အေးဆိမ့်ဆိမ့်ဆောင်းလေပြေတွေက xing ကိုမထိတထိကလူကာကျီစယ်သွားကြတယ်
သူတို့တွေ xing ကိုလှောင်ပြောင်နေကြ
တယ်ထင်ပါတယ်
ခံနိုင်ရည်မရှိပဲနဲ့..အချစ်ကို ဆော့ကစားခဲ့
တဲ့ ရူးမိုက်တဲ့ကောင်မလေးတစ်ယောက်
လို့...
"...ဟား.."
ပင်လယ်ကမ်းခြေကလတ်ဆတ်တဲ့လေကို
ရင်ဘတ်ထဲကအနက်ရှိုက်းဆုံးနေရာထိ
ရောက်အောင် ရှိသမျှအားတွေသုံးကာရှု
သွင်းလိုက်တယ်..ရင်ထဲမှာပြင်းအားး.
ကောင်းကောင်းနဲ့တောက်လောင်နေတဲ့
မီးညွှန့်ကို ငြိမ်းသတ်နိုင်မလားလို့ကြိုးစား
ကြည့်တာပါ...
Xing.မီးလောင်ရာလေပင့်ဆိုသလိုဖြစ်နေသလားမငြိမ်းနိုင်သေးဘူး ခုထိလောင်ကျွမ်းနေတုန်းပဲ
"ဟုတ်"ကနဲဝါးမြိုပြီးလောင်တာမဟုတ်ပဲ
တမြည့်မြည့်နဲ့လောင်ကျွမ်းနေတာမို့xing ရဲ့နှလုံးသားလေးကတရိရိနဲ့ပြာကျနေရှာပြီ
အရင်ကတော့တစ်စဆီပဲကြွေကျခဲ့တာ
ခုတော့လောင်ကျွမ်းပြီးပြာကျတဲ့အဆင့်ကိုရောက်ခဲ့ပြီ...
"Kim suho...kim suho...
Kim suho.........................
ရှင်မခံစားတက်တာလား နှလုံးသားမရှိတာလား..ရှင်......ရှင်
ရှင်ဆိုတဲ့သူက တကယ့်အရူးတစ်ယောက်
လိုပဲ..ကိုယ်ချစ်တဲ့သူကို အဝေးကြီးထွက်
သွားရအောင်လုပ်တယ်..."
ကလေးတစ်ယောက်လိုငုတ်တုတ်ထိုင်ကာ
ဝမ်းနည်းပက်လက်နဲ့အော်အော်ပြီးငိုနေတဲ့
ကျွန်မကိုလေ
ရူးတယ်လို့မထင်လိုက်ကြပါနဲ့
ဒီအချိန်မှာ သူ့နာမည်ကိုခေါ်ပြီး xing ဝမ်း
နည်းမှုတွေကိုဖြေဖျောက်ပါရစေ...
Kim suho ဆိုတဲ့နာမည်ကို..လည်ပင်း
ကနေအားကုန်ညစ်ထုတ်ပြီး အော်ခေါ်နေပေမယ့်သူမကြားနိုင်ဘူးဆိုတာ xing
သိပါတယ်...ဒါပေမယ့်လည်း ဒီချိန်မှာ
Xing ရင်ဖွင့်တာကိုနားထောင်ပေးမယ့်သူ
ဆိုလို့ ပင်လယ်ပြင်ကြီးပဲရှိတာမို့ပါ..
ကြီးမားကျယ်ပြန့်တဲ့သူ့
သူ့ရင်ခွင်တစ်နေရာရာမှာတော့
Xing ရဲ့အချစ်တွေကို မှတ်တမ်းတင်ထား
လိမ့်မယ်ထင်ပါတယ်....
_____________________
နှင်းထုတွေကတဖြည်းဖြည်းနဲ့ပိတ်ဖုံးလာ
သလို...နှည်းရည်နှင်းစက်တွေကလည်း
အရှိန်ပြင်းပြင်းနဲ့မြေပြင်ပေါ်ကိုသက်ဆင်း
နေကြတယ်...သစ်ရွက်စိမ်းစိမ်းတို့ရဲ့မျက်
နှာပြင်ပေါ်ကိုလာမိတ်ဆက်နေကြတဲ့ နှင်း
ရည်စက်တို့ရဲ့ကြွေဆင်းသံတွေဟာလည်း
စည်းချက်မညီတော့တဲ့သူ့ရင်ခုန်သံလို
ပရမ်းပတာနဲ့ပစ်စလက်ခတ်နိုင်လွန်းလှတယ်
တိတ်ဆိတ်တဲ့ညမှာ အားပြင်းပြင်းနဲ့တိုက်
ခိုက်လာတဲ့လေနုအေးတွေကတော့
အပြင်းဖျားနေတဲ့ကျွန်တော့်နှလုံးသားကိုအဝေးကနေအရှိန်ပြင်းပြင်းနဲ့လာပြီးထွေးပွေ့နေကြသလိုပဲ....
မျက်နှာပေါ်ကိုတစ်ချက်တစ်ချက်လာပြီး
ထိတွေ့နေကြတဲ့နှင်းရည်စက်တွေကတော့
ဝမ်းနည်းနေတဲ့ကျွန်တော့်ကိုအားပေးနှိမ့်သိမ့်နေကြရှာတယ်..
ပတ်ဝန်းကျင်တစ်ခုလုံးနှင်းကျသည့်အသံ့မှလွှဲ၍ဘာသံမှမကြားရတာကြောင့်နှင်းတစ်
ပေါက်ကျရင်အလွမ်းတစ်ခါတိုးရပါတယ်
ကျွန်တော်သိပ်ချစ်တဲ့ချစ်သူဆီ.........
_____________________
ခံစားရခက်လိုက်တာဗျာ..ဒီဝေဒနာကိုဘယ်
လိုကုသရမလည်း ရင်တွေတစ်စဆီကွဲတယ်
ဆိုတာဒါမျိုးလား..ပထမအကြိမ်ကထက်
ပိုပြီးခံစားနေရတယ်..သူ့နှလုံးသားတွေတစ်စဆီကြွေကျကုန်ပြီလို့ ပြောခဲ့တဲ့
Xing သူဘယ်လောက်တောင်နာကျင်ခဲ့ရမလည်း..ခုတော့ xing ကို စာနာတက်
ခဲ့ပါပြီ ...
ပန်းခြံကခုံတန်းလေးမှာထိုင်နေရင်း အငွေ့တွေလိုပျံ့လွင့်နေတဲ့သူ့စိတ်ကို မနည်းဖမ်း
ဆုပ်ယူရတယ်
ဆေးရုံပြန်သွားရအုံးမယ်လေ
ညကိုးနာရီမှာလူနာတွေကိုလိုက်ကြည့်ရအုံး
မှာမို့ ကားရှိတဲ့နရာရောကိုလေးလံစွာလျောက်လာရင်းဆေးရုံဆီသို့ခရီးဆက်ခဲ့
တယ်
"ဟေ့ရောင်...မင်းသေချင်နေပြီလားကွ
ကားမမောင်းတက်ဘူးလား..ဘက်မှန်လေးဘာလေးကြည့်အုံး..ဒီလောက်နောက်ကနေဟွန်းတီးနေတာ....တောက်"
တစ်ဖက်ကားကသူ့ကားကိုကျော်တက်ရင်း
ဘေးချင်းကပ်ကာဆဲဆိုသွားသည်..
စိတ်နဲ့လူနဲ့မကပ်လိုက်ပုံများကားမောင်းနေ
တာတောင် သတိမရှိတော့ပါလား..
လမ်းဘေးတစ်နေရာကိုကားလေးထိုးရပ်ပြီး
ပင်ပန်းနေတဲ့သူ့ရဲ့စိတ်ကိုခနလောက်အပန်း
ဖြေခွင့်ပေးလိုက်တယ်..ခုချိန်မှာကျွန်တော်
ဘာမှမလုပ်ချင်တော့ဘူး..ဘာမှလည်း
မသိချင်သလို ဘာဆိုဘာမှလည်းမတွေး
ချင်တော့ဘူး....
ငါးမိနစ်လောက်နေတော့ suho ရဲ့မျက်လုံး
တွေပွင့်လာတယ်...လှုပ်ခပ်နေတဲ့ရင်အစုံ
ကအနည်းငယ် အနယ်ထိုင်စပြုသွားခဲ့တာမို့
လိုရာခရီးကိုပြန်ဆက်ခဲ့တာပေါ့
ရုံးခန်းထဲသွားပြီးဂျုတီကုတ်ကိုဝတ်ရင်း
စားပွဲပေါ်က အချိန်တွေရပ်တန့်နေတဲ့နာရီလေးရှိရာဆီသို့အကြည့်တွေကရောက်သွား
မိတော့...
အချိန်တွေပြန်သွားခဲ့မယ်ဆိုရင်ငါတို့နှစ်ယောက်ရဲ့အချစ်တွေ ပြန်ပြီးရှင်သန်လာမှာလား..အဲ့ဒီအချိန်က ငါ့ကိုအရင်လိုပဲ ချစ်နေပေးမှာလား...xing ရယ်
_____________________
ဆေးရုံမှာရှိတဲ့လူနာတွေကို..လိုက်ကြည့်
နေရတာမို့ အတက်နိုင်ဆုံး စိတ်တွေကိုစု
စည်းထားပေမယ့်တစ်ခါတစ်ခါ..nurse မလေးတွေရဲ့.".ဒေါက်တာ ကင် ..ဒေါက်တာ ကင်"လို့....ထပ်ခါထပ်ခါခေါ်လိုက်တဲ့အသံတွေကြားမှ သတိဝင်လာတာရှိသေးတယ်...xing က ကျွန်တော့်ကိုကုမရတဲ့ဝေဒနာတွေပေးသွားခဲ့တာလေ
တာဝန်ချိန်တွေပြီးဆုံးသွားပေမယ့်.အိမ်မပြန်ချင်သေးတာကြောင့် ရုံးခန်းထဲကခုံမှာပဲထိုင်ကာနားနေလိုက်တယ်..
မနေ့ညကကားထဲမှာ xing နဲ့အတူတူရှိ
ခဲ့တဲ့ပုံရိပ်တွေကအနားယူနေတဲ့မျက်ဝန်း
တွေဆီကို အခွင့်မပန် ပဲဝင်ရောက်လာ
တာကြောင့် နောက်ဆုံးအနေနဲ့ချစ်တဲ့သူပေးသွားတဲ့ အနမ်းပွင့် တွေကို မျက်ဝန်း
ထဲပုံဖော်ကာ အလွမ်းဖြေမိတယ်
"ဒေါက် ဒေါက် ဒေါက်"
အပြင်ဘက်ကတံခါးခေါက်သံကြောင့်မှိန်း
နေတဲ့ ဆူဟို ရဲ့မျက်ဝန်းတွေကလေးဖင့်
စွာနဲ့ပွင့်လာခဲ့တယ်...
"ဟင်..ဆူဟို..မင်းမပြန်သေးဘူးလား"
အမေးနဲ့ထပ်တူကျစွာဝင်လာသောခြေသံ
ပိုင်ရှင်ကဒေါက်တာလီ...ကျွန်တော့်ကို
ထူးဆန်တဲ့အကြည့်တွေနဲ့မေးလာခဲ့ချင်းပင်
"အင်း.....ငါမပြန်ချင်သေးလို့"
ခုချိန်မှာကျွန်တော်ဘယ်သူနဲ့မှစကားမပြောချင်ဘူး..လူကအားကုန်နေသလို
ခံစားနေရတာကြောင့် ဒေါက်တာလီမေး
တဲ့အမေးကိုတိုတိုနဲ့လိုရင်းပြန်ဖြေပြီး
ကျွန်တော့်မျက်လုံးတွေကိုပြန်မှိတ်ထားလိုက်တယ်...
အရင်ကဆိုရင်အလုပ်မပြီးသေးဘူးအိမ်ပြန်
ဖို့ဟန်ရေးတပြပြလုပ်နေတက်တဲ့ကျွန်တော်
က ခုတော့တာဝန်ချိန်တွေပြီးဆုံးသွားတာ
တောင်အလုပ်မဆင်းသေးတာကြောင့်
ဒေါက်တာလီရဲ့အထူးအဆန်းအကြည့်တွေ
အောက်မှာကျွန်တော်ကသနားစရာသတ္တ
ဝါတစ်ကောင်များဖြစ်နေသလားမသိ
"ဟေ့ရောင်..suho ..မင်းဘာဖြစ်နေတာလည်း..နေမကောင်းဘူးလား
နေမကောင်းရင်အိမ်ပြန်နားပါလား "
ဒေါက်တာလီကစကားတွေတသွင်သွင်
လာပြောနေပေမယ့်ကျွန်တော်ကတော့သက်ပြင်းရှည်တွေကိုသာအတွင်တွင်
အခါခါချမိတယ်...
ကျွန်တော့်ပုံစံကို ဒေါက်တာလီ.. အားမလို
အားမရ ဖြစ်သွားတယ်ထင်တယ်..သူ့မျက်
လုံးထဲမှာကျွန်တော်က လူမမာရုပ်ပေါက်နေသလားပဲ..ကျွန်တော့်နဖူးကိုသူလာစမ်း
တယ်လေ
"Suho ရ..မင်းကိုယ်လည်းမပူပါဘူး
အဖျားလည်းမရှိပါဘူး..မင်းဘာတွေဖြစ်နေတာလည်း.."
ကျွန်တော့်ပုခုံးတစ်ဖက်ကိုလက်နဲ့နှစ်ချက်
ပုတ်ရင်း တိုးတိတ်ညင်သာတဲ့ အသံများ
နဲ့စိတ်ပူစွာမေးလာခဲ့တယ်
"ဆူဟို..မင်းနဲ့ငါကဆေးကျောင်းကိုလည်ပင်းဖက်ပြီးတူတူကျောင်းတက်ခဲ့တဲ့သူငယ်ချင်းအရင်းကြီးတွေပါမင်းဒီလိုပုံစံဒီလိုအသံဟာ
တစ်ခုခုဖြစ်နေပြီဆိုတာ ကျိန်းသေတယ်
ဘာတွေဖြစ်နေလို့လည်းပြောစမ်းပါ"
ကျွန်တော့်စကားအဆုံး...
ညင်သာစွာပွင့်လာခဲ့တဲ့ suho ရဲ့မျက်ဝန်း
တွေထဲမှာ တစ်စစီ အက်ကွဲနေတဲ့ အလွမ်း
တွေကိုမြင်လိုက်ရတယ်...ဘာမှန်းမသိ
ပေမယ့် ကျွန်တော့်ရင်ထဲမှာတောင်ဆို့တက်
သွားသလိုပဲ....
"သူ...ထွက်သွားပြီ"
Suho ရဲ့ပါးစပ်မှ လေးလံစွာထွက်ကျ
လာခဲ့တဲ့စကားတစ်ခွန်းက သူမပြောနဲ့ကျွန်
တော်တောင် နှလုံးရပ်သွားသလားထင်ရ
တယ်...
"Xing....သူထွက်သွားပြီ...မင်ဂျွန်းရ"
လီမင်ဂျွန်းဆိုတဲ့ ကျွန်တော်...ဘာပြန်ပြော
ရမှန်းမသိ....
မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ပြီး
သက်ပြင်းတွေသာအထပ်ထပ်ရှိုက်နေတဲ့
ဆူဟို ကိုကျွန်တော်ဘယ်လိုပြန်ပြီးနှိမ့်သိမ့်
ပေးရမလည်း...
"Suho ..မင်းအဆင်ပြေရဲ့လား"
စကားဆုံးတော့ ဆူဟို ကျွန်တော့်ကိုဘူး
လေးတစ်ဘူးလှမ်းပေးတယ်
Suho ကျွန်တော့်ကိုလှမ်းပေးလိုက်တဲ့ဘူး
လေးက...
"ဟာ..ဆူဟို...ဒါ..မနက်က......"
"ဟုတ်တယ်...မင်းငါ့စားပွဲပေါ်တင်သွား
ခဲ့တဲ့ဘူးလေးလေ..အဲ့ဒါXing..ငါ့ကိုပေးသွားတာ တဲ့.."
"ဟာ...ဒီစာထဲမှာ xing ကမင်းကို..."
"ငါသွားခဲ့တယ်..ဒါမယ့်............"
Suho ပြောလက်စ စကားကို ရပ်လိုက်ပြီး
ရင်ဘတ်ထဲသို့တရကြမ်းဝင်ရောက်လာတဲ့မွမ်းကျပ်မှုတွေကိုအရင်ဆုံးနေရာပေးလိုက်တယ်
ခနကြာတော့..အသက်ကိုပြင်းပြင်းရူရင်း..
"အချိန်တွေအရမ်းလွန်သွားပြီ
ငါရောက်တော့.... သူမရှိတော့ဘူး
မင်ဂျွန်း...လီမင်ဂျွန်း....ငါ..."
ကြေကွဲမှုတွေကိုပင်ပင်ပန်းပန်းသယ်ဆောင်
ထားတဲ့ suho ရဲ့ရင်ဘတ်ကြီးက ခုတော့
တင်းမခံနိုင်တော့ဘူးနဲ့တူတယ်
ကျွန်တော့်နာမည်ကိုခေါ်လိုက်တဲ့သူ့အသံ
တွေက ပင်ပန်းမှုတွေကြားမှာ တုန်ခါနေရှာ
တယ်
"ငါ..တကယ်တမ်းရင်ဆိုင်လာရတော့
ဘယ်လိုပဲငါ့စိတ်တွေတင်းထားတင်းထား
ရင်ထဲမှာ အရမ်းကိုလစ်ဟာနေလို့..
တစ်နေရာရာမှာလွင့်မျောနေသလိုခံစားနေရတယ် ...
ခံရခက်တယ်..မင်ဂျွန်းရာ..."
အခုတော့...Xing နဲ့ ကျွန်တော့်ကြားမှာ
အကျီစားသန်တဲ့ကံကြမ္မာကြောင့်
ကိန္ဒရီချောင်းလေးခြားခဲ့ပြီ.....
ကံကြမ္မာဆိုတဲ့အရာဟာမထင်မှတ်ထားတဲ့
အချိန်မှာ အားပြင်းပြင်းနဲ့ရိုက်ချတက်တာ..
ခံလိုက်ရတဲ့သူအဖို့ကတော့ မရူးရုံတမယ်ပါပဲ.....
_____________________
မတွေ့ရလေ ပိုတွေ့ချင်လေဆိုတာ အချစ်ထင်ပါရဲ့နော်..
Xing ရဲ့အိပ်ရာဘေးက စားပွဲပေါ်မှာ
ထောင်ထားတဲ့ သူ့ရဲ့ဓာတ်ပုံ လှမ်းယူလိုက်
တယ်...တစ်ရေးနိုးတိုင်း အလွမ်းပြေ
ကြည့်နိုင်ဖို့ သူ့ဓာတ်ပုံလေးကို xing နဲ့
လက်လှမ်းမှီတဲ့နေရာမှာထား ထားတာပါ
နံရံမှာချိတ်ထားတဲ့နာရီလေးကိုလှမ်းကြည့်
မိတော့.......
ဒီချိန်ဆို ...သူအိမ်ပြန်ရောက်နေပြီလား..
အလုပ်ကနေ ပင်ပန်းလာတာ..ပြီးရင်သူ
စာကြည့်အုံးမှာ...နွားနို့..ပူပူလေးကို
ဒီအချိန် xing ကဂရုတစိုက်သူ့ကိုတိုက်
နေကြ...ဒါဆို...ခုရော..ခုရော..
စိုးရိမ်စိတ်တွေက ရင်ထဲကိုစတင်ပြီးဝင်လာခဲ့ပြီ........
Xing မှမတိုက်ရင်သူ့ကိုဘယ်သူတိုက်မှာလည်း.....သူ့ဟာသူရော.. သောက်
ပါ့မလား.....ရာသီဥတုကလည်းအေးနေတာ...နွေးနွေးထွေးထွေးမှ နေရဲ့လား
ဟင်...မနက်စာ..သူ့အတွက်မနက်စာ
ပြင်ပေးမယ့်သူလည်းမရှိဘူး..သူ့အလုပ်က
ဒီလောက်ပင်ပန်းတာ...မနက်စာလေးတော့
စားသွားသင့်တာ...
"ငါ...မှားများသွားပြီလား..သူ့ကိုထားပြီး
ထွက်လာခဲ့တာ"
Xing လက်နှစ်ဖက်နဲ့ခေါင်းကိုအုပ်ကာအ
တွင်တွင် ခါရမ်းနေမိတယ်...
သူ့ဓာတ်ပုံလေးကိုကြည့်ပြီး..တခနအတွင်း
တွေးလိုက်တဲ့ xing ရဲ့အတွေးတွေ..
အဲ့လောက်ထိ....xing သူ့ကိုချစ်ခဲ့တာပါ
လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံလေးကို
လွမ်းလွမ်းဆွတ်ဆွတ် ကြည့်မိတယ်ဆိုရင်ပဲ
မျက်ရည်တွေက အလိုလိုစီးကျလာကြတယ်
ပါးပြင်ပေါ်ကိုတအိအိနဲ့စီးကျနေတဲ့မျက်ရည်
တွေကြားထဲကနေ သူ့ဓာတ်ပုံလေးကြည့်
ရင်း ရင်ထဲကအလွမ်းတွေက တလိပ်လိပ်
နဲ့အရှိန်ပြင်းစွာဆောင့်တက်လာတယ်
"ရှင့်ကိုစောင့်နေတဲ့ကျွန်မဆီကို..စာလေး
တစ်စောင်နဲ့တောင် မဖော်ပြခဲ့ဘူး
ကျွန်မအပေါ်အရမ်းကိုရက်စက်လွန်းရာရောက်မနေဘူးလား ဆူဟို ရယ်"
မျက်ဝန်းအိမ်ကနေ ယိုစိမ့်ကာထွက်လာခဲ့တဲ့ မျက်ရည်တွေက ရင်ထဲကဝမ်းနည်းမှုကို
ပိုမိုအားကောင်းအောင် အရှိန်မြင့်နေသလို
ပင်...ခုတော့မျက်ရည်ကမ်းပါးတွေဟာ
အလွမ်းတွေရဲ့ရိုက်ချိုးခြင်းကိုခံလိုက်ရပြီ...
_____________________
အိမ်ထဲကိုခြေချမိတော့.....
ကျွန်တော့်အာရုံထဲကိုXing ရဲ့ပုံရိပ်လေးတွေကချက်ချင်းပင် ဝင်ရောက်နေရာယူ
သွားခဲ့တယ်....
ဒီလိုသာနေ့တိုင်းအိမ်ပြန်လာရရင်ငါ့နှလုံးသားလေးက မင်းကိုလွမ်းနာကျတာနဲ့ပဲသေလိမ့်မယ်...
ဧည့်ခန်းထဲက ဆိုဖာပေါ်ကိုပစ်ထိုင်ရင်း အကျီင်္ီအတွင်းဘက်အိတ်ထဲမှာထည့်ထားတဲ့
ဖုန်းကိုထုတ်ကာ xing ဆီဖုန်းခေါ်ရန်
ပြင်လိုက်တယ်...
စိတ်ကတော့သိပ်မထင်ပေမယ့်...မျှော်လင့်ချက်လေးတစ်မျှင်ဆုပ်ကိုင်ရင်းနဲ့ပေါ့
".......စက်ပိတ်ထားပါသည်"...တဲ့
ဒီစကားထဲမှာ ကျွန်တော့်ရဲ့စိတ်ကူးမျှော်လင့်ချက်လေးတွေကရေစုန်မျောသွားခဲ့
ပြီလေ...
လန်းဆန်းသွားအောင်ရေမိုးချိုးပြီး..စာ
ကြည့်ခန်းထဲဝင်လာလိုက်တယ်..xing
ကိုလွမ်းလို့ပျံလွင့်နေတဲ့သူ့ရဲ့စိတ်တွေကို
စာကြည့်ရင်းနဲ့ဖြေသာမိအောင်ပါ
အတက်နိုင်ဆုံးကြိုးစားပြီးထိန်းချုပ်နေပါတယ်ကျွန်တော့်ရဲ့စိတ်တွေကိုလေ
စာကြည့်နေရင်းနဲ့တအောင့်လောက်ကြာတော့ဆူဟိုရဲ့လက်တွေက နွားနို့ ခွက်လေးကို လှမ်းယူလိုက်တယ်...
ပထမအကြိမ်...
လှမ်းယူလိုက်ပေမယ့်လက်ထဲမှာဘာအထိအတွေ့မှပါမလာဘူး
ဒုတိယအကြိမ်...
မျက်လုံးအကြည့်တွေက စာမျက်နှာတွေပေါ်ကမခွာပဲ...နောက်ထပ်တစ်ကြိမ်လက်
လှမ်းမိတယ်...
ထိတွေ့ချင်းဆိုတဲ့အရာကိုမခံစားမိလို့မော့ကြည်လိုက်မိတယ်
"အော်........"
အံ့သြခြင်း ဆွံ့အခြင်း တွေနဲ့ ထွက်လာခဲ့တဲ့အသံ
ကိုယ့်အဖြစ်ကိုကိုယ် ရင်နာမိလို့..
နုတ်ခမ်းထက်မှာ ခပ်လှောင်လှောင်အပြုံး
လေးတစ်ခုတွဲခိုးရင်..ကိုယ့်ကိုကိုယ်ပြန်
လှောင်မိတယ်
Xing မရှိဘူး ဆိုတာကို ဒီတစ်ခါလည်း
သတိလက်လွတ်ဖြစ်သွားရပြန်ပြီ
အရင်ကဆို ကျွန်တော်စာကြည့်နေရင်
နွားနို့ ပူပူလေးတစ်ခွက်ကိုဂရုတစိုက်တိုက်
တက်တဲ့သူမ...
"လွမ်းလိုက်တာ...xing ရယ်
သတိရလာပြန်တော့လည်း xing ကိုတွေ့
ချင်မြင်ချင်နေမိတဲ့စိတ်က ကျွန်တော့်နှလုံး
သားကို အတော်လေးနှိပ်စက်နေပြန်တယ်
အလွမ်းဆိုတဲ့အရာက ရင်ဘတ်တစ်ခုလုံး
ကိုဆွဲကိုင်ဖျစ်ညှစ်ကာ ခါရမ်းနေလို့
နောက်ဆုံးတော့ထိန်းချုပ်မထားနိုင်တော့တဲ့
စိတ်ဆန္ဒတွေကို လွတ်လပ်ပေါ့ပါးစွာစီးမျောခွင့်ပေးလိုက်တယ်
နောက်ဆုံးတော့ကျွန်တော့်ရဲ့ စိတ်ဝိညဉ်တွေကသူမနေခဲ့တဲ့ အခန်းလေးဆီသို့...
ဒီအခန်းလေးထဲမှာ xing ရဲ့အငွေ့အသက်ကိုယ်သင်းရနံ့လေးတွေက တစ်ချက်တစ်ချက် ကျွန်တော့်ဆီကို လွင့်လွင့်လာတယ်
သင်းပျံ့တဲ့နှင်းဆီပန်း ရနံ့တွေဟာလည်း
တစ်ခန်းလုံးအပြည့်လှိုင်လှိုင်ထလို့ မွှေးအီ
နေတာပဲ....
"ဟင်........"
ကျွန်တော့်မျက်လုံးတွေ အမြင်များမှားနေသလား....
Xing အိပ်ခဲ့တဲ့ ပန်းနုရောင်ခုတင်ထက်မှာ
နီရဲပြီးတောက်ပလှတဲ့ နှင်းဆီပွင့်ဖတ်တွေ
ဟာ ပန်းမွေ့ယာလို ဖြန့်ခင်းထားတာကြောင့်
ခုတင်တစ်ခုလုံးသွေးရောင်ထလို့.....
မွေးပျံ့လှတဲ့နှင်းဆီရနံ့တွေဟာ xing ရဲ့ခု
တင်ထက်မှပျံ့လွင့်လာကြတာကိုး...
နှင်းဆီပွင့်ဖတ်တွေနဲ့ပြည့်နှက်နေတဲ့xingရဲ့ ခုတင်ထက်မှာ လှဲအိပ်ရင်း...
ဆူဟိုရဲ့လက်တွေက
နှင်းဆီပွင့်ဖတ်တွေကို ဆုပ်ယူကာ နမ်းရှိုက်
လိုက်တယ်....အချစ်အတွက်ကဗျာသိပ်ဆန်ခဲ့တဲ့သူမက အမြဲတမ်းသူ့နှလုံးသားကို
နှင်းဆီးနဲ့ နှိုင်းယှဉ်ခဲ့တယ်..
နောက်ဆုံး....သူ့နှလုံးသားတွေမွမွကြွေကျ
ခဲ့တာတောင် နှင်းဆီပွင့်ဖတ်တွေ နဲ့ တင်စား
ခဲ့တယ်.....
ကျွန်တော်အခု ဆုပ်ကိုင်ထားခဲ့တဲ့ပွင့်ဖတ်
တွေဟာ...ကြေကျသွားခဲ့တဲ့သူ့နှလုံးသားတွေများလား....
"မင်း...အရမ်းနာကျင်ခဲ့ရမှာပဲနော်"
ကျွန်တော့်ဘေးနားကနေ xing ထွက်သွား
တော့မှ ရင်ထဲမှာအချိန်တော်တော်ကြာကိန်း
အောင်းနေတဲ့ အချစ်တွေက တစ်ဝုန်းဝုန်း
မြည်ဟီးကာ ပေါက်ကွဲထွက်ခဲ့တယ်
Xing ကိုလည်းဘဝတစ်သက်သာလုံး
အတွက်ထာဝရ ပိုင်ဆိုင်ချင်ခဲ့တယ်...
Xing အပြုံး...
Xing အရိပ်...
Xing အသက်ရူသံတွေ
Xing ရဲ့ဆံနွယ်လေးတွေ...
Xing နဲ့ပက်သတ်တဲ့အရာအားလုံးဟာ
အချစ်လို့ ခံစားမိခဲ့ပေမယ့်....ဒီခံစားချက်
လေးကို ကျွန်တော်ပိုင်ဆိုင်ခွင့်မရှိတော့ဘူး
တကယ်လို့.. xing နဲ့ပြန်ဆုံခွင့်ရခဲ့ရင်သူ့အပေါ်မှာခံစားမိခဲ့တဲ့အချစ်တွေကို သူ့လိုပဲ
နှင်းဆီလေးတွေနဲ့သက်သေပြပါရစေ
ကျွန့်တော့်အချစ်တွေကို..
နှလုံးသားနဲ့ထုတ်ပိုးပြီး...
နှင်းဆီပွင့်လေးတွေနဲ့ အလှဆင်ပြီး
ချစ်တဲ့သူကို...လက်ဆောင်ပေးပါရစေ
ဒီလိုခံစားမှုမျိုးကို.အချစ်လို့သတ်မှတ်
ခဲ့ရင်...ကျွန်တော်ဟာအချစ်ဆိုတဲ့ နွယ် ပင်ကို နောက်ထပ်တစ်ဖန် ထပ်မံမွေးဖွားခဲ့ပြန်ပြီပေါ့
_____________________
လက်ထဲမှာကိုင်ထားတဲ့ဖုန်းလေးကိုစိုက်
ကြည့်ရင်း xing တွေဝေနေမိတာ..
ဖုန်းလေးတောင်လက်ရာလိုက်ချင်နေပြီ
"ဆူဟို ဖုန်းခေါ်ခဲ့ရင် ဘယ်လိုလုပ်မ
လည်း"
လက်ကဖုန်းဘေးနားက power ခလုတ်
လေးဆီလှမ်းရင်း...ဝေခွဲမရတဲ့စိတ်တွေ
ကြောင့် power ခလုတ်လေးကိုထိနေပြီ
ဖြစ်တဲ့ xing ရဲ့လက်တွေကို နောက်ပြန်
ဆုတ်လိုက်တယ်
"ငါ..ဖုန်းဖွင့်လိုက်ရင် ..သူ့ဖုန်းကိုပဲမျှော်နေမိမှာ..သူ့အသံကြားပြီးမတွေ့ရရင်..
...............
ဟား...မစဉ်းစားချင်ဘူး မစဉ်းစားချင်ဘူး"
ခုတင်ပေါ်မှာထိုင်ရင်း ကိုယ့်ခေါင်းကိုကိုယ်
နှစ်ချက်လောက်ရိုက်ပြစ်လိုက်တယ်
ဒါပေမယ့်လည်း...xing ဆီဖုန်းဆက်မရ
လို့ စိတ်ပူပြီးသောကရောက်နေမယ့် သူ့မျက်
နှာလေးကိုပြေးမြင်မိတော့လည်း..
Xing ရဲ့လက်တွေက ဖုန်းဘေးနားက
Power ခလုတ်လေးဆီသို့ မယောင်မလည်နဲ့ ရစ်သီရစ်သီ လုပ်နေမိပြန်ရော
"အနေဝေးနေတာတောင် ရှင့်အကြောင်းကိုတွေးလိုက်မိရင် ကျွန်မမှာလုံးလုံး အရှုံး သမားကြီးဖြစ်ဖြစ်သွားတယ်..ရှင်ကတော့ဒါတွေဘယ်သိပါ့မလည်း"
ကလေးငယ်တစ်ယောက်လို အော်ငိုရင်း
မျက်ရည်တွေကြားထဲမှာ ဝိုးဝိုးဝါးဝါးထွက်
လာခဲ့တဲ့..xing အသံတွေကိုတော့ သူ
ကြားနိုင်မည်မထင်..xing ကိုက
သူနဲ့ပက်သတ်လာရင် လိုတာထက်ပိုခဲ့မိတာ
ကိုး....
မိန်းမတစ်ယောက်ရဲ့နှလုံးသားဟာ အချစ်
ကိုရှာမတွေ့ခင်အချိန်အထိ အရိုင်းဆန်တဲ့
ပန်းချီကားတစ်ချပ်လိုပါပဲ
အရာရာပြီးပြည့်စုံခဲ့တဲ့ xing ရဲ့ဘဝ..ဒါပေမယ့်
နှလုံးသားလေးကတော့ခုထက်ထိအရိုင်းး
ဆန်ဆန်ပန်းချီကားလေးတစ်ချပ်ပါပဲ
လှပပြီး ပြီးပြည့်စုံတဲ့ ပန်းချီကားလေးတစ်ချပ်ဖြစ်လာဖို့ သူ့နှလုံးသားကနေလိုလိုလားလား
ဖွင့်ဟလာမဲ့အချစ်ဆိုတဲ့ စုတ်တစ်ချက်ပဲ ဆွဲဖို့ကျန်တော့တာ
Xing နှလုံးမှာ လိုနေတဲ့စုတ်တစ်ချက်ကိုသူ့
လက်နဲ့ကိုယ်တိုင်ရေးဆွဲဖို့ မိန်းခလေးတစ်ယောက်တန်မဲ့ စိတ်ရှည်ရှည်ထားပြီးအခွင့်
ရေးတွေပေးခဲ့ပေမယ့်...သူကတော့ ဆွဲ
ပြီးတဲ့အစိတ်အပိုင်းတွေကိုတောင်ဖျက်ပစ်ခဲ့တဲ့သူ....
တစ်ခါတစ်ခါမှာ xing လေရှင့်ကို ခါးသီးစွာ
မုန်းပစ်လိုက်ချင်တယ်
_____________________
ဒီနေ့ဆိုရင် xing ထွက်သွားတာ တစ်လ
လောက်တော့ရှိရောပေါ့...မပြန်မဖြစ်လို့
အိမ်ပြန်လာခဲ့ရတဲ့ရက်တွေဟာ..အရမ်းကို
စိတ်ပင်ပန်းရတယ်
ခြံဝင်းထဲကိုကားလေးစွဲကွေ့လိုက်ပြီဆိုရင်
Xing ထိုင်ခဲ့တဲ့. အုတ်ခုံလေးရှိရာကို
အပြေးအလွှားကြည့်မိတက်တဲ့ ကျွန်တော်ရဲ့
အကျင့်တွေကတော့ ...
xing မရှိဘူးဆိုတာသိသိကြီးနဲ့လည်း ဖျောက်မရခဲ့ဘူး...
ခုလိုမျိုးအကျင့်ပါသွားတက်အောင်လည်းသူ သင်ပေးသွားခဲ့တာပဲလေ
_____________________
တစ်ညပေါ့ သူ့ကိုသတိတွေရလွန်းလို့ ဖုန်း
တွေတောက်လျှောက်ခေါ်နေမိတာ..အရင်နေ့တွေကထက်ကို ပိုပိုပြီးခေါ်နေမိတာ
Xing ကျွန်တော့နားကနေထွက်သွားပြီးခဲ့တဲ့နောက်ပိုင်း...နေ့တိုင်းမပျက်မကွက်
လုပ်ဖြစ်သွားတဲ့အကျင့်လေးတစ်ခု ကျွန်
တော်ရခဲ့ပြန်တယ်...
သူမဆီကို နေ့တိုင်း ...အားရင်အားသလို
ခေါ်တွေခေါ်နေတက်တဲ့အကျင့်လေ..
ခုတော့ကျွန်တော့်ဘဝက လူမမြင်ရရင်တောင်..သူ့အသံလေးကြားရတာနဲ့တင်ကျေနပ်နေရမယ့်အဖြစ်ဆိုတော့ကျွန်တော့်အတွက်ကတော့ ဖြေသိမ့်စရာတစ်ခုပေါ့
လေ...
စာကြည့်နေရင်းနဲ့ မခံရပ်နိုင်လောက်အောင်
လွမ်းလာတာမို့..ဖုန်းခေါ်လိုက်မိတယ်
တီ....တီ....တီ....လို့ မထင်မှတ်ပဲ
xing ဆီကို ဝင်သွားမိတဲ့ဖုန်းသံရဲ့နောက်မှာ ရင်ခုန်သံတွေက တဒိုင်းဒိုင်း နဲ့ခုန်မြန်
လာခဲ့တယ်
တစ်ဖက်မှ ဟဲလို လို့ ဖြေကြားလာမယ့်
အသံလေးကို ဆူဟို တစ်ယောက် ရင်မောစွာစောင့်ရင်း...မကြားရတာကြာပြီဖြစ်တဲ့ xing ရဲ့အသံလေးကိုကြားရတော့မှာ
မို့ စိတ်ထဲမှာ အပျော်လေးတွေ လတ်လတ်
ဆတ်ဆတ်ပွင့်ဝေနေရင်း..........
next ep.............မျှော်
_____________________
ဟီး...ဒါကတော့..နောက်တစ်ခါ up
မယ့်အပိုင်းပါလို့....စာမရိုက်နိုင်တော့လို့
နားလည်ပေးကြပါနော်.....
တစ်လဆိုတဲ့ အချိန်အခါအောက်မှာသူ့နှလုံးသားပွင့်ဖတ်တွေက..အရောင်
ပြယ်ကာ နွမ်းခြောက်ခဲ့ပြီလား...
သူစိမ်းဆန်လွန်းလှတဲ့ သူ့စကားတွေရဲ့အောက်မှာတော့ကျွန်တော့်နှလုံးသားလေး ကအဖျားသွေး သဲ့သဲ့ ဝင်ခဲ့တယ်
_____________________
ကင်ဆူဟို...ကျွန်မနှလုံးသားက ပန်းတစ်
ပွင့်ဆိုရင်..ရှင်ဟာတစ်ချိန်က အဲ့ဒီပန်းလေး
ကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ လိပ်ပြာလေးတစ်ကောင်ပါ...
ပန်းထဲကဝတ်ရည်တွေကို နေ့စဉ်စုပ်ယူပြီး
ရှင်သန်ခဲ့တဲ့ရှင်ဟာ...ပန်းရဲ့တန်ဖိုးကို
နည်းနည်းလေးမှနားမလည်ခဲ့ဘူး..
တကယ်တော့ ကင်ဆူဟို ဆိုတဲ့ရှင်ဟာ
အချစ်ကို နားမလည်တဲ့..မိုက်မဲတဲ့လိပ်ပြာ
တစ်ကောင်ပဲ....
_____________