချို့ရဲ့အကူအညီကိုယူပြီးသူ့အသက်​ကို
ရသ​လောက်​လေးဆွဲဆန့်​ထားကြတယ်​။နှာ​ခေါင်းတဝှိုက်
နားမှာတပ်​ထားတဲ့​အောက်​ဆီဂျင်​mark​လေးက သူ
အသက်​ရူရာမှာအဆင်​​ပြေ​စေဖို့တဆင့်​ခံ​ထောက်​ပံ့​ပေး
ထားရပြန်​တယ်​။လက်​ဖျံထဲသို့သွယ်​တန်းထားတဲ့​ဆေး
ပိုက်​ထဲမှ​ဆေးရည်​ကြည်​​လေး​တွေက​တော့ သူ့အ​ကြော
ထဲသို့တစ်​စက်​ချင်းစိမ့်​ဝင်​​ဖောက်​ထွင်းကာအဆက်
မပြတ်​​စီးဝင်​​နေကြတယ်​။

ခုတင်​​ဘေးနားမှာလည်းသူတစ်​ခုခုဖြစ်​လာခဲ့ရင်​အသက်​ကိုအလျင်​အမြန်​ကယ်​တင်​နိုင်​မဲ့..အသက်​ကယ်
စက်​ပစ္စည်းကိရိယာတစ်​ချို့....

ဆူဟိုက...ဒီ​လောက်​အထိ...​နေမ​ကောင်းဖြစ်​​နေတာ
လား...

သူ့အ​ခြေ​နေကဒီ​လောက်​ထိစိုးရိမ်​​စရာ​တွေဖြစ်​​နေပြီ
လား...

ပျော့​ခွေယိုင်​နဲ့​လာတဲ့​xingခြေလှမ်း​တွေကစည်းချက်​မကျ​တော့ပဲတုံ့ဆိုင်း တုံ့ဆိုင်းဖြစ်​ကာသူ့ရှိရာခုတင်​ဆီသို့တစ်​​လှမ်းချင်း​လှမ်းကာလျောက်​လာမိတယ်​။

"အို"...!!!

အံ့သြလွန်း၍ ကို​ယ့်​ပါးစပ်​ကိုယ်​လက်​နှစ်​ဖက်​ဖြင့်​ပိတ်​လိုက်​မိသည်​။ဒါ.....ဆူဟိုတဲ့လား....ဟင့်​အင်း...မယုံနိုင်​ဘူး
မဖြစ်​နိုင်​ဘူး...ဒါဆူဟိုမဖြစ်​နိုင်​ဘူး....။

တော်​​တော်​ကြီးကို​ချောင်​ကျသွားရှာတဲ့သူ့မျက်​နှာ​လေးက
Xing ရင်​ကိုစတင်​ကာပဲ တမြည့်​မြည့်​တဆစ်​ဆစ်​နဲ့​နေ
အောင်​ဓားနှင့်​ခွဲ​လေပြီ

ဘယ်​မှာလည်း....တစ်​ချိန်​တုန်းကxing သိပ်​ကိုမြတ်​နိုးခဲ့
ရတဲ့...ရှင့်​ရဲ့ မျက်​ဝန်းနက်​နက်​​တွေ...

ဘယ်​မှာလည်း....တစ်​ချိန်​တုန်းက xing စွဲလမ်းတက်
မက်​ခဲ့ရတဲ့နီ​သွေး​ရောင်​နှုတ်​ခမ်း​လေး​တွေ...

မြင်​လိုက်​ရတဲ့သူ့ပုံစံကတစ်​ခြား​သူတစ်​​ယောက်​လိုပြောင်းလဲသွားတာမို့​ရင်​ထဲမှာစူးတစ်​​ချောင်းနစ်​ဝင်​စိုက်
နေသလိုအင်​မတန်​မှနာကျင်​လှတယ်​။

ဆက်​ပြီးတင်းထားလို့မရတော့တဲ့​xingခြေလှမ်း​တွေ...

ေ​နာက်ဆုံးတော့​ပျော့​ခွေယိုင်​နဲ့စွာနဲ့ပဲသူ့ခုတင်​​ဘေးနားသို့ဒူး​ထောက်​ရက်​သားကျသွားခဲ့​ရှာတယ်​။

ဆေးပိုက်​​တွေချိတ်​ထားတဲ့သူ့လက်​က​လေးကိုရုတ်​တရက်
လှမ်းကာဖမ်းကိုင်​ဆုပ်​ရင်း....​သွေး​ရောင်​မရှိ​ဖျော့​တော့
နေတဲ့သူ့မျက်​နှာ​လေးကိုအသက်​မဲ့စွာ​ငေး​မောကြည့်​​နေမိတယ်​...

"​ကျွန်​မကိုဒီလိုပုံစံနဲ့....အနိုင်​ယူသွားတယ်​​ပေါ့...​အခု
ရှင့်​အ​ရှေ့မှာမိန်းမတစ်​​ယောက်​ဒူး​ထောက်​လျက်​နဲ့
မျက်​ရည်​​တွေပင်​လယ်​​ဝေ​နေတယ်​ဆူဟို။

တသွင်​သွင်​စီးကျ​နေတဲ့မျက်​ရည်​​စီးချောင်း​ဟာ
ချစ်​သူအတွက်​​မြေခဖို့​ ​ကျေနပ်​စွာဆင်းသက်​လာ
တာပါလို့​ပြောရင်​ရှင်ယုံမိမလား....?

"ကျွန်​မရင်​ထဲမှာ ​သောကလှိုင်းတွေရိုက်​ခတ်​​နေတယ်
ရင်​​တွေထဲမှာပူ​လောင်​လွန်းလို့​...လောင်​ကျွမ်း​နေပြီနဲ့
တူတယ်​။ကျွန်​မမသိခဲ့ဘူး...ရှင်​​ဒီလို​တွေဖြစ်​နေတာကို
ကျွန်​မ မသိခဲ့ဘူး...”

ပြော​နေရင်း xing ရင်​ထဲမွမ်းကျပ်​စွာစို့တက်​လာသည်​။
တ​ပေါက်​​ပေါက်​တဖြောက်​​ဖြောက်​နဲ့ကြွေဆင်း​​နေတဲ့မျက်​ရည်​​တွေဟာမ​မောနိုင်​မပန်းနိုင်​နဲ့ခုထိကို​xingပါးပြင်​ထက်​၌ကြွေ​ကောင်းဆဲ​ဝေကောင်းဆဲပါ။

"ခုကျ​နေတဲ့မျက်​ရည်​​တွေက ရှင့်​ကိုလက်​မလွတ်​နိုင်​လို့
ကျ​နေတဲ့မျက်​ရည်​​တွေပါ..​ကျေးဇူးပြုပြီး...​ကျေးဇူးပြုပြီး​xingဆီပြန်​လာခဲ့​ပေးပါ....”

ပြော​နေရင်းတိမ်​ဝင်​သွားခဲ့တဲ့အသံ​တွေကလည်​​ချောင်း
ထဲက​နေအားကုန်​သုံးညှစ်​ထုတ်​မရ​တော့​လောက်​​အောင်
ကျွံဝင်​သွားခဲ့သည်​။

မျက်​ဝန်းစပ်​မှာတွဲခို​နေတဲ့မျက်​ရည်​ဥအချို့က xingပါး
ပြင်​ထက်​မှာ​နောက်​ထပ်​မျက်​ရည်​​ချောင်း​လေးတစ်​ခုဖန်
တီး​ပေးရန်​အသင့်​အ​နေအထားတွင်​ရှိ​နေခဲ့ကြပြန်​ပြီ​လေ။

”ကျွန်​မမျက်​ရည်​​တွေရှင့်​ရဲ့လက်​တစ်​စုံ​အောက်​ကို​ကြွေဖို့
အ​ရေး​...ခရီးလွန်​​နေတဲ့ရှင့်​ကို...​မျှော်​​ငေးကြည့်​​နေဖို့ပဲ
တက်​နိုင်​​တော့တာလား​။တစ်​ခုခု​ဖြေပါအုံး..ဆူဟိုရှီ​အဲ့လိုမျိုး...ကျွန်​မကို​မသိ​ချင်​​ယောင်​မ​ဆောင်ပါနဲ့​ဆူဟိုရှီ....ဆူဟိုရှီ..."

သတိမဝင်​​သေးတဲ့ခန္ဓာကိုယ်​ကို ဘယ်​​လောက်​ပဲအား
ကုန်​သုံး၍xingလှုပ်​နှိုး​​နေပေမယ့်​..ဆူဟိုက..ခရီးအ​ဝေး
ကြီးကိုထွက်​သွားခဲ့တယ်​ထင်​ပါရဲ့...

”ရှင့်​အတွက်​ပင်​ပန်းလွန်းပါတယ်​...အဲ့​လောက်​အ​ဝေးကြီးကိုမသွားပါနဲ့​တော့လားဆူဟိုရယ်​xingဆီပြန်
လာခဲ့ပါ​တော့​နော်​”

မျက်​ရည်​​တွေသာ ပါးပြင်​​ပေါ်သို့ ပိုးပိုး​ပေါက်​​ပေါက်
လှိမ့်​ဆင်းလာကြ​ပေမယ့်​ပါးပြင်​ထက်​ကမျက်​ရည်​​တွေကို
ဖယ်​ခွာ​ပေးမယ့်​လက်​တစ်​စုံက​တော့ အသက်​မဲ့စွာနဲ့ခ
ရီးရှည်​ကြီးကိုဆက်​လက်​ထွက်​ခွာ​နေဆဲ။xingမျက်​ရည်​​တွေကို..သူ....ဆက်​ပြီးဥပက္ခာပြုထားဆဲပဲ​လေ။

"လူနာ​တွေ့ချိန်​​ပြည့်​သွားပါပြီ”

လူနာခုတင်​​ဘေးနားမှာတရှုံ့ရှုံ့နဲ့ရှိုက်​ငင်​ငို​ကြွေး​နေတဲ့
သူမက ကျွန်​​တော့်​စကားကိုကြားလိုက်​ရ​တော့အ​တော်​​လေးအလန့်​တကြားဖြစ်​သွားပုံရတယ်​။ဆူဟိုရဲ့ခုတင်​​ဘေး
နား​မှာဒူး​ထောက်​ကာထိုင်​​နေတဲ့သူမက ကမန်းကတန်း
ထလာရင်း....

"ခဏ​လေးပဲထပ်​​နေခွင့်​​ပေးပါ...​ဒေါက်​တာဂင်​...သူ့နား
မှာခဏ​လေးပဲထပ်​​နေပါရ​စေ”

ကျွန်​​တော့်​အ​ဖြေကို​မျှော်​လင့်​အားကိုးတကြီး​ငေးကြည့်
နေတဲ့သူမကို ကျွန်​​တော်​သနားမိ​ပေမယ့်​..သူ​မျှော်​လင့်
နေတဲ့အ​ဖြေမျိုးကို​တော့ကျွန်​​တော့်​ဘက်​ကပြန်မ​ပေး
နိုင်​တာ​ကြောင့်​သူမရဲ့​မျှော်​လင့်​ချက်​​တွေကိုအက်​ရှ
ကြမ်းတမ်း​စေခဲ့မိတယ်​။

သူမရဲ့မျက်​ဝန်းအိမ်​မှမျက်​ရည်​များကလည်းတစိမ့်​စိမ့်​နဲ့
အရှိန်​မရပ်​နိုင်​စီးကျ​နေ​သေးတာ​ကြောင့်​...မျက်​အိမ်
တစ်​ခုလုံးဟာ နီ​စွေးရောင်​သန်းလျက်​ရဲရဲ​တောက်​လို့
နေကြတယ်​။ငိုရှိုက်​ရလွန်းလို့ သူမရင်​ဘတ်​ထဲမှ တစ်
ချက်​တစ်​ချက်​ထွက်​လာခဲ့တဲ့​မောဟိုက်​သံစွက်​​နေတဲ့အ
သံ​သဲ့သဲ့​တွေက ကျွန်​​တော့နားစည်​ထဲသို့ လာလာပြီးရိုက်
ခတ်​​နေတာကြောင့်​ကျွန်​​တော်​လည်း အ​တော်​​လေးအ
ကျပ်​ရိုက်​ရတယ်​။

"ဆူဟိုကိုစိတ်​ချလက်​ချထားခဲ့ပြီး မင်းအိမ်​ပြန်​ပြီးနားလိုက်
တာပို​ကောင်းမယ်​ထင်​တယ်​။ဆူဟိုကိုဒီလိုမျိုးရုတ်​တရက်
ကြီးမြင်​လိုက်​ရ​တော့ မင်းရဲ့စိတ်​ကခံနိုင်​ရည်​ရှိမှာမဟုတ်​ဘူးဆိုတာသိပါတယ်​။ဒါ​ပေမယ့်​လည်း အင်းတင်းထားပါ
လို့​ပြောပါရ​စေ။ဆူဟို​ဘေးနားမှာမင်းရှိ​နေမှဖြစ်​မှာမို့......”

"အမှန်မဟုတ်​ဘူးမလားဟင်​....အခု ကျွန်မမြင်​​နေရတဲ့...​သူက....ခုလိုမေ့​မြော​နေတာ....ကျွန်​မကိုစကားတစ်​ခွန်း
မှမ​ပြောပဲငြိမ်​သက်​​နေတာ​တွေက အမှန်​မဟုတ်ဘူးမလား
သတိ​မေ့​နေတာမဟုတ်​ဘူး..သူအိပ်​​ပျော်​​နေတာပါ
သူ...နိုးလာမှာပါ​နော်​...ခုXingမြင်​​နေတာ​တွေအကုန်​လုံးက...အမှန်​မဟုတ်​ဘူး..အမှန်​မဟုတ်​ပါဘူးလို့​ပြော​ပေးပါ။ကျေးဇူးပြုပြီး...ဒါဟာအမှန်​မဟုတ်​ဘူး
လို့​ပြော​ပေးပါ”

သူမရဲ့စကားတိုင်းသည်​ ထင်​ထားသည်​ထက်​ပို၍နာကျင်
ရသည်​။ဖြစ်​လာသမျှအရာအားလုံးဟာသူ့အမှား​ကြောင့်​လို့ခံယူထား​နေတာ​ကြောင့်​တစ်​ခါတရံမှာမဝံ့မရဲဖြစ်​​ဖြစ်
သွားတဲ့သူမရဲ့အမူအယာ​တွေက​သနားစရာယုန်​သူငယ်​​လေးတစ်​​​ကောင်​လိုပင်​။

"ဖြစ်​လာတဲ့အ​ခြေအ​နေ​တွေက
မင်းအတွက်​အရမ်းကိုခက်​ခဲ​နေမှန်းသိပါတယ်​..ဒါ​တွေဟာအဖြစ်​မှန်​​တွေပါလို့ မင်းလက်​ခံနိုင်​ဖို့ဆိုတာ
မလွယ်​ကူမှန်းကျွန်​​တော်​နားလည်​ပါတယ်
အရမ်းကြီးကိုယ့်​စိတ်​ကိုကိုယ်​ဖိအား​တွေသိပ်​မ​ပေးပါနဲ့
အိမ်​ပြန်​ပြီးမင်းစိတ်​​ကိုခဏ​လေးဖြစ်​ဖြစ်​အနား
ပေးလိုက်​ပါ...စိတ်​​ရောလူ​ရောအနားယူပြီး၊မနက်​ဖြန်​မှ
ဆူဟိုဆီထပ်​လာခဲ့​ပေါ့..”

”အိမ်​...”

သူမနှုတ်​မှ”အိမ်​”လို့စကာသံ​လေးထွက်​လာခဲ့​ပေမယ့်​​ရှေ့ဆက်​စကားကိုဆက်​မ​ပြော​တော့ပဲတုံ့ခနဲရပ်​ပစ်
လိုက်​ပြီးမျက်​လုံးအဝိုင်းသား​လေးဖြင့်​ကျွန်​​တော့်​ကိုစူးစိုက်​ကာပြန်​၍ကြည့်​​နေ​လေသည်​။

နောက်​​တော့...တိုးဖွဖွအသံက​လေးနဲ့..

”သူနဲ့အတူ​နေခဲ့တဲ့အိမ်​ကို..... ပြန်​လို့ရမလား”

”ဘယ်​လို​များပြောလိုက်​တာလည်းဗျာ...အဲ့ဒီအိမ်​​လေး
ကမင်း​အတွက်​​ရောဆူဟိုအတွက်​ပါအမှတ်​ရစရာ​တွေ
အများကြီးနဲ့အဓိပ္ပါယ်​​တွေပြည့်​နှက်​​နေတဲ့အိမ်​​လေးပါ
အဲ့ဒီအိမ်​က​နေမင်းထွက်​သွားခဲ့​ပေမယ့်​...ဆူဟိုက
နေ့တိုင်းမင်းပြန်​အလာကို​စောင့်​​မျှော်​ခဲ့တာပါ။မင်းထွက်
သွားလို့မင်းနဲ့မဆိုင်​​တော့ဘူးလို့သူစိမ်းဆန်​ဆန်​မသတ်
မှတ်​လိုက်​ပါနဲ့...အဲ့ဒီ​အိမ်​လေးဟာမင်းကို​နွေး​ထွေးမှု
တွေ​ပေးနိုင်​တဲ့ဆူဟိုရဲ့ဒုတိယကိုယ်​ပွားရင်​ခွင်​​လေးတစ်
ခုပါ..အချိန်​မ​ရွေးကြိုက်​တဲ့အချိန်​မင်းခိုဝင်​နားနိုင်​တယ်
မင်းတစ်​​ယောက်​ထဲအတွက်​အမြဲထာဝရတံခါးဖွင့်ထာ့း​တာမို့..မင်းပြန်​နိုင်​ပါတယ်​”

ဖြစ်​ချင်​တာ​တွေဖြစ်​ခွင့်​မရှိ​သောဘဝမှာ
မဖြစ်​ချင်​တာ​တွေ ဖြစ်​ခွင့်​ရှိခဲ့တယ်​။

ကံကြမ္မာကိုလည်းအပြစ်​မတင်​ချင်​​တော့ပြီမို့လက်​ရှိ
ဘဝကိုသယဇာတဖြစ်​​အောင်​ xing ရှင်​သန်​ရမယ်​။

ဆန္ဒနဲ့မကိုက်​ညီ​တဲ့အဖြစ်​ပျက်​များအတွက်
Xingနှလုံးသား ခံစားမှုကို​ ပြောင်းလဲနိုင်​​အောင်​ကြိုး
စားရအုံးမယ်​မဟုတ်​လား...xing... သူ့အတွက်
အားတင်းထားရမယ်​​လေ...ဒါ​ပေမယ့်​လည်းမိန်းမ
တစ်​​ယောက်​ဖြစ်​​နေမိသည့်​အတွက်​ တစ်​ခါတစ်​ရံမှာ
တော့ဝမ်းနည်းမိတယ်​။

ခြေလှမ်း​တွေတစ်​လှမ်းခြင်းလှမ်း​နေသည်​ကိုသတိပြု
မိပေမယ့်​ ဘယ်​လိုက​နေဘယ်​လို အိမ်​​လေးရဲ့ခြံဝင်း
ထဲ​ရောက်​​နေသည်​ကို​တော့xingသတိမမူနိုင်​ခဲ့ပါ။

Xing မျက်​စိထဲတွင်​ခြံဝန်းတစ်​ခုလုံးဟာ နှင်းဆီနီများ
ဖြင့်​ပြည့်​ကာလှပ​မွေးပျံ့​နေခဲ့သည်​။ညီညာ​ဖြောင့်​ဖြူး​နေ​သောကတ္တရာလမ်း​လေးဟာလည်းနှင်းဆီနီများဖြင့်​အနားသတ်​စိုက်​ပျိုးထားကာလှပ​နေပြန်​သည်​။

”တစ်​ခြံလုံးနှင်းဆီနီ​တွေ...သူစိုက်​ပျိုးထားတာလား”

အရင်​ကထက်​ပို၍လှပပြီးပို၍အသက်​ဝင်​​နေခဲ့တဲ့ဒီခြံဝင်း
လေးဟာ... တစ်​ချိန်​ကxingတို့နှစ်​​ယောက်​ရဲ့အတိတ်
တစ်​ချို့ကိုပြန်ပြီးအမှတ်​ရ​စေခဲ့ပြန်​သည်​။

လွန်​ခဲ့တဲ့အတိတ်​ကာလတစ်​ခုမှာ...xingဟာသူ့ကိုသိပ်
ချစ်​ခဲ့တဲ့ မိန်းမတစ်​​ယောက်​ဖြစ်​ခဲ့တယ်​ဆိုတာကိုxing​ခြေ
စုံရပ်​​နေခဲ့တဲ့ကတ္တရာလမ်း​လေးရယ်​၊ကိုယ်​တိုင်​စိုက်​ပျိုးခဲ့တဲ့နှင်းဆီပင်​ကနှင်းဆီနီ​လေး​တွေရယ်​၊သူတို့က
သက်​​သေ​တွေပါပဲ။

-----------------------------------------------

အိမ်​ထဲကိုလှမ်းဝင်​ဖို့​ခြေလှမ်း​တွေလှမ်းကြွလိုက်​​ပေမယ့်
ဘေးနားကအုတ်​ခုံ​လေးကိုမြင်​လိုက်​ရတာ​ကြောင့်​လှမ်း
နေတဲ့​ခြေလှမ်း​တွေဟာ ရုတ်​တရပ်​ကြီးရပ်​တန့်​သွား
တယ်​။

တစ်​ချိန်​တုန်းက..ဒီ​နေရာဒီအုတ်​ခုံ​လေးမှာ
ချစ်​သူပြန်​အလာကို ဇွဲ​ကောင်း​ကောင်း
နဲ့တစ်​ရက်​မှမပျက်​ပဲအိပ်​ငိုက်​ရင်းထိုင်​​စောင့်​​နေတက်​တဲ့
ကောင်​မ​လေးတစ်​​ယောက်​ရှိခဲ့ဖူးတယ်​​လေ...

တကယ်​ကိုပဲ...ဒီအိမ်​​လေးဟာသူနဲ့ပတ်​သတ်​ပြီးအမှတ်
တရ​တွေအများကြီးရှိခဲ့ဖူးတဲ့အိမ်​​လေးပါလား...

Xingရဲ့အ​တွေး​တွေ အတိတ်​တစ်​ချို့ဆီသို့ပြန်​ပြန်
ရောက်​သွားတိုင်း တစ်​ခါမျှ​တွေ့ကြုံမခံစားရဖူး​သော
ခံစားမှုအသစ်​အဆန်း​လေး​တွေကပြန်​ပြန်​ပြီးဖြစ်​​​ပေါ်
လာတယ်​....သူနဲ့ပတ်​သတ်​ပြီးxingရင်​ခုန်
သံ​တွေဟာခုချိန်ထိ ချိုမြိန်​လတ်​ဆတ်​​နေတုန်းပါပဲ။

Xingရှိခဲ့တုန်းကအတိုင်းပဲဘာတစ်​ခုမှ​ပြောင်းလဲသွား
ခြင်းမရှိတဲ့​ဟောဒီအိမ်​​လေးထဲမှာတစ်​ချိန်​ကxingတို့နှစ်​​ယောက်​ရဲ့အတိတ်​ပုံရိပ်​​လေး​တွေဟာလည်း
လျော့ရဲမှုန်​ဝါးသွားခြင်းမရှိခဲ့ပါဘူး။
ဒီအိမ်​​လေးရဲ့အ​ငွေ့သက်​​လေးထဲမှာဘာတစ်​ခုမှ​ပြောင်း
လဲခြင်းမရှိပဲ...အရာရာဟာအတိုင်းသားတည်​ရှိ​နေကြ
တုန်းပါပဲ။

ဧည့်​ခန်းက​နေစပြီး မီးဖို​ချောင်​အထိ...လှည့်​ပတ်​ကြည့်
နေရင်း..တစ်​​နေရာအ​ရောက်​မှာ​တော့xing​ခြေလှမ်း
တွေရပ်​တန့်​သွားတယ်​။

ဒီအခန်း​လေးကသူ​နေခဲ့တဲ့ စာကြည့်​ခန်း​လေး​လေ....
အခန်းအ​ရှေ့မှာရပ်​လိုက်​တာနဲ့..သူလှုပ်​ရှားပြုမူခဲ့တဲ့
ပုံရိပ်​​လေး​တွေကXingအာရုံထဲကိုဖြတ်​​ပြေးကစား​သွားကြတယ်​။

.
.
.
.
.
စာလုံး​ရေအကန့်​သတ်​ရှိလို့ဆက်​ရိုက်​လို့မရ​တော့ပါဘူး
တိုသွားတယ်​ဆိုတာသိပါတယ်​......တိုလည်းဖတ်​​ပေးကြ
ပါ​နော်​...စာလုံး​ရေအကန့်​သတ်​မထားတဲ့note​လေးကိုရှာပြီး...downရအုံးမယ်​...အဲ့​တော့မှပဲအရှည်​ကြီး
တင်​​ပေးပါ့မယ်​...ခု​တော့တိုတို​လေးပဲအား​ပေးကြပါ​နော်
မ​ရေးတာကြာလို့မနည်းစိတ်​ကိုစုစည်းပြီး​ရေးရတယ်
ချစ်​တို့ဖတ်​ရတာတစ်​မျိုးဖြစ်​​နေမလားမသိဘူးရယ်
နောက်​အပိုင်း​တွေကြိုးစားပြီး​ရေးပါ့မယ်​​နော်​....မွမွ
အားလုံးကိုချစ်​ပါတယ်

Continue Reading

You'll Also Like

68.9K 3.8K 81
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
670K 1.1K 22
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭
173K 15.6K 30
"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို...
128K 1.6K 51
𝐈𝐭𝐬 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐛𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 , 𝐀𝐚𝐥𝐢𝐲𝐚𝐡 𝐢𝐬 𝐧𝐨𝐰 𝐢𝐧 𝟏𝟎𝐭𝐡 𝐠𝐫𝐚𝐝𝐞, 𝐰𝐡𝐢𝐥𝐞 𝐬𝐡𝐞𝐬 𝐭𝐡𝐞𝐫𝐞 𝐬𝐡...