RROMISE...
By fireflyskylight
76.1K 7.1K 311
KaiSoo(Dika) Myan Sub Slight Angst with Romane Love Story More
Promise
PROMISE
****Part 2****
*****Part 3******
*****Part 4*****
*****Part 5*****
******Part 6******
*****Part 7*****
*****Part 9*****
******Part 10*****
*****Part 11*****
******Part 12******
******Part 13 ******
******Part 14 ******
*****Final Part *****
******Part 8******
3.5K 436 18
By fireflyskylight
PROMISE
3 Days Later
~ မကြာမီအချိန်​ အတွင်း ​လေယာဉ်​ဆင်းသက်​​တော့မည်​ ဖြစ်​ပါ သဖြင့်​ ထိုင်​ခုံ ခါးပတ်​များ
ဆိုတဲ့ အသံကြား​တော့ သူ တပ်​ထားတဲ့  နားကြပ်​​လေးကို ချွတ်​ကာ ကုတ်​ အင်္ကျီ​လေး ထပ်​၀တ်​လိုက်​သည်
မ​တွေ့ တာ ၃ နှစ်​​တောင်​ ကြာပြီ​နော်​ Hyung ရဲ့ က​လေး​လေး ဒီ​နေ့ Hyung ကတိ အတိုင်း ပြန်​လာပြီ မလို့ မကြာခင်​ ဆုံကြရ​အောင်
¥¥¥¥¥¥¥¥
Kyung Soo သူ ​လေယာဉ်​​ပေါ်ကဆင်းပြီး ကွင်းထဲက ထွက်​ခဲ့​တော့ သူ လွမ်း​နေတဲ့ သူတို့ နိုင်​ငံ ရဲ့ ​လေ ကို တ၀ကြီး ရှုသွင်း လိုက်​သည်​......သူ အပြည့်​ အ၀ ခံစား ​နေတုန်း သူ့ အိတ်​ထဲက ဖုန်းမြည်​သံ​လေး ကြား​တော့ သူ့ မျက်​နှာထက်​ အပြုံး ​လေး ပွင့်​လန်းလာသည်​ ဖုန်း ကို အသာ ဖွင့်​လိုက်​ရင်း
~ အင်း Hyung အခုဘဲ​ရောက်​တာ.....စုံစမ်း ပြီးပြီလား
ဟိုဘက်​က Sehun ရဲ့ အချက်​ အလက်​​တွေ  အကုန်​ သိထား ပြီ Hyung ဆိုတဲ့ အသံကြား​တော့ Kyung Soo တစ်​​ယောက်​ ဖုန်း Screen ​ပေါ်က ​ကောင်​​လေး ပုံကို ကြည့်​ရင်း လက်​ညိုး ​လေးနဲ့ တစ်​ချက်​ တို့ လိုက်​ကာ
~ အရမ်း လွမ်း​နေခဲ့တာ ​နောက်​ရက်​ ကျ ​တွေ့ ရ​အောင်​​နော်
¥¥¥¥¥¥¥¥¥
Kyung Soo ဒီ​မြေ​ပေါ် ​ရောက်​သည်​ နဲ့ တစ်​ပြိုင်​နက်​ သူမိဘ​တွေဆီ အရင်​ သွား လိုက်​သည်​ သူ့ Appa ရဲ့ အလုပ်​ကိစ္စ​ကြောင့်​ သူ့မိသား စု အိမ်​​ပြောင်းခဲ့ရ​တော့ Jongin နဲ့ လုံးဝ အဆက်​အသွယ်​ ပျက်​ခဲ့တာ....
¥¥¥¥¥¥¥¥¥
Oppa Nara တို့ ဒီ​နေ့ ည​နေ ​တွေ့ရ​အောင်​​နော်
Weeding Case ​လေး ​ပြောရ​အောင်
ဆိုပြီး Nara က ​ပြော​တော့ Jongin တစ်​​ယောက်​ File ​တွေ ပြန်​ကြည့်​ရင်း နဲ့​ခေါင်းငြိမ့်ပြလိုက်​သည်​ သူလည်း ဒီရက်​ပိုင်း အတွင်း အလုပ်​​တွေ ပိ​နေတာနဲ့ Nara နဲ့ မ​တွေ့ ဖြစ်​တာ
¥¥¥¥¥¥¥¥
At Evening
Kyung Soo သူ့ မိဘ​တွေ အိမ်​မှာ ထမင်းစား​နေတုန်း Sehun ဆီက ဖုန်းဝင်​လာတာ​ကြောင့်​ သူ ဖုန်း ကို ယူရင်း
~ အင်း Sehun ​ပြော
~ Hyung...Hyung ရဲ့ ချစ်​ချစ်​ကြီး ခုကျွန်​​တေ်​ ထိုင်​​နေတဲ့ ဆိုင်​မှာရှိတယ်
~ Jinja????Hyung လာပြီ ဒါဆိုရင်​ သူ့ကို Surprise လုပ်​ချင်​လို့
~ အင်း Hyung ကားကို ဖြည်းဖြည်း ​မောင်းခဲ့​နော်
စိတ်​မချစွာ​ပြော​နေတဲ့ Sehun အ​ပြောကို နား​ထောင်​ရင်း Kyung Soo ရယ်​လိုက်​မိသည်​ Sehun ဆိုတာ သူ ဟိုမှာ ​ကျောင်းတက်​စဉ်​တုန်းက သူ့ကို ကူညီ ခဲ့တဲ့ ​ကောင်​​လေး Kyung Soo ရဲ့ အချိန်​ပိုင်း အလုပ်​က ပိုင်​ရှင်​​တွေရဲ့ သားငယ်​​လေး
¥¥¥¥¥¥¥¥
Kyung Soo ကား​မောင်းရင်း ​တွေး​နေမိတာကသူ မ​တွေ့တာ ကြာတဲ့ လွမ်းနေတဲ့ Jongin မျက်​နှာ​လေး အချိန်​​တွေ အကြာကြီး မ​တွေ့ ဖြစ်​ကြတာမို့ Jongin က သူ့ကို ​တွေ့ရင်​ အရမ်း ၀မ်းသာ သွားမယ်​ ထင်​ပါတယ်​..သူ က​တော့ Jongin ကို ​တွေ့ရင်​ Jongin ရင်​ခွင်​ထဲ ၀င်​ပြီး ​ပြောချင်​တာ​တွေ အများကြီ....သူလွမ်းခဲ့ရတာ​တွေ ရင်​နဲ့ မဆန့်​​အောင်​ ခံစား ခဲ့ရတာ​တွေကို သူ Jongin ကို ​ပြောပြချင်​သည်
Jongin က​ရော သူ့ကို လွမ်း​နေမလား??? လွမ်း​နေမယ်​ ဆိုတာ သူသိပါသည်​ .....Jongin ကို သူမဆက်​သွယ်​ဘဲ ခုလို ရုတ်​တရက်​ ​ရောက်​ချ လာ​တော့ Jongin ဘက်​က သူ့ ​အပေါ် ဘယ်​လို တုံ့ပြန်​မလည်း ဆိုတာ သူ အရမ်း သိချင်​မိသည်​...
Kyung Soo အ​တွေး များ​နေတာ​ကြောင့်​ သူ့ အိတ်​ထဲက Silent လုပ်​ထား တဲ့ တတီတီ မြည်​​နေတဲ့ ဖုန်း ​လေး ကို​တောင်​ သူသတိ မထား မိလ်ုက်
¥¥¥¥¥¥
Sehun ​ပြောတဲ့ Cafe ​ရှေ့ ​ရောက်​​တော့ Kyung Soo ကား ကို Parking ထိုးရင်း မှန်​မှာ ​ပေါ်​နေတဲ့ သူ့ပုံ​လေး ကို တစ်​ချက်​ကြည့်​ရင်း ပြုံးလိုက်​မိသည်​...
ရှေ့ နှဖူး ​ပေါ် မှာ ကျ​နေတဲ့  ဆံပင်​ အညို ​ရောင်​​​လေး​တွေကို တစ်​ချက်​ သပ်​လိုက်​ပြီး တွန့်​​နေတဲ့ အင်္ကျီ​လေး ကို တစ်​ချက်​ ဆွဲချကာ ကား​ပေါ်က ဆင်းလာခဲ့သည်
ဆိုင်​၀ ​ရောက်​​တော့ မျက်​စိ ကစား ရင်း ကြည့်​လိုက်​​တော့ သူ့ကို မြင်​လို့ ထလာတဲ့ Sehun ကို​တောင်​ တစ်​ချက်​ပြုံးပြရုံဘဲ ပြကာ မျက်​​စောင်းထိုး ၀ိုင်းက  ဖုန်းကိုကြည့်​​နေတဲ့  ​ကောင်​​လေး ဆီ တန်းတန်းမတ်​မတ်​ ​လျောက်​လာခဲ့သည်​ အဲ့ အချိန်​သူ့ရင်​​တွေ ထိန်းမရ​အောင်​ ခုန်​​နေတယ်​ ဆိုတာ သူအသိဆုံး
  ^^ Jongin ^^
ကြားလိုက်​ရတဲ့ နှစ်​ကိုယ်​ကြား အသံ​လေးက တိုးတိုး ညိမ့်​ညိမ့်​​လေး ဆို​ပေမယ့်​ Jongin ရင်​ထဲ ငလျင်​လှုပ်​သွားသည်
သူ ဒီအသံ​လေးကို ကြားချင်​လွန်းလို့ ငိုခဲ့ဘူးတယ်​ ဒီအသံ​လေးကို လွမ်းဆွတ်​လို့ ရူးမတတ်​ခံစား ဖူးရပြီးပြီ.....အခု မှ အခုမှ
Jongin တဖြည်းဖြည်း ချင်း​မော့ကြည့်​လိုက်​​တော့ သူတမ်းတခဲ့ရတဲ့ သူလွမ်းဆွတ်​ခဲ့ရတဲ့ သူရူးမတတ်​ချစ်​ခဲ့ရသူရဲ့ မျက်​နှာ ...နှုတ်​ခမ်း ထက်​မှာ အပြုံးပန်း တစ်​ပွင့်​ ပန်​ဆင်​ ထား​ပေမယ့်​ သူမျက်လုံးဝိုင်းဝိုင်း​လေး ​တွေမှာ မျက်​ရည်​ကြည်​​တွေဝဲ​နေတယ်​ ဆိုတာ သူ မြင်​​နေရသည်
အံ့သြလွန်းလို့ မယုံကြည်​နိုင်​လွန်းလို့ Jongin ထိုင်​​နေရာ က​နေ မတ်​တပ်​ရပ်​ပြီး ကို အကြာကြီး ​ငေး​မောကြည့်​​နေခဲ့သည်​ နှစ်​​ယောက်​စလုံးလည်း စကား တစ်​ခွန်းမှ မဆိုကြဘဲ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ စိုက်​ကြည့်​​နေကြတုန်း
  ^^ Oppa ^^
Jongin လက်​​မောင်းကို ချိတ်​ပြီး လာ​ခေါ်တဲ့ ​ကောင်​မ​လေး ​ကြောင့်​ ၂​ယောက်​သား အဲ့​နေရာ တင်​ အသိ ပြန်​၀င်​လာကြသည်​.......
Kyung Soo သူ အဲ့​နေရာတင်​မူး​မေ့ကာ လဲမသွားတာ ကံ​ကောင်း သူချစ်​ရတဲ့ Jongin လက်​​မောင်း ကို ချိတ်​ပြီး ​ကောင်​မ​လေး ​ခေါ်လိုက်​တာက Oppa တဲ့လား Jongin နဲ့ ပတ်​သတ်​တဲ့ အရာရာ တိုင်းကို ဂရုစိုက်​ သတိပြုမိတဲ့သူ သူတို့ ၂​ယောက်​ လက်​သူကြွယ်​ မှာ ၀တ်​ထားကြတဲ့ ​ဆင်​တူ လက်​စွပ်​​တွေကို မြင်​လိုက်​ရ​တော့ ​ပြောစရာ စကား ဆွံ့ အ သွားကာ ​ငေးကြည့်​​နေမိတာ အကြာကြီး
" ​ကောင်​မ​လေးရဲ့ ဒါ Oppa သူငယ်​ချင်းလား " ဆိုပီ အ​မေး သံကို Jongin က ​ခေါင်းငြိမ့်​ပြလိုက်​တယ်​ ဆိုတာ သူမျက်​ဝါးထင်​ထင်​ မြင်​လိုက်​ရပါသည်
သူငယ်​ချင်းတဲ့ သူက သူငယ်​ချင်းလား?????
သူ့လုပ်​ရပ်​က ရိုင်းစိုင်း သွားလား ဘာလား သူမ​တွေးမိ​တော့ သူ အဲ့​နေရာ က​နေ ​ပြေးထွက်​ခဲ့သည်​ သူ မှာ​တော့ ​မျှော်​လင်​ချက်​တွေနဲ့ ရှင်​သန်​ခဲ့တာ Jongin ဆီ ပြန်​လာမယ်​ ၂​ယောက်​ အတူတူ ဘ၀ကို ရင်​ဆိုင်​ ကြမယ်​ ဆိုပြီး သူ့မှာကြိုးစား ခဲ့ရတာ Jongin ​ကြောင့်​ဘဲ ဒီနိုင်​ငံ​ရော ချစ်​တဲ့ မိသားစု ​တွေ​ရော ပစ်​ပြီးထွက်​သွား ခဲ့ရတာ ဟိုမှာ ပင်​ပင်​ပန်းပန်း ကြိုးစား ခဲ့ရတာ​တွေ
နောက်​ဆုံး ရလာဒ်​  က  ဒါလား
ယောကျာင်္းကြီးတန်​မယ့်​ စတီယာ တိုင်​ကို တဘုန်းဘုန်း ထုကာ ငို​ကြွေး ​နေမိသည်​ အပြင်​ ဘက်​က Sehun ရဲ့ တံခါး ထုပြီး ​ခေါ်​နေသံ ကိုလည်း သူ မကြား ..သူ့ မှာ​တော့ ချစ်​လိုက်​ရတာ လွမ်းလိုက်​ရတာ ​နောက်​ဆုံး​တော့ သူ ရရှိလိုက်​ရတာက သစ္စာမဲ့တဲ့ အချစ်​တစ်​ခုပင်
¥¥¥¥¥¥¥¥
Cafe ထဲကထွက်​​ပြေးသွားတဲ့ Hyung ရဲ့ ​ကျောပြင်​ ကို ကြည့်​ရတာ Jongin ရင်​ကို ဓားနဲ့ အစိပ်​စိပ်​ အမြွှာမြွှာ စိပ်​သလို နာကျင်​ရပါသည်​....ဘာလို့လဲ ဘာလို့ အခုမှ ပြန်​​ပေါ် လာတာလဲ ကတိ မတည်​ ဘဲ  ထားခဲ့တုန်းက ထားခဲ့ပြီး အခုမှ ဘာလို့ပြန်​​ပေါ်လာရတာလဲ အခုမှ ဘာလို့ ဒဏ်​ရာ​တွေ ပြန်​လာ​ပေး​နေတာလဲ
Hyung မျက်​နှာကို မြင်​လိုက်​ရတဲ့ အချိန်​ တုန်းက သူလွမ်းခဲ့ရလွန်းလို့ ချစ်​ရလွန်းလို့ ​နောက်​ထပ်​ ထွက်​​ပြေးသွားမှာ ​ကြောက်​လွန်းလို့ ဆွဲဖက်​ချင်​ခဲ့သည်​ ဒါ​ပေမယ့်​ ဒါ​ပေမယ့်​ စိတ်​ကသာ ဖြစ်​​နေ​ပေမယ့်​ သူ့လက်​အစုံက​တော့ တွန့်​ဆုတ်​​နေခဲ့သည်
Toilet ထဲဝင်​သွားတဲ့ Nara ထွက်​မလာ ​စေပါနဲ့ ဆိုပြီး ဆု​တောင်းခဲ့​ပေမယ့်​လည်း သူ့ဆု​တောင်း မပြည့်​ခဲ့ Nara ကို မြင်​လိုက်​တဲ့ အချိန်​ဖြစ်​သွားတဲ့ Hyung မျက်​နှာ  သူ့ကို မယုံကြည်​နိုင်​ချင်း​တွေနဲ့ ကြည့်​တဲ့ Hyung ရဲ့ အကြည့်​​တွေက သူ့ရင်​ကို မီးကဲ့သို့ ပူ​လောင်​​စေသည်
¥¥¥¥¥¥¥
" Hyung " ဒီ​နေ့ Company မလိုက်​နဲ့​လေ​နော်​ ကျွန်​​တော်​ Omma ကို ​ပြောလိုက်​မယ်​ ညကလည်း Hyung ဆိုဂျု​တွေ​သောက်​ပြီး ငိုထားတာ ​ခေါင်း​တွေကိုက်​​နေမှာ​ပေါ့ မျက်​လုံး​တွေလည်း ရဲ​နေတယ်​​လေ Hyung ရယ်
Sehun ​နောက်​က​နေ လိုက်​ကာ တတွတ်​တွတ်​ ​ပြော​နေ​ပေမယ့်​ Hyung က​တော့ အားမရှိတဲ့ ​ဖျော့​တော​တော့ အပြုံး​လေးနဲ့ သူ့ ပုခုံးကို တစ်​ချက်​ ပုတ်​ပြီး
~ Construction က ​စတော့မှာ​လေ ပြီး​တော့ Aunty ​လေးတို့ တစ်​ဉီးတည်း လုပ်​တာ မှ မဟုတ်​တာ Company 3 ခုရဲ့ Project ​လေ ပထမဆုံး အလုပ်​စ ၀င်​မယ့်​​နေ့ ပျက်​တာ ဘယ်​​ကောင်းမလဲ  ဆိုပြီး ​ပြောကာ စာရွက်​​တွေ ကိုအိတ်​ထဲ ထည့်​​နေတဲ့ Hyung ကို သူမတားမိ
သူ့စိတ်​ထဲမှာ ဖြစ်​​နေတာ တစ်​ခုမှ ခုချိန်​မှာ ဟိုတစ်​​ယောက်​ကို စိတ်​ရှိ လက်​ရှိ ထိုးပစ်​ချင်​တာပင်​ ......
¥¥¥¥¥¥¥¥¥
သူတို့ ၂​ယောက်​ရဲ့ ကံကြမ္မာ က ထူးဆန်း လွန်းလှသည်​ ရုံးထဲဝင်​၀င်​ချင်း Kyung Soo သူ မ​တွေ့ချင်​တဲ့ မျက်​နှာကို ​တွေ့လိုက်​ရတာမို့ သူ နာကျည်းစွာ ပင်​ မျက်​နှာလွှဲလိုက်​သည်​ ​ခြေလှမ်း ကို သွက်​သွက်​​လျောက်​ရင်း ဓာတ်​​လှေ ကား​ရှေ့ ​ရောင်​ပြန်​​တော့လည်း ​နောက်​မှာ ရပ်​​နေတဲ့ Jongin နဲ့ ​သူ့ ​ကောင်​မ​လေး​ကြောင့်​ Kyung Soo ရင်​​တွေ နာကျင်​လှသည်​.....
.ကံကြမ္မာက သူ့ကို ဘာအညိုး ​ကြောင့်​များ ဒီ​လောက်​ ရက်​စက်​​နေတာလဲ???????
Jongin တစ်​​ယောက်​ Company ထဲကို ၀င်​လာ​တော့ မထင်​မှတ်​ဘဲ ​တွေ့လိုက်​ရတဲ့ Hyung ​ကြောင့်​ သူ့ရင်​ထဲတစ်​မျိုး ​လေး ဖြစ်​သွားရသည်​..ဒါ​ပေမယ့်​ သူ့ကို မြင်​​တော့ နာကျည်းစွာနဲ့ လွှဲသွားတဲ့ မျက်​နှာကို မြင်​ရ​တော့လည်း သူ့ရင်​​တွေ မွန်းကျပ်​ပြီး ​ပေါက်​ကွဲလုမတတ်
ကံကြမ္မာရဲ့ အ​ခြေ အ​နေ​ကြောင့်​ သူတို့ ၂​ယောက်​ ဒီ Company မှာ ထပ်​မံ​တွေ့ ဆုံရဉီးမည်
¥¥¥¥¥¥¥¥
~Mrs Kim ဟုတ်​လား
~Hyung သိလား မသိဘူး ကျွန်​​တော်​တို့ အခု Project က KJ Group ရယ်​ ပြီး​တော့ NK ရယ်​ ကျွန်​​တော်​တို့ Oh လုပ်​ငန်းစုရယ်​​လေ
ဆိုပြီး ​ပြောကာ ထွက်​သွားတဲ့ Sehun ​ကျောပြင်​ကို Kyung Soo ​ငေးကြည်​​နေမိသည်
~ သူဒီ​နေရာ က​နေ အမြန်​ဆုံး ​ပြေးထွက်​ချင်​မိပြီ
¥¥¥¥¥¥
Sehun မလာ​သေးတာမို့ သူ ၀ရန်​တာ မှာရပ်​​နေတုန်း
နောက်​က​နေ
^^ Hyung ^^ ဆိုတဲ့ အသံကြား​တော့ သူလှည့်​ကြည့်​မိလိုက်​​တော့ သစ္စာမရှိတဲ့ Kim Jongin
T  B  C
Angst ​လေးဖြစ်​သွားတယ်​ အဆင်​​ပြေကြလား မသိ ဖိဘတ်​နဲ့ Votes ​လေးများ Please...ဖိဘတ်​များမှ ညန်​ညန်​ Update မယ်​လို့
Thanks For Reading
Continue Reading
You'll Also Like
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
20.3K 2.8K 20
𝖯𝖺𝗋𝗄 𝖩𝗈𝗇𝗀𝗌𝖾𝗈𝗇𝗀 & 𝖸𝖺𝗇𝗀 𝖩𝗎𝗇𝗀𝗐𝗈𝗇 & 𝖯𝖺𝗋𝗄 𝖲𝗎𝗇𝗀𝗁𝗈𝗈𝗇 | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃
1.2M 50.1K 54
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.1M 59.5K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...