အပိုင်း ၁၀ (unicode)

536 54 0
                                    

အပိုင်း (၁၀)

စူးရှသော အလင်းတန်း တစ်ခု မျက်ဝန်းထဲဝင်လာသောကြောင့် မျက်ဝန်းတွေဖွင့်ဟ ကြည့်မိတော့ နေရောင်ခြည်တို့က အခန်းထဲ ဖြာကျနေလျက်။ကျိန်းစပ်သွားသော မျက်ဝန်းတွေကို အသာပြန်ပိတ်ကာ ငြိမ်နေပြီးမှ ပြန်ဖွင့်ကြည့်မိတော့မှ  အလင်းရောင်နှင့် မျက်လုံးတို့ အသားကျတော့သည်။ခါးတွင် လေးလံနေသော အထိအတွေ့တစ်ခုကြောင့် ငုံ့ကြည့်မိတော့ အဝတ်အစားမရှိသည့် ခန္ဓာကိုယ်အပေါ်ပိုင်းကား စောင်ကင်းမဲ့နေလျက်။လက်တစ်ဖက်က KyungSoo ခါးပေါ်မှာနေရာယူလျက်။လက်ရှိအခြေအနေကိုတွေးမိတော့ KyungSoo ပါးတွေရဲတွတ်လာကာ လက်ဝါးတွေဖြင့် မျက်နှာကို အုပ်ထားမိသည်လေ။မိမိကJongin ကိုကျောပေးနေသည်မို့ ကိုယ်ကို အသာလှည့်ကြည့်မိတော့ Jongin မျက်နှာက KyungSoo မျက်နှာနှင့်နီးကပ်စွာ။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် Jongin ပုံစံက ကလေးတစ်ဦးသဖွယ် အပြစ်ကင်းလွန်းလှသည်။ညက KyungSoo နှင့် အတူနေခဲ့သည့် Jongin မှဟုတ်လေစွ တွေးမိအောင်ပင်။ညကတော့ ယောက်ျားပီသစွာ KyungSoo အပေါ်ပြုမူခဲ့သည်မဟုတ်ပါလား။

မျက်ဝန်းတွေကိုဖုံးကွယ်နေသော ဆံပင်တို့ကို အသာအယာ သပ်တင်ပေးမိတော့ Jongin အနည်းငယ် တွန့်သွားလေရဲ့။နိုးတော့မနိုး KyungSoo ချစ်သူ အင်မတန် အိပ်ပုတ်ကြီးသည်လေ။မို့နေသော မျက်ဝန်းလေးတွေကို လက်ဖြင့်အသာ အယာတို့ထိနေမိသည်။ဖြောင့်စင်းနေသော နှာတံလေးကလဲ အချိုးအစားကျနလွန်းသည်။ဖူးပြီးပြည့်နေသည့် နှုတ်ခမ်းထူတို့အား လက်ဖြင့်ထိတွေ့နေမိတော့ ထိုနှုတ်ခမ်းတို့အား နမ်းရှိုက်ချင်သည့် စိတ်တွေက ရင်ထဲဝင်လာမိ၍ Jongin မနိုးအောင် ခပ်ဖွဖွ နမ်းမိသည်။အခုတော့ ဒါတွေအားလုံး KyungSoo ပိုင်ပြီမဟုတ်လား။   သူ့ရဲ့ မျက်ဝန်းတွေ သူ့ရဲ့အကြည့်တွေ သူ့ ရဲ့ စကားသံချိုလေးတွေ သူ့ရဲ့အပြုံးတွေ အားလုံး KyungSoo ပိုင်ရပြီမဟုတ်လား။အိပ်မောကျနေသော Jongin ကိုကြည့်ပြီး အတွေးတစ်ချို့က KyungSoo ရင်ထဲဝင်လာမိတော့ ထိတ်လန့်သွားမိရသည်။

" ငါ အမှား လုပ်မိပြန်ပြီလား မသိဘူး Jongin ရယ် "

အိပ်ပျော်နေ၍မကြားနိုင်မှန်းသိရက်နဲ့ Jongin ကို တိုင်တည်ပြောနေမိသည်။

FRIENDWhere stories live. Discover now