မနက်အလုပ်စစရောက်ရောက်ထဲကနေ ဝင်လိုက်ရတဲ့ ခွဲစိတ်ခန်းဆိုတာ ဟူး...ခုမှပဲပြီးတော့တယ်နာရီပေါင်းများစွာ ခွဲခန်းစိတ်ခန်း
ထဲမှာသေမင်းနဲ့ အပြိုင်ဘယ်သူနိုင်မလည်း
ဆိုတာကြိုတင်မသိနိုင်တဲ့ game တစ်ပွဲကို
ရင်မောစွာ ကစားခဲ့ရသလိုပါပဲ ဆရာဝန်တွေ
လည်းစိတ်ရော လူရော ဖတ်ဖတ်ကိုမောခဲ့ရ
တယ်...
မမောပဲနေမလားလေ...ရောက်လာတဲ့လူနာ
ကိုလည်းကြည့်အုံး ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မိတာ တစ်ဖက်ကားက လူကတော့ပွဲချင်း
ပြီးသေသွားခဲ့ပေမယ့် ကျန်တစ်ဖက်ကားကလူ
ကတော့ မသေပဲ ဒဏ်ရာအပြင်းအထန်ရပြီး
ရောက်လာတယ်..တစ်ကိုယ်လုံးကသွေး
သံရဲရဲသွေးအလိမ်းလိမ်းနဲ့..အသက်ဆိုတာပါ
တယ်ဆိုယုံလေး..ငွေ့ငွေ့လေးရယ်..နှလုံးက
မခုန်တစ်ချက်ခုန်တစ်ချက်နဲ့သတိဆိုတာလုံးဝ
မလည်လာတော့တဲ့အဆင့် ကားနှစ်စီးတိုက်မိတာတော်တော်လေးအရှိန်ပြင်းပုံရတယ်
လူနာရဲ့ခြေထောက်နှစ်ချောင်းဟာ အထဲမှာ
အရိုးတွေကြေမွကုန်တာ
အဲ့လိုလူနာမျိုးကိုသေမင်းလက်ထဲကနေကယ်
ထုတ်ဖို့ဆိုတာ စဉ်းစားကြည့်ပါတော့ ဆရာဝန်
တွေဘယ်လောက်ထိ ချွေးပြန်ခဲ့ရမလည်းလို့
တကယ်ကိုရင်ခုန်စရာကောင်း game ကစား
ပွဲလေး တစ်ခုပါပဲ ..ကျွန်တော်ကတော့ အဲ့လိုပဲသတ်မှတ်တယ်..ဒါပေမယ့်ဆရာဝန်တွေကသက်ဆိုင်ရာနေရာမှာကျွမ်းကျွမ်းကျင်ကျင်နဲ့တာဝန်ကျေစွာကစားသွားကြတော့ဒီ game ပွဲလေးကအခက်အခဲမရှိပဲနဲ့ အောင်မြင်စွာပြီးဆုံးသွားတယ်လေ
မနက်ဆေးရုံရောက်ရောက်ချင်း ၉ နာရီလောက်ကရင်းခွဲခန်းထဲဝင်လိုက်တာ suho ပြန်ထွက်
လာတော့ ဗိုက်ဆာနေပြီ..လက်မှာဝတ်ထားတဲ့
နာရီကိုကြည့်လိုက်တော့ ထမင်းစားချိန်တောင်ကျော်နေပြီ
"အမယ်လေး..ငါခွဲခန်းထဲမှာအကြာကြီးမတ်
တက်ရပ်ခဲ့တာပါလား.."
ကိုယ့်ဇောနဲ့ကိုမို့သာမသိတာ ပြန်ထွက်လာတော့..ခြေထောက်တွေကအတော်လေး ကို ချိနေတာ...ဆရာဝန်ဘဝရယ် စာတွေအသေအကျေကျက်ပြီး ပညာတွေကြိုးစားခဲ့တာ နောက်ဆုံးတော့လည်း ပညာတက်ပြီးပင်ပန်းရတဲ့ဘဝ
ပါလား...ဒါပေမယ့်လည်းကိုယ်ကဝါသနာပါ
တော့ သိပ်ပြီးတော့စိတ်ဖိစီးမှုမဖြစ်မိပါဘူး
တစ်ခါတစ်ခါတော့လည်းပင်ပန်းလို့ ညည်းမိတာ
ပေါ့
"ဘယ်လိုလည်း suho ရ ပင်ပန်းနေပြီလား"
ခွဲခန်းထဲကနေ အားအင်ချိနဲ့တဲ့ခြေလှမ်းများနဲ့
ထွက်လာခဲ့တဲ့ suho ကိုအနောက်မှလှမ်းမြင်နေသောဒေါက်တာချာ ကအော်၍ပြောလိုက်ချင်းပင်....
"အာ...ဟုပဗျာ...ခွဲခန်းထဲမှာအချိန်တော်တော်ကြာသွားတယ်...လူနာကတော့ခွဲစိတ်
တာအောင်မြင်သွားပါတယ်..ဟူး...မလွယ်ဘူး
ဒေါက်တာချာရေ ဆရာဝန်ဘဝက"
ကျွန်တော့်အပြောကို ဒေါက်တာချာက သဘောကျစွာရီရင်း
"သိပ်လည်း ညည်းမနေနဲ့အုံး suho ရေ..ညနေကျရင် အစည်းဝေးရှိသေးတယ်"
"ဗျာ..ဟား...ဒီနေ့ကတော့ ဒိုင်စားတဲ့နေ့ပါလား နားချိန်တောင်မရှိဘူး အော်..ဒါနဲ့ ဒေါက်တာချာထမင်းစားပြီးပြီလား..မစားရသေးရင် ထမင်းစားဆောင်ကိုတူတူသွားရအောင်"
"မစားရသေးဘူး..suho ရ..သွားမယ်လေအာ့ဆို..မင်း ရုံးခန်းမဝင်တော့ဘူးလား"
"ဟင့်အင်း..မဝင်တော့ဘူးလေ..တစ်ခါထဲပဲ
ထမင်းစားဆောင်ကိုတန်းသွားတော့မယ်
ကျွန်တော် တော်တော်လေးဗိုက်ဆာနေပြီ"
"အဟား..မင်းကတော့အလောသုံးဆယ်ပါပဲ
Ok ok အာ့ဆိုလည်းတန်းသွားကြတာပေါ့"
_______________________
ခရီးဆောင်အိတ်ကို လက်ဖဝါးမှာသွေးများရဲ
တက်လာသည်အထိကျစ်ကျစ်ပါအောင်ဆုပ်
ကိုင်ရင်း နှင်းဆီပင်တွေရဲ့အရှေ့မှာ အချိန်တော်
တော်ကြာကြာခြေစုံရပ်လျက် ....
Xing .....ခြေလှမ်းတွေဟာ ဒီအိမ်ခြံဝင်းလေး
ထဲကနေအပြင်ဘက်ကို ထွက်သွားဖို့အတွက် ခုချိန်ထိကို မစွမ်းသာနိုင်ခဲ့ဘူး..
ထွက်သွားသင့်မသွားသင့်ကိုစဉ်းစားနေတာဟာ
ခုထက်ထိဦးနှောက်ထဲမှာ တိကျတဲ့အဖြေတစ်ခု
ကိုမရှာနိုင်သေးဘူး...
ခြေထောက်တွေထဲကိုအားထည့်ပြီး
လျှောက်လာတယ်...ခုဒီခြေတစ်လှမ်းဟာရှေ့
ကိုလှမ်းလိုက်ပြီဆိုတာနဲ့...သူနဲ့ပတ်သတ်သမျှ
အရာအားလုံးဟာ..xing နဲ့ဘာမှမသက်ဆိုင်တော့ဘူး...
စီးထားတဲ့အနီရောင်ဒေါက်ဖိနပ်လေးက မနက်ခင်းရဲ့နှင်းရည်စက်တွေအောက်မှာအအေးဒဏ်ကိုကြံ့ကြံ့ခံပြီး xing ခြေလှမ်းတွေကိုမညည်းမ
ညူပဲနဲ့သယ်ဆောင်ပေးနေရှာတယ် ဒါပေမယ့်
လေ နောက်ဆုံးခြေတစ်လှမ်းကိုတော့ဒေါက်ဖိနပ်လေးသယ်ဆောင်ရခက်နေတဲ့ပုံ...
အရင်ကဆိုရင် များစွာသောခြေလှမ်းတိုင်းမှာကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိ
လှမ်းလျှောက်ခဲ့သမျှ ခုချိန်မှာတော့ဒီခြေတစ်လှမ်းလေးလှမ်းနိုင်ဖို့အရေးကို ယုံကြည်မှုတွေပြိုလဲနေခဲ့ရတဲ့ဘဝပါလား..ဒါတွေဟာလည်း
အချစ်ကို လိုတာထက်ကိုပိုပြီး xing ကိုးကွယ်
မိခဲ့တာကိုး..သူ့ကိုလိုတာထက်ပိုပြီး ချစ်ခဲ့မိတာ
ကိုး..ဟုတ်ပါတယ် xing သူ့ကို သူ့ထက်များစွာသောမကပိုတဲ့အချစ်တွေနဲ့ချစ်ခဲ့တာမို့
ခုဒီနောက်ဆုံးခြေတစ်လှမ်းမှာအရူးတစ်ယောက်လိုပဲ သွေးရူးသွေးတန်းဖြစ်နေရတာပေါ့
ဒီခြေတစ်လှမ်းဟာ...xing ဘဝရဲ့ အရာအား
လုံးပဲမလား..လှမ်းလိုက်တာနဲ့...သူနဲ့တစ်နေရာဆီဝေးသွားတော့မှာ ဘဝမှာမျှော်လင့်တောင့်တခဲ့တဲ့သာယာပျော်ရွှင်မှုတွေဟာ အိမ်မက်ဖြစ်သွားတော့မှာ....
စိုးရိမ်စိတ်တွေနဲ့လွင့်မျောနေတဲ့စိတ်အလျဉ်ကို xing မတားနိုင်မှီအချိန်တွင်းမှာပဲ..မကြာခင်အချိန်တွင်းမှာဖြစ်လာတော့မဲ့...အဆိုးရွားဆုံး အနာဂတ်ကြီးကို ပုံဖော်ပြီးတွေးပစ်လိုက်တာ...
မျက်ရည်တွေ...
မျက်ရည်တွေ...
မျက်ရည်တွေ...
သူနဲ့ဝေးရတော့မယ်ဆိုတာကြောင့်ကျလာခဲ့တဲ့
မျက်ရည်တွေက...ပါးပြင်ထက်မှာခပ်နွေးနွေးလေးစီးကျလာရှာတယ်
ရှိုက်သံတွေနဲ့ တိမ်မြှပ်နေတဲ့ငိုကြွေးသံတွေကတော့ နှင်းငွေ့ နှင်းမှုန်တွေကြားမှာလေနဲ့အတူတူ မျော်လွင့်ပျောက်ကွယ်သွားကြတယ်
______________________
ဒီနေ့ဟာ ဘာရယ်မဟုတ်ပဲနဲ့ကိုအလုပ်တွေရှုပ်
နေတာ အလုပ်ကြီးကြီးမားမာမရှိပဲနဲ့ကို သေး
သေးမွှားမွှားလေးတွေကဇယ်ဆက်သလို လာ
နေကြတယ်...ဒီကြားထဲ ဆေးကုမ္မဏီတွေက
မာကတ်တင်းတွေလာလိုက်ကြတာ..သူတို့
ဆေးတွေဘယ်လောက်ကောင်းလာအပြိုင်ကို
ရှင်းပြနေကြတာ စိတ်မော လူမောရတဲ့ကြားထဲ
နားကိုပါ ဒုက္ခလာပေးကြပြန်တယ်...ပြီးပြန်
တော့လည်း လူနာတွေကိုလိုက်ကြည့်...
ခုလည်းညနေအစည်းဝေးတဲ့...ပြင်ဆင်ရအုံး
မှာပေါ့...ဒီနေ့အဖို့တော့ suho အတွက်ရုံးခန်း
ဆိုတာဘယ်ဆီနေမှန်းမသိ..မနက်အလုပ်စစ
ရောက်တုန်းကပဲ ရုံးခန်းထဲရောက်ဖြစ်တာ..
ခုတော့ တစ်နေ့လုံးအလုပ်များနေလို့မလှည့်
နိုင်သေးဘူးလေ...
ဒီနေ့အစည်းဝေးကခွဲစိတ်ရခက်ခဲတဲ့လူနာတွေ တွေ့မြင်ရခဲတဲ့ရောဂါလက္ခဏာတွေအတွက်
ဆွေးနွေးစရာရှိတာတွေကိုဆွေးနွေးရမှာ..
ရောဂါနဲ့လူနာ လူနာနဲ့ဆရာဝန်...မမျှတတော့
ဘူးလေ ခုခေတ်ကရောဂါတွေကစုံ လူနာတွေကပုံ နဲ့ ကုသပေးတဲ့ဆရာဝန်အရေအတွက်
က ဆယ်ပုံ ပုံ..တစ်ပုံလောက်ပဲရှိတာ..ဘယ်လိုမှ လူနာနဲ့ဆရာဝန်က မမျှတတော့ဘူးလေ
အဲဒီအတွက်လည်းတစ်နေ့နဲ့တစ်နေ့အလုပ်တွေ
များများလာခဲ့တာ...နယ်မှာရှိတဲ့မိဘမဲ့ကလေး
ကျောင်းတွေကိုလည်းပရဟိတအနေနဲ့ အဖွဲ့ခွဲ
ပြီးသွားရအုံးမှာ..ကျွန်တော်ကတော့ဘယ်အ
ဖွဲ့ထဲပါမလည်းမသိဘူး..ခုထိတော့ result
မထွက်သေးဘူး..တကယ်ကိုမလွယ်ဘူး
ဆရာဝန်ဖြစ်ရတာ
_______________________
Xing လက်ကနာရီကိုကြည့်လိုက်တော့
ည 7:00 ....
7:42...ဆိုတဲ့အချိန်ကိုရောက်တော့မယ်
ဘယ်လောက်မှမလိုတော့ဘူး...အဲဒီအချိန်လေးက ရှင့်နာရီလေးရပ်တန့်သွားခဲ့တဲ့အချိန်ပဲ
Kim suho ရှင်ရောက်အောင်လာခဲ့ပါ..
ကျွန်မကိုထွက်မသွားစေချင်ဘူးဆိုရင်..
ရောက်အောင်လာပေးပါနော်..ဒါဟာကျွန်မ
ရှင့်ကိုပေးတဲ့ နောက်ဆုံးအခွင့်ရေးပါ
ကျွန်မကိုရှင့်ဘေးနားကနေထွက်မသွားစေချင်ဘူးဆိုရင် ရောက်အောင်လာခဲ့ပေးပါsuho ရယ်...ရှင့်နာရီလေးသေဆုံး
သွားခဲ့အချိန်ထိပဲကျွန်မစောင့်မှာ...လာခဲ့ပေး
ပါနော်...
ပန်းခြံကထိုင်ခုံလေးမှာ ထိုင်ရင်း
မသေချာတဲ့သူကို..စောင့်မျှော်
နေရတာ..ဘယ်လောက်ထိပင်ပန်းလိုက်သလည်း...မရေရာတဲ့မျှော်လင့်ချက်တွေနဲ့ရင်
တစ်ခုလုံးနွမ်းကြေခံပြီး မျက်ရည်ကိုသာအဖော်ပြုစောင့်နေရတာ..ကျွန်မဟာ အချစ်ရဲ့ပိုက်ကွန်
ထဲမှာ ရုန်းထွက်လို့ရရက်နဲ့ အသေခံပြီးဆက်တိုးနေတဲ့ အချစ်လူမိုက်ကြီးတစ်ယောက်
ဖြစ်နေပြီ
လက်ကနာရီလေးကိုတကြည့်ကြည့်နဲ့တရွေ့
ရွေ့ကုန်နေတဲ့အချိန်အောက်မှာ ရင်မောနေရပြီ
_______________________
အစည်းဝေးက အရင်အချိန်တွေထက်စာရင်
မိနစ်၂၀ လောက်နောက်ကျပြီးမှပြီးတယ်..
ဟူး....တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေတာပဲ
နာရီကိုကြည့်လိုက်တော့..ည 7:18
အချိန်ကတော်တော်လေးတောင်ကုန်သွားပြီပဲ
နားချိန်ရသေးတယ်ဟ..ည ၉ နာရီမှာ လူနာ
တွေကို round လည့်ပြီးလိုက်ကြည့်ရအုံးမှာ
ဒီနေ့သူ့အလှည့်ကျတယ်လေ..ဒီကြားထဲမှာ
အချိန်တွေလွတ်နေတာ သူနားချိန်လေးတော့
ခနလေးဖြစ်ဖြစ်ရတာပေါ့
သူ့ရုံးခန်းထဲပြန်ပြီးခနနားလိုက်အုံးမယ်..မရတော့ဘူး..ဒီနေ့အဖို့ကတော်တော်လေးပြိုင်း
နေပြီ..ဒီလိုနဲ့ပဲ suho ရဲ့ခြေလှမ်းတွေကသူ့
ရုံးခန်းရှိရာဆီကို........
"ဟေး...ဒေါက်တာ ကင်..အတော်ပဲဗျ..ခင်
ဗျားကိုတွေ့တာနဲ့"
ဟိုး ထိပ်ကနေ ကျွန်တော်နဲ့မျက်နာချင်းဆိုင်
လျှောက်လာတဲ့ ဒေါက်တာလီကကျွန်တော်
မြင်သာအောင်လက်ပြရင်း..လှမ်းပြီးအော်ပြော
နေတာလေ..
"ဘာလို့လည်း...ဒေါက်တာလီရ"
"အေး..မင်းကိုပြောမလို့..မင်းရုံးခန်းထဲကစား
ပွဲပေါ်မှာလက်ဆောင်ဘူးလေးတစ်ခု ငါတင်ခဲ့
တယ်သလား.."
အံ့သြလွန်းလို့ပါ...လက်ဆောင်ဘူးလေးတစ်ခု
တဲ့...တစ်သက်နဲ့တစ်ကိုယ်..ကျွန်တော့်ကို
လက်ဆောင်ပေးတဲ့သူမရှိပါဘူး
"ဘာလက်ဆောင်ဘူးလည်း ဒေါက်တာလီ"
"အာ အာ့တော့ငါလည်းမသိဘူး..လုံခြုံရေး
ပတ် ကမင်းကိုလိုက်ရှာပြီးပေးနေတာ ..မင်းကို
မတွေ့လို့ ငါ့ကနေတစ်ဆင့်မင်းကိုပေး ပေးပါဆိုလို့ ငါလည်းမင်းကိုရှာမတွေ့တာနဲ့ မင်းရုံးခန်းကစားပွဲမှာပဲတင်ထားခဲ့တာ..."
"ဟုတ်လား...ဘယ်သူပေးသွားတာလည်းမသိဘူး...ကျေးဇူးပါဒေါက်တာလီ..ကျွန်တော်ခုပဲရုံးခန်းပြန်တော့မလို့..သွားပြီ.."
ဒေါက်တာလီကိုလက်ပြရင်း..ရုံးခန်းဆီကို
ခပ်မြန်မြန်သွပ်သွပ်လေးလျှောက်လာခဲ့လိုက်တယ်..လက်ဆောင်ဘူးလေးတစ်ခုဆိုလို့စိတ်
ထဲလည်းအရမ်းကိုသိချင်သွားခဲ့တယ်လေ
ကျွန်တော့်ကိုဘယ်သူကများတကူးတကလက်
ဆောင်ပေးသလည်းလို့ပေါ့
ရုံးခန်းရှေ့ရောက်လို့ တံခါးလိုက်ကိုင်လေးကို
ဖွင့်ဖို့အလှမ်း ဂျုတီကုတ်ထဲမှ ဖုန်းလေးကတုန်
ခါပြီးအချက်ပြနေလို့..ထုတ်ကြည့်မိတယ်
Suho တစ်ယောက်ခေါင်းနပန်းကြီးသွားတယ်
လေ...
"ဒေါက်တာကင် မနက်က ခွဲစိတ်ထားတဲ့လူနာ
အရေးပေါ်အခြေနေပြန်ဖြစ်လို့ အမြန်လာခဲ့ပေးပါ"
စာရရချင်း အပြေးတစ်ပိုင်းနဲ့ အရေးပေါ်ခန်း
ကိုပြေးရတာပေါ့..လူနာကရောက်လာကတည်း
ကနှလုံးကမငြိမ်လာတာ..ခုလည်းနှလုံးခုန်နှုန်း
တွေထိုးကျသွားပြီ...သွေးပေါင်လည်းရုတ်တရပ်ကြီးကျသွားလို့ တော်တော်လေး
အချိန်တော်တော်ကြာအလုပ်ရှုပ်သွားရတယ်
စိတ်ချရတဲ့အနေအထားတစ်ခုကိုမရောက်မချင်း
ကျွန်တော် လူနာကိုလက်လွတ်လို့မဖြစ်ဘူး
______________________
နာရီတစ်လုံးရဲ့လှုပ်ရှားမှုနောက်မှာသူနဲ့ကပ်လျက်ရှိနေတဲ့အချိန်တွေဟာလည်းတရိရိနဲ့ကုန်
ဆုံးသွားခဲ့ပြီ...ဒါဆိုရင် xing ထွက်သွားသင့်
ပြီပေါ့နော်...သူရောက်အောင်မလာခဲ့ဘူး
Xing ဆီကိုလေ..သူမလာခဲ့ဘူး...
နောက်ဆုံးအခွင့်ရေးလေးဆိုတာတောင်သူ
အမိအရ မဖမ်းဆုပ်နိုင်ခဲ့ဘူး...
လက်ထဲမှာကိုင်ထားတဲ့ဖုန်းလေးကို ရင်နာနာနဲ့
ကြည့်နေမိတယ်
အော်...ငါတကယ့်ကိုရူးသွားခဲ့ပြီပဲ
၂၆ ကြိမ်မြောက်ပါ...ကျွန်မသိပ်ချစ်ရတဲ့သူ့ဆီ
ဖုန်းခေါ်နေခဲ့တာ...ဖုန်းကဝင်သွားပေမယ့်
ခုထိ သူ့ဆီက reply ပြန်သံလေးယောင်လို့တောင်မကြားမိသေးဘူး..
သူ.....မာနသိပ်ကြီးလွန်းတယ်..မိန်းမတစ်
ယောက်ရဲ့အချစ်ကိုရဖို့ နှလုံးသားကဘယ်တော့မှဒူးမထောက်ဘူးလို့ ခံယူထားတဲ့
သူ့လိုလူကိုမှကျွန်မချစ်ခဲ့မိတာဟာ မဟာအမှား
ကြီးပါ
သူ့ကိုချစ်လွန်းလို့လေ ကျွန်မရဲ့နှလုံးသားကသူ့ရှေ့မှာဒူးထောက်ရုံတင်မကဘူး...တစ်စဆီတောင်ကြွေကျခဲ့ရတာ ကျွန်မသူ့ကိုချစ်တယ်လို့
ဖွင့်ပြောခဲ့ပေမယ့် သူ့ဘက်ကတော့ချစ်တယ်
ဆိုတဲ့စကားကို ဟတောင်မဟခဲ့ပဲ သူ့နှလုံးသား
ကိုပြန်ညာခဲ့တဲ့သူတစ်ယောက်
ချစ်တယ်လို့သာ ဖွင့်မပြောခဲ့ပေမယ့် xing
အပေါ်မှာထူးထူးခြားခြားဆက်ဆံလာခဲ့တဲ့သူ့အပြုမှုတွေကြောင့် သူလည်း
အချစ်ကို ကိုးကွယ်တက်ခဲ့ပြီလို့ xing ထင်ခဲ့တယ်တစ်နေ့နေ့မှာ..သူ့ဆီကနေချစ်ပါတယ်ဆိုတဲ့စကားကို ကျိန်းသေကြားရမယ်လို့ယုံကြည်ထားခဲ့တာ
မိန်းခလေးတစ်ယောက်အနေနဲ့ သိက္ခာတွေ
ထိန်းမထားနိုင်တော့လောက်အောင်
သူ့ဆီကနေ ချစ်ပါတယ်လို့ဖွင့်ဟ လာမယ့်
စကားကို အလွန်အမင်းမက်မောစွာမျော်လင့်မိ
ခဲ့တာပါ
ခုတော့ အချစ်ဆိုတဲ့အရာကိုသွယ်ဝှိုက်တဲ့အမူအယာတွေနဲ့ပဲ ကျွန်မကိုသူဖော်ပြသွား
ခဲ့တယ်..ချစ်တယ် ဆိုတဲ့စကားကိုလုံးဝထုတ်မပြောပဲနဲ့ သူ့နှလုံးသားကိုပြန်လိမ်သွားခဲ့တယ်
ကိုယ်ချစ်ရတဲ့သူကို ချစ်တယ်လို့ဝန်ခံတာ
ဒူးထောက်အရှုံးပေးရတာလို့ ရှင့်ကိုယ်ရှင်သတ်မှတ်ထားတာလား..suho ရယ်..
အချစ်မှာ တကယ်ချစ်ရင် မာနတွေ အရှုံးတွေ
မရှိပါဘူး..အချစ်မှာ အချစ်ကိုဝန်ခံရဲတဲ့နှလုံး
သားတစ်စုံနဲ့ ချစ်တက်တဲ့ အချစ်ပဲလိုတာပါ
ခုတော့..ကျွန်မရှင့်ကို နောက်ထပ်အခွင့်ရေး
မပေးတော့ဘူး...ကျွန်မကိုတကယ်ချစ်ခဲ့တာ
ဆိုရင် တစ်ချိန်ချိန်မှာ ရှင့်နှလုံးသားကအချစ်
ဆိုတဲ့အရာကိုလိုလိုလားလားနဲ့ ချစ်တယ်လို့
ဖွင့်ပြောလာမယ့်တစ်နေ့ ကျွန်မတို့ပြန်ဆုံကြတာ
ပေါ့ခုတော့ ရှင့်ဘေးနားကနေထွက်သွားဖို့ကျွန်မတကယ်ဆုံးဖြတ်လိုက်ပြီ
အချစ်စစ်မှန်ခဲ့ရင် နှလုံးသားမှာဒူးထောက်
အရှုံးပေးခြင်း မရှိဘူးဆိုတာကိုရှင့်ကိုသိစေချင်
တယ်
ဒီနေရာလေးမှာ ကျွန်မရှင့်ကိုစောင့်ခဲ့တယ်ဆိုတဲ့
သက်သေအနေနဲ့ နှင်းဆီနီလေးတစ်ပွင့်ထား
ခဲ့တယ်....နုတ်ဆက်ပါတယ် suho shi!!
______________________
နောက်ဆုံးတော့ လူနာကို တည်ငြိမ်နိုင်တဲ့
အနေအထားတစ်ခုနဲ့ ပြန်ထိန်းထားနိုင်ခဲ့ပြီ
လူလည်းချွေးတွေပြန် မောလည်းမော..
ရုတ်တရပ်ထိုးကျသွားတဲ့နှလုံးခုန်နှုန်းကခုတော့
ပုံမှန်ပြန်ဖြစ်သွားပြီ အကုန်လုံးစိတ်ချရတဲ့
အနေအထားတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့ပြီ
"ဟူး..တော်သေးတာပေါ့"
ခုတော့အသက်ရူချောင်လောက်ပြီထင်ပါတယ်
နာရီကြည့်လိုက်တော့...8:5 မိနစ်
ကိုးနာရီမှာ round လှည့်ရအုံးမှာ..အလုပ်တွေမပြီးသေးဘူး...ဒါမယ့် ကြားထဲက လွတ်နေတဲ့အချိန်ခနလေးကိုတော့..နားချင်တယ်
လူလည်းမလှုပ်နိုင်တော့ဘူး...ခုတော့အားအင်
တွေချည့်နဲ့နေတဲ့ခြေလှမ်းတွေအတူ ရုံးခန်းဆီကိုသာလှည့်လာခဲ့တော့တယ်
ရုံးခန်းလာတဲ့လမ်းတစ်လျှောက်မှာ..သူ့အတွေး
ထဲရုတ်တရက်ဝင်လာတာကတော့ xing
ဆိုတဲ့ကောင်မလေးပါပဲ ခုများတော့အလုပ်လေး
နည်းနည်းမအားလိုက်နဲ့ အားလိုက်တာနဲ့ သူ့
အကြောင်းကခေါင်းထဲကိုရောက်ရောက်လာတက်ပြီ...
မနက်ကအလုပ်သွားခါနီးတစ်ခါမှမလုပ်ဘူးတဲ့သူ့အပြုမူတွေကြောင့် ကျွန်တော်
တော်တော်လေးရင်လေးခဲ့ရတယ်..ခုတော့
သူ ဘယ်လိုနေလည်းသိချင်တဲ့စိတ်ကြောင့်
သူ့ဆီကိုဖုန်းခေါ်မိတယ်
ဂျုတီကုတ်ဘေးအိတ်ထဲမှာထည့်ထားတဲ့ဖုန်း
လေးကိုထုတ်ပြီးxing ဆီကိုဖုန်းခေါ်ဖို့ဖုန်း
ဖွင့်လိုက်တဲ့အခါမှာတော့
Miss called.....26.....တဲ့
Suho မျက်လုံးတွေ ပြူးကျယ်သွားရသည်
Xing သူ့ဆီကိုဖုန်းခေါ်ထားတာ နည်းတာ
မှမဟုတ်ပဲ..ဘာများဖြစ်လို့လည်း..မနက်က
ကတည်းကရင်းထူးဆန်းတဲ့သူ့အပြုမူတွေကို
မျက်လုံးထဲမှာပြန်မြင်ယောင်လာမိတော့ suho
ပိုပြီးစိတ်ပူသွားရသည်...
အရေးပေါ်လူနာအခြေနေကြောင့်
အရေးပေါ်ခန်းထဲမှာလူနာကို ကုသနေတုန်း
ဖုန်းကို silentလုပ်ထားလိုက်တာ..xing
ဖုန်းခေါ်တာကိုသူမသိလိုက်ဘူး
Suho တစ်ယောက်ရုံးခန်းကိုမသွားနိုင်သေးဘူးလမ်းတဝက်မှာရင်းပူမိတဲ့ရင်အစုံကြောင့် ခြေလှမ်းတွေက အထိန်းကွပ် မဲ့နေပြီ
ကမန်းကတန်းနဲ့..xingဆီကို ဖုန်းပြန်ခေါ်
တော့ စိတ်ပိတ်ထားပါသည်တဲ့...
"ဟာကွာ...ဖုန်းကပိတ်ထားပြန်ပြီ..တောက်"
စိတ်ပူရတဲ့အထဲဖုန်းပိတ်ထားပါသည်နဲ့လာ
တိုးနေတော့ဒေါသကထွက်မိသွားတယ်
ဘာများဖြစ်လို့ပါလိမ့် တစ်ခါမှအဲ့လောက်အများ
ကြီးကျွန်တော့်ဆီကိုသူဖုန်းမခေါ်တက်ဘူးလေ
ဖြစ်နိုင်ရင်..အိမ်ကိုသာပြေးပြီးကြည့်လိုက်ချင်
တယ် ...သူဘာများဖြစ်နေလို့လည်းလို့...
ခုတော့..အလုပ်တာဝန်တွေမပြီးသေးဘူးလေ
"ဟူး...အိမ်ရောက်မှပဲ..ချော့ပြီးမေးရတော့မယ်"
ဒီနေ့ကျမှပဲ ည 9:00 round လှည့်ဖို့အတွက်သူ့အလှည့်ကျရတယ်လို့...
Suho ရဲ့စိတ်တွေကတော့အတော်လေးကိုလေးလံနေပြီ.....
______________________
ခုမှပဲသူ့ရုံးခန်းထဲကိုရောက်တော့တယ်..အခန်း
ရှေ့ရပ်ပြီးတံခါးဖွင့်ကာဝင်မယ်လုပ်တော့..
"ဒေါက်တာ ကင်..ခုမှပဲတွေ့ရတော့တယ်"
အသံနှင့်အတူခြေသံတွေက ကျွန်တော့်နဲ့နီးလာ
တာမို့ အနောက်ကနေစကားလှမ်းပြောနေတဲ့
သူကိုလှည့်ကြည့်လိုက်တော့..လုံခြုံရေးပတ်
ဖြစ်နေတယ်..
"အော်...ဟုတ်ကဲ့ ..ကျွန်တော်ဒီနေ့အလုပ်များနေလိုခင်ဗျ..."
"ဟုတ်လား အဲ့ဒါကြောင့်ဒီနေ့ဒေါက်တာကင်ကိုဖမ်းမမိတာကိုး ..အော် ဒါနဲ့...ဒေါက်တာကင်ကိုပြောမလို့..မနက်ကကောင်မလေးတစ်ယောက်..လက်ဆောင်ဘူး
လေးတစ်ဘူးကိုင်ပြီး..ဒေါက်တာကိုပေး
ပေးပါဆိုပြီး..ငါ့ကိုလာပေးသွားတယ်..
ကောင်မလေးတစ်ယောက်ဆိုလို့ အံ့သြသွား
ရတယ် ဘယ်ကောင်မလေးပါလိမ့်.ကျွန်တော့်
မှာလက်ဆောင်တွေဘာတွေအပေးခံရလောက်အောင်ရင်းနှီးတဲ့မိန်းခလေးသူငယ်ချင်း
ကမရှိသလောက်ပဲမို့ ပဟေဠိကတော့ဆန်နေသား...
"ဘယ်ကောင်မလေးလည်း လုံခြုံရေးပတ်ရဲ့
ကျွန်တော့်ကိုလက်ဆောင်ပေးရလောက်အောင်
ရင်းရင်းနီးနှီးခင်တဲ့မိန်းခလေး မရှိဘူးဗျ"
"အဲ့တာတော့ ကျွန်တော်လည်းမသိဘူး
တစ်မနက်လုံး ဒေါက်တာကင် ကိုလိုက်ရှာပြီး
ပေးနေတာ..ရှာမတွေ့လို့ အဲ့ဒါဒေါက်တာလီနဲ့တစ်ဆင့်ပေးခိုင်းလိုက်တယ်"
"အော်..ဟုတ်ကဲ့ခင်ဗျ..ဒေါက်တာလီ ကျွန်တော့်ကိုပြောပါတယ်...ဟို..ဒါနဲ့လေဘယ်ချိန်
လောက်ကရင်းလာပေးသွားတာလည်းမသိဘူး"
"မနက် ၁၀ နာရီကျော်ကျော်လောက်ရှိမယ်နဲ့တူတယ်"
"ဟုတ်လား..အဲ့အချိန်ကကျွန်တော်ခွဲစိတ်ခန်း
ထဲမှာပဲရှိသေးတယ်..ကျေးဇူးပါဗျာ..လုံခြုံ
ရေးပတ်"
လုံခြုံရေးပတ် ကို နုတ်ဆက်စကားပြောပြီး
တံခါးဖွင့်ကာရုံးခန်းထဲကိုဝင်လာလိုက်တယ်
ဘယ်သူဘယ်ဝါလာပေးသွားမှန်းမသိတဲ့လက်
ဆောင်ဘူးလေးကတော့..suho ရဲ့စားပွဲပေါ်
မှာအခန့်သားလေး ရှိလျက်ပေါ့...သေသပ်လှပ
စွာထုပ်ပိုးထားတဲ့ဘူးလေးကို ယူကြည့်ကာ
ဘယ်သူဘယ်ဝါနာမည်လေးများပါမလားလို့
လိုက်ရှာပေမယ့် အလှစာရွက်တွေသာကပ်ထားတာ..နာမည်ရေးထားခြင်းမရှိ
ဘူးလေ.......အဲ့တော့ပိုပြီးသိချင်သွားမိတာ
နဲ့ပဲ ခပ်သွက်သွက်လေးဖြည်ကာဖွင့်ကြည့်
လိုက်တယ်.......
လက်ဆောင်ဘူးလေးထဲမှာထည့်ထားတဲ့
အရာကို မြင်လိုက်ရတဲ့ suho တစ်ယောက်
"ဟင်....."
တိုးညင်းပြီး ရေရွတ်လိုက်တဲ့အသံက ကျွန်
တော့်ပါးစပ်ဖျားကနေ လေးလံစွာထွက်ကျလာ
တယ်
အချိန်တွေလုံးဝရွေ့လျားခြင်းမရှိတော့တဲ့
နာရီလေးတစ်လုံး....
ရုတ်တရက်ကြီး မထင်ထားခဲ့မိတဲ့ပစ္စည်းလေးမို့
အံသြခြင်းများစွာနဲ့ ထွက်လာမိခဲ့တဲ့အသံ
ထို အသံတွေက ကျွန်တော့်ရုံးခန်းထဲမှာ ပဲ့
တင်ထပ်မသွားခဲ့ပေမယ့်.....
7:42 မှာရပ်တန့်သွားခဲ့တဲ့နာရီလေးတစ်လုံးကို ကြည့်ပြီး ကျွန်တော့်ကိုထားပြီးအဝေးဆုံးကို.မသွားဖို့Xing ကိုရင်ဘတ်ထဲကနေပြီးအပြင်းအထန်အော်ဟစ်ကာ တားမြစ်နေမိတဲ့အသံတွေဟာ..နှလုံးသားထဲမှာပဲ့တင်ထပ်နေပြီ...
အချိန်တွေရပ်သွားခဲ့တဲ့နာရီလေးတစ်လုံးကိုကြည့်ပြီး ရင်ထဲမှာသွေးရူးသွေးတန်းနဲ့
ဆောက်တည်ရာမရဖြစ်နေခဲ့တာ...
နာရီရဲ့အောက်မှာပန်းနုရောင်စာရွက်လေးတစ်ရွက် ...xing သူ့ကိုစာရေးပြီးဘာတွေများပြော
သွားသလည်း..အရမ်းကိုသိချင်နေပြီ....
ကတုန်ကယင်ဖြစ်နေတဲ့လက်အစုံက ဘူးထဲက
စာရွက်လေးကို ယူနေပေမယ့်...သူ့လက်တွေက ထိခြင်းမထိခြင်းကိုတောင်ခံစားလို့မရ
တော့ဘူး...ရင်ထဲမှာတုန်ခါနေတဲ့နှလုံး
သားတစ်စုံက..ခြေမခိုင်တဲ့သူတစ်ယောက်
လို..ပြိုလဲတော့မယ်ထင်ပါရဲ့...
တုန်ယင်နေတဲ့လက်ထဲမှာ ဂဏှာမငြိမ်ပါလာ
ခဲ့တဲ့ပန်းနုရောင်စာရွက်လေးကို ဖြန့်ကာဖတ်
လိုက်တယ်...အဆိပ်ရည်လူးထားတဲ့ ဆူးခက်
နဲ့ နှလုံးသားကို ရိုက်ချနေသလိုပဲ သွေးအလိမ်းလိမ်းထွက်နေတဲ့ နှလုံးသားက အဆိပ်မိနေလို့
ဖြေဆေးပါရှာမရတော့တဲ့အဖြစ်....
"Suho shi...ရှင့်ဘေးနားကနေ ကျွန်မကို
ထွက်မသွားစေချင်ဘူးဆိုရင်..ကျွန်မဆီကို
အရောက်လာပေးပါ..ပန်းခြံထဲကထိုင်ခုံမှာ
ကျွန်မစောင့်နေမယ် ရှင့်နာရီလေး
ရပ်တန့်သွားခဲ့တဲ့အချိန်ထိပဲ..ဒီည
7:42 အထိပဲစောင့်မှာမို့..ရှင်ကျွန်မကိုတကယ်
ချစ်တယ်ဆိုရင် လာခဲ့ပေးပါနော်..ရှင်ထွက်လာ
ဖို့မအားဘူးဆိုရင်တောင်..မသွားပါနဲ့..ဆိုတဲ့
Message လေးတစ်စောင်တော့ပို့ပေးပါ
ရှင်ကျွန်မကို...တစ်ကယ်ချစ်တယ်ဆိုရင်ပေါ့"
ပန်းနုရောင်စာရွက်ထဲက သေသပ်ပြီးသေးကွေး
လွန်းလှတဲ့လက်ရေးတွေက အဆိပ်မာန်ဖီနေတဲ့
မြွေတစ်ကောင်လိုပါပဲကျွန်တော့်နှလုံးသားကို
အားပြင်းပြင်းနဲ့ပေါက်ချလိုက်တာ..ခုတော့
နှလုံးသွေးတွေက အဆိပ်တွေနဲ့ရောပြီး
ခန္ဓာကိုယ်ထဲကို စီးဝင်ခဲ့ပြီ..
7:42 တဲ့အဲ့ဒီအချိန်အထိပဲကျွန်တော့်ကိုစောင့်မှာတဲ့ လက်ကနာရီကိုကြည့်လိုက်တော့
8:15 လောက်ဖြစ်နေပြီ...အား...ရင်ထဲမှာ
အရမ်းကိုမွမ်းကျပ်လာပြီ...အသက်ရူရတာ
တောင်ခက်ခဲပြီးပင်ပန်းလာပြီ
ခုတော့..သွားပြီ..အားလုံးလွန်ကုန်ပြီ..အချိန်
တွေလွန်သွားခဲ့ပြီ...ကျွန်တော်ဘာလုပ်ရမလည်း...လွန်သွားခဲ့တဲ့အချိန်တွေအတွက်ကျွန်တော်ဘာလုပ်ရမလည်း...ကျွန်တော့်
သိပ်ချစ်ရတဲ့သူထွက်မသွားဖို့အတွက်..အချိန်
တွေကိုပြန်ပြီးအစားထိုးပေးကြပါလားဗျာ..
အချိန်တွေသာ..အစားထိုးလို့..ရခဲ့မယ်ဆိုရင်
ဒီတစ်ခါတော့ ကျွန်တော်သူ့ကို အမိအရ လှမ်း
ပြီးဖမ်းဆုပ်ချင်ပါတယ်..
ပြောလို့မရဘူး...သူကကျွန်တော့်ကိုသိပ်ချစ်
တာ...သူ့အကျင့်ကိုကျွန်တော်သိတယ်
ကျွန်တော့်မလာမချင်းဘယ်မှမသွားဘဲ
ဇွဲကောင်းကောင်းနဲ့စောင့်နေတက်တဲ့သူ
ပြောလို့မရဘူး..အခုတစ်ခါလည်းသူစောင့်
ချင်စောင့်နေမှာ...
Suho ဂျုတီကုတ်ကို ကမန်းကတန်းချွတ်ပြီး
တန်းမှာချိတ်ထားတဲ့ အနွေးအကျီင်္ီကိုဝတ်ကာ
ရုံးခန်းထဲကနေကပြာကရာ ပြေးထွက်လာခဲ့
တယ်...
ကားရှိရာကိုကမန်းကတန်းသွားပြီး...မောင်း
ထွက်လာခဲ့တာ ခုသူ့ကားလေးဟာ ချစ်တဲ့သူ
စောင့်နေမယ်လို့ပြောတဲ့ ပန်းခြံထဲက ခုံလေးရှိ
ရာသို့ အရှိန်ပြင်းစွားနဲ့ ခရီးဆက်ခဲ့ပြီ..
_______________________
တလှပ်လှပ်တုန်ခါနေတဲ့ ရင်ထဲက နှလုံးခုန်သံ
ကခုချိန်မှာစည်းချက်ကျကျ ခုန်ဖို့ဆိုတာ..ဘယ်
လိုမှမဖြစ်နိုင်ဘူး..ဝိုင်းဒိုင်းကျဲနေတဲ့ခြေလှမ်းအစုံက ခုံတန်းလေးရှိရာကို သွေးရူး
သွေးတန်းလျှောက်လာခဲ့တယ်...
ဒီချိန်မှာကျွန်တော့်စိတ်ထဲကနေxingထွက်မသွားဖို့တောင်းဆိုနေတဲ့ကျွန်တော့်ရဲ့ ဆန္ဒတွေဟာပြည့်နိုင်ပါ့မလား ရင်ကွဲနာကျရုံကလွှဲလို့
ဆန္ဒတွေဟာ ကျွန်တော့်စိတ်နဲ့ထပ်တူမကျခဲ့ဘူး
စိတ်ထဲကတောင့်တမှုကိုဆန္ဒတွေကမလိုက်ရောပေးနိုင်တဲ့အခါ..ဘဝကြီးက အရမ်းကို
ပူလောင်လွန်းလှတယ်..
အရာအားလုံးနောက်ကျပြီးမှလာခဲ့ရတဲ့သူမို့
ရင်ကွဲပတ်လက်ဖြစ်ရုံကလွဲလို့ ဘာများဖြေသိမ့်စရာတွေရှိအုံးမှာလည်း...
ဒီတစ်ခါတော့ ကျွန်တော်ရှုံးသွားပြီပေါ့..ကျွန်တော့်အတွက်ဆိုအမြဲတမ်းအချစ်ပန်းတွေပွင့်ဝေ
ခဲ့တဲ့ xing ရဲ့နှလုံးသား ခုတော့..နွမ်းကြွေ
သွားဖို့အတွက်အစများပြုခဲ့တာလား
စောင့်နေမယ်ဆိုတဲ့ခုံလေးမှာ သူမရှိတော့ဘူး
ဒါပေမယ့်...သူ့ကိုယ်ပွား နှင်းဆီနီလေးတစ်ပွင့်
တော့ ကျွန်တော့်အတွက် အရိပ်အငွေ့လေး
အဖြစ် ချန်ထားခဲ့တယ်...
ထိုင်ခုံမှာ တစ်ပွင့်ထဲသောနှင်းဆီနီလေးက
ကျွန်တော့်အလာကို စောင့်မျှော်နေသလို
ပန်းလေးရဲ့အထီးကျန်မှုကြောင့်နှင်းရည်
လေးတွေဟာ..ဝမ်းနည်းလွန်းတစ်ပေါက်ပေါက်နဲ့ကြွေဆင်းနေကြပြီ
ထိုင်ခုံပေါ်က တစ်ပွင့်ထဲသောနှင်းဆီလေးကို
ကောက်ယူပြီး..suho မြတ်နိုးစွားနမ်းရှိုက်
လိုက်တယ်...နွမ်းကြေကြေ ဖြစ်တော့မယ့်
သူမရဲ့နှလုံးသား ကနောက်ဆုံးချိန်ထိ ကျွန်တော့်ရဲ့အချစ်ကိုမျှော်လင့်ခဲ့ပါတယ်ဆိုတာ
ကို နှင်းဆီအနီလေးတစ်ပွင့်သက်သေပြသွားခဲ့သေးတယ်...
"ငါ....မင်းကို..မျှော်လင့်ခွင့်ရှိသေးရဲ့လား
Xing ရယ်.. နှင်းဆီနီလေးတစ်ပွင့်ချန်သွားခဲ့တာဟာ..ငါ့ကိုမျှော်လင့်ချက်တွေပေးသွားတာလား..ငါ့ဘေးနားမှာမင်းနှလုံးသား
တွေထားသွားခဲ့မယ့် ..မင်းကတော့ငါ့နှလုံးသား
ကိုယူပြီးထွက်သွားခဲ့ပြီ.."
တစ်နေ့နေ့မှာ ကျွန်တော့် အသည်းနှလုံးကို ဒီလိုမျိုးပေးလိုက်ရလိမ့်မယ်လို့ ဘယ်သူထင်
မှာလည်း....ကျွန်တော်နှလုံးသားကိုဒီလိုပုံစံ
မျိုးနဲ့ မပေးချင်ပါဘူ.....
ကျွန်တော်သိပ်ချစ်ရတဲ့ကောင်မလေးကို
ကျွန်တော်ကိုယ်တိုင် လှလှပပထုတ်ပိုးပြီးတော့
ကျွန်တော့်နှလုံးသားကိုပေးချင်တာပါ
ခုတော့ကျွန်တော်ဟာ...အချစ်ကိုနားမလည်တဲ့
လိပ်ပြာတစ်ကောင်နဲ့ တူနေပြီ
ကဲကဲ...happy time လေးမလာနိုင်သေးလို့ author ကိုအပြစ်မပြောကြနဲ့နော်
ချောင်းလည်းမရိုက်ကြနဲ့အုံး..ခွဲလိုက်ပြီဆိုမှတော့ပြန်ဆုံဆည်းပေးရမှာ author ရဲ့တာဝန်
မို့......ဟီး...စိတ်မဆိုးကြနဲ့နော်မြန်မြန်ပြန်ပေါင်းပေးပါ့မယ်စိတ်မပါပဲရေးထားတာပါဖတ်လို့မကောင်း
ခဲ့ရင် sryပါခုရက်ပိုင်းစိတ်ညစ်စရာတွေရှိနေလို့ပါ
______________________