အပိုင်း ၅

6.7K 722 10
                                    

"မင်း အဲ့ဒါ ဝယ်မလို့လား "

Jongin  platinum bracelet လေးတွေကို ရွေးချယ်နေတုန်း ဘေးနားမှာရှိနေသည့် KyungSoo အမေးကို ခေါင်းညိတ်၍သာ အဖြေပေးလိုက်မိသည်။အခု ခေတ်စားနေသော couple bracelet လေးတွေက ဒီဇိုင်းဆန်းဆန်း လေးတွေမို့ Yuri နှင့်ဆင်တူ ဝတ်ရမည် အတွေးနှင့် ကျေနပ်နေမိသည်။

Yuri  အကပြိုင်ပွဲမှာ ပထမရသည်မို့ ဂုဏ်ပြုလက်ဆောင်ပေးရန် KyungSoo နှင့်တိုင်ပင်ကြည့်ပြီး KyungSoo အကြံပြုချက်ဖြင့် Jewellery ဆိုင်သို့ရောက်လာခဲ့ရသည်။ဝယ်ဖို့စိတ်ကူးမိသည်က necklace။တကယ်တမ်းမြင်ပြီး သဘောကျနေမိတာက couple bracelet လေးတွေသာ။

" couple လား "

"inn "

" လှသားပဲ "

" Yuri  ကြိုက်မယ်ထင်လား KyungSoo "

အနားမှာလာရပ်ကာ bracelet လေးတွေကို ကူရွေးပေးနေသော KyungSoo ကို မေးကြည့်တော့ KyungSoo က အသာပြုံးရင်း

" ကြိုက်မှာပါ မင်းပေးတာပဲလေ "

KyungSoo အဖြေစကားကြောင့် Jongin မော့ကြည့်မိတော့ မိမိကိုကြည့်နေသည့် KyungSoo မျက်ဝန်း ဝိုင်းဝိုင်းလေးတွေနှင့်အကြည့်ခြင်းဆုံမိသွားသည်။ခနပါပဲ  မျက်ဝန်းတွေ ဆုံတွေ့တိုင်းဦးစွာအကြည့်လွှဲသွားတတ်သည့် KyungSoo မျက်ဝန်းတွေကို Jongin ခုချိန်ထိ ဘာသာမပြန်တတ်ခဲ့ပါ။

" ငါ ပေးတယ်ဆိုတာထက် Yuri ကြိုက်တာကိုပဲ ပေးချင်တာ ငါပေးလို့ကြိုက်ရတာမျိုးဆိုတာချည်းက မဟုတ်ပါဘူး "

" ကိုယ့်ချစ်တဲ့သူပေးရင် ဘယ်ဟာမဆို ကိုယ့်အတွက်တန်ဖိုးကြီးတာတွေဖြစ်သွားတတ်ကြတာချည်းပဲ Jongin  အဲ့ဒါက သစ်ရွက်လေးပဲဖြစ်ဖြစ် စက္ကူပဲဖြစ်ဖြစ် မြတ်နိုးတတ်ကြတယ် "

လေးနက်စွာပြောနေသည့် KyungSoo ကို Jongin ထပ်ကြည့်မိတော့ KyungSoo ကလဲပြန်ကြည့်နေသည်။ဒီတစ်ခါတော့ KyungSoo အကြည့်လွှဲမသွားခဲ့ပါ။Jongin မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ရင်း

" Yuri တန်ဖိုးထားမှာပါ  သူမင်းအပေါ်မှာ ခံစားချက်ရှိလာပြီလေ"

KyungSoo အပြောကြောင့် မျက်နှာလွှဲမိသူက Jongin ဖြစ်သွားရသည်။စိတ်ထဲကျေနပ်သလို ရှက်သလိုလိုနှင့် KyungSoo ကိုမကြည့်ရဲသလိုပင်။Jongin အပေါ်ထားသည့် Yuri နှလုံးသားတွေတကယ်ပဲ ပြောင်းလဲလာပါသည်။Jongin ရောက်နေသည့်အချိန် ကြာလာသည်နှင်အညီ Yuri နှင့်လဲ ရင်းနှီးမှုပိုလာရသည်။အရင်ကဆို ဘုဘောက်ပြောကာ ပွင့်လင်းတတ်သည့် Yuri တစ်ယောက် အခုတော့ Jongin အကြည့်တွေအောက်မှာ ရှက်ပြုံးလေး ပြုံးတတ်နေခဲ့ပြီ။သွက်သွက်လက်လက်နှင့် ထက်မြက်သည့် မိန်းကလေးက Jongin အပြောတွေအောက်မှာ မိန်းမဆန်စွာ တုန့်ပြန်နေတတ်ပြီ။ပြောရရင် Jongin နှင့်ထပ်တူ နှလုံးသားချင်းနီးလာခဲ့ပြီပေါ့။Jongin ဘေးနားအမြဲရှိကာ Jongin ကိုအကြံဥာဏ်ပေးတတ်သည့် KyungSoo ကလဲ ထို့သို့ပင်ထင်မြင်သည်တဲ့လေ။Jongin မျှော်လင့်ထားသည့် အခြေအနေမျိုးရောက်လာပြီဖြစ်သော်လဲ အပြည့်အဝ ဝမ်းမသာနိုင်သည့်ကိုယ့်ကိုကိုယ်လဲ အားမရဖြစ်မိသည်။Jongin နှလုံးသား ကို Jongin ကိုတိုင်လဲနားမလည်နိုင်ပါ။

FRIENDOù les histoires vivent. Découvrez maintenant