(တတိယပိုင်း)(၁၈)
အလှပဆုံးသောချစ်သူရဲ့လက်ဆောင်ကိုလက်ခံယူဖို့အတွက်..ကမ်းခြေကိုရောက်ခဲ့ပြီ
Xing သူနဲ့ချိန်းထားတဲ့အချိန်ထက်နာရီခွက်စောပြီး
ရောက်လာမိလို့ကျန်တဲ့နာရီခွက်ကိုရင်ခူုန်စိတ်လှုပ်ရှားစွာနဲ့ပဲ ကျွန်မချစ်သူအလာကိုစောင့်မျှော်ရတော့
မှာပေါ့
ဒီနေ့မှ..xing အလှဆုံးပြင်ဆင်လာမိတယ်
အဝတ်အစားကိုလည်းxing နဲ့လိုက်ဖက်မယ့်အ
ရောင်လေးကိုရွေးချယ်ကာ၊အညိုရောင်ဖျော့ဖျော့ရှိတဲ့xing ဆံပင်လေးကိုလည်း အပြင်အဆင်တွေနဲ့လိုက်အောင် အလှဆုံးထုံးဖွဲ့လာတယ်...
ကိုယ်ပြင်ဆင်လာခဲ့တဲ့ပုံစံလေးကိုမျက်လုံးထဲမှာပြန်မြင်ယောင်မိရင်း xing ကျေကျေနပ်နပ်ကြီးပြုံး
လိုက်မိတယ်....
"ဒီနေ့မှာ...ငါ့လောက်လှတဲ့မိန်းခလေးရှိပါ့အုံးမလား......ကင်ဆူဟို..ရှင်ဒီနေ့တော့ကျွန်မအလှမှာ ယစ်မူးသွားစေရမယ်..ဟိဟိ"
ကမ်းခြေမှာအတွန့်တိုမရှိပျံ့လွင့်လာတဲ့လေနုအေးကို
အားရပါးရ လက်နှစ်ဖက်ကိုဆန့်တန်းရင်းရင်ကိုဖွင့်ကာရှူသွင်းလိုက်တယ်
"ဝါး...ကောင်းလိုက်တာ...လတ်ဆက်လိုက်တဲ့
ပင်လယ်လေ ရင်ထဲကိုအေးသွားတာပဲ..ဒီနေ့တော့
ငါ့မျက်စိရှေ့မှာမြင်နေရတဲ့အရာအားလုံးက လှပ
နေလိုက်ကြတာ...ပင်လယ်ကြီးလည်းအရမ်းချစ်ဖို့ကောင်းနေတယ်..ဒါဆိုငါ့ရင်ခုန်သံတွေကရော...?"
ပြောပြောဆိုဆိုနဲ့ xing ရင်ဘတ်လေးကိုလက်နဲ့
ဖိကာစမ်းမိတယ်
"ငါ့ရင်ခုန်သံတွေလည်း ဒီနေ့မှာလတ်လတ်ဆက်ဆက်ကြီးနဲ့လှလှပပကြီးကိုခုန်နေပါ့လား..ငါ့ရင်ခုန်သံလေးတွေခုလိုမျိုးသက်ဝင်လှုပ်ရှားမှုမရှိခဲ့တာကြာ
ရောပေါ့...ခုတော့ သူ...ပြန်ပြီးအသက်ဝင်လာပြီ
ကျေးဇူးပါကင်ဆူဟို...အဲ့ဒါတွေအကုန်လုံးက
ရှင်ပေးမယ့်လက်ဆောင်ကြောင့်လို့ထင်တယ်...ရှင့်
ကိုတကယ်ကျေးဇူးတင်ပါတယ်...ဟား...မြန်မြန်
လာပါတော့ ဆူဟိုရယ်...xing စောင့်နေရတာ
ပင်ပန်းလှပြီ.."
________________________
အလုပ်တွေပြီးပြီဖြစ်သဖြင့် ခုခါမှာရှင်းဝှါဆေးရုံသို့
ပြန်ရန် လုပ်အားပေးဆရာဝန်တွေအားလုံးအဆင်သင့်ဖြစ်နေကြပြီ...
လိုအပ်တာတွေကို နယ်ခံ တိုက်နယ်ဆေးရုံမှာကျန်ခဲ့တဲ့ဆရာဝန်တွေကိုသေချာမှာကြားကြ..ပြောကြ
နှုတ်ဆက်ကြနဲ့ ဆေးရုံထဲမှာလူအုပ်ကြီးက ရုတ်ရုတ်
သဲသဲဖြစ်နေသည်...
အထုတ်အပိုးတွေပြင်ဆင်ပြီး ဆေးရုံထဲကနေကားဆီ
ကိုလှမ်းကြည့်တော့ ဆူဟိုတစ်ယောက် ကားပေါ်
မှာငြိမ်သက်စွာ အနားယူလျက်။
"မင်းအဖြစ်ကလည်းမလွယ်ပါလားဆူဟိုရာ"
ဆူဟိုကိုအဝေးကနေလှမ်းကြည့်ရင်း ခေါင်းကိုအတွင်တွင်ခါကာသက်ပြင်းများစွာချမိတယ်
တိုက်နယ်ဆေးရုံလေးကဆရာဝန်တွေအားလုံးကိုနုတ်ဆက်ပြီးချိန်မှာတော့ပြန်ဖို့အဆင်သင့်ဖြစ်နေတဲ့ကျွန်တော်တို့တွေဟာ ကိုယ့်ကားရှိရာသို့ ကိုယ်စီကိုယ်စီလှမ်းလျှောက်လာကြသည်။
ကားတံခါးဖွင့်ကာ...ကားထဲဝင်ထိုင်ရင်းဆူဟိုကို
ကြည့်မိတော့ သူ့မျက်လုံးတွေကိုမှိတ်ကာငြိမ်သက်
စွာအနားယူနေဆဲ။
"ဟူး...ငါ့တို့တာဝန်တွေပြီးပြီဆူဟိုရေ..ခုတော့ရှင်းဝှါကိုပြန်ကြတာပေါ့..ငါလည်းခုမှပဲမင်းတွက်သက်ပြင်းချနိုင်တော့တယ်..ဟိုရောက်ရင်ဆေးကုဖို့သာ
ပြင်ဆင်ထား...ကြားလား..."
ကားပါကင်ထိုးထားတဲ့နေရာကနေ..ကားကိုကွေ့ကာ ဆူဟိုကိုကြည့်ရင်းကျွန်တော်တစ်ယောက်
ထဲစကားတွေပြောလာမိတယ်...
ဆူဟိုကတော့ကျွန်တော်ပြောတဲ့စကားသံတွေကို
နားထောင်နေတဲ့အရိပ်အယောင်နည်းနည်းမှမပြ၊
အင်းအလုပ်အဲမလုပ်နဲ့...သူ့မျက်လုံးတွေကိုသာ
မှိတ်ထားဆဲ....ကားထိုင်ခုံကိုနောက်မှီထားကာ
ငြိမ်သက်စွာအနားယူနေဆဲ...
ကျောင်းမိုရ်ဦးထဲကနေ မြေနီလမ်းလေးကိုအထွက်
ကားကိုဆွဲကွေ့လိုက်ရာမှာတော့....
ခန္ဓာကိုယ်ပေါ်ယှက်တင်ထားတဲ့ဆူဟိုရဲ့လက်တွေ
ဟာ ကားထိုင်ခုံရဲ့ဘေးတစ်ဖက်တစ်ချက်ဆီသို့အရုပ်ကြိုးပြတ်ကျသလိုကျလာတယ်
ထို့နောက်....အရာဝတ္တုလေးတစ်ခုကလည်း
ဆူဟိုရဲ့လက်ထဲကနေလိမ့်ဆင်းကာ ကျွန်တော့်ရဲ့
ခြေထောက်အောက်မှာ ဝှေ့ကာဝှိုက်ကာလှည့်ပတ်နေရင်းအရှိန်ရပ်တန့်သွားခဲ့သည်
ကားကိုရုတ်တရပ်ကြီးဘရိတ်ထိုးနင်းကာရပ်လိုက်ပြီး
ခြေထောက်အောက်မှာရပ်တန့်သွားတဲ့အရာလေးကို
ကောက်ပြီးကြည့်လိုက်တော့..အနက်ရောင်
ဘူးလေးတစ်ဘူး....
ဖွင့်ကြည့်လိုက်တော့...နှင်းဆီပွင့်လေးတွေနဲ့အထပ်
ထပ်ပုံဖော်အလှဆင်ထားတဲ့ လက်စွပ်လေးတစ်ကွင်း..
လက်စွပ်ဘူးလေးကိုကိုင်ရင်းကျွန်တော်ကိုယ်တိုင်
ကြောင်တောင်တောင်ဖြစ်မိသွားသည်။
"မင်ဂျွန်းငါ ဒီနေ့ နေ့တဝက်ခွင့်ယူတယ်နော်. ပစ္စည်းတစ်ခုဝယ်စရာလေးရှိလို့အပြင်ခဏသွားလိုက်
အုံးမယ်.." လို့ဆူဟိုပြောခဲ့တဲ့စကားတွေကိုနားထဲမှာပြန်ကြားယောင်လာမိတယ်
"ဝယ်စရာရှိတယ်ဆိုပြီးထွက်သွားတာ..ဒါကိုသွား
ဝယ်တာလား...ဒီလက်စွပ်လေးကxing ကိုပေးဖို့
လား..ဟားးး..မင်းကွာ.."
ကျွန်တော့်ရင်ထဲမှာတော်တော်ကြီးကိုမွမ်းကျပ်သွား
သည်
ဘေးကဆူဟိုကိုကြည့်ပြန်တော့လည်းဖြစ်ပျက်သွားတဲ့အရာအားလုံးကိုသူဘာမှသိပုံမရ....
သူ့ခန္ဓာကိုယ်ဟာလည်းတုပ်တုပ်မျှမလှုပ်တော့
"ဆူဟို...ဆူဟို...မင်း...ဘာဖြစ်နေတာလည်း
ဆူဟို...ငါ့ကိုကြည့်အုံး...ငါပြောတာတွေကြားလား
ဆူဟို.....မျက်လုံးဖွင့်ပါအုံး..ဆူဟို...ဆူဟို....."
ဆူဟိုရဲပုခုံးကိုကိုင်ခါလေးငါးချက်လောက်လှုပ်နှိုးသော်လည်း...ဆူဟိုရဲ့မျက်ဝန်းတွေကပွင့်မလာတော့ပေ...
________________________
" ကျွန်မရှင့်ကို စောင့်မျှော်နေတာကြာလှပြီ..ရှင်
လာမှာလား......?
မလာတော့ဘူးလား..?
မလာဖြစ်တာလား..?
မလာနိုင်တာလား...?
မလာတော့တာလား..?.....အဖြေတစ်ခုခုပေါ့
ရှင့်ဆီက အဖြေတစ်ခုခု....."
တစ်ယောက်ထဲတီးတိုးပြောနေတဲ့စကားသံတိုးတိုး
လေးဟာ..လည်ချောင်းထဲမှာအက်ကွဲနစ်ဝင်နေပြီ
စကားသံတွေအစား..ရှိုက်သံတွေကတဖြည်းဖြည်း
ချင်းနေရာယူကုန်ကြပြီ...
ပါးပြင်နဲ့မျက်ရည်တို့ဟာ ပိုပိုပြီးနီးကပ်လာလို့..
"ဟင့်အင်း...မကျပါနဲ့အုံး...မျက်ရည်တွေမကျပါနဲ့အုံး...ကျွန်မချစ်သူကိုလာမယ်လို့ယုံ
ကြည်နေတုန်းမို့...ပါးပြင်ပေါ်ကိုမျက်ရည်တွေမကျပါနဲ့အုံး.."
ပါးပြင်ပေါ်ကိုစီးကျလာတဲ့မျက်ရည်စီးကြောင်းလေးကို ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း..အသံမထွက်
အောင်xing ကျိတ်၍ငိုမိသည်။
"ကျွန်မ ရှင့်ကိုစောင့်ရမှာလား..?
မစောင့်ရဘူးလား..?
လှည့်ပြန်ရမှာလား..?
ထွက်သွားရမှာလား..?
တစ်ခုခုဆုံးဖြတ်ပေးပါအုံး...ကင်ဆူဟို..ကျွန်မဘာ
လုပ်ရမှာလည်း...?"
လက်ထဲမှာကိုင်ထားတဲ့ဖုန်းလေးကိုသတိရမိ၍ဖုန်း
ခေါ်ကြည့်ပြန်တော့ ဖုန်းကဝင်ပေမယ့်...တစ်ဖက်
မှပြန်လည်ဖြေကြားချင်းမရှိခဲ့ပေ
"ဒါဆို...ဒုတိယအကြိမ်ပေါ့..ဒုတိယအကြိမ်ထားခဲ့ပြန်ပြီပေါ့...."
ဒုတိယအကြိမ်..xing ရင်ဘတ်တွေမွမွကြေကုန်
ပြန်ပြီပေါ့...
စိတ်ကူးနဲ့ပျော်ခဲ့ရတာတွေဟာ အလေအလွင့်တွေ
ဖြစ်ပြန်ပြီပေါ့
ချစ်ခြင်းက ခါးသပ်သပ်တွေဖြစ်ပြန်ပြီပေါ့
အချစ်ကကျွန်မအတွက်အဆိပ်ပင်တစ်ပင်ဖြစ်ပြန်ပြီပေါ့.......
ရှင့်ရဲအချစ်ကဥပက္ခာပြုတက်တဲ့လိပ်ပြာတစ်ကောင်
လိုပဲပျံသန်းရင်း...ရှင်သန်ရင်းလား ကင်ဆူဟို..?
"ရှင့်ကိုယုံကြည်နေဆဲမို့...ဆက်စောင့်နေမှာမို့
ရောက်အောင်လာခဲ့မယ်မလား"
နားထဲကို ရုတ်တရက်ကြီး ကျယ်လောင်စူးရှစွာ
ပြေးဝင်လာခဲ့တဲ့အသံတစ်သံ...
ဥသြသံကို...စူးရှပြင်းပြ စွာနဲ့.ကျယ်လောင်စွာစွဲလာ
ခဲ့တဲ့ဆေးရုံကားတစ်စီး..မြေနီလမ်းလေးအတိုင်း
အရှိန်ပြင်းရိုက်ခတ်စွာတရကြမ်းပြေးလွှားးမောင်နှင်းသွားသည်ကို ကမ်းခြေကနေxingမြင်နေရတယ်။
ထိုအသံကြီးက xing ရဲ့ကြေကွဲဝမ်းနည်းစိတ်
တွေကိုပိုပြီးတိုးဆွပေးလိုက်သလို..အဲ့ဒီကြေကွဲ
နေတဲ့စိတ်ရဲ့အနောက်မှာလည်း တုန်လှုပ်ခြောက်
ခြားစိတ်တွေကနောက်ဆက်တွဲဖြစ်ပေါ်လာမိတယ်။
ဘာရယ်မသိစိတ်ထဲမှာတော့တစ်မျိုးကြီးခံစားလိုက်ရသည်...ဆေးရုံကားလေးxing ရဲ့မြင်ကွင်း
ထဲကနေကွယ်ပျောက်သွားခဲ့သည်အထိ အဓိပ္ပါယ်မဲ့
စွာရပ်ရင်း Xing ငေးကာလိုက်ကြည့်နေခဲ့မိတယ်
နောက်ဆုံးမှာတော့ထိုဆေးရုံကားလေးဟာ xing
ရဲ့မြင်ကွင်းထဲကနေတဖြည်းဖြည်းချင်းမှေးမှိန်ကာ
မှုန်ဝါးပျောက်ကွယ်သွားခဲ့သည်။
_________________________
ထိုဆေးရုံကားလေးထဲမှာတော့...
ချစ်သူကို သူ့နှလုံးသားလေးလက်ဆောင်ပေးမယ်လို့ဂတိပေးခဲ့တဲ့ကောင်လေးတစ်ယောက်ပါသွား
ခဲ့သည်ကို...ကမ်းခြေမှာ စောင့်မျှော်နေတဲ့ကောင်မ
လေးတစ်ယောက်ကတော့သိမည်မဟုတ်။
"ဆူဟို..ဆူဟို...သတိထားပါအုံး.."
ဆူဟိုရဲ့ပါးစပ်ကနေ..xing ဆိုတဲ့နာမည်ကိုသာ
အထပ်ထပ်ခါခါကြားနေရတယ်...
"မင်ဂျွန်း..ကမ်းခြေကိုဝင်မယ်လေ..သူစောင့်
နေတယ်..သူငါ့ကိုစောင့်နေတယ်..ဒါနောက်ဆုံး
ပါ...လက်စွပ်..လက်စွပ်..သူ့ကိုပေးမလို့...
မင်ဂျွန်း ကမ်းခြေကိုခဏ......
...လက်စွပ်...လက်စွပ်...xing..
Xing...xing................."
တဖြည်းဖြည်းနဲ့ဆူဟိုရဲ့အသံလေးဟာတိုးရှသွား ခဲ့သည်။ခုနကလူးလွန့်လှုပ်ရှားနေခဲ့တဲ့သူ့ခန္ဓာကိုယ်ဟာလည်းဒုတိယအကြိမ်ပြန်ပြီးငြိမ်သက်သွားခဲ့ပြန်သည်...
ဒါပေမယ့်..သူ့မျက်ဝန်းကမျက်ရည်စက်လေးတွေက
တော့ ငြိမ်သက်မှုတွေကိုအန်တုကာလွတ်လပ်စွာ
တစ်ပေါက်ချင်း...စီးကျလို့...
_________________________
ကျွန်တော့်ဟာ ပေါ့ပါးလွန်းလှတဲ့တိမ်စိုင်တွေထဲမှာ
ရပ်နေရတဲ့သူတစ်ယောက်လိုပဲ
အရာအားလုံးဟာတော်တော်ကြီးကိုပေါ့ပါးနေကြတယ်...
မြေကြီး...
ခြေထောက်...
ကျွန်တော့်ရဲ့ခန္ဓာကိုယ်...
ကျွန်တော့်ရဲ့စိတ်...
အားလုံးဟာလေပေါ်ကိုပျံတက်နေသလိုပဲ
ဟာ...ခုမှသတိရတယ်...xing ဆီကျွန်တော်သွား
ရမှာပဲ...သူနဲ့ချိန်းထားတာလေ...တော်တော်လေး
တောင်နောက်ကျနေပြီ...
_________________________
တဖြည်းဖြည်းနဲ့အေးစိမ့်လာခြင်းက..အချိန်တွေကုန်ဆုံးလို့ညအမှောင်ထုကိုရောက်နေပြီလို့ xing ကိုသတိပေးနေပြီ...
သူxing ဆီရောက်မလာခဲ့ပေမယ့်..ညအမှောင်ထုကတော့ xing ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လို့လာခဲ့ပြီ။
"ခုထက်ထိရှင့်ကိုစောင့်နေတုန်းပဲမို့ရောက်အောင်
လာခဲ့ပေးပါ...ကျွန်မရင်ခုန်သံတွေကိုကျေးဇူးပြုပြီးရိုက်မချိုးပါနဲ့တော့နော်.."
Xing ရူးသွားပြီနဲ့တူတယ်..ကမ်းစပ်မှာထိုင်ရင်း
မျက်ရည်တွေကိုအဖော်ပြုရင်း တစ်ယောက်ထဲစကားတွေကိုဗလုံးဗထွေးပြောရင်း
မလာတော့တဲ့သူကို ရူးရူးမိုက်မိုက်စောင့်နေတုန်းပဲ
လေ....
ရှင့်အချစ်က ကျွန်မအတွက်တော့ ကြွေကျပြီးတဲ့
ကြယ်တစ်လုံးပါပဲ။ကျွန်မဆီကို ကြယ်ပွင့်လေးကြွေ
ဆင်းခဲ့ပေမယ့်ကျွန်မလက်ကမ်းရာဆီကိုသူရောက်အောင်မကြွေကျခဲ့ဘူး
ရှငိ့အချစ်တွေတဖြောက်ဖြောက်နဲ့ကြွေဆင်းနေတာ
ကိုမြင်ခဲ့ရပေမယ့်..တယုတယကောက်ယူဖို့အခွင့်အရေးကိုကျွန်မ မရခဲ့ဘူး..
ဆီးကြိုပွေ့ဖက်မယ့်သူကအဆင်သင့်စောင့်ကြိုနေခဲ့တာတောင်..ရှင်ရောက်အောင်မလာနိုင်ခဲ့ဘူး
"ဒီတစ်ခါတော့...ထာဝရခွဲခွာခြင်းဖြစ်ခဲ့ပြီပေါ့
ကျွန်မတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေက..လမ်းလွှဲ
ပေါ်မှာ...ရပ်နေမိမှတော့ ဘယ်တော့မှဆုံဆည်းနိုင်
မယ်လို့မထင်တော့ဘူး"
ကောင်းကင်မှာလမင်းကြီးကတောက်လောင်စပြုလာပြီ
ပင်လယ်ကြီးကလည်း..သူ့ရင်ကိုသူဖွင့်လို့မညီညာတဲ့လှိုင်းပုတ်သံတွေနဲ့တဝုန်းဝုန်းမြည်ဟီးနေပြီ
ကြယ်လေးတွေလည်းကြေကွဲစပြုလာသလို
Xing ကိုယ်တိုင်လည်းနာကျင်မှုကိုကိုစတင်တွေ့ရှိလို့ အထီးကျန်မှုဆိုတဲ့အရာကို စတင်ပွဲထုတ်တက်ခဲ့ပြီ...
ဒါဟာရှင်သင်ပေးခဲ့တဲ့ချစ်ခြင်းရဲ့နာကျင်မှုတွေပဲ
ကျွန်မနှလုံးသားကိုတံစို့ရိုက်ပြီးရင်ခုန်သံတွေကိုသေ
အောင်သတ်ခဲ့တဲ့သူ...
ရှင့်အတွက်...ကျွန်မနှလုံးသားဟာဘယ်တော့မှသက်ဝင်လှုပ်ရှားတော့မှာမဟုတ်တော့ဘူး
ရှင်ဟာ..ကျွန်မနှလုံးသားကိုအဆိပ်ခပ်ခဲ့တဲ့သူမို့လို့ပဲ
_________________________
ညအလင်းမှာ..တပွင့်ချင်းကြွေပေမယ့်..
ကောက်ရင်းနဲ့မဝေခဲ့ပါဘူး
ချစ်သူရဲ့နှလုံးသား...ခြေဆင်းသံကြားပါရဲ့နဲ့
နှလုံးသားလေး..ကြွေကျတော့ ...
ငါ့အတွက်ထင်မိလို့
ကြွေဆင်းရာအရပ်ဆီသို့
ငါလာခဲ့သည်။
ငါငိုကြွေးဖို့...အညံ့ခံဖို့လာခြင်းမဟုတ်...
မင်းကြွေပေးရာ..အသည်းတစ်စုံကို
ငါပွေ့ပိုက်မည်...ငါ့အလွမ်းများနဲ့
သက်သေပြမည်...
မင်းနှလုံးသားမှာ..
ငါ့နာမည်ရေးဖို့ပေါ့
ငါကိုယ်တိုင်မျိုချလိုက်တယ်
ရင်နဲ့မဆံ့အောင်ပွင့်ခဲ့သောအလွမ်း
ငါ့အလွမ်းများနဲ့လိပ်ပြာက
သူ့အလိုလိုရောက်လာတော့
ငါဟာ...အခုခါ
တိုက်ပွဲထဲက...နှင်းဆီပေါ့
အလွမ်းလိပ်ပြာနဲ့...နှင်းဆီနီ
ထာဝရနှုတ်ဆက်..ပြုံးပြကြရုံပေါ့
•••••••••••••••••••••••••••••••••••••
(အလွမ်းလိပ်ပြာနဲ့နှင်းဆီနီ)
"ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းက လမ်းလွဲပေါ်မှာရပ်နေမိကြလို့ မဆုံနိုင်ပေမယ့်..စိတ်ချင်းကတော့နီးစပ်
ခွင့်ရှိပါသေးတယ်...မင်းဘာတွေများတွေးနေတာ
လည်းxing ရယ်...ငါအချစ်ကမင်းအတွက်ကြွေ
ကြပြီးခဲ့တဲ့ကြယ်တစ်လုံးတဲ့လား...မင်းလက်ကမ်းရာကိုငါရောက်အောင်ကြွေကျခဲ့ပေမယ့်..လမ်းတဝက်မှာတင်ပျောက်ကွယ်ခဲ့ရတာ..ငါအရမ်းပင်ပန်းနေလို့ပါ မင်းဆီကိုရောက်အောင်ငါကြွေခဲ့ပေမယ့် ငါပင်ပန်းလွန်းလို့မင်းဆီကိုရောက်အောင်မလာနိုင်ခဲ့တာပါ...ထာဝရခွဲခွာခြင်းလို့မသတ်မှတ်လိုက်ပါနဲ့
နောက်ပြီး...ငါဟာ ဥပက္ခာပြုတက်တဲ့လိပ်ပြာတစ်ကောင်မဟုတ်ပါဘူး..မင်းရင်ခွင်မှာပဲ ပျံသန်းရင်း
ရှင်သန်ချင်တဲ့လိပ်ပြာတစ်ကောင်ပါ...ငါဟာ ကျွမ်း
ကျင်တဲ့ပန်းဆွတ်သမားမဟုတ်တော့ တစ်ချိန်ကမင်း
ဆိုတဲ့နှင်းဆီပွင့်လေးကိုမခူးဆွတ်နိုင်ခဲ့ဘူး..
ငါဆိုတဲ့အလွမ်းလိပ်ပြာတစ်ကောင်ဟာ
နှင်းဆီဆိုတဲ့မင်းရင်ခွင်မှာထာဝရနားခိုနေချင်တဲ့သူ
ပါxing ရယ်..တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ငါမင်းဆီကိုရောက်အောင်လာခဲ့မှာ..ငါ့ကိုစောင့်နေပေးပါနော်"
ကျွန်တော့်သူ့ဘေးနားမှာရပ်ပြီးစကားတွေများကြီး
ပြောနေပေမယ့် သူမ မကြားခဲ့ဘူး...
မျက်ရည်တွေနဲ့ ငိုရှိုက်နေခဲ့တဲ့သူမကို ကျွန်တော့်
ရင်ခွင်ထဲမှာပွေ့ဖတ်မထားနိုင်ခဲ့ဘူး...
Xing ရဲ့မျက်ရည်တွေကို ကျွန်တော်သုတ်ပေးခွင့်မရခဲ့ဘူး...
နောက်တော့လည်းကျွန်တော့်ခန္ဓာကိုယ်ဟာ
လေထုထဲကနေဖြည်းဖြည်းချင်း ..ပေါ့ပါးရင်း..
လွင့်မျောရင်းနဲ့ပဲ ကျွန်တော်ချစ်ရတဲ့ချစ်သူဘေးကနေလွင့်ထွက်သွားခဲ့တယ်။
.
.
.
.
.
.
________________________
အရှည်ကြီးရေးပေးထားတယ်..လက်လည်းတော်
တော်ညောင်းသွားသလို...ခေါင်းထဲမှာလည်း
ထူပူပြီးကျန်ခဲ့တယ်...
Updateမပေးတာကြာသွားလို့...မီအာနဲ...
မရေးတာကြာတော့အရေးအသားတွေလျော့လာတယ်...ချစ်တို့ကိုအားနာတယ်တကယ်ပါ
စောင့်ပြီးဖတ်ပေးကြတာကိုပဲကျေးဇူးတင်လှပါပြီ