နွယ်​..sulay Fic

By ayemyathu291187

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... More

နွယ်​(ပထမပိုင်း)
နွယ်​(ဒုတိယပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၆)
နွယ်​ (တတိယပိုင်း)(၇)
နွယ်​ (တတိယပိုင်း)(၈)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၇)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၃)
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၇)
နွယ်(တတိယပိုင်း)(၂၈)
My reader
နွယ်(တတိယပိုင်း)(၂၉)
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်​(တတိယပိုင်း)(၉)

764 88 3
By ayemyathu291187

နွယ်(တတိယပိုင်း)(၉)

ချစ်တက်လာတဲ့တစ်နေ့ကျရင် လမင်းပြုံးတာကို
တွေ့ရလိမ့်မယ်လို့ ပြောသွားခဲ့တဲ့သူ

ဒီနေ့ညလေးကတော့ သူနဲ့ကျွန်တော်ကြားမှာအမှတ်
တရတွေ ရှိခဲ့တဲ့ညလေးတစ်ညပေါ့ သူကျွန်တော့်
အတွက် အနမ်းပွင့်တွေကိုအမှတ်တရအနေနဲ့လက်ဆောင်အဖြစ်ပေးသွားခဲ့တယ်

သူမကအချစ်ဆိုတဲ့အရာကို အရိုးထဲအသွေးသားထဲထိစိမ့်ဝင်နေအောင်ကိုးကွယ်တက်သူဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်သိခွင့်ရခဲ့တယ်

သေချာတာကတော့ သူဟာ..သိပ်ကိုချစ်တက်လွန်း
တဲ့သူတစ်ယောက်ဆိုတာပါပဲ

_________________________

ကျွန်တော့်ရင်ခွင်ထဲမှာ ခေါင်းဝှက်ကာ ငြိမ်သက်နေ
တဲ့ xing ကိုငုံ့ကြည့်ရင်း

" xing ..အိပ်နေတာလား..ပြန်ကြရအောင်လေ
မနက် တစ်နာရီတောင်ကျော်နေပြီ..ဒီထက်ဒီအေး
လာတော့မှာ ပြန်ကြရအောင်နော်"

"အင်း...အာ့ဆိုပြန်ကြမယ်လေ..suho မနက်ဖြန်
အလုပ်သွားရအုံးမှာပဲ..မေ့နေတာ...ပြန်ကြတာပေါ့"

ကျွန်တော့်ရင်ခွင်ထဲမှာခေါင်းကိုဝှက်ထားရင်းနဲ့ပဲ
သူကျွန်တော့်ကိုစကားပြန်ပြောတယ်

"Ok..အာ့ဆိုပြန်ကြမယ်..xing ခေါင်းခန်းမှာ
ပြောင်းထိုင်နော်..ငါ့ရဲ့ဘေးနားမှာ"

Xing သူ့ကိုမကြည့်ပဲ ထိုင်မယ်ဆိုတဲ့သဘောဖြင့်
ခေါင်းညိမ့်ပြလိုက်တယ်..ကားတံခါးဖွင့်ပြီးရှေ့ခေါင်း
ခန်းမှာပြောင်းထိုင်ရမယ်လေ..တံခါးဖွင့်ဖို့အတွက်
ပြင်ဆင်နေတုန်း

"မင်း ငိုထားတာလား"

Xing မျက်နှာကိုဆွဲလှည့်ပြီး
အကြည့်စူးစူးတွေနဲ့ ရင်မောစွာပဲမေးလာခဲ့တဲ့suho
ကိုကြည့်ရင်း .. xing သူ့ကိုဘာပြန်ပြောရ
ပါ့မလည်း ...မဖြေချင်ပါဘူး..ဒီအချိန်မှာ xing
ဘာဆိုဘာမှမဖြေချင်ဘူး

ရှင့်မျက်နှာလေးကို ဒီလိုလေးပဲ စိုက်ကြည့်နေချင်တယ် suho ရယ်..ဒါဟာနောက်ဆုံးအကြိမ်ပါ..နာကျင်မှုဆိုတဲ့အရာဟာကျွန်မအတွက်ဖြစ်လာပါစေ..ရှင့်အတွက်တော့ဘယ်တော့မှဖြစ်မလာစေရဘူး ရင်တွေကြေမွမတက် အသည်းခိုက်အောင်
နာကျင်ရတာမို့ ရှင့်ကိုဒီလိုနာကျင်မှုတွေမပေးရက်ပါဘူး..ထားသွားခဲ့သူတစ်ယောက်ကငိုကြွေးနေရင်ကျန်ရစ်ခဲ့တဲ့သူကတော့ကျိန်းသေပျော်ရွှင်နေရမှာပေါ့...

"Xing...ငါမေးနေတာကိုပြန်မဖြေပဲ..ဘာလို့
အကြာကြီး ကြည့်နေတာတုန်း"

အော်...ဟုတ်သားပဲ..ငါသူ့မျက်နှာကိုကြည့်ပြီး
တွေးနေတာကို...သူ့ဆီကနေ ရုတ်တရက်ထွက်ပေါ်
လာတဲ့အသံကြောင့် xing တွေးနေတဲ့အတွေး
တွေလွင့်ပြယ်သွားတယ်

"မငိုထားပါဘူး..suho ရဲ့..xing အိပ်ချင်နေလို့
ပါ..အာ့ကြောင့်မျက်ရည်တွေဝဲနေတာနေမှာ"

မျက်ဝန်းမှတစ်ဆင့်စီးကျလုနီးနီးဖြစ်နေတဲ့မျက်ရည်တွေချစ်တဲ့သူကိုမမြင်စေချင်ဘူးလေ..လိမ်ညာမှုစကားလုံးတွေကို မျက်ဝန်းက ပုံမဖော်တက်တော့..နုတ်ခမ်းဖျားကနေပဲ သူ့အတွက်ပုံဖော်ကာလိမ်ညာမိခဲ့တယ်

အိမ်အပြန်လမ်းမှာကျွန်တော့်ကိုစကားတစ်လုံးမျှပြန်မပြောတော့တဲ့ xing ကို ကားမောင်းနေရင်းနဲ့
လှည့်ကြည့်မိတယ်...သိသိသာသာလေး
ညိုးရော်သွားခဲ့တဲ့မျက်နှာလေးက ကျွန်တော့်
ရင်ကို ပူလောင်လွန်းလှတယ်..ကျွန်တော်
လည်းလူသားတစ်ယောက်ပဲဗျာ..အသည်းနှလုံး
ရှိတယ် ခံစားတက်တယ် နာကျည်းတက်ပါတယ်

ကျွန်တော်လည်းတစ်နေ့တစ်နေ့ သူ့ရှေ့မှာသာ
ဖော်မပြခဲ့တာပါ..ရင်ထဲမှာတော့အရူးမီးဝိုင်းနေခဲ့
တာ..သူကကျွန်တော့်ကိုအချိန်အကန့်အသတ်
တစ်ခုအောက်မှာချစ်ခဲ့တာလေ...ခုဆိုကျွန်တော်
အချိန်တွေကိုမုန်းတက်တဲ့သူတစ်ယောက်ဖြစ်နေခဲ့ပြီ
အချိန်တွေရပ်သွားမှာကိုကြောက်နေခဲ့ရပြီ

" xing.."..ပထမအကြိမ်

ကျွန်တော်သူ့နာမည်လေးကိုကားမောင်းနေရင်းနဲ့
ခေါ်လိုက်တယ်

"Xing"...ဒုတိယအကြိမ်

"Xing"...တတိယအကြိမ်

ကျွန်တော့်ခေါ်သံကိုတောင်သူမကြားနိုင်ရလောက်အောင် စိတ်ပင်ပန်းမှုတွေရှိနေတယ်ဆိုတာ ကျိန်း
သေနေပြီ....ထိုင်ခုံမှာထိုင်ရင်း ပြတင်းပေါက်
ဘက်ကိုငေးကာ ဘာကိုမှတုန့်ပြန်မှုမရှိတော့တဲ့
သူ့ကို...တကယ်စိတ်ပူသွားရတယ်..

"ကျွီ"......

ကားလေးရပ်တန့်သွားမှ xingလည်း လူနဲ့စိတ်နဲ့ပြန်ကပ်လာတယ်..suho ကိုလှည့်ကြည့်တော့ သူ
ကားကိုစက်သတ်နေတယ်လေ..ပတ်ဝန်းကျင်ကို
လှည့်ပတ်ကြည့်ပြန်တော့လည်း xing တို့အိမ်ကို
ရောက်သေးတာမဟုတ်...

"Suho shi......................."

ကျွန်မစကားတွေမဆုံးလိုက်...နွေးထွေးတဲ့လက်တစ်စုံဟာ ကျွန်မရဲ့ပုခုံးနှစ်ဘက်ကို ဆွဲကိုင်ပြီး
တည်ငြိမ်လွန်း လှတဲ့အသံနဲ့ xing ကိုသူစိတ်ပူစွာ
မေးလာခဲ့တယ်

"Xing...ဘာတွေခံစားနေရတာလည်းဟင်
ငါ့ကိုပြောပြပါလား...အတူတူမျှဝေပြီးခံစားပေးချင်တယ်..မင်းဘာတွေဖြစ်နေလို့လည်း"

ကျွန်မကိုစိုက်ကြည့်နေခဲ့တဲ့သူ့မျက်ဝန်းတွေကိုအရင်ကလိုXing ပြန်ပြီမကြည့်နိုင်ခဲ့ဘူး..xing ရဲ့မျက်ဝန်းတွေကမညာတက်ဘူးလေ

"ဘာမှမဖြစ်ဘူး...အိမ်ကိုမြန်မြန်မောင်းပါ
Xing အရမ်းကိုအိပ်ချင်နေပြီ..အိပ်ချင်နေတာကို
မအိပ်ရတော့လူကနုံးနေတာပေါ့..."

နောက်ထပ်တစ်ခေါက် အလိမ်အညာစကားတွေ
ထပ်ပြီးပြောရပြန်ပြီ

ညရဲ့မဟူရာနက်နက်ခြုံလွှာအောက်မှာ တရွေ့ရွေ့နဲ့ပြေးလွှားနေခဲ့တဲ့ suho တို့ကားလေးဟာ ခုတော့ အိမ်ခြံဝင်းလေးထဲကို ကွေ့ကာဝင်လာခဲ့ပြီ

"ကဲ...Xing ရေ ရောက်ပြီ..ဆင်းကြရအောင်"

ကားစက်သတ်ရင်းပြောနေခဲ့တဲ့ကျွန်တော့်စကားကို
သူ့ဘက်က တစ်ခွန်းတစ်လေလေးတောင် စကား
ပြန်မလာခဲ့ဘူး..နွမ်းနယ်ပင်ပန်းနေတဲ့မျက်နာလေး
ကတော့ခုထိ မျက်နှာပေါ်မှာအထင်းသားပဲမြင်နေရသေးတယ်

အတူတူအိမ်ထဲကိုဝင်လာခဲ့ပေမယ့် အနောက်ကနေ
သူ့ခြေသံတွေပြတ်ကျန်ခဲ့တာကြောင့်..လှည့်ကြည့်လိုက်တော့..ကျွန်တော်ပြန်လာချိန်မှာထိုင်စောင့်နေတက်တဲ့ အုတ်ခုံလေးမှာ သူမ ထိုင်ပြီးကျန်ရစ်
ခဲ့တယ်

"Xing ..မဝင်သေးဘူးလား..အပြင်မှာဒီလောက်အေးနေတာ.."

"အင်း...ခနနေဝင်ပါ့မယ်..xing ဒီမှာခနလေး
ထိုင်ချင်လို့ပါ"

ကျွန်တော့်အမေးကိုလှည့်ကြည့်ပြီး ပြုံးကာပြန်ဖြေ
နေတဲ့သူ့အပြုံးကလေ..လွန်ခဲ့တဲ့အချိန်အနည်းငယ်
တုန်းကလို..မတောက်ပတော့ဘူးကြွေကျခံနီးကြယ်တစ်လုံးလို အရောင်တွေကတဖြည်းဖြည်းမှိန်မှိန်
လာခဲ့တယ်..နံရံမှာခေါင်းမှီရင်း သက်ပြင်းတွေ
ခနခန ချနေတဲ့xing ကို အနောက်ကနေ ရပ်ကြည့်
ရင်း ကျွန်တော့်ရင်ဘတ်ကြီးတစ်ခုလုံးကဗြောင်း
ဆန်နေရပြီ

စာကြည့်ခန်းထဲကိုသာ ဝင်လာခဲ့တာ ကျွန်တော့်ရဲ့
စိတ်တွေကတော့ xing ဆီမှာကျန်ရစ်ခဲ့တယ်ခုချိန်ဟာမနက် နှစ်နာရီဆိုတဲ့အချိန်ကိုကျော်လွန်ခဲ့ပြီ..သူရောကျွန်တော်ရော ခုထိကောင်းကောင်းအနားမ
ယူရသေးဘူး..ကျွန်တော့်ထက်သူ့ကိုပိုပြီးနားစေ
ချင်တာပါ..သူ့ကြည့်ရတာစိတ်ရောလူရောပင်ပန်း
နေပုံရတယ်...ဘာပဲဖြစ်ဖြစ်လေ သူ့ကိုချော့ပြောပြီး
နားခိုင်းရမယ်..အပြင်မှာအဲ့လိုသာထိုင်နေရင်ဖျား
မှာကျိန်းသေးပဲ...

ကျွန်တော်လည်း xing ရှိရာကိုခပ်သွက်သွက်
လျှောက်လာခဲ့ပြီး..သူ့ဘေးနားမှာဝင်ထိုင်
လိုက်တယ်..ရုတ်တရက်ဝင်လိုက်တဲ့ကျွန်တော့်ကို အံ့သြတဲ့မျက်ဝန်းတွေနဲ့မော့ကြည့်ပြီး

"ဟင်...ရှင်မအိပ်သေးဘူးလား..မနက်ကျအလုပ်
သွားရမှာကို"

သူကကျွန်တော့်ကိုပြန်စိတ်ပူနေပြန်တယ်

"အိပ်လို့ရမလား..မင်းကဒီမှာတစ်ယောက်ထဲကျန်ခဲ့
တာကို..ဝင်တော့လို့ ပြောတဲ့သူမရှိရင် မင်းကြည့်ရတာ ဒီည ဝင်မဲ့ပုံမပေါ်ဘူး..အဲ့တော့ငါက စိတ်အေးရပါ့မလား..အပြင်မှာတော်တော်လေးအေးနေတာကို"

အရပ်အနားမရှိပဲတောက်လျောက်ပြောချလိုက်တဲ့
ကျွန်တော့်စကားတွေကသူ့အတွက်အံသြစရာများ
ဖြစိစေသလား..ထုံစံအတိုင်းပဲပေါ့..ကျွန်တော်ပြောတဲ့စကားတွေအောက်မှာဘာမှတုန့်ပြန်မှုမရှိပဲ
ကျွန်တော့်ကိုပြုံးပြတယ်လေ

လရောင်အောက်မှာ အေးမြတဲ့သူ့အပြုံးလေးတွေ
က ကျွန်တော့်ကိုရင်ဖိုစေခဲ့တယ်..လှပတဲ့
အပြုံးတစ်ခုရဲ့နောက်မှာ ချစ်စရာကောင်းတဲ့ပါးချိုင့်
လေးတစ်ခုက ကပ်ကပ်ပါလာတက်သေးတယ်

အော်.......သူပြုံးလိုက်တာလား
နှစ်လိုဖွယ်ရာကောင်းလိုက်တဲ့အပြုံး...
ဒီလိုအပြုံးတွေသူ့မှာရှိနေတာကို

ဘာဖြစ်လို့များ...

ဘာဖြစ်လို့များ...

ငါမမြင်တက်ခဲ့ရတာလည်း....

ရင်ဘတ်ကြီးတစ်ခုလုံး တင်းခနဲဖြစ်သွားအောင်
ရင်ခုန်သံအကြီးကြီး ဒိတ် ခနဲခုန်သွားပါလား..

ငါ..ဘာဖြစ်သွားတာလည်း ..ကိုယ့်ကိုကိုယ်အလန့်တကြားနဲ့ပြန်မေးယူရတယ်

တိုးရှညင်သာသောခြေလှမ်းတွေဖြင့်အသံတိတ်
ဝင်ရောက်လာတဲ့ဆောင်းလေအေးအေးတွေက သင်းပျံ့ပျံ့နှစ်လိုဖွယ်ရှိတဲ့. နှင်းဆီပန်းတို့ရဲ့ဝတ်မှုန်လေးတွေကိုတစ်ချက်တစ်ချက် သယ်ဆောင်လာပေးနေပြန်တယ်

လေနဲ့အတူရောထွေးပါလာတဲ့.နှင်းဆီပန်းရဲ့ ရနံ့တွေကို xing အားအကုန်ရှူသွင်းရင်း

"သင်းသင်းလေးနဲ့ မွှေးလိုက်တာ..ရှင်ရောနှင်းဆီ
ပန်းရနံ့လေးမရဘူးလား"

သူ့မေးလာတဲ့အတွက်ကြောင့် လေကိုသတိထားပြီးရူကြည့်လိုက်တော့ဟုပ..တခြားပန်းတွေလိုမျိုးစူးရှရှရနံ့ပြင်းပြင်းမဟုတ်ပဲသင်းပျံ့ပြီးနူးညံ့တဲ့ရနံလေးကကျွန်တော့်နှာခေါင်းထဲကိုတိုးဝင်လာတယ်

ကျွန်တော်အာရုံစိုက်ပြီး ရူနေတာကို သူမကသဘော
ကျစွာကြည့်ရင်း ...

"Suho shi...ရှင်ယုံလား..နှင်းဆီဟာ အချစ်ရဲ့
အဓိပ္ပါယ်ကိုပြောပြတက်တယ်ဆိုတာ"

အဟ..လုပ်ပြန်ပြီ..xingဆိုတဲ့ကောင်မလေးဆီက
ကြားလိုက်ရရင်စကားအဆန်းတွေကြီးပဲလေ
ကျွန်တော်ဘာများပြန်ပြောမလည်းလို့ စိတ်ဝင်တစားနဲ့ ကြည့်နေတဲ့သူ့အကြည့်တွေကိုကြည့်ရင်း
ရီချင်လာမိတယ်...

"ဘယ်သိမှာတုန်း..ပန်းက အချစ်အဓိပ္ပါယ်ကိုပြော
ရအောင် လူတွေလိုပါးစပ်ပါတာမှမဟုတ်ပဲနဲ့"

စကားဆုံးသွားတော့ ပါးလျပြီးပန်းနုရောင်သန်း
နေတဲ့ သူ့နုတ်ခမ်းတွေဆူထွက်လာပြန်တယ်
ကျွန်တော့်အဖြေကိုလည်းသိပ်ပြီးဘဝင်မကျတဲ့ပုံနဲ့
မျက်မှောင်ကလည်းကြုတ်လိုက်သေးတယ်

"အဲ့ဒါဆို ကျွန်မပြောပြမယ်...နားထောင်"

ဆိုပြီး သူပါးစပ်ဖျားကနေ နှင်းဆီက ဘယ်လိုအချစ်
အကြောင်းတွေပြောတက်တယ်ဆိုတာကိုပြောပြ
သွားတယ်

"နှင်းဆီပန်းက အဖြူ အဝါ အနီ ပန်းရောင် နို့နှစ်ရောင် ဆိုပြီးအရောင်တွေ များကြီးရှိတယ်လေ
အဲ့လိုအရောင်အသွေးစုံပြီ.လှလှပပပွင့်ကြတဲ့နှင်းဆီတွေက...

အရောင်တစ်ရောင်ဟာ အချစ်အဓိပ္ပါယ် တစ်ခု ကိုပြောပြနေတာလေ"

အရောင်တစ်ရောင်ကအချစ်အဓိပ္ပါယ်တစ်ခုကိုပြောပြနေတယ်ဆိုပါလား..စိတ်တော့ဝင်စားစရာပဲ
သူနဲ့တွေ့မှပဲ နှင်းဆီက အချစ်အဓိပ္ပါယ်ကိုပြောတက်
တယ်ဆိုတာသိရတော့တယ်

ကျွန်တော့ကို အုတ်ခုံလေးမှာထိုင်ပြီး နှင်းဆီရဲ့အဓိ
ပ္ပါယ်ကိုရှင်းပြနေတဲ့သူမကရုတ်တရက်ထပြီး သူ
စိုက်ပျိုးထားတဲ့နှင်းဆီပင်တွေရှိရာကိုလျှောက်သွား
ခဲ့တယ်..ကျွန်တော်လည်းသူ့အနောက်ကနေကပ်ပြီး
လိုက်သွားခဲ့တာပေါ့..နှင်းဆီပင်နားရောက်တော့
သူကလေကျွန်တော့်ဘက်ကိုလှည့်ပြီး

"နှင်းဆီနီရဲ့ အဓိပ္ပါယ်ကိုပြောပြမယ်နော်"

ကျွန်တော်လည်းသူ့ကိုပြုံးပြီး

"အင်း...ပြောပြလေ"

ညရဲ့မဟူရာမျက်နှာပြင်မှာ ငွေရောင်တလက်လက်ထနေတဲ့ လမင်းရဲ့ရောင်ပြန်ဟပ်မှုကြောင့် xing
ရဲ့မျက်နှာလေးဟာ လမင်းကြီးနဲ့အပြိုင်ဝင်းပလို့နေ
တယ် အလှပကိုမြတ်နိုးတက်တဲ့မိန်းမတစ်ယောက်နဲ့
အဆူးအခက်တွေခြံရံပြီး အလှမာန်ဝင့်နေတဲ့ ပန်းနှင်း
ဆီတွေကြားမှာ ချစ်ခြင်းရဲ့အဓိပ္ပါယ်ကို ပုံဖော်ပေးနေတဲ့ သူမရဲ့လှုပ်ရှားမှုတွေဟာ မြင်ရတဲ့သူအဖို့
အရည်ပျော်ကျလောက်တယ်

ပထမဆုံး မြင်နေရတဲ့နှင်းဆီနီတစ်ပွင့်ကိုခူးပြီး
သူကျွန်တော့်ကိုလှမ်းကြည့်တယ်..ပြီးတော့သူ့မျက်ဝန်းတွေက လက်ထဲမှာပါလာတဲ့နှင်းဆီပန်းကိုစိုက်ကြည့်ပြီး...

"အနီရောင်နှင်းဆီက ချစ်ခြင်းမေတ္တာကိုကိုယ်စား
ပြုတယ်လေ ..နှင်းဆီနီတစ်ပွင့်ဟာ တစ်မိုးအောက်
မှာ တစ်လောကလုံးမှာ မင်းရဲ့အချစ်တစ်ခုကိုပဲ မျှော်
လင့်စောင့်စားနေပါတယ်လို့ အဓိပ္ပါယ်ရတယ်"

ပန်းတစ်ပွင့်ကိုကိုင်ပြီးချစ်ခြင်းတွေခွန်းသီဖွဲ့နေတဲ့
သူမရဲ့စကားလုံးတွေကကျွန်တော့်ရဲ့ဘယ်ဘက်ရင်အုံထက်မှာနွေးကနဲပါပဲ

နောက်ထပ် နှင်းဆီပန်းလေးနှစ်ပွင့်ကိုသူထပ်ခူးလိုက်
ပြန်တယ်..ထုံးစံအတိုင်းကျွန်တော်ကိုကြည့်ပြန်တယ်လေ..နှင်းဆီလေးနှစ်ပွင့်ထဲကတစ်ပွင့်ကို
သူညင်သာစွာနမ်းရှိုက်ပြီး

"ဒီနှင်းဆီနီလေးနှစ်ပွင့်ကတော့ တစ်မိုးအောက်မှာ
မင်းနဲ့ကိုယ်နဲ့နှစ်ယောက်ထဲ အချစ်တွေနဲ့ရှေ့ဆက်
ကြမယ်လို့ အဓိပ္ပါယ်ရတယ်"

ကန်ရေပြင်ထဲခဲလေးတစ်လုံးပစ်ချလိုက်သလို..တည်ငြိမ်နေတဲ့နှလုံးသားမျက်နှာပြင်ဟာ
သူ့နုတ်ခမ်းကနေခြွေချလိုက်တဲ့စကားလုံးတွေရဲ့
အောက်မှာ ပရမ်းပတာနဲ့ရမ်းခါသွားခဲ့ပြီ..သူမက
အချစ်အတွက်သိပ်ကိုချိုမြတဲ့ကဗျာတစ်ပုဒ်ကိုရေး
စပ်နေတဲ့သူတစ်ယောက်နဲ့တူတယ်

ထပ်ပြီး နှင်းဆီနီသုံးပွင့်ကို သူထပ်ခူးလိုက်ပြန်တယ်
ဒီတစ်ခါတော့ သူကျွန်တော့်ကိုမကြည့်တော့ဘူးဗျ
လက်ထဲမှာကိုင်ထားတဲ့ အနီရောင်နှင်းဆီသုံးပွင့်ကို
တစ်လှည့်ဆီ နမ်းရှိုက်နေပြန်တယ်
နှင်းဆီသုံးပွင့်ကို အနမ်းတွေခြွေအပြီးမှာတော့
သူကျွန်တော်ရှိတဲ့ဘက်ကိုမျက်နှာချင်းဆိုင်ပြီး
ရပ်လိုက်တယ်..သူ့မျက်ဝန်းတွေကိုကျွန်တော်ဖတ်
ရသလောက်တော့ သူတစ်ခုခုပြောတော့မယ်ဆိုတာ
ကိုကျွန်တော်သိနေတယ်..လက်ထဲမှာကိုင်ထား
တဲ့နှင်းဆီနီသုံးပွင့်ကိုကျွန်တော်မြင်အောင်ပြရင်း

"ဒီအနီရောင်နှင်းဆီသုံးပွင့်က.........
စကားလေးသုံးခွန်း..I love you.....တဲ့
ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့ ဝန်ခံတဲ့ အဓိပ္ပါယ်
ပေါ့"

စကားတွေရဲ့အဆုံးမှာ သူ့မျက်ဝန်းတွေကကျွန်တော့်ကိုစကားတွေထပ်ပြောနေသေးတယ်..နှင်းဆီနီလေးသုံးပွင့်ကိုကျွန်တော့်လက်ထဲထည့်ပြီး ကျွန်တော့်ရင်ကို သိမ့်ခနဲတုန်ခါသွားစေမယ့်စကားတွေ
ကိုလည်းဆက်ပြောနေပြန်တယ်

"ဒီနှင်းဆီနီလေးသုံးပွင့်နဲ့..ရှင့်ကိုချစ်တယ်လို့
ဝန်ခံပါရစေ...ရှင့်ကိုအရမ်းချစ်တယ် suho"

နှင်းဆီနီသုံးပွင့်ရဲ့အဓိပ္ပါယ်အောက်မှာကျွန်တော့် ရင်ဘတ်တစ်ခုလုံးဟာ မီးတောင်ကြီးကြီးတစ်လုံး အရှိန်
ပြင်းပြင်းပေါက်ကွဲသွားသလိုပဲ..ကျွန်တော့်ရင်ဘတ်
ထဲမှာ သိသိသာသာကြီးဆူညံသွားခဲ့တာ..တင်းခံ
နေတဲ့နှလုံးသားကသူ့ရှေ့မှာပေါက်ကွဲထွက်တော့မယ်

"ရှင်နှလုံးသားကရော...အနီရောင်နှင်းဆီပန်း
သုံးပွင့်နဲ့ ..................ထပ်တူကျရဲ့လားဟင်"

ထိုအသံကလေးက.....သူမနုတ်ဖျားထက်မှာ
တိုးညင်းစွာ.....

ရင်ထဲက နွယ် ပင်ကိုအမြစ်တွယ်ခိုင်မာစေပြီး..အချစ်ပန်းတွေပွင့်ဝေစေခဲ့သူ
ပိတ်ထားတဲ့နှလုံးသားတံခါးကို
အချစ်ဆိုတဲ့ တွန်းကန်အားနဲ့
တွန်းဖွင့်နိုင်ခဲ့တဲ့သူ...

_________________________

Suho shi ကျေးဇူးပြုပြီးတော့ရှင့်နှလုံးသားနဲ့
ထပ်တူကျတယ်လို့ ဖြေပေးပါ
ရှင်လည်းကျွန်မကိုချစ်နေတာပဲလေ
ဒါဟာနောက်ဆုံးအခွင့်အရေးပါ
ရှင့်နာရီလေး....အချိန်တွေရပ်တန့်သွားခဲ့ပြီမို့
ရှင့်ဆီကချစ်တယ်ဆိုတဲ့စကားကိုနောက်ဆုံးအနေနဲ့
ကြားချင်လို့ပါ..suhoရယ်..

ကျေးဇူးပြုပြီး..

ကျေးဇူးပြုပြီး..

ကျေးဇူးပြုပြီး..

၁ စက္ကန့်

၂စက္ကန့်

၃ စက္ကန့်
.
.
.
.
.
.
.
.
.
၁၃ စက္ကန့်

သူ့နုတ်ခမ်းတွေ သစ်ရွက်တစ်ရွက်လှုပ်သလိုသဲ့သဲ့လေး လှုပ်ခါသွားတယ်..၁၃ စက္ကန့်ကြာပြီးမှထွက်လာမဲ့ စကားကို xing ရင်မောစွာ စောင့်နေခဲ့တာ
သူဘာပြန်ပြောမလည်းလို့လေ...

"မင်း နှလုံးသားနဲ့ထပ်တူကျတယ်ဆိုတဲ့ ဒီနှင်းဆီ
ပန်းလေးသုံးပွင့်ကို ငါ...သိမ်းထားပါ့မယ်..အထဲ
ဝင်တော့နော်..အပြင်မှာအရမ်းချမ်းလာပြီ..
မင်းအနားယူသင့်ပြီလေ..."

စကားရဲ့အဆုံးမှာ xing သူ့ကိုကြည့်လိုက်တော့
သူ့ကျောပြင်လေးကိုပဲမြင်လိုက်ရတယ်..ခုတော့
နီးစပ်နေတဲ့ နှလုံးသားနှစ်ခုရဲ့ကြားမှာ လက်လှမ်းလို့မမှီနိုင်တဲ့..ဝေးကွာခြင်းဆိုတဲ့အရာကအဆုံး
သတ်ပေးလိုက်ပြီ..

ရက်စက်လိုက်တာsuhoရယ်..ကျွန်မမျက်ဝန်းတွေ
ကဘာကိုတောင့်တနေလည်းဆိုတာကိုသိရဲ့သားနဲ့
ချစ်တဲ့သူမကြားနိုင်အောင်
ရင်ထဲကနေတိတ်တဆိတ် ကြေကွဲနေရတာ
ပင်ပန်းလွန်းလှပါပြီ...ရှင့်ဆီကနေ ချစ်တယ်လို့
ပြောတဲ့ စကားသံလေးကို xing နားထောင်သွားချင်
တာပါ...xing လောဘတွေသိပ်ကြီးသွားလားဟင်
Suho ရယ်အဲ့လောက်တောင်ပဲလား...

________________________

Xingကိုပြောပြီးလှည့်ထွက်လာခဲ့တာ..
စာကြည့်ခန်းထဲရောက်တော့ ရင်ထဲမှာမီးခဲတွေမြို
ချထားရသလိုပဲအတွင်းက ကလီစာတွေလောင်
ကျွမ်းနေပြီလားမသိဘူး..

ငါလည်းရင်နာရပါတယ် xing ရယ်..မင်းမျက်ဝန်း
တွေကဘာတွေတောင့်တနေသလည်းဆိုတာကို
ငါ သိရက်နဲ့ မမြင်ချင်ယောင်ဆောင်ခဲ့တာ..
ငါ ချစ်တယ်လို့ မင်းကိုဖွင့်မပြောနိုင်ခဲ့ဘူး

ချစ်ခြင်းဆိုတဲ့ စကားတစ်ခွန်းရဲ့နောက်မှာငါ့အတွက် ဝေးကွာခြင်းက ဒုတိယအကြိမ်ထပ်ရှိနေပြန်ပြီ
မင်းကိုချစ်တယ်လို့ဖွင့်ပြောပြီးမှ ထပ်ပြီးဝေးကွာခဲ့ရင်
ဒီတစ်ခါ ငါသေလိမ့်မယ် xing ရယ်..အဲ့လိုသာဖြစ်လာခဲ့ရင် ငါ့နှလုံးသားကခံစားနိုင်မှာမဟုတ်တော့ဘူး
ဒါကြောင့်မင်းကိုဖွင့်ပြောဖို့..ငါ့နှလုံးသားကခွင့်မပြုခဲ့တာ

ဖွင့်ပြောခြင်းမရှိတဲ့ချစ်ခြင်းမှာဝေးကွာခြင်းကငါ့
အတွက်ခံစားရတာသက်သာစေတယ်မဟုတ်လား

အဲ့တော့.....
မင်းပြောသလိုပဲ.ငါကမချစ်တက်တဲ့သူပေါ့..အဲ့လိုပဲ
သတ်မှတ်လိုက်ပါတော့ xing ရယ်....

_________________________

ခုတင်ပေါ်မှာနှစ်နှစ်ချြိုက်ခြိုက်အိပ်ပျော်နေတဲ့xing
ကိုကြည့်ပြီးxing နဖူးလေးကိုကျွန်တော်အနမ်းခပ်ဖွဖွလေးပေးလိုက်တယ်..ခုတော့သူမ စိတ်မောလူမောနဲ့အိပ်ပျော်သွားခဲ့ပြီ..အိပ်မပျော်နိုင်တဲ့သူက
တော့ကျွန်တော်ပါ

ဒီအခန်းထဲကို ကျွန်တော် တတိယမြောက်အကြိမ်
ရောက်ခဲ့ခြင်းပါ..ဒီအခန်းထဲကပစ္စည်းတွေထဲမှာ
ကျွန်တော်သတိထားမိခဲ့တဲ့အရာကတော့
နေရာပြောင်းလဲခြင်းမရှိပဲ ယခုထက်ထိ ပုံစံမပျက်
တည်ရှိနေတဲ့ ထောင့်ကျကျ နေရာလေးတစ်ခုမှာ
တင်ထားတဲ့ ကြွေပန်းအိုးနဲ့နှင်းဆီနီလေးတစ်ပွင့်

ကြွေပန်းအိုးထဲမှာထိုးထားတဲ့နှင်းဆီနီလေးဟာ
ယခုထက်တိုင် အဖော်မဲ့စွာတစ်ပွင့်တည်းပဲရှိနေတုန်း
ပန်းအစစ်ပေမယ့် ညိုးနွမ်းသွားခြင်းမရှိခဲ့ဘူး
ကြည့်ရတာ xing နေ့တိုင်းပန်းအသစ်လဲလဲပေး
နေပုံရတယ်...အော်...သူတော်တော်နှင်းဆီတွေကို
ချစ်တာပဲ..

ခုနက xing ပြောခဲ့တာလေးကို နားထဲပြန်ကြား
မိတယ်.အနီရောင်နှင်းဆီလေးတစ်ပွင့်က
ကိုယ်ချစ်ရတဲ့သူရဲ့အချစ်ကို မျှော်လင့်စောင့်စား
နေတာတဲ့....

ဒီအခန်းထဲမှာခုထိ နှင်းဆီနီလေးတစ်ပွင့်ကိုမပြတ့်ထိုးပြီး..မင်း ငါ့ဆီက အချစ်တွေကိုမျော်လင့်နေခဲ့တာလား xing ရယ်...

Xingခုတင်ဘေးနားမှာထိုင်ရင်းအခန်းထဲကိုလှည့်
ပတ်ကြည့်နေတာ အနည်းကြာသွားခဲ့ပြီ..ခုတော့
သူလည်းစာကြည့်ခန်းကိုပြန်သင့်ပြီမလား..ခနလေး
ဖြစ်ဖြစ် နားရအုံးမယ်လေ

_________________________

မနက်မိုးလင်းတော့ထုံးစံအတိုင်း suho ဆေးရုံသွား
ဖို့ပြင်ဆင်ရတာပေါ့..xing ကလည်းထုံးစံအတိုင်း
Suho စားသွားဖို့မနက်စာပြင်ပေးနေတာပေါ့

"ဘယ်တုန်းကရင်းထပြီးမနက်စာတွေပြင်ဆင်ထား
တာလည်း..တစ်ညလုံးမင်းမအိပ်ထားဘူးလား"

"မစိုးရိမ်ပါနဲ့ suho ရယ် ..xing အိပ်မပျော်လို့ပါ"

"မူးနေမှာစိုးလို့ပြောတာပါ...ခနဖြစ်ဖြစ်ပြန်အိပ်လိုက်နော်."

အလုပ်အိတ်ယူပြီး ဖိနပ်စီးကာ သွားဖို့ဟန်ရေးပြင်နေတဲ့ကျွန်တော်ရဲ့နောက်ကျောပြင်ကိုတင်းကြပ်
စွာ သူမဖတ်ထားတာကြောင့်
ထွက်သွားမလို့ဟန်ပြင်နေတဲ့ ကျွန်တော်
ကိုယ်အရှိန်က တန့်သွားခဲ့တယ် ခါးတဝှိုက်မှာ
ဖတ်တွယ်ထားတဲ့သူမလက်တစ်စုံကိုဖြုတ်ပြီး
လှည့်ကြည့်မယ်လုပ်တော့

"လှည့်မကြည့်နဲ့"

အလုပ်သွားခါနီးတစ်ခါမှဒီလိုမလုပ်ဖူးတဲ့သူမကြောင့်
Suho ရုတ်တရက် ရင်ထဲမှာတော့ လန့်သွားတယ်

"ဘာမှမဟုတ်ပါဘူး..ဒီလိုပဲ ရှင့်နောက်ကျော
လေးမှာ မှီကြည့်ချင်လို့ပါ..."

" xing....."

ကျွန်တော့်ကိုစကားပြောခွင့်မပေးပဲ

"ဘယ်ချိန်ပြန်လာမှာလည်း...ထုံးစံအတိုင်း
မိုးချုပ်မှာပဲလားဟင်"

"အင်းပေါ့..ထုံးစံအတိုင်းပဲ မိုးချုပ်မှာပေါ့"

တောင်းပန်ပါတယ် suho...အရင်ကရှင့်အလုပ်ကပြန်လာချိန်ကိုမေးတာဟာ ရှင့်ပြန်အလာကိုကျွန်မ
စောင့်နေဖို့ပါ...ခုမေးတာက..ကျွန်မထွက်
သွားဖို့အတွက်ပါ...နုတ်ဆက်ခဲ့တယ်နော်
Suho...ရှင့်ကိုအရမ်းချစ်တယ်....

_________________________

တကယ်တော့လေ..ကျွန်မရှင့်ဆီကနေ
ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းကိုကြားချင်
ခဲ့တာပါ...ရှင့်ကိုချစ်တယ်လို့ကျွန်မကဖွင့်ပြော
ခဲ့ပေမယ့် ..ရှင်ကတော့နောက်ဆုံးချိန်ထိ ဖွင့်မပြော
ခဲ့ဘူး..နောက်ဆုံးအချိန်ထိ တင်းခံနေခဲ့တယ်

ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့ဖွင့်မပြောနိုင်ရလောက်အောင် အဝေးဆုံးကို တွန်းပို့နေတဲ့
ရှင့်နှလုံးသားက အဲ့လောက်တောင်ပဲမာကြော
နေတာလား

ခုတော့ ရှင့်နာရီလေးလည်း..အချိန်တွေ
သေဆုံးခဲ့ပြီ..ရှင်နဲ့ကျွန်မနဲ့ဝေးကွာစေဖို့အစ ဖြစ်ခဲ့ပြီ

ရှင့်နှလုံးသားထဲက အချစ်ဆိုတဲ့အရာကို ထုတ်ပြ
နိုင်တဲ့တစ်နေ့...ကျွန်မတို့နှစ်ယောက်ပြန်ဆုံကြမယ်

နုတ်ဆက်ခဲ့တယ်.........suho

ကဲ...မအပ်တာကြာလို့အကြွေးဆပ်တဲ့အနေနဲ့
အရှည်ကြီး update ပေးထားပါတယ်လို့
tag ကျန်ခဲ့ရင်ခွင့်လွတ်ပါနော်..

Continue Reading

You'll Also Like

24.3K 1.5K 32
The story is about a very prominent Rajput family in Rajasthan, well-known in their village, and they have a large business empire of the jewelry and...
102K 5.8K 141
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...
370K 13.1K 42
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !