နွယ်​..sulay Fic

Galing kay ayemyathu291187

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... Higit pa

နွယ်​(ပထမပိုင်း)
နွယ်​(ဒုတိယပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၆)
နွယ်​ (တတိယပိုင်း)(၈)
နွယ်​(တတိယပိုင်း)(၉)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၇)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၃)
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၇)
နွယ်(တတိယပိုင်း)(၂၈)
My reader
နွယ်(တတိယပိုင်း)(၂၉)
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်​ (တတိယပိုင်း)(၇)

760 94 4
Galing kay ayemyathu291187

suho ကားကွေ့ကွေ့ပြီးချင်း ကားပေါ်မှကမန်းကတန်း
ဆင်းကာ xing ထိုင်နေတက်တဲ့ နေရာလေးသို့အပြေး
အလွှားကြည့်မိတယ်..

ဟား...........လို့ ရင်မောသံနှင့်အတူ..မျက်စိကိုစုံ
မှိတ်ကာ တစ်လမ်းလုံးရင်မောလာသမျှ ခုမှပဲ ရင်တစ်ခု
လုံးက အပူလုံးကြီးကျသွားတော့တယ်..

xing ကိုသူတွေ့နေရပြီလေ အရင်သူထိုင်နေကြနေရာလေးမှာ အရင်အတိုင်းနံရံလေးမှီကာ အိပ်ငိုက်လို့ပေါ့
ကားနားကနေရပ်ကြည့်နေတဲ့ suho ရဲ့ခြေလှမ်းအစုံကတော့ လှမ်းဖို့ပင်သတိမရ မတွေ့ရတော့ဘူးလို့ထင်နေရ
တဲ့သူတစ်ယောက်ကို ခုလိုပြန်တွေ့ရလို့ ဖော်မပြနိုင်တဲ့
ဝမ်းသာမှုက သူဘယ်လိုဖော်ပြရပါ့မလည်း

ရပ်ကြည့်နေရင်း တလှပ်လှပ်လှုပ်ရှားနေတဲ့ရင်အစုံဟာ
ချိန်ကိုက်ဗုံးတစ်လုံးလိုပဲဘယ်ချိန်မှာပေါက်ကွဲထွက်မလည်းလို့သူမသိနိုင်ဘူးလေ ဝမ်းနည်းဝမ်းသာ
တပြိုင်နက်ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်ကြောင့် ကတုန်
ကယင်ဖြစ်နေရှာတဲ့ လက်ဖျားတွေကို တစ်ဖက်နဲ့
တစ်ဖက်ဆုပ်ကိုင်ရင်း အိပ်ပျော်နေတဲ့ xing ဆီကို
လျှောက်လာလိုက်တယ်

xing အနားရောက်တော့ သူ့ဘေးနားက လွတ်နေတဲ့နေရာလေးမှာ ဝင်ထိုင်လိုက်ရင်း အိပ်ပျော်နေတဲ့သူမ
ကို ငေးကာကြည့်နေမိတယ်လေ...သွယ်လျတဲ့
မျက်နာပေါ်မှာ ပါးလျတဲ့နုတ်ခမ်းတစ်စုံ ကကာရန်ညီညာတဲ့ကဗျာတစ်ပုဒ်လို လိုက်ဖက်လွန်းလှတယ်ကော့ညွှန့်တဲ့မျက်တောင်လေးတွေကတော့ ဖြူဖွေးပြီးမို့နေတဲ့မျက်ခွံလေးတွေ ကိုနေမထိ လေမထိရအောင်
အကာကွယ်တွေပေးလို့..ဝင်းမွတ်တဲ့ပါးပြင်လေးဟာ ဘာအပြင်အဆင်မှ လိမ်းခြယ်ထားခြင်းမရှိပါပဲနဲ့ ပန်းနု
ရောင်လေးတွေ ကသူ့ပါးပြင်မှာရှပ်တိုက်ပြေးလွှားနေကြတယ်...ကျွန်တော့်အမြင်မှာတော့ သူ့မအလှ
ဟာပြီးပြည့်စုံတဲ့ တေးသွားတစ်ပုဒ်ဖြစ်ပြီးသူမရဲ့ နှလုံးသားဟာချိုမြတဲ့ သစ်သီးတစ်လုံးနဲ့ထပ်တူညီတယ်
လို့ထင်တယ်....သူမအလှဟာ လူကိုရူးလောက်တယ်

suho အိပ်နေတဲ့xingကို ကြည့်နေရင်းစိတ်ထဲကလိကလိဖြစ်လာတယ်...လေထဲမှာမြောက်တက်လာတဲ့ကျွန်တော့်လက်တစ်စုံဟာ..နှင်းဆီဖူးလို
အရောင်ပြေးနေတဲ့ သူမရဲ့ လှပလွန်းတဲ့နုတ်ခမ်းတစ်
စုံရဲ့ဆွဲအားတွေအောက်မှာအရှိန်တွေ ရပ်တန့်လိုမရခဲ့ဘူး

တဖြည်းဖြည်းနဲ့ သူ့မနုတ်ခမ်းလေးနဲ့ ကျွန်တော့်ရဲ့လက်
ထိတွေ့ဖို့ ကြားထဲမှာဘယ်လောက်မှမလိုတော့ဘူး..
သူမနုတ်ခမ်းနားမှာ ဝဲနေတဲ့ကျွန်တော့်ရဲ့လက်တစ်စုံဟာလိပ်ပြာတစ်ကောင်လိုပါပဲ...အရှိန်ပြင်းစွာပျံသန်းသွားလိုက်..အနောက်ကိုပြန်ဆုတ်သွားလိုက်နဲ့ မိန်းမတစ်ယောက်ရဲ့ နုတ်ခမ်းထက်မှာ ဗျာများလို့နေနေရတယ်

"ဟူး.............................

တော်ပြီကွာ...စိတ်မောရတယ်...ငါ့နှယ်တကယ်ပဲ"

စိတ်ထဲကနေ  အားမလိုအားမရဖြစ်လာ
တာကြောင့်စိတ်ထဲမှာ ရေရွတ်ရင်း ကိုယ့်ကိုကိုယ်
အပြစ်တင်ပလိုက်တယ်..xing ဘေးနားမှာထိုင်နေရင်း
နဲ့ပဲ မျက်ဝန်းများမှိတ်ကာ သူငြိမ်သက်စွာထိုင်နေလိုက်
တယ်....

"ဟင်...ရှင်ပြန်ရောက်နေပြီ"

အံ့သြမှုတွေနဲ့ထွက်ကျလာခဲ့သူမရဲ့စကားသံက ပျော်ရွှင်
မှုတွေ စွတ်နေလို့ အသံလေးက ရွှင်ပြပြလေးဖြစ်နေတယ်....

xing အသံလေး ကိုရုတ်တရက်ကြားလိုက်တာကြောင့်
မှိတ်ထားတဲ့ suhoရဲ့မျက်လုံတွေတဖြည်းဖြည်းချင်းပွင့်
လာခဲ့တယ် သူမရှိရာဘက်ကိုလှည့်ကြည့်လိုက်တော့
အိပ်ရာနိုးကားစကလေးတစ်ယောက်လို အိပ်မှုန်စုန်မွား
ဖြစ်နေတဲ့သူ့မျက်နှာလေးက ချစ်ဖို့ကောင်းလွန်းတယ်

ဝိုင်းစက်စက်မျက်ဝန်းများနဲ့ကျွန်တော့်ကိုစိုက်ကြည့်နေပြီး...

"ဟီး....."...........

လို့..အသံထွက်အောင်ရီရင်း ပြုံးပြလို့နေတယ်။

ဒီကောင်မလေးကြောင့်နဲ့ငါတော့ရူးတော့မယ်
တစ်နေ့လုံးမတွေ့ရလို့လူကအရူးတပိုင်းဖြစ်နေခဲ့တာ
ကို သူမကတော့ဘယ်သိနိုင်ပါ့မလည်းလေ..သူ့ကိုမတွေ့ရလို့ စိတ်မကြည်ရတဲ့အထဲ ခုသူက ပြုံးဖြဲဖြဲလာလုပ်
ပြနေတယ်...ကျွန်တော်လည်းသူ့ကိုလှည့်ကြည့်ပြီး
ခက်တည်တည်အမူအယာနဲ့ သူ့ကိုပြန်အော်လိုက်တယ်

"yah....ဒီနေ့တစ်နေ့လုံးမင်းဘယ်သွားနေတာလည်း
မနက်ကတည်းကရင်းပျောက်နေလိုက်တာ..ဖုန်းဆက်တော့လည်း မင်းဖုန်းကတောက်လျှောက်ဖုန်းပိတ်ထားတယ်ပဲဖြေနေတာ...ဘာမပြောညာမပြောဘဲနဲ့
ဘာလို့သွားရတာလည်း.."

တောက်လျောက်မရပ်မနားပဲ အော်ပြီးပြောလိုက်တဲ့ကျွန်တော့် အမူအယာတွေကြောင့် သူမရဲ့မျက်လုံးလေးတွေကပိုပြီးပြူးထွက်လာတယ်

ဘာရမလည်း ကျွန်တော်လည်း တစ်နေ့လုံးသူ့ကြောင့်အလူးအလဲခံစားခဲ့ရတာပဲ...ဒီလောက်လေးသူမကိုတော့အော် သင့်တယ်မဟုတ်လား.....ဟဟ
ကျွန်တော်စိတ်ထဲမှာတွေးရင်း သဘောကျစွာ ရီလိုက်တယ်

တစ်ခါမှမမြင်ဘူးတဲ့ ကျွန်တော့်ရဲ့ဒီလိုပုံစံကို သူအံသြနေပါလိမ့်မယ်....အံသြလွန်းလို့ထင်တယ်..ကျွန်တော့်ကိုပြန်ဖြေနေတဲ့ သူ့စကားတွေက ထစ်ထစ်အအကို ဖြစ်လို့..

" ဟိုဟို....မနက်ကဖုန်းလာ.လာတော့........

လက်နှစ်ဖက်ကိုရှုပ်ယှက်ခက်စွာ လုပ်ပြပြီးပြန်ဖြေနေတဲ့သူ့မရဲ့ပုံစံက အတော်ရီရတယ်...သူပြောတဲ့စကားတွေကို ဆုံးအောင်နားမထောင်ပဲ
သူ့ကိုကျွန်တော် ထပ်အော်ပြီးပြောလိုက်တယ်

"မင်းကိုဖုန်းလာတဲ့အကြောင်းမေးနေတာမဟုတ်ဘူး
မနက်ကတည်းကရင်းဘယ်ကိုထွက်သွားတာလည်းလို့မေးနေတာ..နောက်ကို ကိုယ်သဘောနဲ့ကိုယ်မသွားနဲ့..
နည်းနည်းပါးပါးငါ့ကို တော့ အကျိုးကြောင်းပြောသွားပေါ့"

"ရှင်"

"အာ...ဘာလည်းတစ်မျိုးမထင်နဲ့..မင်းကလူလည်းမတွေ့ရ ဖုန်းကလည်း ပိတ်ထားဆိုတော့.....

"xing ဖုန်းပိတ်ထားတာမဟုတ်ပါဘူး..အားကုန်သွားလို့သူ့ဟာသူပိတ်သွားတာ..မနေ့ညကအားမသွင်းပဲမေ့ပြီးအိပ်လိုက်လို့"

ကျွန်တော့်စကားကိုဆုံးအောင်နားမထောင်ပဲ ကမန်းကတန်းဝင်ပြီးပြန်ပြောနေတာ..သူ့အပြစ်မရှိဘူးဆိုတဲ့ပုံစံနဲ့ ရှင်းပြနေတာလေ...
အမယ်....ပြောပြီးတော့နုတ်ခမ်းက စူလိုက်သေးတယ်
ငါတော့ဒီမှာကြာကြာထိုင်ရင် အသက်ပျောက်တော့မယ်

"သွားသွား....အထဲဝင်တော့ အပြင်မှာအေးတယ်
ဝင်တော့....."

သူ့ကိုမြန်မြန်အထဲဝင်ခိုင်းမှဖြစ်တော့မယ်ကြာလာရင်ကျွန်တော်သူ့ကိုဘာလုပ်မိမယ်မသိဘူး...

ကြောင်တောင်တောင်အကြည့်နဲ့ ကျွန်တော့်ကိုပြန်ကြည့်ပြီး...

"ရှင်ရော...အထဲမဝင်သေးဘူးလား..အပြင်မှာအေးတယ်ဆိုပြီး ကျွန်မကိုချည်းပဲ အတင်းဝင်ခိုင်းနေတယ်"

"ဟ...ဒီမှာမင်းမမြင်ဘူးလား...ငါ့နဖူးမှာ..ချွေးတွေးထွက်နေတာကို..."

အမှန်တော့ နဖူးတင်မဟုတ်ပါဘူး ကျွန်တော့်တစ်ကိုယ်
လုံးချွေးပြန်နေတာပါ...ဟူး....စိတ်အိုက်လိုက်တာကွာ...xing ဆိုတဲ့ကောင်မလေးကြောင့် ချွေးပြန်နေရတယ်ဆိုတာကို သူကတော့မသိဘူးလေ

"အဲ့တာဆို...ကျွန်မဝင်တော့မယ်နော်...ရှင်လည်း
ခနပဲနေ..ဖျားနေမယ်.."

ကျွန်တော့်ကိုသတိပေးပြီး ဘေးနားကနေထထွက်သွား
တဲ့သူ့ရဲ့လက်ကို ကျွန်တော်လှမ်းဆွဲလိုက်ပေမယ့်
နောက်ကျသွားခဲ့တဲ့ကျွန်တော့်ရဲ့လက်တစ်စုံ
ဟာသူမလက်ကို လှမ်းပြီးမဖမ်းဆုပ်နိုင်ခဲ့ဘူး....

စာကြည့်ခန်းထဲအရောက်တော့ xing အရှေ့မှာတင်း
ထားသမျှ ခုတော့အရုပ်ကြိုးပြတ်ပဲ..
အလုပ်အိတ်ကိုပစ်ချပြီး..ဆိုဖာပေါ်ကို..ပစ်လှဲချလိုက်
တယ်.....ခေါင်းပေါ်လက်တင်ကာ..စဉ်းစားရင်း
အတွေးတွေကစတင်ပြီးဝင်ရောက်လာပြီ

xing ထွက်မသွားသေးလို့တော်သေးတာပေါ့
ထွက်သွားပြီလို့ထင်ခဲ့တာ ခုတော့ကံကြမ္မာကငါ့ကို
ကျီစားခဲ့တာပဲ....ဒါမှမဟုတ်လည်းတစ်ချိန်မှာတကယ်
ကြုံလာရမယ့်အဖြစ်ပျက်မို့ ငါ့နှလုံးသားကိုခံနိုင်ရည်ရှိအောင် စမ်းသပ်နေတာလား....တကယ်ကြုံတွေ့လာတဲ့အချိန် ငါခံနိုင်ရည်ရှိပါ့မလား..မဟုတ်တောင်ငါဒီနေ့တော်တော်လေးခံစားလိုက်ရတယ်သူတကယ်ထွက်သွားသေးတာမဟုတ်ပဲနဲ့လေ

လူတစ်ယောက်ကိုချစ်ရတာ.....
ကိုယ်ချစ်နေတာကို သူ မသိတာ.....
ချစ်ခြင်းဆိုတဲ့အရာကို မြင်အောင်မကြည့်တက်တာ....

အချစ်နဲ့ပက်သက်သမျှ...အရာအားလုံးပင်ပန်းမှု
တွေချည်းပါလား.....

လူတစ်ယောက်ကိုချစ်မိသွားချင်းက..ကိုယ့်အတွက်
ပင်ပန်းမှုကိုအစပျိုးလိုက်တာပဲဆိုတာ...ကျွန်တော်
ကောင်းကောင်းကြီးသဘောပေါက်သွားပြီ

____________________________

တစ်နေ့ထက်တစ်နေ့ suho ကိုပိုပိုပြီးချစ်မိလာတယ်
သူကိုယ်တိုင်ကန့်သတ်ခဲ့တဲ့အချိန်တွေအောက်မှာ ချစ်တဲ့သူအတွက်ပေးစပ်ရင်း အချိန်တွေ နေ့ရက်တွေတစ်နေ့ပြီးတစ်နေ့ကုန်ဆုံးခဲ့ရပြီ....

မနက်မိုးလင်းအိပ်ရာထတိုင်း...အံဆွဲထဲမှာ ထည့်သိမ်းထားတဲ့ လက်ပတ်နာရီလေးကို ထုတ်ကြည့်မိတာလည်းအမော..အချိန်တွေရပ်တန့်သွားခဲ့ပြီလားလို့ပေါ့..
တစ်ခါထုတ်ကြည့်ရင်တစ်ခါသေလောက်အောင်ခံစား
ရတယ် ဘယ်အချိန်မှာရပ်မလည်းမသိတဲ့ အချိန်တွေအ
ပေါ်တစ်နေ့တစ်နေ့ စိတ်ရောက်နေမိတာ...

ရက်တွေကြာလာတာနဲ့အမျှ အချိန်တွေရပ်တန့်ဖို့ဆိုတာ
သေချာသလောက်ရှိလာခဲ့ပြီလေ...xing စိတ်ကိုကြို
တင်ပြင်ဆင်ထားရမှာပေါ့..မဟုတ်ဘူးလား

ခုတင်ထက်မှာ ဟိုလိမ့်ဒီလိမ့်နဲ့ စဉ်းစားနေရင်း..စိတ်တွေလေးလံလာတာကြောင့် ထုံးစံအတိုင်း ဝရန်ဒါကို
ထွက်မိတယ်

ိထိုင်ခုံလေးမှာထိုင်နေရင်းညဘက်တိုက်လေအေးအေး
လေးရဲ့ အရသာကိုခံယူနေမိတယ်...xingရင်ထဲက အပူမီးကိုတော့သူငြိမ်းသတ်နိုင်မယ်မထင်...

ညဘက်က တိတ်ဆိတ်လွန်းတယ်...အပ်ကျသံပင်မ
ကြားရ...အရမ်းကိုအေးနေတဲ့ဒီရာသီ မှာ..လူတွေက
ချမ်းအေးလွန်းလို့ ခိုက်ခိုက်တုန်ညည်းညူနေကြပေမယ့်
ရာသီဥတုဘယ်လောက်ပဲချမ်းချမ်း...ညည်းညူလွန့်လူး
ချင်းမရှိပဲ မဟူရာနက်နက်ကောင်းကင်ခြုံထည်အောက်မှာ အိနြေ္ဒရရ အိပ်စက်နိုင်တာ ည ဆိုတဲ့ မှောင်မိုက်တဲ့အရာပဲမဟုတ်လား.....

သူကတော့ အပူပင်မရှိအပ်ကျသံပင်မကြားရအောင်အိပ်စက်နိုင်ပေမယ့် xing ကတော့အိပ်လို့မရပါဘူး
ရင်ထဲမှာအပ်ကျသံပင်မက...မိုးကြိုးလက်နက်တွေ
အချိန်တိုင်းပစ်ခွင်းနေလို့...စကာပေါက်တွေဖြစ်နေတဲ့
ရင်ခွင်ကို ပြုပြင်ဖာထေးနိုင်ဖို့အတွက် ကိုယ့်စိတ်ကိုကိုယ်အားတင်းထားရမယ်မဟုတ်လား....

အတွေးကမ္ဘာထဲပတ်ချာလည်နေတဲ့ xing ကိုကြည့်ပြီး
suho ဘာလုပ်ရမှန်းမသိဖြစ်သွားသည်..အနောက်မှာသူရပ်ကြည့်နေတာတောင်မသိတဲ့အဖြစ် ...
လက်ထဲကနာရီလေးကိုဖြန့်ကြည့်လိုက်..သက်ပြင်းတွေ
ချလိုက်နဲ့ တစ်ယောက်တည်း ကြေကွဲနေတဲ့ xingပုံရိပ်
လေးက ဘယ်လိုမှမကြည့်ရက်စရာပါ..ဒီအချိန်မှာ
နှစ်ယောက်စလုံးရဲ့ရင်ထဲမှာ တူညီတဲ့အရာတစ်ခုကတော့ရှိနေတယ် အချိန်တွေရပ်တန့်မသွားဖို့အတွက်ဆုတောင်းနေမိကြတယ်ဆိုတာ.............

____________________________

အတူတူနေလာတဲ့အချိန်တွေသာကြာလာခဲ့တာ xing
အတွက်သူ့ဘက်ကနေစပြီးအမှတ်ရစရာတွေဖန်တီးပေး
ခဲ့တယ်ဆိုတာမရှိခဲ့ဘူး ခုမှသေချာစဉ်းစားကြည့်မိတယ်
လုံးဝကိုမရှိခဲ့တာပါ

ရုံးခန်းထဲကစားပွဲပေါ်မှာထိုင်နေရင်းနဲ့ရုတ်တရက်စဉ်းစားမိတယ် သူ့အတွက်အမှတ်တရ အနေနဲ့ဘာလုပ်ပေးရင်ကောင်းမလည်းလို့ပေါ့ စားပွဲပေါ်မှာထောင်ထား
တဲ့ပြက္ခဒိန် အသေးစားလေးကိုယူပြီး ဒီနေ့ည သူ့
duty ပါမပါယူကြည့်လိုက်တယ်..

ကံကောင်းထောက်မစွာနဲ့ပဲ..မပါဘူးလေ..အဟား
ပျော်လိုက်တာပြောမနေနဲ့...အဲ့ဒါနဲ့ပဲကျွန်တော်အလုပ်
အပြန်မှာ xing နဲ့ချိန်းပြီး ရုပ်ရှင်သွားကြည့်ကြမယ်လို့
ဆုံးဖြတ်လိုက်တယ် ဒီနေ့တော့ နည်းနည်းလေးစောပြီး
အလုပ်ဆင်းမယ်ပေါ့...စဉ်းစားရင်းစိတ်ကူးတွေထဲမှာတောင်ပျော်မိနေတယ်...ရုပ်ရှင်ကြည့်ပြီးရင်လည်း
အိမ်မပြန်သေးပဲမုန့်လျှောက်စားမယ်..ဒီနေ့တော့သူမကိုပျော်စရာကောင်းတဲ့အမှတ်တရလေးတွေ
ကိုကျွန်တော်ကဖန်တီးပေးမှာလေ

အလုပ်ဆင်းခါနီးနာရီခွက်လောက်အလို ကျွန်တော်
xing ဆီဖုန်းဆက်ပြီး ပန်းခြံထဲမှာ စောင့်နေဖို့
လှမ်းချိန်းလိုက်တယ်...ဘာလုပ်မယ် ဘယ်သွားမယ်
ဆိုတာကိုတော့ပြောပြမထားဘူး..သူနဲ့တွေ့တော့မှပဲ
သူအံ့သြသွားအောင် ပြောတော့မယ်လေ

____________________________

suho တစ်ယောက်အလုပ်ဆင်းချိန်ရောက်တော့ဖျတ်လတ်တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ပေါ့..စိတ်ကူးယဉ်လိုက်ရတာဆိုတာ အလုပ်မဆင်းခင်တစ်နာရီအလိုထဲကလေ..ဒီနေ့တော့xing ကို အခွင့်သာ
ခဲ့ရင်လည်းသူချစ်နေမိပြီဆိုတာကိုဖွင့်ပြော
်မယ်လို့ဆုံးဖြတ်ထားတယ်...ဒီနေ့တော့တကယ်ပဲ
သူ့ကြောင့် xing ပျော်ရွှင်စေရမယ်

စဉ်းစားရင်းပြုံးလိုက်ရင်းနဲ့ လျောက်လာလိုက်တာ
ဆေးရုံရဲ့ အပြင်ဘက်ကို ခြေအချလေးပဲရှိသေး
သူ့အရှေ့ကို အရေးပေါ်ကား တွေ ၄၊၅ စီးဆိုက်ရောက်လာတယ်..

ရုတ်တရက်မျက်စိတမှိတ်အတွင်းရုတ်ယှက်ခက်
ဗြောင်းဆန်သွားခဲ့တဲ့မြင်ကွင်းတွေက သူချစ်တဲ့ကောင်မလေးဆီသွားဖို့အတွက်ပြင်ဆင်နေတဲ့သူ့ခြေလှမ်းတွေကို လှမ်းဆွဲထားခြင်းခံလိုက်ရတယ်...

အနောက်မှ ဒေါက်တာလီရဲ့အပြေးတပိုင်းခြေလှမ်းတွေနဲ့အတူ ကျွန်တော့်နာမည်ကိုအော်ခေါ်ပြီးလာနေတာ တွေ့နေရတယ်...အနားရောက်တော့

"ဒေါက်တာ ကင်..ခုအရေးပေါ်လူနာတွေအတွက်ခွဲစိတ်ဖို့ဆရာဝန်မလောက်ဘူး...မင်းအချိန်ရှိရင်မပြန်
ပါနဲ့အုံး..လူနာတွေအသက်ကိုကယ်ရအောင်..မြန်မြန်
အရမ်းအရေးကြီးနေတယ် အကုန်လုံးစိုးရိမ်စရာအခြေနေတွေနဲ့ရောက်လာကြတာ ငါတို့ အတက်နိုင်ဆုံးမြန်မြန်ကယ်မှဖြစ်မယ်"

ကျွန်တော်သိလိုက်ပြီ ကံကြမ္မာဟာကျွန်တော့်ဘက်မှာ
လုံးဝရပ်တည်မှုမရှိဘူးဆိုတာကို

ခင်ဗျားတို့ရော ကျွန့်တော့်လိုအဖြစ်မျိုးကြုံဖူးကြလား
နှလုံးသားက တစ်ခုထဲပဲရှိနေပေလို့တော်သေးတာပေါ့လို့ဖြေသိမ့်ရမလိုဖြစ်နေပြီ

နှလုံးသားအပိုတွေများ ရှိနေခဲ့ရင်...ဒီထက်ဒီရင်နာစရာ
ကိစ္စမျိုးတွေ မရေမတွက်နိုင်အောင် ဘယ်လောက်များ
ကြုံတွေ့လိုက်ရမလည်းဟင်...........

ကျွန်တော့် သူ့ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို
အဲဒီနေ့မှာ ကျွန်တော်ပြောခွင့်မရလိုက်ဘူး.....
ဘယ်တော့မှလည်း...ပြောခွင့်မရှိတော့ဘူးလေ
ဘာလို့ဆို......သတ်မှတ်ထားတဲ့အချိန်လေးက..
ကျွန်တော်တို့နှစ်ယောက်ကြားမှာ...Game over
ဖြစ်သွားခဲ့ပြီ...

အချိန်တွေရပ်တန့်ခဲ့ပြီ........
သူကျွန်တော့်ကိုထားသွားခဲ့ပြီ...............
____________________________

ပန်းခြံက ထိုင်ခုံလေးမှာ ချမ်းချမ်းနှင့် ချစ်သူအလာကိုစောင့်မျှော်နေတယ်ဆိုလို့ xing တစ်ယောက်တည်းပဲရှိတော့သည်...

အရောက်လာခဲ့မယ်လို့ပြောတဲ့အချိန်ထက်..၂ နာရီ
နီးပါးနောက်ကျနေပြီ..ထိုင်ခုံမှာထိုင်စောင့်နေရင်း
တစ်ဆစ်ဆစ်နာကျင်စပြုလာတဲ့ရင်အစုံဟာ..အလယ်တည့်တည့်ကနေ အရှင်လတ်လတ် အခွဲခံနေရသလိုပဲ

လာမှာပါလေ...သူရောက်တော့မှာပါလေ ဆိုတဲ့ အား
တင်းထားခဲ့တဲ့  xing ရဲ့စိတ်လေးဟာ..ခုတော့
နှင်းခဲတွေထဲမှာအရည်ပျော်ကျချင်နေပြီ...

ဒီနေ့မှ အရိုးထဲထိ  စိမ့်ဝင်ကာအေးနေတယ်..အရင်နေ့
တွေထက်ကိုအေးနေတယ်..(မဟုတ်ဘူး)ပိုအေးနေတာ...ပိုပိုပြီးကိုအေးနေတာ...တစ်ကိုယ်လုံး
အေးခဲပြီးသေသွားမလားတောင်ထင်ရတယ်..
အေးလွန်းလို့ခိုက်ခိုက်တုန်နေတဲ့ ခန္ဓာကိုယ်ပေါ်ကို
အေးစက်လွန်းလှတဲ့ လေအေးတွေက ဖြတ်ဖြတ်ပြီ
ကျီစယ်သွားတက်ကြသေးတယ်......ချမ်းချမ်းအေးအေးနဲ့ သူ့ဆီကိုဖုန်းခေါ်နေတာ အကြိမ်တစ်ရာမကတော့ဘူး....".လူကြီးမင်း........ပိတ်ထားပါသည်"

ဆိုတဲ့အသံကအကြိမ်တစ်ရာလောက်ကြားနေရတယ်..

ချစ်တက်လွန်းတဲ့သူဟာ....
တစ်ချိန်ချိန်မှာ အချစ်ကိုမျှော်လင့်ရင်းနဲ့ပဲ...
ဆုံးရှုံးသွားတက်ကြတယ်....

xing အချစ်ကြီးခဲ့တယ်
သူ့အချစ်ကိုမျော်လင့်ခဲ့တယ်
ဒါပေမယ့်.......ဆုံးရှုံးသွားခဲ့ပြီ

xing ကိုယ်တိုင်သတ်မှတ်ခဲ့တဲ့...အချိန်လေး
ရပ်တန့်သွားခဲ့ပြီ ...ကစားပွဲလေး
အချိန်စေ့သွားခဲ့ပြီ........

____________________________

suho ကားကို အမြန်မောင်းလာခဲ့တယ်...xing
ဆီကို ဖုန်းခေါ်နေပေမယ့်..သူဖုန်းမကိုင်ဘူး..
အလုပ်ကနေဆင်းတော့ အိမ်ကိုသူသွားပြီး
xing ကိုရှာခဲ့တယ် သူမအိမ်မှာမရှိဘူး

အရောက်လာခဲ့မယ်ဆိုတဲ့အချိန်ထက် ၃ နာရီကျော်နောက်ကျသွားခဲ့တယ်..ကျွန်တော်သူ့အကျင့်ကိုသိတယ် ကျွန်တော်မလာမချင်းမပြန်ပဲအဲ့ဒီနေရာလေးမှာဇွဲကောင်းကောင်းနဲ့စောင့်နေမယ်ဆိုတာကို

စိတ်တွေပူလိုက်တာ xing ရယ် ဒီလောက်အေးနေတဲ့ရာသီဥတုမှာ မင်းဘယ်လိုများ အံတုပြီးနေနိုင်ရတာလည်း.....မင်းတစ်ခုခုသာဖြစ်ခဲ့ရင်..ငါ..ငါ
ရင်တွေ တစ်စဆီ ကွဲထွက်မှာ...xing အားတင်းထားပါ
နော်...ခနလေးပါပဲ..ငါမင်းဆီလာနေပြီ..ခနလေးပဲ
အားတင်းထားပါ.....

____________________________

" kim suho ကျွန်မရှင်လာမှပြန်မှာ...ရှင်လာတဲ့ထိစောင့်နေမှာ...."

နှုတ်ခမ်းတွေတောင်ခြောက်သွေ့လာပြီ
လည်ချောင်းထဲမှာလည်း ကွဲရှနေသလိုခံစားနေရပြီ
ခန္ဓာကိုယ်ထဲကသွေးတွေ အေးခဲနေပြီလားတောင်မသိ

ရှင့်ကိုသိပ်ချစ်တဲ့မိန်းမတစ်ယောက်ကို ဒီလောက်တောင်ပဲ အငြိုးတွေကြီးပြီး နှိပ်စက်နေတာလား

"suho shiရှင်မြန်မြန်လာပါတော့..ကျွန်မ..ကျွန်မ
ရှင့်ကိုစောင့်နေတယ်...ခု......ထိ.....စောင့်...နေ
တယ်"

___________________________

ပန်းခြံထဲကိုအပြေးလွှားဝင်ပြီးသူမရှိနေတဲ့ထိုင်ခုံလေးဆီကို လှမ်းကြည့်တော့....ထိုင်ခုံလေးမှာ
ထိုင်နေရင်းခိုက်ခိုက်တုန်နေတဲ့သူမကို..အဝေးကနေ လှမ်းမြင်နေရပြီ....

"xing....xing..."

စိုးရိမ်တကြီးနဲ့ကျွန်တော့်ခေါ်သံတွေကြားတော့လှည့်ကြည့်တယ်...ကျွန်တော်အရမ်းစိတ်ပူသွားတယ်
လှည့်ကြည့်လိုက်တဲ့ xing မျက်နှာမှာ သွေးမရှိတော့
ကျွန်တော့်သူ့ကိုယ်လေးကို ပွေ့ချီပြီး...ကားဆီကိုခေါ်လာခဲ့တယ်..သူ့မတစ်ကိုယ်လုံးက အေးစက်လို့
နေပြီ.....

suho ကားတံခါးကိုအမြန်ဆွဲပီး .xing ကိုကားနောက်ခန်းထဲထည့်လိုက်တယ်...ဒီချိန်မှာအိမ်ပြန်ရောက်ဖို့ထက်..အေးနေတဲ့သူခန္ဓာကိုယ်လေးကို နွေးထွေးသွားအောင်လုပ်ဖို့ပဲ...

သူလည်း xing ဘေးနားဝင်ထိုင်ရင်း...အပေါ်ကထပ်လာခဲ့တဲ့ကုတ်အကျီင်္ီကိုချွတ်ကာ အပေါ်ကနေလွှမ်းခြုံ
ပေးလိုက်တယ်...ဒါပေမယ့်လည်းအေးလွန်းလို့ခိုက်ခိုက်တုန်နေတဲ့သူခန္ဓာကိုယ်လေးကို..ကျွန်တော့ကုတ်အကျီင်္ီ
ကနွေးထွေးမှုတွေမပေးနိုင်ဘူးဖြစ်နေတယ်

နောက်ဆုံးကျွန်တော်လည်းကြံရာမရတဲ့အဆုံး..
သူခန္ဓာကိုယ်လေးကို ကျွန်တော့်ရင်ခွင်ထဲသို့ဆွဲယူကာ
တင်းကြပ်စွာ ဖတ်ထားလိုက်တယ်

မရှိမဲ့ရှိမဲ့အားနဲ့ ကျွန်တော့်ရင်ခွင်ထဲကနေရုန်းထွက်ဖို့
တွန်းကန် လှုပ်ရှားနေတဲ့...xing ရဲ့ရက်လေးတွေဟာ
တင်းကြပ်စွာဖတ်ထားတဲ့ ကျွန်တော့်ရဲ့လက်တစ်စုံကို
မဖယ်ရှားနိုင်ခဲ့ဘူး....

"ဒီတိုင်းလေးပဲနေပေးပါ..xing ရယ်..ငါ့ရင်ခွင်ထဲမှာ
ဒီတိုင်းလေး ...ခဏလေးပဲ..နေပေးပါ..မင်းကို မပေးခဲ့ရတဲ့ ငါ့ရင်ထဲကနွေးထွေးမှုတွေပေးချင်လို့..
ငါ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေပေးပါ..မင်းအရမ်းချမ်း
နေတယ်မလား...ငါ့ရင်ခွင်ကမင်းအတွက်နွေးထွေးမှု
တွေယူဆောင်ပေးမှာပါ..xing ရယ်..နော်"

အချိန်တော်ကြာငြိမ်ကြသွားခဲ့လို့ suho ငုံ့ကြည့်
လိုက်တော့...နွေးထွေးမှုတွေပေးနေတဲ့ကျွန်တော့်ရဲ့
ရင်ခွင်ထဲမှာ သူမအိပ်မောကျနေပြီ....မျင်နှာမှာ
ဝဲကျနေတဲ့...ဆံပင်လေးတွေကို သပ်တင်ပေးရင်း
ဆံနွယ်တွေအောက်ကပန်းတစ်ပွင့်လို လှပစွာ ဖူးပွင့်နေတဲ့ xing ရဲ့နုတ်ခမ်းလေးနဲ့ ပါးလေးကို ကျွန်တော်
မြတ်နိုးစွာ ငုံ့ပြီးနမ်းလိုက်တယ်

ကျွန်တော်ဝေးရမယ်ဆိုရင်တောင်ဖြေသိမ့်နိုင်ပါပြီ
ကိုယ်ချစ်တဲ့သူကို ရင်ခွင်ထဲမှာထားပြီးထွေးပွေ့ထား
နိုင်ခဲ့ပြီ

ချိုမြိန်တဲ့ နုတ်ခမ်းလေးကို အနမ်းတွေ ချွေခဲ့ဖူးပြီ
နွေးထွေးတဲ့ ပါးပြင်လေးကို..အနမ်းပွင့်တွေ ကြဲခဲ့ဖူးပြီ

ကျွန်တော်ဖြေသာနိုင်ခဲ့ပြီ......

xing ရယ်..ငါရင်တွေ
ပေါက်ထွက်မတက်မင်းကို ငါချစ်တယ်

____________________________

နောက်ဆုံးချိန်တွေဆိုတာ မသိခဲ့တဲ့ကျွန်တော့်အဖို့
ရူးမတက်ပါပဲဗျာ...ရင်ထဲမှာ နွယ် ပင်လေးက
တော်တော်လေးရှင်နေခဲ့တာပါ...

ခုတော့ ရှင်သန်ခဲ့တဲ့ ရင်ထဲက နွယ် က...ပျောက်
ကွယ်သွားခဲ့ပြီလေ

___________________________

suho shi......ရှင့်နာရီလေး အချိန်တွေသေဆုံးခဲ့ပြီ

ကျွန်မ ရှင့်နားမှာနေဖို့ ကန့်သတ်ထားတဲ့အချိန်တွေ
ပြည့်သွားပြီ

ကျွန်မနှလုံးသား တွေရှင့်ဆီမှာထားခဲ့မှာပါ
___________________________

သူမက သူ့နှလုံးသားတွေကျွန်တော့်ဘေးမှာထားသွား
ခဲ့တယ်တဲ့

ကျွန်တော့်နှလုံးသားတွေကတော့ သူ့ဆီကို ပါသွားခဲ့ပြီ
ဆိုတာကို...

ကျွန်တော်သိပ်ချစ်ရတဲ့...xing ဆိုတဲ့ကောင်မလေး
သိနိုင်ပါစေ

အမှန်တော့ အချစ်ဆိုတာဟာ ပန်းလေးတစ်ပွင့်ပါပဲ

"ချစ်ခြင်းကို ရိုးတံလုပ်
..နှလုံးသားကို ပွင့်ဖတ်ခံ
..လှပစွာ ပွင့်တဲ့ပန်း
..ရင်ထဲက အချစ်ပန်း" တဲ့

လူတစ်ယောက်ရဲ့ရင်ထဲမှာ
ချစ်ခြင်းဆိုတဲ့ အရာဟာ
ပန်းလေးတစ်ပွင့်မို့ သူလည်း
အချိန်တန်ရင်ကြွေကျတက်တယ်
ဆိုတာကို ကျွန်တော် နားလည်းသွားခဲ့ပါပြီ
.
.
.
.
.
.
.
.next ep မျှော်ကြပါနော်
ပြီးတော့မယ်လို့...ဟီး

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

261K 1.4K 33
This is a mix of different animes that have smut in them
38.5K 2.5K 61
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...
228K 5.1K 73
imagines as taylor swift as your mom and travis kelce as your dad
41.2K 1.3K 18
18 year old Ymir grew up on the outskirts of a small Romanian village. On her 18th birthday she sought out to run away from home when things haven't...