နွယ်​..sulay Fic

ayemyathu291187 tarafından

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... Daha Fazla

နွယ်​(ပထမပိုင်း)
နွယ်​(ဒုတိယပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၇)
နွယ်​ (တတိယပိုင်း)(၈)
နွယ်​(တတိယပိုင်း)(၉)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၇)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၃)
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၇)
နွယ်(တတိယပိုင်း)(၂၈)
My reader
နွယ်(တတိယပိုင်း)(၂၉)
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်​ (တတိယပိုင်း)(၆)

755 100 3
ayemyathu291187 tarafından

အခန်းထဲက စာကြည့်စားပွဲမှာ ထိုင်နေရင်း
Suho ရဲ့အတွေးတွေက တောင်စဉ်ရေမရ
နဲ့ အတွေးတစ်ခုရဲ့နောက်မှာ အတွေးများစွာ ထပ်ထပ်ရှိနေတာကြောင့် သူ့ဦးနှောက်တွေ
ခုထိ အနားမယူနိုင်သေး...

"နာရီကအချိန်တွေ သေဆုံးခဲ့ရင် သူ့ဘေး
နားကနေထွက်သွားပေးပါ့မယ်တဲ့လား"

ခနခန ပြန်ကြားနေရတဲ့စကားမို့..လက်နှစ်
ဖက်နဲ့နားကိုပိတ်ပြီး..အကြားအာရုံတွေကို
တခြားကိုလွှဲပစ်လိုက်ပေမယ့်လည်း..
အသွေးအသားထဲကနေ စိမ့်ဝင်ပြီး စီးဆင်း
လာတဲ့ ထိုအသံလှိုင်းကတော့ ဘယ်လိုမှ
ဖျောက်ပျက်လို့မရခဲ့ဘူး

သူမကိုအဲ့လောက်ထိချစ်တက်တဲ့သူတစ်ယောက်လို့ မထင်မိခဲ့တာကတော့တကယ်ပါ...လောကမှာအချစ်ကိုကိုးကွယ်တဲ့သူများပေမယ့်..အချစ်အတွက်ပေးစပ်သူကတော့ရှားပါးလွန်းတယ်...

မကြာခင်ကဖြစ်ပျက်သွားတဲ့အဖြစ်ပျက်လေး
တစ်ခုက ...ခုထိ..ခုထိ..ပုံစံမပျက်သေးတဲ့
ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုလို....
Xing ဆိုတဲ့ကောင်မလေးရဲ့..ငိုကြွေးနေတဲ့
မျက်ဝန်းတွေ..စကားလုံးတွေ..အပြုမှုတွေ
အားလုံး အားလုံး..အကုန်ပါပဲ..ခုထိ..ကျွန်
တော်မြင်ယောင်နေမိတုန်းပါ

ကျွန်တော့်ရဲ့နှလုံးသားကို တွင်းနက်နက်ကြီးထဲ ပစ်ချခံလိုက်ရသလိုပါပဲဗျာ..ရင်ထဲ
မှာမောပန်းပြီးကျန်ရစ်ခဲ့တယ်..ခုထိ..ရင်ထဲ
တလှပ်လှပ်နဲ့ အရှိန်ကမသေချင်သေးဘူး

သူတောင်ဒီလောက်ဖြစ်နေတာ xing ဆို
ပိုပြီးခံစားရမှာပေါ့နော်...အစပ်စပ် မရှိပဲ
သူ့ကိုစိတ်ပူမိလို့ဝင်လာခဲ့တဲ့အတွေးကြောင့်
Suho ရင်ထဲမှာတော့ ထိတ်ခနဲ ရင်တော့ပူ
မိသွားတယ်...ဟုတ်သားပဲ..တိတ်ဆိတ်နေ
တာ သူမ ဘာတွေလုပ်နေပါလိမ့် ..အဆင်မှ
ပြေပါ့မလား..ရုတ်တရက်ဝင်လာခဲ့တဲ့အတွေးကြောင့်သူမအတွက် စိတ်ပူတယ်
ဆိုတဲ့စိတ်က ဦနှောက်မှာကြီးစိုးသွားခဲ့တယ်

အပေါ်ထပ်ကို တိတ်တဆိတ် တက်ကာ
Xing ရှိတဲ့အခန်းတံခါးလေးကို တိုးတိတ်
ညင်သာစွာနဲ့ ဖွင့်လိုက်တယ်..ပြီးတော့ သူ
ဘာလုပ်နေလည်းဆိုတာသိချင်တာနဲ့ပဲ
အသာလေးခေါင်းကိုစောင်းကာ ချောင်း
ကြည့်မိတော့

"ဟင်..အခန်းထဲမှာမရှိပါလား"

ဒါဆို..ဘယ်များသွားတာပါလိမ့်..အပြင်
များသွားတာလား..?မဟုတ်မှလွှဲရော..
Suho ထိတ်လန့်ပြီး မျက်လုံးပါပြူးမိသွား
တယ်

"မဟုတ်မှလွှဲရော သူ ကိုယ့်ကို ကိုယ်..မ
ဟုတ်တာတော့ မလုပ်လောက်ပါဘူးနော်"

အတွေးလည်းဆုံးအခန်းတံခါးကိုအမြန်ပိတ်ပြီး အပေါ်တက်ကနေအမြန်ပြေးဆင်းလာ
နောက်တော့ စာကြည့်ခန်းထဲက
အနွေးအကျီင်္ီကိုယူပြီး..အပြင်ထွက်ကာ
သူမကိုရှာမယ်အလုပ်..

"ဒေါက်..ဒေါက်"

တံခါးခေါက်သံနဲ့အတူ...အငွေ့တစ်ထောင်းထောင်းထနေတဲ့နွားနို့တစ်ခွက်ကို လင်ပန်းထဲထည့်ကာ ကိုင်ပြီးဝင်လာခဲ့တဲ့ သူမ..

လင်ပန်းထဲက နွားနို့ခွက်ကို..ကျွန်
တော့်ရဲ့စာကြည့်စားပွဲပေါ်တင်ပြီး..

"ရှင် ညစာကြည့်ရင် ဒါလေးသောက်ပြီးမှ
ကြည့်ပါ..ရှင်က အိပ်တာနောက်ကျတယ်လေ..အလုပ်မှာလည်းပင်ပန်းတယ်ညတိုင်း နွားနို့တစ်ခွက်လောက်တော့ပုံမှန်
သောက်ပြီး အိပ်ပါ.."

ကျွန်တော်ထင်တာထက် ပိုပြီး တည်ငြိမ်
နေတဲ့အနေအထားမို့ စိတ်အေးသွားရတယ်
ပန်းကန်ကိုစားပွဲပေါ်တင်ပြီးလှည့်ထွက်
သွားတော့မယ့်သူ့ကို..

ရုတ်တရက် ကျွန်တော့်ရဲ့စိတ်တွေဘာဖြစ်သွားတယ်မသိ..သူ့လက်မောင်းကိုလှမ်း
ဆွဲပြီး...

"မင်း.....အဆင်ပြေရဲ့လား...."

အမှတ်မထင်အနောက်ကနေ xingရဲ့လက်ကိုလှမ်းဆွဲလိုက်တာကြေင့် ထွက်မယ်လို့ဟန်ရေးပြင်နေတဲ့xing ကိုယ်လေးဟာ
အရှိန်နဲ့ မို့ ဒီဘက်လှည့်လိုက်တဲ့အချိန်မှာ
တော့သူ့ရင်ခွင် နဲ့ရင်ခြင်းအက်ကာ..သူ့ကို
မော့ကြည့်နေတဲ့ xing မျက်ဝန်းတွေနဲ့
Xing ကိုငုံ့ကာ အုပ်မိုး၍ကြည့်နေသော
သူ့မျက်ဝန်းတွေ...သွားဆုံမိချိန်မှာတော့
တစ်ယောက်မျက်ဝန်းထဲကတစ်ယောက်အဓိပ္ပါယ်ကိုအလုအယက်ဖတ်နေမိကြ
တယ်

"အဲဒီ မျက်ဝန်းအကြည့်တွေလေစိတ်ချင်းကနီးစပ်ချင်ပါလျက်နဲ့...မာန နဲ့ဖုံးကွယ်ထား
တာ ......

နူးညံ့တဲ့နှလုံးသားက မာနတွေသောက်သုံး
မိလို့ အချစ်တွေရေမျှောကမ်းတင် ဖြစ်နေရှာတဲ့....
ရှင့်နှလုံးသားက လက်ကမ်းပေးမယ့်သူကို
တောင့်တ နေတယ် ဆိုတာ..ရှင့်မျက်ဝန်းတွေက တစ်ဆင့်ကျွန်မကိုပြောနေတယ်
ရှင့်မျက်ဝန်းတွေကို..ကျွန်မဖတ်တက်တယ်
Kim suho"

"နေရောင်ရဲ့အပူ ဒဏ်ကိုအလူးအလဲခံထား
ရတဲ့ ပန်းတစ်ပွင့်ရဲ့ ပွင့်ဖတ်လို..ညိုး
နွမ်းနေတဲ့ သူ့မရဲ့မျက်ဝန်းတွေက အရင်လို
ရွန်းလဲ့တောက်ပတဲ့ အရောင်တွေကို မပေးစွမ်းနိုင်တော့ဘူး...

မှိန်ဖျော့ဖျော့ ပွင့်ဖတ်ရဲ့အောက်မှာလေတိုက်တိုင်းယိမ်းနေရှာတဲ့ရိုးတံငယ်လိုမင်းနှလုံးတွေ အချစ်မှာမပျော်မွေ့တော့ မှာငါစိုးရိမ်မိနေတယ် xing ရယ်"

တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း
ငြိမ်သက်စွာ မျက်ဝန်းချင်းစကားတွေပြော
နေကြတာ အရာအားလုံးကိုတောင်
မေ့သွားစေလောက်တယ်

တစ်မိနစ်

နှစ်မိနှစ်

သုံးမိနစ်..................လောက်တော့
ကြာမယ်ထင်တာပဲ..

"ရှင်ဘာလုပ်တာလည်း...လန့်လိုက်တာ
နွားနို့သောက်ပြီးရင်စောစောနားရင်လည်း
နားတော့"

အလန့်တကြားနဲ့လှည့်ထွက်သွားတဲ့ xing
ကို ကြည့်ပြီး ကျေနပ်တဲ့အပြုံးလေးတွေ
တွဲခိုသွားသူကတော့ suho ပါ

_____________________

ည သန်းခေါင်ယံ တိတ်ဆိတ်လွန်းလှတယ်
အိပ်မပျော်နိုင်လို့ ဝရန်ဒါ မှာထွက်ပြီးတစ်ယောက်တည်းထိုင်မိတယ်..ရင်ထဲ
မွမ်းကျပ်သမျှအရာအားလုံး နားထောင်ပေး
မယ့်သူ တစ်ယောက်လောက်ရှိရင်အရမ်း
ကောင်းမှာပဲ...

လက်ထဲမှာဆုပ်ကိုင်လာခဲ့တဲ့ suho ရဲ့
လက်ပတ်နာရီလေး ကို ဖြန့်ကြည့်ရင်း

"ဘုရား ဘုရား...ဒီနာရီလေး..အချိန်တွေ
ရပ်တန့်သွားခဲ့ရင်..ငါ..ငါ..ဘယ်လိုလုပ်ရ
မလည်း.."

မျက်ရည်တွေက စိုးရိမ်မှုနဲ့ပေါင်းပြီး..တစ်
ပေါက်ချင်းစကြွေနေပြီ..သူနဲ့ဝေးရမယ်လို့
တွေးလိုက်ရင်..ရင်တစ်ခုလုံးစုတ်ပြတ်သပ်
နေအောင်ခံစားရတယ်..အချိန်တစ်ခုရဲ့အဆုံးဖြတ်အောက်မှာ လူတစ်ယောက်ကိုချစ်ရတာ မပြိုင်ခင်ကတည်းကရှုံးနေတဲ့
ပွဲလိုပဲ...နုတ်ဆက်ချိန်တောင်ရပါ့မလား
ငါသူ့မျက်နှာကိုကြည့်ပြီး နုတ်ဆက်ထွက်ခွာ
ခွင့်ရှိပါ့မလား...အဲ့ဒီအချိန်ကိုသာတကယ်
ရောက်လာခဲ့ရင် အရာအားလုံးထားခဲ့ပြီး
အရှုံးတွေနဲ့ထွက်သွားရမှာ ...ဟူး သက်ပြင်းလေးတစ်ချက်ချပြီးထိုင်နေရာကနေ ကောင်းကင်ကြီးကို xing မော့ကြည့်မိတယ်ကျယ်ပြောလှတဲ့ မိုးကောင်းကင်ကြီးမှာ တစ်ကိုယ်တည်းအထီးကျန်နေတဲ့ လမင်းကြီးက xing ကိုငုံ့ကြည့်ပြီးပြုံးပြနေသလို...

"အော်...လမင်းရယ် ရှင်လည်းသန်းခေါင်ယံမှာ ကျွန်မလိုပဲ အဖော်မဲ့နေတာပါပဲလား"

_____________________

မနက်မိုးလင်းတော့ မွှေးပျံ့လှတဲ့ရနံလေးက
အိပ်ရာထစမျက်နှာမသစ်ရသေးတဲ့ suho ကို ဆွဲဆောင်နေတာကြောင့်ဗိုက်ထဲမှာတောင်ဆာသလိုလိုဖြစ်လာတယ်...တစ်ခါမှဒီလိုမွှေးရနံမျိုးမရဘူးတာမို့ စိတ်ထဲမှာ သူများအိမ်ကလား ကိုယ့်အိမ်ကလား လို့
ဇဝေဇဝါ ဖြစ်နေရတယ်..

မျက်နှာသစ်ဖို့ suho နောက်ဖေး ဝင်လာ
တော့..ကိုယ့်မျက်လုံးကိုပင်ကိုယ်မယုံနိုင်
အိမ်မက်များလားလို့ထင်ယောင်ထင်မှား
ဖြစ်နေတဲ့စိတ်မို့ လက်နှစ်ဖက်နဲ့ကိုယ့်မျက်လုံးကိုယ် အသားကုန်ပွတ်ကြည့်မိတယ်
ဒါမယ့်ကျွန်တော့်ရှေ့မှာထိုမြင်ကွင်းလေး
ကတော့ပျောက်ကွယ်လို့မသွားခဲ့ဘူး

မနက်စောစောစီးစီးမှာ သူမ ...မနက်စာပြင်ဆင်နေတယ်လေ...သူ့ရဲ့အနောက်မှာရပ်ပြီးပြုံးကြည့်နေခဲ့တဲ့ကျွန်တော့်ကို မမြင်နိုင်လောက်အောင်မနက်စာကို စိတ်ဝင်တစား ပြင်ဆင်နေတာ..

သူမ..အချိန်တွေမရပ်တန့်ခင် ကျွန်တော့်အတွက်ပြီးပြည့်စုံတဲ့ဘဝ တစ်ခုကို ဖန်တီးပေးနေတာလား..

ခုနက စိတ်ထဲမှာကြည်နူးရင်းပြုံးခဲ့တဲ့ suho
ရဲ့အပြုံးတွေ ရုတ်ချည်းကွယ်ပျောက်ခဲ့ရသည်

"အဟမ်း...."

အသံတစ်ချက်ပေးပြီး မီးဖိုထဲကျွန်တော်ဝင်လာတော့...သူနုတ်ခမ်းထက်မှာ အပြုံးလေးတစ်ပွင့် ပွင့်ကာ..

"နိုးလာပြီလား...suho shi..မျက်နှာသစ်
ရေချိုးအုံးမှာမလား.."

မနေ့ကညိုးရော်နွမ်းနယ်နေတဲ့ သူမ
ရဲ့မျက်နှာလေးက ဒီနေ့မနက်မှာတော့
နေရောင်လိုတောက်ပတဲ့ အပြုံးပွင့်လေးတွေ
နဲ့ သူ့မျက်နှာကိုအလှဆင်ထားလေရဲ့..

မျက်ဝန်းအောက်ကမျက်အိတ်လေးတွေ
ဖောင်းပြီး ပြုံးကျလာတဲ့အထိ သူမကပြုံး
ရင်းကျွန်တော့်ကိုမေးလာတယ်

"ဘာသောက်မှာလည်း..ကော်ဖီ...နွားနို့"

တစ်ခါမှကျွန်တော့်အပေါ်ကို အဲ့ဒီလို မဆက်ဆံဖူးတဲ့သူမကြောင့် မနက်စောစောစီးစီးမှာ
ရင်ဘတ်ထဲက ကလီစာတွေ ဟာအပြင်းအထန်လေ့ကျင့်ခန်းများလုပ်နေကြသလားလို့အောက်မေ့ရတယ်
သူမရဲ့ ရူးလောက်တဲ့ အပြုမူတွေကြောင့်
ကျွန်တော့်နှလုံးသားလေးက..မီတာ ၁၀၀
ပြေးပွဲမှာဝင်ပြိုင်နေရသလိုမျိုး...ရုတ်တရက်ကြီးအသက်ရူတွေမြန်လာခဲ့တယ်

"အော်..မနက်ကတော့ ကော်ဖီပဲ သောက်
မယ်"

အဟား...တကယ်ပါဗျာ..အဲ့ဒီစကားလေးကို သူ့အရှေ့မှာ အသံထွက်အောင်
မနည်းပြောယူရတယ်...အယောင်ယောင်အမှားမှားဖြစ်နေလို့ ကိုယ့်ကိုကိုယ်လည်းမနည်းကိုထိန်းလာရတယ်

မျက်နှာသစ် ရေချိုးဖို့ ရေချိုးခန်းထဲရောက်တော့လည်း..ကျွန်တော့်နှလုံးသားတွေကိုဒုတိယအကြိမ် ထပ်ပြီးသိမ်းပိုက်သွားပြန်တယ်လေ။ဝင်ဝင်ချင်း မျက်နှာသစ်ဖို့ သွားတိုက်တံ ယူရန်လက်ကလှမ်းမလို့ရှိသေး..

သွားတိုက်ဆေးထည့်ပြီးသားသွားတို၁က်တံက ဘေစင်ပေါ်မှာ အဆန့်သားအခန့်သား နေရာယူလျက်...နောက်ပြီးစာရွက်အပိုင်းအစလေးတွေမှာ စာတစ်ချို့ရေးပြီး
နံရံမှာကပ်ထားတာကိုလည်းတွေ့ရပြန်
တယ်..

"ရေချိုးဖို့အတွက်ရေနွေး ကိုအနေတော်စပ်ထားတယ်"

"သွားတိုက်တံ အဆင်သင့်လုပ်ထားပေးတယ်"

"ညာဘက်က ကြိုးတန်းပေါ်မှာ..တဘက်
အဆင်သင့်ရှိတယ်"

ရေချိုးခန်းရဲ့နေရာတိုင်းမှာကျွန်တော့်အတွက်အမှာစာ လေးတွေနဲ့ မှာထားခဲ့တယ် အဟား..ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်မိတယ်..ငါ ပြန်များငယ်သွားသလားလို့ပေါ့ နောက်တော့မှန်ထဲကိုယ့်ပုံကိုယ်ပြန်မြင်ပြီး
Suho သွားချွန်လေးတွေပေါ်အောင်ရီရင်း
အကျေနပ်ကြီးကျေနပ်နေတာလေ...ဒီနေ့မှ သူမစပ်ပေးထားတဲ့ရေမို့လို့လားမသိ..ချိုးလို့ကောင်းလိုက်တာ..အဆင်သင့်ထားပေးထားတဲ့တဘက်လေးကလည်း..ချစ်တက်တဲ့မိန်းမတစ်ယောက်ရဲ့နှလုံးသားကို ကိုယ်ပေါ်မှာလွှမ်းခြုံလိုက်ရသလိုပဲ...ကျွန်တော့်အတွက်တော့နွေးထွေးလိုက်တာပြောမနေနဲ့...

_____________________

အလုပ်သွားဖို့အတွက်အဝတ်လဲကာ အားလုံးပြင်ဆင်ပြီးပြီမို့..မနက်စာစားဖို့အ
တွက်ထမင်းစားခန်းထဲသို့ ထွက်လာလိုက်တယ်...ဒါပေမယ့်ထမင်းစားခန်းမှာသူမကိုမတွေ့ရတာကြောင့် suho ရဲ့စိတ်ထဲ အလိုမကျသလိုတော့ဖြစ် မိသွားတယ်အလုပ်အိတ်ကို စားပွဲပေါ်ချပြီး..အိမ်ရှေ့ကို ကိုယ်လေးကိုင်းကာ စောင်းကြည့်ပေမယ့် သူမကိုအရိပ်ယောင်တောင်မမြင်ရပေ..

ထမင်းစားခန်းမှာသူမ မရှိပေမယ့်..သူ့ရဲ့ကို
ပွား အငွေ့အသက်လေးတွေကိုတော့ချန်
ထားရစ်ခဲ့တယ် စာရွက်အပိုင်းစ တစ်ချို့
မှာ သေသပ်လှပတဲ့လက်ရေးလေးတွေ
ဟာ ကျွန်တော့်အတွက် အတူးတက ရေး
ပြီး ထားသွားခဲ့တယ်လေ

"Suho shi..ကော်ဖီ ဖျော်ပေးခဲ့တယ်"

"မနက်စာအတွက်..ဆူရှီ ၊ပေါင်မုန့်မီးကင်၊
ဘာဂါ၊ ရှင်ကြိုက်တာစားသွားပါ..ဘာကြိုက်
တက်မှန်းမသိလို့ အကုန်လုပ်ပေးခဲ့တယ်"

"ကျွန်မ ဝယ်စရာလေးတွေရှိလို့ အပြန်ခန
ထွက်သွားတယ်"

စာရွက်အပိုင်းလေးတွေကို တစ်ခုချင်းဆီယူဖတ်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကာ
ကိုယ့်အဖြစ်ကိုယ်ပြန်စဉ်းစားမိတယ် ကျွန်တော့်ဘဝက ညားကာစ သမီးရည်းစားတွေလိုဖြစ်နေသလားလို့ပါ...

"သူ့မျက်နှာလေးကိုငမ်းရင်း မနက်စာစား
ဖို့လာတာကို....ဟွန်း..သူကမရှိဘူး"

မိန်းမတစ်ယောက်ရဲ့ယုယမှု၊ ဂရုစိုက်မှုတွေဟာ ယောက်ကျားတစ်ယောက်အတွက် ဒီလောက်ထိပြည့်စုံနွေးထွေးလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်တော်မထင်ခဲ့ဘူး...ခုလို ချိုမြိန်တဲ့ခံစားမှုလေးတွေကို
ရင်ဘတ်ကြီးကခံစားတက်ခဲ့တော့မှ အရင်က ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေကို အရမ်းနှမြောမိတယ်ဗျာ...

_____________________

သူမ ကိုယ်တိုင်သတ်မှတ်ထားခဲ့တဲ့ အချိန်
ဆိုတဲ့အရာဟာ သူနဲ့ကျွန်တော် ကြားမှာ စီးဆင်းမှုချင်းမတူခဲ့ပါဘူး...

သူမအတွက်ကတော့ စီးဆင်းနေတဲ့အချိန်
တွေနဲ့ထပ်တူ ပေးစပ်ခဲ့သမျှအရာအား
လုံးဟာ ကျွန်တော့်အတွက်လို့ စိတ်ပိုင်း
ဖြတ်ထားပုံရတယ်...ချစ်တဲ့သူအတွက်ပေးစပ်ရင်းအချိန်တွေရပ်တန့်သွားမယ့်နေ့ကို စိုးရိမ်စိတ်တွေနဲ့ စောင့်မျှော်နေရတဲ့သူ...အချိန်တွေသေဆုံးခဲ့ရင်လည်း
ကြေကွဲမှုတွေကြားက ချစ်သူတွက်ပေးစပ်ခဲ့တယ်ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်နိုင်ကောင်းရှိပေမယ့်.....

ကျွန်တော်အတွက်ကတော့ အချိန်တွေဘယ်တော့မှမသေဆုံးပါစေနဲ့လို့ ဆုတောင်းနေတက်သူ ဖြစ်ခဲ့ပြီ....ဘာလို့လည်းဆိုတော့ ချစ်တဲ့သူအတွက် ပေးစပ်မှုတစ်စုံ
တစ်ရာရယ်လို့ မရှိခဲ့လို့ပါ

_____________________

ကျွန်တော်အလုပ်သွားတော့မယ်ဆို ဘယ်ချိန်ပြန်လာမှာလည်းလို့ အပြေးအလွှား မေးတက်တဲ့သူ့အသံ

မနက်တိုင်း ကျွန်တော့်အတွက်မနက်စာကို
ပြင်ဆင်ပေးတဲ့သူ

ညတိုင်းကျွန်တော်စာကြည့်နေရင်နွားနို့ပူပူ
လေးတစ်ခွက်ကိုအမြဲဂရုစိုက်ပြီးတိုက်တက်တဲ့သူ

ကျွန်တော်ပြန်မလာမချင်းစောင့်နေမယ်လို့ပြောပြီး..ပြန်လာချိန်ထိ အပြင်က အုတ်ခုံ
လေးမှာအိပ်ငိုက်နေရင်းစောင့်မျှော်နေတက်တဲ့သူ

တစ်နေ့တာ ကုန်ဆုံးသွားခဲ့သမျှမှာ xing
ဆိုတဲ့ကောင်မလေးရဲ့ ပုံရိပ်ဟာ ထင်ထင်ရှားရှား ကျွန်တော့်ဘဝအတွက်အရေးပါလာခဲ့ပြီ

အရာအားလုံးဟာ...သူ...လှုပ်ရှားမှုတိုင်းဟာ..သူ....ခုတော့...သူ...ဟာ
ကျွန့်တော့်ရင်ထဲက နွယ် ပင်လေးပါလား
ဆိုတာကို ကျွန်တော်သိသွားပါပြီ..ဒါမယ့်
အရမ်းနောက်ကျလို့နေပြီမလား..တစ်ချိန်က
ကျွန်တော့်နှလုံးသားက ကိုယ်နဲ့မအပ်စက်
တဲ့ မာနသရဖူကို အဟုတ်ထင်ပြီးဝံ့ကြွား
စွာ ဆောင်းခဲ့တဲ့သူ..အချစ်စစ်ဆိုတာကို
လက်မခံ...နွေးထွေးမှုဆိုတာကို ငြင်းဆန်၊
တစ်ကိုယ်ကောင်းဆန်တဲ့ အရပ်မှာ နှလုံး
သားကိုမွေးမြူခဲ့လို့....ခုတော့..ခုတော့
ကျွန်တော့်နှလုံးသားလေးက ကျွန်တော့်
ကိုတောင်ပြန်ပြီးသူစိမ်းဆန်ချင်လာပြီနဲ့တူပါ
တယ်...မာနသရဖူကိုအ ခုထိမလွတ်တမ်း
ကိုဖက်တွယ်ထားတုန်းလေ.....

"ကျွန်တော်သူ့ကို သိပ်ချစ်မိသွားပြီ...ဒါမယ့်ဖွင့်ပြောဖို့ကျတောမာန
တွေခေါင်ခိုက်နေတဲ့ကျွန်တော့် နှလုံးသားကို  မလွန်ဆန်နိုင်ခဲ့ဘူး....အဲ့ဒါနဲ့ပဲ...ကျွန်တော့်မှာအချိန်တွေ မရပ်တန့်ပါစေနဲ့လို့ နေ့တိုင်း
ဆုတောင်းနေမိတယ်"

_____________________

ဒီနေ့မနက်အလုပ် စဝင်ကတည်းကရင်း
Suho တစ်ယောက်စိတ်မကြည်လင်လှဘူး
ဘာလို့ဆိုတော့...မနက်တိုင်းအလုပ်သွား
တော့မယ်ဆို ဘယ်ချိန်ပြန်လာမှာလည်း
လို့ မေးနေကြ အသံလေးကို သူမကြားလာ
ခဲ့ရဘူးမလား....အရင်ကဆို သူ့ကိုဘယ်သွားမယ် ဘာလုပ်မယ် ဆိုပြီး စာရွက်လေးတွေနဲ့..သူ့ကိုယ်ပွားလေးတွေ ချန်ရစ်ထား
ခဲ့တာ...ခုတော့နိုးကတည်းကရင်း xing
ကို မတွေ့မိဘူးလေ...ဖုန်းဆက်တော့လည်း
ဖုန်းပိတ်ထားပါသည်ပဲတောက်လျောက်
ဖြေနေတယ်

ရင်ထဲမှာ မီးခဲတွေမြိုချထားရသလို ပူလောင်
လွန်းနေပြီ သူမ ထွက်များသွားပြီလား..
ကျွန်တော့်နာရီက အချိန်တွေရပ်တန့်သွား
ခဲ့ပြီလား....ဟား...ရင်တွေပူလိုက်တာ

ရုံးခန်းထဲမှာရင်း ဟိုဘက်လျှောက်သည်ဘက်လျှောက်နဲ့ ရင်တွေပူလွန်းလို့သောက်ထားတဲ့ရေပုလင်းက သုံး ပုလင်းလောက်ကုန်နေပြီ....

လက်ကသူ့ဟာသူနေတဲ့ မာဖလာကို စိတ်တိုတိုနဲ့ဆွဲဖြုတ်ပြီး စားပွဲပေါ်ကိုလွင့်ပစ်လိုက်မိတယ်...နောက်တော့အကျီင်္ီအပေါ်ဆုံးက
ကြယ်သီးနှစ်လုံးလောက်ကိုဖြုတ်ပြီးစိတ်ကျဉ်းကြပ်မှုတွေကိုဖြေလျော့နေရတယ်

_____________________

Suho တစ်ယောက်ကားကို အရှိန်တင်ပြီး
မောင်းလာတယ်..ခုချိန်မှာ သူ့အတွက်အရမ်းအရေုးကြီးနေတဲ့အချိန်ပါ..အိမ်ကိုမြန်
မြန်ပြန်ရောက်ချင်တာပဲသိတယ်..တိကျတဲ့
အဖြေတစ်ခုကိုသူသိချင်နေပြီ...

တစ်နေ့လုံးxingဆီကအဆက်သွယ်မလာသလို သူလည်း xing ဆီကို ဆက်သွယ်လို့မရဘူး...သူထွက်ပြီလားဆိုတဲ့
ဒွိဟ စိတ်တွေနဲ့ပြန်လာရတာမို့ ပြောရရင်
ကားမောင်းနေတဲ့လက်တွေတောင်မငြိမ်
ချင်တော့ဘူး..စိတ်ကို တင်းပြီးမောင်းလာခဲ့
ရတာမို့...သူ့ စိတ်လှုပ်ရှားမှုတွေကိုအတက်နိုင်ဆုံးထိန်းနိုင်ခဲ့တယ်

"ကျွီိ"

အိမ်ခြံဝင်းအဝရောက်ခါနီးမှာ suho ရုတ်တရက် ဘရိန်ကို ဖမ်းနင်းလိုက်တယ်

"ဟူး...ဟူး...."

သက်ပြင်းချသံများနဲ့အတူ လူက အားမရှိ
တော့သလို။ ကားမောင်းတဲ့ခုံကိုနောက်သို့
လှန်ချလိုက်တယ်...ရင်မောနေရတဲ့ စိတ်ကြောင့် နိမ့်ချီမြင့်ချီ ဖြစ်နေတဲ့သူ့ရင်ဘတ်အစုံဟာ အရှိန်ုပြင်းစွာ အသက်ဝင်နေပြီ

စိတ်တွေကိုဖြေလျော့ကာ လှန်ထားတဲ့ခုံ
ဆီသို့ ခန္ဓာကိုယ်ကိုအလိုက်သင့်မှီချလိုက်တယ်...သက်ပြင်းချသံတွေကတော့
ကားတကားလုံးမှာ ပဲ့တင်ထပ်လျက်ပေါ့

ခြံဝင်းထဲကိုမဝင်နိုင်သေးပဲ ကားပေါ်မှာသူရှိနေခဲ့တာ အချိန်အနည်းငယ်ကြာခဲ့ပြီ..အမှန်တော့ ကျွန်တော့်စိတ်ကိုကျွန်တော် ပြင်ဆင်နေတာပါ..ခြံဝင်းထဲ ကားလေးကွေ့ကာ
ဝင်လိုက်တဲ့အချိန်အရင်ကလို အုတ်ခုံ
လေးမှာထိုင်ပြီး နံရံကိုမှီကာ အိပ်ငိုက်ရင်း
ကျွန်တော်ပြန်အလာကိုစောင့်နေတက်တဲ့သူမ....

အခု ကျွန်တော့်ကားလေးကွေ့ပြီး ဝင်တဲ့အခါ
အဲ့ဒီနေရာလေးမှာ သူမ ရှိနေပါ့မလား
ကျွန်တော့်ကိုညတိုင်းအဲ့ဒီနေရာလေးမှာ
စောင့်မျှော်နေတဲ့သူမ ရှိနေပါ့မလား...

_____________________

တုန်ယင်နေတဲ့ လက်အစုံနဲ့ မှိတ်ထားတဲ့
မျက်ဝန်းအစုံတို့ကို အားယူကာဖွင့်ပြီး
ကားကွေ့ရန် အရှိန်ယူလိုက်သည်

အရင်ကလို တက်ကြွမှုတွေမရှိတော့တဲ့သူ့
လက်အစုံဟာ...လေးဖင့်စွာနဲ့ပင်..ကားကို
ခြံဝင်းလေးထဲဆွဲ ကွေ့လိုက်တယ်...

ဘယ်နေရာကိုမှမကြည့်အား..ကားထဲကနေဆင်းဆင်းချင်းအရင်ဆုံး ပြေးကြည့်မိလိုက်တဲ့ကျွန်တော့်ရဲ့မျက်ဝန်းအစုံကတော့ညတိုင်းကျွန်တော့် ပြန်အလာကို စောင့်မျှော်နေတက်တဲ့ အုတ်ခုံလေးရှိရာသို့..........

Next ep မျှော်...
ပန်းချီကားနဲ့ နွယ်ကို ခွပြီး type နေတာ
ပန်းချီကားက ပျက်သွားတယ်လေ
အာ့ကြောင့်ကျန်ခဲ့တဲ့ နွယ်ကို ပဲတင်ပေးလိုက်တယ်....

ဒီအပိုင်းက ပျင်းဖို့ကောင်းသွားတယ်နဲ့တူ
တယ်နော် author တာတောင်စာရိုက်
ရင်းပျင်းနေရတယ် ဖတ်လို့မကောင်းခဲ့ရင်
Sry ပါနော်

Okumaya devam et

Bunları da Beğeneceksin

41.2K 1.3K 18
18 year old Ymir grew up on the outskirts of a small Romanian village. On her 18th birthday she sought out to run away from home when things haven't...
269K 6.1K 58
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc
160K 5.8K 27
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !