နွယ်​..sulay Fic

By ayemyathu291187

31.8K 3.1K 354

Sulay fic... နှင်းဆီနီ​လေး တစ်​ပွင့်​ကိုကိုင်​ သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်​ မျက်​ဝန်းမှာတွဲ၊ပုလဲ​တွေက ​... More

နွယ်​(ပထမပိုင်း)
နွယ်​(တတိယပိုင်း)(အပိုင်း ၁)
နွယ်​(တတိယပိုင်း) (အပိုင်း ၂)
နွယ်​(တတိယပိုင်း)(၃)
နွယ်​(တတိယပိုင်း)(၄)
နွယ်​(တတိယပိုင်း)(၅)
နွယ်​ (တတိယပိုင်း)(၆)
နွယ်​ (တတိယပိုင်း)(၇)
နွယ်​ (တတိယပိုင်း)(၈)
နွယ်​(တတိယပိုင်း)(၉)
နွယ်​(တတိယပိုင်း)(၁၀)
နွယ်​(တတိယပိုင်း)(၁၁)
နွယ်​(တတိယပိုင်း)(၁၂)
နွယ်​(တတိယပိုင်း)(၁၃)
နွယ်​(တတိယပိုင်း)(၁၄)
နွယ်​(တတိယပိုင်း)(၁၅)
နွယ်​(တတိယပိုင်း)(၁၆)
နွယ်​....အတွက်​​တောင်းပန်​ခြင်း
(အလွမ်းလိပ်​ပြာနဲ့.. နှင်းဆီနီ)
နွယ်​ (တတိယပိုင်း) (၁၇)
နွယ်​ (တတိယပိုင်း) (၁၈)
နွယ်​ (တတိယပိုင်း)(၁၉)
sorry ,my love reader
နွယ်​(တတိယပိုင်း)(၂၀)
Hello my reader!
နွယ်​(တတိယပိုင်း)(၂၁)
နွယ်​(တတိယပိုင်း)(၂၂)
အ​ကြောင်းကြားခြင်း
လာ​တောင်းပန်​တာပါ
My Love Reader
နွယ်​(တတိယပိုင်း)(၂၃)
နွယ်​(တတိယပိုင်း)(၂၄)
နွယ်​(တတိယပိုင်း)(၂၅)
နွယ်​(တတိယပိုင်း)(၂၆)
ကြော်​ငြာဝင်​ခြင်း
နွယ်(တတိယပိုင်း)(၂၇)
နွယ်(တတိယပိုင်း)(၂၈)
My reader
နွယ်(တတိယပိုင်း)(၂၉)
နွယ်​(တတိယပိုင်း)(၃၀)
နွယ်​(တတိယပိုင်း)(၃၁)
Not update
My reader
"​လေးစားရပါ​သောစာဖတ်​သူများသို့".....
Hello my reader

နွယ်​(ဒုတိယပိုင်း)

1.2K 118 0
By ayemyathu291187

နှလုံးသားမှာ
ရစ်​ပတ်​​နှောင်​ငင်
နုတ်​လို့မရ
ဖြတ်​လို့မရ
အရှိန်​ပြင်းပြင်း
ဖောက်​၍ထွက်​သည်
(နွယ်​)

အချစ်​တစ်​ခုအတွက်​နဲ့..နှလုံးသား​မှာ
ဒဏ်​ရာရခဲ့တဲ့လူနှစ်​​ယောက်​က..မတူညီတဲ့
ခံယူချက်​​တွေကိုလက်​ကိုင်​ထားပြီး...အချစ်​ဆိုတဲ့နွယ်​ပင်​​တွေ..ရင်​ထဲမှာ​နောက်​ထပ်​တစ်​​ခေါက်
ရစ်​တွယ်​ပြီးမရှင်​သန်​နိုင်​​အောင်​လို့..အတိတ်​ကနာကျည်းမှု​တွေဆီမှာ နှလုံးသား​တွေကိုအပြီးပိုင်​သဂြိုလ်
ခဲ့ပြီးသားပါဒါဆို..နှလုံးသား အခွံကြီး​တွေနဲ့
လောကကြီးမှာဆက်​​လျှောက်​ကြမယ်​​ပေါ့..

ကိုယ်​လုံးဝမနှစ်​သက်​တဲ့အရာတစ်​ခုကိုလူ
တစ်​​ယောက်​ကအတင်းအကျပ်​​ပေးလာတဲ့အခါမှာ
ငါမကြိုက်​ဘူး..လို့
ငြင်းဆန်​လို့ရ​ပေမယ့်​..ကံတရားကအတင်းအကျပ်​​ပေးလာခဲ့တဲ့အခါမှာ​တော့..အတွန့်​တက်​လို့မရသလို
ငြင်းဆန်​လို့လည်းမရပါဘူး..လူသားအားလုံးဟာ
ကံစီမံရာမှာ..က​နေကြရတဲ့ရုပ်​​သေးလူသား
တွေပဲမဟုတ်​လား...
--------------------------

"နှလုံးသားအခွံ​တွေနဲ့အသက်​ရှင်​​နေကြ
တဲ့သူ..ကံကြမ္မာကရီစရာအဖြစ်​သတ်​မှတ်​ပြီး
ဆုံဆည်းခွင့်​​ပေးခဲ့တယ်​"

(၄)

Date..feb 14,

(​ဖေ​ဖော်​ဝါရီလ ငွေနှင်းမှုန်​တို့မှိုင်းပြပြကျ..အရိုးထဲထိ​အေးစိမ့်​​အောင်​ချမ်း​သောလ
ချစ်​သူ​တွေအချင်းချင်းအပြုံး​တွေ​ဝေစည်
မျက်​ဝန်း​တွေ​တောက်​ပတဲ့လ..)

ဆေးရုံရဲ့ရုံးခန်းတစ်​​နေရာပြတင်း​ပေါက်​မှ​နေ၍လမ်း
သွားလမ်းလာလူများကိုsuho ​လှမ်းကြည့်​​နေမိသည်
လူ​တွေအားလုံးတစ်​​ယောက်​ခြင်းစီရဲ့ခန္ဓာကိုယ်​​ပေါ်မှာ..အ​အေး
ဒဏ်​ကိုအံတုနိုင်​ဖို့အတွက်​ ထူထူထဲထဲ
အ​နွေးအကျီင်္ီများကိုဝတ်​ဆင်​လျက်​..လမ်း​ပေါ်မှာလှုပ်​ရှားသွားလာ​နေကြတယ်​...ည​ခင်းချိန်​ ည ၇ နာရီ​ကျော်​​ကျော်​​တော့ရှိ​မယ်

မြင်​​နေရတဲ့မြင်​ကွင်း​တွေက ရင်​ထဲ​ကျေနပ်​စရာနဲ့
ကြည်​နူးဖို့​ကောင်းတဲ့မြင်​ကွင်းမျိုး​လေး​တွေပါ
တစ်​​ယောက်​လက်​ကိုတစ်​​ယောက်​ဆုပ်​ကိုင်​ရင်း
ကျေနပ်​ဝမ်းသာ​နေကြတဲ့ ချစ်​သူတို့ရဲ့အပြုံး​တွေ

ကြည့်​​နေရင်းနဲ့မှရင်​ထဲ..ဘာမှန်းမသိ​အောင့်​သက်​သက်​ခံစားမှုတစ်​ချို့ဖြစ်​​ပေါ်လာတယ်

"hk...လူ​သား​တွေအ​တော်​​လေးအချစ်​ကိုကိုးကွယ်
ကြတာကို .."

suhoရဲ့မျက်​နာမှာ မဲ့ပြုံးတစ်​ခုနှင့်​ ​အချစ်​ကိုပျက်​ရယ်​ပြုတဲ့စကားတစ်​ခွန်းထွက်​ကျလာခဲ့တယ်

"​ဝေး​ဟေး...​ပျော်​လိုက်​တာငါတို့ဂျုတီချိန်​ပြီးပြီကွ
ပြန်​ကြမယ်​​လေ...ဟိ..တိုက်​ဆိုင်​လို့..​ဖေ​ဖော်​ဝါရီ
14, ရက်​​နေ့မှာအိမ်​ပြန်​ရတယ်​​တော့..ပြန်​ကြမယ်​​လေ
ကွာ​ဟေ့​ကောင်​​တွေ..မပြန်​ချင်​ကြဘူးလား"

.ပြတင်း​ပေါက်​နားမှာရပ်​ပြီးပတ်​ဝန်းကျင်​ကိုကြည့်​ကာ.တစ်​​ယောက်​ထဲ​တွေး..​တစ်​ယောက်​ထဲ​စကား​တွေ​ပြော...အလုပ်​ရှုပ်​​နေတဲ့ kim suho ...
ပျော်​ရွှင်​မှု​တွေဆွတ်​ပျံ​နေတဲ့..​ဒေါက်​တာလီ..ရဲ့စကားသံ​တွေ​ကြောင့်​..သူ့အ​တွေး​တွေ
တိ ကနဲပြတ်​​တောက်​သွားခဲ့တယ်

နောက်​ဆုံး​ဒေါက်​တာလီ​ပြောခဲ့တဲ့စကားတစ်​ခွန်း
သူ့ရင်​ထဲဟာကျန်​ခဲ့တာ​တော့ကျိန်း​သေတယ်

"မင်းတို့မပြန်​ချင်​​သေးရင်​လည်း​နေကြကွာ
ငါက​တော့မပြန်​လို့မဖြစ်​ဘူးမြန်​မြန်​ပြန်​ရမယ်
အိမ်​မှာငါ့ကို...​စောင့်​ကြို​နေတဲ့သူရှိတယ်​ကွ"

"​စောင့်​ကြို​နေတဲ့သူ"..တဲ့
ငါအိမ်​ပြန်​ရင်​​ကော...​ဝမ်းသာအားရနဲ့​စောင့်​ကြို​နေသူရှိပါ့မလား........ဟူး......ဒီလိုဆို​တော့လည်း
သူအိမ်​ကိုမပြန်​ချင်​​တော့ဘူး..

သူနဲ့xing ရဲ့အိမ်​​ထောင်​သက်​​ဟာခြောက်​လ​ကျော်​ခဲ့
ပြီ..ဒါ​ပေမယ့်​.သူတို့နှစ်​​ယောက်​ရဲ့အိမ်​​ထောင်​​ရေးက​တော့.အနာတရရလာတဲ့ကျားနာနှစ်​​ကောင်
တစ်​ဂူထဲ​လာ​အောင်း​နေသလိုမျိုးပဲ..တစ်​အိမ်​ထဲမှာ
ခြောက်​လ​လောက်​အတူ​နေခဲ့ကြ​ပေမယ့်
သူစိမ်းဆန်​ဆန်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ဥပက္ခာ
ပြုမှု​တွေက​တော့ ..ဒီ​ခြောက်​လအတွင်းမှာလည်း
မ​ပြောင်းလည်းခဲ့ဘူး

မှတ်​မိ​နေ​သေးတယ်​..
အဲဒီ​နေ့မှာ​ပေါ့.ကံကြမ္မာက..ကျွန်​​တော်မလိုချင်​တဲ့
အရာကိုအတင်းကျပ်​​ပေးခဲ့တယ်​.ကျွန်​​တော်​ငြင်းဆန်​ဖို့အခွင့်​မသာခဲ့ဘူး

ဆေးရုံက​နေအလုပ်​ကိစ္စ​တွေပြီးလို့..အိမ်​ပြန်​လာတဲ့ကျွန်​​တော့်​ကို...အ​မေက..xing ဆိုသူ
ကောင်​မ​လေးနဲ့စပြီးမိတ်​ဆက်​​ပေးခဲ့တယ်
ပထမဦးဆုံးမိတ်​ဆက်​မှုမှသည်​တစ်​ဘဝလုံးလက်​တွဲဖို့ဆိုတာ..ကျွန်​​တော်​မသိခဲ့ဘူး

အ​မေက​ပြောတယ်

"သား...ဒါသားရဲ့ဘဝလက်​တွဲ​ဖော်​ပဲတဲ့"

(၅)

xing...ရဲ့ဘဝလက်​တွဲ​ဖော်​ဟာ..​ဒေါက်​တာ
kim suho တဲ့.....နှစ်​ဘက်​မိဘ​တွေရဲ့သ​ဘောတူ
စီစဉ်​​ပေးမှု​အောက်​မှာ..xing မငြင်းသာခဲ့ဘူး
kim suhoဆိုတဲ့နာမည်​ကို.xingဘဝနဲ့ပက်​သတ်​ပြီး.ဒုတိယအကြိမ်​ထပ်​မံကြားသိရလိမ့်​မယ်​လို့
မထင်​ထားခဲ့မိဘူး

လူကြီး​တွေစီမံ​ပေးမှု​အောက်​မှာ မင်္ဂလာပွဲ​လေးအဆင်
ပြေခဲ့ကြ​ပေမယ့်​...suho နဲ့ xing တို့ရဲ့..
အိမ်​​ထောင်းဦး​က​တော့အဆင်​မ​ပြေခဲ့ကြဘူး
သူ​ရော ကျွန်​မ​ရော..နှလုံးသားအခွံကြီး​တွေနဲ့မင်္ဂလာ
ဆောင်​ခဲ့ကြတာကိုး...အဲ့​တော့..xing နဲ့ သူနဲ့
အိမ်​​ထောင်​ကလည်းဟန်​ပြသက်​သက်​​လောက်​သာ..အနှစ်​မပါတဲ့အခွံကြီး​တစ်​ခု​ပေါ့.

မင်္ဂလာဦးညမှာရင်း..ပြသာနာစခဲ့တယ်
ခေါင်းအုံး​တွေ​စောင်​​တွေပိုက်​ပြီးအိပ်​ခန်းထဲက​နေထွက်​လာခဲ့တဲ့ suho..xingကိုမြင်​တဲ့အခါမှာ​တော့

"ဒီအခန်းကို မင်းတစ်​​ယောက်​ထဲပဲသုံးလိုက်​ပါ
စာကြည့်​ခန်းကိုငါသုံးမယ်​..မင်္ဂလာ​ဆောင်​လိုက်​လို့
လင်​မယားဖြစ်​သွားပြီလို့အထင်​မမှားပါနဲ့..မင်းနဲ့ငါနဲ့က..သူစိမ်း
အဆင့်​ထက်​မပိုဘူး...ငါ့ရင်​ထဲမှာဘယ်​မိန်းခ​လေးအတွက်​မှ​နေရာမရှိဘူး.."

xingကိုမြင်​​တော့တရက်​စပ်​ပြောချလိုက်​တဲ့သူ့ရဲ့စကား​တွေ...ဒီလိုဆို​တော့လည်း xing ဘက်​ကလည်း​ပြော
စရာရှိတာ​ပေါ့..ရှင်​တို့​ယောက်​ကျား​တွေက မိန်းခ​လေး
တစ်​​ယောက်​ရဲ့နုနယ်​တဲ့နှလုံးသားကို..ရှင်​တို့လိုအပ်​​နေတဲ့အချိန်​မှာ.အချစ်​ဆိုတဲ့ပြတိုက်​ထဲမှာခမ်းခမ်းနားနားထားပြပြီး...မလိုအပ်​တဲ့အချိန်​မှာ​တော့
ပြတိုက်​ထဲကဆွဲထုတ်​ပြီး ​မြေမှာချနင်းတက်​ကြတာ
ရှင့်​တို့​ယောက်​ကျား​တွေပဲမဟုတ်​လား

"သိပ်​ဟုတ်​တာ​ပေါ့..suho shi !
ကျွန်​မရင်​ထဲမှာလည်း ဘယ်​​ယောက်​ကျားကိုမှ
ထည့်​ထားဖို့စိတ်​ကူးမရှိပါဘူး..​ယောက်​ကျား​တွေနဲ့
ပက်​သတ်​ပြီးကျွန်​မရင်​မခုန်​တက်​​တော့ဘူး​လေ"

hk..မင်းတို့မိန်းမ​တွေအ​တော်​အ​ပြော​ကောင်းတာပဲ
ရင်​မခုန်​တက်​ဘူး...ဟုတ်​လား
မင်းတို့ရင်​ခုန်​လို့ဝ​တော့မှအသုံးမလိုလို့ထားပစ်
ခဲ့ကြတာမဟုတ်​ဘူးလား..​ယောက်​ကျားတစ်​​ယောက်
ရဲ့အချစ်​စစ်​ဆိုတာမင်းတို့မိန်းမ​တွေအတွက်​​တော့
တစ်​ခါသုံးခွက်​တစ်​ခွက်​လိုပဲ..​သောက်​ပြီးရင်​လွှင့်​ပစ်
တက်​ကြတာ​လေ

"​ကောင်းပြီ​လေ...ငါတို့နှစ်​​ယောက်​လုံးကအချစ်​ကို
ကိုးကွယ်​တဲ့သူ​တွေမဟုတ်​တဲ့အတွက်​..ဘယ်​သူမှ
တော့ရင်​နာစရာအ​ကြောင်းကိစ္စ​တွေဖြစ်​လာမှာမ
ဟုတ်​ဘူး..ဒီအိမ်​ထဲမှာမင်းစိတ်​ကြိုက်​လွတ်​လပ်​သ
လို​နေပါ..ငါဘာမှမ​ပြောလိုပါဘူး..မင်းနားချင်​ရင်
နား​တော့​လေ"

ဒါဟာကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့အိမ်​​ထောင်​ဦးအစ
ပါ..မြင်​တဲ့အတိုင်းပဲ​လေ..နှစ်​​ယောက်​လုံးက
တစ်​​ယောက်​နဲ့တစ်​​ယောက်​သိပ်​ချစ်​ခဲ့ကြလို့လက်​ထပ်
ယူထားတဲ့ချစ်​သူ​တွေမှမဟုတ်​တာ..အစ​တောင်
ဒီ​လောက်​ဆိုးဝါး​နေတာ..ခုဆိုရင်​​တော့​ပြေးကြည့်​စရာ
တောင်​မလိုဘူး​လေ..ကွဲဖို့နည်းနည်းပဲလို​တော့တဲ့
စိုးရိမ်​ချိန်​အမှတ်​ကို​ရောက်​​နေတဲ့..အိမ်​​ထောင်​တစ်​ခု
ဖြစ်​​နေပြီ

---------------------------

(၆)

suho တစ်​​ယောက်​..ကား​မောင်း​​နေရင်းနဲ့
ဒေါက်​တာလီ​ပြောခဲ့တဲ့ "​စောင့်​ကြို​နေသူ"ဆိုတဲ့စကား​လေးကိုနားထဲကြား​ယောင်​ရင်း​လေးဖင့်​လွန်း
လှတဲ့စိတ်​​တွေနဲ့အိမ်​ကို ပြန်​လာခဲ့တယ်

သူ့သူငယ်​ချင်း​တွေရဲ့​ပျော်​ရွှင်​သာယာတဲ့အိမ်​​ထောင်
ရေး​လေးကိုမျက်​လုံးထဲ​ပြေးမြင်​မိပြီး..သူလည်းအဲ့ဒီလိုအိမ်​​ထောင်း​ရေးမျိုးကိုပိုင်​ဆိုင်​မိချင်​လာခဲ့တယ်
သူအလုပ်​ကပြန်​လာရင်​ဝမ်းသာအားရ..​စောင့်​​မျှော်
နေတဲ့သူလည်းရှိ​စေချင်​လာမိတယ်​..ကျွန်​​တော်​လည်း
ယောက်​ကျားတစ်​​ယောက်​ပဲမဟုတ်​လား

သူ့ကား​လေးခြံဝင်း​လေးထဲကို​ကွေ့ကာဝင်​လိုက်​တယ်
ဆိုရင်​ပဲသူ့စိတ်​​တွေညစ်​ညူးသွားသလိုခံစားရတယ်
ပြန်​လာချင်​စိတ်​မရှိတဲ့အိမ်​ကိုသူ​နောက်​ထပ်​တစ်​ခါ
ပြန်​လာရပြန်​ပြီ...ထုံးစံအတိုင်းပဲ​ပေါ့..ကြိုမယ့်​သူမရှိ
ဘူး​လေ..အိမ်​ထဲဝင်​ဝင်​ချင်း​ခြေချချမိချင်းမြင်​လိုက်
ရတဲ့မြင်​ကွင်းက​တော့..(၆) လလုံးလုံးမရိုးနိုင်
အောင်​မြင်​​တွေ့ခဲ့ရတဲ့မြင်​ကွင်း...

"ဟူး...".သူစိတ်​ပျက်​လက်​ပျက်​နဲ့သက်​ပြင်းချမိတယ်
တစ်​အိမ်​လုံးလည်းရှုပ်​ပွပြီးညစ်​ပတ်​​နေလိုက်​တာ
ဧည့်​ခန်းမှာလည်းတီဗွီကြည့်​ရင်းစား​ထား​သောက်​ထား
တဲ့ပန်းကန်​​တွေကမသိမ်းမဆည်းရ​သေးဘူး
ဆက်​တီခုံ​နောက်​မှာအမှီထားထားတဲ့​ခေါင်းအုံး
တွေ တီဗွီရီမု​တွေစာအုပ်​စင်​မှာစီစီရီရီမရှိတဲ့စာအုပ်​​တွေ
ဖတ်​ပြီးသိမ်းဆည်းချင်းမရှိပဲထားမိထားရာပစ်​ထား
ခဲ့တဲ့စာ​စောင်​​တွေ​ ဧည့်​ခန်းတစ်​ခုလုံးမှာတစ်​စဆီ
ပြန့်​ကြဲပြီးဖရိုဖရဲနဲ့

မီးဖိုထဲဝင်​ပြန်​​တော့လည်းမ​ဆေးပဲပုံထားတဲ့ပန်းကန်​ပုံ
ကြီးကလူမြင်​လို့မှမ​ကောင်းဘူး..​သူ့​နေရာနှင့်​သူ​နေရာတကျမရှိတဲ့​နောက်​​ဖေးအသုံး​ဆောင်​ပစ္စည်း​တွေအမှိုက်​​တွေ​ရောသစ်​သီးခွံ​တွေ​ရော
ရော​ထွေးရှုပ်​ပွ​နေတဲ့အမှိုက်​ပုံကတစ်​ပုံ..

ဒါ​ကြောင့်​သူအိမ်​မပြန်​လာချင်​တာပါ..အိမ်​ပြန်​လာခဲ့ရင်
အ​မောမ​ပြေတဲ့ဒီမြင်​ကွင်း​တွေ​ကြောင့်​သူပိုပြီးစိတ်​ပင်
ပန်းရတယ်​..ခု​တော့သူတို့အိမ်​​ထောင်​​ရေးကြီးကတကယ့်​ကိုရုပ်​ပြအိမ်​​ထောင်​​ရေးတစ်​ခုလို
ဖြစ်​​နေပြီ...အချစ်​မပါပဲလက်​ထက်​ထားရတဲ့အိမ်​​ထောင်​ဆို​ပေမယ့်​လည်း..​ခြောက်​လ​လောက်​အတူ​နေခဲ့ရတဲ့
လူနှစ်​​ယောက်​အဖို့ သံ​ယောဇဉ်​လိုတွယ်​တာမှု​လေး​တော့ရှိရမယ်​မဟုတ်​လား...ခု​တော့သံ​ယောဇဉ်
မ​ပြောနဲ့ခင်​မင်​မှု​လေး​တောင်​မရှိတဲ့..သူတို့နှစ်
ယောက်​ရဲ့အိမ်​​ထောင်​​ရေး...​ရှေ့ဆက်​ပြီဒီအိမ်​​ထောင်
ကြီးတည်​မြဲဖို့သူဘယ်​လိုလုပ်​ရပါ့မလည်း...ခု​တော့
ခု​တော့..အားလုံးအပြတ်​ပြတ်​နဲ့..နှာ​ခေါင်း​သွေး
ထွက်​ရပြီမဟုတ်​လား...

(၇)

ဧည့်​ခန်းက​နေ...မီးဖို​ချောင်​ထိ..တစ်​အိမ်​လုံးလှည့်
ပတ်​ကြည့်​ရှု​နေ​ပေမယ့်​ kim suhoတစ်​​ယောက်
xingဆိုတဲ့ သူ့ဇနီးရဲ့အရိပ်​အ​ယောင်​ကို​ယောင်
လို့​တောင်​မ​မြင်​ရဘူး​လေ..

"hk..ထုံးစံအတိုင်းပဲ​နေမှာ​ပေါ့"

suhoရဲ့​ခြေလှမ်း​တွေ..အ​ပေါ်ထပ်​ကိုဦးတည်​ပြီး
တက်​လာခဲ့တယ်​..စစဦးဆုံး​တွေ့လိုက်​တဲ့အခန်း..
အခန်းတံခါးလက်​ကိုင်​ကိုအသာ​လေးလှည့်​ဖွင့်​ပြီး​တော့
ချောင်းကြည့်​မိတယ်

ထင်​တဲ့အတိုင်းပါပဲ...ဘာအပူပင်​မှမရှိသလို
ဘယ်​အရာကိုမှအ​လေးမထားတက်​တဲ့သူမ
ခုတင်​​ပေါ်မှာ.က​လေးတစ်​​ယောက်​လိုအပြစ်​ကင်း
စွာ အိပ်​​မောကျ​နေ​လေရဲ့

"​အော်​.အိပ်​​နေလိုက်​တာငါပြန်​လာတာ​တောင်​မသိပါလား..မင်း​ရောငါ​ရောနှစ်​​ယောက်​လုံးစိတ်​ချမ်းသာမှုရဖို့ဆိုရင်​.ငါတို့မြန်​မြန်​ကွာရှင်းမှဖြစ်​​တော့မယ်​နဲ့တူတယ်​"
.
.
.
.
.
.
.
.next ep...​မျှော်

ဇာတ်​သိမ်းမယ်​လို့ထင်​ထားတာ မသိမ်းနိုင်​​သေးပါလား
ဗြဲ...​နောက်​တစ်​ပိုင်း​လောက်​ထပ်​​ရေးရအုံးမယ်​နဲ့တူတယ်​..အဟင့်​..သံ​ယောဇဉ်​ပန်းချီကားလည်း
updateမ​ပေးနိုင်​ နွယ်​ ကလည်းမပြီးနိုင်​နဲ့
omma​ရေကယ်​ဖာအုံး...
ဖတ်​​ပေးတဲ့reader​လေးများကို..အရမ်းချစ်​ပါတယ်
နွယ်​...fic ​လေးဖတ်​ပြီး..ဘယ်​လို​နေလည်းဆိုတာ
authorကို​ဝေဖန်​​ပေးကြပါလို့.
အ​နော်​ကကဗျာစပ်​တာလည်း
ဝါသနာပါ​တော့.fic ထဲမှာအဆင်​​ပြေရင်​​ပြေသလို
ကဗျာ​လေး​တွေစပ်​ပြီး​ရေးချင်​ပါတယ်​..သီးခံပြီးဖတ်​​ပေးကြပါလို့

Continue Reading

You'll Also Like

128K 1.6K 51
𝐈𝐭𝐬 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐛𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 , 𝐀𝐚𝐥𝐢𝐲𝐚𝐡 𝐢𝐬 𝐧𝐨𝐰 𝐢𝐧 𝟏𝟎𝐭𝐡 𝐠𝐫𝐚𝐝𝐞, 𝐰𝐡𝐢𝐥𝐞 𝐬𝐡𝐞𝐬 𝐭𝐡𝐞𝐫𝐞 𝐬𝐡...
68.4K 3.8K 81
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
155K 23.1K 106
Translation novel Unicode only Zawgyi users များ page မှာဖတ်လို့ရပါတယ်ရှင်
38.4K 2.5K 61
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...