Messy Relationship ( Hiatus)

By Hsubaekhyun

58.3K 4.4K 205

ဘဝ ...။ ကျွန်တော့်ဘဝက သူနဲ့မတွေ့ခင်ကထိ အရာရာအဆင်ပြေချောမွေ့နေပြီးသား ...။ သူ ကျွန်တော့်ဘဝထဲရောက်ရှိလာတဲ့နေ့ကစ... More

Messy Relationship
Messy Relationship - Each Sight (BBH)
Messy Relationship - Before Meeting
Messy Relationship - First Meeting
Messy Relationship - Focus
Messy Relationship - First Trouble
Messy Relationship - Second Trouble
New Fic
Messy Relationship - Home
Messy Relationship - Cold Breeze
Chanbaek Day @ Mdy
Messy Relationship - Sadness
Messy Relationship - Half Day Peace
Messy Relationship - The First of ...
Other sides of Us
Messy Relationship - False
ချစ်​ခြင်း၏ထူးဆန်းအံသြဖွယ်​​ကောင်း​သော
Messy Relationship - Thoughts
Messy Relationship - Thoughts 2
Messy Relationship - First Kiss

Messy Relationship - Each Sight (PCY)

4.3K 294 2
By Hsubaekhyun

Messy Relationship - Each Sight (PCY)

At Wu's mansion ,

"Borr ? Appa ! မဖြစ်​နိုင်​ဘူး​နော်​ ... ! ကျွန်​​တော်​သ​ဘောမတူဘူး "

ဧည့်​ခန်းထဲက Sofa ​ပေါ်ထိုင်​ထိုင်​ခြင်း ​ပြောလိုက်​​သော appaစကား​ကြောင့်​ နားမလည်​ခြင်းများစွာဖြင့်​ ကျွန်​​တော်​​ပြောမိတယ်​ ။

မျက်​နှာလွဲကာ​ပြော​နေ​သော Appa က ကျွန်​​တော့်​ကိုတစ်​ချက်​လှမ်းကြည့်​တယ်​ ... appaရဲ့မျက်​ဝန်း​တွေက 'သူ့ကိုငဲ့ညှာပါ' ဆိုတဲ့အ​ငွေ့အသက်​​တွေပါတဲ့နူးညံ့ခြင်းမျိုးနဲ့ ကြည့်​​နေတယ်​ ။ဒီလိုအကြည့်​မျိုးနဲ့ ကျွန်​​တော့်​ကို appaကြည့်​တိုင်း ကျွန်​​တော့်သ​ဘောထား​တွေ နူးညံ့သွားတတ်​တာ ... အဲ့ဒါကို appa သိထားတယ်​​လေ ။
ဒီတစ်​ခါ​တော့ သူအ​လျှော့​ပေးလို့မဖြစ်​ပါ ။သူ့ဘဝကြီးတစ်​ခုလုံး​ပြောင်းလဲသွားမယ့်​အ​ရေးမို့ သူလွယ်​လွယ်​နဲ့ လက်​မ​လျှော့နိုင်​ပါ ။

"Appa .. ကျွန်​​တော့်​ကိုဘယ်​လိုကြည့်​ကြည့်​ ကျွန်​​တော့်​သ​ဘောထားက ​ပြောင်းမှာမဟုတ်​ဘူး... appaက ကျွန်​​တော်​သ​ဘောတူမယ်​ ထင်​​နေတာလား "

"စဉ်းစားပါဦး သားရယ်​ ... appa ခု​ပြော​နေတာက appa တစ်​​ယောက်​တည်းအတွက်​​ပြော​နေတာမဟုတ်​ဘူး ... သားအတွက်​​ရောပါတယ်​ ... appa တို့နှစ်​​ယောက်​စလုံး အားလုံးအဆင်​​ပြေဖို့​ပြော​နေတာ သား "

" Hak ! သားအတွက်​​ရောလို့မ​ပြောပါနဲ့ appaရယ်​ ... appa ​ပြော​နေတာ appaအတွက်​ချည်းပဲ "

"Chanyeol ! မင်း ...! "

ကျွန်​​တော်​စကား​ကြောင့်​ appa စိတ်​တိုသွားပုံရတယ်​ ...

" မဟုတ်​လို့လား appa ? Appa ​နောက်​မိန်းမယူတဲ့ကိစ္စက appaအတွက်​မဟုတ်​ဘူးလား "

ကျွန်​​တော်​ appaကို​ပြောရင်း စိတ်​ပျက်​စွာကြည့်​မိတယ်​ ။ Appa ကသက်​ပြင်းတစ်​ချက်​ချပြီး ကျွန်​​တော့်​ကို​ပြောတယ်​ ။

"ခုကိစ္စက appa​နောက်​မိန်းမယူတာမို့လို့ appaနဲ့ပဲဆိုင်​တဲ့ကိစ္စမဟုတ်​တာ သားလဲသိသားနဲ့ Chanyeolရယ်​ ..."

"သိတယ်​ .. ကျွန်​​တော်​နဲ့လဲဆိုင်​​နေလို့ appaကိုကျွန်​​တော်​​ပြော​နေတာ ... ပြီး​တော့ appaရဲ့​နောက်​မိန်းမကို Omma​နေရာမှာအစားမထိုးနိုင်​ဘူး ... appaအစားထိုးနိုင်​​ပေမယ့်​ ကျွန်​​တော်​ကမရဘူး "

"မင်းကိုလည်း မင်းOmma​နေရာမှာအစားမထိုးခိုင်းပါဘူးကွာ ...ဒီအတိုင်း လက်​ခံ​ပေးရုံပဲ ...ခု appa​နောက်​မိန်းမယူတာက အိမ်​အတွက်​​ရော ကုမ္ပဏီအတွက်​လဲပါတယ်​ ...appaတို့ကုမ္ပဏီနှစ်​ခု​ပေါင်းလိုက်​ရင်​ ​တော်​​တော်​ကြီးကို​အောင်​မြင်​တဲ့ကုမ္ပဏီကြီးဖြစ်​သွားမှာ သားလဲသိရဲ့သားနဲ့ ... Chanyeol , မင်းက​လေးမဆန်​ချင်​စမ်းပါနဲ့ကွာ "

"ကျွန်​​တော်​က​လေးဆန်​တာမဟုတ်​ဘူး appa ... appaက မိန်းမယူတာကို စီးပွား​ရေးတွက်​တွက်​ပြီးယူတာ အ​ရေးမကြီး​ပေမယ့်​ ကျွန်​​တော်​က​တော့ ကျွန်​​တော့်​တို့သားအဖနှစ်​​ယောက်​ရဲ့ဘဝထဲ သူစိမ်းဝင်​လာတာကို မကြိုက်​တာ ... လက်​မခံနိုင်​တာ ... အိမ်​အတွက်​အဆင်​​ပြေတယ်​ ဟုတ်​လား ? လိုမှမလိုပဲ ... အိမ်​မှာ အကူargima ရှိ​နေတာပဲ ... ပြီး​တော့ ကျွန်​​တော့်​အတွက်​လဲမလိုအပ်​ဘူး "

" သားက appaခု​နောက်​မိန်းမယူတာကို စီးပွား​ရေးတွက်​တွက်​ပြီးယူတယ်​လို့​ပြောတယ်​​နော်​ ... မဟုတ်​ဘူး သား .. appa​ပြောပြမယ်​ ... မင်းအ​မေနဲ့လက်​ထပ်​ခဲ့တာ မိဘ​ပေးစားလို့ယူခဲ့တာ ...အဲ့အချိန်​တုန်းက appaမှာချစ်​သူရှိတယ်​ ... သူကမိဘမဲ့မို့လို့ appaတို့ဘက်​ကသ​ဘောမတူခဲ့ဘူး ... appaတို့ကိုခွဲပစ်​ပြီး appaကိုမင်းအ​မေနဲ့အတင်းလက်​ထပ်​​ပေးခဲ့တာ ... အဲ့အချိန်​တုန်းက appaအသုံးမကျခဲ့လို့ သူနဲ့​ဝေးခဲ့ရတာ ... ဒီတစ်​ကြိမ်​​တော့ မ​ဝေးချင်​ဘူး သားရယ်​ "

Appaစကား​ကြောင့်​ ကျွန်​​တော်​ အံသြသွားတယ်​ ... ဒါဆို အဲ့မိန်းမကြီးက appaခုယူမယ့်​မိန်းမက appaရဲ့ငယ်​ချစ်​လား ...

"အဲ့ဒါဆို appaခုယူမယ့်​မိန်းမက ..."

"ဟုတ်​တယ်​ သား ... appaနဲ့​ဝေးခဲ့ရတဲ့ appaရဲ့ငယ်​ချစ်​ဦးပဲ Zi Taoတဲ့ ... appaရဲ့ဘဝမှာ သူ့တစ်​​ယောက်​တည်းကိုပဲချစ်​ခဲ့တာ ... သားommaကိုယူခဲ့​ပေမယ့်​ မချစ်​ခဲ့ဘူး
... သားommaအ​ပေါ်မှာမချစ်​ခဲ့​ပေမယ့်​ လင့်​ဝတ္တရားနဲ့အညီ​နေခဲ့တာ ... ခု သားommaဆုံးပြီးတာ သားတစ်​သက်​ပဲရှိ​နေပြီ ... appaကို နားလည်​​ပေးလို့မရဘူးလား Chanyeol "

"ကျွန်​​တော်​ နားလည်​မ​ပေးနိုင်​ဘူး appa"

"​အေး .. ဒီ​လောက်​နားလည်​​အောင်​ ရှင်းပြပြီး ​ပြေလည်​​အောင်​​ပြောပြ​နေတာကိုမှ လက်​မခံလည်းမတက်​နိုင်​ဘူး ... ငါ အားလုံးစီမံပြီးသား ... မင်းကိုအသိ​ပေးတာ ... မင်းလက်​မခံလည်း ငါလုပ်​မှာပဲ ... ပွဲဖျက်​ဖို့​တော့မစဉ်းစားနဲ့ Chanyeol "

ဒီတစ်​ခါ appaကကျွန်​​တော်​သ​ဘောထားကိုဆန့်​ကျင်​ပြီးလုပ်​​တော့မယ်​​ပေါ့...

ကျွန်​​တော်​ appa ကို စိတ်​ပျက်​သလိုတစ်​ချက်​ကြည့်​ပြီး ဧည့်​ခန်းထဲကထွက်​လာခဲ့တယ်​ ...

" ...... "

နောက်​က appaလှမ်း​ပြောတဲ့စကားတစ်​ခွန်း​ကြောင့်​ ဧည့်​ခန်းထဲကထွက်​ပြီး အိပ်​ခန်းထဲသွားမယ့်​ လမ်း​ကြောင်းက​နေ ကား​သော့ယူပြီးအိမ်​အပြင်​ကိုပဲထွက်​လာခဲ့တယ်​ ။

ဧည့်​ခန်းထဲမှာ ကျန်​ခဲ့တဲ့ Kris က​တော့ ထွက်​သွားတဲ့ သူ့သား Chanyeol ကိုကြည့်​ပြီး သက်​ပြင်း​မောကြီးတစ်​ချက်​ချလိုက်​မိတယ်​ ။

ကျွန်​​တော်​ Appaနဲ့ဆက်​ပြီးစကားမ​ပြောချင်​​တော့ဘူး ...အမြဲတမ်း appaအ​ပေါ်မှာ​လေးစားအထင်​ကြီးတဲ့စိတ်​ပဲရှိ​နေခဲ့ရာက ဒီတစ်​ခါ​တော့ စိတ်​ပျက်​မိတယ်​ ... ကျွန်​​တော်​က ကျွန်​​တော့်​မိသားစုမဟုတ်​တဲ့သူ​တွေဆို ​တော်​ရုံနဲ့လက်​မခံတတ်​မှန်း appaသိသားနဲ့ ... ဒီလိုလုပ်​မယ်​ဆို အ​စောကြီးကတည်းက သူ့ငယ်​ချစ်​ဦးဆိုတဲ့မိန်းမနဲ့​တွေ့​ပေးပြီး ရင်းနှီး​အောင်​​နေခိုင်းပြီး လက်​ခံလာ​အောင်​လုပ်​ရမှာ ... ခု​တော့ appa က ...

ပြီး​တော့ အဲ့မိန်းမမှာ ကျွန်​​တော်​နဲ့ရွယ်​တူသားတစ်​​ယောက်​လည်း ပါတယ်​တဲ့​လေ ... ​စောင့်​ကြည့်​လိုက်​ appa ... ကျွန်​​တော့်​သ​ဘောမပါဘဲ လုပ်​ခဲ့တဲ့အတွက်​ ဘယ်​သူစိတ်​ဆင်းရဲရမလဲ ... ​စောင့်​ကြည့်​​ပေါ့ appa !

Huu ~~~

ခုချိန်​ ဘာမှမ​တွေးဘဲ ကျွန်​​တော်​တစ်​​ယောက်​တည်းပဲ​နေချင်​မိတယ်​ ။

*************************

လုပ်​လိုက်​ပြန်​ပြီ hsubaekhyun တို့က​တော့ ..

ဟိုတစ်​ပုဒ်​​တောင်​ မပြီး​သေးဘဲ လက်​ယားပြီး​ရေးလိုက်​ပြန်​ပြီ ။

စိတ်​မဆိုးနဲ့​နော်​ ... ချစ်​ဆုံးတို့ ။

ဒီတစ်​ခါလဲ ChanBaek fic ပါပဲ ... ပြီး​တော့ Yaoi ပါလို့ ... ။
သ​ဘောကျရဲ့လား​ဗျ ...
အပန်းမကြီးရင်​​ဖြေ​ပေး​နော်​ ...။

I love u all , my readers ~
Mwak ~ Mwak ~

Continue Reading

You'll Also Like

8.2K 1K 23
Jungkook Atlas Francis - Taehyung Rowan Elliot
229K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
17K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
41K 6K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...