နွယ်​..sulay Fic

De ayemyathu291187

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... Mais

နွယ်​(ပထမပိုင်း)
နွယ်​(ဒုတိယပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၆)
နွယ်​ (တတိယပိုင်း)(၇)
နွယ်​(တတိယပိုင်း)(၉)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၇)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၃)
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၇)
နွယ်(တတိယပိုင်း)(၂၈)
My reader
နွယ်(တတိယပိုင်း)(၂၉)
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်​ (တတိယပိုင်း)(၈)

789 99 7
De ayemyathu291187

ကျွန်တော့်ရင်ခွင်ထဲမှာ သိပ်ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ကျွန်တော့်ရင်ငွေ့ကအနွေးဓာတ်တွေကိုခိုလှုံရင်းအိပ်စက်နေတယ်...

အိပ်နေတဲ့မိန်းခလေးတစ်ယောက်အပေါ် ကျွန်တော်အသားယူတာမဟုတ်ပါဘူးဗျာ...
စိတ်ရောကိုယ်ရောပင်ပန်းလွန်းပြီးအိပ်ပျော်သွားခဲ့တဲ့သူ့မရဲ့ပုံစံလေးဟာ ပုံစံတစ်မျိုးနဲ့ဆွဲဆောင်မှုရှိနေပြန်တယ်လေ...ကြွေနွမ်းတော့မယ်ပန်းတစ်ပွင့်ဟာနောက်
ဆုံးချိန်မှာတော့အလှပဆုံးဖူးပွင့်ပေးခဲ့သလိုပေါ့နောက်
ဆုံးနွမ်းနေသည့်တိုင်အောင်ပန်းရဲ့တောက်ပမှုအလှဟာ
ပျောက်ကွယ်မသွားခဲ့ဘူးလေ...

xing ဆိုတဲ့ကောင်မလေးလည်းဒီလိုပဲပေါ့ ပင်ပန်းမှုတွေမျက်နှာမှာ အထင်းသားမြင်ရပေမယ့် ပင်ပန်းလွန်း
လို့နွမ်းနေတဲ့သူ့မျက်နှာလေးက လူကိုရင်ခုန်အောင်လုပ်
တာကိုးဗျ....အဟတ်.....မနေနိုင်တဲ့အဆုံး သူ့နုတ်
ခမ်းလေးနဲ့ ပါးလေးကို နမ်းလိုက်မိတာပါ...ဒါမယ့် ကျွန်တော်သစ္စာရှိပါတယ်နော်.....နုတ်ခမ်းလေးရော
ပါးလေးရော...တစ်ကြိမ်စီပဲနမ်းတာပါ...

ချစ်ရတဲ့သူကိုရင်ခွင်ထဲမှာဖက်ထားရင်း suho ပါအိပ်
ပျော်သွားခဲ့တယ်...ဘယ်လောက်ကြာကြာအိပ်ပျော်မိ
သွားတယ်မသိ...ကျွန်တော့ရင်ခွင်ထဲက xing လွန့်လူး
လာတော့မှ ကျွန်တော်လည်း လန့်နိုးလာတယ်..xing
ကိုငုံ့ကြည့်လိုက်တော့ သူလည်းနိုးနေပြီ..

xing ခုမှလူနဲ့သတိနဲ့ကပ်မိတယ် တကယ်ပါ..xingသူ့ရင်ခွင်ထဲမှာအိပ်ပျော်သွားတယ်ဆိုတာ
နိုးလာမှသိရတယ်...နိုးလာလာချင်း မျက်လုံးတွေမပွင့်
ခင် မွှေးပျံ့တဲ့ ရနံ့လေးတစ်ခု နှာခေါင်းထဲကိုတိုးဝင်လာ
တယ်...ဒီရနံ့ဟာနေ့တိုင်းတစ်စုံတစ်ယောက်သောသူ
ဆီက မရိုးနိုင်အောင် ရခဲ့တဲ့ကိုယ်သင်းရနံ့လေး..
နောက်ပြီး..xing ခန္ဓာကိုယ်တစ်ခုလုံး နူးညံ့နွေးထွေးတဲ့
မွေ့ယာကြီးထဲနစ်မြှပ်နေသလိုလို.....
စိတ်ထဲမှာတစ်ခုခုတော့တစ်ခုခုလို့တွေးပြီး..xingမျက်ဝန်းတွေ ဖွင့်ကြည့်လိုက်ချိန်မှာတော့...xing ..
xing...လေ တကယ်ကိုသူ့ရင်ခွင်ထဲရောက်နေတာတော့....

လန့်ဖျန့်ပြီး သူ့ရင်ခွင်ထဲကနေ ရုန်းထလိုက်တာကြောင့်
အိပ်ပျော်နေတဲ့ suho လည်း နိုးသွားခဲ့ရသည်

သူမနိုးနိုးချင်းပဲ ကျွန်တော့်ရင်ခွင်ထဲကရုန်းထွက်ပြီး
ကျွန်တော့်နဲ့ နှစ်တောင်လောက်အကွာခွာကာ ဟိုဘက်
ကိုတိုးပြီးသွားထိုင်တယ်လေ...

သူ့မျက်နာကို ကျွန်တော်မသိမသာစောင်းပြီး show
လိုက်တော့ သူ့မျက်နာကလေ စတော်ဘယ်ရီလား
ခရမ်းချဉ်သီးလားတော့မသိဘူး...တစ်ခုခုတော့တစ်ခုခု
ပဲ...သူမရှက်နေတာလေ...

ကျွန်တော်လည်းသူ့ စချင်တာနဲ့...

"နိုးလာပြီလား....ဘယ်လိုလည်း..ရင်ခွင်ထဲမှာအိပ်ရတာနွေးတယ်ဟုတ်........."

ကျွန်တော့်စကားဆုံးတော့...သူလှည့်ကြည့်တယ်လေ
မျက်နာချင်းမဆိုင်ချင်သလိုဆိုင်ချင်သလိုနဲ့...ဟိ..
ရီရတယ်..သူ့မျက်ဝန်းတွေကလည်းအရင်လိုမဟုတ်ဘူး
ကျွန်တော့်ကိုချက်ချင်းကြည့် ချက်ချင်းကို မျက်နာလွှဲ
ပြီး မျက်လွှာချချသွားတယ်......ဟီး..သူရှက်နေတာလေးကရင်ခုန်ဖို့အားကြီးကောင်းတယ်..ခုနေအိပ်ပျော်
နေတာဆိုရင်  ဒုတိယအကြိမ် ကျွန်တော်ထပ်နမ်းပြီးပြီ

ခုနက ကျွန်တော်မေးတာကို သူမဖြေဘူးလေ
အဲ့တော့ကျွန်တော်လည်းသူ့ကိုနောက်တစ်ခါ ထပ်စ
ချင်စိတ်ဖြစ်နေတာကြောင့်...သူ့နားနားကိုကပ်ပြီး
ကျွန်တော် တိုးတိုးလေးကပ်မေးလိုက်တယ်

"ငါ့ရင်ခွင်က....အိပ်လို့ကောင်းလား"

မေးပြီးသူ့မျက်နာကိုကျွန်တော်ပြုံးပြီးကြည့်နေလိုက်တယ်....ကြားရပါပြီ အအ ထစ်ထစ်နဲ့..ကျွန်တော့်ကို
ပြန်ပြောနေတဲ့လေသံက....

"su..su..suho..shi....ကျွန်..ကျွန်..ကျွန်မ
ကျွန်မ...."

ကျွန်တော်လည်းသူဘာများဆက်ပြောမလည်းလို့
ကြည့်နေတုန်းမှာရင်း....ရုတ်တရက်ကားတံ
ခါးကိုဆွဲဖွင့်ပြီး...ဆင်းမယ်လုပ်လို့...ကျွန်တော် သူ့လက်ကို ကမန်းကတန်းနဲ့လှမ်းဆွဲလိုက်ရတယ်
ကျွန်တော်စတာလွန်များသွားလားမသိ...

တော်သေး...သူ့လက်ကို ကျွန်တော် အမြန်ဖမ်းမိလိုက်လို့....

"မင်း...ဘယ်သွားမလို့လည်း..xingရဲ့..ဘာလို့ကား
တံခါးကိုဖွင့်တာတုန်း"

"ဟို..ဟို..ကျွန်မအိမ်ပြန်မလို့လေ...taxiငှါးပြီးပဲ
ပြန်လိုက်မယ်...ရှင်ဆေးရုံပြန်သွားရမှာမလားသွား
တော့လေ"

ကျွန်တော်သူ့ကိုကျော်ပြီး..သူ့အနောက်ကကားတံခါးကို ဆွဲပိတ်လိုက်တယ်...ပြီးတော့
သူ့မျက်နှာဘက်ကိုလှည့်ကာ...

"ငါဆေးရုံသွားဖို့မလိုဘူး...အပြီးပြန်လာတာ"

သူထွက်သွားမှာစိုးရိမ်စိတ်နဲ့ ကားတံခါးကိုအမြန်ဆွဲပိတ်ပြီး..ဆေးရုံကိုပြန်သွားစရာမလိုတော့ဘူးဆိုတာကို
လှည့်ပြောလိုက်တာ ကျွန်တော့်မျက်နှာနဲ့xing မျက်နှာဟာ အရမ်းကိုထိကပ်လွန်းသွားတယ်

xing ကလည်းလန့်ပြီး နောက်ကိုမှီချလိုက်တာဟာ
ကျွန်တော့်ခန္ဓာကိုယ်အပါအဝင် ကျွန်တော့်မျက်နှာပါ
သူ့အပေါ်ကို အုပ်မိုးမိသလိုဖြစ်သွားတယ်

xing လည်းလန့်ပြီးနောက်ကိုလှဲချလိုက်တာဟာ
လှဲချပြီးမှ မှားသွားမှန်းသိတယ်...ခုတော့..xing
ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တဝက်လောက်ကို သူ့ခန္ဓာကိုယ်
ကအပေါ်ကနေ နေပြီးအုပ်မိုးထားတယ်လေ..

နောက်ကိုလှဲချသွားမိတဲ့ xing က ချက်ချင်းဆိုသလို
ပြန်ထဖို့လုပ်နေတာကြောင့်..ကျွန်တော်လည်း
သူ့မျက်နှာဘေးတစ်ဖက်တစ်ချက်ဆီသို့ တံထောင်နဲ့ ထောက်ချလိုက်တယ်..တံထောင်နဲ့ထောက်ချလိုက်တာကြောင့်ခုဆို သူ့မျက်နှာဟာ ကျွန်တော့်မျက်နှာနဲ့တော်တော်လေးကိုနီးကပ်သထက် နီးကပ်သွားသလို နှစ်ယောက်လုံးရဲ့ ရင်ဘတ်ချင်းဟာလည်း တစ်ယောက်နဲ့တစ်ယောက် ရင်ချင်းအပ်လို့...ရင်ခုန်သံတွေကို လဲလှယ်ပြီးဖတ်နေကြပြီလေ...ကျွန်တော့်လက်နှစ်ဖက်
ကြားမှာ xing ရဲ့မျက်နှာလေးဟာ လုံးဝကိုလှုပ်ရှားလို့
မရတော့ဘူး...ခုချိန်မှာတစ်ကိုယ်ကောင်းဆန်တယ်ပဲ
ပြောပြော သူ့ကိုကျွန်တော် လှုပ်ရှားခွင့်မပေးနိုင်ဘူး

ခုလိုအနေအထားမျိုးမှာxingရဲ့ မျက်နှာလေးကို စိုက်ပြီးကြည့်နေရတာ ကျွန်တော်အရမ်းသဘောကျတယ်..

ကျွန်တော့်အပြုမူအောက်မှာ မျက်နှာလေးငယ်နေရှာတဲ့
xing က တော့ ယောင်လို့တောင်ကျွန်တော့်ကို ပြန်မကြည့်ခဲ့ဘူး..သူ...မျက်လွှာတွေကိုချထားတယ်

ရင်ခုန်နေလို့လား ကြောက်နေလို့လား မသိ..သူမရဲ့
ရင်အစုံက နိမ့်ချီ မြင့်ချီနဲ့ အရှိန်ကလည်းတဖြည်းဖြည်း
မြန်ဆန်လာတယ်

ကျွန်တော့်လက်ကစပြီး သူ့နဖူးစပ်က ဆံနွယ်လေး
တွေကို သပ်ပေးလိုက်တယ်.....မထင်ထားလို့လား
မသိ ကျွန်တော့်လက်က သူ့နဖူးပြင်လေးကိုသွား
ထိတော့ xing ခန္ဓာကိုယ်လေးတစ်ချက်တွန့်သွား
တယ်..ဟူး.....
ကျွန်တော်တောင်လန့်တယ်..

"ဘာလို့တွန့်သွားတာလည်း xing ရဲ့...ကြောက်နေ
တာလား"

စကားအဆုံးကို မျက်လွှာလေးချကာနားစွင့်နေဟန်တူတယ်..ကျွန်တော့်စကားဆုံးတော့..
အောက်ကိုစိုက်ကျနေတဲ့xingရဲ့ ရှည်လျားလှတဲ့မျက်တောင်တွေဟာ တဖြည်းဖြည်းနဲ့ အပေါ်ကို စီးချက်ကျကျလေး ကော့တက်လာခဲ့တယ်...

ကဗျာဆန်လွန်းလှတယ်လို့မထင်မိဘူးလားဗျာ
ဒီအချိန်မှာ သူမ လှုပ်ရှားသမျှအရာတိုင်းဟာ
ကျွန်တော့်အတွက်တော့ ...ကာရန်ညီညာတဲ့
ကဗျာတစ်ပုဒ်လိုပဲ...

စီးချက်ကျကျကော့တက်လာခဲ့တဲ့ သူမရဲ့မျက်တောင်
တွေအောက်မှာ ကျွန်တော့်ရင်ဟာ တစ်ဒိုင်းဒိုင်း နဲ့ခုန်
နေခဲ့တာ..

xingရင်ထဲမှာတော့ ဘယ်လိုနေလည်းမသိ..
suho တစ်ယောက် ...သူ့ရင်ထဲမှာတော့ တော်တော်
လေးကမ္ဘာပျက်နေရပြီ

နောက်တော့...နောက်တော့လေ..

သူမရဲ့ မျက်ဝန်းတွေက ကျွန်တော့်ကို ပြန်ပြီးစိုက်ကြည့်
လာခဲ့တယ်....

xing ထင်ပါတယ်...ခုတော့ သူရော xing ရော
နှစ်ယောက်စလုံးရဲ့မျက်ဝန်းတွေဟာ..ဘာတွေခံစား
နေရလည်းလို့ တကူးတက ဖတ်နေစရာမလိုတော့ပါဘူး
မျက်ဝန်းချင်း နားလည်နေပြီလေ

____________________________

အချိန်တော်တော်ကြာကြာ မျက်ဝန်းချင်းစကားတွေ
ပြောနေလိုက်တာ ကားထဲမှာအပ်ကျသံပင်မကြားရ

တိတ်ဆိတ် ငြိမ်သက်လှတဲ့ ညအမှောင်မှာ လူနှစ်ယောက်ကြားက ငြိမ်သက်မှုလေးကို စပြီးဖြိုခွဲလိုက်တဲ့
သူကတော့...suho ပါ

"xing..မင်း ငါ့ကို..ဘာမှပြောစရာမရှိဘူးလား"

သူ့မျက်နာကိုသေသေချာချာစိုက်ကြည့်ပြီးကျွန်တော်မေးလိုက်တာပါ..

"ဘာကိုလည်း..suho shi...ဘာကိုပြောရမှာလည်း"

"မင်းဆီကို ငါဘာလို့နောက်ကျပြီးမှရောက်ရတာလည်း
လို့...ငါ့ကိုမမေးချင်ဘူးလား"

ကျွန်တော်ပြောတာမှားသလားဗျာ..သူ့နေရာမှာကျွန်
တော်သာဆိုရင်တော့မေးမိမှာပဲ...ဒါမယ့် သူကတော့
ကျွန်တော့်ကို ဘာမှမမေးပဲ နေနေတယ်လေ..တကယ်ဆို တစ်ခုခုတော့ပြောရမှာပေါ့..ကျွန်တော့်ကိုသူ
အပြစ်တင်တာပဲဖြစ်ဖြစ်...အော်ဟစ်လိုက်တာပဲဖြစ်
ဖြစ်.....ကျွန်တော့ရင်ကို ရိုက်နှက်လိုက်တာပဲဖြစ်ဖြစ်
တစ်ခုခုတော့သူလုပ်သင့်တယ်မဟုတ်လား..ခုလို
ဘာမှမပြောပဲ နေနေတော့ ကိုယ့်ကိုကိုယ်အပြစ်
ရှိတယ်လို့ ခံစားရတယ်

"မေးစရာမှမလိုတာ...ရှင်က ဆရာဝန်တစ်ယောက်ဆို
တာကို ကျွန်မ မေ့မထားပါဘူး...ကျွန်မကို အချိန်ပေး
တာထက် လူနာတွေကို အချိန်ပေးတာကပိုပြီးသင့်တော်ပါတယ်...ကျွန်မဆီမလာနိုင်ခဲ့တဲ့အချိန်မှာ..ရှင်..ဆေးရုံ မှာ လူတွေရဲ့အသက်ကို ကယ်တင်နေတာမလား....ကျွန်မနားလည်ပါတယ်"

ပြောစရာစကားတကယ်ကို ရှာမတွေ့တော့ပါဘူး
xing ရယ်...မင်းမျက်နှာကို ဒီလိုစိုက်ကြည့်နေဖို့ကလွှဲ
ရင် ငါ့မှာ မင်းကိုပြောစရာစကားတွေမရှိတော့ပါဘူး
ငါ့အပေါ်မှာအဲ့လောက်ထိ မကောင်းပြပါနဲ့ကွာ
ငါတောင်းပန်ပါတယ်
တစ်ချိန်မှာ မင်းက ထားသွားမဲ့သူ..ငါကမင်းထား
သွားတဲ့အချိန်မှာ နေခဲ့ရမယ့်သူဆိုတာ မင်းမေ့များနေ
ပြီလား.....

"ဟူး....................."

သိသိသာသာ ကျယ်လောင်သွားခဲ့တဲ့ သက်ပြင်းချသံ
နဲ့အတူ.....suho ရဲ့ ခန္ဓာကိုယ်ဟာ...xing ကို
အုပ်မိုးထားရာမှ ကုန်းထပြီး ကားရဲ့ဆိုဖာပေါ်ကို နောက်မှီရင်း...ခေါင်းကိုလှန်ထားလိုက်တယ်...ရင်တစ်ခုလုံး
ယူကြုံးမရတော့လို့....မျက်စိတွေကိုပါ စုံမှိတ်ထားလိုက်တယ်......

ဆိုဖာခုန်ကိုနောက်မှီထားရင်း...မှိတ်ထားတဲ့ မျက်ဝန်း
တွေက...တစ်ချက်တစ်ချက် ဆစ်ကနဲဆစ်ကနဲ..နာ
ကျင်နေတဲ့ အထဲကနှလုံးသားလေးကြောင့်
တစ်ချက်တစ်ချက် အားယူကာ ပိုပိုပြီး မှိတ်ပစ်လိုက်တယ်...အဲဒီရဲ့နောက်မှာတော့ သက်ပြင်းချသံတွေက
ကပ်လျက်ပေါ့

"suho shi...ရှင်ဘာဖြစ်သွားတာလည်း..ဘာလို့
သက်ပြင်းတွေချည်းပဲခနခန ချနေရတာလည်း..နေမကောင်းဘူးလား..ဟင်"

အနားနားတိုးပြီးမေးလာတဲ့ သူ့အမေးရဲ့နောက်မှာ
ကျွန်တော့်နဖူးကိုစိုးရိမ်တကြီး စမ်းမလို့လာ
ခဲ့တဲ့ xing ရဲ့လက်ကို ကျွန်တော့်လက်နဲ့ကာလိုက်
ကာ ခေါင်းကိုဆန့်ကျင်ဘက်အရပ်သို့ယိမ်းပြီး ရှောင်လိုက်တယ်...ပြီးတော့သူ့လက်ကိုကျွန်တော်လှမ်းဖမ်း
ပြီး...

"မင်း..ဘာလို့ငါ့အပေါ်မှာ အဲ့လောက် နားလည်မှုတွေ
ပေးနေရတာလည်း....မင်း ငါ့အပေါ် နားလည်မှုတွေတစ်ခါပေးတိုင်း ငါ့ရင်ထဲမှာ အနာတစ်ခုဖြစ်ရ
တယ်..မင်းကနားလည်မှုတွေထပ်ခါထပ်ခါ ပေးနေ
တော့ ငါ့ရင်ဘတ်ကြီးတစ်ခုလုံးက အနာတွေနဲ့ပြည့်
နေပြီ...ငါ...ငါ...အရမ်းနာကျင်နေပြီ"

ယောကျာင်္းရင့်မာကြီးတန်မဲ့နဲ့ သူ့ရှေ့မှာ ကျွန်တော်
မျက်ရည်တွေ ကျနေရပြီ...အားတင်းပြီးပြောပေမယ့်
သူမ ရှေ့မှာမျက်ရည်တွေ မကျအောင်တော့ တင်း
မထားနိုင်ခဲ့ဘူး.....ယောင်္ကျားတစ်ယောက်အတွက်
မျက်ရည်တစ်ပေါက်ကျဖို့ ခက်ခဲတယ်ဆိုတာ ခင်ဗျား
တို့သိမှာပါ....တကယ်ကို ဘယ်လိုမှမခံစားနိုင်တော့လို့
ကျရတာပါ.....မိန်းမတစ်ယောက်ရှေ့မှာ ငိုခဲ့ရတဲ့
ယောင်္ကျားတစ်ယောက်ဟာ ဘယ်လောက်ထိ စိတ်
ထိခိုက်နေလည်းဆိုတာ ကျွန်တော့်နေရာမှာ ဝင်ပြီး
ခံစားကြည့်ကြစမ်းပါ

xing သိပ်ချစ်ရတဲ့သူက မျက်ရည်တွေကျနေပြီ
သူ့မျက်ရည်တွေဟာ xing နှလုံးသားက စီးဆင်း
ပြီးကျလာခဲ့တဲ့ နှလုံးသွေးတွေပါ....xing နှလုံးသား
လေး သွေးတွေ စီးကျနေပြီ...xing လည်း
နာကျင်ရတဲ့သူပါပဲsuho ရယ်...

ကျွန်မကရှင့်ကို မထားသွားချင်ပဲနဲ့ထားသွားရမယ့်သူပါ
ရှင့်လက်တွေကိုမလွတ်ချင်ပဲနဲ့ လွတ်ခဲ့ရမဲ့သူပါ
ဖြစ်နိုင်ရင် လက်ရဲ့လက်တွေကိုသေတဲ့ထိ ဆုပ်ကိုင်
သွားချင်တာ.....

ရှင်ကျွန်မကိုချစ်မိနေပြီလား..suho shi..
ကျွန်မကိုသံယောဇဉ်တွေတွယ်နေပြီလား...
မဖြစ်ဘူး..မဖြစ်ဘူးနော်...ရှင်အဲ့လိုလုပ်လို့မရဘူး
ကျွန်မသာရင်နာခံပြီးထွက်သွားမှာ..ရှင့်ကိုတော့
နာကျင်ပြီးမကျန်ခဲ့စေချင်ဘူး....

ကျွန်တော့်ကို ကြည့်နေတဲ့ xing မျက်ဝန်းတွေဟာ
ဝမ်းနည်းမှုတွေ ပြည့်နေတယ်...သူ...ခုထိ ကျွန်တော့်ကိုကြည့်နေတုန်းပဲ....ခုထိ..ခုထိ...ခုထိ...ကို
မျက်နှာမလွှဲပဲ သေချာကိုကြည့်နေတာ...ဘာလို့အဲ့လောက်တောင်စိုက်ကြည့်နေတာလည်းလို့သူ့ကိုမေး
ဖို့ ကျွန်တော့်ပါးစပ်တွေအဟ...

သူ့လက်ညိုးလေးက ကျွန်တော့်ရဲ့ပါးစပ်ကိုလာပြီးထိလိုက်တယ်...

"ရူး".....

စကားမပြောပါနဲ့ suho shi! ဒီအတိုင်းငြိမ်ငြိမ်
လေးနေပါနော်...ရှင့်မျက်နှာကို သတိရတိုင်း
ကျွန်မစိတ်ကူးထဲမှာ ပုံဖော်ကြည့်နိုင်ဖို့...
ရှင့်မျက်နာရဲ့အစိတ်အပိုင်းတွေကို ကျွန်မအလွတ်မှတ်နေတယ်.....

သေသေချာချာ စိုက်ကြည့်နေပြီး...ရုတ်တရက်..
ရုတ်တရက်ကြီးလေ...သူ ကျွန်တော့်ကို....

xing ရဲ့လက်နှစ်ဖက်က suho ရဲ့ ပါးနှစ်ဖက်ပေါ်မှာ
ညင်သာစွာနဲ့ နေရာယူလိုက်တယ်...နောက်တော့
xing ..xing..လေ သူ့ရဲ့ နုတ်ခမ်းတစ်စုံကို ရီဝေ
နေတဲ့အကြည့်တွေနဲ့စိုက်ကြည့်ပြီး.. မျက်ဝန်းများ
မှိတ်ကာ...xing နုတ်ခမ်းတွေက suho ရဲ့
နုတ်ခမ်းတွေပေါ်ကို....အနမ်းတွေစခြွေလိုက်တယ်

suho တစ်ယောက်ရုတ်တရက်မှင်သက်မိသွားမိတာပေါ့မထင်ထားခဲ့ဘူးလေ..လုံးဝကိုမထင်ထားခဲ့ဘူး

သူမ က ကျွန်တော့်နုတ်ခမ်းပေါ်ကို အနမ်းတွေခြွေ
ပေးလိမ့်မယ်လို့ဘယ်လိုမှမထင်ထားခဲ့မိဘူး...
နူးညံ့တဲ့သူ့နုတ်ခမ်းသားတွေက ကျွန်တော့်နုတ်
ခမ်းကို တရှိုက်မက်မက်အချိန်တော်ကြာ နမ်းရှိုက်နေခဲ့တယ်......နောက်တော့ သွယ်လျတဲ့သူ့ရဲ့လက်တွေက ကျွန်တော့်ရဲ့ ဝဲဘက်ရင်အုံကိုလာဖိပြီး

"ရှင့်နှလုံးသားလေး...အရည်မပျော်တော့ဘူး
ပုံဆောင်ခဲလေးဖြစ်နေပြီ...ဒါကြောင့်..ရှင့်ရင်ဘတ်
က နာကြင်မှုကိုခံစားတက်လာတာ...ကျွန်မအနမ်း
တွေရဲ့အောက်မှာ ရှင့်နာကြင်မှုတွေက သက်သာသွား
မှာပါ

နောက်ပြီးတော့..suho shi..လူတစ်ယောက်ကို
နားလည်မှုပေးတယ်ဆိုတာ နှလုံးသားက အတင်း
လုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူး...ချစ်လွန်းလို့ သူ့အလိုလို နားလည်ပေးတက်သွားတာပါ"
___________________________

ထိုနေ့ညက သူမနဲ့ ကျွန်တော်နဲ့ နားလည်မှုတွေပေး
ရင်း ချမ်းအေးတဲ့ညလေးတစ်ညကို တူတူဖြတ်ကျော်
ခဲ့ကြတယ်......အဲ့ဒီနေ့ညက ကျွန်တော်တို့နှစ်
ယောက်ကို ဝိုင်းစက်ပြီး ငွေရောင်ထနေတဲ့ လမင်းကြီး
က အဖော်ပြုပေးခဲ့တယ်လေ

ကျွန်တော် ရင်ခွင်ထဲမှာ ခေါင်းမှီထားရင်း အပြင်မှာ
သာနေတဲ့ လမင်းကြီးကို ကားထဲကနေငေးကြည့်နေတဲ့
သူမက လမင်းနဲ့ အချစ် အပြန်အလှန်ဆက်သွယ်မှု
ရှိတယ်ဆိုတာကို ပြောပြသွားခဲ့တယ်

"suho shi ဟိုး...ကောင်းကင်ပေါ်မှာသာနေတဲ့လ
မင်းကြီးကို ရှင်ဘယ်လိုမြင်လည်းဟင်"

ကဗျာ ဆန်ဆန်မေးလာတဲ့အမေးကြောင့် xingကို
ငုံ့ကြည့်ပြီး

"လမင်းကိုဘယ်လိုမြင်ရမှာတုန်း ...
လမင်းကို လမင်းလို့ပဲ...မြင်တာပေါ့..xing ရဲ့"

ကျွန်တော်အဲ့လိုပြောလိုက်တော့ သူသဲ့သဲ့ကလေး
ရီတယ်..ပြီးတော့သူကဆက်ပြောတယ်

"ဒါဆို ရှင်မချစ်တက်သေးဘူးပဲ...တကယ်ချစ်တက်
တဲ့သူအတွက် လမင်းဟာ ပြုံးနေသလို..မချစ်တက်တဲ့
သူအတွက်လမင်းက ငိုနေတယ် တဲ့အဲ့ဒါကိုရှင်သိလား
ချစ်တက်တဲ့သူနဲ့လမင်းဟာ အမြဲတမ်းထပ်တူကြတယ်
ချစ်တက်တဲ့သူဟာ ကိုယ်ချစ်တဲ့သူတစ်ယောက်အတွက်
အမြဲတမ်းပေးစပ်နေရလည်းဘယ်တော့မှအပြုံးမပျက်ဘူး ပေးစပ်ရင်း ပေးစပ်မြဲပဲ...

လမင်းဟာလည်းဒီလိုပဲလေ ကောင်းကင်မှာရှိနေတဲ့
ကြယ်လေးတွေ ဆုံတွေ့နိုင်ဖို့အတွက် သူ့ရဲ့အေးမြတဲ့
အလင်းရောင်တွေထွန်းလင်းပေးထားတယ်..
သူ့ကြောင့်မို့ ဆုံတွေ့ရပါလားလို့ ကြယ်လေးတွေက
မမြင်တက်ခဲ့ပေမယ့် သူဟာ..မေတ္တာမပျက်ပဲ နေ့တိုင်း
သူ့အလင်းရောင်တွေကိုဖြန့်ကျက်ပေးမြဲပဲ
ဒါမယ့် သူအပြုံးမပျက်ခဲ့ဘူး....ဘာလို့ အပြုံးမပျက်
ဘူးလို့ xing မြင်လည်းသိလား...xing နဲ့ လမင်း
ဟာ ချစ်တက်တာချင်းတူနေလို့ပဲ..ရှင်လည်းချစ်တက်လာတဲ့တစ်နေ့...လမင်းပြုံးတာကိုတွေ့ရလိမ့်မယ်

____________________________

suho shi! ဒီနေ့ညဟာ ရှင်နဲ့ကျွန်မအတွက် နောက်ဆုံးညပါပဲ....တကယ်တော့လေ..ရှင့်နာရီလေးက
ပန်းခြံထဲမှာ ရှင့်ကိုကျွန်မစောင့်နေတဲ့ အချိန်မှာရင်း
အချိန်တွေ သေဆုံးသွားခဲ့တာပါ....

ရှင့်ကိုနုတ်မဆက်ပဲ ထွက်မသွားနိုင်လို့
ကျွန်မ အနမ်းတွေနဲ့ ရှင့်ကိုနုတ်ဆက်ခဲ့တာ

ကျွန်မထွက်သွားချိန်မှာ ရှင်နာကျင်ပြီးကျန်ခဲ့မှာ
တကယ်ကြောက်မိပါတယ်...ဘာလို့လည်းဆိုတော့
အရည်ပျော်ကြနေတဲ့ ရှင့်နှလုံးသားလေးက..
ပုံဆောင်ခဲလေးပြန်ဖြစ်သွားလို့ပဲ....

ရှင်ချစ်တက်ခဲ့ပြီဆိုတာကို ကျွန်မ သိတယ်
ရှင့်နှလုံးသားလေးကို ကျွန်မ ချစ်တက်အောင်ပုံသွင်း
ပေးခဲ့လို့ပါ

suho shi.....နုတ်ဆက်ပါတယ်

suho ရဲ့ရင်ခွင်ထဲမှာ
ဝမ်းနည်းစွာငိုကြွေးရင်...အိတ်ထဲက
အချိန်တွေ သေဆုံးနေခဲ့တဲ့နာရီလေးတစ်လုံးကို
ထုတ်ကြည့်ပြီးxing တစ်ယောက်
မျက်ရည်ကျခဲ့တယ်ဆိုတာကို...
suho မသိခဲ့ဘူး

.
.
.
.
.
.
.
ဟီး....next ep မျှော်ကြအုံးနော်
ဒီအပိုင်းလေးဖတ်ပြီး ဘိုခံစားရလည်းဟင်

အနော်လေ...ရေးတာ..အရမ်းကြီးစိတ်ကူးယဉ်
ဆန်သွားသလားမသိဘူး..... စာရိုက်နေရင်းနဲ့
အနော်လည်း ဒီ အပိုင်းလေးမှာ အတော်မျှောသွား
လို့..အမှားရှိခဲ့ရင်တောင်းပန်ပါတယ်နော်

Continue lendo

Você também vai gostar

81K 3.4K 79
❤️
267K 6K 57
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc
43K 70 15
🤍 if u're not interested, don't report, just dont read!! 🤍
68.5K 3.8K 81
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...