နွယ်​..sulay Fic

By ayemyathu291187

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... More

နွယ်​(ပထမပိုင်း)
နွယ်​(ဒုတိယပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၆)
နွယ်​ (တတိယပိုင်း)(၇)
နွယ်​ (တတိယပိုင်း)(၈)
နွယ်​(တတိယပိုင်း)(၉)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၃)
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၇)
နွယ်(တတိယပိုင်း)(၂၈)
My reader
နွယ်(တတိယပိုင်း)(၂၉)
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်​ (တတိယပိုင်း) (၁၇)

577 48 0
By ayemyathu291187

မထင်​မှတ်​တဲ့​နေရာမှာ အမှတ်​မထင်​ပဲ xing နဲ့
ပြန်​ဆုံခဲ့တယ်​..

ကျွန်​​တော့်​ကိုပြန်​ဆုံ​တွေ့ဖို့​ဖန်​တီးပေးခဲ့တဲ့ ကံကြမ္မာက ​တော့ သူ့တာဝန်​ သူ​ကျေခဲ့ပြီ

အခု...ကျွန်​​တော့်​တာဝန်​​ကျေဖို့ပဲလို​တော့တာ​ပေါ့

xing နဲ့ခွဲခွာဖို့ဆိုတဲ့တာဝန်​ကို.ကံကြမ္မာက​​ကျွန်​တော်​လုပ်​​ဆောင်​ရမယ်​လို့တာဝန်​​ပေးလာတဲ့အခါ

ကျွန်​​တော်​ တာဝန်​​ကျေသင့်​လား..?

လေလွင့်​​နေတဲ့အသိစိတ်​​လေးကိုကျွန်​​တော့်​လက်​နဲ့ဖမ်းပြီး ရင်​ဘတ်​ထဲပြန်​မထည့်​နိုင်​ခဲ့လို့ လွင့်​​မျော​နေ
တဲ့ကျွန်​​တော့်​စိတ်​​လေးက...
အ​တွေးနဲ့အ​ဆွေးကြားမှာလွန်​ဆွဲ​လို့​နေကြတယ်

ကျောနဲ့ခုတင်​နဲ့ကပ်​​နေ​ပေမယ့်​ အိပ်​စက်​ခြင်းဆိုတဲ့
နားခိုရာဆီကိုမ​ရောက်​နိုင်​​သေးတဲ့ကျွန်​​တော်​..
အ​တွေး​တွေကဟိုတစ်​စဒီတစ်​စနဲ့​ကျွန်​​တော့်​ရဲ့​ဘေးပတ်​လည်​မှာပြန့်​ကျဲ​နေကြပြီ

"ဟာကွာ....."

ပါးစပ်​မှတစ်​ချက်​ညည်းရင်း ခုတင်​​ပေါ်မှထထိုင်​လိုက်​​တော့မင်​ဂျွန်းကပါ ကပျာကယာ ထရင်း...အိပ်​ချင်​မူးတူးအသံဖြင့်

"ဘာဘည်း...ဘာလည်း...ဘာလို့လည်းဆူဟို​ဘယ်​​နေရာကနာ​နေလို့လည်း..."

"ဟာ...မင်းကလည်းကွာ အိပ်​မရလို့ထလိုက်​တာပါ ဘာမှဖြစ်​ပါဘူး မင်းဟာက လွန်​လွန်းတယ်
ငါ့မှာ ​ရောဂါသည်​ကြီးလုံးလုံးဖြစ်​လို့"

အော်​...ဒုက္ခ ...ဒုက္ခ..သူငယ်​ချင်းတစ်​​ယောက်​ရထားပါတယ်​  အ​နေကျုံ့လိုက်​တာဘယ်​​နေရာမှ
လှုပ်​လို့မရ...

"အမယ်​..မင်းကပဲ​ပြောရတယ်​ရှိ​သေး..မင်းကငါ့​လူနာပဲ​..စိတ်​မပူလို့ရမလား..မင်းခနခန​မူးလဲ​နေတာကိုး...
ဒါနဲ့..​နေပါအုံး မင်းကအိပ်​မ​ပျော်​လို့ထထိုင်​ရ​လောက်
အောင်​ ဘာ​တွေများ အ​တွေးလွန်​​နေလို့လည်း​ဘာလည်းပြန်​ရမယ့်​ရက်​နီးလာလို့..
မင်းရဲ့အလွမ်းတွေက xing ရဲ့အချစ်​​တွေဆီက​ရုန်း​ထွက်​မရဖြစ်​​နေတာလား"

ကျွန်​​တော်​မင်​ဂျွန်းကိုတစ်​ချက်​လှမ်းကြည့်​ကာ
ခပ်​ကျယ်​ကျယ်​​လေးသက်​ပြင်းချလိုက်​မိတယ်
မင်​ဂျွန်းရဲ့စကားက ...ကျွန်​​တော့်​အ​တွေးနဲ့ထပ်​တူသွားကြ​​နေ​တော့ နုတ်​ဆိတ်​ပြီး​ခေါင်းညိမ့်​ဖို့က
လွဲရင်​ ဒီထက်​​ကောင်းတဲ့အ​ဖြေကျွန်​​တော့်​မှာမရှိ

"မင်​ဂျွန်း ငါ​လေ...မပြန်​ခင်​မှာသူ့ကိုနုတ်​ဆက်​သွား
ချင်​တယ်​...မနက်​ဖြန်​ကျရင်​ငါ​နေ့တဝက်​​လောက်​အလုပ်​က​နေခွင့်​ယူမယ်​..အပြင်​ခနသွားစရာရှိလို့"

ခုတုန်းကအိပ်​ချင်​မူးတူးနဲ့​မှေး​တေး​တေးဖြစ်​​နေတဲ့ မင်​ဂျွန်းရဲ့မျက်​လုံး​တွေကကျွန်​​တော့်​ စကားလည်းဆုံး​ရောချက်​ချင်းပဲအဝိုင်း​သားကိုပြူထွက်​လာတယ်​..

ပြီး​တော့လည်းသူု့နုတ်​က​နေ​ စိုးရိမ်​စိတ်​​တွေလွှမ်းမိုး
နေတဲ့​လေသံနဲ့

"​​အေး​ဆေးနား​နေရမှာကို ​လျှောက်​သွားအုံးမယ်
မင်းအ​ခြေ​နေမင်းသိတယ်​မလားဆူဟို..ဖြစ်​နိုင်​ရင်
မင်း​အ​ခြေ​နေကအိပ်​ရာ​ပေါ်မှာ​အေး​အေး​ဆေး​ဆေး
အနားယူ​နေရ​တော့မှာ..."

"ငါ့ကိုနက်​ဖြန်​​ည​နေထိပဲအချိန်​​ပေးပါမင်​ဂျွန်းရာ
ငါသူ့​ဘေးနားမှာအတူတူရှိ​နေဖို့ကနက်​ဖြန်​ည​နေထိ
ပဲအချိန်​ရှိ​တော့တာ..မင်းဆီမှာခုလို​တောင်းဆိုတာ ဟာဒါ​နောက်​ဆုံးပါပဲ..​ဒီတစ်​ခါပဲငါ့ဆန္ဒကိုလိုက်​​လျော​ပေးပါကွာ...​နော်​မင်​ဂျွန်း"

နောက်​နှစ်​ရက်​​နေရင်​ပြန်​ရ​တော့မယ်​...

မပြန်​ခင်​မှာ...xingကို...ပြန်​ပြီးချစ်​ခွင့်​ပန်​ချင်​တယ်

ကျွန်​​တော်​ဖြစ်​ချင်​တဲ့ဆန္ဒ​တွေကိုမင်းဂျွန်းကို​ပြောပြ
ပြီး​နောက်​မှာ​တော့အိပ်​မ​ပျော်​လို့​ခြေလှမ်း​တွေကအခန်းရဲ့အပြင်​ကိုပဲဦးတည်​ထွက်​လာခဲ့တယ်

အပြင်​မှာတိုက်​​နေတဲ့ည​လေ​အေး​အေး​ကြောင့်​ မွဲ​ခြောက်​ပြာကျ​နေတဲ့ကျွန်​​တော်​ရဲ့စိတ်​တွေဟာ
တ​ကျော့ပြန်​ ပြန်​ပြီးလတ်​ဆတ်​လို့လာပြန်​တယ်​​လေ

မနက်​ဖြန်​ည​နေမှာ
အချစ်​​တွေနဲ့ပုံ​ဖော်​ထားတဲ့ ကျွန်​​တော့်​ရဲ့နှလုံးသား
လေးကို xing ကိုလက်​​ဆောင်​​ပေးရင်းသူမကိုချစ်
ခွင့်​ပန်​မယ်​လို့စိတ်​ကူးထားတယ်

အဲ့ဒီ​နေ့ကျရင်​...ငါ့အချစ်​​တွေ​ကြောင့်
မင်း​ပျော်​ရွှင်​​ရမှာပါ...

အရင်​လိုပဲ
ငါ့နှလုံးသားကို​နွေး​ထွေးတဲ့မင်းလက်​​လေး​တွေနဲ့
တယုတယပြန်​ပြီး​ကောက်​ယူ​ပေးပါ..xing ရယ်

ငါ...မင်းကိုအရမ်းချစ်​တယ်

_________________________

"Xing...ဒီ​နေ့ည​နေ မပြန်​ခင်​မှာခန​လောက်​​တွေ့ရ​အောင်​...ကမ်း​ခြေကိုခန​ထွက်​လာခဲ့​နော်
ပေးစရာရှိလို့..လာဖြစ်​​အောင်​လာခဲ့​နော်​..xing..
မင်းကို​ပေးမယ့်​လက်​​ဆောင်​က..ငါ့အတွက်​​တော့
အရမ်းကို​တန်​ဘိုးကြီးလွန်းတယ်​ မင်းအရမ်းကို
တောင့်​တခဲ့တဲ့လက်​​ဆောင်​​လေးမို့ အဲ့ဒီလက်​​ဆောင်​​လေးကို ရရင်​မင်းပျော်​မှာပါ.."

မနက်​အ​စောကြီးသူ့ဆီက​နေဝင်​လာခဲ့တဲ့ဖုန်း​လေ..

သူ့အသံ​တွေက...ဖုန်းထဲမှာ က​လေးတစ်​​ယောက်​လိုပဲအရမ်းကိုရွှင်​လန်းတက်​ကြွ​လွန်းနေတယ်

"ဘာလက်​​ဆောင်​​များ​ပေးမလို့လည်းဆူဟိုရဲ့"

"မင်းတစ်​ယာက်ထဲပိုင်​​ဆိုင်​ခွင့်​ရမယ့်​ငါ့ရဲ့နှလုံးသားကိုလက်​​​ဆောင်​​ပေးမလို့"

"ရှင်​"

ရုတ်​တရက်​ကြီးဆို​တော့
မ​မျော်​လင့်​ထားတဲ့လက်​​ဆောင်​ဆို​တော့...
xing ​ပျော်​မိပြီ​လေ။ဆူဟိုရယ်​ရှင့်​ဆီက​နေဒီစကား​လေးကြားရ​တာ့ကျွန်​မရင်​ထဲ​နွေးကနဲဖြစ်​သွားတယ်
ဝမ်းသာလုံးဆို့သွားတယ်​ပဲ​ပြော​ပြော...ဆူဟိုကိုပြန်​​ပြောဖို့အတွက်​စကားလုံး​တွေဟာ xing ရဲ့အနီးနားမှာတစ်​လုံးတစ်​​လေမျှ​တောင်​ရှာမ​တွေ့​တော့ဘူး​....

"ည​နေဆက်​ဆက်​လာခဲ့​နော်​ xing"

ဒီတစ်​ကြိမ်​မှာ​တော့ ကျွန်​မနှလုံးသားသခင်​ကို ပိုင်​ဆိုင်​ခွင့်​ရပြီ​ပေါ့ ...ကျွန်​မသူ့အချစ်​​တွေကိုဖမ်းဆုပ်​ခွင့်​ရလိုက်​ပြီ​ပေါ့​...

ကမ္ဘာ​လောကကြီးမှာ သံ​ယောဇဉ်​တွယ်​တာမှု​တွေနဲ့
ဖြစ်​တည်​လာတဲ့အချစ်​ဆိုတဲ့အရာကို..ချစ်​မိသူတိုင်း
ဖြတ်​ဖို့ခဲယဉ်းတယ်​ဆိုတာ...ချစ်​တက်​တဲ့သူ​တွေ
သာအသိဆုံးပါ....

တစ်​ချိန်ကကံကြမ္မာအကျီစားသန်​ခဲ့လို့
ချစ်​သူရဲ့မျက်​ဝန်းနက်​​တွေ ကွယ်​​ပျောက်​ခဲ့ရတယ်
ချစ်​သူရဲ့အပြုံးချို​တွေ ဆုံးရှုံးခဲ့ရတယ်
ဘဝလက်​တွဲ​ဖော်​ချစ်​ရသူကို ချန်​ရစ်​ခဲ့ရတယ်

ဒီတစ်​ခါသာ ထပ်​ပြီးကံကြမ္မာက ကျီစားခဲ့မယ်​ဆိုရင်

အချစ်​ဆိုတဲ့အရာကို တစ်​သက်​လုံးသိုသိပ်​ နှုတ်​ဆိတ်​ပြီး​နေသွား​ရတော့မှာ.....

________________________

နေ့တဝက်​ခွင့်​ယူပြီး ဝယ်​စရာရှိသည်​ဟုဆိုကာ အပြင်​ကိုခန​လေးထွက်​သွားခဲ့တဲ့ဆူဟို...

တိုက်​နယ်​​ဆေးရုံ​လေးကိုပြန်​​ရောက်​လာချိန်​မှာ​တော့
သူ့မျက်​နာကသိပ်​ပြီး​တော့မ​လန်းဆန်း​တော့​ပေ...

ကျွန်​​တော်​သူ့ကိုလှမ်းကြည့်​​နေမိတာ သူကား​ပေါ်က
ဆင်းပြီး ​ဆေးရုံ​လှေကားအတက်​မှာ ​လှေကား
လက်​ရန်းကိုပြုတ်​ထွက်​လုမတက်​ဆွဲကိုင်​ထားတာကို
တွေ့လိုက်​ရတယ်

ဆူဟိုကိုကြည့်​ရတာ အ​ခြေ​နေမဟန်​​တော့သလိုပဲ

လှေကား​ပေါ်တက်​လှမ်း​နေတဲ့​ခြေလှမ်း​တွေကတည်​ငြိမ်​မှုမရှိ​တော့သလို ကျွန်​​တော့်​ကိုပင်​ပင်​ပန်းပန်းနဲ့
သယ်​​ဆောင်​ထားတဲ့ခန္ဓာကိုယ်​ကြီးဟာလည်းခုခါ
မှာယိုင်​နဲ့နဲ့ဖြစ်​ချင်​​နေပြီ...

ခြေတစ်​လှမ်းလှမ်းတိုင်း ​ခေါင်းထဲမှာဝုန်းဒိုင်းကျဲကာ
ဗြောင်းဆန်​သွားတာ​ကြောင့်​အရမ်းကိုပဲခံရခက်​​နေ
တယ်​....

လူတစ်​​ယောက်​​ပေါ့...
ကျွန်​​တော့်​​ဘေးနားကိုကမန်းကတန်းအ​ပြေးဝင်​လာပြီး ဘယ်​ဘက်​လက်​​မောင်းကိုဖမ်းဆုပ်​ကာလဲ
ကျ​တော့မယ့်​ ကျွန်​​တော့်​ခန္ဓာကိုယ်​ကို​ဘေးက​နေဝင်​ကာထိန်း​ပေး​နေတယ်​။

ထိုသူရဲ့ပါးစပ်​မှလည်း...

"မင်း အဆင်​​ပြေရဲ့လား၊ ရရဲ့လား ဆူဟို"

ဆိုတဲ့စကားသံ​ကြောင့်​ကျွန်​​တော်​လှည့်​ကြည့်​မိလိုက်​​တော့ မျက်​စိမျက်​နှာပျက်​ယွင်း​နေတဲ့မင်​ဂျွန်းကို​တွေ့
လိုက်​ရတယ်

"မင်​ဂျွန်း ငါ အဆင်​မ​ပြေဘူးကွာ..ငါ​လေ"

ကျွန်​​တော့်​မှာကြီးမားတဲ့ကယ်​တင်​ရှင်​ကို​တွေ့လိုက်​သလိုပါပဲ၊ကျွန်​​တော့်​ကိုတင်းကျပ်​စွာဖတ်​တွယ်​ထား
တဲ့မင်​ဂျွန်းရဲ့လက်​​တွေကို အားကိုးတကြီးဆုပ်​ကိုင်​ရင်း ညည်းချလိုက်​မိတယ်

"ရပြီ ရပြီ ဆူဟို၊ စကား​တွေအများကြီးမ​ပြောနဲ့
တော့ ဘယ်​လိုခံစား​နေတယ်​ဆိုတာငါသိတယ်
မင်းကိုကြည့်​ရတာ​တော်​​တော်​ကြီး​မော​နေသလိုပဲ"

" ငါတို့​တွေပြန်​ရ​တော့မှာမလား မင်​ဂျွန်း"

"အင်း..ပြန်​ရ​တော့မှာ​လေ၊ ခဏ​နေဒီက​နေကား
တွေအားလုံးထွက်​​​တော့မှာ"

"အဲ့ဒါဆို..အ​တော်​ပဲ ငါ့ကိုကားထဲပြန်​လိုက်​ပို့​ပေးပါလားမင်​ဂျွန်းရာ၊ငါကားထဲမှာခဏ​လေးဖြစ်​ဖြစ်​​နားချင်​လို့"

အားအင်​​ဖျော့​တော့​နေတဲ့အသံနဲ့ စကားတစ်​ခွန်းကိုမနည်းကိုကြိုးစားပြီး​ပြော​နေတာ ကျွန်​​တော့်​ရဲ့သူငယ်​ချင်းဆူဟိုလား...?

ဆူဟိုရာ မင်းအရမ်းမိုက်​မဲလွန်းတယ်​၊ မင်းကိုယ်​မင်း​သေတွင်းထဲကိုမကျကျ​အောင်​ဆွဲချ​နေတာပဲ..

လင်းလက်​​တောက်​ပလွန်းတဲ့ဆူဟိုရဲ့မျက်​ဝန်း​လေး
တွေဟာ အနည်းငယ်​အညို​ရောင်​သန်း​နေပြီ

နီရဲနူးညံ့လွန်းလှတဲ့နှုတ်​ခမ်းလွှာ​တွေဟာလည်း
ဖျော့​တော့​တော့ နဲ့ ​ခြောက်​​သွေ့စပြု​နေပြီ

သူ့ကိုကြည့်​ရတာ...​ကြေကွဲလွန့်​လူး​နေတဲ့ဒဏ်​ရာ
ရလှိုင်းလိုပဲ...သဲ​သောင်​ပြင်​​ပေါ်ကိုခပ်​ဖွဖွ​လေး
ပြေးတက်​ဖို့ရာအားမာန်​မရှိ​အစွယ်​ကျိုး​နေတဲ့
လှိုင်းတံပိုး နဲ့တူ​နေပြီ..

ဒါဟာ...အချစ်​တွက်​​ပေးဆပ်​ခြင်းမှ ရတဲ့ သူ့အတွက်​ဆုလဒ်​လား...အဲ့ဒါဆို ဆူဟိုအတွက် ဘယ်​တရား
ပါ့မလည်းဗျာ...ကျွန်​​တော့်​သူငယ်​ချင်းအရမ်းသနား
ဖို့​ကောင်း​နေပြီ

"တစ်​​ယောက်​ထဲကားထဲမှာဖြစ်​ရဲ့လား ဆူဟို၊
ငါအလုပ်​စရာ​လေး​တွေနည်းနည်းကျန်​​နေ​သေးလို့
ပြန်​သွားရအုံးမှာ.."

"ဖြစ်​ပါတယ်​ စိတ်​မပူပါနဲံ့ မင်းလုပ်​စရာရှိတာသာ
သွားလုပ်​ပါ ငါကားထဲက​နေ​စောင့်​​နေမယ်​"

"အို​ကေ အို​ကေ ငါခဏပါပဲ...မကြာပါဘူး၊
အရမ်းပင်​ပန်း​နေရင်​ခဏ​လောက်​မှိန်း​နေလိုက်​​လေ ငါပြန်​လာခဲ့မယ်​ ကားကိုငါပဲ​မောင်းမယ်​ ဒီပုံစံနဲ့
မင်းကား​မောင်းလို့မဖြစ်​ဘူး.."

ဆူဟိုကိုမှာစရာရှိတာမှာပြီးလှည့်​ထွက်​မယ်​လုပ်​​တော့ကားထဲက​နေလှမ်းပြီးကျွန်​​တော့်​လက်​ကိုဖမ်း​ဆွဲထားတယ်

"မင်​ဂျွန်းမပြန်​ခင်​ကမ်း​ခြေကိုခဏ​လောက်​ဝင်​ရ
အောင်​​နော်​..ငါ..သူနဲ့ချိန်းထားလို့"

ခုချိန်​ထိဆူဟိုက ချစ်​ခြင်းကိုရင်​​ငွေ့နဲ့ခင်းတဲ့လမ်း
လို့ထင်​​နေတုန်းပဲ

အချစ်​​ကြောင့်​သူ့နှလုံးသား​တွေ​သွေးထွက်​သံယိုဖြစ်
နေတာ​တောင်​၊ပြတ်​ရှလွယ်​တဲ့ချစ်​ခြင်း​အောက်​မှာသူ့နှလုံးသား​တွေတရိရိနဲ့ အသက်​မဲ့လာတာ​တောင်​ ဒီအချစ်​ဆိုတဲ့အရာကြီးကို သူတက်​မက်​​နေတုန်းပဲလား...

"​အေးပါကွာ ဝင်​​ပေးပါ့မယ်​။ခု​တော့မင်းစိတ်​​အေး
လက်​​အေးနားလိုက်​အုံး​နော်​။ငါသွားပြီ"

ကျွန်​​တော့်​သူငယ်​ချင်းကိုကြည့်​ရတာ ဖ​ယောင်းတိုင်​ဘဝနဲ့လူဖြစ်​​နေသလိုပဲ...Xing ဆိုတဲ့​ကောင်​မ​လေးတစ်အတွက်​နဲ့သူ့ကိုယ်​သူ ​လောင်​မြိုက်​ခံ​နေရတယ်

ဒဏ်​ရာဒဏ်​ချက်​​တွေနဲ့ ..အချစ်ဆိုတဲ့အရာကြီးကို​သူ့ဘဝထဲသို့​ရောက်​​အောင်​ခေါ်​ဆောင်​​နေ​ပေမယ့်​ ချစ်​ခြင်းဆိုတဲ့အရာဟာအမြဲတမ်းသူနဲ့အ​ဝေးကြီး​မှာပဲရှိ​နေခဲ့တာ....

လွမ်းကြည့်​​နေခွင့်​​လေး​တော့​ပေးခဲ့​ပေါ့..ကံကြမ္မာ
ရယ်​....

ကျွန်​​တော့်​သူငယ်​ချင်းအတွက်​​ပါ...

_________________________

Continue Reading

You'll Also Like

38.1K 2.5K 61
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...
188K 6.9K 13
2 tom dylogii ,,Agony"
95.3K 2.4K 35
A little AU where Lucifer and Alastor secretly loves eachother and doesn't tell anyone about it, and also Alastor has a secret identity no one else k...
641K 1K 22
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭