နှုတ်ဖျားကနေ အသံလို့မဆိုသာလောက်အောင်ပင်
တိုးညင်းလွန်းလှတဲ့ ညည်းသဲ့သဲ့အသံလေးက လူ
နာခုတင်၏ဘေးတွင် မှိန်းနေသော မင်ဂျွန်း ရဲ့နား
ထဲသို့ သိသာစွာတိုးဝင်လာခဲ့သည်...
"ဆူဟို....မင်းသတိရလာပြီလား"
တိုးဖွညင်သာလွန်းလှတဲ့အသံက မျက်လုံးတွေကို
ဖွင့်မရခင်မှာပဲ အကြားအာရုံထဲကိုစီးဆင်းလာခဲ့တယ်...ဒါ..ကျွန်တော့်သူငယ်ချင်း မင်ဂျွန်း ရဲ့အ
သံ..
"ဆူဟို...မင်းမျက်လုံးဖွင့်ကြည့်ပါအုံး..ဘယ်လိုနေသေးလည်း..."
သူငယ်ချင်းအတွက်စိုးရိမ်လွန်နေပြီး ပျက်ယွင်းယွင်း
ဖြစ်နေမဲ့မင်ဂျွန်း ရဲ့မျက်နှာလေးကိုဖွင့်လို့မရသေးတဲ့မျက်ဝန်းတွေကြားထဲကနေပြေးမြင်မိတယ်
ဖွင့်ဖို့ခက်ခဲတာမှန်ပေမယ့် အားယူပြီးကျွန်တော်ဖွင့်ရ
မယ် သက်သာပါတယ်ဆိုတဲ့မျက်ဝန်းရိပ်တွေကို
မင်ဂျွန်း ကိုမြင်အောင်ပြချင်တယ် ဒါမှသူလည်းစိတ်သက်သာရာ ရမယ်လေ...
"မင်ဂျွန်း .."
စကားလေးနှစ်လုံးက.. သူ့နုတ်ဖျားကနေ အ
ပြင်ကိုခုန်ပေါက်ထွက်ဖို့ အရေး..ဒီလိုအချိန်မှာ
ပြောမပြနိုင်လောက်အောင် ခက်ခဲနေတယ်..
"ဘယ်လိုဖြစ်တာလည်း ဆူဟိုရာ...ငါ စိတ်ပူလိုက်
တာ.."
မင်ဂျွန်းရဲ့စကားတွေကိုနားထဲမှာသာကြားနေရပေမဲ့
ကျွန်တော့် အသိတရားနဲ့ဦးနှောက်ကတော့ထုံထိုင်း
ထိုင်းကြီးဖြစ်နေသေးတယ်..မကြည်လင်သေးတဲ့
ခေါင်းကခုထက်ထိမူးရိပ်မူးရိပ်ကမပြေနိုင်သေးပေ
ဒါပေမယ့်လည်း..မူးမလဲခင်ကအနေအထားထက်
တော့စာရင်ကျွန်တော်ခံနိုင်လောက်တဲ့အနေအထား
မို့ လှဲအိပ်နေတဲ့ခုတင်ထက်မှထရန် အားယူလိုက်
သည်...
"ထမလို့လား...လှဲနေပါအုံး ဆူဟိုရ"
"ဟင့်အင်..လှဲမနေချင်တော့ဘူး..
မင်ဂျွန်း...ငါ့ကိုထူပေးပါ.."
ကျွန်တော့်ရဲတောင်းဆိုမှုကို မင်ဂျွန်းတစ်ယောက်
စိတ်ပျက်စွာကြည့်ရင်း..မထူချင်ထူချင်နှင့် လာထူ
ပေးသည်..ပြီးတော့လည်းသက်ပြင်းတွေအခါခါချ
ရင်း...
"ဆူဟို.."
သူကျွန်တော့်နာမည်ကိုခေါ်ပြီး..စကားဆက်မပြော
တော့ပဲရပ်နေသည်..ဒါမယ့်..တစ်ခုခုပြောချင်
နေတယ်ဆိုတာကိုတော့ကျွန်တော်ရိပ်မိလိုက်သည်
အသံနဲ့ထပ်တူ နွမ်းကျသွားခဲ့တဲ့ မင်ဂျွန်းရဲ့မျက်နှာကိုကြည့်ရင်း ကျွန်တော်ကိုယ်တိုင်လည်းထိတ်လန့်
လာခဲ့တယ်...သူ များသိနေပြီလား...?
"မင်း..ဓာတ်မှန်အဖြေထွက်လာတယ်..."
သူရှေ့ဆက်ပြီးပြောတော့မယ့်စကားကို သိလိုက်သလို...ကျွန်တော့်ရဲ့မှန်းဆမှုတွေဟာလည်း မှန်
သွားခဲ့ပြီ...ဒါဆိုရင်...မင်ဂျွန်းသိသွားပြီပေါ့..
"မင်း..ကျောက်ကပ်ကပုံမှန်မဟုတ်ဘူး..ပြသနာ
ရှိနေတယ်...ဆူဟိုရ"
စိုးရိမ်တကြီးနဲ့စိတ်ပူစွာပြောလာတဲ့ မင်ဂျွန်း ရဲ့စကား
တွေအပေါ်မှာ ကျွန်တော် ကတော့ စိတ်အေးလက်အေးနေနိုင်လွန်းခဲ့တယ်...ဒီလိုမျိုးတွေဖြစ်လာမယ်ဆိုတာကိုကြိုသိနေတာကိုး...ဖြစ်နေပြီလို့လည်းခန့်
မှန်းမိတဲ့အတွက် မင်ဂျွန်းရဲ့စကားတွေက ကျွန်တော့်
ရင်ကို မကိုင်လှုပ်နိုင်ခဲ့ဘူး...ဒီအတိုင်းလေးသာပြုံး
ရင်းကြည့်နေခဲ့တဲ့ကျွန်တော်ကို မင်ဂျွန်း ကလည်း
ရိပ်မိသွားတယ်ထင်ပ...
နောက်ဆုံးတော့ ...'မင်းသိနေတာလားလို့´ ကျွန်တော့်ကိုမေးလာခဲ့တယ်...
ကျွန်တော့် လေးဖင့်စွာနဲ့ပင် သူ့ကို ခေါင်းပြန်ညိမ့်ပြလိုက်တော့...အံ့သြစွာနဲ့ပဲ..ကျွန်တော့်ကို ပါးစပ်
အဟောင်းသားလေးနဲ့...ရပ်ပြီးကြည့်နေခဲ့တယ်
"မင်း....ငါ့ကိုဘာလို့နည်းနည်းမှမပြောပြရတာ
လည်းဆူဟိုရာ.....မင်းအခြေနေက..."
ကျွန်တော့်ကိုပြောနေတဲ့စကားတွေကိုခနရပ်ပြီးသူ့အိတ်ထဲကနေ ဆေးဘူး လေးတစ်ဘူးကိုထုတ်ကာကျွန်တော့်လက်ထဲကိုထည့်ပေးလာသည်
"မင်း...အဲ့ဆေးတွေသောက်နေရတာလား"
မင်ဂျွန်း..လက်ထဲထည့်ပေးတဲ့ဆေးဘူးကိုကြည့်
လိုက်တော့..ကျွန်တော်နှစ်ရှည်လများ စွဲသောက်ခဲ့ရတဲ့ဆေးတွေ..
"ငါသောက်နေတဲ့ဆေးတွေ...ဒီဆေးတွေကိုမင်း
ဘယ်ကရတာလည်း..မဟုတ်မှလွဲရော...မင်း.."
"ဟုတ်တယ်...မင်းအိတ်ထဲကငါရှာတွေ့တာ..
ဟိုနေ့က...မင်းဆေးတွေသောက်နေတာငါမြင်
လိုက်လို့...တစ်ခုခုတော့တစ်ခုခုဆိုပြီးငါရှာလိုက်တာ...ငါထင်တဲ့အတိုင်းပါပဲလား..
အဲ့တာကြောင့် မင်းကိုယ်တွေလက်တွေ ကိုက်နေ
တယ် နာနေတယ်လို့ပြောပြောနေတာလား..ဆူဟို
ရာ မင်းတကယ်ပဲ...."
မင်ဂျွန်းကိုကျွန်တော်ဘာပြန်ပြောရမှန်းမသိတော့ဘူး
ကျွန်တော်ဆေးကျောင်းနောက်ဆုံးနှစ်ရောက်တော့
ကိုယ်တွေလက်တွေအရမ်းကိုကိုက်ခဲလာတယ်အဆစ်အမြစ်တွေဆိုတာမနေနိုင်အောင်ကိုနာလာ
တာ...ပထမတော့အရမ်းပင်ပန်းလွန်းလို့ အခန့်မသင့်လို့ဖြစ်တယ်လို့ထင်နေပေမယ့်...တစ်နေ့တခြားပိုပိုဆိုးလာတဲ့အခြေနေကိုရောက်လာခဲ့တယ်..အဲဒါနဲ့ဆေးစစ်ကြည့်လိုက်တော့...ကျွန်တော့်မှာလေးဘက်နာပိုးတွေရှိနေတယ်ဆိုတာကိုသိလိုက်ရတယ်...
အပြင်ပန်းကြည့်ရင်တော့ကျွန်တော်ဟာလူကောင်းပကတိပါပဲ..ဆရာဝန်မို့ဟန်ဆောင်ကောင်းတာများ
လား...
ခုတော့..ဆေးတွေသောက်လို့အဆစ်မြစ်ကိုက်တာ
တွေကသက်သာနေပေမယ့်နှစ်ရှည်လများဆွဲသောက်ခဲ့ရတော့..ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးက..ကျွန်တော့်ကျောက်ကပ်ကိုပျက်စီးစေခဲ့ပြီ...ဒီဆေးတွေကြောင့်ကျောက်ကပ်ပျက်စီးမယ်ဆိုတာသိရက်နဲ့ စွဲသောက်ခဲ့ရတာ
ခုတော့ဝေဒနာက တစ်ခုကမပျောက်သေးဘူး..နောက်ထပ်ဝေဒနာတစ်ခုက ကျွန်တော့်ကိုလက်ကမ်းလို့ကြိုနေပြန်ပြီ
"ငါ့ကိုတစ်ခုခုပြောပါအုံး..မင်းဘယ်လို
တွေဖြစ်နေတယ်..ဘာတွေခံစားနေရတယ်ဆိုတာ"
ဂရုဏာမျက်ဝန်းတွေနဲ့..စိတ်ပူစွာပြောလာခဲ့တဲ့သူ
ငယ်ချင်းကိုကြည့်ပြီး..ဆူဟိုတော်တော်လေးအား
နာမိသွားတယ်
"မင်ဂျွန်း...ငါ့ကိုအဲ့လိုအကြည့် အဲ့လိုအမူရာတွေနဲ့
မပြောပါနဲ့ကွ...ငါအကောင်းကြီးပါ..ဘာမှမဖြစ်ပါဘူး မသိရင်ငါက..ခုပဲသေတော့မယ့်လူတစ်ယောက်လိုပဲ"
"မင်းအခြေနေက..အဆင့် ၃..တောင်ကျော်နေပြီ
အရင်လိုကျောက်ကပ်ကိုဆေးနဲ့ထိန်းထားလို့ရတဲ့
အဆင့်မဟုတ်တော့ဘူး စိတ်ပူစရာအဆင့်ကိုရောက်နေပြီ..."
"အဲ့တော့..ငါကဘာဆက်လုပ်ရမှာလည်း..ငါလေးဘက်နာဆေးတွေကိုဆက်မသောက်ပဲရပ်လိုက်ရမှာလား..ငါအဲ့ဆေးတွေကိုရပ်ပစ်လိုက်လို့မရဘူးလေမင်ဂျွန်းရ..အဲ့ဒီဆေးတွေကိုမသောက်ပဲနေရင်ငါ
အဆစ်အမြစ်တွေအရမ်းနာလာတယ်..ယူရစ် အက်
ဆစ်တွေက ပုံမှန်ထက်ကိုအရမ်းတက်လာတာ..
စစ်လိုက်ရင်..ယူရစ် အက်စစ်က မိုးပျံနေတာချည်းပဲ
မင်းလည်းဆရာဝန်ပဲ..သိမှာပေါ့..ငါဘယ်လိုခံစား
နေရတယ်ဆိုတာကို..."
မင်ဂျွန်းကိုပြောနေရင်းနဲ့ပဲ...ကျွန်တော် အားငယ်လာသလိုခံစားလာရတယ်..သူပြောသလိုပဲကျွန်တော့်အခြေအနေကစိုးရိမ်အဆင့်ကိုရောက်နေပြီဆိုတာလည်းမှန်နေတယ်လေ...လွန်ခဲ့တဲ့ခုနှစ်လ
လောက်က....ဆီးသွားတာလည်းတဖြည်းဖြည်းနည်းလာတယ်..ယူရစ်အက်ဆစ်တွေကလည်း
တက်ပြီးရင်းတက်လာတာကြောင့်..
ဆိုးလ် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာတာဝန်ကျနေတဲ့..ဆီးနဲ့ကျောက်ကပ်အထူးကုဆရာဝန်ကြီးဆီမှာပြနေရတဲ့အချိန်..
"ဒေါက်တာကင်..ခင်ဗျားကျောက်ကပ်ရဲ့သွေးကြောတွေထဲမှာ..သွေးခဲနေတာကိုတွေ့နေရတယ်
နှလုံးတို့ ဦးနှောက်တို့အပါအဝင်တခြား
ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်းဒီလိုသွေးခဲ
တာလေးတွေရှိနေအုံးမှာပဲ..ဒေါက်တာကင်ခင်ဗျား
ဂရုစိုက်နော်..မပေါ့နဲ့..ကျန်းမာအောင်နေအုံး"
လွန်ခဲ့တဲ့ခုနှစ်လလောက်ကအဲ့ဒီဆရာဝန်ရဲ့စကားတွေကိုပြန်ကြားယောင်လာမိတယ်..လူဆိုတာကတော့သေမျိုးကြီးပါပဲ..မွေးတစ်နေ့သေတစ်နေ့ပဲ
မို့ သေရမှာကိုကျွန်တော်မကြောက်ပေမယ့်..ဝေဒနာတွေခံစားပြီးသေရမှာကိုတော့တွေးကြည့်မိရင်ကြောက်လာမိသလိုလိုဖြစ်နေတယ်..ခုတောင်
ကိုယ်ဘယ်လောက်ခံစားနေရလည်းဆိုတာ..ကိုယ့်
ကိုကိုယ်ကောင်းကောင်းသိနေတယ်...
အဲ့ဒီနေ့ညကတော့ မင်ဂျွန်းရော ကျွန်တော်ပါချွန်ချောင်း မိဘမဲ့ကျောင်းကိုမပြန်ဖြစ်ပဲ တိုက်နယ်
ဆေးရုံလေးမှာပဲ..ညကိုအတူတူကုန်ဆုံးခဲ့ရတယ်
_________________________
ညကဆေးရုံမှာ ဆေးတွေသွင်းရင်း..လိုအပ်တဲ့ကုသ
မှုအနည်းငယ်ကိုခံယူလိုက်ရတော့..လူက
နည်းနည်းတော့လန်းလာတယ်..ဒါမယ့်ဒါဟာ
တခနပါပဲ...
"ဆူဟို..မင်းမနားဘူးလား.."
ဂျုတီကုတ်ကိုကျကျနနဝတ်ရင်း အလုပ်ဆင်းဖို့ပြင်ဆင်နေတဲ့ဆူဟိုကိုမြင်လိုက်ရတာကြောင့် မင်ဂျွန်း
ကစိုးရိမ်တကြီးလှမ်းပြီးမေးလိုက်ခြင်းဖြစ်သည်
"ဘာကိုနားရမှာလည်း..သက်သာနေတာကို"
စိတ်ပူလို့ပြောမှန်းသိပေမယ့်လည်း ..မင်ဂျွန်း ကို
ကျွန်တော်စိတ်မရှည်တဲ့လေသံနဲ့ခပ်ဆတ်ဆတ်လေးပြောချလိုက်မိတယ်..
"အေးပါ..မင်း ပြောမရမှန်းငါသိပါတယ်..သက်သာ
ရင်ပြီးတာပါပဲကွာ..."
ကျွန်တော့်ကိုစိတ်ပျက်လက်ပျက်နဲ့ပြောဆိုကာ
ထွက်သွားတဲ့ မင်ဂျွန်း...
တောင်းပန်ပါတယ် မင်ဂျွန်း ရာ..ငါမင်းကိုစိတ်ပူ
အောင်လုပ်မိပြီ...
_________________________
"ဆူဟို..မင်းနေမကောင်းဖြစ်နေတာ..xing သိ
လား"
ထမင်းစားနေရင်းမှ ရုတ်တရက်ကြီးမေးလာခဲ့တဲ့ မင်း
ဂျွန်းရဲ့အမေးကြောင့်..လည်ချောင်းဝထဲရောက်ခါနီး
ထမင်းလုပ်က ပရမ်းပတာနဲ့ လည်ချောင်းဝကို ခြေ
နဲ့ကန်ခံလိုက်ရသလိုပဲ..
"ဘာလို့ ရုတ်တရက်ကြီး..မေးလာတာလည်း
မင်ဂျွန်းရ.."
ဆူဟိုရဲ့ အမေးကိုချက်ချင်းပြန်မဖြေပဲအသံတိတ်ကာ...စေ့စေ့ကြည့်နေရင်းလက်ထဲမှာကိုင်ထား
တဲ့ဇွန်းကိုဖြေညင်းစွာစားပွဲပေါ်သို့ ချလိုက်သည်
"မင်းကငါ့ကို သူငယ်ချင်းအချင်းချင်းလျိုထားတယ်
ပေါ့လေ.."
အဆုံးမရှိအစမရှိပြောလာတဲ့မင်ဂျွန်းရဲ့စကားများ
ကြောင့် ကျွန်တော်ရုတ်တရက်ကြောင်အမ်းအမ်း
ဖြစ်သွားမိသည်..သူဘာကိုပြောချင်နေတာ
လည်း???
"ဆူဟို...မင်း...လွန်ခဲ့တဲ့ရက်က ကမ်းခြေ မှာ
Xingနဲ့စကားပြောနေတာကို ငါတွေ့တယ်နော်
ပြီးတော့..သူချွန်ချောင်းမိဘမဲ့ဂေဟာမှာ ဆရာမ
လုပ်နေတာလည်းငါသိတယ်.."
ရုတ်တရက် ကြီး..xing အကြောင်းကိုမင်ဂျွန်းက
ပြောလာတော့...ကျွန်တော်တောင်အံ့အားသင့်နေ
ရတယ်...
"မင်းက xingအကြောင်းကိုဘာလို့ရုတ်တရက်ကြီး
ပြောနေရတာလည်း.."
"ဘာမှမဟုတ်ပါဘူးကွာ..မင်း xing နဲ့ပြန်တွေ့
တာငါ့ကိုမပြောလို့..ဒီတိုင်းစိတ်မကောင်းလို့ပြောလိုက်တာပါ"
"အော်...ငါလည်းမင်းကိုပြောမလို့ပါပဲ.."
"ဆူဟို..မင်းအရမ်းပျော်နေတယ်မလား..xing
ရှိနေလို့လေ.."
ထမင်းတွေပလုတ်ပလောင်းစားကာပြုံးစိစိနဲ့မေးလာတဲ့မင်ဂျွန်းရဲ့အမေးကို..ကျွန်တော်ကျေ
ကျေနပ်နပ်ကြီးပြုံးရင်းသဘောကျစွာခေါင်းညိမ့်
လိုက်သည်...
ကျေနပ်လောက်တဲ့အပြုံးတစ်ခုကိုမင်ဂျွန်းအားပေး
ပြီး...စားပွဲမှထမယ်အလုပ်...
"တော်ပြီလား..ဆူဟိုရ..ထမင်းဆက်မစားတော့ဘူး
လား.."
"အင်း...တော်ပြီမင်ဂျွန်းရာ..ငါစားချင်စိတ်မရှိဘူး
စားလို့လည်းမရဘူး..."
နွမ်းကျသွားတဲ့ကျွန်တော့်ရဲ့အသံနဲ့မျက်နှာကိုမင်ဂျွန်းကချက်ချင်းပင်..ရိပ်မိလိုက်သည်
"မင်း..သိသိသာသာကြီးအစားသောက်တွေနည်း
လာတယ်နော်...ဂရုစိုက်ပါဆူဟိုရာ..အစား
သောက်တွေနည်းလာတာအစားစားချင်စိတ်တွေမရှိ
လာတာဟာ ကျောက်ကပ်က ဘာလက္ခဏာတွေ
ပြနေပြီလည်းဆိုတာ မင်းသိတယ်မလား...ငါတော့
လေ ဖြစ်နိုင်ရင်မင်းကို ရှင်းဝှါ ဆေးရုံကိုပြန်စေချင်တယ်...ဟိုမှာ ကတစ်ခုခုဖြစ်ရင်စက်ပစ္စည်းကိရိယာ
တွေကစုံတယ်လေ...ဒီမှာကမစုံဘူး..ဒီမှာနေရင်း
နဲ့မင်းတစ်ခုခုဖြစ်သွားမှာငါအရမ်းစိုးရိမ်နေတယ်"
"ဟာ..မင်ဂျွန်းကလည်း..ရုတ်တရက်ကြီးဘာဖြစ်ရပြန်တာလည်း..ငါဘာမှမဖြစ်ပါဘူးကွာ..မင်းကလည်း.."
"မင်း..ဟန်ဆောင်ပြီးနေနေတာငါသိတယ်ဆူဟိုရ
တကယ်ဖြစ်လာပြီဆိုရင်..မင်းခံနိုင်ရည်ရှိမှာမဟုတ်
ဘူး..မင်းကျောက်ကပ်ကဆေးနဲ့ထိန်းးထားလို့ရတဲ့
အဆင့်မဟုတ်လို့ပြောနေတာ..ဆေးနဲ့ထိန်းထား
လည်းမင်းခနပဲသက်သာမှာ...မနေ့ကမင်းမူးလဲတာ
ငါမှန်းဆရသလောက်ဆိုရင်တော့... (creatinine)ခရီယာတနင်း..တွေအရမ်းမြင့်နေ
လို့ဖြစ်မယ်...ငါကတော့မင်းကိုကျောက်ကပ်ဆေး
စေချင်တယ် အဲ့ဒါမှမင်းသက်သာမှာ..ရှင်းဝှါဆေးရုံ
ကိုပြန်စေချင်တာလည်းအဲ့ဒါတွေပါတယ်..ဒီဆေး
ရုံမှာကကျောက်ကပ်ဆေးတဲ့စက်မရှိဘူးကွ.."
"တော်ပါပြီ ကွာ..ဆက်မပြောနဲ့တော့..မင်ဂျွန်းရာ"
ငါဒီကနေ နှစ်ပတ်ပြည့်မှပြန်မှာ..ငါ့နှလုံးသားတွေ
xing ကိုပေးပြီးမှပြန်မှာ..အဲ့ဒါကြောင့်နောက်..ငါ့ရှေ့မှာ ရှင်းဝှါဆေးရုံကို ပြန်ဆိုတဲ့စကားလာမပြော
နဲ့.."
အကြောင်းအရင်းမရှိပဲနဲ့ ကျွန်တော်မင်ဂျွန်းကိုစိတ်
တိုစွာအော်လိုက်မိသည်...ခုချိန်မှာ xing နဲ့ဝေးရာကို ကျွန်တော်မသွားချင်ဘူး..ကျွန်တော်
ဘယ်လောက်ထိသူ့ကိုတမ်းတခဲ့ရလည်း..သူ့နဲ့ပြန်တွေ့ဖို့ရက်ကို ဘယ်လောက်ထိမျှော်လင့်ခဲ့လာရသ
လည်း...ဒါတွေကိုသူသိနေရက်နဲ့...သူငယ်ချင်း
အတွက်စိတ်ပူလို့ပြောတာမှန်ပေမယ့်လည်း
ဒီချိန်မှာ..xing နဲ့ဝေးရာကိုသွားဖို့ ပြောလာတဲ့သူ
ဟာ..ကျွန်တော့်ရဲ့ရန်သူပဲ..
"ငါသူနဲ့...ခက်ခက်ခဲခဲနဲ့ပြန်တွေ့ရတာ
ဒါဟာ..ကံကြမ္မာက ငါ့ကိုအခွင့်ရေးပေးလိုက်တာ
ပဲ...ဒီအခွင့်ရေးဟာ..ငါ့အတွက်နောက်ဆုံးမျှော်
လင့်ချက်လို့ဘယ်သူပြောနိုင်မလည်း...
ဒီတစ်ခါတော့ ငါအမိအရဖမ်းဆုပ်ထားချင်တယ်
မင်ဂျွန်းရာ..ငါသူ့ကိုထပ်ပြီးအဆုံးရှုံးမခံတော့ဘူး
ငါ့အသက်နဲ့သူနဲ့ယှဉ်လာရင်တောင်ငါသူ့ကိုပဲရွေးချယ်သွားမှာ..."
ကျွန်တော်ပြောချင်တဲ့စကားတွေအကုန်လုံးကို
မင်ဂျွန်းဆီ ပြောချရင်း...လှည့်ထွက်လာလိုက်
တယ်..တကယ်ဆို ကျွန်တော်များလွန်သွားသလား
ဒီလိုမပြောသင့်မှန်းသိပေမယ့်လည်း......ဟူး..
တောင်းပန်ပါတယ် မင်ဂျွန်းရာ....
_________________________
မှောင်မိုက်လွန်းလှတဲ့ကောင်းကင်ပြင်ကြီးက
ဝတ်ရုံနက်ကြီးကိုလွှမ်းခြုံထားလို့ လရောင်ရဲ့အေးမြမှုကိုခုထိရှာမတွေ့နိုင်သေးသလို...
ကျွန်မကိုယ်တိုင်ဟာလည်းလရောင်ရှိနေပါလျက်နဲ့ အမှောင်ထဲမှာရပ်နေမိခဲ့တယ်..
အိပ်မပျော်လို့..အပြင်မှာလေကောင်းလေသန့်ထွက်
ရှုရင်း ကောင်းကင်ကြီးကိုမော့ကြည့်ကာ..ကိုယ့်
အဖြစ်နဲ့ နှိုင်းယှဉ်နေမိတယ်...
သူ့ရင်ခွင်ဟာ..လရောင်ဆိုတာကိုသိနေပါလျက်နဲ့..
သူ့ရင်ခွင်ဟာ..အေးမြတယ်ဆိုတာသိနေပါလျက်နဲ
တကယ်တမ်း အေးမြတဲ့လရောင်တွေ
ကိုယ်ပေါ်ကိုဖြာကျလာတဲ့အခါ မှာတော့ကိုယ်ကို
တိုင်ကိုက အမှောင်ထဲကိုဇွတ်တိုးဝင်မိတာ..
Xing လက်ထဲမှာငြိမ်သက်စွာလိုက်ပါလာတဲ့ ဖုန်း
လေးကို ဖွင့်ရင်း..ကင်ဆူဟို ဆီသို့ massage
တစ်စောင်လှမ်းပို့လိုက်တယ်...
ဘေးနားမှာချထားတဲ့ ဖုန်းလေး ရုတ်တရက်မီးလင်း
လာတာကြောင့်..ဖုန်းကိုကောက်ယူကြည့်လိုက်
တော့...message တစ်စောင်....ဖုန်းနံပါတ် က
အသစ်မို့လို့...စာကိုသေချာဖတ်လိုက်တော့
ပင်လယ်ဘက်ကို ခနထွက်လာရန် xing ဆီ
ကနေပို့လိုက်တဲ့စာ...
_________________________
"ရော့...တစ်ချိန်က ရှင်လိုချင်ခဲ့တဲ့ အရာ"
တင်းမာနေလှတဲ့ လေသံတွေရဲ့အဆုံးမှာ ပြားချပ်
နေတဲ့စက္ကူအိတ်လေးတစ်အိတ်က ကျွန်တော့်လက်
ထဲသို့ရောက်ရှိလာတယ်..သူပေးလာတဲ့စက္ကူအိတ်
ကိုဖွင့်ပြီး..အထဲက စာရွက်လေးကိုထုတ်ကြည့်လိုက်တော့....
"ကွာရှင်းစာချုပ်"........
စာချုပ်ရဲ့အောက်ခြေ ဘေးတစ်ဖက်တစ်ချက်စီမှာ
ကွာရှင်းကြောင်းသဘောတူပါတယ်ဆိုတဲ့..xing
ရဲ့လက်မှတ် နဲ့ ကျွန်တော့်ရဲ့လက်မှတ်..
ခုတော့..စာချုပ်လေးက လက်မှတ်နှစ်ခုနဲ့ တင့်တယ်ကာပြည့်စုံလို့ ပဏာသင့်နေပေမယ့်...
ဒီစာချုပ်ကိုကြည့်ပြီးရင်ထဲမှာမွမ်းကျပ်လာရတာက
ကျွန်တော်...ရုတ်တရက်ကြီးအသက်ရူပေါက်ကိုအ
ပိတ်ခံလိုက်ရတဲ့ခံစားချက်မျိုးလေ..
လရောင်သဲ့သဲ့အောက်မှာ ကျွန်တော့်သွေးတွေအေး
ခဲသွားသလိုပဲ...သူမကတော့ စူးစူးဝါးဝါး အကြည့်
တွေနဲ့ ကျွန်တော့်ကိုစိုက်ကြည့်လို့ပေါ့
"ဘယ်လိုလည်း..ရှင်မထင်မှတ်ထားတဲ့အချိန်မှာ
ဒီစာချုပ်ကိုမြင်လိုက်ရတော့..ဘယ်လိုခံစားရလည်း
ခံစားလို့ကောင်းရဲ့လား.."
ကျွန်တော့်ကိုလှောင်သဲ့သဲ့ ရိသဲ့သဲ့နဲ့ခက်ထန်တဲ့စကားတွေပြောလာတာ..
ခုကျွန်တော့်ရှေ့မှာရပ်နေတာ...
တစ်ချိန်က ကျွန်တော့်ကိုအရမ်းချစ်ခဲ့ပါတယ်ဆိုတဲ့
Xing လား..???
မျက်ဝန်းအိမ်ထဲမှာ ရုတ်တရက်ကြီးပူနွေးစွတ်စိုလာခဲ့တယ်...ထိုအရာက ပါးပြင်ထက်ကို မညှာမတာ သက်ဆင်းလို့.. ယောက်ကျာင်္းတစ်ယောက်တန်မဲ့နဲ့ရင်ထဲက မွမ်းကျပ်မှုတွေကိုမျက်
ရည်နဲ့ထွက်ပေါက်ရှာလိုက်မိတယ်..
ကျွန်တော့်မျက်ရည်တွေကိုမြင်တော့..သူ့နုတ်ခမ်းလေးကမဲ့ပြုံးယောင်ယောင်နဲ့တစ်ချက်တွန့်သွား
တယ်..
"မျက်ရည်ဆိုတာရင်ထဲမှာနာကျင်လွန်းတဲ့အချိန်မှကျရတာ...ရှင်ဆိုတဲ့သူက ဒီလောက်အရာလေးနဲ့ နာကျင်တက်တဲ့သူမျိုးလား.."
"မင်း..ငါနဲ့..တကယ်ပဲအဆုံးသတ်ချင်ပြီလား.."
အလွန်တရာပဲဒီညဟာကျွန်တော့်အတွက်ရုပ်ဆိုး
အကျည်းတန်လွန်းလှတယ်..မှောင်မိုက်
လွန်းလှတဲ့ကောင်းကင်ဟာသွေးဆာနေတဲ့လူသတ်
သမားတစ်ယောက်လိုရက်စက်ကြမ်းကြုတ်လွန်း
နေတယ် ညဟာသွေးကြွနေတဲ့လူသတ်သမားတစ်
ယောက်ရဲ့လက်ထဲမှာ မနည်းကိုအသက်လုပြီးရှုနေရတယ်
"သိပ်ကိုချစ်တက်လွန်းတဲ့သူဟာ..အဆုံးသတ်မှာ
အမုန်းကိုရွေးချယ်တက်တယ်တဲ့...ခုတော့မင်း
တကယ်ပဲ ငါ့ကိုမုန်းသွားပြီပေါ့..ငါ့ရင်ထဲကအချစ်
တွေမင်းကိုချပြဖို့တောင်ငါ့မှာအခွင့်ရေးမရှိတော့ဘူး
လား......"
တစ်ချိန်ကမင်းပြောခဲ့သလိုပဲ..မင်းနဲ့အဝေး
ကြီးကိုထွက်သွားဖို့ငါ့နှလုံးသားတွေက အဆင်သင့်
မဖြစ်သေးဘူး..မင်းနဲ့ခုမှပြန်တွေ့ရတာမို့..ခုချက်
ချင်းမင်းရဲ့အဝေးကိုသွားဖို့ဆိုတာ..ငါ..ငါ.."
ကျွန်တော်..စကားတွေဆက်ပြောဖို့အင်အားတွေမရှိ
တော့ဘူး..အရမ်းကို...ရင်ထဲမှာအရမ်းကိုမောပန်း
နေပြီ...
"ငါ့ရင်ကိုထပ်ပြီးနာကျင်ရအောင်မလုပ်ပါနဲ့တော့
Xingရယ်..ငါတောင်းပန်ပါတယ်"
ကျွန်မနာကျင်ကြေကွဲစွာပြုံးမိလိုက်သည်
"ရှင့်အလှည့်ကျတော့ ကြေကွဲရတယ်ပေါ့..ခံစား
ရတယ်ပေါ့..နာကျင်ရတယ်ပေါ့..ဒါဆိုကျွန်မရော
တစ်ချိန်က..ရှင့်ကြောင့်နာကျင်ခဲ့ရတဲ့ကျွန်မက
ခုလိုမျိုးနာကျင်နေပါတယ်လို့ပြောခွင့်ရခဲ့လို့လား
ရှင်ပေးခဲ့တဲ့နာကျင်မှုတွေကို..ရှင့်အရှေ့ရောက်
ရင်အပြုံးလေးတစ်ခုနဲ့ ဖုံးကွယ်ခဲ့ရတာလေ"
တစ်စိမ်းတစ်ယောက်လို လုံးဝပြောင်းလဲသွား
ခဲ့တဲ့xing ကို ကြည့်ပြီးကျွန်တော်အရမ်းကိုအံ့သြ
ရပါတယ်...ဘယ်လိုများပြောင်းလဲသွားရတာ
လည်း သူ့နှုတ်ဖျားကနေထွက်ကျလာတဲ့ စကားလုံးတိုင်းကလည်းအေးစက်စက်နဲ့...
"ရင်ထဲကနာကျင်မှုတွေကအပြင်ကကြေကွဲမှုတွေထက် အဆပေါင်းများစွာနာကျင်ခံစားရတယ်
ဆိုတာ..ရှင်သိရဲ့လား..နာကျင်လွန်းလို့ နှလုံး
အိမ်ကနေကြွေကျလာခဲ့တဲ့မျက်ရည်တွေကို..ရှင်
တစ်ချိန်က မြင်အောင်မှမကြည့်ခဲ့တာ.."
တော်ပါတော့ xing ရယ်..တော်ပါတော့..ငါ
တောင်းပန်ပါတယ် ..တော်ပါတော့...ငါလည်းရင်
ထဲမှာအသံတိတ်ငိုကြွေးနေရတဲ့သူပါ..
"မင်းနှလုံးသားကနေ နာကျင်လို့
ကြွေကျတဲ့မျက်ရည်ဟာ..ငါ့နှလုံးသားကို
ဖမ်းယူပြီး ဒေါက်ဖြုတ်ချလိုက်တာ..
နောက်ဆုံးတော့...ငါ့နှလုံးသားကို
ကြိုးကွင်းစွတ်ပြီးသတ်လိုက်တာပဲလေ
မင်းကြောင့်လည်းငါ့နှလုံးသားက
သေဆုံးခဲ့ပါပြီ xing ရယ်"
နှလုံးသားကိုကြိုးညှိတဲ့အခါ..အက်ကွဲနေတဲ့အသံ
တွေက အချစ်ရဲ့ခြေရင်းမှာ လွယ်လွယ်နဲ့ကြကွဲ
သွားကြပြီ..
"ငါတို့ ထပ်မတွေ့ပဲနေကြရအောင်..သူစိမ်းတွေလိုလေ..ငါကအပြစ်ရှိတဲ့သူမို့ ..မင်းထားခဲ့တာနဲ့ထိုက်တန်တဲ့သူပါ ...ငါမင်းကိုလွတ်ပေးလိုက်ပါပြီ .."
ပင့်သက်ရှိုက်သံ ကြားထဲမှာသံယောဇဉ်ဆက်ထုံးကြိုးလေးက..လျော့တိလျော့ရဲနဲ့ပြေကျသွားခဲ့ ပြီ...
တစ်ချိန်ကငါ့အတွက်နဲ့ပင်ပန်းခဲ့တယ်ဆိုရင်.
ခုပဲဖြစ်ဖြစ်.ငါ့မျက်ရည်တွေကိုကျောခင်းပြီးအနားယူ
လိုက်ပါငါ့နှလုံးအိမ်မှာအိပ်စက်ပြီးအမောဖြေလှည့်ပါ
ထာဝရတစ်သက်သာ...ငါ့ရင်ခွင်ဟာ..မင်းတစ်
ယောက်ထဲအတွက်ပါ..အချိန်တန်ရင် တော့
ငါ့ရင်ခွင်ကိုပြန်လာခဲ့ပါ xing ရယ်
မျက်ရည်တွေကိုခူးမယ်လုပ်တော့တပေါက်ပေါက်နဲ့
ကြွေတယ်..အလွမ်းတွေကိုကြိုးနဲ့သီတော့တဆစ်
ဆစ်နဲ့နာတယ်...တစ်ချိန်ကရနံ့တွေ မွှေးအီခဲ့တဲ့
ပန်းလေးတစ်ပွင့်ဟာ ရနံ့တွေကိုဝှက်တက်ခဲ့လို့
ပန်းရိုင်းတစ်ပွင့် ဖြစ်ခဲ့ပြီ..
ရှင့်အတွက်..ကျွန်မဟာ..ပန်းရိုင်းတစ်ပွင့်ပါပဲ..
ကင်ဆူဟို...
ဒါပေမယ့်...သစ္စာရှိတဲ့...ပန်းရိုင်းတစ်ပွင့်
.
.
.
.
.
.
အတိတ်ကာလ ရဲ့ပုံရိပ်ဟာ
အနေဝေးပေးမယ့်..ရင်အစုံမှာ
လာ လာပွင့်နေအုံးမှာပဲ...
တစ်ချိန်ကနူးညံ့တဲ့ပန်းဟာ
ပန်းရိုင်းတစ်ပွင့်လို အသက်ရှင်လို့
ရနံ့တွေလည်း ဝှက်တက်ခဲ့ပြီ
ငါဟာ...
ရနံ့ဝှက် ပန်းရိုင်းပေမယ့်
သစ္စာရှိတဲ့ ပန်းရိုင်းတစ်ပွင့်
အချိန်တန်ရင် မင်းရင်ခွင်ထဲ
သစ္စာ ရှိစွာခစားလို့
ဖူးပွင့်ပေးမှာပါ
••••••••••••••••••••
(ပန်းရိုင်းသစ္စာ)
.
.
.
.
.
.
.
.ဟီး..ရူးကြောင်မူးကြောင်ကဗျာလေးစပ်ထားတယ်
ရေးပေမယ့်...feelမလာလို့ သိပ်ပြီး မfeelလိုက်ရပု..ဖတ်လို့မကောင်းဖြစ်ခဲ့ရင်..authorကို
နားလည်ပေးကြပါ...နားလည်မပေးနိုင်ရင်လည်း
သမင်ကိုရဟတ်ပေါ်တင်ပြီး..အိုမားကြီးနဲ့ငဘတ်
မွှေကြော်ထည့်ပေးလိုက်ပါလို့ သိုးပေါက်နဲ့choco
ပါအစစ်ထည့်ပေးရင်သိပ်ပျော်မိမှာပဲ...
ဗြဲ..ဗြဲ...ခုထိမsweetနိုင်သေးလို့..မီအာနဲ
မျက်ရည်တွေ ခြွေယူနေလို့...မီအာနဲ
နောက်အပိုင်းမှာလည်း..မsweetနိုင်သေးလို့
မီအာနဲ....
ဟီး.....ကြိုတောင်းပန်ထားတာပါ...
ညကြီးအချိန်မတော်..up လိုက်မိတယ် မီအာနဲ