FRIEND

By jargiido_1215

182K 15.2K 711

Dika (Kaisoo) yaoi Complete More

Request
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
FRIEND (Mujhse Dosti Karoge)
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
A/N
အပိုင်း ၁၈ ( Final )
အပိုင်း ၁ (unicode)
အပိုင်း ၂ ( unicode)
အပိုင်း ၃ (unicode)
အပိုင်း ၄ (unicode)
အပိုင်း ၅ (unicode)
အပိုင်း ၆ (unicode)
အပိုင်း ၇ (unicode)
အပိုင်း ၈ (unicode)
အပိုင်း ၉ (unicode)
အပိုင်း ၁၀ (unicode)
အပိုင်း ၁၁ (unicode)
အပိုင်း ၁၂ (unicode)
အပိုင်း ၁၃ (unicode)
အပိုင်း ၁၄ (unicode)
အပိုင်း ၁၅ (unicode)
အပိုင်း ၁၆ (unicode)
အပိုင်း ၁၇(unicode)
အပိုင်း ၁၈ Final (unicode)

အပိုင်း ၎

6.6K 712 9
By jargiido_1215

" KyungSoo  သားရေ ခနလာထိုင်အုံးကွယ် "

ဒီနေ့ကျောင်းပိတ်ရက်မို့ တစ်ရက်လုံးလုံး သူ့ကို အချိန်ပေးပြီးသူသွားချင်တဲ့နေရာတွေလိုက်ပို့ပေးရမယ်လို့ ရာဇသံထုတ်ထားသော Kim Jongin အလိုတော်ကျ မနက်စောစောထပြီးရေမိုးချိုးပြင်ဆင်ကာ အိမ်အပေါ်ထပ်မှ ဆင်းလာသော KyungSoo ကို မွေးမိဘတွေကလှမ်းခေါ်နေလေရဲ့။မနက်စာ စားသောက်နေကြ၍ KyungSoo မိဘတွေအပြင် Jongin မိဘတွေပါ ရှိနေလေသည်။KyungSoo လဲ လွတ်နေသောထိုင်ခုံတွင် ဝင်ထိုင်ကာ ပြောလာမည့်စကားကိုနားစွင့်နေမိသည်။

" KyungSoo ကတကယ်လူချောလေးပဲ "

Jongin အမေ သတ်မှတ်ချက်ကို KyungSoo ရှက်ပြုံးနှင့်သာတုန့်ပြန်မိလေသည်။

" ချောတာပေါ့ကွ တို့သားပဲဟာ"

အရေးထဲ အမေက ဝင်ပြီး ဂုဏ်ဖော်နေလေရဲ့။လိုရင်းမပြောဘူး ခုဆို Jongin စောင့်ရတာကြာတယ်ဆိုပြီး စိတ်ဆိုးနေတော့မည်လေ။Yuri ဆီသွားပြီး Yuri အိမ်မှာပဲစောင့်နေမည် လာခဲ့  နောက်မကျနဲ့နော် မြန်မြန်လာဟုပင် အမိန့်ထုတ်လိုက်သေးသည့် Jongin တစ်ယောက် KyungSoo အားမျှော်နေတော့မည်။

" ဘာပြောမလို့လဲ အမေ "

လူကြီးတွေပြောနေသည့်ကြားကိုပင် အတင်းဝင်တိုးကာမေးရသည်။ချောသည်ကိုအကြောင်းပြု၍ မင်းကပိုချောတာပါကွာ မင်းအချောဆုံးပါနှင့် တစ်ယောက်တစ်ပြန် ပြောနေသော မိခင်နှစ်ဦးကိုကြည့်ပြီး KyungSoo ရယ်လဲရယ်ချင်သည်။ကိုယ့်ကိစ္စက ဘယ်ရောက်သွားသည်မသိ မနည်းပြန်ခေါ်နေရသည်လေ။

" သြော် !!  ဒီလိုသားရဲ့  "

Jongin အမေက KyungSoo အား ချိုသာသောအပြုံးဖြင့် နူးညံ့စွာကြည့်လျက်

" သား အမေကိုမေးကြည့်တာ သားမှာချစ်သူမရှိဘူးလို့ကြားတယ် ဟုတ်လား "

" ဟုတ်ကဲ့ "

" သားက သူ့စာနဲ့သူတောင်မအားဘူး အမြဲအလုပ်ရှုပ် စာတမ်းပြင်ဆင်ဖို့ဆိုပြီး ဆရာတွေကလဲ သူ့ကိုအားကိုးတယ် အမြဲသွားလေရာခေါ်တယ် သူ့မှာ အိမ်ကျောင်း  ကျောင်းအိမ်နဲ့ ဒါပဲလှည့်ပတ်နေတာ "

အမေ့ စကားနောက်မှာ Jongin အမေရဲ့ ကျေနပ်သောအပြုံးကိုမြင်ရလေသည်။ဒီအပြုံးက နည်းနည်းတော့ အဓိပ္ပါယ်တစ်ခုခုကိုဆောင်သည်တွေးမိပြီး KyungSoo စိတ်လှုပ်ရှားလာလေသည်။

" အန်တီက အိမ်ထောင်ဖက်တွေ့ပေးမလို့ KyungSoo ကို "

မှန်တာပေါ့ အဓိပ္ပါယ်မရှိဘဲ ဒီမေးခွန်းမမေးဘူးဆိုတာ  အသက် ၂၅ ဝန်းကျင်သာရှိသေးသော ယောက်ျားလေးတစ်ယောက်ကို အိမ်ထောင်ချပေးဖို့ မစောလွန်းဘူးလား ဆိုပြီး အရင်က KyungSoo မိဘတွေ ပြောခဲ့တာရှိပေမယ့် KyungSoo ငြင်းပယ်ခဲ့တာချည်း။အခုက Jongin အမေဆိုတော့  ပြောရအခက်သားလေ။

" ကျွန်တော် ကျောင်းမပြီးသ၍ မစဉ်းစားဘူးလို့ ဆုံးဖြတ်ထားလို့ပါ အန်တီ "

အလိမ္မာဆုံး အယဉ်ကျေးဆုံး ဆင်ခြေဖြင့်သာ KyungSoo ငြင်းပယ်မိသည်။သူ အိမ်ထောင်ဖက်တွေ့ရန် လုံးဝစိတ်ကူးမရှိပါ။

" အခု ချက်ချင်းမဟုတ်ပါဘူး KyungSoo ရဲ့ ကျောင်းတွေပြီးသွားမှပါ အန်တီတွေ့ပေးမယ့် ကောင်မလေးကလဲ  ကျောင်းမပြီးသေးပါဘူး  အန်တီ့ တူမဝမ်းကွဲလေးပါ  အန်တီက  KyungSoo တို့နှင့်ဆွေမျိုးတော်ချင်တာ သမီးရှိရင် ပေးစားတာကြာပေါ့  "

အဲ့ဒါဆိုလဲ သားနဲ့သာ ပေးစားလိုက်ဗျာဟု KyungSoo စိတ်ထဲအချဉ်ပေါက်စွာတွေးမိလိုက်လေသည်။အမေတို့မျက်နှာကြည့်တော့လဲ သားဖက်က ငြင်းပေးဖို့ဝေးစွ ဆွေမျိုးတော်ရမှာဟူသော အတွေးက KyungSoo မိဘတွေကို ဆွဲဆောင်နေခဲ့သည်ထင်ပါရဲ့။အချစ်ဆုံးသူငယ်ချင်းတွေ့မို့ အရင်းနှီးဆုံးဖြစ်ချင်နေကြသော သူတို့နှစ်မိသားစုအတွက် အဓိက  ကKyungSoo ဖြစ်နေသလိုပင်။

" သားကို ဒီအတိုင်း အမေတို့ကပြောပြထားတာ ကောင်မလေးက Londonမှာလေ ကျောင်းပြီးရင် ဒီကိုပြန်လာအခြေချမှာအဲ့တော့မှသာ ထပ်ဆွေးနွေးကြတာပေါ့ သားလဲစဉ်းစားလို့အချိန်ရတယ်လေ နော် "

အမေ့ရဲ့ ချော့မြူသလို အပြောနဲ့ Jongin အမေရဲ့ မျှော်လင့်သလိုအပြုံး တွေအောက်မှာ KyungSoo ငြင်းဆန်နိုင်ခွင့် လျော့ပါးနေလေသည်။မသေချာသည့် တစုံတခုအားမျှော်လင့်နေမိသည့် စိတ်တွေနှင့် KyungSoo ရင်ထဲ တင်းကျပ်မှုတို့ပိုတိုးလာသည်။ပို၍ ရှုပ်ထွေးစေမှာလား။ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောလမ်းစလား ခုချိန် KyungSoo မတွေးနိုင်သေးပါ။သူတွေးမိသည်က Jongin သူ့ကိုစောင့်နေတော့မည်။

☆☆☆☆☆☆☆☆☆☆☆☆☆☆☆

လက်ထဲလဲ အိတ်တွေက တပုံတပင် Jongin လက်ထဲတွင်မက KyungSoo လက်ထဲတွင်ပါအိတ်တွေကိုင်ထားရသည်အထိ မိ Yuri တို့ ဝယ်မဆုံး ပတ်မဆုံး။အက ပြိုင်ပွဲအတွက် အဝတ်အစားသွားဝယ်မည်ဟု Yuri ပြောတုန်းက ဒီလောက်ပတ်မည်မထင်၍ လိုက်ခဲ့မိသော KyungSoo နှင့် Jongin တို့လဲခြေတိုတော့မည်။Jongin ကပိုပင်ပန်းသည်လေ။KyungSoo ကမှ တစ်ဆိုင်ရောက်ရင် ထိုင်ခုံပေါ်ထိုင်ကာ နားနိုင်သေးသည်။Jongin ကမူ Yuri ရဲ့ ငါ့ကိုရွေးပေးအုံး ဒါလေးလိုက်လားကြည့်ပေးအုံး အပြောတွေအောက်မှာ မမောပန်းနိုင် အကဲဖြတ်နေလေရဲ့။အခုလဲ ဆိုင်တစ်ဆိုင်ထဲဝင်ကာ အကျီ င်္တွေရွေးနေလေရဲ့။Jongin ကလဲလိုက်ရွေးပေးနေသည်လေ။KyungSoo  ဆိုင်အတွင်းရှိ Sofa ခုံတွင်ထိုင်ကာ သူတို့နှစ်ယောက်အားကြည့်နေမိသည်။

လိုက်ဖက်ပါသည်။အရပ်ရှည်သော Jongin နှင့် KyungSoo လောက်နီးနီးအရပ်ရှိသော Yuri တို့ကိုကြည့်ရသည်မှာ တကယ့် couple တွေအလား။ နှစ်ယောက်လုံးကလဲ KyungSoo လိုဖွေးဆုတ်နေသည့်အသားအရည်မျိုးမဟုတ် Yuri သည်လဲ အနည်းငယ် ညိုသည့်ဘက်ရောက်သည်လေ။ဆိုင်အတွင်းရှိ ဝန်ထမ်းကောင်မလေးများရဲ့ လိုက်ဖက်လိုက်တာနော်ဟူသော အပြောများကိုပင် KyungSoo ကြားနေရတော့ ရင်ထဲ ကြည်နူးခြင်းကတစ်ဖက် နာကျင်ခြင်းကတစ်ဖက်။အကယ်၍ များအဆင်ပြေသွားခဲ့လျှင် KyungSoo တကယ်ပဲဝမ်းသာမိမလားတွေးမိတော့ ကိုယ့်စိတ်ကို ကိုယ်အပြစ်တင်မိသည်။မဖြစ်သင့်တာကိုတွေးနေမိသည့် ကိုယ့်ကိုကိုယ်လဲမုန်းမိသည်။တကယ်က ကိုယ်စခဲ့သည့်ဇာတ်လမ်းမဟုတ်ပါလား။အဆင်ပြေခဲ့ရင် ကိုယ်ဝမ်းသာရမည်လေ။မျှော်လင့်ခဲ့တာ ဒီအတိုင်းပဲမဟုတ်လားတွေးပြီးဖြေသိမ့်နေရသည်။ဒါမှမဟုတ် ဘာမှမတွေးမိအောင်  ငါပဲ အိမ်ထောင်ဖက်တွေ့လိုက်ကောင်းမလားလဲတွေးမိပြန်သည်။အားးးး ရူးမည်။ကြာရင် KyungSoo ရူးသွားမလားမသိ။ လောလောဆည် ကိုပဲတွေးကာ အားလုံးပျော်ရွှင်ဖို့အတွက် ကိုယ့်ပျော်ရွှင်မှုစတေးရလျှင်လဲ လုပ်ရပါစေတော့လေ။

" သွားမယ် KyungSoo  coffee သွားသောက်ကြမယ် ငါဝယ်တိုက်မယ် ငါ့သူငယ်ချင်းလေးတွေပင်ပန်းနေပြီ "

အထုပ်တစ်ထုပ်ဆွဲကာ ထွက်လာသော မိမိဖန်တီးထားသည့် စုံတွဲအားတွေ့လိုက်ရမှ အတွေးကမ္ဘာထဲမှ KyungSoo ပြန်ရောက်လေရဲ့ ။Jongin ရောက်လာပြီးမှ KyungSoo အတွေးတွေမျောတာခနခန အိပ်မက်ထဲတောင်ရောက်သွားလေရဲ့။ဘယ်လောက်များစိတ်စွဲလဲလို့လေ။တော်သေးရဲ့  မသွားပါနဲ့ဘဲ ကြားပြီး နောက်ဆက်တွဲ Jongin လို့ မအော်မိခဲ့သည်ကိုပင်ကျေးဇူးတင်ရမည်။Jongin သာ ကြားသွားရင် ရှင်းရမှာက မလွယ်။ဟိုနေ့ကတောင် အိပ်ခန်းထဲ HOT သီချင်းခွေတွေတွေ့ပြီး ရစ်နေသေးလို့ Yuri ဆီက ငှားထားတာဟုဖြေရှင်းချက်ပေးလိုက်ရသေးသည်။ဒါတောင်မယုံချင် ယုံအောင် Yuri ဆီဖုန်းဆက်ကာ ခွေတွေလာယူအုံးပြောရသေးသည်။Yuri ပါးနပ်လို့သာ အဲ့ကတည်းက အလိမ်မပေါ်တာလေ။

coffee ဆိုင်က centre အပေါ်ဆုံးထပ် လေဟာပြင်တွင်ဖွင့်ထားလေရာ လတ်ဆတ်သောလေကိုရှုရင်း coffee သောက်ရတာ အရသာရှိလှလေသည်။သုံးယောက်သားထိုင်ရင်း စကားတပြောပြောနှင့်ရှိနေတုန်း ရုတ်တရပ် Jongin စကားထပြောလေရဲ့။

" ဒီ centre ထဲမှာစာအုပ်ဆိုင်ရှိတယ်မဟုတ်လား "

" ရှိတယ်လေ ဟုတ်တယ်မဟုတ်လား KyungSoo "

Yuri အမေးကိုခေါင်းသာညိတ်ဖြေလိုက်မိသည်။Yuri မေးရသည့် အကြောင်းအရင်းမှာ စာအုပ်ဆိုင်ကို KyungSoo သာရောက်ဖူး၍ စာဖတ်ပျင်းသော Yuri အဖို့စာအုပ်ဆိုင်ဘယ်နားရှိမှန်းပင်မသိ။စာအုပ်နှင့်ပတ်သက်လျှင် KyungSoo သာ ပိုသိသောကြောင့်ပင်။စာအုပ်ဟုကြားသည်နှင့် KyungSoo ခေါင်းကြီးသွားမိသည်။Jongin စာအုပ်ဝယ်ရန်ရှိသည်မဟုတ်ပါလား။

London မှာ ရှိနေတုန်းက ညဖက် အိပ်မပျော်တတ်သောကြောင့် အမြဲအိပ်ရေးမဝဖြစ်နေရသည့် Jongin အတွက် KyungSoo စာအုပ်လေးတစ်အုပ်လက်ဆောင်ပို့ပေးဖူးသည်။Yuri အနေနှင့်ပါ Jongin သိထားတာကတော့ Yuri ပို့သည်ပေါ့။တောတွင်းသူပုန်လေးနှင့် သူပုန်များသုံ့ပန်းအဖြစ်ဖမ်းဆီးသွားသည့် ဆရာဝန်လေးတို့၏ yaoi ချစ်ဇာတ်လမ်းကို ပုံဖော်ထားသည့်စာအုပ်လေးက အလွမ်းအဆွေးအချစ်တို့ကို ရသမျိုးစုံပေးစွမ်းနိုင်သည်လေ။နာမည်ကျော် English စာရေးဆရာရေးသားသည့်စာအုပ်ကို Koreaဘာသာဖြင့်  translate လုပ်ထားသောစာအုပ်လေး London မှာပဲရှိနေစဉ် ရေစိုပြီး စုတ်ပြဲသွားပြီဟု Jongin စာပို့ဖူးသည်။နှမျောလွန်းလို့ စိတ်မကောင်းဖြစ်နေတဲ့ Jongin ကိုမနည်းချော့မော့ပြီး ပြန်ရှာဝယ်ပေးမည်ဟုကတိပေးထားကာ ဝယ်လဲဝယ်ပြီးဖြစ်သော်လည်း Jongin အားမပေးရသေးပေ။

" Yuri  နင်ဝယ်ရမှမဟုတ်လား စာအုပ်လေ "

" ဘာစာအုပ်လဲ စာအုပ်ဝယ်တဲ့ အစဉ်အလာ Yuri တို့မှာမရှိ ငါကစာဖတ်ရင် အိပ်ချင်လာရော ... အ..."

ပြောနေသည့် Yuri စကားသံတို့ပိတ်သွားအောင် စားပွဲခုံအောက်ရှိ Yuri ခြေထောက်တွေကို KyungSoo ခြေထောက်နှင့်လှမ်းတို့ပြီးသတိပေးလိုက်ရသည်။Jongin ရဲ့ မသင်္ကာမျက်လုံးတွေက Yuri အပေါ်ကျရောက်နေပြီလေ။ဒီတော့မှ Yuri သတိဝင်သွားပြီးဘယ်လိုဖြေရှင်းချက်ပေးရမလဲစဉ်းစားနေလေရဲ့။KyungSoo ကတော့ လေဟာပြင်မှာ ချွေးပြန်နေလေပြီ။

" စာအုပ်မဝယ်ဘူး ဟုတ်လား "

".... "

Yuri ပြန်မဖြေတော့ Jongin တင်မက KyungSoo ပါ တုန်လှုပ်စွာ Yuri ကိုငေးကြည့်နေမိသည်။စကားတတ်သော Yuri တစ်ခုခုပြောလိုက်ပါ ဖြေရှင်းလိုက်ပါ ငါ ဒီလိုကြီးအဆုံးသတ်မသွားချင်ဘူး Yuri ya ။

" အေးလေ KyungSoo နဲ့ပဲမှာတာ သူနဲ့ပဲ လမ်းကြုံတယ်လေ အာ့ကြောင့် ပြီးတော့ အမြဲတမ်း တသွေမတိမ်းသတ်မှတ်မထားနဲ့ Jongin ရဲ့ လူဆိုတာပြောင်းလဲတဲ့အမျိုး အရင်က ငါစာတွေဖတ်ဖြစ်ပေမယ့် အခုက ငါ ပြိုင်ပွဲကိုပဲအာရုံထားနေတာ စာဘက်မလှည့်နိုင်တာကြာပြီ ပြန်အချိန်ပေးအုံးမှပါလေ "

ရယ်ရယ်မောမောနှင့် Yuri စကားလုံးတွေအကြား Jongin မျက်နှာပြန်ကြည်တော့မှ KyungSooလဲ စိတ်ချ သက်ပြင်းအခါခါ ချမိရသည်။Yuri ကြည့်မိတော့လဲ မလွယ်ဘူး ဆိုသည့်သဘောမျိုး သူလဲမနည်းဖြေရှင်းလိုက်ရပုံပင်။အသွင်မတူသောလူနှစ်ယောက်ရဲ့ကွာဟချက်တွေကိုဘယ်လောက်ထိ လိုက် ညှိနေရမှာလဲတွေးမိပြန်ရင် စိတ်မောလူမောဖြစ်ရသည်။လက်မတင်လေး လွတ်သည်ဟူသောအနေအထား နှင့်ဘယ်တော့မိသွားမလဲ ဆိုသည့်အနေအထားတွေအကြား KyungSoo လဲ ပင်ပန်းလှပြီ ကိုယ့်ရှုးကိုယ်ပတ် ဆိုတာဒါမျိုးလားမသိ။ဟူးးး မော၏။

☆☆☆☆☆☆☆☆☆☆☆☆☆☆☆

" ဒေါက် ဒေါက် "

တံခါးခေါက်သံကြောင့်  စာဖတ်နေရာမှ KyungSoo ခေါင်းထောင်ကြည့်မိတော့ အခန်းဝမှာ Jongin ရပ်နေလျက် လက်ကလဲပန်းကန်းကိုကိုင်ထားလျက်သား

" ဘာတွေလဲ Jongin "

" ပီဇာတွေလေ "

အမေ့လက်ရာပင်ဖြစ်မည်။KyungSoo အမေရဲ့ ဝါသနာ ဟင်းချက်ကောင်းတာကိုအကြောင်းပြုပြီး Jongin တစ်ယောက်တစ်နေ့တစ်မျိုးမရိုးအောင်ကို ဟိုဟာလေးလုပ်ခိုင်းလိုက် ဒီဟာလေးလုပ်ပေးပါအုံးချွဲလိုက်နှင့်။ အခုလဲ ပီဇာစားချင်သည်ပူဆာလိုက်လားမသိ Jongin ကို သားအရင်းလိုချစ်ခင်သော KyungSoo အမေကလဲ မငြီးမငြူ လုပ်ကျွေးတတ်သည်။
ပီဇာပန်းကန်ကို စားပွဲပေါ်တင်ကာ ထိုင်ခုံကိုဆွဲပြီး KyungSoo ဘေးနားဝင်ထိုင်လိုက်ပြီး KyungSoo ဖတ်နေသည့်စာအုပ်ကိုစပ်စုနေလေရဲ့။

" ကျောင်းစာတွေပါ Jongin ရ "

" စာတမ်းပြုစုတာလဲလုပ်တယ်ဆို ဟုတ်လား "

" inn  ဆရာတွေလုပ်တာပါ ငါကကူညီရတာ "

KyungSoo ကပြောရင်း ပီဇာ တစ်ချက်ယူလိုက်ပြီး စားဖို့ပြင်လိုက်ပေမယ့် KyungSoo လက်ကိုဆွဲယူပြီး Jongin ကသူ့ပါးစပ်ထဲထည့်လိုက်လေသည်။

" ဘာလုပ်တာလဲ "

"အား  အရသာရှိလိုက်တာ  သူများလက်နဲ့စားရလို့လားမသိဘူး "

" ကိုယ့်ဟာကို ယူစားပါလား မင်းကလေးလား  "

KyungSoo အော်ဟစ်ပြောမိတော့ Jongin က သဘောကျသလိုရယ်နေကာပါသည်။ကလေးတစ်ယောက်က သူလုပ်ချင်သော အရာလုပ်လိုက်ရသလိုမျိုး  သဘောတွေ့နေသော Jongin ကိုကြည့်ပြီး KyungSoo ပါလိုက်ရယ်မိသည်။ငါ့ လက်ပေမှာစိုးလို့ ဟုလဲပြောသေးသည်လေ။အကျင့်ပုတ် Jongin ကြောင့် KyungSoo ပဲ ပီဇာတွေ Jongin ကိုခွံ့ကျွေးနေရသည်လေ။အသက်ရွယ်တူပေမယ့် ကလေးဆန်လွန်းသော Jongin ကိုကြည့်ပြီးရင်ထဲကျေနပ်စိတ်လေးဖြစ်မိလေသည်။

" KyungSoo ya !!!  မင်းအချစ်ဦး ရှိခဲ့ဖူးလား "

ပီဇာစားနေသော KyungSoo လက်တွေရပ်တန့်သွားသည်အထိ Jongin မေးခွန်းက ခက်ခဲနေခဲ့သည်လေ။

" ဒီအသက်အရွယ်နဲ့ကွာ တစ်ယောက်ယောက်တော့ရှိခဲ့မှာပဲ အခုတော့ မင်းမှာ ချစ်သူမရှိတာသိနေပေမယ့် မင်း ရင်နင့်အောင်ချစ်ခဲ့သူများရှိခဲ့မလား သိချင်လာလို့ "

" ဘာလို့သိချင်လာတာလဲ ရုတ်တရပ်ကြီး "

KyungSoo ပြန်မေးခွန်းထုတ်တော့ Jongin တည်တည်ငြိမ်ငြိမ်ပဲပြုံးနေခဲ့သည်။နူးညံ့သောအပြုံးက KyungSoo ရင်ကိုအေးချမ်းစေပါသည်။KyungSoo ရင်တွေလှုပ်ရှားသွားအောင်လဲ Jongin ပြုံးတတ်သေးသည်။မျက်လုံးတွေပိတ် ပါးစပ်ပြဲသွားသည်အထိ ရယ်မောနေရင်တော့ ထိုပုံရိပ်ကို အိမ်မက် မက်သည်အထိ Jongin စွဲဆောင်နိုင်သည်လေ။

" မင်းရဲ့ အချစ်ကို သိချင်လို့ပါ မင်းဘယ်လိုချစ်တတ်လဲ ဆိုတာ တကယ်သိချင်တာ "

" ငါက ဘယ်လိုချစ်တတ်ရမှာလဲ  ငါလဲလူသားပဲဟာ လူတွေလိုပဲချစ်တတ်တာပေါ့"

KyungSoo ဘုဂလန့်ပြောမိတော့ Jongin ထပ်ရယ်ပြန်သည်။အသေသတ်ဖို့များစဉ်းစားထားလားမသိဘူး ဒီကောင်။

"ပြောပါကွာ ချစ်ခဲ့တဲ့သူရှိခဲ့ဖူးလား အချစ်ဦးပေါ့ကွာ  ရှိခဲ့လား"

" အင်း  ရှိခဲ့ဖူးတယ် ရှိနေသေးတယ် ရှိနေတုန်းပဲ"

KyungSoo အဖြေအဆုံး Jongin မျက်လုံးလေးတွေလက်သွားလေရဲ့။စိတ်ဝင်စားသလို KyungSoo ကိုကြည့်ကာ

" ရှိနေသေးတယ်လား  ဟုတ်လား ဘယ်သူလဲ ပြောပြပါလား  မင်းဘာလို့ မတွဲတာလဲ ဖွင့်ပြောပြီးပြီလား  ဟိုကရော မင်းကိုလက်ခံလား ပြောလိုက်ပါကွာ လက်ခံမှာပါ မင်းလဲချောတာပဲဟာ သူကရော ချောလား သိချင်တယ်ကွာ မိတ်ဆက်ပေး "

" ဖြည်းဖြည်းပြောပါ Jongin ရာ "

သိချင်စိတ်တွေနှင့် တရစပ်မေးနေသော Jongin ကိုကြည့်ရင်း KyungSoo ပြုံးမိပြန်သည်။တကယ်ပဲ ငါရဲ့အချစ်အကြောင်းကိုသိချင်နေတာလား Jongin ရယ်။

" မင်းရဲ့ စိတ်ကိုကိုင်လှုပ်နိုင်တဲ့သူဆိုတော့ ငါသိချင်မိတာပေါ့ "

Jongin အပြောကြောင့် KyungSoo  ကြည့်မိတော့ KyungSoo ကိုသေချာစိုက်ကြည့်နေသော Jongin မျက်ဝန်းတွေကိုတွေ့လိုက်ရသည်။နှစ်ယောက်သားစိုက်ကြည့်မိသည်မှာ စက္ကန့်အားဖြင့် ငါး စက္ကန့်လောက်သာကြာမည်။Jongin မျက်ဝန်းကအဓိပ္ပါယ်ကို KyungSoo  မဖတ်နိုင်ခဲ့ပါ။နောက်ဆုံး ရင်မဆိုင်ရဲသော KyungSoo ကပင် မျက်လုံးတွေရှောင်လွှဲရသည်။KyungSoo မကြည့်တော့ပေမယ့် Jongin မိမိကိုစိုက်ကြည့်နေသည်ကိုတော့ KyungSoo မျက်ဝန်းထောင့်ကနေမြင်တွေ့နေရသည်လေ။မျှော်လင့်ချက်တွေမပေးပါနဲ့ Jongin ဒီတိုင်းလေးပဲ နေသားကျပါတယ်။

" ထားပါကွာ ပြီးသွားပါပြီ မသိချင်နဲ့တော့ ငါလဲမပြောချင်တော့ဘူး "

စကားလမ်းကြောင်းလွှဲရင်း ပန်းကန်ထဲကျန်နေသေးသည့် ပီဇာကိုယူကာ Jongin ပါးစပ်ထဲ အကုန်လုံးထည့်လိုက်တော့ ပါးစပ်တစ်ခုလုံး ဖောင်းကားက အပြည့်အသိပ်။

" မင်း ကလဲ ဘာလို့အကုန်ထည့်  ဒီမှာ မဆန့်ဘူး နင်နေပြီ "

ထိုစကားလုံးတွေကို မပီမသပြောရင်း ပီဇာတွေကိုဝါးနေသော Jongin ကိုကြည့်ပြီး KyungSoo အားရပါးရရယ်မိသည်။KyungSoo ရယ်တော့ Jongin လဲရယ်ပါသည်။အရမ်းတော့ မရယ်ရဲ ပါးစပ်ထဲပြည့်သိပ်နေသည်မဟုတ်ပါလား။အသင့်ရှိသော ရေဘူးကိုအဖုံးဖွင့်ပေးရင် Jongin လက်ထဲထည့်ပေးတော့ Jongin ယူသောက်လေသည်။ဒီအတိုင်းလေးပဲ မင်းနဲ့ငါ အတူတူရှိနေတာလေးပဲ ငါမျှော်လင့်မိတာပါ Jongin ရာ ငါချစ်တဲ့သူရယ် ငါချစ်တဲ့သူငယ်ချင်းရယ် ငါရယ် ဒီအတိုင်းပဲ ရှိနေစေချင်တာ ငါလောဘပါ ဒီထက်ပိုမမျှော်လင့်ပါဘူး ရှိပြီးသားပါဆုံးရှုံးသွားမှာ ငါသေမတတ် ကြောက်မိလို့ပါ။

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

Continue Reading

You'll Also Like

286K 18.3K 25
မ roလိုက်ရတဲ့ Anniversaries များနှင့် ရည်းစားမဖြစ်သေးသော နေ့စွဲများ ၊၊ BD present for မီးငယ်လေး♥ မ roလိုကျရတဲ့ Anniversaries များနှင့် ရည်းစားမဖြစ်သေ...
733K 70.2K 37
(zawgyi) ငါ့နာမည်က ချစ်စနိုးညီညီ...။ မင်းတို့ကို ကြွားစရာရှိတယ်...။ ငါ့မှာ သိပ်ကို အရှိန်အဝါကြီးလွန်းတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးလို့ အများကသိကြတဲ့ သခင်...
17.4K 1.2K 37
Offgun & Taynew ( fan fic )
142K 8.9K 25
No Translation. That is my OC. Completed zawgyi ကိုယ်ပိုင်အတွေးငယ်လေးများနဲ့ ဇာတ်ကောင်တွေ့ရဲ့ဇာတ်အိမ်ငယ်ကိုဖန်တီးထားပါတယ်... မည်သူတစ်ဦးကိုမှထိခ...