နွယ်(အပိုင်း)(၁၆)
ချစ်ခြင်းဆိုတဲ့ရေကြည်လေးထဲမှာ လူသား နှစ်ယောက်ရဲ့နှလုံးအိမ်ကို မွမ်းမံစိုက်ပျိုးတော့စိမ်းလွှလွှ ရွက်ကြောစိမ်းတွေဟာ တဖျတ်ဖျတ်နဲ့စိမ့်ဖြာထွက်
ပြီး အနားသတ်မှာချစ်ခြင်းတွေက တွဲလောင်းခိုလို့ပေါ့
အချစ်တွေလတ်ဆက်နေတယ်...
အပြုံးတွေလတ်ဆက်နေတယ်...
မျက်ဝန်းတွေလတ်ဆက်နေတယ်...
အချစ်ကြောင့်...အရာအားလုံးလတ်ဆက်နေသလို
ကျွန်တော်တို့နှစ်ယောက်ရဲ့နှလုံးသားတွေဟာလည်းပျိုမျှစ်နုနယ်လွန်းနေတယ်....
ပင်လယ်ကြီးရဲ့ရင်ခွင်ထဲမှာ...
ဆွေးဆွေးနီ နေလုံးကြီးက...
မေးတင်ပြီးကြည့်နေချိန်...
ငေးရီလှိုက်မောခြင်းများနဲ့..
သက်ပြင်းရှိုက်ခဲ့သောသူနှစ်ယောက်..
ရှည်မျောမျောအရိပ်တွေ..
ပင်လယ်ကြီးရဲ့မျက်နှာပြင်မှာ..
ယောင်ပြန်ဟပ်ချိန်မှာတော့..
သူရော...ကျွန်တော်ရော..
တစ်ယောက်အနမ်းကိုတစ်ယောက်..
သောက်သုံးလို့ဝခဲ့ပြီ...
Xing နဲ့ ကျွန်တော်...တစ်ယောက်နှလုံးသားကို
တစ်ယောက် ရင်ဘတ်ထဲထည့်ကာ..ဖျတ်မရတဲ့
အချစ်ကျောက်စာကဗ္ဗည်းကိုထိုးခဲ့ကြပြီလေ..
________________________
ဆေးရုံကိုရောက်နေပေမယ့် ဆူဟိုရဲ့စိတ်တွေက
သိပ်ပြီးတော့ဂဏှာမငြိမ်လှ....
မနေ့က...xing နဲ့သူနဲ့ ကမ်းခြေမှာ အနမ်းချိုတွေ
သောက်သုံးရင်း စကားချိုတွေနဲ့ နာနေတဲ့နှလုံးသား
လေးကို တစ်ယောက်တစ်ပြန်ကုသပေးခဲ့ကြတယ်
မဟုတ်လား...
Xingရဲ့ပန်းတစ်ပွင့်ဆန်တဲ့ အပြုံးလေးတွေကို
မျက်လုံးထဲမှာ မြင်ယောင်ရင်း..အရင်နေ့တွေကထက် ပိုပြီးစိတ်ရှိလက်ရှိအားရပါးရကြီးကို
ကျွန်တော်ပြုံးလိုက်မိတယ်
"အဟား....အပြုံးတွေက တယ်ပဲလတ်ဆတ်နေသကိုး...မောင်ဆူဟိုရ..."
"အာ..."....
ဘယ်ချိန်ထဲကရင်းရောက်နေမှန်းမသိတဲ့
မင်းဂျွန်းရဲ့အသံကြီးက...ကျွန်တော့်ရဲ့နားထဲကို
ကန့်လန့်ဖြတ်တိုက်စွာဝင်လာခဲ့တယ်...
ကျွန်တော့်ရဲ့အပြုံးချိုချိုလေးတွေတော့သွားပါပြီဗျာ
သူ့အသံဆိုးကြီးနဲ့....
"Yah....! ငါ့အပြုံးတွေကိုအသက်မဲ့အောင်လုပ်တဲ့ကောင်..."
ပြောပြောဆိုဆိုနဲ့....
စားပွဲခုံပေါ်ကစာရွက်တစ်ရွက်ကိုလုံးခြေပြီး မင်းဂျွန်းကိုကျွန်တော်ကောက်ပေါက်လိုက်တယ်
သူခိုးကိုလူမိသွားသလိုပေါ့...ကျွန်တော့်ဟာနဲ့ကျွန်တော်ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး..မင်ဂျွန်းကိုလုပ်မိလုပ်ရာလုပ်လိုက်တာပါ...
"ပြောစမ်း....ပြောစမ်း...ကောင်လေး..
ဒီလိုအပြုံးမျိုးမမြင်တာကြာပြီနော်...
မင်း....သဘောကျစရာတွေရှိနေတယ်မလား
ငါ့ကိုမညာနဲ့နော်..."
ကြည့်ကောင်းတဲ့အပြုံးတွေကိုသယ်ဆောင်လာပြီး
အနားကို တစ်လှမ်းချင်းလျှောက်လာတဲ့
မင်ဂျွန်းက...ကျွန်တော်ရဲ့သောက်လက်စကော်ဖီခွက်ကိုတစ်ငုံ မော့သောက်ရင်း...တရားခံတစ်ယောက်ကိုမေးသလိုဟန်ပါပါနဲ့မေးလာတယ်..
ကျွန်တော်ကလည်းပြောချင်ရက်လက်တို့ဖြစ်နေ
တော့...
"မင်းဂျွန်း....ငါလေ...xing နဲ့ အဆင်ပြေသွားပြီကွ...သိလား...ဟီး ..အာ့ကြောင့်
ငါဒီနေ့...အပျော်တွေလွန်ပြီးပြုံးနေမိတာ.."
"အော်................."
နောက်ထပ်ဒုတိယတစ်ကြိမ်..မင်းဂျွန်းရဲ့...အော်..ဆိုတဲ့အသံရှည်ကြီးကကျွန်တော့်နားထဲသို့ထပ်ပြီးဘဝင်မကျစွာဝင်ဖြင့်ဝင်လာခဲ့ပြန်သည်....
"အာ့ကြောင့်မင်းမျက်နှာမှိုရတဲ့မျက်နှာကြီးဖြစ်နေတာကိုး....တက်လည်းတက်နိုင်ပါ့...မင်းတို့
နှစ်ယောက်က..မချစ်တာလည်းမဟုတ်ပဲနဲ့..မူနေကြတာလေ...ကြားထဲကငါကကြည့်ပြီးအူယား
နေတာ...ပြောကိုမပြောချင်ဘူး..."
"ကဲပါကွာ...မင်းကလည်း...မျက်နှာကြီးမဲ့ရွဲ့ပြီး
ပြောမနေပါနဲ့....လာ...ငါတို့ခွဲခန်း ထဲဝင်ရတော့
မှာ...သွားမယ်.."
မင်ဂျွန်းရဲ့လည်ပင်းကို သိုင်းဖက်ရင်း...ကျွန်တော်
တို့သူငယ်ချင်းနှစ်ယောက်...ခွဲခန်းထဲသို့လျှောက်
လာခဲ့ကြသည်
_________________________
ကြီးကြီးမားမားခွဲစိတ်ကုသမှုတော့မဟုတ်ပါ...
ဒါပေမယ့်လည်းခွဲစိတ်ကုသမှုတိုင်းကတော့အရေး
ကြီးကြတာပဲလေ....
ခွဲစိတ်ကုသမှုခံရမဲ့လူနာတစ်ယောက်ဟာသူတို့ရဲ့အသက်ကို... ခွဲစိတ့်ဆရာဝန်တွေရဲ့လက်ထဲသို့ယုံကြည်စွာနဲ့ပေးအပ်ထားတာပါ
ဒီအချိန်မှာ....ခွဲစိတ်ဆရာဝန်ဆိုတာသူတို့အတွက်ကတော့တကယ့်ကို နတ်ဘုရားတစ်ပါးပါပဲ
ခု..ခွဲစိတ်ရမယ့်လူနာက..မွေးလူနာတစ်ဦးပါ
ရိုးရိုးမွေးဖို့ရာအဆင်မပြေလို့...ခွဲစိတ်ပြီးမွေးပေးရမယ့်...မွေးလူနာ..
ခွဲစိတ်ဖို့အားလုံးအဆင်သင့်ဖြစ်နေပြီမို့..
ခွဲခန်းထဲမှာရှိနေတဲ့သူတွေအားလုံးဟာ သတိရှိရှိနဲ့
အလုပ်ကို စတင်ပြီးလုပ်ဆောင်ပါပြီ..
ထုံးစံအတိုင်း..ကလေးကိုခွဲစိတ်မွေးမှာဆိုတော့
မွေးလူနာရဲ့ ခါးထဲကို ထုံဆေး စထိုးပါပြီ....
လူနာရဲ့အခြေနေ ကိုစောင့်ကြည့်ရင်း ခွဲခန်းထဲမှဆရာဝန်များလည်း...အခြေအနေအားလုံးကို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် နဲ့ ဖြတ်ကျော်နေကြတာမို့ အရာအားလုံးက အဆင်ပြေချောမွေ့
နေကြတယ်..
"လူနာကတစ်မျိုးပဲ ထူးဆန်းနေတယ်...အသက်ရှု
မဝဖြစ်နေတာလား......?"
ရုတ်တရက် ကြီး..တည်ငြိမ်နေတဲ့အနေအထားကို
ရှုပ်ယှက်ခက်သွားစေခဲ့တဲ့ လက်ထောက်ဆရာဝန် ရဲ့အသံ
.
.
ဟုတ်တယ်...လူနာဆီမှလည်း...ကတုန်ကယင်နဲ့
ညည်းညူသံ ကိုစကြားရပြီ..
"အားးး....အသက်ရှုကျပ်တယ် အသက်ရှုကျပ်တယ်..ကျွန်မအသက်ရူလို့မရတော့ဘူး..
ဆရာတို့...ကျွန်မကိုကယ်ပါအုံး"
ဆိုတဲ့လူနာရဲ့ညည်းသံနောက်မှာ ဆရာဝန်တွေအားလုံးဇောချွေးတွေပြန်လာကြတယ်...
"နှလုံးမခုန်တော့ဘူး...အသက်ရူရပ် သွားပြီ"
နားကြပ်နဲ့လူနာအသက်ရူသံကိုနားထောင်ရင်း
ခွဲစိတ်လက်ထောက်ဆရာဝန်ဆီမှ စိုးရိမ်စွာထွက်
ပေါ်လာတဲ့အသံက...ကျွန်တော်တို့အားလုံးရဲ့ရင်ထဲကိုဗြောင်းဆန်အောင်မီးမွှေးလိုက်သလိုပဲ...
ဒီဆေးရုံမှာနှလုံးနှိုးစက်မှမရှိတာ...အချိန်က
လည်းဆွဲထားလို့မရ...
"မင်ဂျွန်း..မင်းကနှလုံးကို လက်နဲ့ဖိနှိုးပေး"
ဘေးနားမှာရှိနေတဲ့ Runner Nurseလေးကိုလည်း လူနာအတွက်လိုအပ်တဲ့ဆေးတွေထိုးပေးဖို့ကိုတရစပ်ညွှန်ကြား
ကိုယ်တိုင်ကလည်း လူနာရဲ့ခေါင်းရင်းဘက်ကိုသွားပြီးရင်ဘတ်ထဲလေမှုတ်သွင်း...သွင်းပေးတဲ့လေတွေအထဲရောက်အောင် လည်ပင်းအနေအထားကိုကိုင်ထားပေးနဲ့...
အေးဆေးတည်ငြိမ်လှတဲ့အနေအထားလေးကို
ရှုပ်ယှက်ခက်လွန်းလှတဲ့ အခြေအနေတစ်ခုကအနိုင်
ယူသွားခဲ့တယ်လို့ဆိုရမှာပေါ့...ခွဲခန်းထဲကဆရာဝန်တွေအားလုံး အလုပ်ရှုပ်သွားရတယ်
လူစုံတက်စုံနဲ့ကြိုးစားခဲ့ကြလို့လား
ကံကြမ္မာပဲကောင်းခဲ့လို့လားမသိ..နောက်ဆုံးမှာလူနာကနှလုံးပြန်ခုန်လာတယ်လေ...
လုံလောက်တဲ့သွေးပေါင်ချိန်ရတာနဲ့ကျွန်တော်တို့
လည်းမြန်ဆန်စွာပင်ကလေးကိုအောင်မြင်စွာခွဲစိတ်
မွေးဖွားပေးလိုက်နိုင်တယ်..
မိခင်ရောကလေးပါအန္တာရယ်ကင်းလို့..
ပျော်လိုက်ရတာဆိုတာဘာပြောကောင်းမလည်း
ရွှေတုံးကြီးကောက်ရလိုက်သလိုပဲ....
မိခင်တိုင်းလိုလိုကတော့ကိုယ့်သားသမီးကို ဘေးအန္တာရယ်ကင်းစွာအဆင်ပြေပြေမွေးဖွားချင်ကြတာပဲလေ...
ကလေးတစ်ယောက်မွေးဖို့ဆိုတာအပြောတင်လွယ်ပေမယ့်...တကယ့်လက်တွေ့မွေးတဲ့မိခင်တွေမှာခက်ခဲကြမ်းတမ်းတဲ့ကန္တာရ ခရီးကြမ်းကြီးကိုဖြတ်ကျော်
နေရသလိုပါပဲ..လွယ်ကူတဲ့ခရီးစဉ်တစ်ခုတော့မ
ဟုတ်ဘူးပေါ့
ဒါကြောင့်လည်း...မိခင်တိုင်းက.."တိုက်ပွဲတစ်ရာ
သာ နွှဲလိုက်ချင်ပါရဲ့"လို့ပြောကြတာဖြစ်မယ်
_________________________
အသံတွေ အသံတွေ ...ဟိုနားတစ်စ ဒီနားတစ်စ
တိုးတိုးသဲ့သဲ့ ကျယ်ကျယ်လောင်လောင်...
အသံအနေအထားမတူညီတဲ့အနိမ့်အမြင့်အသံတွေကနားထဲကို အရှိန်မပြတ်တိုးဝင်လာကြတယ်...
"ဆူဟို...နိုးလာပြီလား"
နွေးထွေးတဲ့လက်တစ်စုံက ကျွန်တော့်ရဲ့နဖူးစပ်ကို
နူးညံ့စွာထိတွေ့လာတယ်..တီးတိုးရေရွတ်လိုက်တဲ့
အာငွေ့က နဖူးစပ်က ဆံစလေးတွေဆီသို့တိုးဝှေ့ဖြတ်သန်းသွားတယ်
ဒီအသံဟာ...မင်ဂျွန်းရဲ့အသံဆိုတာ ကျွန်တော်ချက်ချင်းဖမ်းမိလိုက်တယ်...
"ဆူဟို...မင်း..ခွဲခန်းထဲမှာသတိလစ်သွားလို့လေ
မင်းမှတ်မိရဲ့လား...ဆူဟို...ငါ့အသံကိုကြားရတယ်မလား"
အဆက်မပြတ်ဝင်လာတဲ့မင်ဂျွန်းရဲ့အသံတွေကြောင့်
မျက်လုံးကိုအားယူပြီးဖွင့်နေပေမယ့်..
လုံးဝကိုဖွင့်လို့မရအောင်ပင်မျက်လုံးတွေကလေးလံလွန်းနေတယ်...
ချက်ချင်းပွင့်မလာခဲ့တဲ့မျက်ခွံတွေကိုခေတ္တစောင့်ခိုင်း
ပြီး...အားယူနေရပြန်တယ်
အမြင်အာရုံရဲ့အဆုံးမှာ...မင်ဂျွန်း မျက်နှာကိုမြင်ရ
လိမ့်မယ်ဆိုတဲ့ တွန်းအားကြောင့် ကျွန်တော်ကြိုး
စားပြီးဖွင့်မှာပါ...
မျက်စိပွင့်လာပြန်တော့လည်း မြင်ကွင်းတွေက
မှုန်ရီဝါးဝါး မသဲမကွဲနဲ့...မျက်ခွံတွေကလည်းမတရားကိုလေးလံလွန်းနေပြန်သေးတာကြောင့်
ပြန်ပြီးမှေးမှိတ်ထားချင်တဲ့စိတ်ကိုမနည်းထိန်းချုပ်
ရင်း...ဆူဟို တစ်ယောက်ခုတင်ထက်မှအားယူ
ကာထလိုက်သည်...
"ဒီနေ့ညနေ အလုပ်ကိုခွင့်တင်ပြီး..ရှင်းဝှါဆေးရုံကို
ပြန်မယ်ဆူဟို..ငါစကားတွေများကြီးမပြောချင်
လို့...မင်းအဲ့လိုပဲသိထားလိုက်.."
မှုန်ဝါးနေတဲ့မြင်ကွင်းကနေ ...သဲသဲကွဲကွဲမြင်လာရတဲ့အခါမှာတော့...
မင်ဂျွန်းရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေရစ်ဝဲနေတာကိုတွေ့လိုက်ရတယ်...
သူကျွန်တော့်ကိုစိတ်ဆိုးနေတာထက်...စိတ်အားမရ
ဖြစ်နေတဲ့ပုံပဲ...ပြောလာတဲ့စကားသံတွေကလည်း
ခပ်ဆတ်ဆတ်မာပြတ်ပြတ်နဲ့..
"မင်ဂျွန်း...ငါလည်းမင်းလိုပါပဲ...စကားတွေအများ
ကြီးမပြောချင်ပါဘူး...ငါတို့တွေ နောက်နှစ်ရက်နေရင်ပြန်ရတော့မယ်လေ..ဒီနှစ်ရက်အတွင်းမှာ
မင်း......................"
"ဘာလည်း..မသိချင်ယောင်ဆောင်ခိုင်းတာလား
မင်းဆရာဝန်မဟုတ်ဘူးလား...မင်းအသက်ထက်
တခြားအရာတွေကအရေးကြီးနေတာလား..မင်းသေ
မှာကိုတော့ငါကဒီတိုင်းထိုင်မကြည့်နိုင်ဘူး..မင်းကို
အချိန်မှီကုသနိုင်လို့ရရက်နဲ့ တစ်ရက်ပြီးတစ်ရက် အချိန်တွေအကုန်ခံပြီး...ဒီတိုင်းကြီးကြည့်နေရတာ
ငါဘယ်လောက်စိတ်ပူတယ်မှတ်လည်း..အချိန်တွေဆွဲမနေနဲ့တော့ဆူဟိုရာ...ကုန်သွားတဲ့ရက်တွေနှမြောဖို့ကောင်းတယ်...ဒီနေ့ပဲရှင်းဝှါကိုပြန်ရအောင်နော် .ငါ့စကားကိုလည်းနည်းနည်းလောက်အရေးလုပ်ပါအုံးဆူဟိုရ..."
မင်ဂျွန်း...စကားတွေပြောနေပေမယ့်..သူပြောနေတဲ့စကားသံတွေရဲ့ စ လယ် ဆုံး...ဟာ
တုန်ခိုက်နေမို့ကျွန်တော့်ရင်ထဲမှာ နင့်ခနဲ နာကျင်သွားရတယ်
ဒီထက်ဒီ ဆက်ပြောနေရင် သူငယ်ချင်းနှစ်ယောက်
ကအခြေနေမကောင်းတော့တာမို့...ကျွန်တော်ကပဲစကာအသံတိတ်နေပေးလိုက်သည်...
နောက်တော့ဘယ်ဘက်လက်ဖျံမှာ သွင်းထား
တဲ့ဆေးပိုက်ကိုဆွဲဖြုတ်ရင်း...မင်ဂျွန်းရှေ့ကနေထွက်လာခဲ့တယ်...ကျွန်တော့်လုပ်ရက်အပေါ် အံ့သြစိုးရိမ်စိတ်နဲ့ရပ်ကြည့်နေတဲ့ မင်ဂျွန်း ရဲ့မျက်ဝန်း
တွေကိုတော့ တကယ်ကိုအားနာမိပါတယ်..
"မင်ဂျွန်း...ငါတောင်းပန်ပါတယ်...ငါပြန်နှင့်မယ်
Xing နဲ့ချိန်းထားလို့"
ကျွန်တော်လုပ်သမျှအားလုံးကိုစဆုံးမျက်နှာမလွှဲပဲရပ်ကြည့်နေတဲ့မင်ဂျွန်းကို..ကျွန်တော်နည်းနည်းလေးမှလည်ပြန်လှည့်မကြည့်ပဲနဲ့ ခပ်မြန်မြန်ပဲခြေလှမ်းကျဲကြီးးတွေနဲ့သူ့ဘေးနားကနေထွက်လာလိုက်တယ်...
သူငယ်ချင်းကိုအားနာပြီးစိတ်မကောင်းဖြစ်ရပေမယ့်
လည်းမတက်နိုင်ဘူးလေ...ငါတကယ်တောင်းပန်
ပါတယ်....မင်းကငါ့အချစ်ဆုံးသူငယ်ချင်းမို့..ငါ့
အပေါ်နားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်
_________________________
ဆေးရုံကအပြန်လမ်းမှာ ဆူဟိုရဲ့ခြေလှမ်းတွေတက်ကြွနေတယ်...
အပျော်စတွေရစ်ပတ်ဖူးခဲ့တဲ့ နေရာလေးကို မြန်မြန်
ရောက်ရဖို့အတွက်စိတ်အားထက်သန်နေမိတာကိုး
"အော်....xing ကကြိုရောက်နေတာကိုး"
ချစ်တဲ့သူကိုအဝေးကနေနောက်ကျောခိုင်းလျက်အနေအထားနဲ့ဆူဟိုလှမ်းမြင်နေရတယ်..
ကမ်းခြေကိုမျက်နှာမူလျက်အနေအထားနဲ့ ခန္ဓာကို
ပေါ်သို့ ပြန့်ကျလာတဲ့လေနုအေးတွေကိုသူမကမက်
မောစွာပင့်ရူနေလေရဲ့...တစ်ချက်တစ်ချက်လေအဝှေ့မှာလည်း သူ့ဆံနွယ်လေးတွေက ယိမ်းထိုး
လွင့်ဝဲစွာ ဦးခေါင်းထက်မှာကလို့...သိပ်ကိုလှပတဲ့
ပန်းချီတစ်ချပ်လိုပဲ ရင်သက်ရှုမောစေတယ်
သူမအလှက...အနောက်ကနေကြည့်တာတောင်
ဆွဲဆောင်မှုအပြည့်ရှိနေတယ်လေ....
မကြာခင်မှာလည်းနေမင်းကြီးရဲ့အိပ်စက်ဖို့
အချိန်ရောက်လာတော့မှာမို့....တစ်စဆီတစ်စဆီ လွင့်ကျနေတဲ့အလင်းရောင်အမျှင်တန်းလေးတွေဟာလည်း..ကျွန်တော့်ရဲ့မျက်ဝန်းဆီကို ထိုးကျနေတယ်
တစ်ယောက်တည်း ငေးကြည့်နေမိတဲ့ညနေခင်းမှာ
အနားသတ်ထားတဲ့လှိုင်းလုံးတွေက...
အပြာရောင်မိုးကောင်းကင်ဆီမှ လွှတ်ချလိုက်တဲ့
အလင်းတန်းတစ်ချို့တဝက်ကြောင့်..တစ်ချက်တစ်ချက်ငွေရောင်ထကာယိမ်းနွဲ့  လှုပ်ရှားနေကြတယ်
တေးဆိုတက်တဲ့ငှက်လေးတွေနဲ့...အနုအရင့်တိမ်စိုင်ဖြူဖြူလေးတွေက....ကောင်းကင်ကြီးရဲ့တစ်နေရာမှာအတူတူမြူးတူးပျော်ပါးကခုန်လို့
ကိုယ့်ချစ်သူကိုကြည့်မိပြန်တော့လည်း...ချစ်သူရဲ့နောက်ကြောပြင်အလှဖွဲ့တည်မှုဟာ...အနောက်ကနေရပ်ကြည့်နေမိတဲ့ကျွန်တော့်ကိုအသက်ရူတွေမှားစေလို့...
အသွေးရောင်စုံတဲ့ ပန်းခင်းထဲက ပန်းလေးတွေကိုမြင်လိုက်ရသလိုမျိုး...လူကိုအိတ်သွန်ဖာ
မှောက်ရင်ခုန်မိစေတဲ့အဖြစ်..
_________________________
အလွမ်းတွေကိုအတိုးချရင်းချစ်ခွန်းတွေဖွဲ့သီကာ
တစ်ယောက်နဲ့တစ်ယောက်ယောက်သစ္စာတရားတွေနဲ့ချည်နှောင်လို့ .....ချစ်မဝနိုင်ကြဘူး...
ခုမှသေချာကြည့်မိတယ်...သူမခေါင်းပေါ်မှာ
အချစ်သင်္ကေတဖြစ်တဲ့နှင်းဆီနီလေးတစ်ပွင့်ကိုပန်ထားတယ်ဗျ..နှင်းဆီပွင့်လေးဟာသူမနှလုံးသားလိုပဲ အရောင်တွေလဲ့ကာရွှန်းစိုတောက်ပနေတယ်လေ..
ချစ်ခြင်းတွေအားကောင်းလာလေ ပြာလွင့်လွင့်ကောင်းကင်ပြင်ဟာလည်းနက်ပြာရောင်ထလေပြီမို့
ဖန်သားရောင်ကြယ်ပွင့်များကလည်း
အရောင်တဖိတ်ဖိတ်တောက်စပြုလာပြီ...
အဝေးကနေရွက်လွင့်လာတဲ့လေတွေဟာ အေးစိမ့်လှတဲ့လေတွေကိုအဖော်အဖြစ်သယ်ဆောင်လာလို့
အအေးဓာတ်ကိုစ၍ပေးလေပြီ..
"မချမ်းဘူးလား xing ရဲ့"
နွေးထွေးလွန်းလှတဲ့ရင်ခွင်ကျယ်ကြီးထဲမှာ အနားယူ
နေတဲ့ xing မျက်ဝန်းတွေဟာ ညင်သာစွာတိုးဝင်လာခဲ့တဲ့ဆူဟိုရဲ့အသံ ကြောင့် အနားယူခြင်းဆီမှ
ရုန်းထလာကြတယ်
"ဟင့်အင်း..မချမ်းပါဘူး..ရှင့်ရင်ခွင်လေးကကျွန်မ
အတွက်အနွေးဓာတ်လေးတွေပေးနေတာမို့ အနွေး
ထွေးဆုံးရဲ့အနက်ရှိုင်းဆုံးနေရာတစ်ခုကို ရောက်နေတယ်လို့တောင်ခံစားမိတယ်..ကျွန်မ မချမ်းပါဘူး ဆူဟို"
မချမ်းပါဘူးလို့ကျွန်မပြောနေတာကိုသူ သိပ်ပြီးယုံ
ကြည်ပုံမရ..
သူ့လက်တွေကကျွန်မရဲ့ပခုံးထက်ကနေပြီး ကျွန်မ
ရဲ့လက်တံ တစ်လျောက်လုံးကိုသူ့လက်တွေနဲ့ ပွတ်
သပ်နေပေးပြန်တယ်...
ပွတ်သပ်နေရင်းမှပဲ...
"နောက်နှစ်ရက်လောက်နေရင် ပြန်ရတော့မယ်
မင်းနဲ့ နောက်တစ်ခါ ထပ်ဝေးရအုံးမယ်
တစ်ခါတည်းလိုက်ခဲ့ပါလားxingရယ်..မင်းကိုထား
ပြီးသွားရမှာ ငါ့စိတ်ထဲတစ်မျိုးကြီးမို့လို့......."
ကျွန်တော့်စကားအဆုံးထိကို စိတ်ဝင်တစားငြိမ်သက်စွာနားထောင်နေတဲ့ သူမက...
စကားလည်းဆုံးရော..ရင်ခွင်မှာမှီထားတဲ့ခေါင်းလေး
ကို အသာယာကြွရင်း ကျွန့်တော်ကိုမော့ကြည့်
တယ်...သူ့မျက်ဝန်းတွေက အသက်ဝင်လှသလို
ကျွန်တော့ရင်ထဲမှာလည်း...သူမ ဘာများပြန်ဖြေမ
လည်းလို့ မျှော်လင့်တောင့်တနေမိတယ်..
"ဆူဟို..ကျွန်မနဲ့ဝေးရမှာမို့တွေးပူနေတာလားဟင်
စိတ်မပူပါနဲ့...ကျွန်မရှင်နဲ့ဝေးတဲ့နေရာကိုထွက်မသွားတော့ပါဘူး...ရှင့်ကိုသိပ်ချစ်လို့ရှင့်ဘေးမှာပဲထာဝရနေသွားမှာ....
ဒါကြောင့်စိတ်မပူနဲ့နော်..
ဒီမှာလုပ်လက်စအလုပ်လေးတွေကလက်စမပြတ်နိုင်သေးလို့ ချက်ချငိးကြီးပြန်လိုက်ခဲ့ဖို့ကxing အ
တွက်အဆင်မပြေဘူး...ဒါကြောင့်ဆူဟိုကအရင်ပြန်ပြီး...xing ပြန်အလာကိုအိမ်မှာပဲစောင့်နေပေးနော်"
"စောင့်နေရအုံးမှာလားxing ရယ်ပြန်လိုက်လို့ရနေ
ရဲ့သားနဲ့..ရင်မောအောင်စောင့်ခိုင်းအုံးမှာလား"
"ရင်မောအောင်......."
ဘာရယ်မသိ...ဆူဟိုဆီကနေခုလိုမျိုးကြားလိုက်
ရတာ...အသက်ဓာတ်ပါနေတဲ့နှလုံးသားလေးက
ရုတ်တရက်ကြီးသေသွားသလိုပဲ...xing အရမ်းခံစားရတယ်....
Xing ကိုကြည့်နေတဲ့သူ့အကြည့်တွေက အရင်က
လိုတောက်ပမှုတွေမရှိပဲအရောင်တွေပျယ်လွင့်နေ
တာကိုး...
"အဲ့လိုမပြောပါနဲ့...xing တကယ်ရှင့်ဆီပြန်လာ
မှာပါ...ဒီတစ်ခါတော့ စောင့်မျှော်နေမယ့်ရှင့်အတွက်
စိတ်မပျက်စေရပါဘူး..တကယ်ဘေးနားကိုရောက်
အောင်လာခဲ့မှာမို့...စိတ်မပူနဲ့နော်..ဆူဟို.."
"Xing...ငါလေမင်းကိုစကားတွေများကြီးပြောချင်
်တယ်...နားထောင်ပေးမလား........"
တက်ကြွမှုမရှိတဲ့ ဆူဟိုရဲ့စကားလုံးတွေက
ညအမှောင်ကိုရင်ဆိုင်နေရတဲ့ကလေးငယ်တစ်
ယောက်လို...ဒီအမှောင်ထုကိုရင်ဆိုင်နိုင်ပါ့မလား
လို့စိုးရိမ်နေတဲ့ပုံရိပ်တွေ...
Xing ရင်ထဲမှာတသိမ့်သိမ့်နဲ့စိုးထိတ်နေပြီဆူဟို
ရယ်...ရှင်ဘာတွေများပြောမလို့လည်း...
ရှင့်အပြုံးတွေကအသက်မဲ့လွန်းလှတယ်..
"Xing...မင်းဟာလေ ငါ့ရဲ့ဝဲဘက်ရင်အုံကနေဖြစ်
တည်လာတဲ့ အချစ်ဆိုတဲ့ပွင့်ဖတ်လေးပါ..ဒီပွင့်
ဖတ်လေး ကိုငါသိပ်မြတ်နိုးတယ်...ငါမြတ်နိုးတဲ့ပွင့်
ဖတ်လေးက တစ်ချိန်တုန်းက ငါ့နှလုံးသားကိုဆွဲ
ထုတ်သွားဖူးတယ်...ချစ်ခြင်းနဲ့ဝေးတဲ့နေရာဆီကို
ပေါ့..အဲ့ဒီထဲကရင်း ငါ့နှလုံးသားလေးကငါ့ရင်ခွင်ကိုပြန်လာတဲ့အခါမှာနေသားတကျမဖြစ်တော့ဘူး.
ငါ့ဘေးနားမှာ မင်းမရှိတဲ့ရက်တွေကလေ..မလှပတဲ့
အိမ်မက်တွေကိုမက်ခွင့်ပေးတဲ့နေ့တွေပါ..ငါအရမ်း
ပင်ပန်းတဲ့အချိန်တွေမှာဆိုရင်လေ..ငါဟာ..ဆည်း
ဆာမှာအိပ်တန်းပျောက်နေတဲ့ငှက်တစ်ကောင်လိုပဲ
ကိုယ်နားခိုရမဲ့ရင်ခွင်ကိုလိုက်ရှာနေရတာ..ငါဘယ်လောက်ပင်ပန်းရတယ်မှတ်လည်း...
မင်းကစိတ်မပူပါနဲ့လို့ပြောပေမယ့်..ငါကတော့အရမ်းကိုစိတ်ပူနေမိတယ်..ငါတို့နှစ်ယောက်ကြားမှာထပ်ပြီးဝေးကွာစေမယ့်အကြောင်းတရားတွေဖြစ်လာခဲ့ရင်ဘယ်လိုလုပ်မလည်း.."
ရှင့်စကားတွေကဘာသဘောလည်း ဆူဟိုရယ်
ခုပြောနေတဲ့စကားတွေက တိတ်ဆိတ်နေတဲ့အမှောင်ထုကိုဖြိုခွင်းလိုက်သလိုပဲ ငြိမ်သက်နေတဲ့
Xing ရဲ့နှလုံးသားကို တုန်လှုပ်စေခဲ့တာ..
အဲ့ဒီစကားတွေကြောင့် ရှင်သိပ်ချစ်ပါတယ်ဆိုတဲ့
နှလုံးသားပွင့်ဖတ်လေးဟာမျက်ရည်တွေကြားထဲ
မှာဝမ်းနည်းပက်လက်ငိုကြွေးနေရတော့မယ်
ကင်ဆူဟို...ကျွန်မကိုခွဲသွားတော့မယ့်လူတစ်
ယောက်လိုပဲ...
ကျွန်တော့ကိုမျက်ဝန်းတွေမလွှဲပဲနဲ့တည့်တည့်စိုက်
ကြည့်နေတဲ့xing မျက်ဝန်းကနေ မျက်ရည်တွေ
တသွင်သွင်စီးကျလာပြီ..
"မျက်ရည် တွေမကျပါနဲ့xing ရယ်..
ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းကိုအမြဲတမ်းမျက်ရည်တွေနဲ့ပဲရေးနေရလို့...ငါ့တို့ရဲ့ချစ်ခြင်းတွေဟာ
တဖြည်းဖြည်းအရောင်တွေဖျော့တော့လာခဲ့တာ
ချစ်ခြင်းကိုမျက်ရည်နဲ့တော့မရေးချင်ဘူးxingရယ်
ဒါကြောင့် မငိုနဲ့တော့နော်xing တိတ်တိတ်..."
ပြောပြောဆိုဆိုနဲ့ဝမ်းနည်းစွာငိုကြွေးနေတဲ့သူမကို
ကျွန်တော့်ရင်ခွင်ထဲဆွဲကာထွေးပွေ့ထားလိုက်တယ်
"ရှင့်ကိုကြည့်ရတာ...တစ်ခုခုကိုစိတ်ပူနေသလိုပဲ
နော်..."
စကားအဆုံးမှာ...xing ရဲ့လက်တွေကကျွန်တော့်
ရဲ့ရင်အစုံကိုလာဖိထားတယ်...ပြီးတော့ကျွန်တော့်ရင်ခွင်ကိုသူ့နားနဲ့ကပ်နားထောင်ရင်း...
"ရှင့်နှလုံးခုန်သံတွေအရမ်းမြန်နေတယ်xingထင်
ရင်လွဲခဲတယ်...ရှင်တစ်ခုခုကိုစိတ်ပူနေတာမလား
အဲ့ဒါကလည်းကျွန်မနဲ့ဝေးရတော့မယ်ဆိုတဲ့အကြောင်းကိုစိတ်ပူနေတယ်ဟုတ်.."
ရင်ခွင်ထဲကနေပြီးချစ်ဖို့ကောင်းတဲ့xing အမူအရာလေးတွေကတခနတော့ကျွန်တော့်ကိုစိတ်ပျော်ရွှင်မှုတွေပေးလာတာမို့..ကျွန်လည်းပြုံးကာသူ့ကိုခေါင်းညိမ့်ပြမိတယ်...
"အာ..ဒါဆိုxingထင်နေတာမှန်နေတာပေါ့..ဒါဆိုခနနေအုံး..စိတ်ပူနေတဲ့ရှင့်အတွက်စိတ်ပူတာတွေလျော့သွားအောင်xing.လုပ်ပေးမယ်..အရင်
ဆုံး ရှင့်ရဲ့လက်နှစ်ဖက်ကိုဖြန့်လိုက်..."
လက်နှစ်ဖက်ကိုဖြန့်လိုက်လို့သူကသာပြောတာ
ကျွန်တော့်လက်နှစ်ဖက်ကိုသူကအရင်ကောက်ယူ
ပြီးဖြန့်ပေးသွားတာ...
နောက်တော့သူ့ခေါင်းပေါ်မှာပန်ထားတဲ့နှင်းဆီနီလေးတစ်ပွင့်ကိုဖြုတ်ပြီး...ဖြန့်ထားတဲ့ကျွန်တော့်
ရဲ့လက်နှစ်ဖက်ပေါ်တင်လာတယ်..
"Xing ဘာတွေလုပ်နေတာလည်းဟင်.."
ကျွန်တော်အံ့သြစွာနဲ့မေးတော့သူကပြုံးစိစိနဲ့ကျွန်တော့်ကိုပြန်ကြည့်နေတယ်လေ ..
ခုဆိုရင်နှင်းဆီနီလေးကဖြန့်ထားတဲ့.ကျွန်တော်လက်ဖဝါးနှစ်ဖက်ရဲ့အလယ်ကောင်မှာနေရာယူလို့
"ခုဆိုရင်ကင်ဆူဟိုဆိုတဲ့ရှင့်ရဲ့လက်ထဲကို
ကျွန်မနှလုံးသားလေးကိုထည့်ပေးလိုက်ပြီ.."
"ဟင်..."
"တစ်ချိန်ကရှင်ပြောဖူးတယ်လေ..ကျွန်မနဲု့ပြန်
ဆုံတွေ့ခဲ့ရင်.. ရှင့်လက်ဖဝါးပေါ်မှာကျွန်မရဲ့နှလုံးသားကိုတင်ပြီးနမ်းခွင့်ပေးပါလို့..ရှင်ပြော
ဖူးတယ်လေ..အဲ့ဒါကြောင့်ကျွန်မနှလုံးသားကိုရှင်
နမ်းလို့ရအောင်ရှင့်လက်ထဲထည့်ပေးလိုက်တာ"
"Xing...."
သူမလုပ်တဲ့လုပ်ရက်က..ကျွန်တော့်ကိုမှင်သက်အံ့
သြစေခဲ့လို့...ပြောစရာစကားတွေတောင်ရှာမတွေ့
တော့ဘူး...
"ရှင်နမ်းပြီးရင် အဲ့ဒီနှလုံးသားလေးကို..ကျွန်မဆီပြန်
မပေးနဲ့တော့ဆူဟို...အပြီးပိုင်ယူသွားတော့...
ကျွန်မနှလုံးသားကို ရှင့်ကို ...
အပိုင်ပေးလိုက်တာမို့...ကျွန်မနဲ့ဝေးရမယ်ဆိုပြီးတော့...စိတ်မပူနဲ့တော့နော်...ရှင်သွားတဲ့နေရာ
တိုင်းမှာ ကျွန်မရဲ့နှလုံးသားလေးက ရှင်နဲ့အနီးကပ်ရှိနေတော့မှာဆူဟိုရဲ့..ဒါကြောင့်စိတ်ပူတာတွေလျော့လိုက်နော်.."
ကျွန်တော့်ဘဝမှာ ဘယ်တုန်းကမှရရှိခဲ့လိမ့်မယ်လို့
မမျှော်လင့်ထားတဲ့ ည တစ်ညကို..xingဆိုတဲ့
ကောင်မလေးကြောင့်ရရှိခဲ့ဖူးပြီ...အရမ်းကိုကျေး
ဇူးတင်တယ်xing ရယ်...
_________________________
နှင်းဖွဲလေးတွေကိုသူ့ရဲ့အဆင်တန်ဆာတစ်ခုသဖွယ်
အလှဆင်ရင်း မှိုင်းပျပျလရောင်အောက်မှာတိတ်ဆိတ်ငြိမ်သက်စွာ အိပ်ပျော်နေသောည။
ခုတော့
ကျွန်တော်ချစ်တဲ့ဆည်းဆာဟာလည်း တဖြည်းဖြည်းနဲ့မဟူရာညကိုကူးပြောင်းသွားပြီ...
ကျွန်တော်ချစ်သောနှင်းပုလဲများကလည်းတဖွဲဖွဲနဲ့
စကြွေစပြုနေပြီ...
ကျွန်တော်သိပ်ချစ်ရတဲ့ကောင်မလေးကို ရင်ခွင်ထဲမှာထည့်ထားရင်း..
ကျွန်တော့်ရဲ့မျက်ရည်တွေဟာလည်း ပါးပြင်ထက်သို့
အသံမမြည်စေရန် တိုးဖွသောခြေလှမ်းများနဲ့
ညင်သာစွာ ကြွေနေကြပြီ...
Xing ရေမင်းကတော့ မင်းနှလုံးသားကိုငါ့ဆီအပြီး
ပိုင်ပေးလိုက်ပေမယ့်...ငါကတော့မင်းမသိအောင်
မင်းရဲ့နှလုံးသားလေးကိုပြန်ပေးခဲ့ပါတယ်..
မင်းနှလုံးသားကိုစောင့်ရှောက်ဖို့အတွက်ငါ့မှာအင်အားတွေမရှိတောဘူး..
ငါနဲ့တွေ့တိုင်း....ခနခနမျက်ရည်ကျတက်တဲ့မင်း
မင်းမျက်ရည်တွေကိုအသစ်ဆန်းဖြစ်အောင်မလုပ်ပေးနိုင်တဲ့ငါက...တကယ်ဆိုမင်းအချစ်တွေနဲ့လည်း
မထိုင်တန်ပါဘူး..
ဒါပေမယ့်လည်း...ခုချိန်မှာအတူတူရှိနေလို့ရအောင်
ဆုံခွင့်ပေးတဲ့ကံတရားကိုတော့...ကျေးဇူးသိပ်တင်မိတယ်...
ဆုံခွင့်လေးမှာ
နစ်ကျွံနေတဲ့
ငါ့ချစ်ခြင်းတွေ
ဘယ်တော့မှ
တူးဆွခြင်းမခံရပါစေနဲ့...
အချစ်ရဲ့စကားလုံးတွေကို
ချစ်သူနှစ်ယောက်ရဲ့
မျက်ရည်တွေနဲ့
ဘယ်တော့မှ
မှတ်တမ်းမတင်ရပါစေနဲ့
ဒါဟာ..
ကျွန်တော့်ရဲ့...နှလုံးသာကဗျာ.........
တင်ပေးလိုက်ပေးမယ့်...စိတ်တိုင်းမကျဘူး
အာရုံတွေထွေပြားနေတာမို့...
အရေးမလှဒီနွယ်Fic ကို
သီးခံကာစောင့်ဆိုင်း
မျှော်ကိုးကာဖတ်ပေးသော
Readerအပေါင်း
ချစ်ဂုတို့အား...
ထာဝရလေးစားချစ်ခင်လျက်ပါ...လို့
တကယ်ပြောတာပါအနော့်အရေးသားတွေကျနေလို့သီးခံပြီးဖတ်ပေးကြပါနော်